#TravellingJournal
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA) နှင့် သမ္မတဖောင်ဒေးရှင်းတို့
ပူးပေါင်းပြီး တောင်ငူမြို့၊ပျဥ်းမနားမြို့နယ်နှင့်
တပ်ကုန်းမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာ(၁၇) ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(MHA) မှအထွေထွေ အတွင်းရေးမှူး ဦးနေအောင်ကို က Travelling သို့ ပြောသည်။
“ကျွန်တော်အဖွဲ့ တစ်ဖွဲ့က ( ၁၇ )ရက်က
သွားလှူခဲ့တယ်။အဲဒီမှာ ရေတက်တာနဲ့ တိုးမိပြီး ပိတ်မိနေသေးတယ်။တောင်ငူမှာ လှူနေပါတယ်။ရွာထဲက ကယ်ဆယ်ရေးစခန်းတွေဆီ လှူဒါန်းခဲ့ပါတယ်” ဟု သမ္မတဖောင်ဒေရှင်း မှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။
မိသားစု( ၄၀၀ )စာအတွက် မီးခြစ် ၊ဖယောင်းတိုင်၊BPI ဓါတ်စားထုတ်၊ကိတ်ခြောက် သုံးမျိုး၊ခေါက်ဆွဲ ၊ကြာဆံ သုံးမျိုး ၊ဆန်၊ ဆီ ၊ငပိထောင်း ၊ လက်ဖက်ပဲကျော် ၊နှမ်း ၊မြေပဲ၊ ပုစွန်ခြောက် ၊ကာပေါ်လစ်ဆပ်ပြာ ၊ငါးသတ္တာ နှင့် ရေသန့် တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့ပြင်အမျိုးသမီး၊ အမျိုးသား နှင့် ကလေး ငယ်များအတွက် လူဦးရေ (၂၀၀၀ )စာ အဝတ်အစားနှင့်ခြုံစောင်( ၂၀၀) တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။