Featured Local News

Popular Local News

All Local News

ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်လွန်သည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းထပ်တိုးခွင့် မပြုတော့ ဟု ဟိုတယ်/ခရီးမှ တာဝန်ရှိသူပြော

ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်လွန်သည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့် လည်ရေးလုပ်ငန်းလိုင်စင်သက်တမ်းထပ်တိုးခွင့် မပြုတော့ ဟု ဟိုတယ်/ခရီးမှ တာဝန်ရှိသူပြော

ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိ​ Travelling Journal ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းကျော်မြှုပ်နှံထားသည့် နိုင်ငံခြားသားခရီးသွားကုမ္ပဏီ ၄၃ ခုအား ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် သက်တမ်းထပ်တိုးခွင့်ကို ခွင့်မပြုတော့ ဟု ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က Travelling Journal သို့ ပြောသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်း အချိုးအစားအား ပြန်လည်ပြင်ဆင်ရန် ကုမ္ပဏီများအား အကြောင်းကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိ ရှိနေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကိုက်ညီမှု မရှိတော့သည့် ပြည်တွင်း ခရီးလှည့်လည်ရေး လုပ်ငန်း လိုင်စင်ရ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းကုမ္ပဏီ (၁) ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၄၀) ရာခိုင်နှုန်း အထက် ရှိနေသည့် ဖက်စပ် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ (၄၂) ခု တို့အား သက်တမ်းတိုး ဆောင်ရွက်လာသည့်အခါ ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်း အချိုးအဆကို ပြန်လည်ပြင်ဆင်ရန် ဝန်ကြီးဌာန မှ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ `` ဒါက ဟိုတယ်/ခရီးရဲ့သဘောထား မဟုတ်ဘူးလေ၊ DICAရဲ့ ကန့်သတ်ချက်ကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားသား ကုမ္ပဏီ ကို ၃၅ ရာခိုင်နှုန်း ကျော်တာနဲ့ နိုင်ငံခြားသားကုမ္ပဏီလို့ သတ်မှတ်တယ်။ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား ဖက်စပ် လုပ်ကိုင်တဲ့ လုပ်ငန်းတွေလည်း ရှိသလို အဲဒီမှာ ပြည်တွင်း/ပြည်ဝင်ခရီးသွားလုပ်ငန်းက ပါဝင်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်း အချိုး ကျော်တာနဲ့ နိုင်ငံခြားသားကုမ္ပဏီလို့ သတ်မှတ်လိုက်တယ်။ အဲဒါဆိုရင် ခုနက နိုင်ငံခြားသားလုပ်ကိုင်ခွင့်ထဲမှာ ပြည်တွင်းပြည်ဝင်ခရီးသွား လုပ်ငန်းက မပါတော့ဘူး။ပြည်တွင်း/ပ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် မရှိ​ဘူး။ ဖက်စပ်ပဲ လုပ်လို့ရတယ်၊ ၃၅ ရာခိုင်နှုန်း ကျော်လို့မရဘူး။ ၃၅ ရာခိုင်နှုန်း ကျော်တာနဲ့ ဖက်စပ်မဟုတ်တော့ဘူး၊ နိုင်ငံခြားသားပိုင်ဖြစ်သွားပြီ၊ ဒါက ဆရာတို့ သတ်မှတ်တာ မဟုတ်ဘူး၊ ရင်းနှီးမြှုုပ်နှံမှုဥပဒေက သတ်မှတ်တာ’’ဟု ဦးအောင်အေးဟန် က ပြောသည်။ ဖက်စပ် လုပ်ကိုင်ထားသည့် ခရီးလှည့်လည်ရေး ကုမ္ပဏီများဖြစ်ပါက နိုင်ငံခြားသား၏ ရင်းနှီးမြှုပ်နှံမှုမှာ ၃၅ ရာခိုင်နှုန်းထက် မကျော်လွန် စေရကြောင်း၊ နိုင်ငံသားအား ၆၅ ရာခိုင်နှုန်း အထက် ရှိစေရန် ခရီးသွားလုပ်ငန်းကော်မတီ(နေပြည်တော်)မှ ရည်ညွန်းစာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ’’ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေကို ပိုပြီးတော့ အခွင့်အလမ်း တွေ ရရှိစေချင်တဲ့ အတွက်ကြောင့်မို့ နဂိုကတည်းကပဲ ဖက်စပ်လုပ်ကိုင်ခွင့်ကို ပေးခဲ့တာဖြစ် တယ်။ ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခွင့်ကို ခွင့်မပြုခဲ့ပါဘူး’’ ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က ပြောသည် ။ ပြည်ပ ၆၀ ရာခိုင်နှုန်း၊ပြည်တွင်း ၄၀ ရာခိုင်နှုန်းပါဝင်ထားသည့် ဖက်စပ်ခရီးလှည့်လှည်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ’’ပြည်ပရင်းနှီးမြှုပ်နှံမှုအများယူပြီးလုပ်တာကို မြန်မာကုမ္ပဏီတွေက သူတို့ ရဲ့ယှဉ်ပြိုင်မှုကို အားမရှိတဲ့ အတွက် ဝိုင်းပြီး တိုက်ကြတာ။ ပိုပြီးခက်ကုန်မှာပေါ့’’ဟု Travelling Journal သို့ပြောသည်။ သို့သော် ၁၅ / ၂၀၁၇ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံခွင့်မှာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့် ရှိကြောင်းလည်း သိရသည်။ " တစ်အချက်က မြန်မာနိုင်ငံသားကို တာဝန်ခံ နာမည်ခံ ခိုင်းတဲ့ကုမ္ပဏီတွေများလာမယ်။ အဲဲဒီလိုခံခိုင်းတဲ့အတွက် တာဝန်ယူတာဝန်ခံ မှုတွေနည်းပြီး နိုင်ငံသားအပေါ်မှာထိုးချတဲ့ အခြေအနေဖြစ်လာမယ်။ မဟုတ်တာတွေလုပ်သွားတာရှိရင်လည်း မြန်မာတွေကို ထိုးချပြီး ပြန်သွားကြမယ်။ သူတို့ကအလွတ်ရုန်းသွားမယ်။ အခုလည်း ရှိနေတာပဲ" ဟု လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြတ်ကျော်က Travelling journal သို့ ထောက်ပြပြောဆိုသည်။
Contine Reading
By - Admin / 17-06-2020
ကရဝိတ် တင်ဒါ ကိစ္စ ဇေကမ္ဘာကုမ္ပဏီ မှ ဝန်ကြီးဌာနသို့တင်ပြထားခြင်းမရှိသလို ဝန်ကြီးဌာနဘက်မှလည်း စဉ်းစားထားခြင်းမရှိဟုဆို

ကရဝိတ် တင်ဒါ ကိစ္စ ဇေကမ္ဘာကုမ္ပဏီ မှ ဝန်ကြီးဌာနသို့တင်ပြထားခြင်းမရှိသလို ဝန်ကြီးဌာနဘက်မှလည်း စဉ်းစားထားခြင်းမရှိဟုဆို

Travelling journal ကရဝိတ် တင်ဒါ ပြန်ခေါ်ယူသည့် ကိစ္စနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီ ဘက်မှ ဝန်ကြီးဌာနသို့ လာပြီး တင်ပြထားခြင်း မရှိသလို ဌာနဘက်မှလည်း စဉ်းစားထားခြင်း မရှိသေးကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြား ရေးမှုးချုပ် ဦးကောင်းထွဋ် က Travelling Journal သို့ ပြောသည်။ ဇေကမ္ဘာ ကုမ္ပဏီမှ နှစ်၃၀ အထိ ဌားရမ်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကရဝိတ်ခန်းမနှင့် မြေနေရာအား နှစ် ၂၀ ပြည့်ချိန်ကာလတွင် ဝန်ကြီးဌာနအနေဖြင့် တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး Travelling Journal မှမေးမြန်းမှုအပေါ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည် ။ ’’ဝန်ကြီးဌာနကို တရားဝင် ဘာမှ လာပြီး တင်ပြထားတာ မရှိပါဘူး ။ အဲဒီအတွက် ဝန်ကြီးဌာန ဘက် ဘာမှ စဉ်းစားထားတာ မရှိပါဘူး ။ဝန်ကြီးဌာနလုပ်တယ် ဆိုတာကလည်း ဌာနအနေနဲ့ လုပ်လို့မရပါဘူး၊ ဒါက အဆင့်ဆင့်ကို တင်ပြပြီးမှ တင်ဒါ နှင့်အညီလုပ်ရတာပါ။ အဲဒီအတွက် ဘာမှ ပြောစရာမရှိဘူး။ ဒါနဲ့ ပတ်သက်ပြီး တင်ပြပြီးသွားပါပြီ။ သူတို့ကိုလည်း အသိပေးထားပါတယ်။ တင်ဒါကို လည်း တရားဝင် ခေါ်တာပါ။ ဝင်ပြိုင်လို့လည်း ရပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယ ညွန်ကြား ရေးမှုးချုပ် ဦးကောင်းထွဋ် က Travelling Journal သို့ ပြောသည်။ အဆိုပါ ကန်တော်ကြီးဝင်းအတွင်းရှိ ကရဝိတ်ခန်းမနှင့် ဆက်စပ် လျက် ရှိသည့် ယာဉ်ရပ်နား သည့် နေရာ အပါအဝင် ၃ ဒဿမ ၄၅ ဧက ရှိ ကရဝိတ် ခန်းမနှင့် မြေနေရာ၏ နေရာလုပ်ကိုင်ခွင့်ကို ကနဦး နှစ် ၂၀ နှင့် နောက်ထပ် သက်တမ်း ငါးနှစ် နှစ်ကြိမ်နှုန်းဖြင့် ခွင့်ပြုခဲ့သော်လည်း နှစ် ၂၀ ပြည့်သည့်အတွက် ဟု ဆိုကာ ဇွန်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် တင်ဒါ ပြန်လည် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တင်ဒါပြန်ခေါ်ယူသည့်အတွက် ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် တင်ဒါ ပြန်လည်တင်သွင်း သွားမည်ဖြစ်ပြီး တင်ဒါပြန်မရပါက နှစ်၂၀ အတွင်း ရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်း နစ်နာမှုအတွက် သက်ဆိုင်ရာ သို့ နစ်နာကြေး ဒေါ်လာသန်း ၃၀ တောင်းခံ သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများက မီဒီယာများတွင်လည်း ဖြေကြားထားသည် ။ ’’ လက်ရှိမှာတော့ ကုမ္ပဏီဘက်မှ လျှောက်လွှာတင်ဖို့ မလုပ်ထားသေးပါဘူး ။ ပြန်တင်ဖို့ကတော့ BOD အဖွဲ့နဲ့ ပြန်တိုင်ပင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ စာချုပ်ပါ အတိုင်းကိုပဲ လုပ်သွားမှာဖြစ်ပါတယ်’’ဟု ဇေကမ္ဘာကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရဲဝင်းရှိန်က Travelling Journal သို့ ပြောသည်။ ဝန်ကြီးဌာနအနေဖြင့် ကရဝိတ်တင်ဒါ ခေါ်ယူခြင်း လျှောက်လွှာ များကို ဇူလိုင် ၈ ရက်နေ့အထိ သတ်မှတ်ထားပြီး လက်ရှိအချိန်ထိ တင်ဒါ လာရောက် တင်ထားသည့် တစ်စုံတစ်ဦးတစ်ယောက်မှ မရှိသေးသလို အဆိုပြုလွှာတင်ထားသည့် တင်ဒါ လျှောက်လွှာများထဲမှ စိစစ်ပြီး ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဇတ်မင်းသားဖိုးချစ်က သူ၏ ဖေ့ဘုတ်အကောင့်တွင် ကရဝိတ် တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားကြောင်း သူ၏ အိမ်မက်ကိုလည်း ကြိုးစားသွားမည်ဟု ရေးသားထားသည်။ Photo Toe Naing Man FB
Contine Reading
By - Admin / 11-06-2020
အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာ ကို ဖော်ပြလာ

အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာ ကို ဖော်ပြလာ

Travelling journal အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းမှ ထုတ်ပြန်သော ကိုဗစ် အလွန်ကာလ ခရီးသွား လုပ်ငန်း တောက်ပလာမည့် နိုင်ငံ ၇ နိုင်ငံ စာရင်းတွင် မြန်မာကို ရေးသားဖော်ပြခဲ့သည်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းမှ ကိုဗစ်အလွန် ကာလတွင် ခရီးသွားလုပ်ငန်းအလားအလာကောင်းမွန်လာနိုင်သည့် နိုင်ငံများ၏အမည်စာရင်းများကိုရေးသားဖော်ပြခဲ့သည့်စာရင်း၌ မြန်မာနိုင်ငံမှ တတိယဦးစားပေးဖော်ပြခံခဲ့ရသည့်စာရင်းတွင် ပါဝင်လာခဲ့သည်။ အဆိုပါ Forbes မဂ္ဂဇင်းမှဖော်ပြသည့်နိုင်ငံများမှာအီသီယိုပီးယား၊ အီရန်၊ မြန်မာ၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင်၊ ဆလိုဗီနီးယားနှင့် တူနီရှား တို့ဖြစ်ကြသည်။ ထို့ပြင် ယင်းမဂ္ဂဇင်းမှ မြန်မာနိုင်ငံအကြောင်းကိုရေးသားဖော်ပြရာတွင်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့်စင်ကာပူ ၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှာကမ္ဘာ့အဆင့်မီ လည်ပတ်စရာနေရာများဖြစ်​ကြောင်း ကမ္ဘာလှည့်ခရီးသွားများမှသွားရောက် လည်ပတ်သော်လည်း အရှေ့တောင်အာရှနိုင်ငံထဲ၌ တိမ်မြှုပ်နေသည့် ရတနာများရှိသေးကြောင်း ၄င်းမှာ ဘားမား ဟုခေါ်တွင်ခဲ့သည့် မြန်မာနိုင်ငံ သို့မဟုတ် လျှော့တွက်ခံရဆုံးနိုင်ငံတွင် စွဲဆောင်မှုများစွာရှိသည့်နေရာများကျန်ရှိနေသေးကြောင်းရေးသားဖော်ပြထားသည်။ထို့ပြင် ဗုဒ္ဓစေတီပုထိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုအကြွင်းအကျန်များလည်း ရှိနေသေးကြောင်းဟုဆိုထားသည်။ ဖွံ့ဖြိုးဆဲ စီးပွားရေးကာလအတွင်းအသုံးစရိတ်များစွာမကုန်ချင်​သေးသည့် ခရီးသွားများအတွက်လည်း လည်ပတ်ဖို့ပိုမိုသင့်တော်ကြောင်း အသစ်တည်ဆောက်ထားသည့် မြို့တော်အသစ်နေပြည်တော်ကလည်း လူဦးရေနည်းပါးသလို traffic နည်းပါးကြောင်း မြို့တော်ဟောင်းရန်ကုန် တွင် နိုင်ငံ၏ အလေးအမြတ်အထားဆုံး ဘုရားစေတီတည်ရှိသည့်အပြင် ဗြိတိသျှ ကိုလိုနီခေတ်ကကျန်ရှိနေသေးသည့် ဗိသုကာလက်ရာများနှင့်လည်း ရောယှက် ထုံမွန်းနေကြောင်း ရေးသားဖော်ပြခဲ့သည်။
Contine Reading
By - Admin / 02-06-2020
ရှမ်းတောင် / ရှမ်းရှေ့ နှင့် ရှမ်းမြောက်ပါမကျန် ခရီးသွားလာ လည်ပတ်ခွင့်ရရှိပြီ

ရှမ်းတောင် / ရှမ်းရှေ့ နှင့် ရှမ်းမြောက်ပါမကျန် ခရီးသွားလာ လည်ပတ်ခွင့်ရရှိပြီ

Travelling journal ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ မြို့နယ်များအပြင် ရှမ်းအရှေ့ပိုင်းနှင့်ရှမ်းမြောက်ပိုင်းတို့ကိုပါ ခရီးသွား လာလည်ပတ်ခွင့်ကို ရရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ တောင်ကြီးရုံးခွဲတာဝန်ခံ ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်က Travelling journal သို့ပြောသည်။ " ရှမ်းပြည်နယ် ကိုဗစ်ကော်မတီ ကနေဖြေလျော့ပေးလိုက်ပါပြီ။ ဒီနေ့ကစပြီး Q ဝင်စရာမလိုတော့ပါဘူး။ရှမ်းတောင်တစ်ခုလုံး ရပါပြီ ။ရှမ်းရှေ့လည်းရပါပြီ။ ရှမ်းမြောက်လည်းပါပါတယ်။ တစ်ခုတော့ရှိပါတယ်။ပြည်ပက လူတွေဆိုရင်တော့ Qဝင်ရပါမယ်။ ကိုယ့်ပြည်တွင်းကတော့မလိုပါဘူး"ဟု၄င်းက ပြောသည်။ ထို့အပြင် မေလ ၃၀ ရက် က ကလောမြို့နယ် ခန်းမ ၌ ပြုလုပ်ခဲ့သည့် မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ ညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည့် ရလာဒ်တစ်ခုအဖြစ် ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့သို့ Quarantine ဝင်စရာမလိုပဲ လာရောက် လည်ပတ်နိုင်ခွင့် ရရှိပြီးဖြစ်သည်။ လက်ရှိတွင် ဟိုတယ်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ သတိပေးလမ်းညွှန်ချက်များကို ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်းနှင့်ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ ၏ ကျန်းမာရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးမှု အသိအမှတ် ပြု လတ်မှတ်များကို လည်း ရရှိထားပြီးဖြစ်သည်။
Contine Reading
By - Admin / 01-06-2020
ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်​သွားမည်

ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်​သွားမည်

Travelling journal ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆိုင်းကျေးရွာအား Eco Tourism Site အဖြစ် ဖော်ဆောင်ရန် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီမှ စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ကျိုင်းတုံ) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးစန်းလှိုင် က Travelling journal သို့ပြောသည်။ ဝမ်ဆိုင်းကျေးရွာ တွင် နှစ်ပေါင်း ၇၀၀ နီးပါး သက်တမ်းရှိ လက်ဖက်ပင်များရှိပြီး ယင်းဒေသသို့ ပြီးခဲ့သည့် မေလ၂၇ ရက်ကကွင်းဆင်းခဲ့ကြောင်း ၄င်းက ပြောသည်။ " ဌာနေသူတွေနဲ့ပေါင်းပြီး စီစဉ်ဖို့ရှိတယ်။ သူတို့လက်ဖက်စိုက်ခင်းတွေက ဟိုးဘိုးဘွားဘီဘင်ကတည်းက စိုက်ပျိုးလာခဲ့တာဖြစ်တယ်။အီကိုဆိုဒ်တစ်ခု ဖော်ဖို့ လုပ်ထားတာက ကြာပါပြီ။ အဓိကက လမ်းပန်းဆက်သွယ်ရေးပေါ့။ ပေငါးထောင်ကျော်လောက်မြှင့်တယ်။ မိုးတွင်းဆို ဆိုင်ကယ်တောင်သွားလို့မရဘူး။ အတက်အဆင်းများတော့ အန္တရာယ်လည်းများတယ်လေ။အဲဒီရွာဘက်ကို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းဖို့ တိုင်ပင်နေကြတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးမှပဲ ကျန်တာကို စီစဉ်လို့ရမှာဖြစ်ပါတယ်" ဟု ၄င်းက ပြောသည်။ ကျိုင်းတုံ မြို့မှ နောင်ငင်းရွာအထိ သွားရပြီး ယင်းမှ ဝမ်ဆိုင်းရွာသို့ သွားရောက်လေ့လာလည်ပတ်နိုင်ကြောင်းသိရသည်။ "နောင်ငင်းရွာက ရှမ်းရွာ လှတယ်။ အဲဒီရွာနားကနေ ထပ်သွားရတာ။ နောင်ငင်းရွာထိက လမ်းကောင်းတယ်။ ဝမ်ဆိုင်းရွာသွားတဲ့လမ်းကမြေသားလမ်း အခုကွန်ကရစ်လမ်းခင်းနေပြီ။ ဒီဒေသကို ယူနက်စကိုထဲထည့်ဖို့တော့ ဆွေးနွေးခဲ့ကြတယ်။ အဓိကနှစ်ချက်က ယူနက်စကိုထဲထည့်ဖို့ ဘယ်လိုလုပ်ကြမလဲ။ နောက်တစ်ချက်က အီကိုတိုးဆိုဒ်ဖော်ဖို့ လာလေ့လာကွင်းဆင်းတဲ့သဘောပါ"ဟု ၄င်းက ပြောသည်။ အဆိုပါဒေသအား Eco Tourism Site တစ်ခု ဖော်ဆောင်ရန် အတွက် ရင်းနှီးမြှုပ်နှံသူ တစ်ဦးလည်းရှိနေပြီဖြစ်ကြောင်း သိရသည်။ " ကျွန်တော် က ဒီဒေသကို အရမ်းဖြစ်စေချင်ပါတယ်။ ဖော် ဆောင်ချင်ပါတယ်။ လုပ်ပေးချင်ပါတယ်။ဒီဒေသရဲ့လက်ဖက်နဲ့ပတ်သက်တဲ့အပိုင်းကိုသေချာသိတော့လုပ်သွားဖို့ရှိပါတယ်။ဒေသရိုးရာ ဒေသအစားအစာ တွေကို ဖိတ်ခေါ်သွားမယ်။လက်ဖက်စို နဲ့လည်းဧည့်ခံမယ်ရောင်းလည်းရောင်းမယ်။စိတ်ဝင်စားတယ်။ကိုဗစ်ပြီးအလွန်ကျရင်တော့ စတင်အကောင်အထည်ဖော်ချင်ပါတယ်။ ကျိူင်းတုံကိုပိုပြီး နာမည်ထွက်​အောင်လူသိစေချင်တယ်။ တောင်ပေါ်ဒေသ တောင်သူတွေကိုလည်း ကူညီချင်တယ်။ ခရီးသွားလည်း ပိုပြီးလွယ်ကူအောင် ဆောင်ရွက်ပေးချင်ပါတယ်။ ဝိုင်းဝန်းကူညီပေးတဲ့သူတွေကိုလည်းကြိုဆိုပါတယ်" ဟု Developer လုပ်ကိုင်မည့်လုပ်ငန်းရှင်က Travelling journal သို့ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ဒေသအားခရီးသွားလုပ်ငန်းတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိနေပြီး ဝမ်ဆိုင်း​ကျေးရွာ ၊လွိုင်မွေ ပန်ဝိုင် တို့ကိုလည်း Ecotourism ဖော်ဆောင်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ဖားရံနွဲ့ရွာကိုလည်းCBTဖော်ဆောင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က Travelling journal သို့ပြောသည်။ "Coffee culture ကိုလည်း ပြန်အသက်သွင်းမယ်။ ဝမ်ဆိုင်းရွာမှာရှိတဲ့တောင်သူတွေအတွက်အခက်အခဲက ချေးငွေပါ။ ချေးငွေရဖို့လည်းကျွန်တော်တို့ကြိုးစားပေးသွားပါမယ်"ဟု ၄င်းက ပြောသည်။ Photo Sayar Soe Apn FB/ Ye Myint Aung FB
Contine Reading
By - Admin / 29-05-2020
လီဆူးတိုင်းရင်းသားများနေထိုင်သည့် အိုင်စန့် ကျေးရွှာကို CBT ဖော်ဆောင်ရန်စီစဥ်

လီဆူးတိုင်းရင်းသားများနေထိုင်သည့် အိုင်စန့် ကျေးရွှာကို CBT ဖော်ဆောင်ရန်စီစဥ်

TravellingJournal ကယားပြည်နယ် လွိုင်ကော်မြို့ အိုင်စန့် ကျေးရွှာတွင် နေထိုင်ကြသည့် လီဆူးတိုင်းရင်းသားများနေထိုင်သည့် ကျေးရွှာအား လူထုအခြေပြု ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရန် ကယားပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီမှ စီစဥ်နေကြောင်းသိရသည်။ ယင်းကဲ့သို့ လူအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသခံ လီဆူး တိုင်းရင်းသားများအား ပန်ပက် ကျေးရွှာတွင် ဖော်ဆောင်ထားသည့် ခရီးသွားလုပ်ငန်း အခြေနေများအား လေ့လာရေး ခရီးစဥ်များအဖြစ် မတ်လ (၁၅) ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ လက်ရှိတွင် ကယားပြည်နယ်၌ CBT ဖော်ဆောင်ထားသည့် ကျေးရွှာများမှ ာပန်ပက်ကျေးရွှာ ၊ တနီးလာလဲ ကျေးရွှာ တို့ဖြစ်ကြောင်းသိရသည်။ 
Contine Reading
By - Admin / 01-04-2020
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်း ခြေများအားလုံးသို့ ခရီးသွားလာမှု တားမြစ်ပြီး ဧပြီ ၃၀ အထိ ဟိုတယ်များ တည်ခိုခန်းများ သာသနိက အဆောက်အအုံများပါ ပိတ်သိမ်းသွားမည်

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်း ခြေများအားလုံးသို့ ခရီးသွားလာမှု တားမြစ်ပြီး ဧပြီ ၃၀ အထိ ဟိုတယ်များ တည်ခိုခန်းများ သာသနိက အဆောက်အအုံများပါ ပိတ်သိမ်းသွားမည်

MKT ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်းခြေများအားလုံးသို့ ခရီးသွားလာမှု တားမြစ်သွားမည်ဖြစ်သလိုဧပြီ ၃၀ အထိ ဟိုတယ်များ တည်ခိုခန်းများ သာသနိက အဆောက်အအုံများပါ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွန်ကြားရေးမှုး ဦးနေဝင်း က Travelling Journal သို့ ပြောသည်။ မတ်လ ၂၄ ရက် ယနေ့နံနက်ပိုင်းမှ တိုင်းဒေသကြီး အစိုးရမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကမ်းခြေကိစ္စ များကိုအမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း၎င်းက ပြောသည်။ "ကမ်းခြေ ကိစ္စတွေကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။ အမျိုးသားအဆင့်ဗဟိုကို မူအားဖြင့်အတည်ပြုချက် ရယူထားပါတယ်။ သူတို့ကလည်း ချုပ်ကိုင်တာမဟုတ်ဘူး။ လွဲချော်သွားမှာစိုးလို့ ပါ။ တိုင်းဒေသကြီး သဘောထားအတိုင်း လုပ်ခွင့်ပေးတယ်။ အတည်ပြုချက်ရရင်တော့ မကြာတော့ပါဘူး။ ပိတ်သိမ်းဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအခါ ပြည်သူကို ပန်ကြားသွားမှာပါ "ဟု ဦးနေဝင်းက ပြောသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ လူနာနှစ်ဦးကို မတ်လ ၂၃ ရက် တွင် စတင်တွေ့ရှိပြီဖြစ်သောကြောင့် ယခုကဲ့သို့ လည်း ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ " ချောင်းသာ ကမ်းခြေဒေသက ဒေသခံ ပြည်သူလူထုကလည်း မနေ့ကကတည်းက လူ ၁၇၀၀ ဝန်းကျင်က မနေ့ကတည်းက ပိတ်သိမ်းဖို့ တောင်းဆိုထားတာလည်းရှိပါတယ်။ ဒီရောဂါမတွေ့ခင်ကလတ်မှတ်တွေထိုးထားပြီးတင်ပြထားတာပါ။ သူတို့ကလည်း စိုးရိမ်လို့ တင်ပြလာပါတယ်။ မနေ့က ညက နှစ်ယောက်ဆိုတာကို သိရတော့ဒီမနက်မှာ တိုင်း အစိုးရရဲ့သဘောထားက အတည်ပဲ။ ပိတ်သိမ်းဖို့အစီအစဉ်သဘောတူတယ်။ ဒါ့ပြင် ကမ်းခြေအားလုံးမှာ ရှိတဲ့ သာသနိက အဆောက်အုံ ဟိုတယ်၊ တည်းခိုခန်း တွေကိုလည်း ဧပြီ ၃၀ ရက်အထိ ပိတ်သိမ်းသွားဖို့လည်း ညွှန်ကြားသွားမှာဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူးဦးနေဝင်း က Travelling Journal သို့ ပြောကြားသည်။
Contine Reading
By - Admin / 24-03-2020
ကျိုက်ထီးရိုးဘုရားပွဲတော်ကို မေလ ၆ ရက်ထက် တစ်လခွဲစောပြီး ပိတ်ရန် မွန်အစိုးရ စီစဉ်နေပြီ

ကျိုက်ထီးရိုးဘုရားပွဲတော်ကို မေလ ၆ ရက်ထက် တစ်လခွဲစောပြီး ပိတ်ရန် မွန်အစိုးရ စီစဉ်နေပြီ

မတ် ၁၇ ရက် ညနေပိုင်းက မြင်တွေ့ရသည့်မြင်ကွင်းဓာတ်ပုံ။ MKT လက်ရှိ ဘုရားပွဲတော် ကျင်းပနေသည့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားပွဲတော်အား တောင်ပိတ်ပွဲတော်ကျင်းပမည့် မေလ ၆ ရက်ထက် တစ်လခွဲစောပြီး ပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရ က စီစဉ်ထားပြီးဖြစ်ကြောင်း အစိုးရအဖွဲ့မှ ထိပ်တန်း တာ၀န်ရှိသူ တစ်ဦးက Travelling Journal သို့ အတိ အလင်း ပြောကြားခဲ့သည်။ ’’ပြောချင်တာက ကျိုက်ထီးရိုးဘုရားပွဲတော်ကို တောင်ဖွင့်ပွဲဆိုပြီးတော့ သီတင်းကျွတ်လပြည့်နေ့ဆို လုပ်တယ်။ ပုံမှန်က ကဆုန်လပြည့်နေ့ဆို တောင်ပိတ်ပွဲတော် ရှိတယ် ။ကဆုန်လပြည့်နေ့က မေလ ၆ ရက်နေ့ကျပါတယ်။ ဒါပေမဲ့ပိတ်ရိုးပိတ်စဉ် ပိတ်ဖို့ ဆိုပေမယ့် နိုင်ငံတော်က ညွန်ကြားချက်တွေလည်းရှိတယ်။ ကိုဗစ် ဗိုင်းရပ်စ်ပိုး ကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ပိတ်ရိုးပိတ်စဉ်ကို မေလ ၆ ရက်မတိုင်ခင် တစ်လခွဲလောက်စောပြီး ပိတ်ဖို့ရှိပါတယ်၊ အဲဒါက comfirm ဖြစ်ပါတယ်။ တောင်ပေါ်မှာ လူကုန်သွားပြီဆိုတာနဲ့ တကယ် ပိတ်လိုက်ပြီဆိုရင် ထပ်ပြီိး အကြောင်းကြားပေးပါမယ် ’’ဟု Travelling Journal သို့ ပြောကြားခဲ့သည်။ လက်ရှိအနေအထားတွင် ဘုရားဖူးလာဖူးနေသည့် သူများလည်းရှိနေပြီး ဘုရားဖူးနည်းပါးသွားပြီဖြစ်ကြောင်းတောင်ပေါ် နှင့်တောင်ခြေ များ၌ အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ၀န်ကြီးမှ ဦးဆောင်ကာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ‘’လက်ရှိကျိုက်ထီးရိုးဘုရားသွားနေတာက ပါးတယ်။ ရန်ကုန်မြို့ က ဘုရားဖူးကား ပေါင်းထွက်တာက လူ ၃၀တောင်မပြည့်ပါဘူး။ လက်ရှိမှာက ခရီးစဉ်တွေကိုတော့ရောင်းနေဆဲပါပဲ။ ကျိုက်ထီးရိုးဘုရားက ရာသီပတ်လုံးသွားလို့ရတဲ့ နေရာပါ။ စည်စည်ကားကားကြီး ၀ရုန်းသုံးကားတော့မဟုတ်ဘူးဟ၊ ရန်ကုန်ကနေ ဘုရားဖူးသွားတဲ့ကားက လေးငါး ဆယ်စီးလောက်သာ နေ့စဉ်ထွက်တယ်။ ဒါပေမယ့် အဲဒီလို ထွက်တာက တစ်စီးမှာ လူ ၂၀ ၊၃၀ထက်မရှိဘူး။ လောလောဆယ် ဖြစ်နေတာကိုပြောပြတာ။ ကားတွေ ပေါင်းပြီး စုပေါင်းထွက်မှ သာ တစ်စီးတောင်မပြည့်တဲ့ အနေအထားရှိနေတဲ့ အဆင့်လောက်ပဲရှိနေတယ်။ အခုအနေအထားက ခရီးသွားကိုစုပေါင်းပြီးလုပ်နေရတဲ့အခြေအနေ’’ဟုပြည်တွင်းဘုရားဖူးနှင့် ခရီးသွား၀န်ဆောင်မှု အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက Travelling Journal သို့ ပြောသည်။ " ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့ဘုတ်စ်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကိစ္စကလည်း စစချင်းရက်ဖြစ်တာရယ်၊တောင်တက်ကားက မနက်၆ နာရီကနေ ည၆ နာရီဖွင့်ပါတယ်။ အဲဒါကို မြူတွေကျနေတာကြောင့် ဆရာတွေက လမ်းခရီးအဆင်မပြေမှာစိုးလို့ ကားကို ၈ နာရီ ၉ နာရီလောက်မှာ ပေးထွက်တယ်။မနက် ၆နာရီရောက်တဲ့ လူတွေက အုံနေကြတယ်။အဲဒီရက်ကလည်း တင်္နလာ ရက်ကြီးထင်တယ်။ တောင်တက်ကားပေါ်တက်မဲ့သူတွေကို အပူချိန် တိုင်းတာနဲ့ စစ်တဲ့အချိန်မှာ ဓာတ်ပုံရိုက်ပြီး တင်လိုက်တာဖြစ်တယ်၊ လူအရမ်းများနေတဲ့ ပုံစံမျိုးဖြစ်သွားတယ်’’ဟု မွန်အစိုးရ အဖွဲ့မှပြောရေးဆိုခွင့်ရှိသူကလည်း ဖေ့ဘုတ်စ်ပေါ်တွင်ပျံ့နှံ့ခဲ့သည့် ဓာတ်ပုံကိစ္စနှင့်ပတ်သက်ပြီး Travelling Journal သို့ ရှင်းပြခဲ့သည်။ Photo KyawkhaingOo Fb
Contine Reading
By - Admin / 18-03-2020
မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကို တင်သွင်းမည်

မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကို တင်သွင်းမည်

လရောင်ချို မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်စေရန် မတ်လအတွင်း ယူနက်စကိုသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက travelling Journal သို့ ပြောသည် ယူနက်စကိုဝင်ရန် မြန်မာနိုင်ငံ ရှေးဟောင်းယဉ်ကျေးမှု သုတေသနဌာနနှင့် မြန်မာနိုင်ငံသနပ်ခါး အသင်းတို့ပူးပေါင်းတင်ပြသွားမည်ဖြစ်ပြီး လိုအပ်သည့်အချက်အလက်များကို စုစည်းဆောင်ရွက် နေပြီဖြစ်ကြောင်းသိရသည်။ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အဖြစ် တင်သွင်းရာတွင် သုံးစွဲခဲ့သည့် ကာလနှစ်ပေါင်းကို သက်သေနှင့်တင်ပြ ရခြင်း၊ ရိုးရာယဉ်ကျေးမှုအထောက်အထား၊ သနပ်ခါး စိုက်ပျိုးသည့်ဧက စသည့်အချက်အလက်များ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ “ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က ကျွန်တော်တို့ အလုပ် ရုံဆွေးနွေးပွဲမှာ လုပ်ထားပြီးပြီ။ ဒီမတ်လ ထဲကို တင်သွားမှာ။ ခုဆိုရင် စာတမ်းတွေ ပြုစုနေတယ်။ သမိုင်းအထောက်အထားတွေရယ်၊ ဓာတ်ပုံတွေ၊ စာသားတွေ၊ သက်ဆိုင်တဲ့ ကျောက်စာတွေ၊ ရိုးရာယဉ်ကျေးမှု အထောက်အထားတွေ ကို စုစည်းတာတွေ လုပ်နေပါတယ် ” ဟု ဦးကျော်မိုးက ပြောသည်။ Travelling_Journal/Vol_1_Issue_21
Contine Reading
By - Admin / 04-03-2020
ကမ္ဘာလှည့်အပျော်စီးသင်္ဘော ဆိုက်ကပ်ခွင့်မပြု ခြင်း က ခရီးသည်များအတွက် ဆုံးရှုံးမှုများ ရှိသော်လည်း ယခုလို ကာလမျိုးတွင် သင်္ဘောကြောင့် ဟု ဆိုလာပါက သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်ဟု UMTA ဥက္ကဋ္ဌ ဟောင်းပြောကြား

ကမ္ဘာလှည့်အပျော်စီးသင်္ဘော ဆိုက်ကပ်ခွင့်မပြု ခြင်း က ခရီးသည်များအတွက် ဆုံးရှုံးမှုများ ရှိသော်လည်း ယခုလို ကာလမျိုးတွင် သင်္ဘောကြောင့် ဟု ဆိုလာပါက သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်ဟု UMTA ဥက္ကဋ္ဌ ဟောင်းပြောကြား

MKT မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည့် ကမ္ဘာ လှည့်အပျော်စီးသင်္ဘော အားဆိုက်ကပ်ခွင့်ကို မပြု သည့်အတွက် ခရီးသည်များအတွက် ဆုံးရှုံးမှုများ ရှိသော်လည်း ယခုလို ကာလမျိုးတွင်သင်္ဘောကြောင့် ဖြစ်လာသည်ဟု ဆိုလာပါက သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်ဟု myanmar voyages international tourism co; Ltd ကုမ္ပဏီ မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုး Travelling Journal သို့ပြောသည်။ "နေ့လည်က ဝန်ကြီးကိုယ်တိုင် ပြောပါတယ်။ အခုကတော့ Cancel ဖြစ်သွားပါပြီ။ ဒီဘက်က အခြေအနေကလည်း သိတဲ့အတိုင်းပဲလေ။ လက်ခံလိုက်မယ်ဆိုရင်လည်း ပြဿ နာတွေကရှိနိုင်တယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်နေမယ်။ ကိုယ့်ဆီမှာလည်း မရှိဘူးလို့ ပြောလို့မရပါဘူး။ တခြား ဖြစ်တဲ့ ကိစ္စ တစ်ခုနဲ့ ဖြစ်တာက သင်္ဘောကြောင့် ဆိုပြီး သမိုင်းတရားခံ ဖြစ်သွားရင် ပြီးပြီ။ အဲဒါ ကြောင့် လောလောဆယ် ဆုံးရှုံးတာထက် ဒိထက်မက မဖြစ်စေချင်လို့ပါ။ စိတ်ချစေချင်လို့ပါ" ဟု ၄င်းက ပြောသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် သဘောင်္ဆိုက်ကပ်လာပါက Land programm အပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကာ ဆုံးရှုံးမှုများရှိသော်လည်း ယင်းထက် မြန်မာပြည်သို့ လာရောက်လည်ပတ်ချင်သည့် ကမ္ဘာလှည့် ခရီးသည် ၃၈၅ ဦး၏ ဆုံးရှုံးမှုက ပိုသည်ဟု ဦးသက်လွင်တိုးက ပြောသည်။ ကမ္ဘာလှည့်ခရီးသွား ၃၈၅ ဦးပါဝင်ပြီး သင်္ဘောဝန်ထမ်း များ ပါဝင်သည့် NV- Silver Spirit အပျော်စီးသင်္ဘောသည် တမြန်နေ့က စင်ကာပူသို့ တက်ရောက်ခဲ့ပြီးဖြစ်ကာ ထိုမှ တဆင့် မနက်ဖြန်တွင် ထိုင်းနိုင်ငံဖူးခတ် သို့ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည့် လူနာ မရှိသေးသော်လည်း မတ်လ ၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် ကမ္ဘာ့ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိကာ ကူးစက်ခံရသူ ၈၅၄၀၃ ဦး၊ သေဆုံးသူ ၂၉၂၄ ဦး ရှိပြီး မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်လူနာ ၄၃ ဦး၊သံသယ လူနာ ၂ ဦး နှင့်စုစုပေါင်း ၄၅ ဦး ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ Travelling_Journal Photo_Myanmar Voyages
Contine Reading
By - Admin / 02-03-2020
လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် BOT စနစ်ဖြင့် ထိုင်း- မြန်မာ ကုမ္ပဏီတို့ပူးပေါင်း လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိ

လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် BOT စနစ်ဖြင့် ထိုင်း- မြန်မာ ကုမ္ပဏီတို့ပူးပေါင်း လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိ

ယဉ်ယဉ်လှ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်းရှိ လိုဏ်ဂူကျွန်းတွင် ခရီးသွားလုပ်ငန်းများလုပ်ကိုင်ရန်ထိုင်း- မြန်မာကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် နှစ် ၅၀ ရရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါကျွန်း၌ ဟိုတယ်များကို စတင် တည်ဆောက်နေပြီး Resort အဆင့် ဟိုတယ်များကိုတည်ဆောက် သွားမည်ဖြစ်ကြောင်း ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ ဒုအထွေထွေမန်နေဂျာ ဦးမျိုးတင့်က Travelling ဂျာနယ်သို့ ပြောသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို မြေဧက ၁၅၈ ဧက ပေါ်တွင် ဘန်ဂလိုပုံစံ အဆောက်အဦများကို တည်ဆောက်နေပြီိး ပထမအဆင့်အနေဖြင့် ၁၆ လုံးကို တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။ ’’ Phase 2 ကတော့ ဘယ်နှစ်လုံး ဆောက်မယ်ဆိုတာ မသတ်မှတ်ထားသေးဘူး။ လောလောဆယ် နာမည်ကိုလှိုဏ်ဂူကျွန်း နာမည်ပဲ ပေးထားသေးတယ်’’ ဟု ၄င်းက ပြောသည်။ ထို့အပြင် လိုဏ်ဂူကျွန်း၏ အရှေ့ဘက် အော်တွင် snorkeling ငုပ်နိုင်သည့်နေရာရှိသလို ကျွန်း၏ မြောက်ဘက်ခြမ်းတွင် လူဝံ ကျောက်ဆောင်ပုံဏ္ဍာန်တည်ရှိ သည့်ကျောက်ဆောင်နား၌ လည်း snorkeling ငုပ်လို့ကောင်းသည့်နေရာရှိ ကြောင်း သိရသည်။ ’’တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်။ ခွင့်ပြုမိန့်တွေလည်း ကျပြီးပြီ။ ထိုင်အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ BOT လုပ်တာ ဖြစ်တယ်။ လောလော ဆယ် နှစ် ၅၀ လုပ်ပိုင်ခွင့်ရတယ်’’ဟု ဦးမျိုးတင့်ကပြောသည်။ လိုဏ်ဂူကျွန်းသို့ ကော့သောင်း-ဘုတ်ပြင်း လမ်း ၃၈ မိုင်မှ လာရောက်နိုင်ပြီး ဂျပန်ကမ်းခြေမှတဆင့်လည်း လာရောက်နိုင်ကြောင်း သိရသည်။ ’’အဓိက ကမ်းခြေကို base ထားပြီးတော့ ကမ်းခြေကနေ လှိုဏ်ဂူကျွန်းကို လိုအပ်တဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေ လုပ်ပါတယ်။ ဇက် နဲ့ ကူးတာပေါ့။ ကမ်းခြေကနေ လှိုဏ်ဂူကျွန်းကို ၃၄ မိုင်ဝေးပါ တယ်’’ဟု ၄င်းက ပြောသည်။ ဂျပန်ကမ်းခြေကို အခြေခံထားပြီး ကမ်းခြေအနီး ၃၅ မိုင် အတွင်း သွားရောက်လည်ပတ်နိုင်သည့် ကျွန်းများမှာငှက်သိုက်ကျွန်း၊ သန္တာနီကျွန်း၊သန္တာနက်ကျွန်း၊ ခါးပတ် ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းဖီလာ၊ ဝ အလယ်ကျွန်း၊ ဂျလန်းကျွန်း၊ လှိုဏ်ဂူကျွန်း၊ ၁၁၅ ကျွန်း၊ ဖိုးနီဘာလားကျွန်း ၊ ဗိုလ်နက်ကျော်ကျွန်း၊ မကြုံဂလက် ရွာ၊ ညောင်ဝီးရွာ တို့ကိုလည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။ Vol_1_Issue_20 Photo_K&L Travel & Tour
Contine Reading
By - Admin / 28-02-2020
မြန်မာ့ခရီးသွားဘဏ် (မြဝတီ) ဘဏ်ခွဲစတင် ဖွင့်လှစ်  သည့် နေ့တွင် လူ ၁၀၀ ကျော် ငွေ စာရင်းလာရောက် ဖွင့်လှစ်

မြန်မာ့ခရီးသွားဘဏ် (မြဝတီ) ဘဏ်ခွဲစတင် ဖွင့်လှစ် သည့် နေ့တွင် လူ ၁၀၀ ကျော် ငွေ စာရင်းလာရောက် ဖွင့်လှစ်

Travelling Journal မြဝတီမြို့တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ်၏ စတုတ္ထမြောက် ( မြဝတီ) ဘဏ်ခွဲ ဖွင့်လှစ်သည့်နေ့တွင် ငွေ စုလာအပ်သူ ဦးရေ ၁၀၀ ကျော်ရှိခဲ့ကြောင်း မြဝတီ ဘဏ်ခွဲ မန်နေဂျာက Travelling Journal သို့ပြောသည်။ အဆိုပါ ဘဏ်ကို ဖေဖော်ဝါရီလ၂၆ ရက်က မြန်မာ-ထိုင်းနယ်စပ်၊ အမှတ်-၁ ချစ်ကြည်ရေးတံတားအနီး၌ ဖွင့်လှစ်ခဲ့ပြီး တပြိုင်နက် ငွေစုအပ်ငွေ၊ချေးငွေ ငွေလွှဲနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကိုဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ မြန်မာ့ခရီးသွားဘဏ်ခွဲများ ဖွင့်လှစ်ရခြင်းမှာလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍသာမက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ခရီးသွား ဘဏ်ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားထားသည်။ ၂၀၁၉ ခုနှစ် မေလ ၆ ရက်က မြန်မာ့ခရီးသွားဘဏ်ကို ရန်ကုန်မြို့၌ ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး မန္တလေး (ဘဏ်ခွဲ)ကို စက်တင်ဘာ ၁ ရက် တွင် လည်ကောင်း၊ နေပြည်တော် ဘဏ်ခွဲကို စက်တင်ဘာ ၁၂ ရက်တွင် လည်ကောင်းအသီးသီးဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Contine Reading
By - Admin / 27-02-2020