Travelling Journal
ပြည်ပခရီးသွား ဧည့်သည်များ မဖြစ်မနေ လေ့လာလည်ပတ်ကြသည့် အင်းလေးဒေသသို့ရုရှားBlogger အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုရှားဘလော့ဂါ အမျိုးသမီး တစ်ဦး သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတစ်ဦးဖြစ်ပြီး Tourist Attraction များဖြစ်ကြသည့် ပုဂံရှေးဟောင်း ယဥ်ကျေးမှု ဒေသ ၊ အင်းလေးဒေသ ၊ ပဲခူးမြို့ သို့ သွားရောက် လေ့လာလည်ပတ်ခဲ့ကြောင်းသိရသည်။
” ကျွန်တော် တို့ဆီကိုတော့ ကြိုတင် Booking လုပ်ပြီး လာရောက်တည်းခိုခဲ့တာပါ”ဟု မိုင်းသောက်ရှိ ကြယ်ငါးပွင့် အဆင့်မီ VILLA INLE BOUTIQUE RESORT က တာဝန်ရှိသူက Travelling သို့ ပြောသည်။
မြန်မာ နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ၁၀ ရက်တာ ကာလအတွင်း ငပလီ၊ပုဂံ ၊ မန္တလေး ၊ အင်းလေး ၊ ပဲခူးနဲ့ရန်ကုန်ကို လည်ပတ်ခဲ့သည်။
“သွားလည်ပတ်တဲ့ကာလအတွင်း Safe ဖြစ်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ လည်း ဖြစ်ပါတယ်။ အရင်နေရာတွေနဲ့ အရမ်းကွာခြားတဲ့ မြို့လို့ ခံစားရပါတယ်။ ခရီးစဥ် ကာလအတွင်း အဆင်ပြေခဲ့ပါတယ်။ မိခင်နိုင်ငံကို ပြန်သွားရင်လည်း recommend ပေးသွားပါမယ်။ မြန်မာပြည်အတွက်လည်း အမြန်ဆုံး ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတတ်လာပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ် “ဟု ရုရှားဘလော့ဂါ Olya Lukyanova က Travelling ၏ မေးမြန်းချက်ကို ပြန်လည် ဖြေ ကြားပေးခဲ့သည်။
ရုရှားဘလော့ဂါ Olya Lukyanova သည် Teen Daily မီဒီယာ၏ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်ပြီး အင်စတာဂရမ်တွင် Teen Daily ၏ Follow မှာ တစ်သန်းရှိကြောင်း သိရသည်။