![](https://travelling-mm.com/wp-content/uploads/2024/04/IMG-b3cbea452ab4ad8f3d774e877c9d93c5-V.jpg)
Travelling Journal
တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်ဖြစ်သည့် ရိုးရာတာတက်ပွဲတော်ကို ကျင်းပနေကြောင်း တောင်ရိုးတိုင်းရင်းသားဒေသခံတစ်ဦးက Travelling သို့ပြောသည်။
အဆုိပါပွဲတော်သည် တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဥ် တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-cdc6da6cfac73136a76f2495b233a301-V.jpg)
တောင်ရိုးတိုင်းရင်းသားများသည်် ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးရိုးရာ ဓလေ့ဖြစ်သည့် တာတက်ပွဲ (ခေါ်) မီးလုံးပွဲတော်ကို တောင်ရိုးတိုင်းသားများနေထိုင်ရာ
မြို့နယ်များရှိရွာများအလိုက် နှစ်စဥ်ကျင်းပလေ့ရှိကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုး
ပေါင်းစုံနေထိုင်ကြပြီး တိုင်းရင်းသား တစ်ခုချင်းစီ၌ ရိုးရာဓလေ့နှင့်ယဥ်ကျေးမှု ကိုယ်ပိုင်ဟန်များရှိကြကာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၃၃)မျိုးတွင် တောင်ရိုးမျိုးနွယ်စုလည်း ပါဝင်ကြောင်း သိရသည်။
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-e2ea3641afdf45e20e3cd42d8082d6a7-V.jpg)
အနီးစပ်ဆုံးအနေဖြင့် ဧပြီလ (၂၄)ရက်တွင် ကလောမြို့နယ်ရှိ တောင်မြေခြားရွာ နှင့် ပင်းတယမြို့နယ်ရှိ ပွေးလှရွာl ဝါတရာရွာ l တည်ပင်ရွာတို့ ရိုးရာတာတက်ပွဲတော်ကိုကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ရှမ်း ပြည် နယ်အတွင်း ကလော l အောင်ပန်းl
ပင်းတယနှင့် ပင် လောင်းတို့တွင် တောင်ရိုးတိုင်းရင်းသားလူဦးရေငါးသိန်းဝန်းကျင်ခန့်နေထိုင်ကြပြီး တောင်ရိုးတိုင်းရင်းသား များနေထိုင်ကြသည့်ကျေးရွာများတွင် ယင်း ပွဲတော်များကို ဆင်နွဲဲ ကြလေ့ရှိကြောင်းသိရသည်။
Taung Yoe Traditional Festival
Photo Lu Wine /Sai khant zaw
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-c7430e468f698eb98d0244074790b961-V.jpg)
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-4d489382a2978534d0c452be732b1e66-V.jpg)
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-baebd38f861d8fb8f6c34459504faddf-V.jpg)
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-a2f2ac178875a1343385c1ce5955426d-V.jpg)
![](https://travelling-mm.com/wp-content/uploads/2024/04/IMG-dc0262454f03010d18b67ed8fb0c341b-V.jpg)