Featured Local News
Popular Local News
မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဘုရင့်ကာကွယ်တောကို အစိုးရပိုင်သစ်တောအဖြစ်ပြောင်းလဲပြီးပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်
တိုးဝင်းလွင်
ထိုင်းနယ်စပ်၊ မယ်ဟောင် ဆောင်ခရိုင်အတွင်းရှိ ဘုရင့် ကာကွယ်တောကို အစိုးရပိုင် သစ်တောအဖြစ် ပြောင်းလဲပြီး ပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ကယားပြည်နယ်ဟိုတယ်/ခရီး တာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ဂျာနယ်သို့ ပြော သည်။
အဆိုပါနယ်စပ်ဂိတ်ဖွင့်လှစ် ရန်အတွက် ကယားပြည်နယ်ဘက် ခြမ်းရှိ လမ်းများပြုပြင်မှုပြီးစီး သော်လည်း မယ်ဟောင်ဆောင် ဘက်မှ ခင်းရန်ကျန်ရှိနေသည့် ၉ ဒသမ ၇ ကီလိုမီတာမှာ ဘုရင့်ကာကွယ်တော ဖြစ်နေသည့် အတွက်ပြင်ဆင်ရန် ခက်ခဲနှောင့် နှေးနေရခြင်းဖြစ်ကြောင်း သိရ သည်။
“ ဒါနဲ့ပတ်သက်ပြီးတော့ထိုင်း ဝန်ကြီးချုပ်ကို မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက ဘုရင့်ကာကွယ် တောကို ရိုးရိုးအစိုးရပိုင်သစ်တော ကာကွယ်တောအနေနဲ့ပဲပြောင်း လဲသတ်မှတ်ပေးဖို့ တင်ပြခဲ့တယ်။ အဲ့လမ်းကလည်း တော်တော်လေး ကြမ်းတယ်။ ဝန်ကြီးချုပ်ခွင့်ပြု ချက်ရရင်တော့ အဲ့လမ်းကို သူ တို့ပြင်နိုင်တယ်။ ကယားပြည် နယ်ဘက်ကတော့ အကုန်လုံး ပြင်ပြီးသွားပြီ” ဟု ၎င်းက ပြော သည်။
ယင်းကျန်ရှိသည့်လမ်းပိုင်း ၉ ဒသမ ၇ ကီလိုမီတာကို ပြုပြင် ပြီးပါက BP 13 ဂိတ်ကို အပြည် ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ်ဖွင့် ရန် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ရှိလွိုင်ကော် မြို့နှင့် ထိုင်းနယ်စပ်ရှိမယ်ဟောင် ဆောင်မြို့ကို ညီမမြို့တော်အဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လ(၉)ရက် တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်းဖြစ်သည်။
အဆိုပါဂိတ်ပေါက်မှ ထိုင်း နှင့် မြန်မာနိုင်ငံသားများကိုသာ လည်ပတ်ခွင့်ပြုသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများကို Entry Permit Visa ဖြင့် လွိုင်ကော် အထိဝင်ရောက်လည်ပတ်ခွင့်ပေး သွားမည်ဖြစ်ကာ တတိယနိုင်ငံ သားများအနေဖြင့် လည်ပတ်ခွင့် မရရှိသေးကြောင်း သိရသည်။
Travelling_Journal
Photo_Facebook
Contine Reading
By -
/ 27-06-2018ဟွန်ဒါ(Honda) ဂျက်လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများကို ပျံသန်းပြေးဆွဲရန် သရုပ်ပြမိတ်ဆက်
#မော်ကျွန်းသူဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီ၏ စိတ်ကူးဒီဇိုင်းနှင့် အမေရိကန်နည်း ပညာတို့ပူးပေါင်းထုတ်လုပ်ထား သည့် ဟွန်ဒါ အမျိုးအစား ဂျက် လေယာဉ်အား မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ တာဝန်ရှိသူများနှင့် အခြားစိတ်ဝင် စားသူလုပ်ငန်းရှင်တို့ကို သရုပ်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း KPO ကုမ္ပဏီလီမိတက်မှ ပရော ဂျက် ဒါရိုက်တာ ဦးနိုင်ထွန်းက Travelling ဂျာနယ်သို့ ပြောသည်။
“ လောလောဆယ်က အစပဲရှိ သေးတာ။ လေယာဉ်ပျံကို မြန်မာ နိုင်ငံတွင်းမှာ ပျံသန်းပြေးဆွဲခွင့်ရဖို့ ခွင့်ပြုချက်လိုင်စင် AOC သက်ဆိုင်ရာသို့ ဆက်လက်တင်ပြလျှောက်ထားဖို့စီစဉ်နေပါတယ်။ ဒီလေယာဉ်ပျံထုတ်တာကလည်း ငါးနှစ်ဝန်းကျင်အတွင်းလောက်ပဲ ရှိသေးတာ။ အာရှဒေသတွင်းတစ် ခုထဲမှာ တောင် တစ်စီးနှစ်စီးပဲရှိ သေးတာဖြစ်တယ်။ ပြီးခဲတဲ့လကုန် ပိုင်းက ဂျပန်နိုင်ငံ၊ ဟော့ကိုင်ဒိုး ဒေသရှိ ဆာပိုး ရိုးကို သွားရောက် သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ KPO ကုမ္ပဏီအနေနဲ့ Country Dealer မြန်မာနိုင်ငံအတွက် ရရှိထားတာ ဖြစ်လို့ အဲဒီလေယာဉ်ပျံကို သရုပ် ပြပျံသန်းဖို့ မြန်မာနိုင်ငံသို့ရောက် ရှိနေတာဖြစ်ပါတယ်။ နောက် ပိုင်း ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှု တွေပေးဖို့အတွက် ရည်ရွယ်ထား တာပါ””ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါ ဂျက် လေယာဉ်သရုပ်ပြသမှုကို ပို့ဆောင် ဆက်သွယ်ရေးနှင့် ဟိုတယ်ခရီး သွားဝန်ကြီးဌာန လက်အောက် ဦးစီးဌာနများရှိ တာဝန်ရှိသူများကို ပျံသန်းသရုပ်ပြသနေကြောင်း သိရသည်။
“အဲဒီဌာနတွေကို အရင်ဆုံး စပြသနေတာဖြစ်တယ်။ မြန်မာ နိုင်ငံအပြင် ဒေသတွင်း အခြား နိုင်ငံများကိုပါ အခါအားလျော် စွာသွားရောက်ပြီး ပျံသန်းသရုပ်ပြ နေတာဖြစ်ပါတယ်။ မြန်မာပြည် မှာတော့ မန္တလေးမြို့အပါအဝင် အခြားမြို့ကြီးများကိုလည်း သွား ရောက်ပြီး သရုပ်ပြသသွားမှာဖြစ် ပါတယ်””ဟု ၎င်းကပြောသည်။
အဆိုပါ ဟွန်ဒါအမျိုးအစား ဂျက်လေယာဉ်ကို မြန်မာနိုင်ငံတွင် သရုပ်ပြမိတ်ဆက်မှုများပြုလုပ်နိုင် ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နိုဝင် ဘာ ၁၉ ရက်က ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ် ခရီးဝန်ကြီးဌာနှင့် အခြားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအား နေပြည်တော်တွင် ပျံသန်းသရုပ် ပြသခြင်း၊ ရပ်နားသရုပ်ပြသခြင်း များကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဆက်လက်ပြီး အခြားမြို့ကြီး များသို့လည်း အလျဉ်းသင့်သလိုပျံ သန်းသရုပ်ပြသသွားမှာဖြစ်ကြောင်း သိရသည်။အဆိုပါ ဂျက်လေယာဉ်တစ် စီးတန်ကြေးမှာ ကန်ဒေါ်လာ ၅ သန်းဝန်းကျင်ရှိပြီး ပေါ့ပါးသလို တစ်စီးလျှင် လူ ၅ ဦးမှ လူ ၆ ဦး အထိ စီးနင်းနိုင်ပြီး GE Honda/HF 120 အမျိုးအစားအင်ဂျင်နှစ်လုံးပါရှိသည့် ဂျက် လေယာဉ် အမျိုးအစားဖြစ်ကြောင်း သိရ သည်။
ယင်းဂျက်လေယာဉ်များ သည် လက်ရှိပြည်တွင်းခရီးစဉ်များ တွင် ART လေယာဉ်ပျံများ ပျံ သန်းအသုံးပြုလျှက်ရှိသည့် မည် သည့်ကွင်းမျိုးမဆို ဆင်းသက်နိုင် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပျံသန်းပြေး ဆွဲရန် သက်ဆိုင်ရာမှ ခွင့်ပြုချက် AOC ရရှိပြီးပါက အဆိုပါဂျက် လေယာဉ်ငယ်များဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတိုးတက်မြှင့်တင် ရေးတွင် တတ်အားသရွေ့ပါဝင် ဆောင် ရွက်သွားရန် အဓိကရည်ရွယ်ထားကြောင်း သိရသည်။
ထို့အပြင် လေကြောင်းနှင့် ဆက်နွယ်သည့်လုပ်ငန်းရပ်များတွင် ပါဝင်လုပ်ကိုင်နိုင်ရန်အထိ ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
Travelling_Journal/Vol_1_Issue_7
Contine Reading
By -
/ 06-12-2018ပသိချောင်းအပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ ဖော်ဆောင်နေ
မော်ကျွန်းသူ
ကရင်ပြည်နယ် သံတောင်မြို့ ရှိ ပသိချောင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာ၀အခြေခံ အပန်းဖြေ စခန်းများသို့ သွားရောက်အနားယူနိုင်မည့် စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။
ပသိချောင်းကို အခြေခံပြီး မြေဧက ၁၀၀ ပေါ်တွင် ပသိချောင်း အပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာကုမ္ပဏီမှ ဖော်ဆောင်သွားမည်ဖြစ်သည်။
လက်ရှိတွင် အမည်ပေါက် ၀ယ်ယူထားပြီးဖြစ်သည့် မြေဧက ၁၀၀ အတွင်း မြေပြင်ဆောင်ရွက်မှုများ ကို စတင်ဆောင်ရွက်နေသလို ကားလမ်းများလည်း ဖောက်လုပ်နေကြောင်း သိရသည်။
ထို့အပြင် အပန်းဖြေဥယျာဉ်ဖော်ဆောင်မည့် ဥယျာဉ် အတွင်း ဒေသမျိုးရင်း နှစ်ရှည်ပင်များဖြစ်သည့် ဒူးရင်း၊ ကြက်မောက်သီး၊ မင်းကွတ်သီး နှင့်လိုင်ချီးသီးပင်များကို အကွက်များဖြင့် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
’’ ပသိချောင်းက ရာသီမရွေး ရေစီးဆင်းနေတာမို့ ချောင်းနဲ့ သဘာ၀အလှအပများကြောင့် ဧည့်သည်တွေ လာရောက်အပန်းဖြေနေကြတယ်’’ဟု ပသိချောင်းအပန်းဖြေ စီမံကိန်းကို တာ၀န်ယူ ဆောင်ရွက်နေသည့် မနွယ်က ပြောသည်။
ယခုလက်ရှိအနေအထားမှာ ပသိချောင်းအတွင်း လာရောက်ရေကစားသူများအတွက် နားနေဆောင် သုံးလုံးဆောက်လုပ်ပေးထားပြီး ၀င်ကြေးအနေဖြင့် ပသိချောင်းအပန်းဖြေ သဘာ၀ဥယျာဉ်အတွင်းသို့ လာရောက်သည့် ကားကြီး ၊ကားသေးတစ်စီးကို ၁၀၀၀ ကျပ် ကောက်ခံလျက်ရှိကာ လူကြီးတစ်ဦးလျှင် ၁၀၀ ကျပ် သာ ကောက်ခံကြောင်း သိရသည်။
အဆိုပါ အပန်းဖြေသဘာ၀ဥယျာဉ်အတွင်း လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသားများ အတွက် ဇီ၀ဆိုင်ရာအပင်များလေ့လာခြင်း ၊ သုတေသနပြုခြင်း၊လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းစသည့် Activity များကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် အပန်းဖြေလာရောက်ကြမည့် ဧည့်သည်များအတွက် ဒေသထွက်ကုန်အမှတ်တရအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ နားနေဆောင်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာလည်း ပသိချောင်းပတ်၀န်းကျင်ဒေသ၏ သဘာဝဂေဟစနစ်မပျက်စီး မပျောက်ကွယ်စေရန်နှင့် ထိန်းသိမ်းထားခြင်းနှင့် သဘာဝတောတောင် စိမ်းလန်း စိုပြေသာယာလှပ မှုကို မှီခို၍ ဇီ၀မျိုးစိတ် များဖြစ်သည့် သက်ရှိသက်မဲ့ သတ္တဝါနှင့် အပင်များ၏ သာယာလှပမှုကိုလည်း ပြည်သူများ အတွက် ကြည်နူးပျော်ရွင်စေမည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ဖော်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။
Travelling_Journal/Vol_1_Issue_14
Photo_ဇေကမ္ဘာ
Contine Reading
By -
/ 23-07-2019မြန်မာ့ခရီးသွားဘဏ်မှ Travel Loan ဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များကို လွယ်ကူစွာ သွားလာနိုင်တော့မည်
လရောင်ချို
မြန်မာခရီးသွားဘဏ်မှ ဝန်ဆောင်မှု အသစ်ဖြစ်သည့် Travel loan နှင့် ပြည်တွင်း ပြည်ပရှိ ခရီးစဉ်များကို မိမိစိတ်ကြိုက် သွားရောက်နိုင်ရန်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း Deputy Managing Director ဖြစ်သူ U Andrew Khant (ခ) ဦးအောင်ခန့် က ပြောသည်။
အဆိုပါ Travel loan ဖြင့် သွားရောက်လိုသည့် သူများအနေဖြင့် ခရီးသွား ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မိမိ စိတ်ကြိုက် ခရီးစဉ်များကို သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာ့ခရီးသွားဘဏ်မှ Travel loan ကို ဖော်ဆောင်ပေးခြင်းမှာလည်း မြန်မာနိုင်ငံအတွင်း ခရီးသွားသူများ ပိုမိုများပြားလာစေရန်နှင့် ယခင်က ခရီးသွားရာတွင် ငွေကြေးအခက်အခဲကြောင့် ခရီးမသွားလာနိုင်သည့် သူများအတွက် Travel loan ဖြင့် သွားရောက်နိုင်စေရန် အတွက် ဘဏ်အနေဖြင့် စတင်ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးကဏ္ဍအဆင့်မြှင့်တင် နိုင်စေရန်အတွက် မြန်မာ့ခရီးသွားဘဏ်အနေဖြင့် လိုအပ်ချက်များကို အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် Travel loan နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ Tours agents များဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက် ရှိနေပြီး အဆိုပါ ချိတ်ဆက်ထားသည့် Tours agents များအနေဖြင့် ခရီးသွားလာမည့်Customerများ ကို ပိုမိုရရှိနိုင်ကာ မိမိတို့ခရီးသွားလုပ်ငန်းကို လည်း ပိုမိုချဲ့ထွင်နိုင်စေရန်အတွက် အထောက်အကူကောင်းတစ်ခုဖြစ်ကြောင်း ဦးအောင်ခန့်က ဆိုသည်။
ထို့ပြင် ခရီးသွားများအနေဖြင့်လည်း Travel loan လျောက်ထားပြီး ခရီးစဉ်၏ ကုန်ကျငွေကို အရစ်ကျအနေဖြင့် ပြန်လည်ပေးသွင်းနိုင်သည့်အတွက် အခက်အခဲမရှိပဲ လွယ်ကူစွာ ခရီးသွားလာနိုင်တော့မည် ဖြစ်သည်။ အဆိုပါ Travel loan ကို လျောက်ထားလိုသူသည် ပုံမှန်ဝင်ငွေရှိရမည်ဖြစ်သလို ထောက်ခံပေးမည့်သူ လိုအပ်မည်ဖြစ်ကာ ကနဦး အနေဖြင့် Travel loan ကို အနည်းဆုံးခြောက်လဖြင့် အရစ်ကျ ပေးသွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
" လောလောဆယ်မှာ ကျွန်တော်တို့ဘဏ်ကတော့ အရစ်ကျ ကို ခြောက်လပဲ ကနဦး ပေးထားတယ် ဒါပေမယ့် ဒေါ်လာထောင်ကျော်တဲ့ ခရီးစဉ်တွေ ဖြစ်နေတယ်ဆိုရင် Customer ရဲ့ ပေးနိုင်တဲ့အပေါ်မှာ မူတည်ပြီး ပေးသွင်းချင်တဲ့ လအရေအတွက်ကို ရွေးချယ်နိုင်တယ်။ အရင်ကဆို ခရီးသွားဖို့အတွက် စိုးရိမ်ပူပန်နေရပါတယ်။ အခုကျတော့ ဒါတွေကို ပူပန်နေစရာမလိုတော့ဘူး။ ကိုယ်စိတ်ကူးထဲက စိတ်ကြိုက်ခရီးစဉ်တွေကို ခုချက်ချင်းထသွားလို့ရနိုင်တဲ့အနေအထားတွေ ဖြစ်လာအောင် ကျွန်တော်တို့ဘဏ်ကနေ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ် " ဟု ဦးအောင်ခန့် က ဆိုသည်။
ထို့အပြင် လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်နှင့်မြန်မာခရီးသွားလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး Tours and Hospitality လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် Tourism Term Loan, Tourism Overdraft, Tourism Project Loan အစရှိသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်နိုင်ရန်အတွက် မကြာခင်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းသိရသည်။
Travelling_Journal/Vol_1_Issue_14
Contine Reading
By -
/ 24-07-2019ခရီးသွားရံပုံငွေမရှိသဖြင့်မြန်မာကိုလူသိနည်းနေခြင်းသည်ကြက်ဥနှင့်ကြက်မ ကဲ့သို့အစရှာမရသလို ဖြစ်နေကြောင်း MTF ဥက္ကဋ္ဌ ဆို
MKT
မြန်မာပြည်ကိုလူသိနည်းနေခြင်းသည် ခရီးသွားပရိုမိုရှင်းများ ပြုလုပ်ရန် ရံပုံငွေ မရှိခြင်းကြောင်ြ့ဖစ်ပြီး ကြက်ဥနှင့် ကြက်မကဲ့သို့ အစရှာမရသလို ဖြစ်နေကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။
" ထိုင်းကို ကြည့်ရင် မနှစ်က ဧည့်သည် ၃၈ သန်းလာတယ်။နိုင်ငံ့ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းအထက်ကိုTourism ကနေ ရှာပေးနေတာ။ သြစတြေးလျ ကလည်း ခရီးသွားနဲ့ တစ်နိုင်ငံလုံးကို ကျွေးမွေးထားတယ်။ အခု ကျွန်တော်တို့က ခရီးသွား Industry ပိုတိုးပြီးလုပ်မယ်။ ရံပုံငွေ မရှိလို့ ပရိုမိုးရှင်း မလုပ်နိုင် ၊မလုပ်နိုင်တော့ မြန်မာနိုင်ငံကို မသိဘူး။ မသိတော့ Tourism Income က ဝင်ငွေမရ သေးတော့ ခင်ဗျားတို့ကိုု ပရိုမိုးရှင်း ရံပုံငွေ မပေးနိုင် သေးဘူး ဆိုရင် လည်နေမယ်။ ကြက်ဥနဲ့ကြက်မ လို အစ ရှာမရ ဖြစ်နေပါမယ်" ဟု စက်တင်ဘာ ၁၂ ရက်၊ နေပြည်တော်၌ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လုပ်ငန်းလုပ်မယ်ဆိုရင် သတ္တိရှိရှိ လုပ်ကိုင် ဖို့လိုအပ်ပြီး မြန်မာ့ခရီးသွားဘဏ် အနေဖြင့်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အပံ့ပေးနိုင်အောင် ရည်ရွယ်ကာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ပရိုမိုးရှင်း ရံပုံငွေရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍ ယခုထက် ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
"ကျွန်တော်တို့ကလည်းကြိုးစားမယ်နိုင်ငံတော်ကလည်းလိုအပ်တဲ့အထောက်အပံ့ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရီးသွား၊ စီးပွားရေးနဲ့ တစ်နိုင်ငံလုံးကို ကျွေးထားနိုင်အောင် လုပ်ဆောင်သွားပါမယ်" ဟု ဦးရန်ဝင်းကပြောသည်။
Contine Reading
By -
/ 14-09-2019ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြား မှန်တံတား ထိုးမည်
ယဉ်ယဉ်လှ
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊နောင်ချိုူ မြို့နယ် ရှိ ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြားကို မှန်တံတား ထိုးရန် လုပ်ငန်းစီမံချက် တင်ပြလာသူ ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွန် ကြားရေးမှုး ဦးထင်အောင်နိုင် က Travelling Journal သို့ ပြောသည်။
ရှေးဟောင်း သမိုင်းဝင် ကမ္ဘာ့ အသိအမှတ်ပြု အမြင့်ဆုံး နှင့် ဒုတိယ အရှည်ဆုံး တောင်ကြော ပြတ် ဂုတ်ထိပ်တံတား မီးရထားလမ်း၏ ၁. ၇၅ ကီလိုမီတာ အနီး ဝန်းကျင်တွင် မှန်တံတား စီမံကိန်းကို ( Glass Plank Walkway ) ကို ဆောင်ရွက်ရန် သက်ဆိုင်ရာများမှ ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွန် ကြားရေးမှုး ဦးထင်အောင်နိုင် ကTravelling Journal သို့ ပြောသည်။
" မူဆယ်ဘက်က လုပ်ငန်းရှင်တစ်ယောက်ပါ။ အဲဒီလုပ်ငန်းရှင်က မှန်တံတား လုပ်ဖို့ တင်ပြလာပါတယ်။ အဲဒီမြေတွေက သစ်တောမြေ ဖြစ်နေလို့ လက်ရှိမှာတော့ ညှိနှိုင်းဆွေးနွေးနေပါတယ်" ဟု၎င်း က ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ် ဟိုတယ်ခရီးအနေဖြင့်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလာရန်နှင့် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ် နေသလို နိုင်ငံတကာ အဖွဲ့စည်းများဖြင့်လည်း ဆောင်ရွက်နေသည့် ကဏ္ဍများလည်း ရှိနေကြောင်းသိရသည်။
ထို့အပြင် ကရင်ပြည်နယ်၏ အထင်ရှားဆုံးဖြစ်သည့် ဆံတော်ရှင်ဇွဲကပ င်တောင်ပေါ်တွင်လည်း မှန်သားကြမ်းခင်းဖြင့်ပြုလုပ်ထားသည့် မှန်တံတားကိုလည်း ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။
Travelling_Journal/Vol_1_Issue_1
Photo_ဟိုတယ်/ခရီးညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)
Contine Reading
By -
/ 14-11-2019စောင်းကောက်ကျွန်းတွင် ပြည်တွင်း ကုမ္ပဏီ ငါးခုမှ မြေအသုံးချ ခွင့်ပြုရန် သက်ဆိုင်ရာသို့ တင်ပြထား
MKT
တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် အတွင်းရှိ စောင်းကောက်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြည်တွင်း ကုမ္ပဏီ ငါးခုမှ မြေအသုံးချခွင့် ပြုရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ဟိုတယ်ခရီးတိုင်း တာဝန်ခံ ဦးညိုအေး ကTravelling Journal သို့ ပြောသည်။
အဆိုပါကျွန်း၌ မည်သည့်တစ်စုံတစ်ယောက်မှလုပ်ကိုင်ခွင့်ကို ခွင့်မပြုထားသလို မည်သူ့မှ လည်း ဝင်ရောက်လုပ်ကိုင်ခြင်း မရှိ သေးကြောင်း ၄င်းက ပြောသည်။
လက်ရှိတွင် ကျွန်းပေါ်၌ ရင်းနှီးမြှုပ်နှံမှု ပြု လုပ်မည့်ကုမ္ပဏီ ငါးခုအား မြေဧက များကို ခွဲပေးထားသည့် အဆင့်သာ ရှိသေးကြောင်း သိရသည်။
" ကျွန်းပေါ်မှာ တရားဝင်လုပ်ကိုင်ခွင့် တင်ထားတဲ့ ကုမ္ပဏီ ငါး ခုကို မြေခွဲပေးထားတယ်။ ငါးခုစလုံးကိုမှ ပြန်ပြီး တော့ စာချုပ်ချုပ်မှာပေါ့ ။ မြေဌားရမ်းစာချုပ် အသိမှတ်ပြု စာချုပ် ချုပ်ရမှာပေါ့။ အဲဒီ့အတွက်ကို မူကြမ်းကို စိစစ်နေတာပေါ့။ သုံးခုကတော့ စိစစ်ပြီးသွားပြီ။ နောက်နှစ်ခုကတော့ ထပ်ပြီးတင်မလာသေးဘူး။ တင်လာရင်တော့ ထပ်ပြီး စိစစ်ရမှာပါ" ဟု တင်္နသာရီ တိုင်းဒေသကြီး ဟိုတယ်ခရီးတိုင်း တာဝန်ခံ ဦးညိုအေး က ပြောသည်။
အဆိုပါ စောင်းကောက်ကျွန်းသည် မြေဧက ၆၀၀ ကျော်ရှိပြီး ကုမ္ပဏီ ငါးခုအား မြေခွဲဝေပေးရာတွင် ကုမ္ပဏီ တစ်ခုလျှင် မြေဧက ၅၀ မှ ၇၀ အထိ လောက်သာ ခွဲပေးထားကြောင်း သိရသည်။
အဆိုပါ ကျွန်းသည် ကော့သောင်းမြို့၏ မိုင် ၃၀ အကွာတွင်ရှိပြီး အနီးပတ်ဝန်းကျင်၌ ကြက်မောက်ကျွန်း၊ မိုးသောက်ကျွန်း တို့နှင့် နီးသလို ထိုင်းရေပိုင်နက်နှင့်လည်း နီးကြောင်း သိရသည်။
Travelling_Journal/Vol_1_Issue_19
Photo_KoLwanMoe
Contine Reading
By -
/ 13-01-2020Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် တိုင်းအစိုးရ သတ်မှတ်
ထွန်းတောက်
Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
ဇန်နဝါရီလ (၁၂) တွင်ပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ၎င်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ Out-Bound လိုင်စင်ချပေးဖို့အတွက် ရန်ုကုန်တိုင်းအနေနဲ့တော့ ဘယ်လိုမူဘောင်နဲ့ ချပေးမလဲဆိုတာကို သတ်မှတ်လိုက်တယ်။ သတ်မှတ်တဲ့ အခါမှာ Deposit တင်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ Deposit ကို သိန်း (၁၀၀) တင်ရမယ်ဆိုပြီးတော့ ဆံးုဖြတ်လိုက်တယ်။ တစ်ခြား တိုင်းနဲ့ ပြည်နယ်က ဘယ်လိုယူမလဲဆိုတာကတော့ မသိပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ပေါင်း တစ်ထောင်နီးပါး ရှိကြောင်း သိရသည်။
Travelling_Journal/Vol_1_Issue_20
Contine Reading
By -
/ 24-01-2020ပုဂံ နှင့် မိတ္ထီလာတွင် အရိပ် အာဝါသ ကောင်းသည့် မန်ကျည်းပင်အောက်တွင် လေတဖြူးဖြူးဖြင့် ရိုးရာအနှိပ်ခံသည့် ဝန်ဆောင်မှုမျိုးကို ဖန်တီးပေးသင့်ဟု ဒု-ဝန်ကြီးပြော
ထွန်းတောက်
ပုဂံ နှင့် မိတ္ထီလာတွင် အရိပ် အာဝါသ ကောင်းသည့် မန်ကျည်းပင်အောက်တွင် လေတဖြူးဖြူးဖြင့် ရိုးရာအနှိပ်ခံသည့် ဝန်ဆောင်မှုမျိုးကို ဖန်တီးပေးသင့်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဒုတိယ ဝန်ကြီး ဦးတင်လတ်က ပြော ကြားလိုက်သည်။
ဇန်နဝါရီ (၁၂) ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် ရန်ကုန်ုတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ကော်မ တီ အစည်းအဝေး တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့အနှိပ်ပညာရပ်ကို ပြန်ဖော်ထုတ်သင့်တယ်။ ဘာလို့လဲဆိုရင် မြန်မာ့ရိုးရာ အနှိပ်ပညာရပ်က ဟိုးအရင်းကတည်းက ရှိခဲ့တာ။ ဒီလိုမျိုး အနှိပ်ပညာနဲ့ ခရီးသွားကဏ္ဍကို ပြန်ပြီး ဆွဲဆောင်သင့်တယ်။ ဥပမာ - ပုဂံနဲ့ မိတ္ထီလာတို့မှာဆိုရင် အရိပ်ကောင်းကောင်း မန်ကျည်းပင်အောက်မှာ လေတဖြူးဖြူး နဲ့ ဝါးကုလားထိုင်ပေါ်မှာ ထိုင်ပြီး အနှိပ်ခံတဲ့ ဝန်ဆောင်မှုမျိုးကို ဖန်တီးပေးသင့်တယ် ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက မြန်မာ့အနှိပ်ပညာ ကဏ္ဍမှာ ရှိခဲ့ပြီး ယင်းကဏ္ဍ ကို ပြန်လည် ဖွံ့ဖြိုးလာရန် ဆောင်ရွက်ပေးသင့်ကြောင်း ယင်းကဲ့သို့ ဝန်ဆောင်မှုမျိုးကို ဆောင်ရွက်မည် ဆိုပါက အလုံပိတ်အခန်းနှင့် မဟုတ်ပဲ အထဲကို မြင်နိုင်သည့် ပုံစံမျိုး လုပ်ဆောင်မည်ဆိုပါက ခွင့်ပြုပေးလို့ရကြောင်း ဝန်ကြီးက ဆိုသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် Spa Tourism မှာ ဖွံ့ဖြိုးတိုးတက်အောင်မြင်နေပြီး ဝင်ငွေ ရရှိနေသည့် လုပ်ငန်း တစ်ခုလည်းဖြစ်သည်။
လက်ရှိတွင် ထိုင်းအနှိပ်ပညာ၊ ဂျပန်ရိုးရာ အနှိပ်ပညာရပ်များကို သင်ယူသူ များ သော်လည်း မြန်မာ့ရိုးရာအနှိပ်ပညာကို သင်ယူမည့်သူများ နည်းပါးသဖြင့် ရိုးရာအနှိပ်ပညာရပ်မှာ တိမ်ကော ပပျောက်နေပြီဟု ဒုတိယဝန်ကြီး ဦးတင်လတ်က ပြောသည်။
Contine Reading
By -
/ 29-01-2020၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ ထန်တလန်တွင်ကျင်းပ
ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့်(၇၂) နှစ် မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကိုထန်တလန်မြို့ ရှိ အ-ထ-က (၃) ဘောလုံးကွင်း ၌ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီးဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ပြခန်းသို့ လာရောက်ကြည့်ရှုခဲ့သည်။
ထန်တလန်မြို့တွင် ကျင်းပခဲ့သည့် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ကမ္ဘာလှည့်နိုင်ငံခြားသားဦးရေ ၁၅ ဦး ဝန်းကျင် လာရောက်လေ့လာခဲ့ကြောင်း ချင်းဟိုတယ်ခရီးတာဝန်ခံဦးအောင်ဖြိုး က ပြောကြားသည်။
Photo Kyaw Mon
Contine Reading
By -
/ 20-02-2020ရေပြာအိုင်အဖြစ် ထင်ပေါ်ကျော်ကြားသည့် နမ့်မွန်ကြီးရေတံခွန်နှင့် ဆက်စပ်သည့်နေရာများကို ခရီးစဉ် ဒေသ များအဖြစ် ဆောင်ရွက်သွားမည်
MKT
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ရှိသည့် မြန်မာနိုင်ငံ၏ ရေပြာအိုင် အဖြစ် ထင်ပေါ်ကျော်ကြားသည့် နမ့်မွန်ကြီးရေတံခွန်နှင်ဆက်စပ်ဒေသများကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟုရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးထင် အောင်နိုင်က Travelling Journal သို့ ပြောသည်။
အဆိုပါ ရေတံခွန်သည် လိန်းလီ သစ်တောကြိုးဝိုင်း အတွင်းပေါင်းလောင်းမြို့၏ မြောက်ဘက် ၁၂မိုင်အကွာ၌ တည်ရှိပြီး ၂၀၁၇ ခုနှစ် ဝန်းကျင်မှ ပြည်တွင်းခရီးသွားဧည့်သည်များ အကြား စတင်ရေပန်းစားလာခဲ့ကြောင်းသိရသည်။
ယင်းနမ့်မွန်ကြီးရေတံခွန်သို့ ၂၀၁၈ခုနှစ်တွင် ခရီးသွား(၈၀၀၀)၊ ၂၀၁၉ခုနှစ်တွင်ခရီးသွား(၁၂၀၀၀) လာရောက်လည်ပတ်ခဲ့ကြောင်းဝန်ကြီး ဌာန စာရင်းအရသိရသည်။
လက်ရှိတွင် ရိုးရာဝါးတဲများနှင့်ဆောက်လုပ်ထားသည့် နားနေဆောင်များနှင့် စားသောက်ဆိုင်တချို့ရှိသော်လည်း နိုင်ငံခြားသားဧည့်သည်များလာရောက်လည်ပတ်မှု အတွက် အဆင်မပြေနိုင်သည့်အတွက် ဟိုတယ် တည်ဆောက်ရန် လုပ်ငန်းရှင်တစ်ဦးက တင်ပြထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးထင် အောင်နိုင်က Travelling Journal သို့ ပြောသည်။
ဖေဖေါ်ဝါရီ ၂၂ ရက်က အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နှင့်တာဝန်ရှိသူများကလည်း နမ့်မွန်ကြီးရေတံခွန် ခရီးစဉ် သို့ သွားရောက်ခဲ့ကာ ရေတံခွန် အနီးရှိ ခရီးသွားများစိတ်ဝင်စားသည့် လိန်းလီတံတား၊ ဟားရေတံခွန်၊ ရေပူစမ်းတို့နှင့် ချိတ်ဆက် ပြီးခရီးစဉ် လည်ပတ်နိုင်သည့် နေရာဖြစ်အောင် Master Plan ရေးဆွဲအကောင် အထည် ဖော်ဆောင်ရွက်ရန်လိုအပ်ချက်များကိုလမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။
Photo U Htin Aung Naing
Contine Reading
By -
/ 23-02-2020မြန်မာ့ခရီးသွားဘဏ် (မြဝတီ) ဘဏ်ခွဲစတင် ဖွင့်လှစ် သည့် နေ့တွင် လူ ၁၀၀ ကျော် ငွေ စာရင်းလာရောက် ဖွင့်လှစ်
Travelling Journal
မြဝတီမြို့တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ်၏ စတုတ္ထမြောက် ( မြဝတီ) ဘဏ်ခွဲ ဖွင့်လှစ်သည့်နေ့တွင် ငွေ စုလာအပ်သူ ဦးရေ ၁၀၀ ကျော်ရှိခဲ့ကြောင်း မြဝတီ ဘဏ်ခွဲ မန်နေဂျာက Travelling Journal သို့ပြောသည်။
အဆိုပါ ဘဏ်ကို ဖေဖော်ဝါရီလ၂၆ ရက်က မြန်မာ-ထိုင်းနယ်စပ်၊ အမှတ်-၁ ချစ်ကြည်ရေးတံတားအနီး၌ ဖွင့်လှစ်ခဲ့ပြီး တပြိုင်နက် ငွေစုအပ်ငွေ၊ချေးငွေ ငွေလွှဲနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကိုဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
မြန်မာ့ခရီးသွားဘဏ်ခွဲများ ဖွင့်လှစ်ရခြင်းမှာလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသာမက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ခရီးသွား ဘဏ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားထားသည်။
၂၀၁၉ ခုနှစ် မေလ ၆ ရက်က မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး မန္တလေး (ဘဏ်ခွဲ)ကို စက်တင်ဘာ ၁ ရက် တွင် လည်ကောင်း၊ နေပြည်တော် ဘဏ်ခွဲကို စက်တင်ဘာ ၁၂ ရက်တွင် လည်ကောင်းအသီးသီးဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Contine Reading
By -
/ 27-02-2020လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် BOT စနစ်ဖြင့် ထိုင်း- မြန်မာ ကုမ္ပဏီတို့ပူးပေါင်း လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိ
ယဉ်ယဉ်လှ
တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းရှိ လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်းများလုပ်ကိုင်ရန်ထိုင်း- မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျွန်း၌ ဟိုတယ်များကို စတင် တည်ဆောက်နေပြီး Resort အဆင့် ဟိုတယ်များကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ ဒုအထွေထွေမန်နေဂျာ ဦးမျိုးတင့်က Travelling ဂျာနယ်သို့ ပြောသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို မြေဧက ၁၅၈ ဧက ပေါ်တွင် ဘန်ဂလိုပုံစံ အဆောက်အဦများကို တည်ဆောက်နေပြီိး ပထမအဆင့်အနေဖြင့် ၁၆ လုံးကို တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
’’ Phase 2 ကတော့ ဘယ်နှစ်လုံး ဆောက်မယ်ဆိုတာ မသတ်မှတ်ထားသေးဘူး။ လောလောဆယ် နာမည်ကိုလှိုဏ်ဂူကျွန်း နာမည်ပဲ ပေးထားသေးတယ်’’ ဟု ၄င်းက ပြောသည်။
ထို့အပြင် လိုဏ်ဂူကျွန်း၏ အရှေ့ဘက် အော်တွင် snorkeling ငုပ်နိုင်သည့်နေရာရှိသလို ကျွန်း၏ မြောက်ဘက်ခြမ်းတွင် လူဝံ ကျောက်ဆောင်ပုံဏ္ဍာန်တည်ရှိ သည့်ကျောက်ဆောင်နား၌ လည်း snorkeling ငုပ်လို့ကောင်းသည့်နေရာရှိ ကြောင်း သိရသည်။
’’တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။ ခွင့်ပြုမိန့်တွေလည်း ကျပြီးပြီ။ ထိုင်အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ BOT လုပ်တာ ဖြစ်တယ်။ လောလော ဆယ် နှစ် ၅၀ လုပ်ပိုင်ခွင့်ရတယ်’’ဟု ဦးမျိုးတင့်ကပြောသည်။
လိုဏ်ဂူကျွန်းသို့ ကော့သောင်း-ဘုတ်ပြင်း လမ်း ၃၈ မိုင်မှ လာရောက်နိုင်ပြီး ဂျပန်ကမ်းခြေမှတဆင့်လည်း လာရောက်နိုင်ကြောင်း သိရသည်။ ’’အဓိက ကမ်းခြေကို base ထားပြီးတော့ ကမ်းခြေကနေ လှိုဏ်ဂူကျွန်းကို လိုအပ်တဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေ လုပ်ပါတယ်။ ဇက် နဲ့ ကူးတာပေါ့။ ကမ်းခြေကနေ လှိုဏ်ဂူကျွန်းကို ၃၄ မိုင်ဝေးပါ တယ်’’ဟု ၄င်းက ပြောသည်။
ဂျပန်ကမ်းခြေကို အခြေခံထားပြီး ကမ်းခြေအနီး ၃၅ မိုင် အတွင်း သွားရောက်လည်ပတ်နိုင်သည့် ကျွန်းများမှာငှက်သိုက်ကျွန်း၊ သန္တာနီကျွန်း၊သန္တာနက်ကျွန်း၊ ခါးပတ် ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းဖီလာ၊ ဝ အလယ်ကျွန်း၊ ဂျလန်းကျွန်း၊ လှိုဏ်ဂူကျွန်း၊ ၁၁၅ ကျွန်း၊ ဖိုးနီဘာလားကျွန်း ၊ ဗိုလ်နက်ကျော်ကျွန်း၊ မကြုံဂလက် ရွာ၊ ညောင်ဝီးရွာ တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။
Vol_1_Issue_20
Photo_K&L Travel & Tour
Contine Reading
By -
/ 28-02-2020ကမ္ဘာလှည့်အပျော်စီးသင်္ဘော ဆိုက်ကပ်ခွင့်မပြု ခြင်း က ခရီးသည်များအတွက် ဆုံးရှုံးမှုများ ရှိသော်လည်း ယခုလို ကာလမျိုးတွင် သင်္ဘောကြောင့် ဟု ဆိုလာပါက သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်ဟု UMTA ဥက္ကဋ္ဌ ဟောင်းပြောကြား
MKT
မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည့် ကမ္ဘာ လှည့်အပျော်စီးသင်္ဘော အားဆိုက်ကပ်ခွင့်ကို မပြု သည့်အတွက် ခရီးသည်များအတွက် ဆုံးရှုံးမှုများ ရှိသော်လည်း ယခုလို ကာလမျိုးတွင်သင်္ဘောကြောင့် ဖြစ်လာသည်ဟု ဆိုလာပါက သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်ဟု myanmar voyages international tourism co; Ltd ကုမ္ပဏီ မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုး Travelling Journal သို့ပြောသည်။
"နေ့လည်က ဝန်ကြီးကိုယ်တိုင် ပြောပါတယ်။ အခုကတော့ Cancel ဖြစ်သွားပါပြီ။ ဒီဘက်က အခြေအနေကလည်း သိတဲ့အတိုင်းပဲလေ။ လက်ခံလိုက်မယ်ဆိုရင်လည်း ပြဿ နာတွေကရှိနိုင်တယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်နေမယ်။ ကိုယ့်ဆီမှာလည်း မရှိဘူးလို့ ပြောလို့မရပါဘူး။ တခြား ဖြစ်တဲ့ ကိစ္စ တစ်ခုနဲ့ ဖြစ်တာက သင်္ဘောကြောင့် ဆိုပြီး သမိုင်းတရားခံ ဖြစ်သွားရင် ပြီးပြီ။ အဲဒါ ကြောင့် လောလောဆယ် ဆုံးရှုံးတာထက် ဒိထက်မက မဖြစ်စေချင်လို့ပါ။ စိတ်ချစေချင်လို့ပါ" ဟု ၄င်းက ပြောသည်။
အဆိုပါ ကုမ္ပဏီအနေဖြင့် သဘောင်္ဆိုက်ကပ်လာပါက Land programm အပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကာ ဆုံးရှုံးမှုများရှိသော်လည်း ယင်းထက် မြန်မာပြည်သို့ လာရောက်လည်ပတ်ချင်သည့် ကမ္ဘာလှည့် ခရီးသည် ၃၈၅ ဦး၏ ဆုံးရှုံးမှုက ပိုသည်ဟု ဦးသက်လွင်တိုးက ပြောသည်။
ကမ္ဘာလှည့်ခရီးသွား ၃၈၅ ဦးပါဝင်ပြီး သင်္ဘောဝန်ထမ်း များ ပါဝင်သည့် NV- Silver Spirit အပျော်စီးသင်္ဘောသည် တမြန်နေ့က စင်ကာပူသို့ တက်ရောက်ခဲ့ပြီးဖြစ်ကာ ထိုမှ တဆင့် မနက်ဖြန်တွင် ထိုင်းနိုင်ငံဖူးခတ် သို့ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ တွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည့် လူနာ မရှိသေးသော်လည်း မတ်လ ၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် ကမ္ဘာ့ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိကာ ကူးစက်ခံရသူ ၈၅၄၀၃ ဦး၊ သေဆုံးသူ ၂၉၂၄ ဦး ရှိပြီး မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်လူနာ ၄၃ ဦး၊သံသယ လူနာ ၂ ဦး နှင့်စုစုပေါင်း ၄၅ ဦး ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
Travelling_Journal
Photo_Myanmar Voyages
Contine Reading
By -
/ 02-03-2020မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကို တင်သွင်းမည်
လရောင်ချို
မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကိုသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက travelling Journal သို့ ပြောသည်
ယူနက်စကိုဝင်ရန် မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနနှင့် မြန်မာနိုင်ငံသနပ်ခါး အသင်းတို့ပူးပေါင်းတင်ပြသွားမည်ဖြစ်ပြီး လိုအပ်သည့်အချက်အလက်များကို စုစည်းဆောင်ရွက် နေပြီဖြစ်ကြောင်းသိရသည်။
ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ် တင်သွင်းရာတွင် သုံးစွဲခဲ့သည့် ကာလနှစ်ပေါင်းကို သက်သေနှင့်တင်ပြ ရခြင်း၊ ရိုးရာယဉ်ကျေးမှုအထောက်အထား၊ သနပ်ခါး စိုက်ပျိုးသည့်ဧက စသည့်အချက်အလက်များ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ကျွန်တော်တို့ အလုပ် ရုံဆွေးနွေးပွဲမှာ လုပ်ထားပြီးပြီ။ ဒီမတ်လ ထဲကို တင်သွားမှာ။ ခုဆိုရင် စာတမ်းတွေ ပြုစုနေတယ်။ သမိုင်းအထောက်အထားတွေရယ်၊ ဓာတ်ပုံတွေ၊ စာသားတွေ၊ သက်ဆိုင်တဲ့ ကျောက်စာတွေ၊ ရိုးရာယဉ်ကျေးမှု အထောက်အထားတွေ ကို စုစည်းတာတွေ လုပ်နေပါတယ် ” ဟု ဦးကျော်မိုးက ပြောသည်။
Travelling_Journal/Vol_1_Issue_21
Contine Reading
By -
/ 04-03-2020ကျိုက်ထီးရိုးဘုရားပွဲတော်ကို မေလ ၆ ရက်ထက် တစ်လခွဲစောပြီး ပိတ်ရန် မွန်အစိုးရ စီစဉ်နေပြီ
မတ် ၁၇ ရက် ညနေပိုင်းက မြင်တွေ့ရသည့်မြင်ကွင်းဓာတ်ပုံ။
MKT
လက်ရှိ ဘုရားပွဲတော် ကျင်းပနေသည့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲတော်အား တောင်ပိတ်ပွဲတော်ကျင်းပမည့် မေလ ၆ ရက်ထက် တစ်လခွဲစောပြီး ပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရ က စီစဉ်ထားပြီးဖြစ်ကြောင်း အစိုးရအဖွဲ့မှ ထိပ်တန်း တာ၀န်ရှိသူ တစ်ဦးက Travelling Journal သို့ အတိ အလင်း ပြောကြားခဲ့သည်။
’’ပြောချင်တာက ကျိုက်ထီးရိုးဘုရားပွဲတော်ကို တောင်ဖွင့်ပွဲဆိုပြီးတော့ သီတင်းကျွတ်လပြည့်နေ့ဆို လုပ်တယ်။ ပုံမှန်က ကဆုန်လပြည့်နေ့ဆို တောင်ပိတ်ပွဲတော် ရှိတယ် ။ကဆုန်လပြည့်နေ့က မေလ ၆ ရက်နေ့ကျပါတယ်။ ဒါပေမဲ့ပိတ်ရိုးပိတ်စဉ် ပိတ်ဖို့ ဆိုပေမယ့် နိုင်ငံတော်က ညွန်ကြားချက်တွေလည်းရှိတယ်။ ကိုဗစ် ဗိုင်းရပ်စ်ပိုး ကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ပိတ်ရိုးပိတ်စဉ်ကို မေလ ၆ ရက်မတိုင်ခင် တစ်လခွဲလောက်စောပြီး ပိတ်ဖို့ရှိပါတယ်၊ အဲဒါက comfirm ဖြစ်ပါတယ်။ တောင်ပေါ်မှာ လူကုန်သွားပြီဆိုတာနဲ့ တကယ် ပိတ်လိုက်ပြီဆိုရင် ထပ်ပြီိး အကြောင်းကြားပေးပါမယ် ’’ဟု Travelling Journal သို့ ပြောကြားခဲ့သည်။
လက်ရှိအနေအထားတွင် ဘုရားဖူးလာဖူးနေသည့် သူများလည်းရှိနေပြီး ဘုရားဖူးနည်းပါးသွားပြီဖြစ်ကြောင်းတောင်ပေါ် နှင့်တောင်ခြေ များ၌ အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ၀န်ကြီးမှ ဦးဆောင်ကာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
‘’လက်ရှိကျိုက်ထီးရိုးဘုရားသွားနေတာက ပါးတယ်။ ရန်ကုန်မြို့ က ဘုရားဖူးကား ပေါင်းထွက်တာက လူ ၃၀တောင်မပြည့်ပါဘူး။ လက်ရှိမှာက ခရီးစဉ်တွေကိုတော့ရောင်းနေဆဲပါပဲ။ ကျိုက်ထီးရိုးဘုရားက ရာသီပတ်လုံးသွားလို့ရတဲ့ နေရာပါ။ စည်စည်ကားကားကြီး ၀ရုန်းသုံးကားတော့မဟုတ်ဘူးဟ၊ ရန်ကုန်ကနေ ဘုရားဖူးသွားတဲ့ကားက လေးငါး ဆယ်စီးလောက်သာ နေ့စဉ်ထွက်တယ်။ ဒါပေမယ့် အဲဒီလို ထွက်တာက တစ်စီးမှာ လူ ၂၀ ၊၃၀ထက်မရှိဘူး။ လောလောဆယ် ဖြစ်နေတာကိုပြောပြတာ။ ကားတွေ ပေါင်းပြီး စုပေါင်းထွက်မှ သာ တစ်စီးတောင်မပြည့်တဲ့ အနေအထားရှိနေတဲ့ အဆင့်လောက်ပဲရှိနေတယ်။ အခုအနေအထားက ခရီးသွားကိုစုပေါင်းပြီးလုပ်နေရတဲ့အခြေအနေ’’ဟုပြည်တွင်းဘုရားဖူးနှင့် ခရီးသွား၀န်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက Travelling Journal သို့ ပြောသည်။
" ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့ဘုတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကိစ္စကလည်း စစချင်းရက်ဖြစ်တာရယ်၊တောင်တက်ကားက မနက်၆ နာရီကနေ ည၆ နာရီဖွင့်ပါတယ်။ အဲဒါကို မြူတွေကျနေတာကြောင့် ဆရာတွေက လမ်းခရီးအဆင်မပြေမှာစိုးလို့ ကားကို ၈ နာရီ ၉ နာရီလောက်မှာ ပေးထွက်တယ်။မနက် ၆နာရီရောက်တဲ့ လူတွေက အုံနေကြတယ်။အဲဒီရက်ကလည်း တင်္နလာ ရက်ကြီးထင်တယ်။ တောင်တက်ကားပေါ်တက်မဲ့သူတွေကို အပူချိန် တိုင်းတာနဲ့ စစ်တဲ့အချိန်မှာ ဓာတ်ပုံရိုက်ပြီး တင်လိုက်တာဖြစ်တယ်၊ လူအရမ်းများနေတဲ့ ပုံစံမျိုးဖြစ်သွားတယ်’’ဟု မွန်အစိုးရ အဖွဲ့မှပြောရေးဆိုခွင့်ရှိသူကလည်း ဖေ့ဘုတ်စ်ပေါ်တွင်ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံကိစ္စနှင့်ပတ်သက်ပြီး Travelling Journal သို့ ရှင်းပြခဲ့သည်။
Photo KyawkhaingOo Fb
Contine Reading
By -
/ 18-03-2020ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်း ခြေများအားလုံးသို့ ခရီးသွားလာမှု တားမြစ်ပြီး ဧပြီ ၃၀ အထိ ဟိုတယ်များ တည်ခိုခန်းများ သာသနိက အဆောက်အအုံများပါ ပိတ်သိမ်းသွားမည်
MKT
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်းခြေများအားလုံးသို့ ခရီးသွားလာမှု တားမြစ်သွားမည်ဖြစ်သလိုဧပြီ ၃၀ အထိ ဟိုတယ်များ တည်ခိုခန်းများ သာသနိက အဆောက်အအုံများပါ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးနေဝင်း က Travelling Journal သို့ ပြောသည်။
မတ်လ ၂၄ ရက် ယနေ့နံနက်ပိုင်းမှ တိုင်းဒေသကြီး အစိုးရမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ်းခြေကိစ္စ များကိုအမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း၎င်းက ပြောသည်။
"ကမ်းခြေ ကိစ္စတွေကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။ အမျိုးသားအဆင့်ဗဟိုကို မူအားဖြင့်အတည်ပြုချက် ရယူထားပါတယ်။ သူတို့ကလည်း ချုပ်ကိုင်တာမဟုတ်ဘူး။ လွဲချော်သွားမှာစိုးလို့ ပါ။ တိုင်းဒေသကြီး သဘောထားအတိုင်း လုပ်ခွင့်ပေးတယ်။ အတည်ပြုချက်ရရင်တော့ မကြာတော့ပါဘူး။ ပိတ်သိမ်းဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအခါ ပြည်သူကို ပန်ကြားသွားမှာပါ "ဟု ဦးနေဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ လူနာနှစ်ဦးကို မတ်လ ၂၃ ရက် တွင် စတင်တွေ့ရှိပြီဖြစ်သောကြောင့် ယခုကဲ့သို့ လည်း ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
" ချောင်းသာ ကမ်းခြေဒေသက ဒေသခံ ပြည်သူလူထုကလည်း မနေ့ကကတည်းက လူ ၁၇၀၀ ဝန်းကျင်က မနေ့ကတည်းက ပိတ်သိမ်းဖို့ တောင်းဆိုထားတာလည်းရှိပါတယ်။ ဒီရောဂါမတွေ့ခင်ကလတ်မှတ်တွေထိုးထားပြီးတင်ပြထားတာပါ။ သူတို့ကလည်း စိုးရိမ်လို့ တင်ပြလာပါတယ်။ မနေ့က ညက နှစ်ယောက်ဆိုတာကို သိရတော့ဒီမနက်မှာ တိုင်း အစိုးရရဲ့သဘောထားက အတည်ပဲ။ ပိတ်သိမ်းဖို့အစီအစဉ်သဘောတူတယ်။ ဒါ့ပြင် ကမ်းခြေအားလုံးမှာ ရှိတဲ့ သာသနိက အဆောက်အုံ ဟိုတယ်၊ တည်းခိုခန်း တွေကိုလည်း ဧပြီ ၃၀ ရက်အထိ ပိတ်သိမ်းသွားဖို့လည်း ညွှန်ကြားသွားမှာဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူးဦးနေဝင်း က Travelling Journal သို့ ပြောကြားသည်။
Contine Reading
By -
/ 24-03-2020လီဆူးတိုင်းရင်းသားများနေထိုင်သည့် အိုင်စန့် ကျေးရွှာကို CBT ဖော်ဆောင်ရန်စီစဥ်
TravellingJournal
ကယားပြည်နယ် လွိုင်ကော်မြို့ အိုင်စန့် ကျေးရွှာတွင် နေထိုင်ကြသည့် လီဆူးတိုင်းရင်းသားများနေထိုင်သည့် ကျေးရွှာအား လူထုအခြေပြု ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရန် ကယားပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီမှ စီစဥ်နေကြောင်းသိရသည်။
ယင်းကဲ့သို့ လူအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသခံ လီဆူး တိုင်းရင်းသားများအား ပန်ပက် ကျေးရွှာတွင် ဖော်ဆောင်ထားသည့် ခရီးသွားလုပ်ငန်း အခြေနေများအား လေ့လာရေး ခရီးစဥ်များအဖြစ် မတ်လ (၁၅) ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကယားပြည်နယ်၌ CBT ဖော်ဆောင်ထားသည့် ကျေးရွှာများမှ ာပန်ပက်ကျေးရွှာ ၊ တနီးလာလဲ ကျေးရွှာ တို့ဖြစ်ကြောင်းသိရသည်။
Contine Reading
By -
/ 01-04-2020ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်သွားမည်
Travelling journal
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်ရန် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှ စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ကျိုင်းတုံ) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးစန်းလှိုင် က Travelling journal သို့ပြောသည်။
ဝမ်ဆိုင်းကျေးရွာ တွင် နှစ်ပေါင်း ၇၀၀ နီးပါး သက်တမ်းရှိ လက်ဖက်ပင်များရှိပြီး ယင်းဒေသသို့ ပြီးခဲ့သည့် မေလ၂၇ ရက်ကကွင်းဆင်းခဲ့ကြောင်း ၄င်းက ပြောသည်။
" ဌာနေသူတွေနဲ့ပေါင်းပြီး စီစဉ်ဖို့ရှိတယ်။ သူတို့လက်ဖက်စိုက်ခင်းတွေက ဟိုးဘိုးဘွားဘီဘင်ကတည်းက စိုက်ပျိုးလာခဲ့တာဖြစ်တယ်။အီကိုဆိုဒ်တစ်ခု ဖော်ဖို့ လုပ်ထားတာက ကြာပါပြီ။ အဓိကက လမ်းပန်းဆက်သွယ်ရေးပေါ့။ ပေငါးထောင်ကျော်လောက်မြှင့်တယ်။ မိုးတွင်းဆို ဆိုင်ကယ်တောင်သွားလို့မရဘူး။ အတက်အဆင်းများတော့ အန္တရာယ်လည်းများတယ်လေ။အဲဒီရွာဘက်ကို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းဖို့ တိုင်ပင်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးမှပဲ ကျန်တာကို စီစဉ်လို့ရမှာဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။
ကျိုင်းတုံ မြို့မှ နောင်ငင်းရွာအထိ သွားရပြီး ယင်းမှ ဝမ်ဆိုင်းရွာသို့ သွားရောက်လေ့လာလည်ပတ်နိုင်ကြောင်းသိရသည်။
"နောင်ငင်းရွာက ရှမ်းရွာ လှတယ်။ အဲဒီရွာနားကနေ ထပ်သွားရတာ။ နောင်ငင်းရွာထိက လမ်းကောင်းတယ်။ ဝမ်ဆိုင်းရွာသွားတဲ့လမ်းကမြေသားလမ်း အခုကွန်ကရစ်လမ်းခင်းနေပြီ။ ဒီဒေသကို ယူနက်စကိုထဲထည့်ဖို့တော့ ဆွေးနွေးခဲ့ကြတယ်။ အဓိကနှစ်ချက်က ယူနက်စကိုထဲထည့်ဖို့ ဘယ်လိုလုပ်ကြမလဲ။ နောက်တစ်ချက်က အီကိုတိုးဆိုဒ်ဖော်ဖို့ လာလေ့လာကွင်းဆင်းတဲ့သဘောပါ"ဟု ၄င်းက ပြောသည်။
အဆိုပါဒေသအား Eco Tourism Site တစ်ခု ဖော်ဆောင်ရန် အတွက် ရင်းနှီးမြှုပ်နှံသူ တစ်ဦးလည်းရှိနေပြီဖြစ်ကြောင်း သိရသည်။
" ကျွန်တော် က ဒီဒေသကို အရမ်းဖြစ်စေချင်ပါတယ်။ ဖော် ဆောင်ချင်ပါတယ်။ လုပ်ပေးချင်ပါတယ်။ဒီဒေသရဲ့လက်ဖက်နဲ့ပတ်သက်တဲ့အပိုင်းကိုသေချာသိတော့လုပ်သွားဖို့ရှိပါတယ်။ဒေသရိုးရာ ဒေသအစားအစာ တွေကို ဖိတ်ခေါ်သွားမယ်။လက်ဖက်စို နဲ့လည်းဧည့်ခံမယ်ရောင်းလည်းရောင်းမယ်။စိတ်ဝင်စားတယ်။ကိုဗစ်ပြီးအလွန်ကျရင်တော့ စတင်အကောင်အထည်ဖော်ချင်ပါတယ်။ ကျိူင်းတုံကိုပိုပြီး နာမည်ထွက်အောင်လူသိစေချင်တယ်။ တောင်ပေါ်ဒေသ တောင်သူတွေကိုလည်း ကူညီချင်တယ်။ ခရီးသွားလည်း ပိုပြီးလွယ်ကူအောင် ဆောင်ရွက်ပေးချင်ပါတယ်။ ဝိုင်းဝန်းကူညီပေးတဲ့သူတွေကိုလည်းကြိုဆိုပါတယ်" ဟု Developer လုပ်ကိုင်မည့်လုပ်ငန်းရှင်က Travelling journal သို့ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသအားခရီးသွားလုပ်ငန်းတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိနေပြီး ဝမ်ဆိုင်းကျေးရွာ ၊လွိုင်မွေ ပန်ဝိုင် တို့ကိုလည်း Ecotourism ဖော်ဆောင်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ဖားရံနွဲ့ရွာကိုလည်းCBTဖော်ဆောင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က Travelling journal သို့ပြောသည်။
"Coffee culture ကိုလည်း ပြန်အသက်သွင်းမယ်။ ဝမ်ဆိုင်းရွာမှာရှိတဲ့တောင်သူတွေအတွက်အခက်အခဲက ချေးငွေပါ။ ချေးငွေရဖို့လည်းကျွန်တော်တို့ကြိုးစားပေးသွားပါမယ်"ဟု ၄င်းက ပြောသည်။
Photo Sayar Soe Apn FB/ Ye Myint Aung FB
Contine Reading
By -
/ 29-05-2020အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာ ကို ဖော်ပြလာ
Travelling journal
အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာကို ရေးသားဖော်ပြခဲ့သည်။
ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ ကိုဗစ်အလွန် ကာလတွင် ခရီးသွားလုပ်ငန်းအလားအလာကောင်းမွန်လာနိုင်သည့် နိုင်ငံများ၏အမည်စာရင်းများကိုရေးသားဖော်ပြခဲ့သည့်စာရင်း၌ မြန်မာနိုင်ငံမှ တတိယဦးစားပေးဖော်ပြခံခဲ့ရသည့်စာရင်းတွင် ပါဝင်လာခဲ့သည်။
အဆိုပါ Forbes မဂ္ဂဇင်းမှဖော်ပြသည့်နိုင်ငံများမှာအီသီယိုပီးယား၊ အီရန်၊ မြန်မာ၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင်၊ ဆလိုဗီနီးယားနှင့် တူနီရှား တို့ဖြစ်ကြသည်။
ထို့ပြင် ယင်းမဂ္ဂဇင်းမှ မြန်မာနိုင်ငံအကြောင်းကိုရေးသားဖော်ပြရာတွင်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်စင်ကာပူ ၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှာကမ္ဘာ့အဆင့်မီ လည်ပတ်စရာနေရာများဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားများမှသွားရောက် လည်ပတ်သော်လည်း အရှေ့တောင်အာရှနိုင်ငံထဲ၌ တိမ်မြှုပ်နေသည့် ရတနာများရှိသေးကြောင်း ၄င်းမှာ ဘားမား ဟုခေါ်တွင်ခဲ့သည့် မြန်မာနိုင်ငံ သို့မဟုတ် လျှော့တွက်ခံရဆုံးနိုင်ငံတွင် စွဲဆောင်မှုများစွာရှိသည့်နေရာများကျန်ရှိနေသေးကြောင်းရေးသားဖော်ပြထားသည်။ထို့ပြင် ဗုဒ္ဓစေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုအကြွင်းအကျန်များလည်း ရှိနေသေးကြောင်းဟုဆိုထားသည်။
ဖွံ့ဖြိုးဆဲ စီးပွားရေးကာလအတွင်းအသုံးစရိတ်များစွာမကုန်ချင်သေးသည့် ခရီးသွားများအတွက်လည်း လည်ပတ်ဖို့ပိုမိုသင့်တော်ကြောင်း အသစ်တည်ဆောက်ထားသည့် မြို့တော်အသစ်နေပြည်တော်ကလည်း လူဦးရေနည်းပါးသလို traffic နည်းပါးကြောင်း မြို့တော်ဟောင်းရန်ကုန် တွင် နိုင်ငံ၏ အလေးအမြတ်အထားဆုံး ဘုရားစေတီတည်ရှိသည့်အပြင် ဗြိတိသျှ ကိုလိုနီခေတ်ကကျန်ရှိနေသေးသည့် ဗိသုကာလက်ရာများနှင့်လည်း ရောယှက် ထုံမွန်းနေကြောင်း ရေးသားဖော်ပြခဲ့သည်။
Contine Reading
By -
/ 02-06-2020ကရဝိတ် တင်ဒါ ကိစ္စ ဇေကမ္ဘာကုမ္ပဏီ မှ ဝန်ကြီးဌာနသို့တင်ပြထားခြင်းမရှိသလို ဝန်ကြီးဌာနဘက်မှလည်း စဉ်းစားထားခြင်းမရှိဟုဆို
Travelling journal
ကရဝိတ် တင်ဒါ ပြန်ခေါ်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီ ဘက်မှ ဝန်ကြီးဌာနသို့ လာပြီး တင်ပြထားခြင်း မရှိသလို ဌာနဘက်မှလည်း စဉ်းစားထားခြင်း မရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြား ရေးမှုးချုပ် ဦးကောင်းထွဋ် က Travelling Journal သို့ ပြောသည်။
ဇေကမ္ဘာ ကုမ္ပဏီမှ နှစ်၃၀ အထိ ဌားရမ်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကရဝိတ်ခန်းမနှင့် မြေနေရာအား နှစ် ၂၀ ပြည့်ချိန်ကာလတွင် ဝန်ကြီးဌာနအနေဖြင့် တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး Travelling Journal မှမေးမြန်းမှုအပေါ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည် ။
’’ဝန်ကြီးဌာနကို တရားဝင် ဘာမှ လာပြီး တင်ပြထားတာ မရှိပါဘူး ။ အဲဒီအတွက် ဝန်ကြီးဌာန ဘက် ဘာမှ စဉ်းစားထားတာ မရှိပါဘူး ။ဝန်ကြီးဌာနလုပ်တယ် ဆိုတာကလည်း ဌာနအနေနဲ့ လုပ်လို့မရပါဘူး၊ ဒါက အဆင့်ဆင့်ကို တင်ပြပြီးမှ တင်ဒါ နှင့်အညီလုပ်ရတာပါ။ အဲဒီအတွက် ဘာမှ ပြောစရာမရှိဘူး။ ဒါနဲ့ ပတ်သက်ပြီး တင်ပြပြီးသွားပါပြီ။ သူတို့ကိုလည်း အသိပေးထားပါတယ်။ တင်ဒါကို လည်း တရားဝင် ခေါ်တာပါ။ ဝင်ပြိုင်လို့လည်း ရပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြား ရေးမှုးချုပ် ဦးကောင်းထွဋ် က Travelling Journal သို့ ပြောသည်။
အဆိုပါ ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့် ဆက်စပ် လျက် ရှိသည့် ယာဉ်ရပ်နား သည့် နေရာ အပါအဝင် ၃ ဒဿမ ၄၅ ဧက ရှိ ကရဝိတ် ခန်းမနှင့် မြေနေရာ၏ နေရာလုပ်ကိုင်ခွင့်ကို ကနဦး နှစ် ၂၀ နှင့် နောက်ထပ် သက်တမ်း ငါးနှစ် နှစ်ကြိမ်နှုန်းဖြင့် ခွင့်ပြုခဲ့သော်လည်း နှစ် ၂၀ ပြည့်သည့်အတွက် ဟု ဆိုကာ ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တင်ဒါ ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တင်ဒါပြန်ခေါ်ယူသည့်အတွက် ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် တင်ဒါ ပြန်လည်တင်သွင်း သွားမည်ဖြစ်ပြီး တင်ဒါပြန်မရပါက နှစ်၂၀ အတွင်း ရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်း နစ်နာမှုအတွက် သက်ဆိုင်ရာ သို့ နစ်နာကြေး ဒေါ်လာသန်း ၃၀ တောင်းခံ သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများက မီဒီယာများတွင်လည်း ဖြေကြားထားသည် ။
’’ လက်ရှိမှာတော့ ကုမ္ပဏီဘက်မှ လျှောက်လွှာတင်ဖို့ မလုပ်ထားသေးပါဘူး ။ ပြန်တင်ဖို့ကတော့ BOD အဖွဲ့နဲ့ ပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ စာချုပ်ပါ အတိုင်းကိုပဲ လုပ်သွားမှာဖြစ်ပါတယ်’’ဟု ဇေကမ္ဘာကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရဲဝင်းရှိန်က Travelling Journal သို့ ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ကရဝိတ်တင်ဒါ ခေါ်ယူခြင်း လျှောက်လွှာ များကို ဇူလိုင် ၈ ရက်နေ့အထိ သတ်မှတ်ထားပြီး လက်ရှိအချိန်ထိ တင်ဒါ လာရောက် တင်ထားသည့် တစ်စုံတစ်ဦးတစ်ယောက်မှ မရှိသေးသလို အဆိုပြုလွှာတင်ထားသည့် တင်ဒါ လျှောက်လွှာများထဲမှ စိစစ်ပြီး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ဇတ်မင်းသားဖိုးချစ်က သူ၏ ဖေ့ဘုတ်အကောင့်တွင် ကရဝိတ် တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားကြောင်း သူ၏ အိမ်မက်ကိုလည်း ကြိုးစားသွားမည်ဟု ရေးသားထားသည်။
Photo Toe Naing Man FB
Contine Reading
By -
/ 11-06-2020ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်လွန်သည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းထပ်တိုးခွင့် မပြုတော့ ဟု ဟိုတယ်/ခရီးမှ တာဝန်ရှိသူပြော
ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိ
Travelling Journal
ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်မြှုပ်နှံထားသည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်းထပ်တိုးခွင့်ကို ခွင့်မပြုတော့ ဟု ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က Travelling Journal သို့ ပြောသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်း အချိုးအစားအား ပြန်လည်ပြင်ဆင်ရန် ကုမ္ပဏီများအား အကြောင်းကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ရှိနေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကိုက်ညီမှု မရှိတော့သည့် ပြည်တွင်း ခရီးလှည့်လည်ရေး လုပ်ငန်း လိုင်စင်ရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းကုမ္ပဏီ (၁) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၄၀) ရာခိုင်နှုန်း အထက် ရှိနေသည့် ဖက်စပ် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ (၄၂) ခု တို့အား သက်တမ်းတိုး ဆောင်ရွက်လာသည့်အခါ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း အချိုးအဆကို ပြန်လည်ပြင်ဆင်ရန် ဝန်ကြီးဌာန မှ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
`` ဒါက ဟိုတယ်/ခရီးရဲ့သဘောထား မဟုတ်ဘူးလေ၊ DICAရဲ့ ကန့်သတ်ချက်ကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားသား ကုမ္ပဏီ ကို ၃၅ ရာခိုင်နှုန်း ကျော်တာနဲ့ နိုင်ငံခြားသားကုမ္ပဏီလို့ သတ်မှတ်တယ်။ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ဖက်စပ် လုပ်ကိုင်တဲ့ လုပ်ငန်းတွေလည်း ရှိသလို အဲဒီမှာ ပြည်တွင်း/ပြည်ဝင်ခရီးသွားလုပ်ငန်းက ပါဝင်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း အချိုး ကျော်တာနဲ့ နိုင်ငံခြားသားကုမ္ပဏီလို့ သတ်မှတ်လိုက်တယ်။ အဲဒါဆိုရင် ခုနက နိုင်ငံခြားသားလုပ်ကိုင်ခွင့်ထဲမှာ ပြည်တွင်းပြည်ဝင်ခရီးသွား လုပ်ငန်းက မပါတော့ဘူး။ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိဘူး။ ဖက်စပ်ပဲ လုပ်လို့ရတယ်၊ ၃၅ ရာခိုင်နှုန်း ကျော်လို့မရဘူး။ ၃၅ ရာခိုင်နှုန်း ကျော်တာနဲ့ ဖက်စပ်မဟုတ်တော့ဘူး၊ နိုင်ငံခြားသားပိုင်ဖြစ်သွားပြီ၊ ဒါက ဆရာတို့ သတ်မှတ်တာ မဟုတ်ဘူး၊ ရင်းနှီးမြှုုပ်နှံမှုဥပဒေက သတ်မှတ်တာ’’ဟု ဦးအောင်အေးဟန် က ပြောသည်။
ဖက်စပ် လုပ်ကိုင်ထားသည့် ခရီးလှည့်လည်ရေး ကုမ္ပဏီများဖြစ်ပါက နိုင်ငံခြားသား၏ ရင်းနှီးမြှုပ်နှံမှုမှာ ၃၅ ရာခိုင်နှုန်းထက် မကျော်လွန် စေရကြောင်း၊ နိုင်ငံသားအား ၆၅ ရာခိုင်နှုန်း အထက် ရှိစေရန် ခရီးသွားလုပ်ငန်းကော်မတီ(နေပြည်တော်)မှ ရည်ညွန်းစာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
’’ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ပိုပြီးတော့ အခွင့်အလမ်း တွေ ရရှိစေချင်တဲ့ အတွက်ကြောင့်မို့ နဂိုကတည်းကပဲ ဖက်စပ်လုပ်ကိုင်ခွင့်ကို ပေးခဲ့တာဖြစ် တယ်။ ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ကို ခွင့်မပြုခဲ့ပါဘူး’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောသည် ။
ပြည်ပ ၆၀ ရာခိုင်နှုန်း၊ပြည်တွင်း ၄၀ ရာခိုင်နှုန်းပါဝင်ထားသည့် ဖက်စပ်ခရီးလှည့်လှည်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ’’ပြည်ပရင်းနှီးမြှုပ်နှံမှုအများယူပြီးလုပ်တာကို မြန်မာကုမ္ပဏီတွေက သူတို့ ရဲ့ယှဉ်ပြိုင်မှုကို အားမရှိတဲ့ အတွက် ဝိုင်းပြီး တိုက်ကြတာ။ ပိုပြီးခက်ကုန်မှာပေါ့’’ဟု Travelling Journal သို့ပြောသည်။
သို့သော် ၁၅ / ၂၀၁၇ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံခွင့်မှာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ရှိကြောင်းလည်း သိရသည်။
" တစ်အချက်က မြန်မာနိုင်ငံသားကို တာဝန်ခံ နာမည်ခံ ခိုင်းတဲ့ကုမ္ပဏီတွေများလာမယ်။ အဲဲဒီလိုခံခိုင်းတဲ့အတွက် တာဝန်ယူတာဝန်ခံ မှုတွေနည်းပြီး နိုင်ငံသားအပေါ်မှာထိုးချတဲ့ အခြေအနေဖြစ်လာမယ်။ မဟုတ်တာတွေလုပ်သွားတာရှိရင်လည်း မြန်မာတွေကို ထိုးချပြီး ပြန်သွားကြမယ်။ သူတို့ကအလွတ်ရုန်းသွားမယ်။ အခုလည်း ရှိနေတာပဲ" ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြတ်ကျော်က Travelling journal သို့ ထောက်ပြပြောဆိုသည်။
Contine Reading
By -
/ 17-06-2020ကျိုင်းတုံနာရီစင်ကို ဒေသယဥ်ကျေးမှုနှင့်လိုက်လျော ညီထွေမည့် ဒီဇိုင်းဖြင့် တည်ဆောက်နေ
Travelling journal
ကျိုင်းတုံ မြို့၏ အထင်ကရတစ်ခု ဖြစ်လာမည့် နာရီစင်ကို ဒေသနှင့်လိုက်လျော ညီထွေပြီး ယဥ် ကျေးမှု လက်ရာများဖြင့် တည်ဆောက် နေကြောင်း ကျိုင်းတုံ စည်ပင်သာယာရေးကော်မတီ မှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက် က Travelling journal သို့ ပြောသည်။
အဆိုပါ နာရီစင်ကို ထိုင်းဗိသုကာ ပညာရှင်မှ ဒီဇိုင်းရေးဆွဲထားပြီး မကြာခင်ပြီးစီးတော့မည်ဖြစ်သလို ကျိုင်းတုံ နာရီစင် တည်ဆောက်ရန်အတွက် လွိုင်မွေ ကုမ္ပဏီက လှူဒါန်း ပြီးစည်ပင်သာယာရေး ကော်မတီမှကြီးကြပ်တည်ဆောက်ပေးကြောင်းသိရသည်
"ထိုင်းဗိသုကာပညာရှင်ကို ရေးဆွဲထားခိုင်းတာပါ ။ပညာရှင်ရေးဆွဲထားတဲ့ဒီဇိုင်းကို ကျွန်တော်တို့ ကော်မတီ ကနေ စီမံခန့် ခွဲ ပြီးဆောက်လုပ်နေပါတယ်။(၇) လပိုင်းဆိုရင်ပြီးပါပြီ။ (၈လပိုင်းလဆန်း) ပိုင်းဆိုရင် ဖွင့်လှစ်ပေးသွားမှာပါ"ဟု ၄င်းက ပြောသည်။
ကျိုင်းတုံနာရီစင် ကို လာမည့် ဩဂုတ်လဆန်းပိုင်းတွင်ဖွင့်လှစ်ရန် စီစဥ်ထားပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လည်ပတ် နိုင်မည့် Tourist Site တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
" ကျွန်တော်ကလောမြို့မှာ တာဝန်ကျတုန်းက လည်း Tourist Attraction တစ်ခုဖြစ်လာအောင် ကလောနာရီစင်ကို တည်ဆောက်ခဲ့ပါတယ်။အခုဆိုရင် ကလောကိုလာတဲ့ခရီးသွားဧည့်သည်တွေရဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့ Tourist Site တစ်ခုဖြစ်နေပါပြီ။ အခုကျိုင်းတုံ နာရီစင်ကိုလည်း အဲ့လိုပဲ Tourist Site တခု ဖြစ်အောင် တည်ဆောက် နေပါတယ်" ဟု ဦးကျော်မင်းထိုက်က ပြောသည်။
လက်ရှိတွင် ကျိုင်းတုံ မြို့၏ အမှတ်အသားဖြစ်သည့် နောင်တုံကန်ကိုအဆင့်မြှင့်တင်နေပြီး ဒေသခံများနှင့်အတူ ပြည်တွင်းခရီးသွားများကလည်း လာရောက်အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည့်နေရာတစ်ခုဖြစ်လာနေပြီဖြစ်သည်။
ဆောက်လုပ်နေသည့် ကျိုင်းတုံနာရီစင်ဒီဇိုင်းကိုတွေ့ရစဥ်
Contine Reading
By -
/ 27-06-2020တရုတ်ခရီးသွား လူဦးရေသန်း ၅၀၀ ကျော် ဝင်ရောက်ကြည့်ရှုသည့် Fliggy Application မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် စီစဥ်
Travelling Journal
တရုတ်ခရီးသွား လူဦးရေ သန်း ၅၀၀ ကျော် ဝင်ရောက်ကြည့်ရှုသည့် Fliggy Application ကို မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။
"အခု ဒီFliggy Appနဲ့ပတ်သက်ပြီး MOHTကိုတော့ တင်ပြထားပါတယ်။ ဘယ်လိုမျိုးညှိနှိုင်းပြီးလုပ်လို့ရမလဲဆိုတာကို။ ဒီလိုလုပ်ခြင်းကြောင့် တရုတ်zero ပြဿနာလည်း အေးသွားမယ်။do and don't လဲတရုတ်လို တင်ပေးထားမယ်ဆိုတော့ သူတို့ ရိုင်းတာမျိုးတွေလည်း မရှိလာတော့ဘူးပေါ့။ ဒါကို Tourism MOHT က ပူးပေါင်းဖို့ ၊ ပြောဆိုဖို့လုပ်နေပါတယ်။ Tourism က သူတွေအားလုံးကိုအခမဲ့ကြော်ငြာပေးမယ်။ အားလုံးတိုက်ရိုက်လုပ်လို့ရမယ်။ နိုင်ငံတော်လည်း အခွန်အခရလာမယ်"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ Fliggy Applicationအကြောင်း တင်ပြခဲ့သည့် ဒေါ်တင့်တင့်လွင် က Travelling journal သို့ပြောသည်။
လက်ရှိတွင် Fliggy Application ကို စတင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည့် Myanmar partner ရရှိထားသည့် ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦး ထွဋ် ဦးယံ ကလည်း မိတ်ဆက်အသုံးပြုနိုင်ရန်စီစဥ်ဆောင်ရွက်နေကြောင်း Travelling Journal သို့ ပြောသည်။
အဆိုပါ အွန်လိုင်းခရီးသွားဝန်ဆောင်မှုပေးသည့် Wesite သည် Alibaba ၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၌ လူကြည့်များသော Wesite တစ်ခုဖြစ်ကြောင်း သိရသည်။
’’တရုတ်မှာ Ctrip ရှိတယ်၊ Fliggyရှိတယ်။တခြားဟာရှိတယ်။ ညှိကြည့်သေးတယ်၊ ကိုယ့်နိုင်ငံက ခရီးစဉ်ကို ကိုယ်ကိုယ်တိုင် တင်ချင်တယ်။ တင်လို့ရမလား၊ ဟို ကကြည့်တဲ့သူတွေက တိုက်ရိုက်ကြည့်တာ။ ကျိုက်ထီးရိုး တစ်ညအိပ်တွေ့တယ်။ သူတို့ စိတ်ဝင်စားရင် တိုက်ရိုက်ဝယ်ကြမယ်။ သူတို့က ဒါကို ကြိုက်လိုက်လို့ ဝယ်လိုက်ပြီ။ အဲဒီလို ကြော်ငြာရင် ဧည့်သည်တွေ တိုက်ရိုက်ရောက်မယ်။ ဇီးရိုးဘတ်ဂျတ်လည်းလျှော့နိုင်မယ်။ အဲဒီဝက်ဆိုဒ်မှာ ကြော်ငြာခွင့်ရရင် အရမ်းကောင်းတယ်။ ထိန်းနိုင်သလောက် ထိန်းနိုင်သွားမယ်။အဆိုးဆုံးပြဿနာက ငွေပေးချေမှုပြဿနာ။ ကိုယ်တွေဆီ ဘယ်လိုပုံစံနဲ့ရောက်မလဲဆိုတာက အရေးကြီးပါတယ်။ ဒီပေါ်မှာတင်လိုက်ရင် ဘယ် ဘဏ်နဲ့ သွားချိတ်မလဲပေါ့။ ဘယ်ဘဏ်နဲ့ချိတ်ဆက်ပြီး Exchange လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်တာ ’’ဟု Spring Travel & Tour မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့် က Travelling journal သို့ပြောသည်။
၂၀၁၆ ခုနှစ် တွင် Fliggy ၌ အသုံးပြုသော ဟိုတယ် ၃၀၀ ကျော်ရှိသည့်အတွက် တရုတ်တွင် အခွန်ငွေ ၇၃၆၀၀၀ ဒေါ်လာ ရရှိခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် Fliggy ကို တရားဝင်ရုံးချုပ်ထားရှိမည်ဖြစ်ကာ ဟိုတယ်၏ သဘောတူညီချက် မပါဘဲ ဈေးနှုန်းပြောင်းလဲ သတ်မှတ်မည် မဟုတ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံတွင် အသုံးပြုသူ တစ်ဘီလံယံရှိသည့် Alipay Platform မှချိတ်ဆက် ရရှိနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြင့် alipay နှင့် Fliggy မှတဆင့် မြန်မာနိုင်ငံအား တိုက်ရိုက် ပရိုမို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့လာရောက်တည်းခိုသော တရုတ်ခရီးသွား ၇၄၉,၇၁၉ ရှိပြီး ၂၀၁၈ ခုနှစ် ကထက် ၁၅၂ ရာခိုင်နှုန်း မြှင့်တက်လာမှုရှိခဲ့သည်။ လက်ရှိတွင် Fliggy App ကိုအသုံးပြုသူ (၃၀၀ ) မီလီယံ ရှိသည့်အတွက် ဟိုတယ်များ ခရီးသွား ကုမ္ပဏီ များအနေဖြင့် ယင်းကို အသုံးပြုမည်ဆိုပါက တရုတ်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ပိုပြီး တိုးတက် လာမည်ဖြစ်သည်။
Contine Reading
By -
/ 29-06-2020ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ထိ ဖွင့်လှစ်ခွင့်ပြုထားနေ
Travelling journal
ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ( ပုဂံ) ဒုတိယညွန်ကြားရေးမှုး ဦး ဝင်းအောင် က Travelling journal သို့ပြောသည်။
မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုထုတ်ပေးထားသည့်် ဟိုတယ်/တည်းခိုရိပ်သာ (၅၀)လုံးအထိရှိပြီဖြစ်သည်။
"ပုဂံကတော့ ၃၇ လုံးဖွင့်ခွင့်ရပါပြီ။ ကျောက်ပန်းတောင်း မြို့နယ်က ၁၃ လုံးဖွင့်ခွင့်ရပါပြီ"ဟု ၄င်းက ပြောသည်။
ဖွင့်လှစ်ရသည့်ဟိုတယ်နှင့်တည်းခိုရိပ်သာ စာရင်းများမှာ အောက်ပါအတိုင်းဖြစ်သ
Bagan View HotelBagan HotelAye Yar River View ResortRoyal Emerald River View ResortLuster HotelKaytumadi Dynasty HotelTemple View HotelClassis (Bagan Wynn) HotelFamous HotelThiripyitsaya Sanctuary ResortArthawka HotelNorthen Breeze HotelYun Myo Thu HotelThe Regency HotelHeritage Bagan HotelAureum Palace Hotel & ResortRoyal Palace HotelShwe Nadi Guest HouseAmata Boutique HouseSky Palace HotelAreindmar Hotel22.Sky View HotelThante (Nyu) Hotel24.Golden Myanmar Guest House25.Winner Guest HouseGolden Pot Guest HouseBagan Htate Htar HotelPan Cherry HotelRuby True HotelPopa Mountain ResortZayar Theingi HotelSee You Guest HouseLinn HotelGon HotelPopa Garden ResortTriple Lion HotelGreat (KPT)Htoo Myat Chan Thar HotelWutt Hmone Thit Guest HouseDiamond PopaHotel KingPhoe Par Gyi Hotel43.Ancient Bagan HotelHotel Zein45.New Wave Guest HouseN.K Betalnut HotelMyathida Guest HouseBagan Central HotelBagan Empress HotelBagan Land Mark Hotel
Photo ပုဂံတွင်ဖွင့်လှစ်ခွင့်ရထားသည့်ဟိုတယ်တစ်ချို့ကို တွေ့ရစဥ် ။
Contine Reading
By -
/ 14-07-2020သန်လျှင်ကျောက်တန်းမြို့နယ်ရှိ ကိုလိုနီခေတ်လက်ရာဟောင်း မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ်စတင်
Travelling journal
ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန် တိုင်းအစိုးရအဖွဲ့၏ လမ်းညွန်မှုအဖြစ် ကြီးကြပ်ပြီး နေ့ချင်းပြန်ခရီးစဥ်အနေဖြင့် ကိုလိုနီခေတ် ခေတ်ဟောင်း မီးပြရွာသို့ ဇူလိုင် ၁၉ ရက်တွင် မီးရထားဖြင့် စတင်ထွက်ခွာခဲ့သည်။
အဆိုပါခရီးစဥ်ကို ကျောက်တန်းမြို့နယ် မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ် သွားရောက်ကာ မြန်မာ့မီးရထားမှ အထူးတွဲဖြင့် စတင်ထွက်ခွာခဲ့သည်။
ယင်းခရီးစဥ်ဖြစ်မြောက်ရေးအတွက် ကျောက်တန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ရွှေမြင့်မိုရ် ခရီးသွား လုပ်ငန်း သန်းဌေးနှင့်ရောင်းရင်းများအုပ်စုနှင့်သုခမိန် မြန်မာပြည်အနှံံ့ ဘုရားဖူးနှင့်အပန်းဖြေခရီးပို့ဆောင်ရေးတို့မှ စီစဥ်ကြီးကြပ်ပြီး ခရီးစဥ် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
Contine Reading
By -
/ 19-07-2020ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ်ခွဲ (ရွှေဘုံသာ)ဘဏ်ခွဲဖွင့်လှစ်ခဲ့ မုံရွာ နှင့်တောင်ကြီးတွင်လည်း ထပ်မံဖွင့်မည်
Travelling journal
ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ် (ရွှေဘုံသာ) ဘဏ်ခွဲကို ဇူလိုင်လ၂၂ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များထဲမှ မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank)သည် ယခုနှစ်အတွင်း နိုင်ငံတော်မှ ချမှတ်ထားသောစည်းကမ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဘဏ်ခွဲအသစ်များကို ဖွင့်လှစ်လျှက်ရှိရာ လက်ရှိတွင် ခြောက်ခုမြောက်ဘဏ်ခွဲကိုဖွင့်လှစ်ပြီးနောက် မုံရွာ နှင့်တောင်ကြီးမြို့များတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ကာလတွင် new normal နေထိုင်မှုပုံစံသစ်ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မူလုပ်ငန်းများကို လုံခြုံစိတ်ချရသည့် ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များအတိုင်းလိုက်နာပြီး ပြည်သူလူထုအတွက် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေကြောင်း သိရသည်။
Contine Reading
By -
/ 23-07-2020သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအားသတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူ ပြော
Travelling journal
နိုင်ငံတော်၏ ညွန်ကြားချက်များကို မသိကျိုးကျွန်ပြုနေပြီး သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအား စာထုတ်သတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောကြားသည် ။
’’နိုင်ငံတော်ရဲ့ ညွန်ကြားချက်တွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ဘာသာရေးပွဲတွေမလုပ်ရဖို့ ညွန်ကြားချက်ရှိတာကြောင့် ဘုရားတွေကို ဖူးခွင့်မပြုတာလေ။ အဲဒီညွန်ကြားချက်အတိုင်း လိုက်နာကြရတာပါ။ ဒါပေမယ့် ဂေါပက တွေကလည်း သူတို့အစီအစဉ်တွေနဲ့ သူတို့ဘာသာဖွင့်နေကြတာကိုး။ နိုင်ငံတော်က ညွန်ကြားထားတဲ့အတိုင်း အရင်ကလည်း ပိတ်ထားတယ်၊အခုလည်း ပိတ်ထားတယ်။ နိုင်ငံတော်ရဲ့ အမိန့်တွေကို မသိကျိုးကျွန် မပြုအောင် ထပ်ပြီး ကျွန်တော်တို့ မနေ့က သတိပေးလိုက်တယ်။ သတိမမူဂူမမြင်ဖြစ်မှာစိုးလို့ ထပ်ပြီး သတိပေးထားတဲ့ စာလေးထုတ်ပြီး ဂေါပက တွေကို လှမ်းပြီး သတိပေးလိုက်တဲ့ အတွက် သူတို့ ခေါင်းထဲကို ဝင်သွားတာကြောင့် သူတို့လည်း သတိမူပြီး ပိတ်လိုက်တာဖြစ်တယ် ’’ဟု ညောင်ဦးခရိုုင် အုပ်ချုုပ်ရေးမှုး ဦးကျော်ကျော်အုံးကပုဂံဘုရားများပိတ်ခြင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Travelling Journal သို့ပြောသည်။
ပုဂံဒေသသည် ခရီးသွားဒေသတစ်ခုဖြစ်သည့်အတွက်ပုဂံဒေသအခြေစိုက် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသည်ယာဉ်လိုင်းများဖွင့်လှစ်သည့်အတွက် မြန်မာပြည်အနှံ့ခရီးသွားလာသူများသွားလာခဲ့ခြင်းကြောင့် ခရီးသွားများရောက်ရှိလာခြင်းကြောင့် စည်ကားလာခဲ့ကြောင်း၊ ဖွင့်လှစ်သည်မဟုတ်သော်လည်း ပိတ်ထားသည့်ပုဂံဘုရားများကို ဝင်ရောက်ဖူးမြှော်ခြင်းတို့ကြောင့် ဖွင့်လှစ်ထားသည့် ပုံစံဖြစ်နေသည်ဟု ယူဆရသော်လည်းတရားဝင်ဖွင့်လှစ်ထားခြင်းဆိုသည်မှာ မရှိကြောင်း ၎င်းက ရှင်းပြသည်။
ပုဂံဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင်လ ၂၉ရက်မှစတင်ပိတ်လိုက်ပြီး လာမည့်ပိတ်ရက် လေးရက်အတွက်ပိတ်သည်ဟု ပြောကြားသော်လည်း ရက် အကန့် အသတ် မရှိပိတ်သည်ဟုလည်းပြောကြားနေ ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်ပြီးစစ်ဆေးမှုများကိုသက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ဖွင့်လှစ်ခွင့်ရပြီဆိုပါက ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
’’ပုဂံဘုရားတွေကို ဖွင့်တာကတော့ ဘယ်တော့မှ official မဟုတ်ဘူး၊ ဖွင့်လှစ်ခွင့်ကို ကျွန်တော်တို့က တရားဝင်ပေးလို့မရတာ။ ဖွင့်ပါတယ်မပြောဘူး၊ မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်မှာစိုးလို့ ဖွင့်ချိန်တန်ရင် ဖွင့်လို့ရအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင် Social Distancing နှင့်အညီ ကြိုတင်စစ်ဆေးထားတဲ့ သဘောပါပဲ၊ဒါတွေကို သဘောပေါက်လွဲမှားပြီး ပြဿနာရှာလာတဲ့ ဘုရားဖူးတွေ များပြားလာတဲ့အတွက် ဂေါပကတွေကလည်း အချိန်မှီ ပြုလုပ်သွားခဲ့တာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။
ပိတ်ထားသည့်ပုဂံဘုရားများကို တွေ့ရစဥ်။
Contine Reading
By -
/ 29-07-2020ငွေဆောင်ကမ်းခြေ ပြန်ဖွင့်လှစ်ပေးရန် လူဦးရေ ၃၀၀ နီးပါးမှ လတ်မှတ်ရေးထိုးထားပြီး ဟိုတယ်ခရီးဒုဝန်ကြီး ထံ တင်ပြခဲ့
Travelling journal
ငွေဆောင်ကမ်းခြေ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များအပါအဝင် ဒေသခံ လူ ဦးရေ ၃၀၀ နီးပါးမှ လတ်မှတ်ရေးထိုးပြီးတင်ပြတောင်းခံထားသည့်စာကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင်လတ် ထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၉ ရက်က ငွေဆောင်ကမ်းခြေ သာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို လာရောက် ကြည့်ရှု့ခဲ့ပြီး ငွေဆောင်ကမ်းခြေခရီးသွားနယ်မြေ အတွင်းရှိ ဟိုတယ်ဇုန်များမှလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည့် ပွဲ၌ တင်ပြခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးလှိုင်မွန် က Travelling Journal သို့ ပြောသည်။
’’ ဒေသခံဘက်က စာရွက်စာတမ်းတွေယူလာခဲ့တာ။လတ်မှတ်ပေါင်း ၂၅၀ နဲ့ ၃၀၀ ကြားမှာရှိတယ်။ ဒုဝန်ကြီးလာရင် တင်ပြဖို့ပါ။ ဒေသခံလုပ်ငန်းရှင် တွေလည်းပါတယ်။ ဒေသခံတွေလည်းပါတဲ့ လတ်မှတ်ထိုးထားတဲ့ စာကို တင်ပြခဲ့တယ်။ လုပ်ငန်းရှင်ကော တည်းခိုခန်းကော စားသောက်ဆိုင်ပိုင်ရှင်တွေကော အုန်းသီးရောင်းတဲ့သူကော ဆိုင်ကယ်တက္ကစီ ဆွဲတဲ့ သူကော လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ သူတွေက ဦးဆောင်ပြီး တင်ပြခဲ့တာပါ။ဝန်ကြီးရဲ့PSoလက်ထဲကို ထည့်ပေးခဲ့ပါတယ်’’ဟု လုပ်ငန်းရှင် ဦးလှိုင်မွန်က ပြောသည်။
ထို့အပြင် ဒုဝန်ကြီး ငွေဆောင်ကမ်းခြေ လာရောက်သည့်ခရီးစဉ်တွင် ငွေဆောင်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းအနေမှ ငွေဆောင်ကမ်းခြေပြန်လည်ဖွင့်လှစ်ရန် အတွက် တင်ပြသွားမည့်စာကို ကမ်းခြေ ကော်မတီ ဥက္ကဋ္ဌမှ တစ်ဆင့် တင်ပြပေးရန် တောင်းဆိုခဲ့ထားကြောင်း ငွေဆောင်ဇုန် ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါ်စန်းစန်းရီက Travelling Journal သို့ ပြောသည်။
’’ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းကတော့ လိုအပ်တာကို ပေါင်းစပ်ပေးသွားမှာဖြစ်ပါတယ်။ အဓိက ကမ်းခြေ ပြန်ဖွင့်ဖို့ ပေးတယ်၊ မပေးဘူးဆိုတာ အစိုးရအဖွဲ့ဲရဲ့ သဘောထားပဲလေ။ ကျွန်တော်တို့ အစိုးရကချမှတ်ထားတဲ့ ပေါ်လစီကို အကောင်အထည်ဖော်ရတဲ့ ဝန်ထမ်းတွေဖြစ်တယ်။ အောက်ခြေမှာတော့ လုပ်ငန်းယန္တရားလည်ပတ်နေတာရှိတယ်။ ဒေသခံတွေရဲ့ စားဝတ်နေရေး ခက်ခဲနေတာကိုလည်း မြင်တယ်။ ဒါပေမယ့်ခုနကလိုမျိုး လက်ရှိဒီဘက်ခြမ်းမှာလည်း ကိုဗစ်ရဲ့ဆိုးကျိုး ကိုလည်းပေါ့လို့မရသေးဘူး၊ ခွင့်ပြုပေးတယ်၊မပေးဘူးဆိုတာကလည်း လူကြီးတွေ ပိုသိမှာပေါ့။ ကျွန်တော်တို့ကတော့ သူတို့လမ်းညွန်ချက်အတိုင်းပဲ လုပ်သွားရမှာပါပဲ’’ ငွေဆောင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးဝဏ္ဍဝင်း က Travelling Journalသို့ ပြောသည်။
ကမ်းခြေများပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သည့်စစ်ဆေးမှုများကို ဖွင့်လှစ်ခွင့် တင်ပြထားသည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ အား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Contine Reading
By -
/ 09-08-2020ချောင်းသာဟိုတယ်ဇုန်မှ ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စားပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့
Travelling journal
ချောင်းသာဟိုတယ်ပိုင်ရှင်များမှ စုပေါင်းပြီး ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စား ပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )ကို ဆန်များထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် လ ၂၄ ရက်က ချောင်းသာ ရှိ Golden Beach Hotel တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရပ်ကွက် ၁ / ၂/၃ နှင့်ကျေးရွာများမှ တာဝန်ရှိသူများနှင့်ဟိုတယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစောပိုင်းက အိမ်ထောင်စု ၃၀၀၀ ကိုသာ လှူဒါန်းမှု ပြုလုပ်ထားသော်လည်း ချောင်းသာ မြို့အုပ်ချုပ်ရေးမှူးမှ ချောင်းသာ မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာ များကိုလည်း ထောက်ပံ့ ပေးရန် တောင်းဆိုမှုကြောင့် အိမ်ထောင်စု( ၅၄၀၀)ကျော်ထိ လှူဒါန်း ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
" မြို့မ ဂီတအသင်းနဲ့မန္တလေး ကိုခွဲ ခြားလို့ မရသလို ချောင်းသာမြို့နယ်က ပြည်သူတွေနဲ့ ဟိုတယ်ဇုန်ကလည်းအပြန်အလှန်အကျိုးပြုနေပါတယ်။ ချောင်းသာရွာနဲ့ ဇုန်နဲ့ဟာ အပြန်အလှန် မှီခိုနေရပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါ ကျရောက်နေတဲ့ကာလအတွင်းမှာ ဇုန်အနေနဲ့ တက်နိုင်တဲ့ဘက်ကနေ ပထမဆုံးလှူဒါန်းထောက်ပံ့တာဖြစ်ပါတယ်။ ဒေသခံတွေက ပြောကြတယ်။ ဒီလိုလှူဒါန်းတာထက် စာရင် ကမ်းခြေကို ဖွင့်ပေးရင်ပိုပြီးဝမ်းသာမိပါတယ်လို့ဆိုကြတယ်။ ဒီအချိန်ကာလမှာလည်း ဟိုတယ်ဇုန်အနေနဲ့လည်းတစ်ဖက်တလမ်းကနေ နိုင်ငံတော်ကို ပြန်ကူညီ ပေးပြီးဒုတိယလှိုင်း မပျံ့ပွားရေးအတွက် ဟိုတယ်တွေကို ပိတ်ထားပေးပါတယ်။ ဒေသခံတွေအတွက် တဖက်တလမ်းက နေ ကူညီ ထောက်ပံ့ ပေးတာပါ"ဟု ချောင်းသာ ဟိုတယ်ဇုန် နာယက ဦးကျော်ခိုင် က Travelling journal သို့ ပြောသည်။
ထို့ပြင် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ထွေးက လည်း " ချောင်းသာ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းကနေ ချောင်းသာ မြို့ရပ်ကွက်မှာရှိတဲ့အခြေ ခံလက်လုပ် လက်စားပြည်သူများကို ဆန်လှူဒါန်းခြင်းဖြစ်ပါတယ်။ အခုလိုလှူဖြစ်ရတဲ့အကြောင်းကလည်း ကိုဗစ် ရောဂါစဖြစ်တဲ့အခါမှာ ချောင်းသာ ငွေဆောင် ကမ်းခြေ တွေကအရင်ဆုံးပိတ်ခဲ့ရတာဖြစ်ပါတယ်။ အခုချိန်ထိလည်း ကိုဗစ် ရောဂါကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ်ရတာက စီးပွားရေးရိုက်ခတ်မှုဒဏ်တွေ ဖြစ်ခဲ့ရပါတယ်။ကျွန်တော်တို့ ချောင်းသာ ရဲ့ အခြေ ခံလက်လုပ်လက်စားပြည်သူတွေအတွက် ဟိုတယ်တွေ ပိတ်လို့ ဝင်ငွေမရှိရင်တောင် ဒေသမှာရှိတဲ့ ဒေ သခံတွေကို ကူညီပေးရမယ်ဆိုတဲ့စိတ်ဓာတ် တွေက ဟိုတယ်လုပ်ငန်းရှင်များရဲ့စိတ်ထဲမှာအမြဲ ရှိနေပြီးသားပါ။ကျွန်တော်တို့ရှာတဲ့ပိုက်ဆံတွေကို အကုန်မသယ်သွားပါဘူး။ ဒေသအကျိုးပြု လုပ်ငန်း တွေကို ပြန်ပြီးလုပ်ပေးသွားမှာပါ။ ဒါကို အခိုင်အမာလေးပြောပြချင်ပါတယ်"ဟု ၄င်းက ပြောသည်။
ချောင်းသာ ဒေသခံအခြေ ခံလက်လုပ်လက်စားပြည်သူများအတွက် Amazing Hotelsမှ ကျပ် ၁၀ သိန်း ၊ Azura Hotel မှ ကျပ် ၁၀ သိန်း၊ New Chaung Tha Hotelမှ ကျပ် ၁၀ သိန်း၊ Breeze Hotel မှ ကျပ် သုံးသိန်း ၊ Khine Chaung Tha Hotel မှ ကျပ် ၁၀ သိန်း၊ Golden Beach Hotel မှ ကျပ် ၁၀ သိန်း၊ Thiri Hotel မှ ကျပ် ၁၀ သိန်း၊ Grand Hotel မှ ကျပ် ၁၀ သိန်း ၊Belle Hotel မှ ကျပ် ၁၀ သိန်း၊ Diamond Hotel မှ ကျပ် နှစ်သိန်း၊ Akariz hotel မှ ကျပ် သုံးသိန်း၊ ရွှေဟသ်ာဟိုတယ်မှ ကျပ် သုံးသိန်း၊ Chaung tha lodge မှ ကျပ် ၁၀ သိန်း၊ Gerizim ဟိုတယ် မှ ကျပ် ၂၅ သိန်း၊ Hill Garden ဟိုတယ်မှ ကျပ် သုံးသိန်း၊ Happy Hotel မှ ကျပ် သုံးသိန်း၊ Hotel Ayeyarwady မှ ကျပ် ၁၀ သိန်း ၊Supremeဟိုတယ် မှ ကျပ် သုံးသိန်း၊ ရွှေကမ္ဘာဟိုတယ်မှ ကျပ်နှစ်သိန်း လှူဒါန်း ခဲ့ပြီး ထပ်မံပြီးဟိုတယ်လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေများဖြင့် အိမ်ထောင်စုများကို တိုးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။
ချောင်းသာဟိုတယ်ဇုန်အနေဖြင့် ဒေသအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ကမ်းခြေ စတင်ဖွင့်လှစ်ခဲ့ကတည်းက ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သလို ကိုဗစ်ရောဂါဖြစ်ပွားသည့်ကာလအတွင်းကလည်း သိန်း ၈၀ ကျော် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#Pချောင်းသာဟိုတယ်ပိုင်ရှင်များ(ချောင်းသာဇုန်)မှ စုပေါင်းပြီး ပထမဆုံးအကြိမ် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံ လက်လုပ် လက်စား ပြည်သူ အိမ်ထောင်စုပေါင်း (၅၄၀၀ )အား ဆန်များ လက်ဝယ်ထောက်ပံ့ ပေးအပ်ခြင်းကို သြဂုတ် လ ၂၅ ရက်က သက်ဆိုင်ရာ ရပ်ကွက် ၁ / ၂/၃ အုပ်ချုပ်ရေးရုံးများသို့ သွားရောက် လှူဒါန်း ပေးခဲ့သည့်မြင်ကွင်းများကို တွေ့ရစဥ်။ #Travelling journal #Photo YYH
Contine Reading
By -
/ 25-08-2020ဘားအံ မြို့ရှိ ထွန့်ပတိုင် ရေကန် သို့ သြဂုတ်လ ၃၀ ရက် တစ်ရက်ထဲတွင် ခရီးသွားဧည့်သည် ၄၀၀ နီးပါး လာရောက်လည်ပတ်ခဲ့
Travelling journal
ဘားအံ မြို့နယ် ၊လှိုင်ကားကျေးရွာတွင် တည်ရှိသော ထွန့်ပတိုင် ရေကန်သို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ များပြားလာခဲ့ကြောင်း သိရသည်။
ထွန့်ပတိုင်ရေကန်သည် ကိုဗစ်ကာလအတွင်း ဘားအံမြို့ ၏ ခရီးသွားဧည့်သည်များ သွားရောက်မှု များပြားခဲ့သည့် Tour Site တစ်ခုဖြစ်ခဲ့ကြောင်း ကရင်ပြည်နယ်ဧည့်လမ်းညွှန်များအသင်း ဥက္ကဋ္ဌ ဦးသူရဦး က Travelling journal သို့ပြောသည်။
ယင်းထွန့်ပတိုင် ရေကန် တည်ရှိသည့် နယ်မြေသည့် ကျောက်ကလပ်ဆရာတော်မှ ထိန်းသိမ်းစောင့်ရှောက်ပေး သည့် သာသနာ့ နယ်မြေ ဖြစ်ပြီး လာရောက်လည်ပတ်ကြသည့်ဧည့်သည်များအား သတ်သတ်လွတ် တာလပေါဟင်းများဖြင့် ဧည့်ခံကျွေးမွေးနေကြောင်း သိရသည်။
ထို့ပြင်သြဂုတ်လ ၃၀ ရက်မှ စတင်ကာ ခရီးသွား ရာဇဝင်စစ်တမ်း ကောက်ယူနေခြင်းကို ဂိတ်ဝတွင် ပြုလုပ် လျက်ပြီး သြဂုတ်လ ၃၀ ရက်တနေ့တည်း၌ လူဦးရေ ၄၀၀ နီးပါး လာရောက် လည်ပတ်ခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း လာရောက်လည်ပတ်ကြမည့် ခရီး သွားများအနေဖြင့် ရပ်ကွက်ထောက်ခံစာ ၊ ကျန်းမာရေးထောက်ခံစာနှင့်ခရီးသွားရာဇဝင် တို့ကိုမဖြစ်မနေ ယူဆောင်လာရမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှသြဂုတ်လ ၂၆ ရက် ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာထားသည်။
Photo TravellingJournal
ထွန့်ပတိုင် ရေကန်ဖြင့် ဓာတ်ပုံတွဲရိုက်ကူးကြသည့်သူများကို တွေ့မြင်ရစဥ်။
Contine Reading
By -
/ 30-08-2020နောင်လုံတောင်ကြားလမ်း (သို့ ) S လမ်း
မော်ကျွန်းသူ
ဘားအံမြို့ကို ရောက်ဖြစ်ခဲ့ရင် အလှပဆုံး တွေ့မြင်ရနိုင်တဲ့နေရာက တောင်တန်းခုံးခုံးလေးတွေနဲ့ တောင်ချင်းသွယ်ယှက်စွာ တည်ရှိနေတဲ့ နောင်လုံတောင် ကြား လမ်းကို မရောက်ဖူးခဲ့ရင် ခေတ်မမှီတော့ဘူးလို့တောင် ပြောစမှတ်ဖြစ်လာရပါပြီ။ အဲဒီ လောက်ထိ ခရီးသွား တွေအကြား မှာ ဖမ်းစားနိုင်လွန်းခဲ့ပါတယ်။
ဘားအံ မြို့ကို တောင်ကိုးလုံးနဲ့ ဝန်းရံထားတာမို့ တောင်တွေရဲ့မြို့တော်လို့ ဆိုချင်ပါတယ် ။ မိဇံတောင် ၊ မိကရင်တောင်၊ ဖားပုတောင်၊ ဖားကပ်တောင်၊ ထောင်ဝိတောင်၊ ထမင်းဆုတ်တောင်၊ ဇွဲကပင်တောင်၊ ကြာအင်းတောင်၊ ဖားမဲတောင် တို့က ဝန်းရံထားတယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦး သူရဦးက ဆိုပါတယ်။ တကယ်တော့ ကရင်ပြည်နယ် က တောင်တွေ ပေါများလွန်းသလိုဂူတွေရဲ့မြို့တော်လို့ လည်း တင်စားလို့ရပါတယ်။
တောင်တန်းတွေ ၊ တောင်တွေ ကို နှစ်သက်မိသူ စာရေးသူကတော့ နောင်လုံတောင်ကြားလမ်းကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် သွားရောက်ဖြစ်ခဲ့ပါတယ် ။ဒါ့အပြင် နောင်လုံတောင်ကြားလမ်းကို ( S) လမ်းလို့လည်း ခေါ်တွင်တယ်လို့ ဒေသခံ ဧည့်လမ်းညွန် ဦးသူရဦးက လည်း ရှင်းပြပါတယ်။ တောအုပ်ဆိုင်းဆိုင်းရယ်။ အကွေ့အကောက်လမ်းတွေနဲ့ လှပနေမှုကတော့ နောင်လုံတောင်ကြားလမ်း ရောက်ဖူးသူမှန်သမျှ တွေ့မြင်သိမြင်နိုင်အောင် လှပလွန်းပါတယ်။
သဘာဝတရားနဲ့ ဟန်ချက်ညီအောင် လိုက်ဖက်အောင် တော်ပုံတောင်ကြားလမ်းတစ်လျှောက် မှာ ခေတ်မှီ အပန်းဖြေရီဆော့ဟိုတယ်တွေ ကို ဆောက်လုပ်ထားတာမို့ တခြားဟိုတယ်တွေနဲ့မတူတဲ့ ခံစားမှုရသကိုလည်း ရရှိစေပါတယ်။ ဒါကြောင့်မို့ ခရီးသွား အများစု က တောင်ကြားလမ်းမှာ ရှိကြတဲ့ ဟိုတယ်တွေမှာ တည်းခိုမှု များပြားလာခဲ့ပါတယ်။ စာရေးသူ က ဒီတစ်ခေါက်မှာတော့ ဇွဲကပင် တောင် ကြီးကို အပြည့်အဝမြင်တွေ့ရစေတဲ့ zwekapin valley resort & spa မှာ တည်းခိုခဲ့ပါတယ်။
နောင်လုံတောင်ကြားလမ်း ကို ဘယ်လိုသွားမလဲ
တော်ပုံတောင်ကြားလမ်း အတိုင်းသွားရင် ပထမဆုံးလုမ္မနီဉယျာဥ်ကို ရောက်ရှိမှာဖြစ်ပါတယ်။အဲဒီကနေ ကျိုက်ကဝိရွာ သို့ ဖိုးတခေတ်ရွာ ပြီးရင် သရက်ဥယျာဥ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်က ဒီသရက်ဥယျာဥ်ထဲမှာ ဘုရားတွေအများကြီးတည်ထားတာ။ အခုကျတော့ ပြုပြင်ထိန်းသိမ်းဖို့အားနည်းသွားလို့ ခရီးသွား တွေကြားမှာ ရေပန်းမစားတော့ပါဘူး။ သရက် ဥယျာဥ်ပြီးရင်တော့ နာမည်ကျော် နောင်လုံတောင်ကြားလမ်းကို ဝင်ပါပြီ။ နောင်လုံတောင်ကြားလမ်းကို အများစုက မြို့ရှောင်လမ်းလို့ခေါ်ကြတယ်။ အဝေးပြေးလမ်းလည်းဖြစ်တာမို့ အရှိန်နဲ့တရစပ်မောင်းတဲ့ကားတွေလည်းရှိကြတယ်။
နောင်လုံတောင်ကြားဝင်ပြီဆိုတာနဲ့ တောက်လျှောက် က အရမ်းသာယာပြီးလှပသလို ဓာတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ အထူးသတိပြုရမှာကတော့ အန္တာရယ်လည်း အရမ်းများတာမို့ ဂရုစိုက်ဖို့လိုပါတယ်။
ပွိုင့်လေးပွိုင့်ရှိတဲ့နောင်လုံတောင်ကြားလမ်း
နောင်လုံတောင်ကြားလမ်းမှာ ဓာတ်ပုံရိုက်ကောင်းတဲ့ ပွိုင့်လေးပွိုင့်ရှိတယ်လို့ ဒေသခံဧည့်လမ်းညွန် ဦးသူရဦးက ပြောပြပါတယ်။ အများစု ကတော့ (ကျောက်တံခါးချပ်) ပုံစံဖြစ်နေတဲ့ နေရာမှာ ရိုက်ကြပါတယ်။ ဒီနေရာက အန္တာရယ်လည်း ကင်းသလို အေးအေးဆေးဆေးနဲ့ နောင်လုံတောင်ကြား လမ်းကို နောက်ခံပြီး ဓာတ်ပုံရိုက်ကူးနိုင်ခွင့်ရခြင်းပါပဲ။
ညနေဆည်းဆာ ဝင်ချိန်ဆိုရင် တောင်တွေရဲ့နောက်မှာ ရွှေရောင်ကျနေတာမို့ ညနေစောင်းချိန်ကို မှန်းပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့်မို့ ဘယ်အချိန်ကြည့်ကြည့် တစ်မျိုးစီလှပနေတဲ့ နောင်လုံတောင်ကြားလမ်း နဲ့ ဓာတ်ပုံ ရိုက်သူ တွေဟာ များပြားလာပါတယ်။
ဒါမို့ ဘားအံရောက်ပြီဆိုရင် ပထမဆုံး ဓာတ်ပုံရိုက်ကြ မယ့်နေရာက နောင်လုံတောင်ကြားလမ်း သို့မဟုတ်( S) လမ်း ဖြစ်နေတယ်ဆိုတာကတော့ငြင်းဖွယ်ရာမရှိလို့ ဆိုချင်ပါတော့တယ်။
Photoဓာတ်ပုံအောင်မြင့်မြတ် FB
နာမည်ကျော် နောင်လုံတောင်ကြားလမ်းတစ်နေရာ
Contine Reading
By -
/ 05-09-2020ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ် အကြာတွင် ကမ်းခြေဟိုတယ်များ လျှပ်စစ် မီးရရှိတော့မည်
Travelling journal
ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၆ နှစ်အကြာတွင် ကမ်းခြေအခြေစိုက်ဟိုတယ်များ လျှပ်စစ်မီးရရှိတော့မည် ဖြစ်ကြောင်း ချောင်းသာဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းကျော်ဦး က Travelling journal သို့ ပြောသည်။
ချောင်းသာကမ်းခြေစတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ၂၆ တိုင် လျှပ်စစ်မီးမရရှိဘဲ ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှသိရသည်။
"လောလောဆယ်ချောင်းသာမြို့မှာ ရှိတဲ့ လူနေရပ်ကွက်တွေကတော့ နေ့ညလျှပ်စစ်မီးတွေ ထိန် လင်းနေကြတယ်။အရင်ကဆို လမ်းမီးတွေက မှောင်မဲနေတာ။ အခုဆို လင်းထိန် နေပြီ"ဟု ဦးမင်းကျော်ဦး က ပြောသည်။
မကြာမီ တွင် ချောင်းသာ ကမ်းခြေ အခြေစိုက်ဟိုတယ်များလည်း လျှပ်စစ်မီးရရှိလာတော့မည်ဖြစ်ပြီး လာရောက်လည်ပတ်သောဧည့်သည်များကို ၂၄ နာရီဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
" ပင်လယ်ကမ်းခြေကိုသဘောကျလို့ ရန်ကုန်ကနေ ဇက်၂ဆင့်ဖြတ်၊လျှပ်စစ်မီးမရှိ၊လမ်းကလည်းမကောင်း၊ဝါသနာအရင်းတည်ပြီး၊ဒီလိုအခြေအနေမှာရင်းနှီးမြုပ်နှံခဲ့တာရူးသွပ်တဲ့စိတ်တစ်ခုထဲပေါ့၊အခြားနေရာမှာရင်းနှီးမြုပ်နှံတဲ့သူတွေဒီထက်အဆင်ပြေတာတွေ့ရတယ်။ဘာပဲပြောပြော ယခုအချိန်မှာဒီလိုအနေအထားရောက်ခဲ့တော့ကျေးဇူးတင်ရပါတယ်။ ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက်တော့ကိုယ်ထူမှကိုယ်ထရတဲ့ ဘဝကတော့ မလွတ်သေးပါဘူး။ထိုက်သင့်တဲ့အခွန်တွေပေးဆောင်ပြီးနိုင်ငံသားလုပ်ငန်းရှင်များရနိုင်တဲ့အခွင့်အရေးများမဖြစ်နိုင်သေးတော့နိုင်ငံနဲ့အတူတာဝန်သိတဲ့လုပ်ငန်းရှင်များအဖြစ်ဂုဏ်ယူစွာနဲ့ဆက်လက်လျှောက်လှမ်းကြမှာဖြစ်ပါတယ်"ဟုGrand hotel ပိုင်ရှင်လည်းဖြစ်သူဦးမင်းကျော်ဦး က Travelling journal သို့ပြောသည်။
လက်ရှိတွင် ချောင်းသာဟိုတယ်ဇုန်တွင်ဟိုတယ်အသင်းဝင် ဟိုတယ်အလုံးရေ ၃၅ လုံးရှိပြီး တည်းခိုခန်းနှင့်အုန်းတောအခြေစိုက်တည်းခိုခန်းများပါဝင်မည်ဆိုပါက အလုံးရေ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
" အခုလို မီးရတော့မယ်ဆိုတော့ အလွန်ဝမ်းသာစရာပါ။ ဟိုတယ်တွေတော့ ရဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်"ဟု ကမ်းခြေဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကလည်း Travelling journal သို့ ပြောသည်။
ချောင်းသာကမ်းခြေရှိ ဟိုတယ်တခုကိုတွေ့ရစဥ်
Contine Reading
By -
/ 07-09-2020နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်နလန်ထူရန် အနည်းဆုံး ၂ နှစ်ကနေ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ဒုသမ္မတ ဟင်နရီဗန်ထီးယူ ပြောကြား
Travelling journal
နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရန်အတွက် အနည်းဆုံး ၂ နှစ်မှ ၈ နှစ်လောက် အထိ ကြာနိုင်သည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများ၏ မှန်းဆ ပြောဆိုချက်များကို ကိုးကားပြီး အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူက ထည့်သွင်း ပြောကြား လိုက် သည်။
စက်တင်ဘာလ(၂၅) ရက်က နေပြည်တော်၌ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (၂၀၂၀) အထိမ်းအမှတ် Tourism and Rural Development ဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ က ပြောကြား ခဲ့ခြင်းဖြစ်သည်။
COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ် ရန်အတွက် ပြည်ဝင်ခွင့် ရပ်ဆိုင်းခြင်း၊ လေကြောင်းလိုင်းများရပ်ဆိုင်းခြင်းတို့ကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီး နောက်နှစ်မှ ပြန်လည် စတင်နိုင်မည်ဟုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ကျွမ်းကျင်သူများက မှန်းဆထားကြောင်းဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ က ယင်းအစည်းအဝေးတွင် ထည့်သွင်း ပြောကြားထားသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း (၄၄ဝ) ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံး ကဏ္ဍထဲတွင် ပါဝင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင် က ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
COVID-19 ကပ်ရောဂါကြောင့် ခရီးသွားများ၏ရွေးချယ်မှုများမှာ ယခင်နှင့်မတူ ပဲ ပြောင်းလဲသွားပြီး မြို့ပြဘဝခရီးသွားထက် physical distancing နှင့်နေထိုင်သွားလာခြင်း၊ nature tourism ၊ ethnic tourism နှင့် environmental tourism များကို ပိုပြီး သွားလာကြမည်ဟု လည်းခန့်မှန်းထားကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ပေါ်ထွက်လာမည့် ခရီးသွားလာရေးပုံစံသစ်နှင့် လိုက်လျောညီထွေရှိသည့် Tourism and Rural Development ကို ၂၀၂၀ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်အဖြစ် သတ်မှတ်ပေးခဲ့သည်။
Photo MOHT FB
Contine Reading
By -
/ 25-09-2020သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကုသရေးစင်တာ( ၁၀) နေရာကို ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းမည်
Travelling journal
တနသ်ာရီတိုင်းဒေသကြီး ကော့သောင်း မြို့အခြေစိုက် သူဌေးကျွန်းအပန်းဖြေဟိုတယ် မိသားစုမှ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးစင်တာ( ၁၀ )နေရာ သို့ ကျန်းမာရေးသုံးပစ္စည်းများကို သွားရောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း Grand Andaman Group of Companies ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဝင်းသန်း က Travelling journal သို့ ပြောသည်။
စက်တင်ဘာ ၃၀ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ်နှင့် အင်းစိန်ပြည်သူ့ဆေးရုံ သို့ ကျန်းမာရေးသုံး ပစ္စည်းများကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ၄င်းက ပြောသည်။
"တကယ်လိုအပ်နေကြတာ ၊ ကိုယ်နိုင်သရွေ့ဝိုင်းလှူပေးတာပါ၊ အစိုးရ တစ်ခုတည်းနဲ့လည်း မနိုင်ဘူးလေ၊COVID 19 ရောဂါရှိသူများကို တာဝန်ယူကုသပေးနေကြတဲ့ စင်တာတွေကို ကျွန်တော်တို့ နိုင်သရွေ့ဝိုင်းကူညီပံ့ပိုးပေးတာပါ၊ အရင်ရက်က လှူတဲ့ အရေအတွက်အတိုင်း ပဲ လှူသွားမှာပါ။ နောက်ထပ်(၃)ရက်ကို နေရာ (၆)နေရာ ဆီ သွားပြီး ဆက်လှူပေးသွားပါမယ်"ဟု ဦးမျိုးဝင်းသန်းက Travelling journal သို့ ပြောသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းခြင်း ကို စက်တင်ဘာ ၂၉ ရက်က ဧရာဝတီဖောင်ဒေးရှင်းနှင့်ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) သို့ COVID 19 ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE-200, KN 95 -400, Alcohol Soluction 50 L, Hand Sanitizer များ ကို သွားရောက် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၃၀ ရက်က တပ်မတော်ဆေးတက္ကသိုလ်နှင့် အင်းစိန်ပြည်သူ့ဆေးရုံ သို့ ကျန်းမာရေးသုံး ပစ္စည်းများကို သွားရောက်လှူဒါန်းပေးခဲ့စဥ်။
Contine Reading
By -
/ 30-09-2020ဟိုတယ် အပေါင်ပစ္စည်းပေးပါက မြန်မာ့ခရီးသွားဘဏ်မှ Hotel Loan ချေးငွေ ထုတ်ချေးပေးမည်
Travelling journal
ဟိုတယ် အပေါင်ပစ္စည်း ပေးပြီး Hotel Loan ယူမည်ဆိုပါက မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေ ထုတ်ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့ခရီးသွားဘဏ်မှ တာဝန်ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။
လက်ရှိအချိန်ကာလတွင် ကိုဗစ်ရောဂါဖြစ်ပွားနေခြင်း ကြောင့် ခရီးသွားလုပ်ငန်းများရပ်တန့်ခဲ့ပြီး စျေးကွက် ပျက်သွားခဲ့သည်။ ကိုဗစ် ကင်းစင်သွားလာ ပြီး ပြန်လည်လုပ်ငန်းများ စတင်နိုင်မည့်အချိန်ကာလရောက်ပြီဆိုပါက လိုအပ်နေသည့် ချေးငွေ များကို ထုတ်ချေးပေးရန် အစီအစဥ်များရှိကြောင်း ယင်း ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
" MTB ဘဏ် ကနေ Hotel တွေ ကို Loan ချေးတာ ကို ပေးပါတယ်"ဟု မြန်မာ့ခရီးသွားဘဏ် မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်ရောဂါဖြစ်ပွားခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းကာ ပြန်လည်လှည်ပတ်မှုမရှိသည့် လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ် ချေးငွေ များကို နယ်ပယ်အသီးသီးလိုက် ထုတ်ချေးပေးထားပြီးဖြစ်သည်။
"အစိုးရ က အခုချေးပေးတဲ့ ချေးငွေကလည်း ဝန်ထမ်းလစာ သုံးလစာကိုပဲ အဓိက ထားပေးတာဖြစ်ပါတယ်။ထပ်ပြီး လည်ပတ်ဖို့ကျတော့ လိုနေတာပေါ့။ တစ်ချို့ဟိုတယ်တွေကျတော့ ဘဏ်ချေးငွေနဲ့ ချေးထားပေမယ့် ဘဏ်ကလည်း သုံးလလောက်ပဲ အတိုးသွင်းခွင့် နောက်ဆုတ်ပေးခဲ့တာ။ အတိုးက မဖြစ်မနေ သွင်းရတာလေ။ ထပ်ချေးမယ်ဆိုရင်လည်း ဘဏ်တွေက ဟိုတယ် တွေကို ထပ်မချေးပေးတော့ဘူး။ ထပ် ချေးမယ် ဆို ရင် နောက်ထပ် အိမ်တွေရှိလို့ လုပ်ငန်းဘာလဲဆိုရင် ဟိုတယ်ဆိုရင် ဘဏ်တွေက လောလော ဆယ် မချေးချင်ကြ တော့ဘူး။ ချေးရင်လည်း နည်းနည်းပဲရတော့တယ်။ အဲဒီလိုတွေဖြစ်နေတာ။ ဟိုတယ်တွေပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းဖြစ်ဖြစ်ပါ အပေါင်ပေးမယ်ဆိုရင် ချေးပေးသင့် တယ်။ ဘဏ်တွေမှာ ဟိုတယ်ဆိုရင် ချေးရတာ ခက်သွားပြီ"ဟု တောင်ကြီးဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော် က ပြောသည်။
လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ဘဏ်ခွဲပေါင်း (၆) ခုကို ပြည်နယ်နှင့် တိုင်းတစ်ချို့တွင် ဖွင့်လှစ်ပြီး ဘဏ် ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးနေကြောင်း သိရသည်။
Contine Reading
By -
/ 03-10-2020ချောင်းသာအခြေစိုက်ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဟိုတယ်ဝန်ထမ်းဟောင်းဦးရေ (၁၀၀) ကို At The Sea ဟိုတယ် ပိုင်ရှင် က ပစ္စည်းငါးမျိုး ထောက်ပံ့
Travelling journal
ချောင်းသာ အခြေစိုက် ဖွင့်လှစ်ထားသည့် ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဟိုတယ်ဝန်ထမ်းဟောင်း ဦးရေ(၁၀၀ )ကို At The Sea ဟိုတယ် ပိုင်ရှင် က ပစ္စည်းငါးမျိုး ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟိုတယ် ဝန်ထမ်းဦးရေ ၁၀၀ အတွက်ငွေဆောင် ကမ်းခြေ အခြေစိုက် At The Sea ဟိုတယ် ပိုင်ရှင် မိသားစု မှ ဆန် ဆီ ငရုတ် ကြက်သွန် ဆား အစ ရှိသည့် ထောက်ပံ့ကူညီ ပစ္စည်း ၅ မျိုးကို ပေးအပ်ခဲ့သည်။
" ဦး တို့ အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီတာပါ။ အရင်က အဲဒီဟိုတယ်မှာ ဦး လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ နယ်ဝေးမှာ ရောက်နေတဲ့ ဝန်ထမ်းဟောင်းတွေကိုလည်း ထောက်ပံ့ပေးသွားမှာပါ"ဟု At The Sea ဟိုတယ် ပိုင်ရှင် ဦးလှိုင်မွန် က Travelling journal သို့ ပြောသည်။
ချောင်းသာကမ်းခြေ စတင် ဖွင့်လှစ်ခဲ့ပြီး ပထမ ဦးဆုံး စတင်ဖွင့်လှစ်ခဲ့သည့် ဟိုတယ်တစ်ခုဖြစ်ကာ ယင်းဟိုတယ်၌ ၁၉၉၇ ခုနှစ်မှ ၂၀၁၇ အထိ နှစ်၂၀ အတွင်း ရွှေဟင်္သာ ဟိုတယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဟိုတယ်ဝန်ထမ်းများအား အောက်တိုဘာ ၄ ရက် မနက်၉ နာရီတွင် ချောင်းသာကမ်းခြေ Sea Greate ၌ တစ်ဦးချင်း စီ ပေးအပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
Contine Reading
By -
/ 04-10-2020ဆေးရုံများတွင် လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် မှ လှူဒါန်း
Travelling journal
ဆေးရုံကြီးများနှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator စက် ငါးလုံးကို ပုဂံအခြေစိုက် Crown Prince Hotel ပိုင်ရှင် ဦးသန်းရွှေကNine COVID Team အဖွဲ့သို့ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ဆေးရုံကြီးများ နှင့် ဆေးရုံများတွင် အရေးတကြီး လိုအပ်နေသည့် Oxgyen Concentrator များ အတွက် အလှူရှင် များကလည်း တတ်နိုင်သည့်ဘက်များမှ ပံ့ပိုးကူညီပေးနေခြင်းဖြစ်သည်။
အောက်တိုဘာ ၅ ရက် မနက်ပိုင်း တွင် ပုဂံအခြေစိုက် Crown Prince Hotel ပုဂံ မှ Oxgyen Concentrator (၅) လုံး အား လှူဒါန်းပေးခဲ့သလို မိဘနှစ်ပါးအား အမှုးထားပြီး အလှူရှင် ဒေါ်လှမြင့် မိသားစုကလည်း Oxgyen Concentrator (၆) လုံး ကို လည်း လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
"ကျွန်တော် တို့ Nine Covid Team အဖွဲ့ကို လာရောက်လှူဒါန်းပေးခဲ့တဲ့အလှူရှင်တွေက ပထမလှိုင်းတုန်းက အလှူရှင် ၃၀၀ ကျော်ရှိခဲ့တယ်။ အခု ဒုတိယလှိူင်းမှာကျတော့ အလှူရှင် ၂၀၀ ကျော်သွားပြီ"ဟု Nine Covid Team အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးခင်အောင်ထွန်း က Travelling journal သို့ ပြောသည်။
အဆိုပါ Nine Covid Team အဖွဲ့သည် Tourism ၊Hotels & Restaurants လုပ်ငန်းရှင်များ နှင့် မိတ်ဆွေသူငယ်ချင်းများမှ မြန်မာပြည်တွင် COVID-19 ပထမလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက် မတိုင်မှီ မတ်လ (၂၀) ရက်နေ့တွင် ရင်ဘတ်ချင်းတူသူများ အချို့နှင့်စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ခုဖြစ်ကြောင်းသိရသည်။
Contine Reading
By -
/ 05-10-2020ဧရာဝတီ တိုင်း အတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာ လည်ပတ်နိုင်ရန် ခရီးစဥ်ဒေသ ( ၁၉၆ )ခုကို တိုင်းအစိုးရ ဖော်ထုတ်
ဂေါ်ရန်ဂျီကမ်းခြေကိုတွေ့မြင်ရစဥ်
Travelling journal
ဧရာဝတီ တိုင်းဒေသကြီးအတွင်း ခရီးသွားစက်ဝန်းကြီး အဖြစ် သွားလာလည်ပတ်နိုင်ရန်အတွက် ထင်ရှားကျော် ကြား သည့် ခရီးစဥ် နေရာဒေသအသစ်( ၁၉၆ )ခုကို တိုင်းအစိုးရ က ဖော်ထုတ် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့မှ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက Travelling journal သို့ ပြောသည်။
အဆိုပါခရီးစဥ်နေရာများရရှိရန်အတွက် တိုင်းအစိုးရ မှ မြို့နယ်အလိုက်ရှိ အုပ်ချုပ်ရေးအဖွဲ့များအား စာရင်းပြုစုကောက်ခံပေးရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
"ပုဂံလိုတော့ Attraction မဖြစ်သေးဘူး ပေါ့။ အဲဒီလို ဖြစ်ဖို့ကလည်း လူထုကိုဆွဲဆောင်ဖို့ မလွယ်ကူဘူးလေ။ အားသာချက်က ကမ်းခြေအများအပြားရှိတာမို့ အခွင့်အလမ်း အများကြီး ကောင်းမွန်ပါတယ်။ ကျွန်တော် တို့ပြုစုထားတဲ့မှတ်တမ်းစာအုပ်က မကြာခင်ထုတ်ဝေတော့မှာပါ။ဘယ်အစိုးရတက်လာလာ ဒီပြုစုထားတဲ့ဒါတွေရှိတယ်။ ဆက်ပြီးလုပ်လို့ရနိုင်အောင် မှတ်တမ်းတွေ လုပ်ထားပေးထားပါတယ်"ဟု ဦးသန်းဆွေဝင်း က ပြောသည်။
ပြုစုထားသည့် အဆိုပါနေရာ(၁၉၆ )နေရာအား နှစ်ည အိပ်မှ ငါးညအိပ်အထိ ခရီးသွား များ၏ စိတ်ဝင်စား မှုပေါ် သွားရောက်လည်ပတ်နိုင်စေရန် အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ကာ Package ခရီးစဥ် များ အဖြစ် ဖော်ဆောင်သွားရန် စီစဥ်ထားရှိကြောင်းသိရသည်။
ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ်များ ၊ ရဟန်းပုဂ္ဂိုလ်များ၊ထူးခြားသည့်စေတီပုထိုးများ၊ ကမ်းခြေများ နှင့်လှပသည့်ပြကွင်းပြကွက်ကောင်းလှသည့် ဒေသများကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
Contine Reading
By -
/ 21-10-2020ရှမ်းပြည်နယ်အတွင်းရှိ မြို့ကြီး ငါးမြို့ကို Tourism City အဖြစ် ပုံဖော်မည်
Travelling journal
ရှမ်းပြည်နယ်အတွင်းရှိ မြို့ကြီး ငါးမြို့ ကို Tourism City အဖြစ် မကြာခင် ပုံဖော် ဆောင် ရွက် သွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။
အဆိုပါ မြို့ငါးမြို့မှာ ကလော၊ညောင်ရွှေ၊ကျိုင်းတုံ၊သီပေါ၊လားရှိုး စသည့် ငါးမြို့ကို လျာထားကြောင်းသိရသည်။ ကိုဗစ်ကာလအလွန် ရှမ်းပြည်နယ်အတွင်းခရီးသွား လုပ်ငန်း စနစ်တကျ ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ရှမ်းပြည်နယ်နှင့် ကိုက်ညီမည့် Tourism Master Plan ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာဆီယံအဆင့် Clean Tourist City Award ဆုများအဖြစ် ကလောမြို့နှင့် တောင်ကြီး မြို့မှ ဆုရရှိခဲ့သလို တောင်ကြီးမြို့မှာ အာဆီယံ နိုင်ငံများထဲတွင် နေထိုင်သင့်သည့် အောင်စီဂျင် ပါဝင်မှု ရာခိုင်နှုန်း အများဆုံးဆု ကို ရရှိခဲ့ ပြီးဖြစ်ကြောင်းသိရ သည်။
" သီပေါမြို့က ကမ္ဘာ့ လှည့်ခရီးသွားတွေကြားမှာ စိတ်ဝင် စားစရာ လည်ပတ်စရာမြို့အဖြစ်နဲ့ဖော်ပြ ထားတာရှိပါတယ်။ သီပေါခရီးစဥ် ကို အနောက်နိုင်ငံသား အထူးသဖြင့် ဥရောပ သားတွေ အကြိုက်တွေ့ကြတဲ့မြို့ပါ"ဟုရှမ်းမြောက်ဟိုတယ်ခရီးတာဝန်ခံ ဦးသက်လင်းက Travelling journal သို့ ပြောသည်။
ရှမ်းပြည်နယ်သည် ဧရိယာအကျယ်ဝန်းဆုံးပြည်နယ်တစ်ခုဖြစ်ပြီး မတူကွဲပြား သည့်တိုင်းရင်းသားလူမျိုးစု ၃၃ မျိုး နေထိုင်ကြပြီး ရိုးရာယဉ်ကျေးမှု ၊ဝတ်စားဆင်ယင်မှု၊ ရိုးရာအစားအစာ၊ ရိုးရာပွဲတော်များနှင့် သဘာ၀ တောတောင် ရေမြေရှုခင်းများကြောင့်ပြည်တွင်း ပြည်ပများ၏ စိတ်ဝင်တစား လာရောက် လည်ပတ် နေကြသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
" Tourism City တစ်ခု ဖြစ်ဖို့ လိုအပ်မယ်ဆိုရင် ဒေသရဲ့သဘာဝ တရား ယဥ်ကျေးမှု ရိုးရာယဥ်ကျေးမှု အပန်းဖြေစရာတွေ လူနေမှူဘဝတွေ ကိုဖော်ထုတ်တတ်ရမယ် ။ထိမ်းသိမ်းတတ်ရမယ်။ ဒါ့ပြင်လုံခြုံစိတ်ချစွာ သက်တောင့်သက်သာ အလွယ်တကူသွားရောက်နိုင်စေရမယ်။ နေထိုင်တည်းခို စားသောက်ရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ဘဏ်ကိစ္စကစ အဆင်ပြေချောမွေ့စေရမယ်။ပိုပြီးအရေးကြီးတာက အဲဒီဒေသက သူတွေ အားလုံးက friendliness, hospitality စတဲ့အမူအကျင့်ကောင်းတွေဖွံ့ဖြိုးရှင်သန်နေရပါမယ်" ဟု Nature Lovers International မှ Chairman & CEO ဦးအောင်ဒင် က Travelling Journal သို့ ပြောသည်။
လက်ရှိ ရှမ်းပြည်နယ် အစိုးရ ငါးနှစ်သက်တမ်းအတွင်း Clean & Green Citiesမြို့ကြီး (၁၂ )မြို့ကိုလည်းဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Photo ko yea aye
Contine Reading
By -
/ 22-10-2020သီပေါမြို့တွင်း ပြည်ပခရီးသွား လည်ပတ်ခွင့် ကန့်သတ်ထားသည့် (၁၁) နေရာကို ဖြေလျော့ပေးရန် ဟိုတယ်/ခရီး တင်ပြ
Travelling journal
ဥရောပနိုင်ငံသားများ အများဆုံး လာရောက် လည်ပတ်ကြသည့် သီပေါမြို့တွင်း ပြည်ပခရီးသွား လည်ပတ်ခွင့် ကန့်သတ်ထားသည့် (၁၁) နေရာကို ဖြေလျော့ပေးရန် တင်ပြထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ) ရှမ်းမြောက် ဟိုတယ်/ခရီး တာဝန်ခံ ဦးသက်လင်း က Travelling journal သို့ ပြောသည်။
" ပြည်တွင်း ခရီးသွား ကတော့ ဘယ်နေရာသွားသွား ရတယ်။အခုက ပြည်ပဧည့်သည်တွေ အတွက် ကန့်သတ်ဧရိယာကနေ ဖြေလျော့ပေးဖို့ တရားဝင်ဖြစ်သွားအောင်ပါ။ဥပမာ ချောင်းဆုံနေရာမျိုးပေါ့။ မြို့နဲ့မလှမ်းမကမ်းနေရာတွေကို တင်ထားတယ် "ဟု ၄င်းက ပြောသည်။
ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်နိုင်စေရန်အတွက် မြို့ပြင်ခွင့်ပြုချက်တင်ပြတောင်းခံထားသည့်( ၁၁) နေရာမှာ တုံစင့်ဘိုးဘိုးကြီး နတ်နန်း၊ သိမ်တောင် Sun Set ၊နမ့်ဟူးနွဲ့ရေတံခွန်၊ချောင်းဆုံ သဘာဝရှုခင်း(နမ္မတူမြစ်နှင့်နမ္မချောင်း ဆုံပြီး ဒုဌဝတီမြစ် ဖြစ်ပေါ်လာသောနေရာ)၊နမ့်တုတ်ရေတံခွန်၊ ဖာဖိတ်သဘာဝချောင်းရေထွက်၊သဘာဝရေပူ၊ သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်၊Little Bagan ၊လွယ်မုဒ်တောင်၊ စော်ဘွားသင်္ချိုင်း၊ (ရိုးရာ) အိမ်တွင်း မှု (ယပ်တောင်/ဆေးလိပ်လုပ်ငန်း)စသည့် နေရာများသို့ သွားလာလည်ပတ်နိုင်ရန်တင်ပြထားပြီးဖြစ်ကြောင်းသိရသည်။ယင်းတောင်းဆို ထားသည့် နေရာများမှာ သီပေါမြို့မှ အကွာအဝေး ၆ မိုင်ခန့်အတွင်းရှိ နေရာများ ဖြစ်ကြောင်း သိရသည် ။
သီပေါမြို့နယ်အတွင်း နိုင်ငံခြားသားဧည့်သည်များလာရောက်လည်ပတ်ရာတွင် နေထိုင်သည့် ရက် ပိုမိုကြာလာစေရန်နှင့် နယ်မြေဒေသကောင်းမွန်သည့် မြို့နှင့်အနီး တစ်ဝိုက်ရှိ တိုင်းရင်းသားကျေးရွာများသို့ လည်ပတ်ခွင့်ရရှိစေရန် ကန့်သတ်ဧရိယာအဖြစ်မှ ဖြေလျော့ ပေးနိုင်ရန် နှင့် ယင်းကဲ့သို့ ဖြေလျော့ပေးနိုင်ပါက ခရီးသွား ကုမ္ပဏီများကလည်း Package Tour များကို တရားဝင် ရောင်းချနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။
" ကျွန်မတို့ဆီမှာ လာတည်းတဲ့ နိုင်ငံခြားသားအများစုဆိုရင် လာရင် သီပေါသွားချင်လို့ အဲဒီလို အရင်မေးကြတယ်။သွားလို့ရပြီလား မေးကြလေ့ရှိတယ်"ဟု ရန်ကုန်အခြေစိုက် ဖွင့်လှစ်ထားသည့် ဟိုတယ် တစ်ခု ၏ မန်နေဂျာ တစ်ဦးက Travelling journal သို့ ပြောသည်။
လက်ရှိတွင် သီပေါမြိုသို့ အများစု လာရောက်လည်ပတ်ကြသည့် နေရာများမှာ ဘော်ကြိုဘုရား၊ စောမွန်လှဘုရား၊ရှေးဟောင်းစေတီပုထိုးများ၊ရှေးဟောင်းဘုန်းတော်ကြီးကျောင်းနှင့်နှီးဘုရား(ဒေသအခေါ် Little Bagan)၊ဒုဌဝတီမြစ်အတွင်းလှေစီးခြင်း ၊ချောင်းဆုံအနီးတစ်ဝိုက် လည်ပတ်ခြင်း၊ ဒုဌဝတီမြစ်ကမ်းဘေးရှိ စွန်လုံကျေးရွာအတွင်း လည်ပတ်ခြင်း၊ သီပေါဟော်နန်း၊ သီပေါမြို့မဈေး၊တိမ်တောင်ဘုရား စသည့်နေရာများကိုသွားလာ လည်ပတ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ)၏ စာရင်းအရ သိရသည်။
မကြာမီတွင် သီပေါမြို့၌ အများပြည်သူသန့်စင်ခန်း (Public Toilet) နှင့် သတင်းအချက်အလက်စင်တာ ရုံးကို ပြည်နယ်အစိုးရဘတ်ဂျတ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သီပေါမြို့သို့ နှစ်စဥ် နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ တစ်နှစ်လျှင် လူဦးရေ ၁၅၀၀၀ ဝန်းကျင် လာရောက်လည်ပတ်နေပြီး Tourism City ဖော်ဆောင်မည့်မြို့လည်း ဖြစ်ကြောင်း သိရသည်။
Photo He& She /ရှမ်းမြောက်(ဟိုတယ်/ခရီး)
Contine Reading
By -
/ 23-10-2020မြန်မာ့ခရီးသွားဘဏ် မှ ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိမည်
Travelling journal
သီတင်းကျွတ်၊တန်ဆောင်တိုင် နှင့် New Year အတွက် အထူးရည်ရွယ်ပြီး မြန်မာ့ခရီးသွားဘဏ် မှ လက်ဆောင် ငွေသားလက်မှတ် Gift Voucher များ မကြာခင် ထွက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ Brand Managerဦး စိုင်းဝင်းမင်းဦး က Travelling journal သို့ ပြောသည်။
အဆိုပါ Bank Product ကို လာမည့်ရှေ့တစ်ပတ်အတွင်း ထွက်ရှိရန် စီစဥ်ထားပြီး မြန်မာ့ခရီးသွားဘဏ် မှ အများပြည်သူ လက်လှမ်းမီ သည့် ငွေသား လက်ဆောင်ကဒ် ကျပ် တစ်သောင်း မှ ကျပ် ငါးသောင်းထိ သုံးမျိုးခွဲ ခြားထား ထုတ်ထားပေးကြောင်း သိရသည်။
" Gift Voucher က သုံးမျိုးရှိပါတယ်။ တစ်သောင်း တန် သုံးသောင်းတန် ငါးသောင်းတန် လုပ်ထားပါတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို လက်ဆောင်ကဒ်ပေးလို့ရအောင် ရည်ရွယ်ပြီး ထုတ်တာပါ"ဟု ၄င်းက ပြောသည်။
အဆိုပါ Gift Voucher ပေးချင်သည့် Customer များ အနေဖြင့် မြန်မာ့ခရီးသွားဘဏ် တွင် အကောင့် ဖွင့်လှစ်ထားသူဖြစ်ရပြီး Gift Voucher ဖြင့် လဲလှယ်ရယူနိုင်ကြောင်းသိရသည်။ ထို့ပြင် Gift Voucher ရရှိသည့် Customer များအနေဖြင့် မြန်မာ့ခရီးသွားဘဏ် ၏မည်သည့်ဘဏ်ခွဲမဆို လာရောက် ကာ ငွေသားဖြင့် ချက်ချင်း လဲလှယ်ယူနိုင်ကြောင်း သိရသည်။
Contine Reading
By -
/ 25-10-2020ပထမဆုံး ကျွန်းပေါ် CBTကို ဒုံးကျွန်းတွင် ဖော်ဆောင်
#Travelling journal
မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းပေါ်အခြေပြု CBT ကိုဒုံးကျွန်းပေါ်တွင် ဖော်ဆောင်နေကြောင်း တနသ်ာရီတိုင်းဒေသကြီး ဟိုတယ် /ခရီး တိုင်းတာဝန်ခံ ဦးညိုအေးက Travelling journal သို့ ပြောသည်။
"တိုင်းအစိုးရ က ကျပ်သိန်း၁၀၀ ရယ်။မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း ၁၃၀ လောက်မတည် ထည့်ဝင်ပြီး ဒီ CBTကို ဖော်ဆောင်ပေးတာပါ။ ကျန်တာကိုတော့ ကျေးရွာက လူတွေနဲ့ခရီးသွားအသင်း ညှိနှိုင်းချိတ်ဆက်ပြီး ဆက်လုပ်သွားကြမှာပါ။ ကျေးရွာ အပိုင်ထားခဲ့မှာ ပါ။ တခြား CBT တွေလို သုံးနှစ်ကာလမှာ ရင်းနှီးမြှုပ်နှံတဲ့သူကို ပြန်ပြီး ငွေပမာဏတစ်ခုပေးရတာမျိုးရှိတယ်။ ကျွန်တော်တို့ က တော့ စလုပ်ကတည်းက ခရီးသွားကုမ္ပဏီ ဘက် ကနေ ဧည့်သည်ပို့ပေးမယ်။ရလာတဲ့အကျိုးအမြတ်ကို သူတို့ယူ။ ထပ်ပြီးတိုးချဲ့တာရှိရင် သူတို့လုပ်။ ဝန်ဆောင်မှု ပိုင်းကိုတော့သင်တန်းမျိုးစုံပေးနိုင်အောင် ကျွန်တော်တို့က သင်တန်းပို့ချပေးပြီးပါပြီ။ တနေ့ကမှ ကျွန်းကနေ ပြန်လာတာပါ။ ကျွန်းပေါ် ပထမဆုံး CBT ဆိုတော့ အောင်မြင် ဖို့အလားအလာက အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်"ဟု ဦးညိုအေးက Travelling journal ကို ပြောသည်။
တနသ်ာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ဒုံးကျွန်း ပေါ်တွင် ဆလုံလူမျိုးအများစု နေထိုင်ကြသည့် ဒုံးညောင်မှိုင်းကျေးရွာကို ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း(CBT)ကျေးရွာအဖြစ် ဖော်ဆောင်ထားပြီး ပင် လယ်ပြင်အတွင်း ပြည်တွင်း၊ပြည်ပ ခရီးသည်များ ညအိပ်ခွင့်ရရှိမည့် ကျွန်းပေါ်CBT ဖြစ်လာမည်ဖြစ်သည်။
"ဘိတ်ကနေ ၄၈ မိုင်ခန့်ကွာဝေးပါတယ်။ Speed Boat နဲ့ ဆိုရင် နှစ်နာရီခန့်သွားရပါတယ်။ ဒီရွာလေးရဲ့ပတ်လည်အနီးတဝိုက်မှာ မြိတ်ခရိုင်ရဲ့ အဓိကပင်လယ်ပြင်ခရီးစဉ်တွေဖြစ်တဲ့ စမတ်ကျွန်း(ပါပန့်ကျွန်း)၊လေးကျွန်း၊ဘေလီကျွန်း၊နှစ်ဖက်လှကျွန်း၊နတ်သမီးရေတွင်းကျွန်း စတဲ့ကျွန်းတွေရှိပါတယ်။ အချိန်တိုတွင်း ဒုံးကျွန်းကနေ သွားရောက်နိုင်ပါတယ်"ဟု ကွင်းဆင်းလေ့လာခဲ့သည့် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးလွှမ်းမိုးက Travelling journal ကို ပြောသည်။
ဒုံးညောင်မှိုင်းကျေးရွာတွင် ကရင်၊ဗမာ၊ဆလုံ လူမျိုးများအခြေချနေထိုင်ပြီး လူဦးရေ (၇၃၉ )ဦးနေထိုင်ပြီး ဆလုံလူဦးရေ ၂၀၉ ဦးနေထိုင်သဖြင့် ဆလုံကျေးရွာဟုလည်း ခေါ်ဆိုကြောင်း သိရသည်။
လက်ရှိတွင် ခရီးသည် (၁၆)ဦးတည်း ခိုနေထိုင်နိုင် သည့် အဆောက်အဦး များကို ဆောက်လုပ်လျက်ရှိနေကြောင်း ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပြီးတနသ်ာရီတိုင်းဒေသကြီးအတွင်း CBT ကျေးရွာ သုံးခုကို ဖော်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
Photo Hlwann moe
နိုဝင်ဘာ ၁၄ရက္က ဟိုတယ်ခရီးရုံး ထားဝယ်၊မြိတ်ရုံးခွဲမှ တာဝန် ရှိသူများနှင့် မြိတ်ခရီးသွားအသင်းတို့က ဒုံးကျွန်းပေါ်တွင် တည်ဆောက်နေသည့် အခြေအနေများကို သွားရောက် ကြည့်ရှုခဲ့သည့်မြင်ကွင်းကို တွေ့ရစဉ်။
Contine Reading
By -
/ 16-11-2020အနက် ၃၀ ခန့် ရှိပြီး ထူးဆန်းသော ကျောက်ရေကန် ရှိသည့် တုရင်းတောင် ပတ်ဝန်းကျင်ဒေသ ကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်ခရီး စီစဥ်
Travelling journal
ထူးဆန်းသော ကျောက်ရေကန် တည်ရှိသည့် တုရင်း တောင် ပတ်ဝန်းကျင်ဒေသကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူ ဦးစီးဌာန မှ စီစဥ်နေကြောင်း ပုဂံရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်က Travelling journal သို့ပြောသည်။
အဆိုပါ ကျောက်ရေကန်မှာ တုရင်းတောင်၏ အရှေ့ဘက်တွင် တည်ရှိပြီးပုဂံမြို့မှ ကားဖြင့် လာရောက်မည်ဆိုပါက မိနစ်၂၀ခန့်ကြာမြှင့်ပြီး ထိုမှတဆင့် ၁၅မိနစ်ခန့် လမ်းလျှောက်မည်ဆိုပါက ကျောက်ရေကန်ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
"ကျောက်ရေကန် ကနေ ကြည့်လိုက်ရင် ဧရာဝတီ မြစ်အလှနဲ့ ပုဂံမြို့ကို စီးပြီးကြည့်နိုင်လို့ရတယ်။ ဒီကျောက်ရေကန်ကနေ ဆက်တက်ရင် အပေါ် မှာ ဘုရား နှစ်ဆူ ကို ထပ် လေ့လာလို့ရသေးတယ်"ဟု ဦးဝင်းအောင်က Travelling journal ကို ပြောသည်။
လက်ရှိတွင် အဆိုပါနေရာသို့ ရန်ကုန်မြို့မှ ပြည်တွင်းခရီးသွား များလာရောက်လေ့လာပြီး ဓာတ်ပုံများ ရိုက်ကူးကာ လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ခြင်းကြောင့် ပြည်တွင်းခရီးသွား ကြားများတွင် ပေါ်ပြူလာဖြစ် လာခဲ့သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းသိရသည်။
ယင်း ကျောက်ရေကန်သည် အလျား ၈၀' အနံ ၈၀' အနက် ၃၀' ခန့် ရှိပြီး အလွန်ထူးခြားလှသည့် ရေကန်တစ်ခု ဖြစ်ကြောင်း သိရသည်။ ပါးစပ်ရာဇဝင်များအရအနော်ရထာ မင်းလက်ထက်က ရေကန်တွင် အလုပ်လုပ်သူများ နားနေကြသည့် နေရာဟုလည်း ဆို ကြောင်းသိရသည်။ ကျောက်ရေကန် အတွင်းတွင် ဝင်္ကပါပုံစံ ၊နဂါးရုံ ပုံ၊ ဇာမဏီငှက်ပုံ စသည်တို့ကိုထွင်းထုထားသည့်လက်ရာများကို တွေ့မြင်နိုင်ကြောင်း သိရသည်။
Photo DHT Bagan
Contine Reading
By -
/ 16-11-2020ဌက်ပျောရွက်ပတ်ပြီး ဂူတွင်းနေထိုင်သည့် လူပုမျိုးနွယ် မိသားစုတစ်စု လွယ်ပီကော်လာတောင် ဝန်းကျင်တွင် နေထိုင်ကြောင်း သက်သေများ တွေ့ရှိ
လွယ်ပီကော်လာတောင်ကို အဝေးမှ မြင်တွေ့ရစဥ်
Travelling journal
ဒုတိယကမ္ဘာစစ် ကာလအတွင်းက ကျန်ရှိနေခဲ့သည့်မျိူးနွယ်စု အဖြစ် ယူဆထားခြင်း ခံရသည့် လူပုမျိုးနွယ် မိသားစု တစ်စု မှာ ကျိုင်းတုံ မြို့ လွယ်ပီကော်လာတောင် ပတ်ဝန်း ကျင်တွင် နေထိုင်ကြောင်း သိရှိလာခဲ့ရသည်ဟု ရွှေတြိဂံဟိုတယ်ဇုန်မှ အဖွဲ့ဝင် ဦးမျိုးမြင့်လွင် က Travelling Journal သို့ ပြောသည်။
နိုဝင်ဘာ ၁၃ ရက်နေ့က နားပေါ်ရွာ ဘက်သို့ ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်အမတ် ဒေါက်တာ ဝဏ္ဍစိုး နှင့် လိုက်ပါ သွားရောက်ခဲ့ရာမှ ဒေသခံများ၏ ပြောဆို ပြောပြချက်များကို ကြားသိ လာခဲ့ရခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်လွင် က ရှင်းပြသည်။
’’ အခုက အနီးစပ်ဆုံးနေရာကိုပဲ ရောက်ခဲ့တာပါ။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အဝတ်အစားမဝတ်ပဲ ဌက်ပျောရွက် သာပတ်ပြီး နေထိုင်ကြတယ်လို့သိရတယ်။ သူတို့က ဆား လာသုံးဆောင်ကြတယ်။ ပြေးလွှား သွားတာက အရမ်းမြန်တယ်။ မိန်းမနဲ့ကလေးတွေကို ဂူထဲမှာ ဖွက်ထားကြတယ်။ မီးမသုံးဘူး၊ မီးသုံး လိုက်ရင် လူကောင်းတွေက ခြေရာခံတာ လွယ်သွားမှာစိုးလို့ ၊ ပြီးခဲ့တဲ့ သုံးရက်လောက်က တောနင်းပြီး လမ်းတွေကြည့်တဲ့အခါ လမ်းတွေစစ်ရင်း ဒီဘက်ဒေသ ရွာတွေက သတင်းပို့ ပေးတာဖြစ်ပါတယ်’’ဟု ဦးမျိုးမြင့်လွင် က ပြောသည်။
ရှေ့မီနောက်မီ လူကြီးများပြောကြားချက်အရ ရှမ်းစကားနှင့် နီးသည့်အတွက် စကားပြောဆို ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်းက အိမ်မပြန်တတ်တော့ပဲ စစ်ရှောင်ပြီး ရောက်လာခဲ့ကြသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
"လောလောဆယ်ပြီးခဲ့တဲ့ ရက်ကတော့ အဲဒီရွာကလူတွေနဲ့ ဆက်သွယ်ကြည့်တာတော့ မိသားစုက တစ်စုပဲ ကျန်တော့တယ်။ သေကုန်ကြပြီ။ ဘာမျိုးနွယ်မှန်းတော့ မသိရသေးဘူး၊သူတို့နဲ့ထိစပ်ခဲ့တဲ့ ရွာသူရွာသားတွေက ၁၉ရက်နေ့ကျရင် လူကြီး ပိုင်းတွေ ကျိုင်းတုံကို လာမှာလို့ ပြောတယ်"ဟု ဦးမျိုးမြင့်လွင် က ပြောပြသည်။
အဆိုပါ လူပုမျိုးနွယ်စုနှင့်လားဟူရှီးဒေသခံများနှင့် တွေ့ကြလေ့ရှိပြီး လားဟူရှီးစကားဖြင့်သာပြောဆိုကြလေ့ရှိသည်ဟု သိရသည်။ ယင်း လားဟူးရှီးရွာများဆီသို့သွားရောက်မည်ဆိုပါကလမ်းခရီးတွင် သုံးလေးရက် အချိန်ပေးပြီးမှ ရောက်ရှိကြောင်း သိရသည်။
" ရှမ်းစကားနဲ့လည်းမရဘူး။ လားဟူစကားနဲ့မှ မေးရတာ။ သူတို့ပြောတာကတော့ အရပ် လေးပေ လောက်တော့ရှိတယ်ပြောတယ်။ မီးလည်းမသုံးဘူး။ အသားစိမ်းတွေ စားတာဆိုတော့ ကိုယ့်ကို အန္တရာယ်ပြုနိုင်မလား။ ဒါလည်းစိုးရိမ်ရသေးတယ်"ဟု ၄င်းက ဆိုသည်။
လားဟူးရှီးလူမျိုးများသည် ပေ ၄၀၀၀ အထက် တောင်တန်းများတွင် နေထိုင်ကြပြီး ပေ၄၀၀၀ အောက်တွင် အာခါလူမျိုးများနေထိုင်ကြောင်းသိရသည်။
"နှစ်သစ်ကူးဆို သူတို့လာတက်တယ်ပြောတယ်။ ကျိုင်းတုံ မိုင်းဆက် လမ်းဘေးကနေသွားရတာပါ။ ကျွန်တော်တို့မမြင်ဖူးသေးဘူး၊ ဒေသခံတွေပြောတာကိုကြားခဲ့ရတာပါ’’ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က Travelling သို့ပြောသည်။
အဆိုပါ လူပုမျိုးနွယ်စုမှာ ပုံခေတ်ပုံပြည့် နှင့် လွယ်ပီကော်လာတောင် အနီးပတ်ဝန်းကျင် ပေပေါင်း ၇၀၀၀ ကျော်တောင်တန်းများတွင်နေထိုင်ကြကြောင်းသိရသည်။
ယင်းမျိုးနွယ်စုမှာ လက်ရှိတွင် ဂူထဲတွင် နေထိုင်ကြပြီး ဒေသခံရွာသားများမှ ယင်းတို့နေသည့် ဂူကို မုဆိုးနှင့် မှတ်ထားသားကြောင်း သိရသည်။
"ဒီလကုန်ပိုင်းထပ်သွားဖို့လုပ်ထားတယ်။ ကားကိုရသလောက်မောင်းပြီး ဟိုဘက်ကို ခြေလျှင်တက်ရမှာဖြစ်တယ်။ သူတို့ကို ဒီတိုင်းတွေ့ရဖို့ဆိုတာက အရမ်းခက်ခဲတယ်။ ဒေသခံ မုဆိုးတွေကို မေးကြည့်တော့ သူတို့ နေထိုင်မကောင်းဖြစ်ရင် ကုတဲ့ ဆရာမ တစ်ယောက်ရှိတယ် ပြောတယ်။ အဲဒီဆရာမ ထွက်ပြလိုက်ရင်တော့ ထွက်ပြတယ်လို့ ဆိုကြတယ်။ အဲဒီ ဆရာမက နားပေါ်ရွာနားမှာ နေတယ်လို့ ပြောတယ် "ဟု ဦးမျိုးမြင့်လွင်က Travelling journal ကို ပြောသည်။
Photo Ye Myint Aung
Contine Reading
By -
/ 17-11-2020ခရီးသွားစီးပွားရေးပုံစံသစ် ပြောင်းလဲရန် လိုအပ်နေ
အင်းဝမြိုဟောင်းရှိ ဗားဂရာကျောင်းတော်ကြီးသိူ့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်များကိုတွေမြင်ရစဥ်
Travelling journal
လက်ရှိ အတိုင်းသွားနေသည့် ခရီးသွား လုပ်ငန်းကို ပိုပြီးတိုးတက်အောင်မြင်လာစေလိုပါက ခရီးသွား စီးပွားရေးပုံစံသစ်ကို ပြောင်းလဲလုပ်ကိုင်သင့်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက Travelling journal သို့ ပြောသည်။
ခရီးသွားစီးပွားရေးပုံစံမျိုးကို ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်သလို တစ်ဖက်တွင် သဘာဝတရား မပျက်စီး စေခြင်းနှင့် ယဥ်ကျေးမှု ကိုလည်း မပျက်စီးအောင် ထိန်းသိမ်း လုပ်ဆောင်နိုင်မှသာ ရေရှည်အောင်မြင်မည့် ခရီးသွား လုပ်ငန်းဖြစ်လာမည်ဟု ဒေါ်မေမြတ်မွန်ဝင်းက သုံးသပ် ပြော ကြားသည်။
"ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးက Story Telling ကုန်ကြမ်းတွေပါ။ အကြောင်း ကြောင်းကြောင့်ဒီနေ့ထိ Tourism Product တခု ဖြစ်မလာခဲ့ဘူး။ မြို့နယ်အလိုက် တိုင်းနဲ့ ပြည်နယ်အလိုက် ခရီးသွားစီးပွားအတွက် အလားအလာတွေကို အုပ်ချုပ်သူတွေရော ပြည်သူတွေပါ နားလည်လာတဲ့တနေ့ မြန်မာ့နိုင်ငံရဲ့ အဓိက ဝင်ငွေဟာ ခရီးသွားကနေ ရှာနိုင်လာပါလိမ့်မယ်။ ဆန် တစ်တန် စိုက်ပြီးရောင်းမှ ဒေါ်လာ ၃၀၀ ရတာပါ။ မန္တလေးမှာ ခရီးသွားဧည့်သည်တယောက်ကို နှစ်ည အိပ်ခိုင်းနိုင်ရင် အဲဒီ ဆန်တစ်တန် ဖိုး ဝင်ငွေ ရပါပြီ"ဟု ဂျပန်ခရီးသွား စျေးကွက်ကို လုပ်ဆောင်နေသည့်VIVO Myanmar DMC ကုမ္ပဏီ မှ CEOဖြစ်သူဦးရဲထွန်းဦးက ပြောသည်။
လက်ရှိ တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ လည်း သက်ဆိုင်ရာဒေသအလိုက် ခရီးစဥ် သစ်များ ဖော်ဆောင်ရေးနှင့် ခရီးသွားများဝင်ရောက်မှု ပိုမိုတိုးတက်လာစေရန် DMOအဖွဲ့အစည်းများကို ဖွဲ့စည်းထားနေပြီးဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတတ်လာစေရန် CBT ကျေးရွာ များကို ပြည်နယ်နှင့်တိုင်းအသီးသီးတွင် အကောင် အထည်ဖော်ဆောင် ထားသော်လည်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးသည့် CBT ကျေးရွာ များ ရှိနေသေးကြောင်း စုံစမ်း သိရသည်။
လက်ရှိတွင် ခရီးသွားကုမ္ပဏီ အများစုမှာ ရှိပြီးသားခရီးစဥ်များကိုသာ ရောင်းချနေဆဲအနေအထားများသာရှိနေပြီး ခရီးသွား အကြိုက် ခရီးစဥ် Package များကို အသစ်ဖန်တီးရန် လိုနေကြောင်း သိရသည်။
"တိုးရစ်တွေတော့ သွားနေတယ်။လမ်းမှာ သူ့တို့အိတ်ထဲက ပိုက်ဆံမသုံးနိုင်ဘူးဖြစ်နေတာတွေ ရှိနေတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ မေမြတ်မွန်ဝင်း က ဆိုသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း (၄၄ဝ) ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံး ကဏ္ဍထဲတွင် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။
Photo Travelling journal
Contine Reading
By -
/ 17-11-2020နှစ်ပေါင်း၂၀ကျော် တိမ်မြှုပ်နေသည့် အင်းလေးရေပေါ်စျေးကို လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော်ဆောင်သွားမည်
Travelling Journal
အင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပြီးနှစ်ပေါင်း၂၂ နှစ်ကျော် တိမ်မြှုပ်ပျောက်ကွယ်နေရသည့် အင်းလေးရေပေါ်ဈေးကို ပြန်လည်အသက်ဝင်လာစေရန် လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော် သွားပေး မည်ဖြစ်ကြောင်း ရှမ်းပြည် နယ် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၊ ဒေသဆိုင်ရာ ခရီးသွားကော်မတီ ဒုဥက္ကဋ္ဌဦးစိုးညွှန့်လွင် က Travelling Journal သို့ ပြောသည်။
"အခုလက်ထက်မှာ ဖော်ဆောင်သွားမှာပါ။ မနေ့က ဝန်ကြီး ဦးအုန်းမောင် နဲ့တောင် ပြောဖြစ်သေးတယ်။သဘောတူတယ် "ဟု ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။
ယခင် ရေပေါ်ဈေး တည်ရှိသည့် မူလရေပေါ်ဈေးရွာဖြစ်သည့် ဟဲယာရွာမတွင် ပြန်လည်ဖော်ထုတ်ပေးရန်လည်း အင်းတိုင်းရင်းသားဒေသခံ ဒေါ်နှောင်းပပညိုက Travelling journal သို့ အကြံပြုပြောကြားသည်။
ရေပေါ်ဈေးကို ဖော်ဆောင်မည်ဆိုပါက လက်ဖြင့် လှော်ရသည့် လှေဖြစ်ရန်လည်း လိုအပ်သည်ဟု တောင်ကြီးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး က Travelling Journal သို့ ပြောသည်။
’’ရေပေါ်ဈေး ဖော်ဆောင်မယ်ဆိုရင် လက်နဲ့လှော်တဲ့ လှေဖြစ်ဖို့လည်း လိုတယ်။ အဲဒီလိုလှေ အသေးလေးတွေကမရှိတော့ပဲ စက်နဲ့သွားတဲ့လှေကြီးတွေဖြစ်နေတော့ နည်းနည်းကြပ်နေတယ်။ ဟဲယာရွာမမှာ လုပ်နေတာက အဆင်ပြေနိုင်တယ်ဆိုပေမဲ့ တစ်ချိူ့တွေက ကမ်းစပ်မှာ လာရောင်းတယ်။ လူတွေက ရေပေါ်မဆင်းတော့ပဲ ကုန်းပေါ်မှာဘဲ ရောင်းနေတော့ ရွှေ့ကုန်မှာ စိုးရတယ်။ အဲဒီတစ်ခုကို စိုးရိမ်တယ်။ အခုရွာမ မှာ ကိုဗစ်ကြောင့် သူ့သဘာ၀ အတိုင်း ပြန်ဖြစ်သွားကြတယ်။ သူ့ဘာသာသူ ပြန်ပေါ်လာစေချင်တယ်။ သဘာဝအတိုင်း ပြန် ပေါ်လာရင် ကျွန်တော်တို့က မသိမသာ ဝန်းရံအားပေးလိုက်ရင် တော်တော် အောင်မြင်သွားမှာဖြစ်တယ် ’’ဟု ၎င်းက ပြောသည်။
ရေပေါ်ဈေးကို မူလ ဟဲယာရွာမအပြင် နန့်ပန်ရွာတွင်လည်း လုပ်ဆောင်သင့်ပြီး နန့်ပန်ရွာတွင် ရေပေါ်ဈေး လုပ်လို့ရနိုင်သည့် ရေပြင်ကျယ်ရှိသည့်အတွက် ဖြစ်နိုင်ချေပိုများကြောင်းလည်း သိရသည်။
’’ရေပေါ်ဈေးက ပြောရမယ်ဆိုရင် အင်းသားရိုးရာအမွေအနှစ်လို့ပြောရမယ်။ လက်ရှိအဟောင်းလေးကိုပဲပြန်ပြီး ဖော်ဆောင်ပေးစေချင်တယ်။ ဟဲယာရွာမကိုလုပ်စေချင်တယ်။ အဟောင်းလေးလည်းရှိနေမယ်။ တစ်ခုတော့ရှိတယ်။ ဟဲယာရွာမကျတော့ ဘီလူးချောင်းရဲ့ နှုန်းခံဧရိယာကြီးဖြစ်နေတာဆိုတာမို့ နှစ်တိုင်းလူထုအားနဲ့ဘယ်လောက်ပဲလုပ်လုပ် ဖယ်ရှားရှားနှုန်းခံ ဧရိယာကြီးလိုဖြစ်နေတယ်။ နွေသုံးလေးလလောက်ကတော့ မရပါဘူး။ မိုးရယ်၊ ဆောင်းရယ်ကျတော့ ရွာမမှာက အမြဲရေရှိတယ်၊ ရေပေါ်ဈေး တိမ်ကောရခြင်းအကြောင်းရင်းကလည်း အဲဒါပါပဲ။ ပျက်စီးလာတော့ ရေပေါ်ဈေးဧရိယာက ခြောက် လာတယ်၊ ရေအမြဲတမ်း ရှိတဲ့နေရာမှာ နောက်ထပ်တစ်ခု ဖြစ်ဖြစ်ပေါ်လာရင်လည်း ပြယုဒ်လေးတစ်ခုရှိတာပေါ့’’ဟု ဟဲယာရွာမတွင် နှစ်ပေါင်း၄၀ နီးပါး နေထိုင်သည့် အင်းတိုင်းရင်းသူ ဒေါ်နှောင်းပပညိုက Travelling Journal သို့ ပြောသည်။
ကိုဗစ်ကာလအတွင်း အောက်တိုဘာ ၂ ရက်မှစတင်ကာ ဟဲယာရွာမတွင် ရေပေါ်ဈေး တစ်ဖန် ပြန်လည် အသက် ဝင် လာ ခဲ့ကြောင်းသိရသည်။ဟဲယာရွာမ၏ ရေပေါ်စျေးနေ့မှာ တောင်ကြီးမြို့၏ စျေးနေ့နှင့် အတူတူဖြစ်ပြီး မူလရေပေါ်စျေးနေ့ဖြစ်ကြောင်း သိရသည်။
’’ဒီနေ့ထိတော့ ရောင်းနေပေမယ့် တစ်ချို့က ကုန်းပေါ်မှာအမြဲ ရောင်းနေကြတော့ ရေပေါ်ဆင်းရောင်းတဲ့အခါ အဆင်မပြေမှုလေးတွေကြုံရတယ်။ ကမ်းနဖူးမှာ ရေစင်လေးတွေ ဆောက်ပြီး တော့ လုပ်ပေးတယ်။ ရေပေါ်ကနေ ဝယ်တဲ့သူလည်းရှိတယ်လေ။ ဒါပေမယ့် ဒေသခံ တစ်ချို့က ကန့်ကွက်နေတာလည်းရှိတယ်။ အဆင်မပြေဘူး ဆိုပြီး ကန့်ကွက်နေတာ။ ရင်ဆိုင်နေရတုန်းပါပဲ။ အချင်းချင်းပဋိပက္ခဖြစ်နေကြတဲ့ပုံစံမို့ လက်လျော့ထားပေမယ့်အတင်းကြီးမလုပ်ဖူး။ဖျက်လိုဖျက်စီးလုပ်ချင်တဲ့သူတွေက ဈေးသည်တွေကိုအပေါ်ကို ပြန်တက်ခိုင်းနေကြတယ်။ အဲဒါလေးတွေရှိတယ်’’ဟု လက်ရှိရေပေါ်ဈေးပြန်လည်ဖော်ဆောင်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူဒေါ်နှောင်းပပညိုက ရှင်းပြသည်။
တစ်ချိန်က အထင်ကရကျော်ကြားခဲ့သည့် မူလ ဟဲယာရွာမရေပေါ်ဈေးမှာ ၁၉၇၀ မတိုင်ခင် လောက်က ပုံမှန်ဖြစ်နေပြီး ၁၉၉၈ နောက်ပိုင်း ကာလများတွင် တဖြည်းဖြည်း ပျောက်ကွယ်တိမ်မြှုပ်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ လက်ရှိဟဲယာရွာမသည်အိမ်ခြေ ၁၃၀၀ကျော် ရှိပြီး လက်မှု လုပ်ငန်းထွန်းကားသည့်ကျေးရွာ ကြီး ဖြစ်ကြောင်းသိရ သည်။
PhotoAdventures by Sai Swan
ယခုနှစ် အောက်တိုဘာလအတွင်းက ရိုက်ကူးထားသည့်ဟဲယာရွာမ၏ ရေပေါ်စျေးမြင်ကွင်းအလှကို တွေ့မြင်ရစဥ်
Contine Reading
By -
/ 19-11-2020မြစ်ကြီးနားမြို့တွင် ၁၀၈ ပေ အမြင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို စတင် တည်ထားကိုးကွယ်
Travelling journal
မြစ်ကြီးနားမြို့တွင် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကို စတင် တည်ထားကိုးကွယ် ထားကြောင်း မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းမှဆရာတော်ဦးနေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။
"လွန်ခဲ့တဲ့ လေးနှစ်ကတည်းက တည်ဆောက်နေတာပါ။ ရည်ရွယ်ချက်က ဒီဘက်မှာ သာသနာတော် အရမ်းကြီးလည်းမထွန်းကားသေးဘူး။ ၇ ရက်သားသမီးတွေကို ကုသိုလ်ရစေချင်တာမို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်"ဟု ဆရာတော်ဦးနေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။
မြစ်ကြီးနား မြို့ ပလန ကျေးရွာ ၊မြစ်ဆုံသွားသည့်လမ်းတွင် ရှိပြီး ပလန၂ ကံ့ကော်မြိုင်ကျေးရွာရှိ မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းအတွင်း တည်ထားကိုးကွယ် ထားရှိကြောင်း ဆရာတော်က မိန့်တော်မူသည်။
"အရမ်းသပ္ပါယ်တယ်။ အခုလို မြစ်ကြီးနားမြို့ပေါ်မှာ သွားရောက်ဖူးမြှော်လို့ရတဲ့ နေရာတစ်ခုတိုးလာတာပေါ့။ အခု ဒီမှာက မြူတွေ ထနေတဲ့အချိန်ဆိုတော့ မနက် အာရုံပိုင်း သွားတဲ့အခါ မြူတွေကြားထဲမှာ အရမ်းကို သပ္ပါယ်တာပဲ"ဟု နိုဝင်ဘာ ၁၉ ရက်က သွားရောက် ဖူးမြှော်ခဲ့သည့် ဝိုင်းမော်ဒေသခံ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းကို ကျောင်းထိုင် ဆရာတော် ဒေါက်တာအရှင် နန္ဒဝံသ က ဦးဆောင်ပြီး ဧက ၂၀ ကျယ်ဝန်းသည့် ကျောင်းဝင်းအတွင်း မဇ္ဇိုမ လာဘ ဗောဓိမြတ်စွာ ဘုရား တည်ထားကိုးကွယ်ထားရှိခြင်းနှင့် သူငယ်တန်းမှ ၁၀တန်းအထိ ကျောင်းအိပ် ကျောင်းစား တက်ရောက်နိုင်သည့် အခမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ဖွင့်လှစ်ထားပေးကြောင်း သိရသည်။
Photo Spring Trave
မဇ္ဇိုမ လာဘ ဗောဓိမြတ်စွာ ဘုရား ကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဒေသခံပြည်သူတစ်ချို့လာရောက် ဖူးမြှော်ကြသည်ကို တွေ့ရစဥ်။
Contine Reading
By -
/ 21-11-2020လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟုဆို
Travelling Journal
လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူ ဆောင်ရွက်သွားနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောကြားလိုက်သည်။
လက်ရှိတွင် Follower များသည့် ဘလော့ဂါများနှင့် Influencer များမှ ခရီးစဉ်များကို ရေးဆွဲရောင်းချနေခြင်းများ ရှိနေသည့်အတွက် ခရီးသွားကုမ္ပဏီများမှ ဈေးကွက် ယှဉ်ပြိုင်မှု နှင့် ရင်ဆိုင်နေရခြင်းအပေါ် ဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။
ယနေ့ နေ့လည် (၁) နာရီ က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ပြုလုပ်သည့် "ခရီးသွားလုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ၏ ရေရှည်တည်တံ့ခိုင်မြဲမှု ′'ခေါင်းစဉ် ဆွေးနွေးပွဲတွင် UMTAအသင်းမှ ဒုဥက္ကဋ္ဌ ဖြစ်သည့် ဒေါ် အေးသီတာမိုး မေးသည့် မေးခွန်းကို ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဖြေကြားလိုက်ခြင်းဖြစ်သည် ။
"တိုင်ကြားမှသာ အရေးယူမှု ကို လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်၊ ခရီးသွားချင်းချင်းသိကြတဲ့ အော်ပရေတာအချင်းချင်းတွေက ပိုသိမှာပါ။ တိုင်ကြားမှသာ ထိထိရောက်ရောက် အရေးယူလို့ရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
ပြည်ပလိုင်စင်မရှိဘဲ ခရီးစဉ်ပို့သည့် ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း လ.ဝ.က ဥပဒေ နှင့် လူကုန်ကူးမှု ဥပဒေများဖြင့် အရေးယူမှုကို ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားကော်မတီမှ အရေးယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Contine Reading
By -
/ 24-11-2020ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်သစ် ဖော်ဆောင်မည်
Travelling journal
ကယားပြည်နယ် ရွာသစ်မြို့တွင် တည်ရှိသည့်ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်ရန် ခရီးစဉ်သစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကယားဒေသဆိုင်ရာခရီးသွားကော်မတီ အဖွဲ့ဝင် ခရီးသွား တတ်သိပညာရှင် ဦးသန်းထွေးက Travelling Journalသို့ ပြောသည်။
အဆိုပါ ဝိုဟရေတံခွန်ကို လွိုင်ကော်- ဒီမော့ဆို -ဖရူဆို-ဘော်လခဲလမ်းဆုံမှ သွားရောက်ပါက ရွာသစ်မြို့တွင်ရှိသည့် ယင်းရေတံခွန်ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းဒေသ သည်ပြည်တွင်းခရီးသွားများ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုအဖြစ်ကောင်းမွန်ပြီး ရွာသစ်မြို့တွင် စိတ်ဝင်စားစရာ လည်ပတ်စရာ လေ့လာစရာများလည်း ရှိခြင်းတို့ကြောင့် ခရီးစဉ်သစ် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
’’ ရေတံခွန်က ပြောရရင်တော်တော်မြှင့်တယ်။ ဓာတ်ပုံရိုက်တဲ့နေရာက ရေတံခွန်ရဲ့ ထိပ်ဆုံး၊သူ့အောက်မှာ ရေတံခွန်သေးသေးလေးတွေရှိတယ်။ ဒီရေတွေက သံလွင်မြစ်ထဲကို စီးဝင်သွားတာ။ ခရီးသွားတွေကို မပို့ရသေးသလို မရောက်လာသေးတဲ့ လည်ပတ်စရာကောင်းတဲ့နေရာတစ်ခုပါ’’ဟု ကယားအခြေစိုက် ခရီးသွားကုမ္ပဏီ ပိုင်ရှင်တစ်ဦးလည်းဖြစ်သူ ဦးသန်းထွေးက ပြောသည်။
ရွာသစ်ရွာတွင် ရှမ်းလူမျိုးများနေထိုင်ကြပြီး ရှေးကျသည့် ဘုန်းကြီးကျောင်း ကိုးကျောင်းရှိသလို နှစ် ၁၅၀ သက်တမ်းရှိ ဘုန်းကြီးကျောင်း သုံးကျောင်းလည်း ရှိကြောင်းသိရသည်။
ထို့ပြင် ယင်းဒေသတွင် နတ်ငါးများရှိသည်ဟု ဒေသခံများကလည်းယုံကြည်ထားပြီး ရေတတ်လာပါက ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းနားရှိချောင်းတွင်အစာကျွေးလေ့ရှိသည့် ဓလေ့များလည်းရှိသည်ဟု သိရသည်။
သို့သော် ခရီးစဥ်ဖော်ဆောင်မည့် ရွာသစ်မြို့မှာ ပြည်တွင်းခရီးသွားများအတွက် လည်ပတ်ရန် အဆင်ပြေသော်လည်း နိုင်ငံခြားသားများအတွက် ကန့်သတ်ဧရိယာထဲတွင် ထည့်ထားခြင်း ကြောင့် မကြာခင်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပယ်ဖျက်ပေးရန်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Photo Than Htwe
Contine Reading
By -
/ 27-11-2020အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ မှ ရှယ်ယာရှင်များကို ယခုနှစ် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအား ငွေသားဖြင့် ထုတ်ပေးမည်
Travelling journal
ပြည်တွင်းစီးပွားရေးထိပ်တန်းလုပ်ငန်းရှင်များစွာ ပါဝင် ရင်းနှီးမြှုပ်နှံထားသည့် အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေး အများပိုင် ကုမ္မဏီ မှ အစုရှယ်ယာရှင်များအား ယခုနှစ်တွင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်း အထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ကပြောကြားလိုက်သည်။
နိုဝင်ဘာ ၂၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရေးညှိနှိုင်းအစည်းအဝေး Online Zoom Meeting အခမ်းအနားတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
" ဒီလို ကာလ မှာ ၁၅ ရာခိုင်နှုန်းပေးတဲ့ အတွက် ရှယ်ယာရှင်တွေလည်းသဘော ကျမယ်လို့ ထင်ပါတယ် ၊ NDCG အနေနဲ့ ရှယ်ယာရှင်တွေရဲ့ မျက်နှာကိုယ်လည်း ကိုယ်စားပြုရတယ် ၊ ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး ၊ ကျွန်တော်တို့ သမိုင်း ၊ဒါရိုက်တာတွေရဲ့ သမိုင်းကိုကြည့်ပြီးတော့ လုပ်ရတဲ့ အနေအထားဖြစ်လို့ ဒီနေ့အထိ အမြတ်ငွေ ကိုလည်း နှစ်စဉ်ထုတ်ပေးနိုင်တဲ့ အတွက် ကျွန်တော်တို့ ဂုဏ်ယူတယ် ၊ ရှယ်ယာ ရှင်တွေရဲ့ ပိုက်ဆံတစ်ပြားမှ ပျောက်မသွားဖို့ ကျွန်တော်အပါအဝင် BOD တစ်ဖွဲ့လုံးမှာ တာဝန်ရှိတယ်။ တော်တော်များများ အများပိုင်ကုမ္ပဏီတွေရှိတယ် ။ လုပ်ငန်းကောင်းတုံးက ပေးနိုင်ကြတယ် ၊ လုပ်ငန်းမကောင်းရင် မပေးနိုင်ဘူး ၊ ဘာဖြစ်လို့လည်း ဆိုတော့ အရန်ပိုက်ဆံ မထားတဲ့ အတွက်ကြောင်ပါ ၊ အခု ကျွန်တော်တို့မှာ အရန်ပိုက်ဆံတွေထားတာကိုလည်း အားလုံးက သဘောတူပေးလို့ကျေးဇူးတင်တယ် “ ဟု ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က ပြောကြားခဲ့သည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် တွင် ဝယ်ယူထားသည့် ရှယ်ယာရှင်များ၏ အမြတ်ငွေ ထုတ်ပေးမှုကို လာမည့် ဇန်နဝါရီလဆန်းမှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စု ၏ ဒါရိုက်တာ ဦးနှင်းဇော်က နိုဝင်ဘာ ၂၇ ရက် တွေ့ဆုံပွဲတွင် ပြောသည်။
“’ ကိုဗစ်ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်ဆိုတာကလည်း အားလုံးအသိပါ ၊ ကျွန်တော်တို့လည်း ခက်ခဲပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ မှာ နှစ်စဉ် ရှေ့နှစ်ရှေ့နှစ်တွေက လုပ်လာတဲ့ လုပ်ငန်း အကျိုးအမြတ် တွေကို ထိန်းသိမ်းထားပြီးတော့ စုဆောင်းထားတဲ့ Retain Money တွေ ရှိပါတယ် ၊ ဒီနှစ်လည်း လုပ်ငန်းတစ်ချို့ ရပ်သွားပေမယ့် လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေ မှန်တော့ တစ်ချို့ လုပ်ငန်းတွေ မရပ်ဘဲ အရှိန်နဲ့ သွားနေပါတယ် ၊အကျိုးအမြတ်တွေကို AGM ပြီးတာနဲ့ ၁၅ ရာခိုင်နှုန်းကိုငွေသားနဲ့ ထုတ်ပေးသွားမှာပါ “”ဟု ၄င်းက ပြောကြားသည်။ယင်းကဲ့သို့ ထုတ်ပေးနိုင်ရန် ကိုဗစ်ကာလဖြစ်သည့်အတွက် Social distcting နှင့်အညီ ဆောင်ရွက် ပေးသွားရန်စီစဥ်ထားကြောင်း သိရသည်။ လက်ရှိ တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် ၌ ဝယ်ယူထားသည့်ရှယ်ယာရှင်ပေါင်း၂၁၀၀ ကျော်ရှိပြီး ကုမ္မဏီ သက်တမ်း မှာ ၂၂ နှစ် ရှိပြီဖြစ်ကြောင်း၂၀၀၂ ခုနှစ် မှစတင်ကာ အများပိုင် ကုမ္မဏီ အဖြစ် ပြောင်းလဲခဲ့ကြောင်းသိရသည်။
အများပိုင်ကုမ္ပဏီတွင် အစုရှယ်ယာရှင်များ၏ မတည် ထည့်ဝင် ရင်းနှီးငွေ ကျပ် သိန်းပေါင်း ၆၀၉၉၃ ဒသမ ၆၂ သိန်းဖြင့် ရင်းနှီးလည်ပတ် စတင်ခဲ့ပြီး အစုရှယ်ယာတစ်စုလျှင် ကျပ် တစ်သောင်း ဖြင့် စတင်ခဲ့ရာမှ ယခုအခါ အစု ရှယ်ယာတစ်စု၏ တန်ဖိုးမှာ ကျပ် ၁၈၅၀၀ ထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း ဒါရိုက်တာ ဦးနှင်းဇော် က ပြောသည်။
နိုဝင်ဘာ ၂၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရေးညှိနှိုင်းအစည်းအဝေး Online Zoom Meeting ကို ကျင်းပနေစဥ်။
Contine Reading
By -
/ 28-11-2020နေပြည်တော် ပတ်ဝန်းကျင် တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ပြဒါးချောင်းနှင့် မြသီတာကျေးရွာကိုCBT ဖော်ဆောင်သွားရန် စီစဥ်
Travelling journal
နေပြည်တော် ပတ်ဝန်းကျင်ဒေသ တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ပြဒါးချောင်းနှင့် မြသီတာကျေးရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ((CBT) ဖော်ဆောင် သွားရန် စီစဥ် နေကြောင်း နေပြည်တော်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော် က Travelling journal သို့ ပြောသည်။
နေပြည်တော် မှ နှစ်နာရီခန့်သွားရောက်နိုင်သည့်ပြဒါးချောင်းနှင့် မြသီတာကျေးရွာတို့ကို CBT ကျေးရွာ အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် နိုဝင်ဘာ၃၀ ရက်က ဟိုတယ်ခရီးဝန်ကြီးဌာနမှ မှ တာဝန်ရှိသူများမှ သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။
"ပြဒါးချောင်းနဲ့ မြသီတာကျေးရွာကတော့ CBT ကျေးရွာ ဖော်ဆောင်ဖို့ဖြစ်နိုင်ချေ ရှိပါတယ်။ နေပြည်တော် နဲ့အနီးဆုံး မှာ တိမ်ပင်လယ် ကိုလည်း ကြည့်လို့ ရနိုင်ပါတယ်"ဟု ၄င်းက ပြောသည်။
နေပြည်တော် အရှေ့ဖက်ခြမ်းတွင်တည်ရှိသည့်တောင်တန်းများတွင် နေထိုင်ကြသည့်တိုင်းရင်းသားများ၏ကျေးရွာများဖြစ်ပြီး ကရင်၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အခြေ ချနေထိုင်လာခဲ့သည့် တိုင်းရင်းသားများဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ က Travelling journal သို့ ပြောသည်။
"ဒီဒေသက နေပြည်တော် အရှေ့ခြမ်း ပျဥ်းမနားမြို့နယ်လို့ခေါ်တာပေါ့။တောင်ပေါ်တောင်တန်းတွေက တဆက်တည်းလည်းရှိကြတယ်။ ဒီ နေရာမှာ ရှေးနှစ်ပေါင်းများစွာကတည်းကအခြေ ချနေထိုင်ခဲ့ကြတဲ့ မူလဒေသက တိုင်းရင်းသားတွေပါ။ကယန်း၊ ကရင်၊ ပအိုဝ်း ၊ ကရင်ဖြူ စတဲ့တိုင်းရင်းသားတွေ နေထိုင်ကြပြီး ဒီလိုနေရာမှာတိုင်းရင်းသားတွေနေထိုင်တယ်ဆိုတာသိသူနည်းပါးတယ်။အရင်ကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငြိမ်းချမ်းရေးကလည်းသိပ်မရှိခဲ့ရတဲ့ဒေသဖြစ်ခဲ့ပါတယ်။ ရာစုနှစ်နှစ်စုကျော် လမ်းတွေဖောက်တဲ့အချိန်မှာ ပြဒါးချောင်းကျေးရွာအပါအဝင် တောင်ပေါ် ဒေသလမ်းကြောင်းကြီးက ပေါ်ပေါက်လာ ခဲ့တယ်။ တောင်ပေါ်မြေပြန့်လေးနည်းနည်းဆန်တော့ ဝေသာလီရယ် ၊ ပြဒါးချောင်းရယ် ၊ မြသီတာရွာတွေဟာ တောင်ပေါ်စခန်းမြို့လေးလိုမျိုးရှိနေပါတယ်။ ခရီးသွား အတွက် ဆွဲဆောင်စရာလည်း ရှိနေတယ်။ ဒီလိုနေရာမျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင် ဒေသအကျိုးတွေအများကြီးရရှိနိုင်ပါမယ်"ဟု ၄င်းက ပြောသည်။
နေပြည်တော် အခြေစိုက်ဒေသခံများအနေဖြင့်တိမ်ပင်လယ်ကို သွားရောက်ကြည့်ရှု့မည်ဆိုပါက တိမ်ပင်လယ် ကြည့်ရှုရန်ကောင်းသည့်မနက် ၅နာရီမှ ၇ နာရီအတွင်း အရောက်သွားနိုင်ပါက တိမ်ပင်လယ်ကို ကောင်းစွာမြင်ရမည်ဖြစ်ကြောင်းသိရသည်။
နေပြည်တော် မှသွားရောက်မည်ဆိုပါက ပျဥ်းမနား -ရေနီလမ်းဆုံ မှ သွားရောက်နိုင်ပြီး တောင်ဖီလာ ဘိလပ်မြေ စက်ရုံ ဖက်သို့ သွားရောက်သည့်လမ်းမကြီးအတိုင်းတောက်လျောက် သွားမည်ဆိုပါက ယင်းကျေးရွာများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
" ဝေသာလီကျေးရွာရောက်တာနဲ့ တိမ်ပင်လယ်ကို လှမ်းတွေ့ရနိုင်ပါပြီ။ ပြဒါးချောင်းရွာကနေကြည့်ရင် အနီးဆုံးမြင်တွေ့ရပါတယ်။ ဒီကျေးရွာသုံးရွာကလည်း ကပ်လျက်ရှိနေတဲ့ရွာတွေပါ။ ရွာထဲမှာ စားသောက်နားပြီး မြသီတာ ကျေးရွာ မှာရှိတဲ့ ခုနှစ်ဆင့်ရေတံခွန်မှာ ရေကစားနိုင်ပါတယ်"ဟု နေပြည်တော်တာဝန်ခံ ဒေါက်တာ သန်းဇော် က ပြောသည်။
ကရင်တိုင်းရင်းသားအများစု နေထိုင်သော ဝေသာလီ ကျေးရွာ၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ရာ ပြဒါးချောင်းကျေးရွာနှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ မြသီတာကျေးရွာ တို့ ကို CBT ဖော်ဆောင်မည်ဆိုပါက နေပြည်တော် တွင်ပထမဆုံး ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Photo Ko Min Thu Fb
Contine Reading
By -
/ 01-12-2020စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသား လေကြောင်းလိုင်းနှင့် စတင် အသုံးပြုမည်
Travelling journal
ဝေဟင် ရှုခင်းကြည့် စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသားလေကြောင်းလိုင်း( MNA )နှင့် စတင်အသုံးပြုသွားမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်က Travelling journal သို့ ပြောသည်။
လက်ရှိတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှစင်းလုံးဌားရမ်းခစျေးနှုန်းများကို တောင်းယူထားပြီး စျေးနှုန်းတွက်ချက်ပြီးပါက ယင်းခရီးစဥ်ကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။
"အဲဒါနဲ့ပတ်သက်ပြီး Official ပြောလို့မရသေးပါဘူး။ ညှိတာပဲရှိသေးတယ်။ ဘာမှတရားဝင်ပြောလို့မရသေးပါဘူး"ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရောင်းပိုင်းတာဝန်ယူထားသည့် တစ်ဦးက Travelling journal သို့ပြောသည်။
ထို့ပြင် ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် ကမ္ဘောဇ လေကြောင်းလိုင်းနှင့်လည်း ညှိနေကြောင်းရှိသော်လည်း အတိအကျ မပြောသေးကြောင်း လတ်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးကလည်း Travelling journal သို့ပြောသည်။
"ဟိုတယ်ခရီး ကိုစာတင်ထားတယ်။ညှိပေးမယ်လို့ပြောတယ်။ UMTAနဲ့ MTMတို့ နှစ်ခု ပူးပေါင်းပြီး လုပ်ရမယ့်သဘောရှိပါတယ်။PR ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ကျွန်တော်တို့ခရီးသွား ကုမ္ပဏီ ဘက်ကလည်း ဝိုင်းရောင်းပေးကြမယ်။စျေးနှုန်းကတော့ရပြီ။ ဒိထက်များသက်သာပြီး ပေးနိုင်မလား။ဘယ်လိုပုံစံမျိုးနဲ့ပေးမလဲဆိုတာကို။ ဒီစျေး ဒီစျေးနဲ့ပဲ အကြမ်းဖျဉ်း လျော့ပေးမယ်ဆိုတာပဲ ရထားတာ။ ဝန်ကြီး ဌာနက စီစဥ်တယ်ဆိုရင်လည်း ဝန်ကြီး ဌာန ဌားရမ်းတာဖြစ်ပြီး ကျွန်တော် တို့က ဝိုင်းရောင်းပေးလည်းရတယ်။အဓိက ပြည်သူတွေ သိသွားဖို့ပဲ လိုတာ"ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။
အဆိုပါ ဝေဟင် ရှုခင်းကြည့် Sightseeing Flights Tour ခရီးစဥ် ကို ရန်ကုန်မှ တက်ပြီး ရန်ကုန်တွင်ပြန်လည်ဆင်းသက်ရန် ရည်ရွယ်ထားကာ ရှုခင်းနှင့် ဘုရားစေတီများကို အပေါ် စီးမှ ကြည့်ရှုနိုင်သည့် ခရီးစဥ် ကို ဆောင်ရွက် ထားခြင်းဖြစ်ကြောင်းသိရသည်။
Sightseeing Flights Tourအား အချိန်တစ်နာရီဝန်းကျင် စီစဥ်ထားပြီး ရန်ကုန်နှင့်အနီးဆုံး ဘားအံ သို့မဟုတ် ကျိုက်ထီးရိုး ဘက်သို့ ဆွဲရန်စီစဥ် ထားပြီး ရှုခင်းကြည့်အတွက် အမြင့်ပေ ပျံသန်းနိုင်မည့်အနေအထားကိုလည်း မေးမြန်းထားဆဲရှိကြောင်းသိရသည်။
ယင်းကဲ့သို့ စီစဥ်ရခြင်းမှာ Sightseeing Flights Tour ဖော်ဆောင်ခြင်းက ခရီးသွား လုပ်ငန်း တိုးမြှင့်ရန် သက်သက် မဟုတ်ဘဲ Myanmar is safe to travel ဆိုသော Message ကို Promote လုပ်ရန် ကမ်ပိန်း ပြု လုပ်ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားပြီးဖြစ်သည်။
Photo MNA Fb
Contine Reading
By -
/ 07-12-2020ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီး ထား သည့် တောင်ကြီးမြို့ရှိ ဇော်ဂျီ ပန်းခြံ ကို National Park အဆင့်မီဖြစ်အောင် အကောင် အထည် ဖော်မည်
Travelling journal
ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဓာတ်ပုံရှုခင်းကြည့်ကွက်များ ဖြင့် ဆွဲဆောင်ဖန်တီးထားသည့် ဇော်ဂျီ ပန်းခြံ ကို အမျိုးသားဉယျာဥ် (National Park)အဆင့်မီဖြစ်အောင် အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဇော်ဂျီပန်းခြံ ၏ CEO ဖြစ်သူ ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။
အဆိုပါ ဇော်ဂျီပန်းခြံ ကို သဘာဝ တောတောင်ရှုခင်းကြည့် များနှင့်တွဲဖက်ကာ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီးပုံဖော်ထားပြီး ဓာတ်ပုံ ရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
"တောင်ငါးလုံးကြားထဲမှာ View ကြည့်လို့ရနိုင်တဲ့နေရာလေးမှာ ဇော်ဂျီ ပန်းခြံကို တည်ထားတာပါ။ လက်ရှိ ၁၀ ဧက ကိုသာ ဆောင်ရွက်ထားပြီး ပန်းခြံ ရယ် ရေကန် ရယ်ထည့်သွင်းထားတယ်။ Sunset ကြည့်တဲ့ နေရာတွေ ဖန်တီးထားတယ်။ ရှုခင်းကြည့်ပြကွက် ငါးနေရာ ဖန်တီးထားတယ်"ဟု ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။
အဆိုပါနေရာသို့ တောင်ကြီးမြို့မှ သွားရောက်မည်ဆိုပါက မိနစ်၂၀ ခန့်သွားရောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့်နေရာဖြစ်သလို အဝေရာ မီးပုံပျံကွင်း မှ ဆိုပါက ၁၀မိနစ်ဝန်းကျင်ခန့် သွားရမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော် တို့အစိုးရအနေနဲ့များစွာအားပေးပါတယ်။ Happy city ဖော်ဆောင်ရာမှာတော့ ပုဂ္ဂလိက အခန်းကဏ္ဍက အရေးကြီးပါတယ်။ နောင် Smart & Happy city ဖော်ဆောင်ပြီးရင်တော့ အင်းလေးနဲ့ တာချီလိတ် ကျိုင်းတုံ လာလည်တဲ့ ခရီးသည်တွေအတွက် တောင်ကြီးမြို့ရဲ့ခရီးစဥ်အသစ်ဖြစ်လာနိုင်လိမ်မယ်လို့ မျှော်လင့်ပါတယ်"ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။
ဇော်ဂျီပန်းခြံ မှာ ဧကအကျယ် ၅၅ ဧက ရှိပြီးလက်ရှိတွင် ထင်းရှုးပင် အပင်တစ်သိန်းကျော် စိုက်ပျိုးထားသလို စိန်ပန်းနီပင်၊စိန်ပန်းပြာ၊ငုချယ်ရီပင်နှင့် အစိမ်းရောင်ပန်းပင်များအပြင် သစ်ပင် အပင်ကြီးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။
လက်ရှိ အပင်ပေါင်း ၆ သိန်းကျော် စိုက်ပျိုးထားပြီးလွန်ခဲ့သည့် သုံးနှစ်ကတည်းက အပင်ကြီးပင်များကို စိုက်ပျိုးထားခြင်းဖြစ် သည်။
" မြန်မာပြည်ကို ရောက်ရင် ရှမ်းပြည်က ဒီနေရာကို မဖြစ်မနေလာရောက်လည်ပတ်ရမယ့် National Park ပုံစံမျိုးအဖြစ် ပုံဖော်သွားမှာ။ ပန်းခြံထက် သဘာဝအတိုင်းခံစားလို့ရနိုင်တဲ့ ခံစားမှုကို ရရှိအောင် လုပ်သွားမှာပါ။ အခုဒီနှစ်ကို ရောင်စုံပန်းပင်တွေ ပိုစိုက်ဖို့လုပ်ထားတယ်။ မြို့ပြလူနေ မှုကို မွန်းကြပ်လာတော့ ရှမ်းပြည်ဘက်ကိုလာရင် အမရဲ့ဒီဇော်ဂျီပန်းခြံကို လာပြီး ဒီနေရာမှာ လေးရက်လောက် အနားယူနိုင်အောင် လုပ်သွားမယ်၊ နောက်ပိုင်း ရီဆော့တွေကို လည်း ထည့်သွင်းဆောက်သွားမယ်။ စိတ်ကို ကျန်းမာအောင်လုပ်ပြီး ပြန်တာမျိုး ဖြစ်တဲ့အထိ လုပ်ဆောင်သွားမယ်။ သဘာဝနဲ့ကိုက်ညီတဲ့ Activity တွေကို ထည့်သွင်းသွားမယ်။ ဒီလိုသဘာဝ တရားကို ချစ်တတ်လာအောင် သစ်ပင်တွေကို ချစ်မြတ် နိုးတတ်လာအောင် အမကို ငယ်ငယ်ကတည်းက အဖေနဲ့အမေက ပုံသွင်းပေးခဲ့တာ"ဟု ဒေါ်မိုးသချေၤ က ပြောသည်။
ယင်းကဲ့သို့ ဖော်ဆောင် နိုင်ပြီဆိုပါက မြန်မာ နိုင်ငံ၏ ပုဂ္ဂလိက ပထမဆုံး အမျိုးသား ဥယျာဉ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဂျီပန်းခြံတွင် လက်ရှိ လူကြိုက်များလှသည့်Package အမျိုးအစား သုံးမျိုးရှိပြီး တနင်္လာနေ့ညနေတိုင်း အီတလီဝိုင်လေးသောက်ရင်း ပန်းချီဆွဲသည့် Wine & Paint Package ကို တစ်ဦးလျှင် ကျပ် လေးသောင်း၊ Picnic Package နှင့် Breakfast Packageစသည့် ဝန်ဆောင်မှု သုံးခုကို ဆောင်ရွက် ပေးထားပြီး ပန်းခြံကို နံနက် ၁၀နာရီမှ ညနေ ၇နာရီထိ ဖွင့်လှစ်ထားကာ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ်သုံးထောင် ပေးရကြောင်း သိရသည်။
ထို့ပြင် ဇော်ဂျီဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး ပန်းခြံမှ ရရှိသည့် ဝင်ငွေ ၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို တောင်ကြီး မြို့စည်ပင်သာယာရေးအတွက် ပြန်လည်လှူဒါန်းပြီး ရှမ်းပြည်နယ် တိုးတက်ရေး အတွက် အဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
National ParkSmart & Happy city
Contine Reading
By -
/ 08-12-2020ရှမ်းပြည်နယ်၏ ပြည်နယ်ဘတ်ဂျက် တစ် ဘီလီယံဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင်မည်
Travelling journal
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်ဘတ်ဂျက်တစ်ဘီလီယံ ဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးညွှန့်လွင် က Travelling journal သို့ ပြောသည်။
"Tourism village လုပ်ဖို့ ၁ ဘီလီယံ လျာထားတယ်။ အစကတော့ ရွာ၂၀ လုပ်ဖို့ပါ။ ဒါပေမဲ့ အကျိုးသိပ်မရှိမှာစိုးလို့ ၁၀ ရွာကိုပဲ လုပ်လိုက်မယ်။ နောက်မှ ထပ်တိုးမယ်။အခု ဒီနှစ်အတွက် ၁၀ ရွာ။ နောင်နှစ်လည်း ဘတ်ဂျက်ထပ် လျာသွားပြီး ထပ်တိုးလုပ်ဆောင်သွားမယ်"ဟု ၄င်းက ပြောသည်။
Tourism Village ဖော်ဆောင်ရခြင်းမှာ မြို့ပြ ရှိ ဟိုတယ်များတွင် တည်းခိုခြင်းထက် ရွာများတွင် ညအိပ်ညနေတည်းခိုမှုများလာစေရန်ရည်ရွယ်ပြီး ယင်းကဲ့သို့ ဖော်ဆောင်နိုင်ပါက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သလိုအလွှာ အသီးသီးမှ ဝင်ငွေရရှိစေမည့်အပြင် ဒေသ ထွက်ကုန်များကိုလည်းတိုက်ရိုက်ဝယ်ယူရရှိနိုင်မည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Tourism Village ဖော်ဆောင်နိုင်မည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာ များကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည် ။
"ရှမ်းပြည်နယ် အတွင်းက ကျေးရွာ ၁၀ ရွာကို လုပ်သွားမှာပါ။ အခုကတော့ ကွင်းဆင်းလေ့လာစစ်ဆေးနေပါတယ်။ရှမ်း/ရှေ့နဲ့ ရှမ်း/မြောက် နှစ်ခုစလုံးလဲ ပါပါမယ်"ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။
အဆိုပါ ၁၀ရွာမှာ ရှမ်း/မြောက်ရှိ ကျောက်တော ရွာ၊ ရှမ်း/ရှေ့ရှိ ကျိုင်းတုံ တွင် တစ်ရွာဖော်ဆောင်မည်ဖြစ်သလို ရှမ်း/အရှေ့ပိုင်းက ငြိမ်းချမ်းသည့်အတွက် သုံးရွာဖော်ဆောင်ရန်မှန်းထားပြီး ရှမ်း/တောင်တွင် ၆ ရွာဖော်ဆောင်ရန် မျှော်မှန်းထားကြောင်းသိရသည်။
၂၀၂၀-၂၁ ပြည်နယ် ဘတ်ဂျက်ကျလာသည့်အတွက် ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်းဖြစ်ပြီးရှမ်းပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဘတ်ဂျက်ဖြင့် Tourism Village ကို အကောင်ထည်ဖော်သည့် ပထမဆုံး ပြည်နယ်အစိုးရအဖွဲ့ဖြစ်ကြောင်းသိရသည်။
Photo U Soe Nyunt Lwin FB
Contine Reading
By -
/ 15-12-2020သနတ္တန်း ၊ ဇုတ်သုတ်၊ကေလာသ၊မုသင်နှင့် ဒရယ် ရွာ တို့ကို ခရီးစဥ်ဒေသသစ်အဖြစ် အကောင် အထည်ဖော်မည်
Travelling Journal
ပဲခူးတိုင်းဒေသကြီး သနပ္ပင်မြို့နယ်ရှိ သနတ္တန်းကျေးရွာ၊ မွန်ပြည်နယ်ဘီးလင်းမြို့နယ်ထဲရှိ ဇုတ်သုတ်ကျေးရွာ၊ ကေလာသတောင် ၊မုသင်ကျေးရွာ၊ ချောင်းဆုံ မြို့နယ်ရှိ ဒရယ်ကျေးရွာတို့ကို ခရီးသွားဒေသ အားကောင်းလာမည့် ခရီးစဥ် သစ်အဖြစ် အကောင်အထည်ဖော်သွားမည်ဟု HELVETAS Myanmar ၏ အကြံပေးတစ်ဦးဖြစ်သူ ဒေါ်နီလာထွန်းက Travelling journal သို့ ပြောသည်။
HELVETAS Myanmar၏ မိတ်ဖက်နိုင်ငံတကာ ဆိုင်ရာခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Alsharq မှ၂၀၂၀ ခုနှစ်အစောပိုင်းက မုတ္တမပင်လယ်ကွေ့ ဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းအလားအလာရှိသော နေရာများကို လေ့လာစမ်းစစ် မှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်း သည့် ယင်းနေရာသုံးခုကို တွေ့ရှိခဲ့ခြင်းဖြစ် သည်။
ထို့ပြင် အဆိုပါကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များကို HELVETAS Myanmar မှ ဖိတ်ခေါ်သွားမည်ဟု ယင်းအဖွဲ့မှ အကြံပေးအဖွဲ့ဝင်တစ်ဦးက Travelling Journalသို့ ပြောသည်။
’’နောက်လ ၇ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုထပ်ရှိပါမယ်။ အဲဒီမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို သီးသန့် ထပ်ပြီး အလုပ်ရုံဆွေးနွေးပွဲထပ်လုပ်သွားဖို့ရှိပါတယ်။ အဲဒါပြီးမှသာ ဘယ်တော့လောက် အကောင်အထည်ဖော်မယ်ဆိုတာကို သိရမှာပါ"ဟု ၄င်းက ပြောသည်။
သနတ္တန်းကျေးရွာသည် ဝေါမြို့အထွက် ပဲခူးတိုင်း ဒေသကြီးအတွင်းတည်ရှိပြီး ခရီးစဉ်သစ် ဖော်ဆောင်နိုင်ကြောင်း ထို့ပြင် ရန်ကုန်မှ ကျိုက်ထီးရိုး၊ရန်ကုန် -မော်လမြိုင် သွားရောက်မည့် ခရီးသွားများအတွက် One Stop နေရာတစ်ခုအနေဖြင့် လည်ပတ်နိုင်သည့် နေရာတစ်ခုဖြစ် ကြောင်း သိရသည်။
နောက်ထပ်ဖော်ဆောင်နိုင်သည့် ခရီးစဉ်တစ်ခုမှာ ကျိုက်ထိုနှင့်ပတ်ဝန်းကျင်တွင် ရှိသည့်အတွက် ဇုတ်သုတ်၊မုသင်၊ ကေလာသကိုလည်း ခရီးစဉ်တို့ကို ခရီးစဉ်တစ်ခုအနေနှင့် ပေါင်းပြီး ဖော်ဆောင် နိုင်ကြောင်း သိရသည်။ ထို့ပြင် ချောင်းဆုံမြို့ ရွာလွတ်ရွာမှ ၄၅မိနစ်ခန့်သွားရောက်ပါက ရောက်ရှိသည့် ဒရယ်ကျေးရွာကိုလည်း CIT ဖော်ဆောင်နိုင်ကြောင်း သိရသည်။
’’ဒရယ်ဘက်ကတော့ နေ့ချင်းပြန်လည်းရတယ်၊CITလည်းလုပ်လို့ရပါတယ်၊ မုသင်ရွာကျတော့ CITမလုပ်တာက သူက ကျိုက်ထိုနဲ့လည်းနီးတယ်။ မြို့ပေါ်အိပ်လို့ရတယ်။ ကျန်နှစ်ခုကို လုပ်ပါမယ်။ မုသင်မှာလည်း စားသောက် ဆိုင်ပုံစံမျိုုး၊ နားနေတဲလိုမျိုးတွေလည်း ဖော်ဆောင်လို့ရတဲ့ အနေအထားတွေလည်း ရှိပါတယ်’’ဟု အကြံပေး ဖြစ်သူ မနီလာထွန်းကTravelling Journal သို့ ပြောသည်။
မုတ္တမပင်လယ်ကွေ့ဒေသအတွင်း ရေရှည်တည်တံ့ ခိုင်မြဲသော သဘာဝအရင်းအမြစ်များစီမံခန့်ခွဲရန်နှင့် မိသားစုဝင်များ အတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများ မြှင့်တင်ပေးရန်ရည်ရွယ်ပြီးယင်းစီမံကိန်း များ အောင်မြင် စေရန်အတွက်Network Activities Group( NAG)နှင့် International Union for The Conservation of Nature (IUCN)တို့ မှ ပူးပေါင်းပါဝင်မှုဖြင့် HELVETAS Myanmar မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာပေါင်း ၆၀ အိမ်ထောင်စု ၁၆၀၀၀ ဝန်းကျင် ခန့်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo Nilar/Travelling journal
Contine Reading
By -
/ 16-12-2020ကလော – အင်းလေး Trekking လျှောက်ရင်း ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ်ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်
Travelling journal
ကလော -အင်းလေး Trekking လမ်းကြောင်းပေါ် ရှိ ခရီးသွားဧည်သည့် အများစု ညအိပ်စခန်းအဖြစ် အခြေ ချသည့် ပတ္တူပေါက်ကျေးရွာတွင် Trekking လျှောက်ရင်း တိမ်ပင်လယ်ရှုခင်းအလှ ကို ခံစားကြည့်ရှုနိုင်ကြောင်း ရွာဒေသခံဧည့်လမ်းပြ ဖြစ်သူ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။
အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါးရှိကြောင်းသိရသည်။
’’ကလောက လာတဲ့ ညအိပ်ခရီးသွားတွေဆိုရင်ကျွန်တော် တို့ ရွာမှာပဲ Camp ညအိပ်ကြတယ်။ တခြားပြည်တွင်းခရီးသွားလုပ်တဲ့ သူတွေလည်း Camp နဲ့ အိပ်ကြတာရှိတယ်။ တောင်ပေါ်ကိုတော့ ဘယ်သူမှ တက်မကြည့်ကြဘူး"ဟု ဦးဝေလျှံဖြိုးက Travelling journal သို့ပြောသည်။
တောင်ကြီးမှ လာရောက်မည်ဆိုပါက အောင်ပန်းမြို့သို့ တစ်နာရီ ဝန်းကျင်သွားရပြီး ထိုမှတဆင့် ပတ္တူပေါက် ကျေးရွာသို့ ၄၅ မိနစ် ဝန်းကျင် ခန့်ထပ်မံ သွားရောက်ရမည်ဖြစ်ကာ ကျေးရွာမှ တဆင့် တောင်ပေါ်သို့ နာရီဝတ်ခန့် Trekking လျှောက်ရုံဖြင့် တိမ်ပင်လယ် ကြည့်ရှုနိုင်သည့် တောင်ကုန်းပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ပါက မြေခြားရွာသို့ရောက်ရှိမည်ဖြစ်ကာ ထိုမှတဆင့် ငါးမိနစ်ခန့်ကြာပါက ပတ္တူပေါက် ရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
"ပထမဆုံးသွားရောက်လေ့လာခဲ့တာပါ။အခု ဒီ လမ်း ကြောင်း က သွားနေကြ မြင်နေကြ ပုံစံမျိုးမဟုတ်ဘဲတမူကွဲထွက်နေတာပေါ့။ ခါတိုင်းသွားနေကျရင်ပင်းတယ-ရွာငံဘက်သွားတဲ့ တွေ့ရတဲ့ပုံစံက ဗျုးအကျယ်ကို တွေ့ရတယ်။ ဒီဘက် ဗျူးကတော့ ဗျူးမကျယ်ဘူး။ တောင်ကုန်းလေးတွေနဲ့ တွေ့ရတဲ့ ဟာလေးတွေက နည်းနည်းအမြင်တမျိုး ဆန်းတာမျိုးဖြစ်တယ်။ နောင်ချိုမှာကျတော့ ဒုဋ္ဌဝတီမြစ်ကနေ တက်လာတဲ့ တိမ်အလှက တစ်မျိုး၊အခု ပတ္တူပေါက်ကျတော့ တိမ်ရဲ့အောက်မှာစိုက်ခင်းတွေ့ရတယ်၊ကျွန်တော်ရောက်သွားတာက မနက် ၇ နာရီလောက်မှ ရွာထဲ ရောက်သွားတာ၊ ရွာထဲမှာ မြူတွေကျနေတာတော့ ကျန်နေသေးတယ်။ ရှိတော့ရှိပါမလားဆိုပြီး တောင်ပေါ် ခေါ်တက်သွားတော့ တိမ်ပင်လယ်ကို တွေ့ရတော့ အရမ်းအံ့သြသွားတယ်။၈ ခွဲလောက် ထိကို ရှိနေသေးတယ်။ဒီနေရာကိုရောက်လာရင် တစ်မျိုးတစ်ဖုံ နေရာတွေဘယ်လောက်ပဲ လည်ခဲ့လည်ခဲ့ ဒီဒေသရဲ့ရသ အသစ်လေးကို ရောက်တဲ့ သူတိုင်းရဲ့ စိတ်ထဲမှာတော့ စွဲကျန်ခဲ့မှာပဲ’’ ဟု သွားရောက် လေ့လာခဲ့သည့် ကိုအောင်မျိုးက ပြောပြသည်။
အဆိုပါကျေးရွာသို့ပြည်တွင်းခရီးသွားများပိုပြီး လာရောက်စေချင်ကြောင်း မနက်စောစော တိမ်ပင်လယ်ကြည့် ပြီး ရွာထဲလေ့လာလည်ပတ်ကာ ဝါးရက်လုပ်သည့် မြင်ကွင်းများကိုလေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
Photo Sai Aung Myoe
Contine Reading
By -
/ 17-12-2020မိုးကောင်း မြို့၏ ပထမဆုံးခရီးစဥ်သစ်အဖြစ် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ် – ကြာအင်းရွာ – ရွှေဝက်တိုးဘုရားလမ်းကြောင်းကို ဖော်ဆောင်မည်
Travelling journal
ကချင်ပြည်နယ် မိုးကောင်း မြို့၏ အမြင့်ဆုံးတောင်ဖြစ်သည့် လွယ်ဟင်းချယ်တောင် တိမ်ပင်လယ်ကြည့်ရှုပြီး တောင်ခြေရှိ ကြာအင်းရွာ နှင့် ရွှေဝက်တိုး ဘုရား ဖူး လမ်းကြောင်းခရီးစဥ်သစ်ကို ဖော်ဆောင်မည်ဟု မြစ်ကြီးနား အခြေစိုက် နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
မိုးကောင်းမြို့မှကြာအင်းရွာသို့ သွားရောက်ပြီး ကြာအင်းရွာတောင်ခြေမှ တောင်ပေါ်သို့ တစ်နာရီဝန်းကျင်ခန့် လမ်းလျှောက်ရမည်ဖြစ်ကာ တိမ်ပင်လယ် ကိုကြည့်ရှုပြီးနောက် ရွှေဝက်တိုးဘုရားကို သွားရောက်ပြီးဖူးမြှော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးကောင်းမြို့ လွယ်ဟင်းချယ်တောင်၏ တိမ်ပင်လယ် သည် နိုဝင်ဘာ လမှ ဖေဖေါ်ဝါရီလအထိ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တောင်ပေါ်မှ ၃၆၀ ဒီဂရီ ပတ်လည်မြင်ကွင်းအထိ မြင်တွေ့ခံစားနိုင်ခြင်းက ထူးခြားမှု ဖြစ်ကြောင်း ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက Travelling journal သို့ ပြောကြားသည်။
မိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် အတွက် ဒီဇင်ဘာ လ (၁၉) ရက်တွင် ကချင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းနှင့်အဖွဲ့မှ သွားရောက်လေ့လာ ကွင်းဆင်းခဲ့သည်။
" လွယ်ဟင်းချယ် တောင်ပေါ်ကနေ တောင်ခြေကို ဆင်းလာတဲ့အခါမှာ နောက်ထပ် ၁၀ မိနစ်လောက်ပဲ သွားရင်ရွှေဝက်တိုးဘုရားကို ရောက်တယ်။ အရင်က နာမည်ကြီးခဲ့တဲ့ဘုရား။ လူတွေက မဖော်ဆောင်မိတော့ တိမ်မြှုပ်နေသလိုဖြစ်သွားတာ"ဟု မိုးကောင်း ဒေသခံ တစ်ဦးက ပြောသည်။
ထို့ပြင် မိုးကောင်းမြို့၏ ကျောက်ဝိုင်းမှာ ယခင်က တည်းက နာမည်ကြီးခဲ့သည့် ကျောက်ဝိုင်းဖြစ်သလို မန္တလေး ကျောက်ဝိုင်း မိုးကုတ်ကျောက်ဝိုင်းထက် ပိုပြီး စောသည့် ကျောက်ဝိုင်းဖြစ်သော်လည်း တိမ်မြှုပ်ခဲ့ခြင်းကြောင့် ပြန်လည် ပေါ်ပေါက်လာရန်အတွက် မိုးကောင်းကျောက်ဝိုင်းကို ပြန်လည် ဖော်ထုတ်သွားရန်ကြိုးစားနေကြောင်းဒေသခံများထံမှ သိရသည်။
ထို့ပြင် မိုးကောင်းမြို့ နန့်ရင်းရပ်ကွက် တွင် ကျောက် သွေးလုပ်ငန်းလုပ်သည့် အိမ်များရှိပြီး အရိုင်းမှ အချောထိ အဆင့်ဆင့်ကျောက်သွေးရသည့် မြင်ကွင်းများကို လေ့လာနိုင်ကြောင်း သိရသည်။
" တောင် ပေါ်ကနေ ဆင်းလာပြီး ရင်ဘုရားကိုသွားမယ်။ ပြီးရင် ကျောက်သွေးတဲ့ အိမ်တစ်အိမ်နှစ်အိမ်ကို ခေါ်သွားပြမယ်။ရန်ကုန် ၊ မန္တလေး ကနေ လာတဲ့ဧည့်သည်ဖြစ်ဖြစ် နယ်စပ်ကလာတဲ့တရုတ်ဧည့်သည်ပဲ ဖြစ်ဖြစ် ကျောက်သွေးလုပ်ငန်းကိုပြမယ်။ဘယ်လိုထွင်းတယ်ဆိုတာကိုပြပေးမယ်။ မိုးကောင်းကို ပြည်တွင်းပြည်ပ ခရီးသွား တွေ လာရောက်စေလိုတာမို့ ကြိုးစားသွားမယ်"ဟု နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
ထို့ပြင် ဒေသခံတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က မိုးကောင်း ဒေသထွက်အစားအစာများ မိုးကောင်းဒေသ၏ မိရိုးဖလာကျောက်သွေးလုပ်ငန်းများကိုလည်းလေ့လာနိုင်ကြောင်း ပြောကြား သည်။
မြစ်ကြီးနားလာရောက်သည့် ခရီးသွားအများစုအဖြင့် မြစ်ဆုံ လည်ပတ်ပြီးပါက ခရီးစဥ် ပြီးဆုံးသွားပြီးလည်ပတ်စရာမရှိတော့သည့်အနေအထားဖြစ်နေသည့်အတွက် မိုးကောင်းမြို့သို့လာရောက်လည်ပတ်စေလိုပြီးခရီးစဥ် ဒေသအဖြစ် ပေါ်ပေါက်လာစေလိုခြင်းဖြစ်ပြီးမိုးကောင်းမြို့၏ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရေးအတွက် "We Love Mogaung" Group နှင့် နွေဦးခရီးသွားကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လွယ်ဟင်းချယ် တောင်ပေါ်သို့ နေ့စဥ် မြစ်ကြီးနား နှင့် မိုးကောင်းဒေသခံ လူဦးရေ ၁၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။
Contine Reading
By -
/ 19-12-2020ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ် ပြန် စတင်
Travelling journal
COVID 19 ရိုက်ခတ်မှုကြောင့်မြန်မာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးခြေလှမ်းအနေဖြင့် ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ်ကို ဒီဇင်ဘာ ၂၀ရက်တွင် ပြန်လည်စတင်ခဲ့သည်။
ရန်ကုန်မြစ်တွင်းခရီးစဥ်ဖြစ်သည့် ဗိုလ်တထောင် - ဘုရင့်နောင်-မြစ်သုံးဆိုင် - ဗိုလ်တထောင်ခရီးစဥ်နှင့်ဗိုလ်တထောင် - မြစ်သုံးဆိုင် -ပဲခူးမြစ်- ဗိုလ်တထောင်ခရီးစဥ်တို့ကို ကျောက် တံတားမြို့နယ်ရှိ ကျန်းမာရေး ဆိပ်ကမ်းမှ ညနေ၄နာရီမှ စတင်ထွက်ခွာခဲ့သည်။
ယင်းခရီးစဥ်ဖြစ်မြောက်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွန်မှုနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှအကောင်အထည်ဖော်ခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့် ခရီးစဉ်များမှာ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊မြစ်တွင်းသင်္ဘောခရီးစဉ်၊ကုန်းတွင်းယာဉ်တန်းနှင့်အဏ္ဏဝါ ခရီးသွားလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။
Contine Reading
By -
/ 20-12-2020ငပလီကမ်းခြေကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြီး ဟိုတယ် အနားယူ၊ လျှောက်လည် သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် UMTA မှ တင်ပြ
#Travelling journal
နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ ကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြေးဆွဲကာ ဟိုတယ် တွင် အနားယူပြီး လျှောက်လည်သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ တင်ပြလာကြောင်း ရခိုင် ပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။
" ဒီ နေ့ နေ့လည်က ခရီးသွား လုပ်ငန်း ကော်မတီအစည်းအဝေး လုပ်တယ်။အဲဒီ အစည်းအဝေးမှာ ငပလီကို Day Return Trip ပုံစံမျိုး လေယာဥ် နဲ့လာလည်မယ်။ လျှောက်လည်မယ်။ ပြီး ရင် ဒီလေယာဥ်နဲ့ပြန်မယ်။ အဲဒီလို UMTAဘက်က တင်ပြလာတယ်။ ကျွန်တော်တို့ပြည်နယ်ဝန်ကြီးကလည်း အစီအစဥ် လုပ်တော့မယ်ဆိုရင် ကြိုပြောပေး။ဒီဘက်ကလည်း အားလုံးပါဝင်ဆောင်ရွက် ပေးမယ်လို့အကြောင်းပြောထားပါတယ်"ဟု ရခိုင်ပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ လည်း Pilot Project အနေဖြင့် ငပလီသို့ Day Return ပုံစံမျိုးဆွဲသွားရန် တင်ပြထားသည်မှာ မှန်ကန်ကြောင်း UMTAအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journalသို့ပြောသည်။
ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလည်းလက်ရှိတွင် ခရီးသွားလုပ်ငန်း များပြန်လည်စတင်နိုင်ရန်အတွက် ဝန်ကြီးဌာန မှ PR ကမ်ပိန်းများပြု လုပ်နေသလိုSafe Tourism Myanmar Stamp အား မြှင့်တင်ပေးနေကြောင်း ဒုဝန်ကြီး ဦးတင်လတ်က ပြောကြားထားသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့်ခရီးစဥ်လေး မျိုးထဲတွင် အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)နှင့် မြစ်တွင်းသင်္ဘောခရီးစဉ်တို့ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငပလီကမ်းခြေ တွင် ကျန်းမာရေး ဝန်ကြီး ဌာန ၏လမ်းညွန်ချက်များနှင့်အတူ ငပလီ အခြေစိုက် ဟိုတယ် ငါးလုံးဖွင့်လှစ်ပေးထားကြောင်းသိရသည်။
လေယာဥ် ခရီးစဥ် ဖြင့်သွားရောက်ရမည့်ခရီးသွားများ မှာ ကိုဗစ် ရောဂါရှိမရှိစစ်ဆေးခြင်းကိုဆောင်ရွက်ပြီး Negative ဖြစ်မှသာ ခရီးသွားလာခွင့်ရှိကြောင်း သိရသည်။
Photo Ko Soe Lin
Contine Reading
By -
/ 23-12-2020ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ အခြေခံသည့် ခရီးစဥ်ကို စတင်အကောင်အထည်ဖော်မည်
#Travelling Journal
ရှမ်းပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ ကို လေ့လာကြည့်ရှု နိုင်မည့်ခရီးစဥ်များကို စတင် ဆောင်ရွက် သွားမည်ဟု ရွာငံခရီးသွားဖွံ့ဖြိုးရေး အဖွဲ့ Ywangan Tourism Organization (YTO)မှတွဲဘက် အတွင်းရေးမှူးဦးကျော်သန်းက Travelling Journal သို့ ပြောသည်။
ယင်းကဲ့သို့ ခရီးစဉ်ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (ITC)နှင့် ပူးပေါင်းပြီး ၂၀၂၀-၂၀၂၂ နှစ်နှစ်အတွင်း အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
’’ လက်ဖက်နဲ့ ကော်ဖီကိုအခြေခံပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာအောင် ခရီးစဉ်တွေ ရေးဆွဲနေပါတယ်။သင်တန်းတွေပို့ချနေတယ်။ ထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖြစ်လာအောင် သင်တန်းတွေ ပို့ချမယ်။ ခရီးစဉ် ရှာဖွေရေးဆွဲခြင်းတွေကို ITC နဲ့လက်တွဲပြီး ဆောင် ရွက်နေပါတယ်။ လုပ်နေတာက ၆လလောက်ပဲရှိပါသေးတယ်၊ကိုဗစ်ဖြစ်တော့ ခဏရပ်နား ထားပါတယ်’’ဟု ၎င်းက ပြောသည်။
ခရီးစဉ်တိုင်းတွင် လက်ဖက်နှင့်ကော်ဖီကို သွားရောက်လေ့လာသည့်ခရီးစဉ်များကို ထည့်သွင်း ထားသလို ဂူလေ့လာ ရေးခရီးစဥ်နှင့်တွဲဖက်ပြီး နေ့ချင်းပြန်ခရီးစဉ်နှင့် ညအိပ်ခရီးစဉ်များ အမျိုးမျိုးကို ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။
ကော်ဖီထုတ်လုပ်ပုံများကို အနီးကပ်လေ့လာနိုင်မည့် အပြင်ကော်ဖီခြံများနှင့်လက်ဖက်ခြံများသို့သွားရောက်လည်ပတ်ပြီး ကိုယ်တိုင် လေ့လာကြည့်ရှုနိုင်သလို ရွာငံရှိ View Point များကိုလည်း သွားရောက်လေ့လာခြင်းများ ပါဝင် ကြောင်း သိရသည်။
ယင်းအပြင် ပြဒါးလင်းဂူခရီးစဉ် အတွက်လည်း ITC နှင့် ပူးပေါင်းပြီး ခရီးစဉ်နှစ်ကြောင်း ရေးဆွဲထားပြီး ဖြစ် ကြောင်း သိရသည် ။
"ရွာငံကော်ဖီတိုးကို ကျွန်တော် သုံးလေးတိုးလောက်စလုပ်ကြည့်တယ်။ တော်တော်လေး အဆင်ပြေတယ်ခင်ဗျ။ ကော်ဖီခြံမှာ ကော်ဖီသီးခူးမယ် ။ ဓာတ်ပုံရိုက်လို့ရတယ်။ ကော်ဖီမှည့်တဲ့ အချိန်လာရင် ကိုယ်တိုင်ခူးဆွတ်လို့ရတယ်။ ကော်ဖီစေ့ကို ဘယ်လို လှော်၊ ဘယ်လိုထောင်း၊ ဘယ်လိုကြိတ်မယ်ဆိုတာကို လေ့လာလို့ရတယ်။ ပြီးတော့ ကိုယ်တိုင်ဖျော်သောက်လို့ရတယ်’’ဟုရွာငံအခြေစိုက် Kaung kaung Travel& Tour ပိုင်ရှင် က ပြောသည်။
လက်ရှိ ရွာငံတွင် ရှိသည့် ကော်ဖီစက်ရုံများမှာ ဉာဏ်ကြီးရှင် ကော်ဖီ၊အမရာကော်ဖီ၊ရွှေရွာငံကော်ဖီ၊ရွှေသိင်္ဂီကော်ဖီမိသားစုလုပ်ငန်း၊ ရွှေတောင်သူ ကော်ဖီလုပ်ငန်း၊ မြစေတီ ကော်ဖီ၊ရနံ့သစ်ကော်ဖီစသည့် လုပ်ငန်းများရှိကြောင်း သိရသည်။
ယင်းအပြင် သြဂဲနစ်လက်ဖက်စို နှင့် လက်ဖက်ခြောက် စက်ရုံများမှာ မြစေတီကျေးရွာတွင် စက်ရုံနှစ်ရုံရှိပြီး ပလိုင်း Green Tea စက်ရုံ ၊ ဓနုမင်းသား လက်ဖက်စို/လက်ဖက် ခြောက်မိသားစု ထုတ်ကုန်လုပ်ငန်း၊ ရှမ်းရွှေတော် Green Tea နှင့် လက်ဖက်စို စက်ရုံ ၊ ရေချမ်းပြင်ကျေးရွာ တွင် ကမ္ဘောဇ ဓနုမြေ သြဂဲနစ် လက် ဖက် စက်ရုံများလည်း ရှိကြောင်း သိရသည်။
လက်ဖက်ခရီးစဉ် လေ့လာသူများအနေဖြင့် မတ်လ မှဒီဇင်ဘာလအထိ လာရောက် လေ့လာနိုင်ပြီး ကော်ဖီလေ့လာရေးအကောင်းဆုံးအချိန်မှာ ကော်ဖီသီးမှည့်သည့် နိုဝင်ဘာလမှ မတ်လအထိ အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိရသည်။
Photo Kyaw Than
ရွာငံရှိ ဓနုမင်းသား လက်ဖက်စိုနှင့်လက်ဖက်ခြောက် မိသားစုထုတ်ကုန်လုပ်ငန်းတစ်ခုကို တွေ့မြင်ရစဥ်။
Contine Reading
By -
/ 28-12-2020ငပလီကမ်းခြေအခြေစိုက် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံး စတင်ဖွင့်လှစ်
Travelling journal
နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံးကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ် ခရီး တာဝန်ခံဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။
" လေကြောင်းနဲ့လာတဲ့သူတွေက Q ဝင်စရာမလိုဘူး။ လက်ရှိ ဧည့်သည်ကလည်း ခုချိန်ထိမလာသေးဘူးဆိုတော့ လာရင် ဒေသအာဏာပိုင်တွေနဲ့ပြန်ညှိပေးရမှာဖြစ်ပါတယ်"ဟု ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။
အဆိုပါ ငါးလုံးမှာ ဟိုတယ်နှစ်လုံးနှင့် အဆင့်မြှင့် တည်းခိုရိပ်သာသုံးလုံးကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွန်ချက်နှင့်အညီ SOP ဖြင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည် ။
ဖွင့်လှစ်ပေးထားသည့်ဟိုတယ်ငါးလုံးမှာAmazing Ngapali Resort Hotel၊ AZ Family Resort Hotel၊ Royal Linthar Lodge၊ Kyaw Myanmar Lodgeနှင့် Htein Linn Thar Guest House တို့ဖြစ်ကြောင်းသိရသည်။
" ဦးတို့ကတော့ ဖွင့်ချင်တာပေါ့။ စစ်ဖို့ တင်ပြထားပါတယ်။ ခွင့်ပြုချက်ရမှ ဖွင့်လို့ရမှာဖြစ်ပါတယ်။ တကယ် လို့ ပြန်ဖွင့်ရမယ်ဆိုလာရင် ဟိုတယ်ခန်းခနှုန်းထားတွေကိုလည်း လျော့ချပေးသွားဖို့ အစီအစဥ်တွေ ရှိပါတယ်"ဟု ငပလီကမ်းခြေအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကလည်း Travelling journal သို့ ပြောသည်။
ထို့ပြင် ငပလီကမ်းခြေအခြေစိုက် ဟိုတယ် ၁၀ လုံး နှင့် အဆင့်မြင့်တည်းခိုရိပ်သာ ၇ လုံးကလည်း ဖွင့်လှစ်ပေးရန် ထပ်မံတင်ပြထားကြောင်းသိရသည်။
Photo Amazing Ngapali Resort Hotel FB
ငပလီအခြေစိုက် ဖွင့်လှစ်ထားသည့် Amazing Ngapali Resort ကိုတွေ့မြင်ရစဥ်
Contine Reading
By -
/ 29-12-2020ခရီးသွား Tour Site တစ်ခုဖြစ်သည့် လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွားများ လည်ပတ်မည်ဆိုပါက Quarantine ဝင်ရောက်စရာမလို
#Travelling journal
ပြည်တွင်း ပြည်ပ ခရီးသွား Tour Site တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံ မြို့၏ တောင်ပေါ် စခန်းမြို့ လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွား များလာရောက်လည်ပတ်မည်ဆိုပါက Quarantineဝင်ရောက်စရာမလို ကြောင်း ကျိုင်းတုံခရိုင် COVID 19ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း က Travelling journal သို့ ပြောသည်။
လက်ရှိ လွိုင်မွေတောင် ပေါ် တွင် ချယ်ရီပန်းများပွင့်နေသည့် ကာလဖြစ်၍ ဒေသတွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်သော်လည်း ရန်ကုန်မြို့မှ လာရောက် မည်ဆိုပါက Quarantine ဝင်ရောက်ရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက Travelling journal သို့ ပြောသည်။
အဆိုပါ လွိုင်မွေမြို့သည် တောင်စခန်းမြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၅၅၄၂ ရှိပြီး ကျိုင်းတုံမြို့နှင့် မိုင် (၃၀) ခန့်ကွာဝေး ကြောင်း သိရသည်။
" ရန်ကုန်ကဆို ဝင်ရတယ်။ ပုံမှန်အားဖြင့် ကတော့ ၇ ရက်ပေါ့။ လေယာဥ် ပေါ် စီးလာတဲ့သူတွေထဲက P ဖြစ်ခဲ့ရင် နည်းနည်းထပ်ကြာမယ်။ သုံးရက်တို့ ၁၀ ရက်တို့ ထပ်တိုးမယ်"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ကျိုင်းတုံ) မှ လက်ထောက်ညွန်ကြားရေးမှူးဦးစန်းလှိုင် က Travelling journal သို့ပြောသည်။
ကျိုင်းတုံ မြို့သို့ လာရောက်မည့် ဒေသတွင်း ခရီးသွားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ထောက်ခံစာ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟဲဟိုးက လာမည်ဆိုပါက လာရောက်မည့် သူသည် ဒေသခံ ဟုတ်မဟုတ်ကို မသိရှိနိုင်သဖြင့် ရပ်ကွက် သို့မဟုတ် မြို့နယ် ထောက်ခံစာ ပါရှိရမည် ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးစန်းလှိုင် က Travelling Journal သို့ ပြောသည်။
လာရောက်လည်ပတ်သည့်ဒေသတွင်းခရီးသွားများအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် များကို လိုက်နာပေးရန် လိုအပ်ကြောင်းသိရသည်။
နှစ်စဥ် ဒီဇင်ဘာလမှ ဇန်နဝါရီလ အတွင်း လွိုင်မွေ တောင်ပေါ်တစ်ခုလုံး ချယ်ရီပန်းပွင့်ပြီး ထိုင်းခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်ကြသော်လည်းကိုဗစ်ကပ်ရောဂါ ကာလတွင် ပြည်ပခရီးသွားများ မလာရောက်နိုင်တော့ကြောင်း သိရသည်။
Photo SaiNge
Contine Reading
By -
/ 31-12-2020မြန်မာ့ခရီးသွားဘဏ် ( MTB )မှ DPTOA အသင်းအား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်
#Travelling Journal
မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA ) အား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း အသင်း ၏ အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းက Travelling Journal သို့ ပြောသည်။
’’ကျွန်တော်တို့ ညီနောင် ၁၁ သင်းနဲ့ MOUထိုးတဲ့နေရာမှာ ကျွန်တော်တို့အသင်းက သူများအသင်းတွေနဲ့ မတူပါဘူး။ အခြေခံလူတန်းစားတွေများတဲ့အတွက် အစုံဖြစ်အောင်လုပ်ရပါတယ်။ တစ်ချို့အသင်းတွေဆို CGIနဲ့လုပ်ကြတယ်။ ကျွန်တော်တို့က CGIနဲ့လည်းရှိရင် လုပ်ကြပါ။နောက်တစ်ပိုင်းက ခရီးသွားကားတွေရှိတယ်။ ခရီးသွားကားရဲ့ လိုင်စင်တွေကို ပေးပြီးချေးလို့ရတယ်။ ခရီးသွားကားတွေမဟုတ်ဘဲ ပိုက်ဆံ ယူချင်တယ်။ မိမိရဲ့ ဂရံ သို့မဟုတ် တိုက်ခန်းဖြစ်စေ အဆက် အစပ်စာချုပ်တွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ အသင်းက လက်ခံပေးတယ်။ နောက်ဆုံးတစ်ချက်က လုပ်ငန်းရှင်တွေဖြစ်တဲ့ကြောင့်မို့ ဝိုင်းကြီးချုပ်စနစ်နဲ့ အသင်းကနေ ထောက်ခံပေးပြီး ဘယ်လောက်ချေးပေးသင့်ပါလဲဆိုတာကို ဘဏ်ကို Secret ပို့ပြီး လုပ်ပါမယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့ ချေးပေးသွားပါမယ် ခင်ဗျ’’ဟု အထွေထွေအတွင်းရေးမှုး ဦးကျော်မင်း ကTravelling Journal သို့ ပြောသည်။
လက်ရှိ DPTOA အသင်း အောက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူများသည် တစ်နိုင်တစ်ပိုင် ခရီးသွားလုပ်ငန်းကို အများဆုံး လုပ်ကိုင်နေကြသူများဖြစ်ပြီး အသင်းဝင် ၅၇၀ ကျော်ရှိကြောင်း သိရသည်။
’’ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေ အားလုံးကို လုပ်ငန်းဆိုင်ရာတွေကို ကျွန်တော်တို့က အတက်နိုင်ဆုံး ငွေရေး ကြေးရေး ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဗစ်ဖြစ်နေတဲ့ကာလမှာ ဘဏ်အနေနဲ့ အကူအညီပေးဖို့ ဆောင်ရွက်သွားပါမယ်။ ဥက္ကဋ္ဌ ကြီးတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်တော်တို့ ဘက်ကလည်း အစွမ်းကုန်ကူညီပေးသွားမှာပါ’’ဟု မြန်မာ့ခရီးသွားဘဏ် ( MTB ) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။
ဇန်နဝါရီ ၆ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်နှင့် ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA) တို့ MOU လက်မှတ်ရေးထိုးခဲ့သည့် အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
’’ကျွန်တော်တို့က ကိုဗစ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ အထူးသဖြင့်ခရီးသွားလုပ်ငန်းတွေဟာ အများကြီး ဒုက္ခရောက်နေတဲ့အချိန်မှာ အသင်းသူအသင်းသားတွေကို MTB ကနေ အခုလိုမျိုး ကူညီတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတက်နိုင်ဆုံး ကူညီတဲ့ ပိုက်ဆံတွေကို မဆုံးရှုံးအောင် ထိန်းကြောင်းပေးပါမယ်။ ဒီအချိန်မှာရပ်တည်ဖို့ခက်ခဲနေချိန်မှာ ကူညီပေးတာကို အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့အသင်းသားတွေကလည်း အတက်နိုင်ဆုံး လုပ်သွားပါမယ်လို့ ကတိပေးပါတယ်’’ဟု ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA ) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
မြန်မာ့ခရီးသွားဘဏ် ( MTB )အနေဖြင့် Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့ပြီး စီးပွားရေး ရပ်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလုပ်ငန်း များ၏ အသင်းဝင်များအား ဆက်လက် ရပ်တည်နိုင်ရန် အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကို ဘဏ်အနေဖြင့် ကူညီပံ့ပိုးပေး သွားရန်အတွက် MTF အသင်းလက်အောက်ရှိ အသင်း ၁၁ များနှင့် နားလည်မှုစာချွန်လွှာများကို ရေးထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
Contine Reading
By -
/ 07-01-2021ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
#Travelling journal
ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၈ ရက် က ကျင်းပခဲ့သည့်အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) သို့ ပေးပို့သည့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ကောက်ရိုးမီးလိုမျိုး တစ်ခဏတာ မဟုတ်ဘဲ စနစ်တစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေအောင် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ အခုအချိန်မှာ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပျော်စီးလေယာဉ် ခရီးစဉ်တွေ၊ မြစ်တွင်းရေယာဉ်ခရီးစဉ်တွေ စတင်ပြီး ဆောင်ရွက်နေပါပြီ။ ဆက်လက်ပြီးလည်း ကမ်းခြေဒေသ တွေကို စည်းမျဉ်းစည်းကမ်း နဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံချက်တွေလည်း ရေးဆွဲနေပါတယ်"ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီတို့၏ အကြံပြုချက် များ နှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လုပ်ငန်းအသင်း အဖွဲ့များ နှင့် ပူးပေါင်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီး ကာလတို၊ ကာလလတ်၊ ကာလရှည်မဟာဗျူဟာ ရည်မှန်းချက်များပါဝင်ရေးဆွဲထားသည့် လမ်းပြ မြေပုံကို COVID-19 ကာလ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ကုစားမှု အစီအစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် ပြန်လည်ရှင်သန်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးကိစ္စ ရပ်မှာ ခရီးသွားများ၏ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများဘေးကင်းလုံခြုံရေးပဲ ဖြစ် ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် COVID-19 ကပ်ရောဂါ ထိန်းသိမ်း ကာကွယ်ရေး လမ်းညွှန်ချက်များကို ပေါင်းစည်းပြီး COVID-19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသား ခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ် ထုတ်ပြန်ဖို့ ဆောင်ရွက်နေ ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
Contine Reading
By -
/ 08-01-2021ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွားဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာ
#Travelling journal
ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွား ဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာခဲ့ကြောင်း MTB ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။
မြန်မာ့ခရီးသွား ဘဏ်စတင်တည်ထောင်ခဲ့စဥ်ကကျပ်၂၀ ဒဿမ၂၂ ဘီလီယံဖြင့် မတည်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်လကျော်က နိုင်ငံခြားငွေဖြင့်သုံး သည့်ဝန်ဆောင်မှုများကို ပြုလုပ်ရန်အတွက် US 5 Million ကို ထပ်ဖြည့်တင်းခဲ့ကြောင်း သိရသည်။
" နိုင်ငံခြားငွေ လုပ်ဖို့ဆိုပြီး US 5 Million နဲ့ ညီမျှတဲ့ရင်းနှီးမြှုပ်နှံမှု ထပ်ထည့်ရတယ်။လက်ရှိ ရှယ်ယာရှင် အားလုံးပေါင်း၂၄ ဦးရှိပါတယ်။ ဒီ၂၄ ဦးကနေ နိုင်တဲ့အင်အားတွေနဲ့ ဖြည့်ပါတယ်။အခုတော့ ဗဟိုဘဏ်က နေ ခွင့်ပြုချက်ကျပါပြီ။ ခွင့်ပြုလိုက်ပါပြီ"ဟု ဒုတိယ ဥက္ကဋ္ဌဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။
လက်ရှိတွင် မြန်မာ့ခရီးသွား ဘဏ်တွင် ထည့်ဝင်ငွေကျပ် ၃၀ ဘီလီယံကျော်သွားပြီ ဖြစ်ပြီး ဘဏ်အနေဖြင့် စျေးကွက် ချဲ့ထွင် ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
" စျေးကွက် ချဲ့တာက နိုင်ငံခြားငွေနဲ့သုံးတဲ့ဝန်ဆောင်မှု အားလုံးဆောင်ရွက်မယ်။ နိုင်ငံခြားဘဏ်တွေနဲ့ဆက်သွယ်မယ်။ နိုင်ငံခြားငွေနဲ့ပေးချေရတဲ့ ဝန်ဆောင်မှုအားလုံးကို လုပ်ဖို့ ခွင့်ပြုချက် ရရှိထားပြီ"ဟု ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။
မကြာခင်ဖွင့်လှစ်မည့် ရွှေဂုံတိုင်ဘဏ်ခွဲတွင် International Banking Department ကို ထားရှိပြီး ဝန်ဆောင်မှုများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Contine Reading
By -
/ 15-01-2021ရှမ်းပြည် အတွင်း သဘာဝရှုခင်းကြည့်ကွက် ကောင်းသည့် နေရာများတွင် လုပ်ကိုင်သူများကို လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုတိမ်ပင်လယ်ကိုတွေ့မြင်ရစဥ်
#Travelling journal
ရှမ်းပြည်နယ် အတွင်း သဘာဝရှုခင်းကြည့်ကွက်ကောင်းသည့် နေရာများတွင် စီးပွားရေးလုပ်ကိုင်နေသူ များကို အသိအမှတ်ပြုလုပ်ငန်း လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။
" ကျွန်တော်တို့ဆီမှာ Camping တွေနဲ့ပတ်သက်လို့ ဘယ်လိုခွင့်ပြုမလဲ ။အသိအမှတ်ပြုပေးဖို့။ ရှမ်းပြည် နယ်ဒေသဆိုင်ရာခရီးသွားကော်မတီကို Power Point နဲ့စနစ်တကျ ရှင်းပြသွားဖို့ရှိတယ်။အဲဒါကလည်းမခေါ်နိုင်သေးတော့ တင်ပြသွားဖို့စီစဥ်ထားတယ်။ Others license လေးနဲ့ဖြစ်ဖြစ် ပေးနိုင်အောင်လို့ ဆောင်ရွက် ပေးဖို့ရှိပါတယ်။ဒါမှလည်း လုပ်ကိုင်စားရတာ ကျောအေးမယ်။ သက်ဆိုင်ရာခရီးသွားကော်မတီရဲ့လတ်မှတ်ရှိရင် လုပ်ရကိုင်ရတာ အဆင်ပြေ မယ်။ ပြီးတော့နိုင်ငံတော်အတွက်လည်းအခွန်အခရမယ်"ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။
လက်ရှိတွင် သဘာဝရှုခင်းကြည့်ကွက်များကို အခြေခံ ပြီး ပင်းတယနှင့်ရွာငံသွားသည့်လမ်းတွင် Babylon Camp Site ရှိပြီး မဲနယ်တောင်တန်းပေါ်တွင်လည်း Babylon Camping ကို လုပ်ကိုင်နေသလို ရွာငံအတွင်း ကုမ္ပဏီတစ်ခုကလည်း Camping လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။
" ကျွန်တော် တို့ဆီမှာ သစ်တောစိုက်ခင်းတွေထူထောင်ခွင့်ပြုထားတာရှိတယ်။သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့ ခွင့်ပြုဖို့လျောက်ထားတာရှိတယ်။အဲဒီလိုနယ်မြေထဲမှာ သဘာဝကိုအခြေ ခံတဲ့ခရီးသွားလုပ်ငန်းလုပ်မယ်ဆိုရင် ကျွန်တော် တို့ ခွင့်ပြုတာရှိပါတယ်။ ဒါပေမယ့်သစ်တောမြေထဲမှာ အခိုင်အမာ ဆောက်ပိုင်ခွင့်မရှိဘူး။ ယာယီအဆောက်အအုံဟာမျိုးတွေ။သူတို့တင်ပြလာရင် စိစစ်ပြီးခွင့်ပြုပါတယ်။အဓိက ကွန်ကရစ်ကြီးတွေ RCကြီးတွေ အဲဒီလိုမျိုးဆို လက်မခံဘူး။သစ်တောနယ်မြေ ကို ထိခိုက်တယ်။ဝါးနဲ့ဆောက်တာဆိုလက်ခံတယ်။ပြီးတော့ဒေသခံတွေအတွက်လည်းသဘာဝအခြေ ခံခရီးသွားလုပ်ငန်းမှာ ဝင်ရောက်ပြီးအလုပ်လုပ်ကိုင်နိုင်တယ်"ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးဇော်မင်းက Travelling journal သို့ ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ၌ ရှုခင်းကောင်းလှသည့်နေရာများ၌ အပန်းဖြေ လာကြပြီး ရှမ်းမြောက် နောင်ချို တိမ်ပင်လယ်၌ ရှုခင်းကြည့်ကွက် နေရာ ၁၂ နေရာတွင် ဒေသခံ နှင့် တခြားဒေသမှ လုပ်ငန်းရှင် များလုပ်ကိုင်နေကြောင်းသိရသည်။
နောင်ချိုတိမ်ပင်လယ်သို့ ၂၀၁၈ခု နှစ်တွင်လာရောက်လည်ပတ်သည့် ပြည်တွင်းဧည့်သည်လူဦးရေ ကိုးသောင်းကျော်ရှိပြီး၂၀၁၉ခုနှစ်တွင် လူဦးရေ တစ်သိန်းလေးသောင်းဝန်းကျင်ခန့်လာ ရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။
Photo-ဟိုတယ်/ခရီး / U Thet Lin
Contine Reading
By -
/ 16-01-2021ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို
ရွာငံဒေသရှိ ဆည်ကြီးကျရေတံခွန်ကို ၂၀၂၀ ခုနှစ်က တွေ့မြင်ရစဥ်
#Travelling journal
ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ ဒေသရှိ တလုပ်ချရေတံခွန်နှင့် ဆည်ကြီးကျရေတံခွန်မှာ ရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဖြစ်ကြောင်း ရွာငံ အခြေ စိုက် Kaung Kaung Travel& Tourမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သန်း က Travelling journal သို့ ပြောသည်။
ရွာငံ ဒေသ သည် ပြည်တွင်းခရီးသွားများအကြားတွင် ရေပန်းစားပြီး တောတောင်ရှုခင်း ရောင်စုံစိုက်ခင်းများကြောင့် ခရီးသွား များ၏ စိတ်ဝင်စားမှု အများဆုံးခံရသည့် မြို့လည်း ဖြစ်ကြောင်းသိရသည်။
လက်ရှိရွာငံဒေသတွင် လည်ပတ်စရာနေရာ ၃၀ကျော်ရှိပြီး ရာသီမရွေး လာရောက်လည်ပတ်နိုင်သည့် ဒေသဖြစ်သည်။
"အခု ရွာငံ မြောက်ပိုင်းမှာရှိတဲ့ အမြင့်ပေ ၃၀၀ ကျော်တဲ့ တလုပ်ချရေတံခွန် က ခရီးသွား အလာများကြတယ်။ ဒီရေတံခွန်က ၁၂ရာသီ ရေမပြတ်ဘူး။ လူအသွားအလာများပြီး ပေါ်ပြူလာဖြစ် တယ်။ ရွာငံတောင်ပိုင်းမှာရှိတဲ့ဆည်ကြီးကျ ရေတံခွန်က တော့ ရေတံခွန်ထဲမှာအလှဆုံးပေါ့။ ဒီရေတံခွန်က တော်တော်လှတယ်။ရေအားများတယ်။ ရွာငံမှာဆိုအလှဆုံးရေတံခွန်