ပုဂံဒေသရှိ အထင်ကရ ဟိုတယ် တစ်ခုဖြစ်သော ဘောဂသိဒ္ဓိဟိုတယ်မှ မိုးရာသီကာလ အခန်းခနှုန်းထားကို ၃၀ ရာခိုင်နှုန်း လျှော့ချ

Travelling Journal မြန်မာခရီးသွားဘုရားဖူးများ အများဆုံးသွားရောက် လည်ပတ်ကြသည့် ပုဂံရှေးဟောင်း ယဥ်ကျေးမှုဒေသရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်သော ဘောဂသိဒ္ဓိဟိုတယ်မှ မိုးရာသီကာလတွင် ဟိုတယ်အခန်းခနှုန်းထားမ ...

Travelling Journal

မြန်မာခရီးသွားဘုရားဖူးများ အများဆုံးသွားရောက် လည်ပတ်ကြသည့် ပုဂံရှေးဟောင်း ယဥ်ကျေးမှုဒေသရှိ အထင်ကရဟိုတယ်တစ်ခုဖြစ်သော ဘောဂသိဒ္ဓိဟိုတယ်မှ မိုးရာသီကာလတွင် ဟိုတယ်အခန်းခနှုန်းထားများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးထားကြောင်း ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံ​ဒေသရှိ ဘောဂသိဒ္ဓိဟိုတယ်သည် 3 Star အဆင့်ရှိ​ပြီး မြေ ၅ ဧက ဝန်းကျင်ပေါ်တွင် Resort Type Hotel ပုံစံ တည်ဆောက်ထားကာ အခန်းပေါင်း (၆၀) ရှိသည့် ဟိုတယ်တစ်ခုဖြစ်သည်။

” ဟိုတယ်အနေနဲ့ ဓာတ်ပုံရိုက်ကူးလို့ ကောင်းတဲ့နေရာတွေ များစွာ ရှိပါတယ်။ အစ်မတို့ ဟိုတယ်က ဟိုတယ်ဇုန်ထဲလည်းဖြစ်တယ်။ မြေဧက ကျယ်တော့ ဥယျာဥ်ကို စိတ်သက်သောင့်သက်သာဖြစ်အောင် တည်​ဆောက်ထားတာ ဖြစ်ပါတယ်။ အေးအေးဆေးဆေး အနားယူလို့ ကောင်းပါတယ်။ ရေကူးကန်က တခြားထက် ပိုပြီးကြီးပါ​ေတာ ့ရေကူးကန် ကျယ်ကျယ်ကြိုက်တဲ့သူတွေအတွက် အကောင်းဆုံးပါ”ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူ က Travelling ကို ပြောသည်။

ပုဂံ ဒေသ၏ မိုးဦးကာလတွင် မြေသင်းရံနံ့များ
ဖြင့် ထုံမွမ်းနေပြီး ယင်းကာလ၌ ဘုရားဖူးဧည့်သည် အများစုမှာ ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့်အတွက် ထိုကာလများတွင် မိုးရာသီအထူးအစီအစဥ်များအနေဖြင့် ဟိုတယ်များမှ အခန်းခနှုန်းထားများကို ​ေလျှာ့ချပေးကြောင်း သိရသည်။

ပုဂံဒေသရှိ ဘောဂသိဒ္ဓိ ဟိုတယ်၏ Superior အခန်း တစ်ညလျှင် (၆၅၀၀၀) ကျပ် ကို ကျပ် (၄၅၀၀၀) ဖြင့် လည်ကောင်း၊ ဘန်ဂလိုလုံးချင်းတည်းခိုပါက တစ်ညလျှင် ကျပ် (၈၅၀၀၀) ကို ကျပ် (၇၅၀၀၀) ထိ လျှော့ချပေးထားကြောင်း သိရသည်။

လက်ရှိတွင် ဘောဂသိဒ္ဓိကုမ္ပဏီလိမိတက်လက်အောက် ၌ ဟိုတယ် ၃ လုံးရှိပြီး ငပလီ နှင့် ကျိုက်ထီးရိုးတို့တွင် ဟိုတယ် တစ်လုံးစီ ရှိကာ နေပြည်တော်တွင် ဘောဂသိဒ္ဓိ အမည်ရှိ ဆေးရုံ
တို့ကို လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။

BawgaTheiddhiHotel