Travelling Journal
ယခင်က နေ့ချင်းပြန်လှည်ပတ်ခွင့်သာ ခွင့်ပြုပေးထားသည့် ဆေးတံကျွန်းတွင် ညအိပ်အပန်း ဖြေတည်းခိုခြင်းကို တရားဝင်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးလွှမ်းမိုးကTravelling သို့ပြောသည်။
“လိုင်စင်ရလို့ ညအိပ်အပန်းဖြေခွင့်ကိုခွင့်ပြုပေးလိုက်ပါပြီ ” ဒုတိယညွှန်ကြားရေးမှူးဦးလွှမ်းမိုးက Travelling သို့ပြောသည်။
လက်ရှိ ဆေးတံကျွန်းပေါ်တွင် Good Shan Brothers ကုမ္ပဏီမှ Saytan Island Hotel အမည်ရှိသည့် ဟိုတယ်ကို တည်ဆောက်ထားပြီး လက်ရှိတွင် အခန်းပေါင်း(၃၀ ) ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၏ ကျွန်းများစွာထဲ၌ သဲအနူးညံ့ဆုံး နှင့်သဲအဖြူဆုံးကျွန်းထဲတွင် တစ်ခုပါဝင်ပြီး ကော့သောင်း နေ့ချင်းပြန် လှည်ပတ်ခရီးစဥ်များထဲ၌ လူအသိများဆုံး ကျွန်းဖြစ်ကြောင်း ကော့သောင်း အခြေစိုက်ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူ များက Travelling သို့ပြောသည်။
“၂၀၁၅ မှာ နေ့ချင်းပြန် ခရီးစဥ်တွေ ခွင့်ပြုပေးတုန်းက အသည်းပုံကျွန်းနဲ့ ဇာဒက်အော်ကို လည်ပတ်တယ်။ နေ့လည်စာကို ဆေးတံကျွန်း မှာ စားသောက်ရတယ်။ အဲလိုပုံစံနဲ့နေ့ချင်းပြန်စတင်ကတည်းက ဆေးတံကျွန်း က လူအသိအများဆုံးကျွန်း ဖြစ်ခဲ့ရတာပါ “ဟု ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးလွှမ်းမိုးက Travelling သို့ပြောသည်။
ဆေးတံကျွန်း၏ ၂မိုင် အကွာတွင် Snorkeling
ပြုလုပ်ရန် အလွန်ကောင်းမွန် သည့် ငါးမျိုးစုံမျိုးကွဲများ၊ nemo ငါးများ၊ ဂျယ်လီငါးများနှင့် အခြားသော ရေနေသတ္တဝါမျိုးစုံကိုလည်း တွေ့ရနိုင်ကြောင်း သိရသည်။
အဆိုပါ ဆေးတံကျွန်း ကို CB ဘဏ် အုပ်စုလက်အောက်ရှိ Good Shan Brothers ကုမ္ပဏီမှဟိုတယ် စီမံကိန်း ကို အကောင်အထည်ဖော်
ဆောင်ရွက်နေကြောင်း သိရသည်။