Featured Local News

Popular Local News

All Local News

Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် တိုင်းအစိုးရ သတ်မှတ်

Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် တိုင်းအစိုးရ သတ်မှတ်

ထွန်းတောက် Out-Bound Tour လိုင်စင် ပြုလုပ်ပါက ခရီးသွားကုမ္ပဏီများအနေဖြင့် Deposit သိန််း (၁၀၀) ပေးဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ ဇန်နဝါရီလ (၁၂) တွင်ပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးတွင် ၎င်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “ Out-Bound လိုင်စင်ချပေးဖို့အတွက် ရန်ုကုန်တိုင်းအနေနဲ့တော့ ဘယ်လိုမူဘောင်နဲ့ ချပေးမလဲဆိုတာကို သတ်မှတ်လိုက်တယ်။ သတ်မှတ်တဲ့ အခါမှာ Deposit တင်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ Deposit ကို သိန်း (၁၀၀) တင်ရမယ်ဆိုပြီးတော့ ဆံးုဖြတ်လိုက်တယ်။ တစ်ခြား တိုင်းနဲ့ ပြည်နယ်က ဘယ်လိုယူမလဲဆိုတာကတော့ မသိပါဘူး” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ ပေါင်း တစ်ထောင်နီးပါး ရှိကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_20
Contine Reading
By - Admin / 24-01-2020
စောင်းကောက်ကျွန်းတွင် ပြည်တွင်း ကုမ္ပဏီ ငါးခုမှ မြေအသုံးချ ခွင့်ပြုရန် သက်ဆိုင်ရာသို့ တင်ပြထား

စောင်းကောက်ကျွန်းတွင် ပြည်တွင်း ကုမ္ပဏီ ငါးခုမှ မြေအသုံးချ ခွင့်ပြုရန် သက်ဆိုင်ရာသို့ တင်ပြထား

MKT တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင် အတွင်းရှိ စောင်းကောက်ကျွန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြည်တွင်း ကုမ္ပဏီ ငါးခုမှ မြေအသုံးချခွင့် ပြုရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ဟိုတယ်ခရီးတိုင်း တာဝန်ခံ ဦးညိုအေး ကTravelling Journal သို့ ပြောသည်။ အဆိုပါကျွန်း၌ မည်သည့်တစ်စုံတစ်ယောက်မှလုပ်ကိုင်ခွင့်ကို ခွင့်မပြုထားသလို မည်သူ့မှ လည်း ဝင်ရောက်လုပ်ကိုင်ခြင်း မရှိ​ သေးကြောင်း ၄င်းက ပြောသည်။ လက်ရှိတွင် ကျွန်းပေါ်၌ ရင်းနှီးမြှုပ်နှံမှု ပြု လုပ်မည့်ကုမ္ပဏီ ငါးခုအား မြေဧက များကို ခွဲပေးထားသည့် အဆင့်သာ ရှိသေးကြောင်း သိရသည်။ " ကျွန်းပေါ်မှာ တရားဝင်လုပ်ကိုင်ခွင့် တင်ထားတဲ့ ကုမ္ပဏီ ငါး ခုကို မြေခွဲပေးထားတယ်။ ငါးခုစလုံးကိုမှ ပြန်ပြီး တော့ စာချုပ်ချုပ်မှာပေါ့ ။ မြေဌားရမ်းစာချုပ် အသိမှတ်ပြု စာချုပ် ချုပ်ရမှာပေါ့။ အဲဒီ့အတွက်ကို မူကြမ်းကို စိစစ်နေတာပေါ့။ သုံးခုကတော့ စိစစ်ပြီးသွားပြီ။ နောက်နှစ်ခုကတော့ ထပ်ပြီးတင်မလာသေးဘူး။ တင်လာရင်တော့ ထပ်ပြီး စိစစ်ရမှာပါ" ဟု တင်္နသာရီ တိုင်းဒေသကြီး ဟိုတယ်ခရီးတိုင်း တာဝန်ခံ ဦးညိုအေး က ပြောသည်။ အဆိုပါ စောင်းကောက်ကျွန်းသည် မြေဧက ၆၀၀ ကျော်ရှိပြီး ကုမ္ပဏီ ငါးခုအား မြေခွဲဝေပေးရာတွင် ကုမ္ပဏီ တစ်ခုလျှင် မြေဧက ၅၀ မှ ၇၀ အထိ လောက်သာ ခွဲပေးထားကြောင်း သိရသည်။ အဆိုပါ ကျွန်းသည် ကော့သောင်းမြို့၏ မိုင် ၃၀ အကွာတွင်ရှိပြီး အနီးပတ်ဝန်းကျင်၌ ကြက်မောက်ကျွန်း၊ မိုးသောက်ကျွန်း တို့နှင့် နီးသလို ထိုင်းရေပိုင်နက်နှင့်လည်း နီးကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_19 Photo_KoLwanMoe
Contine Reading
By - Admin / 13-01-2020
လုံ/တည် အစည်းဝေး ဆုံးဖြတ်ချက်ဖြင့် မချမ်းဘော့မြို့အတွင်းရှိ နေရာတချို့ ပြည်ပခရီးသွားများ လည်ပတ်နိုင်ပြီ

လုံ/တည် အစည်းဝေး ဆုံးဖြတ်ချက်ဖြင့် မချမ်းဘော့မြို့အတွင်းရှိ နေရာတချို့ ပြည်ပခရီးသွားများ လည်ပတ်နိုင်ပြီ

အိမ့်ချစ်ပို ယခင်က နိုင်ငံခြားသားလည်ပတ် ခွင့်ပိတ်ပင်ထားသည့် မချမ်းဘော့မြို့နယ် အတွင်းရှိ နေရာတချို့အား လုံ/တည် အစည်းအဝေးဆုံးဖြတ်ချက်အရသွားရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း ကချင် ပြည်နယ် ဟိုတယ်/ ခရီးတာ၀န်ခံ ဦးခိုင်၀င်း က ပြောသည်။ မချမ်းဘော့မြို့နယ်အတွင်းရှိ နတ်ကျွန်း၊ ကျောက်နဂါး၊ ဂူဘား၊ နမ့်ခမ်းရေ တံခွန် စသည့်နေရာများကို ပြည်ပဧည့်သည် များ လည်ပတ်ခွင့်ပြုထားပြီဖြစ်သည်။ လုံ/တည်အစည်းဝေးမှာတော့ ယခင်က ကန့်သတ်ထားတားတဲ့ အဲဒီ နေရာတွေကို ပယ်ဖျက်ပေးထားတယ်။ ဒါပေမဲ့ လုံခြုံရေးအရ ကာကွယ်ရေးနဲ့ ပြည်ထဲရေးက ကန့်သတ်ခဲ့တာ။ သူတို့က တော့ စာထုတ်ပြန်တာမျိုးမရှိသေးဘူး။ လုံ/တည်အစည်းဝေး ဆုံးဖြတ်ချက်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဆီကိုတော့ စာရောက်ပြီ။ ကျွန်တော်တို့ကို အစည်းဝေးဆုံး ဖြတ်ချက်အရ အသိပေးထားတာတော့ရှိ ပါတယ်။ ပြည်ထဲရေးနဲ့ ကာကွယ်ရေးက နေ တရား၀င်စာထွက်လာမှသာ လုပ်ငန်း ရှင်တွေကို ချပြလို့ရမှာ။ လောလောဆယ် တရား၀င်ချမပြသေးဘူး။ လုံတည်အစည်း ဝေးဆုံးဖြတ်ချက်နဲ့ သွားလို့ရတယ်ဆိုတာ လောက်ပဲ မက်ဆေ့ခ်ျပေးထားတယ် ညဟု ကချင်ပြည်နယ်ဟိုတယ်/ ခရီးတာ၀န်ခံ ဦးခိုင်၀င်းက ပြောသည်။ မချမ်းဘော့မြို့နယ်အတွင်း လည် ပတ်လိုသည့် ပြည်ပခရီးသွား များအတွက် သက်ဆိုင်ရာခရီးသွားကုမ်္ပဏီများမှ ကချင် ပြည်နယ် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက်္ကဋ္ဌသို့တင်ပြပြီး သွားရောက် လည် ပတ်နိုင်ကြောင်း သိရသည်။ လက်ရှိတွင် မြစ်ကြီးနားအခြေစိုက် ကုမ်္ပဏီများမှရေခဲတောင်ခရီးစဉ်များ ကို ပြည်တွင်းခရီးသွားများကို ပို့ဆောင်ပေးနေ ပြီဖြစ်ပြီး ပြည်ပခရီး. သွားများအနေဖြင့် ပူတာအိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာသို့ သွား ရောက် လည်ပတ်ခွင့်ကို ကန့်သတ်ထားသည်။ Travelling_Journal/Vol_1_Issue_18 Photo_Internet
Contine Reading
By - Admin / 11-12-2019
စကားအင်းကို ဒုတိယအင်းလေးဖြစ်အောင် ရှမ်း ဟိုတယ်/ခရီး ဆောင်ရွက်မည်

စကားအင်းကို ဒုတိယအင်းလေးဖြစ်အောင် ရှမ်း ဟိုတယ်/ခရီး ဆောင်ရွက်မည်

MKT ပြည်တွင်းဧည့်သည်များသွားရောက် လည်ပတ်မှုများသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ စကားအင်းကို ဒုတိယအင်းလေးကဲ့သို့ဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးထင်အောင်နိုင်က Travelling ဂျာနယ်သို့ ပြောသည်။ ဘုရားအများစုတည်ရှိနေသည့် စကားအင်းသည် သာယာလှပပြီး ခရီးသွားများ ပိုမိုလည်ပတ်နိုင်ရန် ခရီးစဉ်တစ်ခုအနေ ဖြင့် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်အတွင်းရှိ ခရီးသွား လုပ်ငန်းများ မြှင့်တင်နိုင်ရန်အတွက် ယခု ကဲ့သို့ ရှမ်းဟိုတယ်/ခရီး ဦးစီးဌာနအနေ ဖြင့် ဆောင်ရွက်လျက််ရှိနေပြီး ထင်ရှား သည့်နေရာများ၊ ပြည်တွင်းပြည်ပစိတ်ဝင် စားစွာ သွားရောက်လည်ပတ်နိုင်မည့်ခရီးစဉ်များကိုဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာ စကားအင်းနဲ့ ရှေ့မြင် နောက်မြင်တောင်ကို ကွင်းဆင်းနေပါ တယ်။ စကားအင်းပတ်လည်မှာရှိတဲ့ ကျေးရွာတွေက လက်မှုလုပ်ငန်းလုပ်ကိုင်ကြတဲ့ ရွာတွေများပါတယ်။ ဒီဘက်ကို ခရီးစဉ် တစ်ခုဖြစ် အောင်ဆောင်ရွက်သွားမှာပါ” ဟု ဦးထင်အောင်နိုင်က ပြောသည်။ ၂၀၁၇ ခုနှစ်က အင်းလေးကန် အတွင်း ဧည့်သည်ဝင်ရောက်မှုမှာ သုံးသိန်း ကျော်လာရောက် လည်ပတ်ခဲ့သည့်အတွက် ဧည့်သည်ကျပ်သွားသည့် ဖြစ်စဉ်များရှိခဲ့ သည်။ စကားအင်းသည် အင်းလေးကန် ပုံစံမျိုးရှိသည့်အတွက် ဒုတိယ အင်းလေးကဲ့သို့ သွားရောက် လည်ပတ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ပြီး ခရီးစဉ်အသစ်အနေဖြင့် ဖော်ထုတ် ရခြင်းဖြစ်ကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_18
Contine Reading
By - Admin / 09-12-2019
ရန်ကုန်တိုင်းအတွင်းပထမဆုံးခြေလျှင်ခရီးကြမ်းကိုကျောက်ဖြာရေတံခွန်အနီးတဝိုက်တွင်ဖော်ဆောင်မည်

ရန်ကုန်တိုင်းအတွင်းပထမဆုံးခြေလျှင်ခရီးကြမ်းကိုကျောက်ဖြာရေတံခွန်အနီးတဝိုက်တွင်ဖော်ဆောင်မည်

MKT ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဖူးကြီးရေလှောင်တမံအနီး ကျောက်ဖြာရေတံခွန်အနီးတဝိုက် ခြေလျှင် ခရီးကြမ်းသွားရောက်နိုင် မည့် ခရီးစဉ်လမ်းကြောင်းသစ်ကို ဖော်ဆောင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဟိုတယ် နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန မှ ဦးမင်းမောင်စိုးက Travelling ဂျာနယ်သို့ ပြောသည်။ ယင်းကဲ့သို့ ခြေလျှင်ခရီးကြမ်း ဖော် ဆောင်နိုင်ရန်အတွက် ကွင်းဆင်း လေ့လာ မှုကို အောက်တိုဘာလ၊ တတိယ ပတ်က သွား ရောက်ကွင်း ဆင်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။ ယင်းခရီးစဉ်သည် ရန်ကုန်တိုင်း၏ ပထမဆုံးသော Trekking ခရီးစဉ်ဖြစ်ပြီး ကျောက်ဖြာရေတံခွန်ဆီသို့ သွားရောက် သည့် လမ်းကြောင်းသစ်ကို ရှာဖွေခဲ့ခြင်း ဟု ဦးမင်းမောင်စိုးက ပြောသည်။ ကျွန်တော်တို့ သွားရောက်လေ့လာ ခဲ့တယ်။ ကျောက်ဖြာက ရန်ကုန်နဲ့ အရမ်း ကြီးမဝေးပါဘူး။ အခု အဲဒီရေတံခွန်ဘက် ကို ပြည်တွင်း ခရီးသွားတွေ သွားရောက် နေကြပြီဖြစ်တယ်။ ပြည်တွင်းတွေရောက် နေပြီ။ သွားတုန်းက လမ်းသိပ်မသိလို့ နည်းနည်းရှာလိုက်ရသေးတယ်။ အဲဒီမှာ ကျောက်ဖြာရေတံခွန်နဲ့ အနီးတဝိုက်နား မှာ ကျွဲကျရေတံခွန်ရှိ တယ်။ အဲဒီရေတံခွန် က ကျွဲတောင်ပြုတ်ကျတယ်ဆိုလို့ ကျွဲကျ ရေတံခွန်လို့တောင် ဒေသခံတွေကနာမည် ပေးထားတယ်လို့ ပြော တယ်။ အဲဒီဘက်ကို ထပ်ပြီး ကွင်းဆင်းလေ့လာသွားဦးမယ်ဟု ကွင်းဆင်းလေ့လာခဲ့သူ ဦးမင်းမောင်စိုးက ပြောသည်။ ရန်ကုန်တိုင်းဟိုတယ်ခရီးအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးစဉ် အသစ်များ ရှိစေရန်အတွက် လက်ခုပ်ကုန်း ကမ်းခြေရှိ ဆယ်အိမ်တန်း ကမ်းခြေကိုလည်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်း မှုများကို လည်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_18 Photo_UMinMaungSoe
Contine Reading
By - Admin / 09-12-2019
ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြား မှန်တံတား ထိုးမည်

ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြား မှန်တံတား ထိုးမည်

ယဉ်ယဉ်လှ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်၊နောင်ချိုူ မြို့နယ် ရှိ ကမ္ဘာကျော် ဂုတ်ထိပ်နှင့် ဂုတ်တွင်း အကြားကို မှန်တံတား ထိုးရန် လုပ်ငန်းစီမံချက် တင်ပြလာသူ ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွန် ကြားရေးမှုး ဦးထင်အောင်နိုင် က Travelling Journal သို့ ပြောသည်။ ရှေးဟောင်း သမိုင်းဝင် ကမ္ဘာ့ အသိအမှတ်ပြု အမြင့်ဆုံး နှင့် ဒုတိယ အရှည်ဆုံး တောင်ကြော ပြတ် ဂုတ်ထိပ်တံတား မီးရထားလမ်း၏ ၁. ၇၅ ကီလိုမီတာ အနီး ဝန်းကျင်တွင် မှန်တံတား စီမံကိန်းကို ( Glass Plank Walkway ) ကို ဆောင်ရွက်ရန် သက်ဆိုင်ရာများမှ ကွင်းဆင်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွန် ကြားရေးမှုး ဦးထင်အောင်နိုင် ကTravelling Journal သို့ ပြောသည်။ " မူဆယ်ဘက်က လုပ်ငန်းရှင်တစ်ယောက်ပါ။ အဲဒီလုပ်ငန်းရှင်က မှန်တံတား လုပ်ဖို့ တင်ပြလာပါတယ်။ အဲဒီမြေတွေက သစ်တောမြေ ဖြစ်နေလို့ လက်ရှိမှာတော့ ညှိနှိုင်းဆွေးနွေးနေပါတယ်" ဟု၎င်း က ပြောသည်။ လက်ရှိတွင် ရှမ်းပြည်နယ် ဟိုတယ်ခရီးအနေဖြင့်ခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားလာရန်နှင့် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ် နေသလို နိုင်ငံတကာ အဖွဲ့စည်းများဖြင့်လည်း ဆောင်ရွက်နေသည့် ကဏ္ဍများလည်း ရှိနေကြောင်းသိရသည်။ ထို့အပြင် ကရင်ပြည်နယ်၏ အထင်ရှားဆုံးဖြစ်သည့် ဆံတော်ရှင်ဇွဲကပ င်တောင်ပေါ်တွင်လည်း မှန်သားကြမ်းခင်းဖြင့်ပြုလုပ်ထားသည့် မှန်တံတားကိုလည်း ၂၀၁၈ နှစ်ကုန်ပိုင်းလောက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည်။ Travelling_Journal/Vol_1_Issue_1 Photo_ဟိုတယ်/ခရီးညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)
Contine Reading
By - Admin / 14-11-2019
လုံခြုံရေးဝန်ထမ်းအင်အားမလုံလောက်သည့်အတွက် နံရံဆေးရေးပန်း ချီကားများရှိသည့် ပုဂံဘုရားအများစုပိတ်ထား

လုံခြုံရေးဝန်ထမ်းအင်အားမလုံလောက်သည့်အတွက် နံရံဆေးရေးပန်း ချီကားများရှိသည့် ပုဂံဘုရားအများစုပိတ်ထား

MKT နံရံဆေးရေးပန်းချီကားများရှိသည့် ပုဂံဘုရားအများကို လုံခြုံရေး ဝန်ထမ်းအင်အားမလုံလောက်သည့်အတွက် ပိတ်ထားရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။ လက်ရှိတွင် ရှေးဟောင်းပုဂံယဉ်ကျေးမှုနယ်မြေအတွင်း နံရံဆေးရေး ပန်းချီကားများရှိသည့် ဘုရားအဆူပေါင်း (၄၁၅) ဆူ ရှိပြီး ယင်းဘုရား များ ၏ လုံခြုံရေး ဝန်ထမ်းအစောင့်မှာ (၄၀) သာရှိသည့်အတွက် အဆိုပါဘုရားများကို ပိတ်ထားရကြောင်းသိရသည်။ "ကျွန်တော်တို့ပုဂံမှာ ဝန်ထမ်းအင်အားက ၂၄၀ ပဲ ရှိတာမို့ အင်အားမလုံလောက်ပါဘူး။ ဝန်ထမ်းမလောက်လို့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မင်းနန်သူ ဘုရားအတွင်းက နံရံဆေးရေး ပန်းချီကားကို ခိုးယူခံခဲ့ရသေးတယ်။ ဒါပေမယ့် ခိုးဖို့ပြင်ဆင်နေတုန်း ဖမ်းမိသွားခဲ့တယ်။ အဓိက က ဝန်ထမ်းအင်အားမလုံလောက်တဲ့ ပြသနာ ပါပဲ "ဟု ၎င်းကပြောသည်။ ပြည်ပဧည့်သည်များ အနေဖြင့် နံရံဆေးရေး ပန်းချီကားများလေ့လာ မည်ဆိုပါက သက်ဆိုင်ဧည့်လမ်းညွှန်မှ ရှေး/သု သို့ တင်ပြတောင်း ဆိုပါက လေ့လာနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_17
Contine Reading
By - Admin / 22-10-2019
ထိုင်း ပရိသတ် အခိုင်အမာရရှိထားသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ထိုင်း ခရီးသွား သံတမန် အဖြစ် တစ်နှစ် တာ ခန့်အပ်

ထိုင်း ပရိသတ် အခိုင်အမာရရှိထားသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ထိုင်း ခရီးသွား သံတမန် အဖြစ် တစ်နှစ် တာ ခန့်အပ်

MKT ထိုင်း နိုင်ငံ၏ ပရိသတ် အခိုင်အမာရရှိထားသည့်အပြင် မြန်မာနိုင်ငံတွင်လည်း မော်ဒယ် သရုပ်ဆောင်အဖြစ် ထင်ရှားလာသည့် ပိုင်တံခွန်ကို ထိုင်း ခရီးသွားသံတမန် အဖြစ် တစ်နှစ် တာ ခန့်အပ်လိုက်သည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအသင်းတို့မှပူးပေါင်းပြီး ထိုင်းခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က Wyndham Grand Yangon ၌ ကျင်းပပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု တိုးတက်လာစေရန်အတွက် မော်ဒယ် သရုပ်ဆောင်ပိုင်တံခွန် နှင့် နားလည်မှုစာချွန်လွှာ လတ်မှတ်ရေးထိုးပြီး ခရီးသွားသံတမန်အဖြစ် တစ်နှစ်တာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံစျေးကွက်မြှင့်တင်ရေးအသင်းမှ ခရီးစဉ်အသစ်များကို ဖော်ထုတ်နေသလို Media FAM Trip များကိုလည်း ဖိတ်ခေါ်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်များ သိရှိစေရန် ဖော်ထုတ်နေသည်။
Contine Reading
By - Admin / 21-09-2019
ခရီးသွားရံပုံငွေမရှိသဖြင့်မြန်မာကိုလူသိနည်းနေခြင်းသည်ကြက်ဥနှင့်ကြက်မ ကဲ့သို့အစရှာမရသလို ဖြစ်နေကြောင်း MTF ဥက္ကဋ္ဌ ဆို

ခရီးသွားရံပုံငွေမရှိသဖြင့်မြန်မာကိုလူသိနည်းနေခြင်းသည်ကြက်ဥနှင့်ကြက်မ ကဲ့သို့အစရှာမရသလို ဖြစ်နေကြောင်း MTF ဥက္ကဋ္ဌ ဆို

MKT မြန်မာပြည်ကိုလူသိနည်းနေခြင်းသည် ခရီးသွားပရိုမိုရှင်းများ ပြုလုပ်ရန် ရံပုံငွေ မရှိခြင်းကြောင်ြ့ဖစ်ပြီး ကြက်ဥနှင့် ကြက်မကဲ့သို့ အစရှာမရသလို ဖြစ်နေကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ " ထိုင်းကို ကြည့်ရင် မနှစ်က ဧည့်သည် ၃၈ သန်းလာတယ်။နိုင်ငံ့ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းအထက်ကိုTourism ကနေ ရှာပေးနေတာ။ သြစတြေးလျ ကလည်း ခရီးသွားနဲ့ တစ်နိုင်ငံလုံးကို ကျွေးမွေးထားတယ်။ အခု ကျွန်တော်တို့က ခရီးသွား Industry ပိုတိုးပြီးလုပ်မယ်။ ရံပုံငွေ မရှိလို့ ပရိုမိုးရှင်း မလုပ်နိုင် ၊မလုပ်နိုင်တော့ မြန်မာနိုင်ငံကို မသိဘူး။ မသိတော့ Tourism Income က ဝင်ငွေမရ သေးတော့ ခင်ဗျားတို့ကိုု ပရိုမိုးရှင်း ရံပုံငွေ မပေးနိုင် သေးဘူး ဆိုရင် လည်နေမယ်။ ကြက်ဥနဲ့ကြက်မ လို အစ ရှာမရ ဖြစ်နေပါမယ်" ဟု စက်တင်ဘာ ၁၂ ရက်၊ နေပြည်တော်၌ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လုပ်ငန်းလုပ်မယ်ဆိုရင် သတ္တိရှိရှိ လုပ်ကိုင် ဖို့လိုအပ်ပြီး မြန်မာ့ခရီးသွားဘဏ် အနေဖြင့်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အပံ့ပေးနိုင်အောင် ရည်ရွယ်ကာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ပရိုမိုးရှင်း ရံပုံငွေရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍ ယခုထက် ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ "ကျွန်တော်တို့ကလည်းကြိုးစားမယ်နိုင်ငံတော်ကလည်းလိုအပ်တဲ့အထောက်အပံ့ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရီးသွား၊ စီးပွားရေးနဲ့ တစ်နိုင်ငံလုံးကို ကျွေးထားနိုင်အောင် လုပ်ဆောင်သွားပါမယ်" ဟု ဦးရန်ဝင်းကပြောသည်။
Contine Reading
By - Admin / 14-09-2019
မြန်မာ့ခရီးသွားဘဏ်မှ Travel Loan ဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များကို လွယ်ကူစွာ သွားလာနိုင်တော့မည်

မြန်မာ့ခရီးသွားဘဏ်မှ Travel Loan ဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်များကို လွယ်ကူစွာ သွားလာနိုင်တော့မည်

လရောင်ချို မြန်မာခရီးသွားဘဏ်မှ ဝန်ဆောင်မှု အသစ်ဖြစ်သည့် Travel loan နှင့် ပြည်တွင်း ပြည်ပရှိ ခရီးစဉ်များကို မိမိစိတ်ကြိုက် သွားရောက်နိုင်ရန်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း Deputy Managing Director ဖြစ်သူ U Andrew Khant (ခ) ဦးအောင်ခန့် က ပြောသည်။ အဆိုပါ Travel loan ဖြင့် သွားရောက်လိုသည့် သူများအနေဖြင့် ခရီးသွား ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မိမိ စိတ်ကြိုက် ခရီးစဉ်များကို သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မြန်မာ့ခရီးသွားဘဏ်မှ Travel loan ကို ဖော်ဆောင်ပေးခြင်းမှာလည်း မြန်မာနိုင်ငံအတွင်း ခရီးသွားသူများ ပိုမိုများပြားလာစေရန်နှင့် ယခင်က ခရီးသွားရာတွင် ငွေကြေးအခက်အခဲကြောင့် ခရီးမသွားလာနိုင်သည့် သူများအတွက် Travel loan ဖြင့် သွားရောက်နိုင်စေရန် အတွက် ဘဏ်အနေဖြင့် စတင်ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးကဏ္ဍအဆင့်မြှင့်တင် နိုင်စေရန်အတွက် မြန်မာ့ခရီးသွားဘဏ်အနေဖြင့် လိုအပ်ချက်များကို အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် Travel loan နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ Tours agents များဖြင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက် ရှိနေပြီး အဆိုပါ ချိတ်ဆက်ထားသည့် Tours agents များအနေဖြင့် ခရီးသွားလာမည့်Customerများ ကို ပိုမိုရရှိနိုင်ကာ မိမိတို့ခရီးသွားလုပ်ငန်းကို လည်း ပိုမိုချဲ့ထွင်နိုင်စေရန်အတွက် အထောက်အကူကောင်းတစ်ခုဖြစ်ကြောင်း ဦးအောင်ခန့်က ဆိုသည်။ ထို့ပြင် ခရီးသွားများအနေဖြင့်လည်း Travel loan လျောက်ထားပြီး ခရီးစဉ်၏ ကုန်ကျငွေကို အရစ်ကျအနေဖြင့် ပြန်လည်ပေးသွင်းနိုင်သည့်အတွက် အခက်အခဲမရှိပဲ လွယ်ကူစွာ ခရီးသွားလာနိုင်တော့မည် ဖြစ်သည်။ အဆိုပါ Travel loan ကို လျောက်ထားလိုသူသည် ပုံမှန်ဝင်ငွေရှိရမည်ဖြစ်သလို ထောက်ခံပေးမည့်သူ လိုအပ်မည်ဖြစ်ကာ ကနဦး အနေဖြင့် Travel loan ကို အနည်းဆုံးခြောက်လဖြင့် အရစ်ကျ ပေးသွင်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ " လောလောဆယ်မှာ ကျွန်တော်တို့ဘဏ်ကတော့ အရစ်ကျ ကို ခြောက်လပဲ ကနဦး ပေးထားတယ် ဒါပေမယ့် ဒေါ်လာထောင်ကျော်တဲ့ ခရီးစဉ်တွေ ဖြစ်နေတယ်ဆိုရင် Customer ရဲ့ ပေးနိုင်တဲ့အပေါ်မှာ မူတည်ပြီး ပေးသွင်းချင်တဲ့ လအရေအတွက်ကို ရွေးချယ်နိုင်တယ်။ အရင်ကဆို ခရီးသွားဖို့အတွက် စိုးရိမ်ပူပန်နေရပါတယ်။ အခုကျတော့ ဒါတွေကို ပူပန်နေစရာမလိုတော့ဘူး။ ကိုယ်စိတ်ကူးထဲက စိတ်ကြိုက်ခရီးစဉ်တွေကို ခုချက်ချင်းထသွားလို့ရနိုင်တဲ့အနေအထားတွေ ဖြစ်လာအောင် ကျွန်တော်တို့ဘဏ်ကနေ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ် " ဟု ဦးအောင်ခန့် က ဆိုသည်။ ထို့အပြင် လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်နှင့်မြန်မာခရီးသွားလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး Tours and Hospitality လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် Tourism Term Loan, Tourism Overdraft, Tourism Project Loan အစရှိသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်နိုင်ရန်အတွက် မကြာခင်တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းသိရသည်။ Travelling_Journal/Vol_1_Issue_14
Contine Reading
By - Admin / 24-07-2019
ပသိချောင်းအပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ ဖော်ဆောင်နေ

ပသိချောင်းအပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာ ကုမ္ပဏီ ဖော်ဆောင်နေ

မော်ကျွန်းသူ ကရင်ပြည်နယ် သံတောင်မြို့ ရှိ ပသိချောင်းကို ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာ၀အခြေခံ အပန်းဖြေ စခန်းများသို့ သွားရောက်အနားယူနိုင်မည့် စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။ ပသိချောင်းကို အခြေခံပြီး မြေဧက ၁၀၀ ပေါ်တွင် ပသိချောင်း အပန်းဖြေသဘာ၀ဥယျာဉ်စီမံကိန်း ကို ဇေကမ္ဘာကုမ္ပဏီမှ ဖော်ဆောင်သွားမည်ဖြစ်သည်။ လက်ရှိတွင် အမည်ပေါက် ၀ယ်ယူထားပြီးဖြစ်သည့် မြေဧက ၁၀၀ အတွင်း မြေပြင်ဆောင်ရွက်မှုများ ကို စတင်ဆောင်ရွက်နေသလို ကားလမ်းများလည်း ဖောက်လုပ်နေကြောင်း သိရသည်။ ထို့အပြင် အပန်းဖြေဥယျာဉ်ဖော်ဆောင်မည့် ဥယျာဉ် အတွင်း ဒေသမျိုးရင်း နှစ်ရှည်ပင်များဖြစ်သည့် ဒူးရင်း၊ ကြက်မောက်သီး၊ မင်းကွတ်သီး နှင့်လိုင်ချီးသီးပင်များကို အကွက်များဖြင့် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။ ’’ ပသိချောင်းက ရာသီမရွေး ရေစီးဆင်းနေတာမို့ ချောင်းနဲ့ သဘာ၀အလှအပများကြောင့် ဧည့်သည်တွေ လာရောက်အပန်းဖြေနေကြတယ်’’ဟု ပသိချောင်းအပန်းဖြေ စီမံကိန်းကို တာ၀န်ယူ ဆောင်ရွက်နေသည့် မနွယ်က ပြောသည်။ ယခုလက်ရှိအနေအထားမှာ ပသိချောင်းအတွင်း လာရောက်ရေကစားသူများအတွက် နားနေဆောင် သုံးလုံးဆောက်လုပ်ပေးထားပြီး ၀င်ကြေးအနေဖြင့် ပသိချောင်းအပန်းဖြေ သဘာ၀ဥယျာဉ်အတွင်းသို့ လာရောက်သည့် ကားကြီး ၊ကားသေးတစ်စီးကို ၁၀၀၀ ကျပ် ကောက်ခံလျက်ရှိကာ လူကြီးတစ်ဦးလျှင် ၁၀၀ ကျပ် သာ ကောက်ခံကြောင်း သိရသည်။ အဆိုပါ အပန်းဖြေသဘာ၀ဥယျာဉ်အတွင်း လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသားများ အတွက် ဇီ၀ဆိုင်ရာအပင်များလေ့လာခြင်း ၊ သုတေသနပြုခြင်း၊လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်းစသည့် Activity များကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အပန်းဖြေလာရောက်ကြမည့် ဧည့်သည်များအတွက် ဒေသထွက်ကုန်အမှတ်တရအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ နားနေဆောင်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာလည်း ပသိချောင်းပတ်၀န်းကျင်ဒေသ၏ သဘာဝဂေဟစနစ်မပျက်စီး မပျောက်ကွယ်စေရန်နှင့် ထိန်းသိမ်းထားခြင်းနှင့် သဘာဝတောတောင် စိမ်းလန်း စိုပြေသာယာလှပ မှုကို မှီခို၍ ဇီ၀မျိုးစိတ် များဖြစ်သည့် သက်ရှိသက်မဲ့ သတ္တဝါနှင့် အပင်များ၏ သာယာလှပမှုကိုလည်း ပြည်သူများ အတွက် ကြည်နူးပျော်ရွင်စေမည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ဖော်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။ Travelling_Journal/Vol_1_Issue_14 Photo_ဇေကမ္ဘာ
Contine Reading
By - Admin / 23-07-2019
ဟွန်ဒါ(Honda) ဂျက်လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများကို ပျံသန်းပြေးဆွဲရန် သရုပ်ပြမိတ်ဆက်

ဟွန်ဒါ(Honda) ဂျက်လေယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသများကို ပျံသန်းပြေးဆွဲရန် သရုပ်ပြမိတ်ဆက်

#မော်ကျွန်းသူဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီ၏ စိတ်ကူးဒီဇိုင်းနှင့် အမေရိကန်နည်း ပညာတို့ပူးပေါင်းထုတ်လုပ်ထား သည့် ဟွန်ဒါ အမျိုးအစား ဂျက် လေယာဉ်အား မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာနများရှိ တာဝန်ရှိသူများနှင့် အခြားစိတ်ဝင် စားသူလုပ်ငန်းရှင်တို့ကို သရုပ်ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း KPO ကုမ္ပဏီလီမိတက်မှ ပရော ဂျက် ဒါရိုက်တာ ဦးနိုင်ထွန်းက Travelling ဂျာနယ်သို့ ပြောသည်။ “ လောလောဆယ်က အစပဲရှိ သေးတာ။ လေယာဉ်ပျံကို မြန်မာ နိုင်ငံတွင်းမှာ ပျံသန်းပြေးဆွဲခွင့်ရဖို့ ခွင့်ပြုချက်လိုင်စင် AOC သက်ဆိုင်ရာသို့ ဆက်လက်တင်ပြလျှောက်ထားဖို့စီစဉ်နေပါတယ်။ ဒီလေယာဉ်ပျံထုတ်တာကလည်း ငါးနှစ်ဝန်းကျင်အတွင်းလောက်ပဲ ရှိသေးတာ။ အာရှဒေသတွင်းတစ် ခုထဲမှာ တောင် တစ်စီးနှစ်စီးပဲရှိ သေးတာဖြစ်တယ်။ ပြီးခဲတဲ့လကုန် ပိုင်းက ဂျပန်နိုင်ငံ၊ ဟော့ကိုင်ဒိုး ဒေသရှိ ဆာပိုး ရိုးကို သွားရောက် သရုပ်ပြသခဲ့တာဖြစ်ပါတယ်။ KPO ကုမ္ပဏီအနေနဲ့ Country Dealer မြန်မာနိုင်ငံအတွက် ရရှိထားတာ ဖြစ်လို့ အဲဒီလေယာဉ်ပျံကို သရုပ် ပြပျံသန်းဖို့ မြန်မာနိုင်ငံသို့ရောက် ရှိနေတာဖြစ်ပါတယ်။ နောက် ပိုင်း ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှု တွေပေးဖို့အတွက် ရည်ရွယ်ထား တာပါ””ဟု ၎င်းက ပြောသည်။ လက်ရှိတွင် အဆိုပါ ဂျက် လေယာဉ်သရုပ်ပြသမှုကို ပို့ဆောင် ဆက်သွယ်ရေးနှင့် ဟိုတယ်ခရီး သွားဝန်ကြီးဌာန လက်အောက် ဦးစီးဌာနများရှိ တာဝန်ရှိသူများကို ပျံသန်းသရုပ်ပြသနေကြောင်း သိရသည်။ “အဲဒီဌာနတွေကို အရင်ဆုံး စပြသနေတာဖြစ်တယ်။ မြန်မာ နိုင်ငံအပြင် ဒေသတွင်း အခြား နိုင်ငံများကိုပါ အခါအားလျော် စွာသွားရောက်ပြီး ပျံသန်းသရုပ်ပြ နေတာဖြစ်ပါတယ်။ မြန်မာပြည် မှာတော့ မန္တလေးမြို့အပါအဝင် အခြားမြို့ကြီးများကိုလည်း သွား ရောက်ပြီး သရုပ်ပြသသွားမှာဖြစ် ပါတယ်””ဟု ၎င်းကပြောသည်။ အဆိုပါ ဟွန်ဒါအမျိုးအစား ဂျက်လေယာဉ်ကို မြန်မာနိုင်ငံတွင် သရုပ်ပြမိတ်ဆက်မှုများပြုလုပ်နိုင် ရန်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး နိုဝင် ဘာ ၁၉ ရက်က ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ် ခရီးဝန်ကြီးဌာနှင့် အခြားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအား နေပြည်တော်တွင် ပျံသန်းသရုပ် ပြသခြင်း၊ ရပ်နားသရုပ်ပြသခြင်း များကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဆက်လက်ပြီး အခြားမြို့ကြီး များသို့လည်း အလျဉ်းသင့်သလိုပျံ သန်းသရုပ်ပြသသွားမှာဖြစ်ကြောင်း သိရသည်။အဆိုပါ ဂျက်လေယာဉ်တစ် စီးတန်ကြေးမှာ ကန်ဒေါ်လာ ၅ သန်းဝန်းကျင်ရှိပြီး ပေါ့ပါးသလို တစ်စီးလျှင် လူ ၅ ဦးမှ လူ ၆ ဦး အထိ စီးနင်းနိုင်ပြီး GE Honda/HF 120 အမျိုးအစားအင်ဂျင်နှစ်လုံးပါရှိသည့် ဂျက် လေယာဉ် အမျိုးအစားဖြစ်ကြောင်း သိရ သည်။ ယင်းဂျက်လေယာဉ်များ သည် လက်ရှိပြည်တွင်းခရီးစဉ်များ တွင် ART လေယာဉ်ပျံများ ပျံ သန်းအသုံးပြုလျှက်ရှိသည့် မည် သည့်ကွင်းမျိုးမဆို ဆင်းသက်နိုင် ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပျံသန်းပြေး ဆွဲရန် သက်ဆိုင်ရာမှ ခွင့်ပြုချက် AOC ရရှိပြီးပါက အဆိုပါဂျက် လေယာဉ်ငယ်များဖြင့် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတိုးတက်မြှင့်တင် ရေးတွင် တတ်အားသရွေ့ပါဝင် ဆောင် ရွက်သွားရန် အဓိကရည်ရွယ်ထားကြောင်း သိရသည်။ ထို့အပြင် လေကြောင်းနှင့် ဆက်နွယ်သည့်လုပ်ငန်းရပ်များတွင် ပါဝင်လုပ်ကိုင်နိုင်ရန်အထိ ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ Travelling_Journal/Vol_1_Issue_7
Contine Reading
By - Admin / 06-12-2018