ကျိုက်ထီးရိုးဘေးမဲ့ကြိုးဝိုင်းအတွင်း ​တောတွင်းစွန့်စားမှုခရီးစဥ်များ ပြုလုပ်နိုင်မည့် Forest House Camping Site တစ်ခု စတင်ဖော်ဆောင်

Travelling Journal စွန့်စားမှုခရီးစဥ်များကို ကြိုက်နှစ်သက်သည့်ခရီးသွားများအတွက် ကျိုက်ထီးရိုးဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းရှိ Forest House Camping Site သို့ ဘတ်ဂျတ် ခရီးစဥ်ဖြင့် လာရောက်လည်ပတ်န ...

Travelling Journal

စွန့်စားမှုခရီးစဥ်များကို ကြိုက်နှစ်သက်သည့်ခရီးသွားများအတွက် ကျိုက်ထီးရိုးဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းရှိ Forest House Camping Site သို့ ဘတ်ဂျတ် ခရီးစဥ်ဖြင့် လာရောက်လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း Forest House Camp ကို တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက Travelling သို့ ပြောသည်။

ယခုလနှင့် ဧပြီလအတွင်း လာရောက်လည်ပတ်
မည့် ခရီးသွားများအတွက် တစ်ဦးလျှင် ကျပ်
ခြောက် သောင်း ဖြင့် အထူးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

” ရန်ကုန်ကနေလာရင် နေ့လည် (၁) နာရီလောက်ကင်ပွန်းစခန်းကိုရောက်ပါတယ်။ ကျွန်တော်တို့ဘက်ကနေပြီးတော့ ကင်ပွန်းစခန်းစုရပ်ထိ လာကြိုပေးပါတယ်။ ကင်ပွန်းစခန်းကနေ ကျောက်ဖြူတောင် Camp ကိုအရင်သွားပြီး၊ တောင်ပေါ်မှာတစ်ညအိပ်ရပါမယ်။မနက်ပိုင်း breakfast ကျွေးပါမယ်။ ကျောက်ဖြူတောင်ပေါ်မှာက နေ၀င်တာရယ် နေထွက်တာရယ်ကြည့်ပြီးရင် နောက်နေ့ breakfast စားပြီးတာနဲ့ Forest camp ကို ဆက်သွားပါမယ်။ Forest camp ကနေပြီး အခြားရေတံခွန်တွေနဲ့ အနားယူရမယ့်နေရာတွေလိုက်ပို့ပေးပါမယ်။ညစာ လည်း ပါပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာတွေကိုလည်း ယူဆောင်လာလို့ရပေမယ့် အမဲသား၊အရက် သေစာ၊ဆေးလိပ် တို့ကို တော့ ယူဆောင်လာခွင့်မပြုပါဘူး” ဟု ဦးအောင်ပြည့်စုံက Travelling သို့ ပြောသည်။

အဆိုပါ ဝန်ဆောင်မှုများအတွက် တစ်ဦးလျှင် ကျပ်ခြောက်သောင်းကျသင့်မည်ဖြစ်သော်လည်း ရန်ကုန်-ကင်ပွန်းစခန်းကားခ(အသွားအပြန်) မပါဝင်ကြောင်းသိရသည်။

တောတွင်းစခန်းချရမည့်နေရာတွင် Sleeping bags၊ Tents၊ Hammock တို့ဖြင့် ညအိပ်ရမည်ဖြစ်ပြီး Adventure ဆန်ဆန်ခရီးသွားချင်သူတွေအတွက် အကြိုက်တွေ့စေရမည့်နေရာတစ်ခုဖြစ်သည့်အပြင် hiking နှင့် Climbing train ရနိုင်သလို Camping feel ကို အပြည့်အ၀ခံစားရစေနိုင်သည့် Budget trip တစ်ခုဖြစ်အောင်ဖော်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဦးအောင်ပြည့်စုံက Travelling သို့ပြောသည်။

ထို့်အပြင် ဘုံခုနစ်ဆင့်တသွင်သွင်စီးဆင်းနေသည့် နတ်သမီး ရေတံခွန် ၌ Diving ကစားခြင်းကို
ပြုလုပ်နိုင်ကြောင်း သိရသည်။

” ကျွန်တော်တို့ ရဲ့ Camp က ကျိုက်ထီးရိုးဘေးမဲ့သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ရှိတာပါ။ ဒီတောထဲမှာ သစ်ခုတ် ဝါးခုတ်တဲ့ ဒေသခံတွေ ရဲ့သစ်လုံးအိမ်တွေရှိပါတယ်။ အရင်ကတော့ဒေသခံတွေက ဘုရားဖူးတွေလာကြတော့စျေးရောင်းကြတယ်။ အခုကျတော့ ဘုရားဖူးဧည့်သည် နည်းပါးသွားတော့ တောထဲမှာ သစ်ခုတ်ဝါးခုတ်ကြများတယ်။ ကျွန်တော်က ခရီးသွားရတာဝါသနာပါတော့ ဒီဘက်မှာ တောတွင်းအခြေပြု ခရီးစဥ်လေးတွေဖော်ဆောင်ပေးချင်စိတ်ဖြစ်လာတယ်။နောက်ပြီး ဒေသခံတွေကို လည်း ဝင်ငွေရစေမယ်။ တောကို မှီခိုပြီး သစ်တောကို ရေရှည်ပြန်ထိန်းသိမ်းချင်တယ်။ အဲဒီလိုလေးနဲ့ အခုလို Forest House ကို ဖော်ဆောင်ခဲ့တာပါ လို့ Founder တစ်ဦးဖြစ်သူ ဦး အောင်ပြည့်စုံ က Travelling သို့ ပြောသည်။

ထို့အပွငျ တောတွင်း Camping Site နှစ်နေရာကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပြီးအဆိုပါ Camping Site တွေကို ကျောက်ဖြူတောင်ပေါ်၌ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျောက်ဖြူတောင်ပေါ် မှ နေဝင်နေထွက်တာ ကို တစ်နေရာတည်းကနေ ကြည့်လို့ရနိုင်သလို ကျိုက်ထိုမြို့နှင့် စစ်တောင်းမြစ်ကိုလည်း မြင်တွေ့နိုင်ကြောင်း သိရသည်။

Photo Aung Pyae Sone