အင်းလေးကန်အတွင်း ရေဘေးသင့်ပြည်သူများကို Amata Garden Resort မှ စားစရာနှင့် အခြေခံလိုအပ်ချက်များကို လှူဒါန်းပေးနေ

#TravellingJournal အင်းလေးကန်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အင်းလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Amata Garden Resort မှ စားစရာနှင့် အခြေခံလိုအပ်ချက်များကို လှူဒါန်းပေးနေ ကြောင်း Amata ဟိုတယ်ပိ ...

#TravellingJournal

အင်းလေးကန်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အင်းလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Amata Garden Resort မှ စားစရာနှင့် အခြေခံလိုအပ်ချက်များကို လှူဒါန်းပေးနေ ကြောင်း Amata ဟိုတယ်ပိုင်ရှင် က Travelling သို့ ပြောသည်။

ထို့ပြင် Amata Garden Resort, Inle Lake မှ
အင်းလေး ရေဘေးကူညီဆောင်ရွက်ပေးနေသည့် လူမှု့ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍သော်လည်းကောင်း တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

” အလှူရှင်/ပရဟိတအသင်း လာလှူတဲ့လူတွေအတွက် ဟိုတယ်ကနေ လှေတွေ၊ကားတွေ ၊တည်းခိုဖို့ အခမဲ့စီစဉ်ပေးပါမယ်။ ကိုယ်နိုင်သလောက်က အရင်စပါမယ်။ အခုလက်ရှိကတော့ အဓိကစားစရာ၊ ရေ၊မုန့် အခြေခံချက်ချင်းလိုတာတွေကို ဟိုတယ်ကနေ ရေမြုပ်နေတဲ့ရွာတွေကို နေ့စဉ်ပေးပို့လှူဒါန်းနေပါတယ်။အခြားလှူချင်တဲ့သူရှိလာရင် ဟိုတယ်ဝန်ထမ်းတွေကတဆင့် လှူဒါန်းပေးသွားပါမယ် “ဟု Amata ဟိုတယ်ပိုင်ရှင် က Travelling သို့ ပြောသည်။

” ဦးဇင်းတို့ အင်းလေး ဟဲယာရွာမဘက်
ရေကြီးနေပါတယ်။လိုင်းလည်းမရပါဘူး။
လိုအပ်တာက သောက်ရေ နဲ့ ထင်း တွေ ကလည်းရေမြုပ်ကုန်တာကြောင့် ထင်းအစားထိုးလောင်စာနဲ့ ဆန်/ဆီ/ ကြက်ဥ တွေကို လိုအပ်နေပါတယ်။ အဆက်အသွယ်ခက်ခဲမှုတွေကြောင့် ဦးဇင်းက အခုသာသနပါလကဓမ္မဗိမာန်တော် မှာ အမြဲရှိနေပါတယ် “ဟု Travelling သို့ မိန့်ကြားသည်။

လက်ရှိအနေအထားတွင် အင်းလေးရေဘေးအတွက် အဓိကထားပြီးလုပ်ဆောင်ပေးနေကြောင်း ပုန်းအင်းဒေသဘက်သို့ ဖုန်းအဆက် အသွယ်များရရှိပါက ကူညီဆောင်ရွက်ရန် လွယ်ကူသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် ကေလာ၊ ငါးဖယ်ချောင်း၊ လင်းကင်းစသည့် ကျေးရွာအုပ်စုများအပြင်
အင်းလေးဒေသရှိ ကျေးရွာအုပ်စု (၃၅) စုထဲမှ
ရွာပေါင်း (၁၇၀) ကျော်ရေနစ်မြုပ်နေကြောင်းသိရသည်။

Inle
Photo အရှင်ကုသလ ရွာမ ပထမ

ပုံ-စာ /ယနေ့ အင်းလေးကန်၏ အခြေအနေကို တွေ့ရစဥ်။