ဂျပန်အငွေ့အသက်များဖြင့် ခြုံလွှမ်းထားသည့် ဂျပန်ရိုးရာ စတိုင် ရိုက်ကူးနိုင်မည့် Recreation Center ကို ပြင်ဦးလွင်တွင် ပထမဆုံး ဖွင့်လှစ်မည်

Travelling journal ပန်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် ပြင်ဦးလွင်မြို့တွင် ဂျပန်ရိုးရာစတိုင် ဂျပန်အငွေ့အသက်များဖြင့် ခြုံလွှမ်းထားသည့် Japanese Style Recreation Center ကို ပထမဆုံး ဖွင့်လှစ်သ ...

Travelling journal

ပန်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် ပြင်ဦးလွင်မြို့တွင် ဂျပန်ရိုးရာစတိုင် ဂျပန်အငွေ့အသက်များဖြင့် ခြုံလွှမ်းထားသည့် Japanese Style Recreation Center ကို ပထမဆုံး ဖွင့်လှစ်သွားမည်​ ​ ဖြစ်ကြောင်း သိရသည်။

ဂျပန်ရိုးရာ စတိုင် ရိုက်ကူးနိုင်မည့် Japanese Style Recreation Center ၏ Soft Opening ဖွင့်ပွဲကို လာမည့်ဖေဖော်ဝါရီ ၉ ရက်တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

Japanese Style Recreation Center သို့ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ငါးနှစ်အောက် ကလေးများကို ဝင်ကြေးအခမဲ့သတ်မှတ်ထားကာ Prewedding Camera ရိုက် ကူးမည်ဆိုပါက တစ်နာရီကို ကျပ်(၅)သိန်း၊ ကင်မရာ တစ်လုံးလျှင် ကျပ်ငါးသောင်းပေးဆောင်ရမည်ဖြစ်ကြောင်း Japanese Style Recreation Center ၏ ဖေ့ဘုတ် စာမျက်နှာ တွင် ဖော်ပြထားသည်။

Japanese Style Recreation Center ကို ပြင်ဦးလွင် မြို့ နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ပိတ်ချင်းမြောင် လမ်းမကြီးဘေးတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်ရှိတွင် အဆိုပါစင်တာကို အလည်အပတ်နှင့် ဓာတ်ပုံံရိုက်သီးသန့်ကိုသာဝန်ဆောင်မှု ပေးထားပြီး ညအိပ် တည်းခိုခွင့်ကို ခွင့်မပြုထားသေးကြောင်း သိရသည် ။

“ကျွန်မတို့မြို့မှာ အခုလို လည်စရာပတ်စရာနေရာတစ်ခုကို ဖန်တီးပေးလာတော့ အရမ်းဝမ်းသာပါတယ်။ စိတ် ကူးလည်းကောင်းတယ်။ ဂျပန်ကနေပြန်လာပြီး သူငယ်ချင်းတွေစုပြီး အခုလိုမျိုး အကောင်အထည်ဖော်ဖြစ်သွားတာလို့သိရပါတယ်။
ချယ်ရီပင်ကိုတောင် နိုင်ငံခြားကနေ သိန်းတစ်ထောင်ကျော်ဖိုးမှာပြီး စိုက်ပျိုးထားတယ်လို့
Japanese Style Recreation Center ကိုအကောင်အထည်ဖော်သည့် ဒေသခံများနှင့်
နီးစပ်သည့် ပြင်ဦးလွင် ဒေသခံ လုပ်ငန်း ရှင်တစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ Centerကို ဂျပန်ပြည်သို့ ရောက်ရှိသွားသည့် ခံစားမှုမျိုးဖြစ်အောင် ဖန်တီးဆောင်ရွက်ထားကြောင်းသိရသည်။

“ကျွန်တော်ကတော့ ဒီလ၂ ရက်နေ့က သွားလည်ဖြစ်ခဲ့တာပါ။ ဖွင့်ပွဲကတော့ ၉ ရက်နေ့မှလို့ပြောပါတယ်။ ဓာတ်ပုံ ရိုက်ကူးဖို့လုပ်ပေးထားတဲ့နေရာ လေးတွေလုပ်ထားတာတော့ကောင်းပါတယ်။ မြန်မြန်လည်ပတ်ခဲ့ရတော့ သိပ်မပြောတတ်ဘူးဗျှ “လို့ မန္တလေး ဒေသခံ ဦးပြည့်ဖြိုးကျော်က Travelling သို့ပြောသည်။

ပြင်ဦးလွင်မြို့သည် ကြည့်စရာ၊ လေ့လာစရာ၊ လည်ပတ်စရာနေရာတွေများပြားလှသည့် Destination ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် နေရာများမှာ အမျိုးသား ကန်တော်ကြီး ဥယျာဥ်၊ ဘုရင်ခံအိမ် (ခေါ်) Governors House ၊ ဓါတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ ၊ ဘန့်ဘွေးကျင်းရေတံခွန် ၊ ဒိုင်နိုဆောဥယျာဥ် ၊ ပွဲကောက်ရေတံခွန် တို့ကို ပြည်တွင်း ခရီးသွား ဧည့်သည် များ အများဆုံး သွားရောက်လည်ပတ် ကြကြောင်းသိရသည်။

Travelling journal
News
ပုံ-စာ ပြင်ဦးလွင် မြို့က Japanese Style Recreation Center ကို ဖေဖော်ဝါရီ ၂ ရက်နေ့က သွားရောက်လည်ပတ် ခဲ့သည့် မြင်ကွင်းကို တွေ့ရစဥ်။
ဓာတ်ပုံ ကိုပြည့်ဖြိုးကျော်