#TravellingJournal
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့အကြား ပုန်းအင်းဒေသရှိ ရွာပေါင်း(၂၅) ရွာကျော် နှင့် အိမ်ခြေ (၁၂၀၀ ) ကျော် ရေနစ်မြုပ်နေသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ပအိုဝ်းဒေသ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။
” အဲဒီဘက်တွေကို အဆက်အသွယ်မရဘူး။
အင်းရေပြင်လိုဖြစ်သွားတာပါ။ အဓိကနောင်မွန်ရှမ်းဆန်စပါး အဓိကထွက်တဲ့ဒေသတွေပါ။ ပင်လွန်ရွာက ဒေသခံဆီ အဆက်အသွယ်ရတော့လှမ်းမေးတာအစားအသောက် အခက်အခဲ ရှိနေပါတယ်။ အိမ်တွေကတော့ မြုပ်ကုန်လို့ အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြပါတယ် “လို့ ဦးခွန်ထွန်းဦးက Travelling သို့ ပြောသည်။
ရှမ်းတိုင်းရင်းများနေထိုင်ကြသည့် ပင်လွန်ရွာသည် အိမ်ခြေပေါင်း (၁၀၀) ကျော် ရေနစ်မြုပ်နေပြီး နန့်တံဘက်ချောင်းကို အလယ်မှ ခြားကာ ချောင်း၏ အရှေ့ဘက်ခြမ်းဆိုပါက ဆီဆိုင်မြို့နယ်ထဲတွင် ပါ၀င်ပြီး ချောင်းအနောက်ဘက်ခြမ်းဆိုပါကတောင်ကြီးမြို့နယ် နယ်နိ မိတ်အဖြစ် သတ်မှတ်ခံထားရထားသည့် ရှမ်းတိုင်းရင်းသားများ အများဆုံး နေထိုင်ကြသည့် ရွာများဖြစ်ကြောင်း သိရသည်။
ပုန်းအင်းဒေသသည် ကုန်း ၆လ ရေ ၆ လနေထိုင်ကြသည့် အေးချမ်းသာယာလှပသည့် ဒေသဖြစ်ပြီး “နောင်မွန်ရှမ်းဆန်” ထွက်ရှိရာဒေသအဖြစ်နာမည်ကျော်ကြားသည့် ဒေသဖြစ်ကြောင်းသိရသည်။