နောင်ချိုမြို့ မဲပုတ်ကျေးရွာတွင် ရောင်စုံဘန်ဂလိုများပါဝင်သည့် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို မကြာခင် ဖွင့်လှစ်မည်

Travelling Journal ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့၊ မဲပုတ်ကျေးရွာ အနီးတွင် ရောင်စုံဘန်ဂလိုများ ပါဝင်သည့်ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းကို မကြာခင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အပန်း ...

Travelling Journal

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့၊ မဲပုတ်ကျေးရွာ အနီးတွင် ရောင်စုံဘန်ဂလိုများ ပါဝင်သည့်ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းကို မကြာခင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အပန်း ဖြေစခန်းပိုင်ရှင် ဦးဖြိုးဝေလင်းက Travelling သို့ ပြောသည်။

ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ် နှင့်ဟိုတယ်ကို မြေဧက ၅ ဧက နီး ပေါ်တွင် တည်ဆောက် ထားတာဖြစ်ပြီး မြင်းစီးကွင်း ၊ စက်ဘီးစီးကွင်း ၊ပန်းခြံအပြင် နာနတ်သီးစိုက်ခင်းကိုပါ ထည့်သွင်းစိုက်ပျိုးထားကြောင်း အပန်းဖြေစခန်းသစ်တွင် ပူးတွဲရင်းနှီးမြုပ်နှံသူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။

” မဲပုတ်ကျေးရွာမှာ ဖွင့်ထားတဲ့ ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေစခန်းကတော့ Luxury Type ပုံစံဘက် သွားတယ်လို့မြင်မိပါတယ်။ ပန်းပင်တွေကိုလည်းသပ်သပ်ရပ်ရပ်လေးနဲ့လှအောင်လုပ်ထားတယ်။ မေမြို့ View ကိုခံစားရနိုင်တဲ့ခံစားမှုမျိုးလေးရတယ်။ နောင်ချိုကြီးက တိမ်ပင်လယ်တွေ နဲ့မတူညီတဲ့ ရသတစ်မျိုးကို ရရှိစေတယ်လို့ စိတ်မှာခံစားစေရပါတယ်။ တိမ်ပင်လယ် ကိုသွားတဲ့လမ်းကတော့မြေနီလမ်းဆိုပေမယ့် အရမ်းကြီးတော့လမ်း သိပ်မကောင်းသေးပါဘူးလို့ စက်တင်ဘာ ၁၇ ရက်က သွားရောက်လည်ပတ်ခဲ့တဲ့ နောင်ချိုမြို့က ဒေသခံ တစ်ဦးဖြစ်သူ ခရီးသွားအမျိုးသမီး တစ်ဦးက သူ၏ အတွေ့အကြုံ ကို Travelling သို့ ပြောသည်။

လက်ရှိတွင် ရွက်ဖျင်တဲ အလုံး (၁၁)နှင့် ရောင်စုံ
ဘန်ဂလို လုံးချင်းအိမ်(၁၄) ​လုံးကို ဖွင့် လှစ်ထားပြီးစုစုပေါင်း( ၂၅) လုံးရှိ ကြောင်း သိရသည်။

လေးယောက် နေထိုင်နိုင်သည့် ဘန်ဂလို တွင် ငှားရမ်းခ စျေးနှုန်း မှာ တစ်ညလျှင် ကျပ် နှစ်သိန်းနှင့် ရှစ်ယောက်နေထိုင်နိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် သုံးသိန်းနှစ်သောင်း ၊ နှစ်ယောက်အိပ် Tent ​ဖြင့် ငှားရမ်းမည်ဆိုပါက ကျပ် ရှစ်သောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့် တိမ်ပင်လယ်စခန်းများမှာတိမ်ပင်လယ် ဦးထွန်းရွှေ ၊သတ္တမမြောက် ကောင်းကင်ဘုံ ၊ Cherry Hill Resort ၊ Sky Resort ၊ Cotton Hill ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း၊Win Villa နှင့် Naykyar Villa စသည့် တိမ်ပင်လယ်စခန်း များကို ဖွင့်လှစ် ထားပြီးဖြစ်သော်လည်း မဲပုတ်ကျေးရွာ တွင် ဒုဋ္ဌဝတီ တိမ်ပင်လယ်စခန်းကို ပထမဆုံး ဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ဧက နီးပါးပေါ်မှာ နာနတ်သီးစိုက်ခင်းကိုစိုက်ထားတာ အခုဆိုအသီးတွေသီးနေပါပြီ။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်းကိုယ်တိုင်ခူးပြီး ဖျော်ရည်လည်းသောက် သုံးနိုင်တဲ့အပြင် နာနတ်သီးစိုက်ခင်းနဲ့လည်းဓာတ်ပုံ တွဲရိုက်နိုင်လို့လည်းရတယ် “လို့ ပူးတွဲ ရင်းနှီးမြုပ်နှံသူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။

နောင်ချိုကြီးတိမ်ပင်လယ်နားတွင်အစောပိုင်းက ဖွင့်လှစ် ရန် ရည်ရွယ်ခဲ့သော်လည်း ဓနုတိုင်းရင်းသားများနေထိုင်ကြသည့် မဲပုတ်ကျေးရွာတွင် တစ်ည ညအိပ်ခဲ့ပြီး တိမ်ပင်လယ်အလှကိုမြင်တွေ့ပြီးနောက် ယင်းနေရာတွင် ဖွင့် လှစ်ရန် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း နောင်ချိုဒေသခံ လည်းဖြစ်သူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။

ထို့ပြင်ဒေသ၏ခရီးသွားလုပ်ငန်းဖွံဖြိုးရေး၊ ကျေးလက်နေ ဒေသခံများအားအလုပ်အကိုင်ရရှိရေး ၊ တိမ်မြုတ်နေသည့် သဘာဝအလှပများကို နိုင်ငံတကာကို ပြသခွင့်နိုင်ရန်ရည်ရွယ် ချက်ဖြင့် ယင်းအပန်းဖြေစခန်းကို အကောင် အထည်ဖော် ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရသည်။

အပန်းဖြေ စခန်းသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများအတွက် ထူးထူးခြားခြား အနေဖြင့်ကိန္ဒရီကိန္ဒာရာ အကအလှများ ၊ ရှမ်းအိုးစည် နှင့်ဓနုအကအလှများကို နေ့စဥ် ည၇ နာရီမှ ည၉ နာရီထိ ဖျော် ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပေးရသည့် စျေးထက် လာရောက်တည်းခိုကြမည့်ခရီးသွားများအတွက် မတူညီတဲ့ခံစားမှုကိုရရှိစေရန်အပြင် ဧည့်သည် စိတ်ချမ်းမြေ့စေရေးကိုပါ အဓိက ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိမ်ပင်လယ်အလှများကို အကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။

Photo ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေ စခန်း