Travelling Journal
ကလောအခြေစိုက် ဖွင့်လှစ်ထားသည့် လုံးချင်းအိမ် (Home stay )များကို တရားဝင်လုပ်ငန်းအဖြစ် လိုင်စင်ထုတ်ပေးနေပြီဖြစ်ကြောင်း ကလောမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က Travelling သို့ ပြောသည်။
” နိုင်ငံခြားသားတည်းခွင့်မရဘူး။နိုင်ငံခြားသား တည်းခွင့်ရတာက ဟိုတယ်ခရီးလက်အောက်ကနေလိုင်စင်ယူထားတဲ့ ဟိုတယ်၊မိုတယ်တွေမှာပဲနိုင်ငံခြားသားတည်းလို့ရပါတယ်။စည်ပင်သာယာကနေ လိုင်စင်ကြီးကြပ်နေတဲ့Home Stay တွေမှာတော့ ပြည်တွင်းခရီးသွားတွေ အတွက်ပဲရည်ရွယ်တယ်”ဟု ကလောမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း က Travelling သို့ ပြောသည်။
လက်ရှိတွင် ကလောအခြေစိုက် Home Stay လုပ်ကိုင်နေသော စာရင်းကောက်ယူထားသည့် စာရင်းအရ ၂၂ လုံးရှိပြီး လက်ရှိအချိန်ထိအခွန် စည်းကြပ် ပြီးစီးထားသည့် Home Stay ၁၂ လုံးသာရှိသေးကြောင်းသိရသည်။
ထို့ပြင် ကျန်ရှိနေသေးသည့် အခွန်မစည်းကြပ်ရသေးသည့် Home Stay များကို ကောက်ယူနေပြီး ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
” ဌာနတစ်ခုကနေ လုပ်ငန်းလိုင်စင် လုပ်ပေးနိုင်ရင်လုပ်ငန်းရှင်အတွက်လည်း လုပ်ငန်းလုပ်ရတာကောင်းတယ်။နိုင်ငံတော်အခွန်အခလည်းရမယ်။ဘယ်ဌာနမှလိုင်စင်မပေးဘူးဆိုရင် လုပ်ငန်းရှင်တွေဘက်ကလည်း တရားမဝင်လုပ်သလိုဖြစ်နေမယ်။နိုင်ငံတော်အခွန်အခလည်းစည်းကြပ်လို့မရဘူး။ဒါ့ပြင် ခရီးသွားအရေ အတွက် ကောက်တဲ့အခါမှာလည်း လွတ်နေတယ်။Home Stay တွေမှာဝင်သွားတဲ့ ဧည့်သည်ကမနည်းဘူး။စည်ပင်က နေပေးလာရင် ဧည့်စာရင်းတိုင်ကြားလာတဲ့အခါခရီးသွားအရေ အတွက်တစ်ခုတော့ ထပ်ပိုလာမယ့်သဘောရှိပါတယ်”ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင် အောင်နိုင် က Travelling Journal သို့ပြောသည်။
ထို့ပြင် ကလောအခြေစိုက်နှင့် အောင်ပန်း ၊ဟဲဟိုး မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းလိုင်စင်ဖြင့် လုပ်ငန်းလုပ်ကိုင်သည့် ဟိုတယ် အလုံးရေ ၈၀ ကျော်ရှိကြောင်း သိရသည်။
” ဟိုတယ်နဲ့မတူပဲ ကိုယ့်အိမ်လိုမျိုး ခံစားရစေတဲ့ရည်ရွယ်ချက်ရယ်။ မိသားစုလိုက်အေးအေး ဆေးဆေးနားချင်တဲ့သူတွေအတွက်ရည်ရွယ်ပြီး အခုလိုမျိုး Treasure Htoo ကို ဖွင့်ခဲ့တာဖြစ်ပါတယ်” ဟု ပိုင်ရှင်ဖြစ်သူက Travelling သို့ ပြောသည်။
ပုံ-စာ ကလောမြို့နယ်အခြေစိုက်ဖွင့်လှစ်ထားသည့်Treasure Htoo အမည်ရှိ လုံးချင်းအိမ်ကိုတွေ့ရစဥ်။