Featured Local News

Popular Local News

All Local News

နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်နလန်ထူရန် အနည်းဆုံး ၂ နှစ်ကနေ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ဒုသမ္မတ ဟင်နရီဗန်ထီးယူ ပြောကြား

နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်နလန်ထူရန် အနည်းဆုံး ၂ နှစ်ကနေ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ဒုသမ္မတ ဟင်နရီဗန်ထီးယူ ပြောကြား

Travelling journal နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရန်အတွက် အနည်းဆုံး ၂ နှစ်မှ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများ၏ မှန်းဆ ပြောဆိုချက်များကို ကိုးကားပြီး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူက ထည့်သွင်း ပြောကြား လိုက် သည်။ စက်တင်ဘာလ(၂၅) ရက်က နေပြည်တော်၌ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) အထိမ်းအမှတ် Tourism and Rural Development ဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ က ပြောကြား ခဲ့ခြင်းဖြစ်သည်။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ် ရန်အတွက် ပြည်ဝင်ခွင့် ရပ်ဆိုင်းခြင်း၊ လေကြောင်းလိုင်းများရပ်ဆိုင်း​ခြင်းတို့ကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီး နောက်နှစ်မှ ပြန်လည် စတင်နိုင်မည်ဟုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများက မှန်းဆထားကြောင်းဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ က ယင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားထားသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း (၄၄ဝ) ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံး ကဏ္ဍထဲတွင် ပါဝင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် ခရီးသွားများ၏ရွေးချယ်မှုများမှာ ယခင်နှင့်မတူ ပဲ ပြောင်းလဲသွားပြီး မြို့ပြဘဝခရီးသွားထက် physical distancing နှင့်နေထိုင်သွားလာခြင်း၊ nature tourism ၊ ethnic tourism နှင့် environmental tourism များကို ပိုပြီး သွားလာကြမည်ဟု လည်းခန့်မှန်းထားကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ပေါ်ထွက်လာမည့် ခရီးသွားလာရေးပုံစံသစ်နှင့် လိုက်လျောညီထွေရှိသည့် ​Tourism and Rural Development ကို ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ Photo MOHT FB
Contine Reading
By - Admin / 25-09-2020
ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ် အကြာတွင် ကမ်းခြေဟိုတယ်များ လျှပ်စစ် မီးရရှိတော့မည်

ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ် အကြာတွင် ကမ်းခြေဟိုတယ်များ လျှပ်စစ် မီးရရှိတော့မည်

Travelling journal ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ်အကြာတွင် ကမ်းခြေအခြေစိုက်ဟိုတယ်များ လျှပ်စစ်မီးရရှိတော့မည် ဖြစ်ကြောင်း ချောင်းသာဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦး က Travelling journal သို့ ပြောသည်။ ချောင်းသာကမ်းခြေစတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ၂၆ တိုင် လျှပ်စစ်မီးမရရှိဘဲ ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှသိရသည်။ "လောလောဆယ်ချောင်းသာမြို့မှာ ရှိတဲ့ လူနေရပ်ကွက်တွေကတော့ နေ့ညလျှပ်စစ်မီးတွေ ထိန် လင်းနေကြတယ်။အရင်ကဆို လမ်းမီးတွေက မှောင်မဲနေတာ။ အခုဆို လင်းထိန် နေပြီ"ဟု ဦးမင်းကျော်ဦး က ပြောသည်။ မကြာမီ တွင် ချောင်းသာ ကမ်းခြေ အခြေစိုက်ဟိုတယ်များလည်း လျှပ်စစ်မီးရရှိလာ​တော့မည်ဖြစ်ပြီး လာရောက်လည်ပတ်သောဧည့်သည်များကို ၂၄ နာရီဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။ " ပင်လယ်ကမ်းခြေကိုသဘောကျလို့ ရန်ကုန်ကနေ ဇက်၂ဆင့်ဖြတ်၊လျှပ်စစ်မီးမရှိ၊လမ်းကလည်းမကောင်း၊ဝါသနာအရင်းတည်ပြီး၊ဒီလိုအခြေအနေမှာရင်းနှီးမြုပ်နှံခဲ့တာရူးသွပ်တဲ့စိတ်တစ်ခုထဲပေါ့၊အခြားနေရာမှာရင်းနှီးမြုပ်နှံတဲ့သူတွေဒီထက်အဆင်ပြေတာတွေ့ရတယ်။ဘာပဲပြောပြော ယခုအချိန်မှာဒီလိုအနေအထားရောက်ခဲ့တော့ကျေးဇူးတင်ရပါတယ်။ ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက်တော့ကိုယ်ထူမှကိုယ်ထရတဲ့ ဘဝကတော့ မလွတ်သေးပါဘူး။ထိုက်သင့်တဲ့အခွန်တွေပေးဆောင်ပြီးနိုင်ငံသားလုပ်ငန်းရှင်များရနိုင်တဲ့အခွင့်အရေးများမဖြစ်နိုင်သေးတော့နိုင်ငံနဲ့အတူတာဝန်သိတဲ့လုပ်ငန်းရှင်များအဖြစ်ဂုဏ်ယူစွာနဲ့ဆက်လက်လျှောက်လှမ်းကြမှာဖြစ်ပါတယ်"ဟုGrand hotel ပိုင်ရှင်လည်းဖြစ်သူဦးမင်းကျော်ဦး က Travelling journal သို့ပြောသည်။ လက်ရှိတွင် ချောင်းသာဟိုတယ်ဇုန်တွင်ဟိုတယ်အသင်းဝင် ဟိုတယ်အလုံးရေ ၃၅ လုံးရှိပြီး တည်းခိုခန်းနှင့်အုန်းတောအခြေစိုက်တည်းခိုခန်းများပါဝင်မည်ဆိုပါက အလုံးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။ " အခုလို မီးရတော့မယ်ဆိုတော့ အလွန်ဝမ်းသာစရာပါ။ ဟိုတယ်တွေတော့ ရဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ကမ်းခြေဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကလည်း Travelling journal သို့ ပြောသည်။ ချောင်းသာကမ်းခြေရှိ ဟိုတယ်တခုကိုတွေ့ရစဥ်
Contine Reading
By - Admin / 07-09-2020
နောင်လုံတောင်ကြားလမ်း (သို့ ) S လမ်း

နောင်လုံတောင်ကြားလမ်း (သို့ ) S လမ်း

မော်ကျွန်းသူ ဘားအံမြို့ကို ရောက်ဖြစ်ခဲ့ရင် အလှပဆုံး တွေ့မြင်ရနိုင်တဲ့နေရာက တောင်တန်းခုံးခုံးလေးတွေနဲ့ တောင်ချင်းသွယ်ယှက်စွာ တည်ရှိနေတဲ့ နောင်လုံတောင် ကြား လမ်းကို မရောက်ဖူးခဲ့ရင် ခေတ်မမှီတော့ဘူးလို့တောင် ပြောစမှတ်ဖြစ်လာရပါပြီ။ အဲဒီ​ လောက်ထိ ခရီးသွား တွေအကြား မှာ ဖမ်းစားနိုင်လွန်းခဲ့ပါတယ်။ ဘားအံ မြို့ကို တောင်ကိုးလုံးနဲ့ ဝန်းရံထားတာမို့ တောင်တွေရဲ့မြို့တော်လို့ ဆိုချင်ပါတယ် ။ မိဇံတောင် ၊ မိကရင်တောင်၊ ဖားပုတောင်၊ ဖားကပ်တောင်၊ ထောင်ဝိတောင်၊ ထမင်းဆုတ်တောင်၊ ဇွဲကပင်တောင်၊ ကြာအင်းတောင်၊ ဖားမဲတောင် တို့က ဝန်းရံထားတယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦး သူရဦးက ဆိုပါတယ်။ တကယ်တော့ ကရင်ပြည်နယ် က တောင်တွေ ပေါများလွန်းသလိုဂူတွေရဲ့မြို့တော်လို့ လည်း တင်စားလို့ရပါတယ်။ တောင်တန်းတွေ ၊ တောင်တွေ ကို နှစ်သက်မိသူ စာရေးသူကတော့ နောင်လုံတောင်ကြားလမ်းကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် သွားရောက်ဖြစ်ခဲ့ပါတယ် ။ဒါ့အပြင် နောင်လုံတောင်ကြားလမ်းကို ( S) လမ်းလို့လည်း ခေါ်တွင်တယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦးသူရဦးက လည်း ရှင်း​ပြပါတယ်။ တောအုပ်ဆိုင်းဆိုင်းရယ်။ အကွေ့အကောက်လမ်းတွေနဲ့ လှပနေမှုကတော့ နောင်လုံတောင်ကြားလမ်း ရောက်ဖူးသူမှန်သမျှ တွေ့မြင်သိမြင်နိုင်အောင် လှပလွန်းပါတယ်။ သဘာဝတရားနဲ့ ဟန်ချက်ညီအောင် လိုက်ဖက်အောင် တော်ပုံတောင်ကြားလမ်းတစ်လျှောက် မှာ ခေတ်မှီ အပန်းဖြေရီဆော့ဟိုတယ်တွေ ကို ဆောက်လုပ်ထားတာမို့ တခြားဟိုတယ်တွေနဲ့မတူတဲ့ ခံစားမှုရသကိုလည်း ရရှိစေပါတယ်။ ဒါကြောင့်မို့ ခရီးသွား အများစု က တောင်ကြားလမ်းမှာ ရှိကြတဲ့ ဟိုတယ်တွေမှာ တည်းခိုမှု များပြားလာခဲ့ပါတယ်။ စာရေးသူ က ဒီတစ်ခေါက်မှာတော့ ဇွဲကပင် တောင် ကြီးကို အပြည့်အဝမြင်တွေ့ရစေတဲ့ zwekapin valley resort & spa မှာ တည်းခိုခဲ့ပါတယ်။ နောင်လုံတောင်ကြားလမ်း ကို ဘယ်လိုသွားမလဲ တော်ပုံတောင်ကြားလမ်း အတိုင်းသွားရင် ပထမဆုံးလုမ္မနီဉယျာဥ်ကို ရောက်ရှိမှာဖြစ်ပါတယ်။အဲဒီကနေ ကျိုက်ကဝိရွာ သို့ ဖိုးတခေတ်ရွာ ပြီးရင် သရက်ဥယျာဥ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်က ဒီသရက်ဥယျာဥ်ထဲမှာ ဘုရားတွေအများကြီးတည်ထားတာ။ အခုကျတော့ ပြုပြင်ထိန်းသိမ်းဖို့အားနည်းသွားလို့ ခရီးသွား တွေကြားမှာ ရေပန်းမစားတော့ပါဘူး။ သရက် ဥယျာဥ်ပြီးရင်တော့ နာမည်ကျော် နောင်လုံတောင်ကြားလမ်းကို ဝင်ပါပြီ။ နောင်လုံတောင်ကြားလမ်းကို အများစုက မြို့ရှောင်လမ်းလို့ခေါ်ကြတယ်။ အဝေးပြေးလမ်းလည်းဖြစ်တာမို့ အရှိန်နဲ့တရစပ်မောင်းတဲ့ကားတွေလည်းရှိကြတယ်။ နောင်လုံတောင်ကြားဝင်ပြီဆိုတာနဲ့ တောက်လျှောက် က အရမ်းသာယာပြီးလှပသလို ဓာတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ အထူးသတိပြုရမှာကတော့ အန္တာရယ်လည်း အရမ်းများတာမို့ ဂရုစိုက်ဖို့လိုပါတယ်။ ပွိုင့်လေးပွိုင့်ရှိတဲ့နောင်လုံတောင်ကြားလမ်း နောင်လုံတောင်ကြားလမ်းမှာ ဓာတ်ပုံရိုက်ကောင်းတဲ့ ပွိုင့်လေးပွိုင့်ရှိတယ်လို့ ဒေသခံဧည့်လမ်းညွန် ဦးသူရဦးက ပြောပြပါတယ်။ အများစု ကတော့ (ကျောက်တံခါးချပ်) ပုံစံဖြစ်နေတဲ့ နေရာမှာ ရိုက်ကြပါတယ်။ ဒီနေရာက အန္တာရယ်လည်း ကင်းသလို အေးအေးဆေးဆေးနဲ့ နောင်လုံတောင်ကြား လမ်းကို နောက်ခံပြီး ဓာတ်ပုံရိုက်ကူးနိုင်ခွင့်ရ​ခြင်းပါပဲ။ ညနေဆည်းဆာ ဝင်ချိန်ဆိုရင် တောင်တွေရဲ့နောက်မှာ ရွှေရောင်ကျနေတာမို့ ညနေစောင်းချိန်ကို မှန်းပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်အချိန်ကြည့်ကြည့် တစ်မျိုးစီလှပနေတဲ့ နောင်လုံတောင်ကြားလမ်း နဲ့ ဓာတ်ပုံ ရိုက်သူ တွေဟာ များပြားလာပါတယ်။ ဒါမို့ ဘားအံရောက်ပြီဆိုရင် ပထမဆုံး ဓာတ်ပုံရိုက်ကြ မယ့်နေရာက နောင်လုံတောင်ကြားလမ်း သို့မဟုတ်( S) လမ်း ဖြစ်နေတယ်ဆိုတာကတော့ငြင်းဖွယ်ရာမရှိလို့ ဆိုချင်ပါတော့တယ်။ Photoဓာတ်ပုံအောင်မြင့်မြတ် FB နာမည်ကျော် နောင်လုံတောင်ကြားလမ်းတစ်နေရာ
Contine Reading
By - Admin / 05-09-2020
ဘားအံ မြို့ရှိ ထွန့်ပတိုင် ရေကန် သို့ သြဂုတ်လ ၃၀ ရက် တစ်ရက်ထဲတွင် ​ခရီးသွားဧည့်သည် ၄၀၀ နီးပါး လာရောက်လည်ပတ်ခဲ့

ဘားအံ မြို့ရှိ ထွန့်ပတိုင် ရေကန် သို့ သြဂုတ်လ ၃၀ ရက် တစ်ရက်ထဲတွင် ​ခရီးသွားဧည့်သည် ၄၀၀ နီးပါး လာရောက်လည်ပတ်ခဲ့

Travelling journal ဘားအံ မြို့နယ် ၊လှိုင်ကားကျေးရွာတွင် တည်ရှိသော ထွန့်ပတိုင် ရေကန်သို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ များပြားလာခဲ့ကြောင်း သိရသည်။ ထွန့်ပတိုင်ရေကန်သည် ကိုဗစ်ကာလအတွင်း ဘားအံမြို့ ၏ ခရီးသွားဧည့်သည်များ သွားရောက်မှု များပြားခဲ့သည့် Tour Site တစ်ခုဖြစ်ခဲ့ကြောင်း ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးသူရဦး က Travelling journal သို့ပြောသည်။ ယင်းထွန့်ပတိုင် ရေကန် တည်ရှိသည့် နယ်မြေသည့် ကျောက်ကလပ်ဆရာတော်မှ ထိန်းသိမ်းစောင့်ရှောက်ပေး သည့် သာသနာ့ နယ်မြေ ဖြစ်ပြီး လာရောက်လည်ပတ်ကြသည့်ဧည့်သည်များအား သတ်သတ်လွတ် တာလပေါဟင်းများဖြင့် ဧည့်ခံကျွေးမွေးနေကြောင်း သိရသည်။ ထို့ပြင်သြဂုတ်လ ၃၀ ရက်မှ စတင်ကာ ခရီးသွား ရာဇဝင်စစ်တမ်း ကောက်ယူနေခြင်းကို ဂိတ်ဝတွင် ပြုလုပ် လျက်ပြီး သြဂုတ်လ ၃၀ ရက်တနေ့တည်း၌ လူဦးရေ ၄၀၀ နီးပါး လာရောက် လည်ပတ်ခဲ့ကြသည်။ ကရင်ပြည်နယ်အတွင်း လာရောက်လည်ပတ်ကြမည့် ခရီး သွားများအနေဖြင့် ရပ်ကွက်ထောက်ခံစာ ၊ ကျန်းမာရေးထောက်ခံစာနှင့်ခရီးသွားရာဇဝင် တို့ကိုမဖြစ်မနေ ယူ​ဆောင်လာရမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှသြဂုတ်လ ၂၆ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာထားသည်။ Photo TravellingJournal ထွန့်ပတိုင် ရေကန်ဖြင့် ဓာတ်ပုံတွဲရိုက်ကူးကြသည့်သူများကို တွေ့မြင်ရစဥ်။
Contine Reading
By - Admin / 30-08-2020
ချောင်းသာဟိုတယ်ဇုန်မှ ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စားပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့

ချောင်းသာဟိုတယ်ဇုန်မှ ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စားပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့

Travelling journal ချောင်းသာဟိုတယ်ပိုင်ရှင်များမှ စုပေါင်းပြီး ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စား ပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် လ ၂၄ ရက်က ချောင်းသာ ရှိ Golden Beach Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက် ၁ / ၂/၃ နှင့်ကျေးရွာများမှ တာဝန်ရှိသူများနှင့်ဟိုတယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစောပိုင်းက အိမ်ထောင်စု ၃၀၀၀ ကိုသာ လှူဒါန်းမှု ပြုလုပ်ထားသော်လည်း ချောင်းသာ မြို့အုပ်ချုပ်ရေးမှူးမှ ချောင်းသာ မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာ များကိုလည်း ထောက်ပံ့ ပေးရန် တောင်းဆိုမှုကြောင့် အိမ်ထောင်စု( ၅၄၀၀)ကျော်ထိ လှူဒါန်း ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " မြို့မ ဂီတအသင်းနဲ့မန္တလေး ကိုခွဲ ခြားလို့ မရသလို ချောင်းသာမြို့နယ်က ပြည်သူတွေနဲ့ ဟိုတယ်ဇုန်ကလည်းအပြန်အလှန်အကျိုးပြုနေပါတယ်။ ချောင်းသာရွာနဲ့ ဇုန်နဲ့ဟာ အပြန်အလှန် မှီခိုနေရပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါ ကျရောက်နေတဲ့ကာလအတွင်းမှာ ဇုန်အနေနဲ့ တက်နိုင်တဲ့ဘက်ကနေ ပထမဆုံးလှူဒါန်းထောက်ပံ့တာဖြစ်ပါတယ်။ ဒေသခံတွေက ပြောကြတယ်။ ဒီလိုလှူဒါန်းတာထက် စာရင် ကမ်းခြေကို ဖွင့်ပေးရင်ပိုပြီးဝမ်းသာမိပါတယ်လို့ဆိုကြတယ်။ ဒီအချိန်ကာလမှာလည်း ဟိုတယ်ဇုန်အနေနဲ့လည်းတစ်ဖက်တလမ်းကနေ နိုင်ငံတော်ကို ပြန်ကူညီ ပေးပြီးဒုတိယလှိုင်း မပျံ့ပွားရေးအတွက် ဟိုတယ်တွေကို ပိတ်ထားပေးပါတယ်။ ဒေသခံတွေအတွက် တဖက်တလမ်းက နေ ကူညီ ထောက်ပံ့ ပေးတာပါ"ဟု ချောင်းသာ ဟိုတယ်ဇုန် နာယက ဦးကျော်ခိုင် က Travelling journal သို့ ​ပြောသည်။ ထို့ပြင် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ထွေးက လည်း " ချောင်းသာ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းကနေ ချောင်းသာ မြို့ရပ်ကွက်မှာရှိတဲ့အခြေ ခံလက်လုပ် လက်စားပြည်သူများကို ဆန်လှူဒါန်းခြင်းဖြစ်ပါတယ်။ အခုလိုလှူဖြစ်ရတဲ့အကြောင်းကလည်း ကိုဗစ် ရောဂါစဖြစ်တဲ့အခါမှာ ချောင်းသာ ငွေဆောင် ကမ်း​ခြေ တွေကအရင်ဆုံးပိတ်ခဲ့ရတာဖြစ်ပါတယ်။ အခုချိန်ထိလည်း ကိုဗစ် ရောဂါကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ်ရတာက စီးပွားရေးရိုက်ခတ်မှုဒဏ်တွေ ဖြစ်ခဲ့ရပါတယ်။ကျွန်တော်တို့ ချောင်းသာ ရဲ့ အခြေ ခံလက်လုပ်လက်စားပြည်သူတွေအတွက် ဟိုတယ်တွေ ပိတ်လို့ ဝင်ငွေမရှိရင်တောင် ဒေသမှာရှိတဲ့ ဒေ သခံတွေကို ကူညီပေးရမယ်ဆိုတဲ့စိတ်ဓာတ် တွေက ဟိုတယ်လုပ်ငန်းရှင်များရဲ့စိတ်ထဲမှာအမြဲ ရှိနေပြီးသားပါ။ကျွန်တော်တို့ရှာတဲ့ပိုက်ဆံတွေကို အကုန်မသယ်သွားပါဘူး။ ဒေသအကျိုးပြု လုပ်ငန်း တွေကို ပြန်ပြီးလုပ်ပေးသွားမှာပါ။ ဒါကို အခိုင်အမာလေးပြောပြချင်ပါတယ်"ဟု ၄င်းက ပြောသည်။ ချောင်းသာ ဒေသခံအခြေ ခံလက်လုပ်လက်စားပြည်သူများအတွက် Amazing Hotelsမှ ကျပ် ၁၀ သိန်း ၊ Azura Hotel မှ ကျပ် ၁၀ သိန်း၊ New Chaung Tha Hotelမှ ကျပ် ၁၀ သိန်း၊ Breeze Hotel မှ ကျပ် သုံးသိန်း ၊ Khine Chaung Tha Hotel မှ ကျပ် ၁၀ သိန်း၊ Golden Beach Hotel မှ ကျပ် ၁၀ သိန်း၊ Thiri Hotel မှ ကျပ် ၁၀ သိန်း၊ Grand Hotel မှ ကျပ် ၁၀ သိန်း ၊Belle Hotel မှ ကျပ် ၁၀ သိန်း၊ Diamond Hotel မှ ကျပ် နှစ်သိန်း၊ Akariz hotel မှ ကျပ် သုံးသိန်း၊ ရွှေဟသ်ာဟိုတယ်မှ ကျပ် သုံးသိန်း၊ Chaung tha lodge မှ ကျပ် ၁၀ သိန်း၊ Gerizim ဟိုတယ် မှ ကျပ် ၂၅ သိန်း၊ Hill Garden ဟိုတယ်မှ ကျပ် သုံးသိန်း၊ Happy Hotel မှ ကျပ် သုံးသိန်း၊ Hotel Ayeyarwady မှ ကျပ် ၁၀ သိန်း ၊Supremeဟိုတယ် မှ ကျပ် သုံးသိန်း၊ ရွှေကမ္ဘာဟိုတယ်မှ ကျပ်နှစ်သိန်း လှူဒါန်း ခဲ့ပြီး ထပ်မံပြီးဟိုတယ်လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေများဖြင့် အိမ်ထောင်စုများကို တိုးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။ ချောင်းသာဟိုတယ်ဇုန်အနေဖြင့် ဒေသအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ကမ်းခြေ စတင်ဖွင့်လှစ်ခဲ့ကတည်းက ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သလို ကိုဗစ်ရောဂါဖြစ်ပွားသည့်ကာလအတွင်းကလည်း သိန်း ၈၀ ကျော် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ #Pချောင်းသာဟိုတယ်ပိုင်ရှင်များ(ချောင်းသာဇုန်)မှ စုပေါင်းပြီး ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စား ပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )အား ဆန်များ လက်ဝယ်ထောက်ပံ့ ပေးအပ်ခြင်းကို သြဂုတ် လ ၂၅ ရက်က သက်ဆိုင်ရာ ရပ်ကွက် ၁ / ၂/၃ အုပ်ချုပ်ရေးရုံးများသို့ သွားရောက် လှူဒါန်း ပေးခဲ့သည့်မြင်ကွင်းများကို တွေ့ရစဥ်။ #Travelling journal #Photo YYH
Contine Reading
By - Admin / 25-08-2020
ငွေဆောင်ကမ်းခြေ ပြန်ဖွင့်လှစ်ပေးရန် လူဦးရေ ၃၀၀ နီးပါးမှ လတ်မှတ်​ရေး​ထိုးထားပြီး ဟိုတယ်ခရီးဒုဝန်ကြီး ထံ တင်ပြခဲ့

ငွေဆောင်ကမ်းခြေ ပြန်ဖွင့်လှစ်ပေးရန် လူဦးရေ ၃၀၀ နီးပါးမှ လတ်မှတ်​ရေး​ထိုးထားပြီး ဟိုတယ်ခရီးဒုဝန်ကြီး ထံ တင်ပြခဲ့

Travelling journal ငွေဆောင်ကမ်းခြေ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များအပါအဝင် ဒေသခံ လူ ဦးရေ ၃၀၀ နီးပါးမှ လတ်မှတ်ရေးထိုးပြီးတင်ပြတောင်းခံထားသည့်စာကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ် ထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။ သြဂုတ်လ ၉ ရက်က ငွေဆောင်ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို လာရောက် ကြည့်ရှု့ခဲ့ပြီး ငွေဆောင်ကမ်းခြေခရီးသွားနယ်မြေ အတွင်းရှိ ဟိုတယ်ဇုန်များမှလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည့် ပွဲ၌ တင်ပြခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးလှိုင်မွန် က Travelling Journal သို့ ပြောသည်။ ’’ ဒေသခံဘက်က စာရွက်စာတမ်းတွေယူလာခဲ့တာ။လတ်မှတ်ပေါင်း ၂၅၀ နဲ့ ၃၀၀ ကြားမှာရှိတယ်။ ဒုဝန်ကြီးလာရင် တင်ပြဖို့ပါ။ ဒေသခံလုပ်ငန်းရှင် တွေလည်းပါတယ်။ ဒေသခံတွေလည်းပါတဲ့ လတ်မှတ်ထိုးထားတဲ့ စာကို တင်ပြခဲ့တယ်။ လုပ်ငန်းရှင်ကော တည်းခိုခန်းကော စားသောက်ဆိုင်ပိုင်ရှင်တွေကော အုန်းသီးရောင်းတဲ့သူကော ဆိုင်ကယ်တက္ကစီ ဆွဲတဲ့ သူကော လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ သူတွေက ဦးဆောင်ပြီး တင်ပြခဲ့တာပါ။ဝန်ကြီးရဲ့PSoလက်ထဲကို ထည့်ပေးခဲ့ပါတယ်’’ဟု လုပ်ငန်းရှင် ဦးလှိုင်မွန်က ပြောသည်။ ထို့အပြင် ဒုဝန်ကြီး ငွေဆောင်ကမ်းခြေ လာရောက်သည့်ခရီးစဉ်တွင် ငွေဆောင်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းအနေမှ ငွေဆောင်ကမ်းခြေပြန်လည်ဖွင့်လှစ်ရန် အတွက် တင်ပြသွားမည့်စာကို ကမ်းခြေ ကော်မတီ ဥက္ကဋ္ဌမှ တစ်ဆင့် တင်ပြပေးရန် တောင်းဆိုခဲ့ထားကြောင်း ငွေဆောင်ဇုန် ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်စန်းစန်းရီက Travelling Journal သို့ ပြောသည်။ ’’ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းကတော့ လိုအပ်တာကို ပေါင်းစပ်ပေးသွားမှာဖြစ်ပါတယ်။ အဓိက ကမ်းခြေ ပြန်ဖွင့်ဖို့ ပေးတယ်၊ မပေးဘူးဆိုတာ အစိုးရအဖွဲ့ဲရဲ့ သဘောထားပဲလေ။ ကျွန်တော်တို့ အစိုးရကချမှတ်ထားတဲ့ ပေါ်လစီကို အကောင်အထည်ဖော်ရတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ အောက်ခြေမှာတော့ လုပ်ငန်းယန္တရားလည်ပတ်နေတာရှိတယ်။ ဒေသခံတွေရဲ့ စားဝတ်နေရေး ခက်ခဲနေတာကိုလည်း မြင်တယ်။ ဒါပေမယ့်ခုနကလိုမျိုး လက်ရှိဒီဘက်ခြမ်းမှာလည်း ကိုဗစ်ရဲ့ဆိုးကျိုး ကိုလည်းပေါ့လို့မရသေးဘူး၊ ခွင့်ပြုပေးတယ်၊မပေးဘူးဆိုတာကလည်း လူကြီးတွေ ပိုသိမှာပေါ့။ ကျွန်တော်တို့ကတော့ သူတို့လမ်းညွန်ချက်အတိုင်းပဲ လုပ်သွားရမှာပါပဲ’’ ငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝဏ္ဍဝင်း က Travelling Journalသို့ ပြောသည်။ ကမ်းခြေများပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများကို ဖွင့်လှစ်ခွင့် တင်ပြထားသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ အား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Contine Reading
By - Admin / 09-08-2020
သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအားသတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူ ပြော

သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအားသတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူ ပြော

Travelling journal နိုင်ငံတော်၏ ညွန်ကြားချက်များကို မသိကျိုးကျွန်ပြုနေပြီး သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအား စာထုတ်သတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောကြားသည် ။ ’’နိုင်ငံတော်ရဲ့ ညွန်ကြားချက်တွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ဘာသာရေးပွဲတွေမလုပ်ရဖို့ ညွန်ကြားချက်ရှိတာကြောင့် ဘုရားတွေကို ဖူးခွင့်မပြုတာလေ။ အဲဒီညွန်ကြားချက်အတိုင်း လိုက်နာကြရတာပါ။ ဒါပေမယ့် ဂေါပက တွေကလည်း သူတို့အစီအစဉ်တွေနဲ့ သူတို့ဘာသာဖွင့်နေကြတာကိုး။ နိုင်ငံတော်က ညွန်ကြားထားတဲ့အတိုင်း အရင်ကလည်း ပိတ်ထားတယ်၊အခုလည်း ပိတ်ထားတယ်။ နိုင်ငံတော်ရဲ့ အမိန့်တွေကို မသိကျိုးကျွန် မပြုအောင် ထပ်ပြီး ကျွန်တော်တို့ မနေ့က သတိပေးလိုက်တယ်။ သတိမမူဂူမမြင်ဖြစ်မှာစိုးလို့ ထပ်ပြီး သတိပေးထားတဲ့ စာလေးထုတ်ပြီး ဂေါပက တွေကို လှမ်းပြီး သတိပေးလိုက်တဲ့ အတွက် သူတို့ ခေါင်းထဲကို ဝင်သွားတာကြောင့် သူတို့လည်း သတိမူပြီး ပိတ်လိုက်တာဖြစ်တယ် ’’ဟု ညောင်ဦးခရိုုင် အုပ်ချုုပ်ရေးမှုး ဦးကျော်ကျော်အုံးကပုဂံဘုရားများပိတ်ခြင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Travelling Journal သို့ပြောသည်။ ပုဂံဒေသသည် ခရီးသွားဒေသတစ်ခုဖြစ်သည့်အတွက်ပုဂံဒေသအခြေစိုက် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသည်ယာဉ်လိုင်းများဖွင့်လှစ်သည့်အတွက် မြန်မာပြည်အနှံ့ခရီးသွားလာသူများသွားလာခဲ့ခြင်းကြောင့် ခရီးသွားများရောက်ရှိလာခြင်းကြောင့် စည်ကားလာခဲ့ကြောင်း၊ ဖွင့်လှစ်သည်မဟုတ်သော်လည်း ပိတ်ထားသည့်ပုဂံဘုရားများကို ဝင်ရောက်ဖူးမြှော်ခြင်းတို့ကြောင့် ဖွင့်လှစ်ထားသည့် ပုံစံဖြစ်နေသည်ဟု ယူဆရသော်လည်းတရားဝင်ဖွင့်လှစ်ထားခြင်းဆိုသည်မှာ မရှိကြောင်း ၎င်းက ရှင်းပြသည်။ ပုဂံဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင်လ ၂၉ရက်မှစတင်ပိတ်လိုက်ပြီး လာမည့်ပိတ်ရက် လေးရက်အတွက်ပိတ်သည်ဟု ပြောကြားသော်လည်း ရက် အကန့် အသတ် မရှိပိတ်သည်ဟုလည်းပြောကြားနေ ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်ပြီးစစ်ဆေးမှုများကိုသက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ဖွင့်လှစ်ခွင့်ရပြီဆိုပါက ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ’’ပုဂံဘုရားတွေကို ဖွင့်တာကတော့ ဘယ်တော့မှ official မဟုတ်ဘူး၊ ဖွင့်လှစ်ခွင့်ကို ကျွန်တော်တို့က တရားဝင်ပေးလို့မရတာ။ ဖွင့်ပါတယ်မပြောဘူး၊ မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်မှာစိုးလို့ ဖွင့်ချိန်တန်ရင် ဖွင့်လို့ရအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင် Social Distancing နှင့်အညီ ကြိုတင်စစ်ဆေးထားတဲ့ သဘောပါပဲ၊ဒါတွေကို သဘောပေါက်လွဲမှားပြီး ပြဿနာရှာလာတဲ့ ဘုရားဖူးတွေ များပြားလာတဲ့အတွက် ဂေါပကတွေကလည်း အချိန်မှီ ပြုလုပ်သွားခဲ့တာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။ ပိတ်ထားသည့်ပုဂံဘုရားများကို တွေ့ရစဥ်။
Contine Reading
By - Admin / 29-07-2020
ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ်ခွဲ (ရွှေဘုံသာ)ဘဏ်ခွဲဖွင့်လှစ်ခဲ့ မုံရွာ နှင့်တောင်ကြီးတွင်လည်း ထပ်မံဖွင့်မည်

ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ်ခွဲ (ရွှေဘုံသာ)ဘဏ်ခွဲဖွင့်လှစ်ခဲ့ မုံရွာ နှင့်တောင်ကြီးတွင်လည်း ထပ်မံဖွင့်မည်

Travelling journal ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ် (ရွှေဘုံသာ) ဘဏ်ခွဲကို ဇူလိုင်လ၂၂ရက်တွင် ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။ ပုဂ္ဂလိကဘဏ်များထဲမှ မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank)သည် ယခုနှစ်အတွင်း နိုင်ငံတော်မှ ချမှတ်ထားသောစည်းကမ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဘဏ်ခွဲအသစ်များကို ဖွင့်လှစ်လျှက်ရှိရာ လက်ရှိတွင် ခြောက်ခုမြောက်ဘဏ်ခွဲကိုဖွင့်လှစ်ပြီးနောက် မုံရွာ နှင့်တောင်ကြီးမြို့များတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်ကာလတွင် new normal နေထိုင်မှုပုံစံသစ်ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မူလုပ်ငန်းများကို လုံခြုံစိတ်ချရသည့် ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များအတိုင်းလိုက်နာပြီး ပြည်သူလူထုအတွက် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေကြောင်း သိရသည်။
Contine Reading
By - Admin / 23-07-2020
သန်လျှင်ကျောက်တန်းမြို့နယ်ရှိ ကိုလိုနီခေတ်လက်ရာဟောင်း မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ်စတင်

သန်လျှင်ကျောက်တန်းမြို့နယ်ရှိ ကိုလိုနီခေတ်လက်ရာဟောင်း မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ်စတင်

Travelling journal ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန် တိုင်းအစိုးရအဖွဲ့၏ လမ်းညွန်မှုအဖြစ် ကြီးကြပ်ပြီး နေ့ချင်းပြန်ခရီးစဥ်အနေဖြင့် ကိုလိုနီခေတ် ခေတ်ဟောင်း မီးပြရွာသို့ ဇူလိုင် ၁၉ ရက်တွင် မီးရထားဖြင့် စတင်ထွက်ခွာခဲ့သည်။ အဆိုပါခရီးစဥ်ကို ကျောက်တန်းမြို့နယ် မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ် သွားရောက်ကာ မြန်မာ့မီးရထားမှ အထူးတွဲဖြင့် စတင်ထွက်ခွာခဲ့သည်။ ယင်းခရီးစဥ်ဖြစ်မြောက်ရေးအတွက် ကျောက်တန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ရွှေမြင့်မိုရ် ခရီးသွား လုပ်ငန်း သန်းဌေးနှင့်ရောင်းရင်းများအုပ်စုနှင့်သုခမိန် မြန်မာပြည်အနှံံ့ ဘုရားဖူးနှင့်အပန်းဖြေခရီးပို့ဆောင်ရေးတို့မှ စီစဥ်ကြီးကြပ်ပြီး ခရီးစဥ် ပို့ဆောင်ပေးခဲ့​​​ခြင်းဖြစ်သည်။
Contine Reading
By - Admin / 19-07-2020
ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ထိ ဖွင့်လှစ်ခွင့်ပြုထားနေ

ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ထိ ဖွင့်လှစ်ခွင့်ပြုထားနေ

Travelling journal ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ( ပုဂံ) ဒုတိယညွန်ကြားရေးမှုး ဦး ဝင်းအောင် က Travelling journal သို့ပြောသည်။ မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုထုတ်ပေးထားသည့်် ဟိုတယ်/တည်းခိုရိပ်သာ (၅၀)လုံးအထိရှိပြီဖြစ်သည်။ "ပုဂံကတော့ ၃၇ လုံးဖွင့်ခွင့်ရပါပြီ။ ကျောက်ပန်းတောင်း မြို့နယ်က ၁၃ လုံးဖွင့်ခွင့်ရပါပြီ"ဟု ၄င်းက ပြောသည်။ ဖွင့်လှစ်ရသည့်ဟိုတယ်နှင့်တည်းခိုရိပ်သာ စာရင်းများမှာ အောက်ပါအတိုင်းဖြစ်သ Bagan View HotelBagan HotelAye Yar River View ResortRoyal Emerald River View ResortLuster HotelKaytumadi Dynasty HotelTemple View HotelClassis (Bagan Wynn) HotelFamous HotelThiripyitsaya Sanctuary ResortArthawka HotelNorthen Breeze HotelYun Myo Thu HotelThe Regency HotelHeritage Bagan HotelAureum Palace Hotel & ResortRoyal Palace HotelShwe Nadi Guest HouseAmata Boutique HouseSky Palace HotelAreindmar Hotel22.Sky View HotelThante (Nyu) Hotel24.Golden Myanmar Guest House25.Winner Guest HouseGolden Pot Guest HouseBagan Htate Htar HotelPan Cherry HotelRuby True HotelPopa Mountain ResortZayar Theingi HotelSee You Guest HouseLinn HotelGon HotelPopa Garden ResortTriple Lion HotelGreat (KPT)Htoo Myat Chan Thar HotelWutt Hmone Thit Guest HouseDiamond PopaHotel KingPhoe Par Gyi Hotel43.Ancient Bagan HotelHotel Zein45.New Wave Guest HouseN.K Betalnut HotelMyathida Guest HouseBagan Central HotelBagan Empress HotelBagan Land Mark Hotel Photo ပုဂံတွင်ဖွင့်လှစ်ခွင့်ရထားသည့်ဟိုတယ်တစ်ချို့ကို တွေ့ရစဥ် ။
Contine Reading
By - Admin / 14-07-2020
တရုတ်ခရီးသွား လူဦးရေသန်း ၅၀၀ ကျော် ဝင်ရောက်ကြည့်ရှုသည့် Fliggy Application မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် စီစဥ်

တရုတ်ခရီးသွား လူဦးရေသန်း ၅၀၀ ကျော် ဝင်ရောက်ကြည့်ရှုသည့် Fliggy Application မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် စီစဥ်

Travelling Journal တရုတ်ခရီးသွား လူဦးရေ သန်း ၅၀၀ ကျော် ဝင်ရောက်ကြည့်ရှုသည့် Fliggy Application ကို ​မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။ "အခု ဒီFliggy Appနဲ့ပတ်သက်ပြီး MOHTကိုတော့ တင်ပြထားပါတယ်။ ဘယ်လိုမျိုးညှိနှိုင်းပြီးလုပ်လို့ရမလဲဆိုတာကို။ ဒီလိုလုပ်ခြင်းကြောင့် ​တရုတ်zero ပြဿနာလည်း အေးသွားမယ်။do and don't လဲတရုတ်လို တင်ပေးထားမယ်ဆိုတော့ သူတို့ ရိုင်းတာမျိုးတွေလည်း မရှိလာတော့ဘူး​ပေါ့။ ဒါကို Tourism MOHT က ပူးပေါင်းဖို့ ၊ ပြောဆိုဖို့လုပ်နေပါတယ်။ Tourism က သူတွေအားလုံးကိုအခမဲ့ကြော်ငြာပေးမယ်။ အားလုံးတိုက်ရိုက်လုပ်လို့ရမယ်။ နိုင်ငံတော်လည်း အခွန်အခရလာမယ်"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ Fliggy Applicationအကြောင်း တင်ပြခဲ့သည့် ဒေါ်တင့်တင့်လွင် က Travelling journal သို့ပြောသည်။ လက်ရှိတွင် Fliggy Application ကို ​ စတင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည့် Myanmar partner ရရှိထားသည့် ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦး ထွဋ် ဦးယံ ကလည်း မိတ်ဆက်အသုံးပြုနိုင်ရန်စီစဥ်ဆောင်ရွက်နေကြောင်း Travelling Journal သို့ ပြောသည်။ အဆိုပါ အွန်လိုင်းခရီးသွားဝန်ဆောင်မှုပေးသည့် Wesite သည် Alibaba ၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၌ လူကြည့်များသော ​Wesite တစ်ခုဖြစ်ကြောင်း သိရသည်။ ’’တရုတ်မှာ Ctrip ရှိတယ်၊ Fliggyရှိတယ်။တခြားဟာရှိတယ်။ ညှိကြည့်သေးတယ်၊ ကိုယ့်နိုင်ငံက ခရီးစဉ်ကို ကိုယ်ကိုယ်တိုင် တင်ချင်တယ်။ တင်လို့ရမလား၊ ဟို ကကြည့်တဲ့သူတွေက တိုက်ရိုက်ကြည့်တာ။ ကျိုက်ထီးရိုး တစ်ညအိပ်တွေ့တယ်။ သူတို့ စိတ်ဝင်စားရင် တိုက်ရိုက်ဝယ်ကြမယ်။ သူတို့က ဒါကို ကြိုက်လိုက်လို့ ဝယ်လိုက်ပြီ။ အဲဒီလို ကြော်ငြာရင် ဧည့်သည်တွေ တိုက်ရိုက်ရောက်မယ်။ ဇီးရိုးဘတ်ဂျတ်လည်းလျှော့နိုင်မယ်။ အဲဒီဝက်ဆိုဒ်မှာ ကြော်ငြာခွင့်ရရင် အရမ်းကောင်းတယ်။ ထိန်းနိုင်သလောက် ထိန်းနိုင်သွားမယ်။အဆိုးဆုံးပြဿနာက ငွေပေးချေမှုပြဿနာ။ ကိုယ်တွေဆီ ဘယ်လိုပုံစံနဲ့ရောက်မလဲဆိုတာက အရေးကြီးပါတယ်။ ဒီပေါ်မှာတင်လိုက်ရင် ဘယ် ဘဏ်နဲ့ သွားချိတ်မလဲပေါ့။ ဘယ်ဘဏ်နဲ့ချိတ်ဆက်ပြီး Exchange လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်တာ ’’ဟု Spring Travel & Tour မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့် က Travelling journal သို့ပြောသည်။ ၂၀၁၆ ခုနှစ် တွင် Fliggy ၌ အသုံးပြုသော ဟိုတယ် ၃၀၀ ကျော်ရှိသည့်အတွက် တရုတ်တွင် အခွန်ငွေ ၇၃၆၀၀၀ ဒေါ်လာ ရရှိခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် Fliggy ကို တရားဝင်ရုံးချုပ်ထားရှိမည်ဖြစ်ကာ ဟိုတယ်၏ သဘောတူညီချက် မပါဘဲ ဈေးနှုန်းပြောင်းလဲ သတ်မှတ်မည် မဟုတ်ကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံတွင် အသုံးပြုသူ တစ်ဘီလံယံရှိသည့် Alipay Platform မှချိတ်ဆက် ရရှိနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြင့် alipay နှင့် Fliggy မှတဆင့် မြန်မာနိုင်ငံအား တိုက်ရိုက် ပရိုမို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်တည်းခိုသော တရုတ်ခရီးသွား ၇၄၉,၇၁၉ ရှိပြီး ၂၀၁၈ ခုနှစ် ကထက် ၁၅၂ ရာခိုင်နှုန်း မြှင့်တက်လာမှုရှိခဲ့သည်။ လက်ရှိတွင် Fliggy App ကိုအသုံးပြုသူ (၃၀၀ ) မီလီယံ ရှိသည့်အတွက် ဟိုတယ်များ ခရီးသွား ကုမ္ပဏီ များအနေဖြင့် ယင်းကို အသုံးပြုမည်ဆိုပါက တရုတ်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ပိုပြီး တိုးတက် လာမည်ဖြစ်သည်။
Contine Reading
By - Admin / 29-06-2020
ကျိုင်းတုံနာရီစင်ကို ဒေသယဥ်ကျေးမှုနှင့်လိုက်လျော ညီထွေမည့် ဒီဇိုင်းဖြင့် တည်ဆောက်နေ

ကျိုင်းတုံနာရီစင်ကို ဒေသယဥ်ကျေးမှုနှင့်လိုက်လျော ညီထွေမည့် ဒီဇိုင်းဖြင့် တည်ဆောက်နေ

Travelling journal ကျိုင်းတုံ မြို့၏ အထင်ကရတစ်ခု ဖြစ်လာမည့် နာရီစင်ကို ဒေသနှင့်လိုက်လျော ညီထွေပြီး ယဥ် ကျေးမှု လက်ရာများ​ဖြင့် တည်ဆောက် နေကြောင်း ကျိုင်းတုံ စည်ပင်သာယာရေးကော်မတီ မှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက် က Travelling journal သို့ ပြောသည်။ အဆိုပါ နာရီစင်ကို ထိုင်းဗိသုကာ ပညာရှင်မှ ဒီဇိုင်းရေးဆွဲထားပြီး မကြာခင်ပြီးစီးတော့မည်ဖြစ်သလို ကျိုင်းတုံ နာရီစင် တည်ဆောက်ရန်အတွက် လွိုင်မွေ ကုမ္ပဏီက လှူဒါန်း ပြီးစည်ပင်သာယာရေး ကော်မတီမှကြီးကြပ်တည်ဆောက်ပေးကြောင်းသိရသည် "ထိုင်းဗိသုကာပညာရှင်ကို ရေးဆွဲထားခိုင်းတာပါ ။ပညာရှင်ရေးဆွဲထားတဲ့ဒီဇိုင်းကို ကျွန်တော်တို့ ကော်မတီ ကနေ စီမံခန့် ခွဲ ပြီးဆောက်လုပ်နေပါတယ်။(၇) လပိုင်းဆိုရင်ပြီးပါပြီ။ (၈လပိုင်းလဆန်း) ပိုင်းဆိုရင် ဖွင့်လှစ်ပေးသွားမှာပါ"ဟု ၄င်းက ပြောသည်။ ကျိုင်းတုံနာရီစင် ကို လာမည့် ​ဩဂုတ်လဆန်းပိုင်းတွင်ဖွင့်လှစ်ရန် စီစဥ်ထားပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လည်ပတ် နိုင်မည့် Tourist Site တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ " ကျွန်တော်ကလောမြို့မှာ တာဝန်ကျတုန်းက လည်း Tourist Attraction တစ်ခုဖြစ်လာအောင် ကလောနာရီစင်ကို တည်ဆောက်ခဲ့ပါတယ်။အခုဆိုရင် ကလောကိုလာတဲ့ခရီးသွားဧည့်သည်တွေရဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့ Tourist Site တစ်ခုဖြစ်နေပါပြီ။ အခုကျိုင်းတုံ နာရီစင်ကိုလည်း အဲ့လိုပဲ Tourist Site တခု ဖြစ်အောင် တည်ဆောက် နေပါတယ်" ဟု ဦးကျော်မင်းထိုက်က ပြောသည်။ လက်ရှိတွင် ကျိုင်းတုံ မြို့၏ အမှတ်အသားဖြစ်သည့် နောင်တုံကန်ကိုအဆင့်မြှင့်တင်နေပြီး ဒေသခံများနှင့်အတူ ပြည်တွင်းခရီးသွားများကလည်း လာရောက်အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည့်နေရာတစ်ခုဖြစ်လာနေပြီဖြစ်သည်။ ဆောက်လုပ်နေသည့် ကျိုင်းတုံနာရီစင်ဒီဇိုင်းကိုတွေ့ရစဥ်
Contine Reading
By - Admin / 27-06-2020