Travelling Journal
အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)ဟု တင်စားခံထားရသည့် ငွေဆောင် ကမ်းခြေ
တွင် Luxury ဆန်ဆန် Ngwe saung Villa ကို ခရစ္စမတ်အမှီ စတင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း Ngwe saung Villas ၏ ဒါရိုက်တာမှ Travelling သို့ ပြောသည်။
အဆုိပါ Ngwesaung Villa ကို မြေဧက ၁၆၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိ ဆောက်လုပ်ပြီး Villas အလုံးရေ ၃၀ ကျော် ရှိကြောင်း သိရသည်။
အသစ်စတင်ဖွင့်လှစ်လိုက်သည့် Phase 1 တွင် Holiday Villas နှင့် Delux Villas ကို ဖွင့်လှစ် ထားရှိပြီး Phase 2 တွင် Sweet Dream villas ဟု အမည်ပေးထားသည့် ပရောဂျက်ကိုလည်း ထပ်မံတည်ဆောက်သွားမည် ဖြစ်ကာ Hotel နှင့်မတူသည့် ခံစားချက်မျိုး ရရှိအောင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က Villas တွေကို ရောင်းချပေးပါတယ်။ beach မှာ ကိုယ်ပိုင် အိမ် တစ်လုံး ပိုင်ဆိုင် နိုင်တဲ့ အခွင့်အရေးလည်း ရနိုင်သလို လာရောက်မနေသေးနိုင်တဲ့ကာလတွေမှာလည်း ငှါးရမ်းထားလို့ ရတော့ ဝင်ငွေ ကို လည်း ရရှိစေနိုင်အောင် စီစဥ်ပေးပါတယ်။ ကမ်းခြေအရသာရော ၊ ပန်းခြံတွေနဲ့ Villas အရသာရော တစ်ခါတည်း ရရှိခံစားနိုင်အောင် ရည်ရွယ်ပြီးတော့ ဆောက်လုပ်ထားတာဖြစ်ပါတယ် “ဟု Ngwesaung Villas ၏ တာဝန် ရှိ သူ က Travelling သို့ ပြောသည်။
လက်ရှိအသစ်ဖွင့်လှစ်လိုက်သည့် Ngwesaung Villas တွင် လူဦးရေ( ၁၅) ဦးထိ တည်းခိုနေနိုင်ပြီး Villas တစ်လုံး ကို ငှားရမ်းမည်ဆိုပါက တစ်ညလျှင် ကျပ် ငါးသိန်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
Villas ၏ ထူးခြားချက်မှာ Private ဆန်ဆန် မိသားစု တစုတဝေးနေထိုင်နိုင်ခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် နေထိုင်နိုင်ခြင်း ၊ ကိုယ်ပိုင်ရေကူးကန် နှင့်အပန်းဖြေ နိုင်ကြောင်း သိရသည်။
Ngwe saung Villa ကို ချစ်သူများကျွန်းနှင့်မနီးမဝေးတွင် တည်ဆောက် ထားပြီး တောင်ပေါ်မြို့လေးတစ်မြို့ပေါ်တွင် နေထိုင်သည့် ခံစားမှု နှင့် ပင်လယ်ကမ်းခြေ၏ ခံစားမှု အရသာကိုလည်းပါဝင်စေနိုင်သလို သီးသန့် ကမ်းခြေ ဧရိယာတွင် အပန်းဖြေ အနားယူနိုင်သည့်ခံစားမှုများရရှိနိုင်ရန် နိုင်ငံ တကာအဆင့်မှီဥယျာဥ် တည်ဆောက် မှု နည်းပညာဖြင့် ဒီဇိုင်းရေးဆွဲထားပြီးတည်ဆောက်ထားခြင်း ဖြစ် ကြောင်း သိရသည်။