Featured Local News

Popular Local News

All Local News

မြန်မာ့ခရီးသွားဘဏ်မှ Travel Loan ဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များကို လွယ်ကူစွာ သွားလာနိုင်တော့မည်

မြန်မာ့ခရီးသွားဘဏ်မှ Travel Loan ဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များကို လွယ်ကူစွာ သွားလာနိုင်တော့မည်

လရောင်ချို မြန်မာခရီးသွားဘဏ်မှ ဝန်ဆောင်မှု အသစ်ဖြစ်သည့် Travel loan နှင့် ပြည်တွင်း ပြည်ပရှိ ခရီးစဉ်များကို မိမိစိတ်ကြိုက် သွားရောက်နိုင်ရန်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း Deputy Managing Director ဖြစ်သူ U Andrew Khant (ခ) ဦးအောင်ခန့် က ပြောသည်။ အဆိုပါ Travel loan ဖြင့် သွားရောက်လိုသည့် သူများအနေဖြင့် ခရီးသွား ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မိမိ စိတ်ကြိုက် ခရီးစဉ်များကို သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မြန်မာ့ခရီးသွားဘဏ်မှ Travel loan ကို ဖော်ဆောင်ပေးခြင်းမှာလည်း မြန်မာနိုင်ငံအတွင်း ခရီးသွားသူများ ပိုမိုများပြားလာစေရန်နှင့် ယခင်က ခရီးသွားရာတွင် ငွေကြေးအခက်အခဲကြောင့် ခရီးမသွားလာနိုင်သည့် သူများအတွက် Travel loan ဖြင့် သွားရောက်နိုင်စေရန် အတွက် ဘဏ်အနေဖြင့် စတင်ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးကဏ္ဍအဆင့်မြှင့်တင် နိုင်စေရန်အတွက် မြန်မာ့ခရီးသွားဘဏ်အနေဖြင့် လိုအပ်ချက်များကို အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် Travel loan နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ Tours agents များဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက် ရှိနေပြီး အဆိုပါ ချိတ်ဆက်ထားသည့် Tours agents များအနေဖြင့် ခရီးသွားလာမည့်Customerများ ကို ပိုမိုရရှိနိုင်ကာ မိမိတို့ခရီးသွားလုပ်ငန်းကို လည်း ပိုမိုချဲ့ထွင်နိုင်စေရန်အတွက် အထောက်အကူကောင်းတစ်ခုဖြစ်ကြောင်း ဦးအောင်ခန့်က ဆိုသည်။ ထို့ပြင် ခရီးသွားများအနေဖြင့်လည်း Travel loan လျောက်ထားပြီး ခရီးစဉ်၏ ကုန်ကျငွေကို အရစ်ကျအနေဖြင့် ပြန်လည်ပေးသွင်းနိုင်သည့်အတွက် အခက်အခဲမရှိပဲ လွယ်ကူစွာ ခရီးသွားလာနိုင်တော့မည် ဖြစ်သည်။ အဆိုပါ Travel loan ကို လျောက်ထားလိုသူသည် ပုံမှန်ဝင်ငွေရှိရမည်ဖြစ်သလို ထောက်ခံပေးမည့်သူ လိုအပ်မည်ဖြစ်ကာ ကနဦး အနေဖြင့် Travel loan ကို အနည်းဆုံးခြောက်လဖြင့် အရစ်ကျ ပေးသွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ " လောလောဆယ်မှာ ကျွန်တော်တို့ဘဏ်ကတော့ အရစ်ကျ ကို ခြောက်လပဲ ကနဦး ပေးထားတယ် ဒါပေမယ့် ဒေါ်လာထောင်ကျော်တဲ့ ခရီးစဉ်တွေ ဖြစ်နေတယ်ဆိုရင် Customer ရဲ့ ပေးနိုင်တဲ့အပေါ်မှာ မူတည်ပြီး ပေးသွင်းချင်တဲ့ လအရေအတွက်ကို ရွေးချယ်နိုင်တယ်။ အရင်ကဆို ခရီးသွားဖို့အတွက် စိုးရိမ်ပူပန်နေရပါတယ်။ အခုကျတော့ ဒါတွေကို ပူပန်နေစရာမလိုတော့ဘူး။ ကိုယ်စိတ်ကူးထဲက စိတ်ကြိုက်ခရီးစဉ်တွေကို ခုချက်ချင်းထသွားလို့ရနိုင်တဲ့အနေအထားတွေ ဖြစ်လာအောင် ကျွန်တော်တို့ဘဏ်ကနေ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ် " ဟု ဦးအောင်ခန့် က ဆိုသည်။ ထို့အပြင် လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်နှင့်မြန်မာခရီးသွားလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး Tours and Hospitality လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် Tourism Term Loan, Tourism Overdraft, Tourism Project Loan အစရှိသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်နိုင်ရန်အတွက် မကြာခင်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းသိရသည်။ Travelling_Journal/Vol_1_Issue_14
Contine Reading
By - Admin / 24-07-2019
ပသိချောင်းအပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ ဖော်ဆောင်နေ

ပသိချောင်းအပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ ဖော်ဆောင်နေ

မော်ကျွန်းသူ ကရင်ပြည်နယ် သံတောင်မြို့ ရှိ ပသိချောင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာ၀အခြေခံ အပန်းဖြေ စခန်းများသို့ သွားရောက်အနားယူနိုင်မည့် စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။ ပသိချောင်းကို အခြေခံပြီး မြေဧက ၁၀၀ ပေါ်တွင် ပသိချောင်း အပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာကုမ္ပဏီမှ ဖော်ဆောင်သွားမည်ဖြစ်သည်။ လက်ရှိတွင် အမည်ပေါက် ၀ယ်ယူထားပြီးဖြစ်သည့် မြေဧက ၁၀၀ အတွင်း မြေပြင်ဆောင်ရွက်မှုများ ကို စတင်ဆောင်ရွက်နေသလို ကားလမ်းများလည်း ဖောက်လုပ်နေကြောင်း သိရသည်။ ထို့အပြင် အပန်းဖြေဥယျာဉ်ဖော်ဆောင်မည့် ဥယျာဉ် အတွင်း ဒေသမျိုးရင်း နှစ်ရှည်ပင်များဖြစ်သည့် ဒူးရင်း၊ ကြက်မောက်သီး၊ မင်းကွတ်သီး နှင့်လိုင်ချီးသီးပင်များကို အကွက်များဖြင့် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။ ’’ ပသိချောင်းက ရာသီမရွေး ရေစီးဆင်းနေတာမို့ ချောင်းနဲ့ သဘာ၀အလှအပများကြောင့် ဧည့်သည်တွေ လာရောက်အပန်းဖြေနေကြတယ်’’ဟု ပသိချောင်းအပန်းဖြေ စီမံကိန်းကို တာ၀န်ယူ ဆောင်ရွက်နေသည့် မနွယ်က ပြောသည်။ ယခုလက်ရှိအနေအထားမှာ ပသိချောင်းအတွင်း လာရောက်ရေကစားသူများအတွက် နားနေဆောင် သုံးလုံးဆောက်လုပ်ပေးထားပြီး ၀င်ကြေးအနေဖြင့် ပသိချောင်းအပန်းဖြေ သဘာ၀ဥယျာဉ်အတွင်းသို့ လာရောက်သည့် ကားကြီး ၊ကားသေးတစ်စီးကို ၁၀၀၀ ကျပ် ကောက်ခံလျက်ရှိကာ လူကြီးတစ်ဦးလျှင် ၁၀၀ ကျပ် သာ ကောက်ခံကြောင်း သိရသည်။ အဆိုပါ အပန်းဖြေသဘာ၀ဥယျာဉ်အတွင်း လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသားများ အတွက် ဇီ၀ဆိုင်ရာအပင်များလေ့လာခြင်း ၊ သုတေသနပြုခြင်း၊လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းစသည့် Activity များကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အပန်းဖြေလာရောက်ကြမည့် ဧည့်သည်များအတွက် ဒေသထွက်ကုန်အမှတ်တရအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ နားနေဆောင်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာလည်း ပသိချောင်းပတ်၀န်းကျင်ဒေသ၏ သဘာဝဂေဟစနစ်မပျက်စီး မပျောက်ကွယ်စေရန်နှင့် ထိန်းသိမ်းထားခြင်းနှင့် သဘာဝတောတောင် စိမ်းလန်း စိုပြေသာယာလှပ မှုကို မှီခို၍ ဇီ၀မျိုးစိတ် များဖြစ်သည့် သက်ရှိသက်မဲ့ သတ္တဝါနှင့် အပင်များ၏ သာယာလှပမှုကိုလည်း ပြည်သူများ အတွက် ကြည်နူးပျော်ရွင်စေမည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ဖော်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။ Travelling_Journal/Vol_1_Issue_14 Photo_ဇေကမ္ဘာ
Contine Reading
By - Admin / 23-07-2019
ဟွန်ဒါ(Honda) ဂျက်လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများကို ပျံသန်းပြေးဆွဲရန် သရုပ်ပြမိတ်ဆက်

ဟွန်ဒါ(Honda) ဂျက်လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများကို ပျံသန်းပြေးဆွဲရန် သရုပ်ပြမိတ်ဆက်

#မော်ကျွန်းသူဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီ၏ စိတ်ကူးဒီဇိုင်းနှင့် အမေရိကန်နည်း ပညာတို့ပူးပေါင်းထုတ်လုပ်ထား သည့် ဟွန်ဒါ အမျိုးအစား ဂျက် လေယာဉ်အား မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ တာဝန်ရှိသူများနှင့် အခြားစိတ်ဝင် စားသူလုပ်ငန်းရှင်တို့ကို သရုပ်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း KPO ကုမ္ပဏီလီမိတက်မှ ပရော ဂျက် ဒါရိုက်တာ ဦးနိုင်ထွန်းက Travelling ဂျာနယ်သို့ ပြောသည်။ “ လောလောဆယ်က အစပဲရှိ သေးတာ။ လေယာဉ်ပျံကို မြန်မာ နိုင်ငံတွင်းမှာ ပျံသန်းပြေးဆွဲခွင့်ရဖို့ ခွင့်ပြုချက်လိုင်စင် AOC သက်ဆိုင်ရာသို့ ဆက်လက်တင်ပြလျှောက်ထားဖို့စီစဉ်နေပါတယ်။ ဒီလေယာဉ်ပျံထုတ်တာကလည်း ငါးနှစ်ဝန်းကျင်အတွင်းလောက်ပဲ ရှိသေးတာ။ အာရှဒေသတွင်းတစ် ခုထဲမှာ တောင် တစ်စီးနှစ်စီးပဲရှိ သေးတာဖြစ်တယ်။ ပြီးခဲတဲ့လကုန် ပိုင်းက ဂျပန်နိုင်ငံ၊ ဟော့ကိုင်ဒိုး ဒေသရှိ ဆာပိုး ရိုးကို သွားရောက် သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ KPO ကုမ္ပဏီအနေနဲ့ Country Dealer မြန်မာနိုင်ငံအတွက် ရရှိထားတာ ဖြစ်လို့ အဲဒီလေယာဉ်ပျံကို သရုပ် ပြပျံသန်းဖို့ မြန်မာနိုင်ငံသို့ရောက် ရှိနေတာဖြစ်ပါတယ်။ နောက် ပိုင်း ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှု တွေပေးဖို့အတွက် ရည်ရွယ်ထား တာပါ””ဟု ၎င်းက ပြောသည်။ လက်ရှိတွင် အဆိုပါ ဂျက် လေယာဉ်သရုပ်ပြသမှုကို ပို့ဆောင် ဆက်သွယ်ရေးနှင့် ဟိုတယ်ခရီး သွားဝန်ကြီးဌာန လက်အောက် ဦးစီးဌာနများရှိ တာဝန်ရှိသူများကို ပျံသန်းသရုပ်ပြသနေကြောင်း သိရသည်။ “အဲဒီဌာနတွေကို အရင်ဆုံး စပြသနေတာဖြစ်တယ်။ မြန်မာ နိုင်ငံအပြင် ဒေသတွင်း အခြား နိုင်ငံများကိုပါ အခါအားလျော် စွာသွားရောက်ပြီး ပျံသန်းသရုပ်ပြ နေတာဖြစ်ပါတယ်။ မြန်မာပြည် မှာတော့ မန္တလေးမြို့အပါအဝင် အခြားမြို့ကြီးများကိုလည်း သွား ရောက်ပြီး သရုပ်ပြသသွားမှာဖြစ် ပါတယ်””ဟု ၎င်းကပြောသည်။ အဆိုပါ ဟွန်ဒါအမျိုးအစား ဂျက်လေယာဉ်ကို မြန်မာနိုင်ငံတွင် သရုပ်ပြမိတ်ဆက်မှုများပြုလုပ်နိုင် ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နိုဝင် ဘာ ၁၉ ရက်က ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ် ခရီးဝန်ကြီးဌာနှင့် အခြားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအား နေပြည်တော်တွင် ပျံသန်းသရုပ် ပြသခြင်း၊ ရပ်နားသရုပ်ပြသခြင်း များကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဆက်လက်ပြီး အခြားမြို့ကြီး များသို့လည်း အလျဉ်းသင့်သလိုပျံ သန်းသရုပ်ပြသသွားမှာဖြစ်ကြောင်း သိရသည်။အဆိုပါ ဂျက်လေယာဉ်တစ် စီးတန်ကြေးမှာ ကန်ဒေါ်လာ ၅ သန်းဝန်းကျင်ရှိပြီး ပေါ့ပါးသလို တစ်စီးလျှင် လူ ၅ ဦးမှ လူ ၆ ဦး အထိ စီးနင်းနိုင်ပြီး GE Honda/HF 120 အမျိုးအစားအင်ဂျင်နှစ်လုံးပါရှိသည့် ဂျက် လေယာဉ် အမျိုးအစားဖြစ်ကြောင်း သိရ သည်။ ယင်းဂျက်လေယာဉ်များ သည် လက်ရှိပြည်တွင်းခရီးစဉ်များ တွင် ART လေယာဉ်ပျံများ ပျံ သန်းအသုံးပြုလျှက်ရှိသည့် မည် သည့်ကွင်းမျိုးမဆို ဆင်းသက်နိုင် ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပျံသန်းပြေး ဆွဲရန် သက်ဆိုင်ရာမှ ခွင့်ပြုချက် AOC ရရှိပြီးပါက အဆိုပါဂျက် လေယာဉ်ငယ်များဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတိုးတက်မြှင့်တင် ရေးတွင် တတ်အားသရွေ့ပါဝင် ဆောင် ရွက်သွားရန် အဓိကရည်ရွယ်ထားကြောင်း သိရသည်။ ထို့အပြင် လေကြောင်းနှင့် ဆက်နွယ်သည့်လုပ်ငန်းရပ်များတွင် ပါဝင်လုပ်ကိုင်နိုင်ရန်အထိ ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_7
Contine Reading
By - Admin / 06-12-2018
မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဘုရင့်ကာကွယ်တောကို အစိုးရပိုင်သစ်တောအဖြစ်ပြောင်းလဲပြီးပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်

မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဘုရင့်ကာကွယ်တောကို အစိုးရပိုင်သစ်တောအဖြစ်ပြောင်းလဲပြီးပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်

တိုးဝင်းလွင် ထိုင်းနယ်စပ်၊ မယ်ဟောင် ဆောင်ခရိုင်အတွင်းရှိ ဘုရင့် ကာကွယ်တောကို အစိုးရပိုင် သစ်တောအဖြစ် ပြောင်းလဲပြီး ပါက BP 13 နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ကယားပြည်နယ်ဟိုတယ်/ခရီး တာဝန်ခံ ဦးလင်းဇော်ထွဋ်က Travelling ဂျာနယ်သို့ ပြော သည်။ အဆိုပါနယ်စပ်ဂိတ်ဖွင့်လှစ် ရန်အတွက် ကယားပြည်နယ်ဘက် ခြမ်းရှိ လမ်းများပြုပြင်မှုပြီးစီး သော်လည်း မယ်ဟောင်ဆောင် ဘက်မှ ခင်းရန်ကျန်ရှိနေသည့် ၉ ဒသမ ၇ ကီလိုမီတာမှာ ဘုရင့်ကာကွယ်တော ဖြစ်နေသည့် အတွက်ပြင်ဆင်ရန် ခက်ခဲနှောင့် နှေးနေရခြင်းဖြစ်ကြောင်း သိရ သည်။ “ ဒါနဲ့ပတ်သက်ပြီးတော့ထိုင်း ဝန်ကြီးချုပ်ကို မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက ဘုရင့်ကာကွယ် တောကို ရိုးရိုးအစိုးရပိုင်သစ်တော ကာကွယ်တောအနေနဲ့ပဲပြောင်း လဲသတ်မှတ်ပေးဖို့ တင်ပြခဲ့တယ်။ အဲ့လမ်းကလည်း တော်တော်လေး ကြမ်းတယ်။ ဝန်ကြီးချုပ်ခွင့်ပြု ချက်ရရင်တော့ အဲ့လမ်းကို သူ တို့ပြင်နိုင်တယ်။ ကယားပြည် နယ်ဘက်ကတော့ အကုန်လုံး ပြင်ပြီးသွားပြီ” ဟု ၎င်းက ပြော သည်။ ယင်းကျန်ရှိသည့်လမ်းပိုင်း ၉ ဒသမ ၇ ကီလိုမီတာကို ပြုပြင် ပြီးပါက BP 13 ဂိတ်ကို အပြည် ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ်ဖွင့် ရန် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ်ရှိလွိုင်ကော် မြို့နှင့် ထိုင်းနယ်စပ်ရှိမယ်ဟောင် ဆောင်မြို့ကို ညီမမြို့တော်အဖြစ် ၂၀၁၇ ခုနှစ်၊ မတ်လ(၉)ရက် တွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ကြောင်းဖြစ်သည်။ အဆိုပါဂိတ်ပေါက်မှ ထိုင်း နှင့် မြန်မာနိုင်ငံသားများကိုသာ လည်ပတ်ခွင့်ပြုသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံသားများကို Entry Permit Visa ဖြင့် လွိုင်ကော် အထိဝင်ရောက်လည်ပတ်ခွင့်ပေး သွားမည်ဖြစ်ကာ တတိယနိုင်ငံ သားများအနေဖြင့် လည်ပတ်ခွင့် မရရှိသေးကြောင်း သိရသည်။ Travelling_Journal Photo_Facebook
Contine Reading
By - Admin / 27-06-2018