Travelling Journal
ပျဥ်းမနားမြို့တွင် လည်ပတ်စရာနေရာတစ်ခု အဖြစ် ရောင်စုံပန်းခင်း တောနှင့် ဓာတ်ပုံ ရိုက်ကူးပြီး Sport Acivity များကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်သည့် Pnpt Sport Farm ကို ဖွင့်လှစ် ထားကြောင်း တည်ထောင်သူ က Travelling Journal သို့ ပြောသည်။
အဆိုပါ Pnpt Sport Farm ကို နေပြည်တော်ပျဥ်းမနားမြို့နယ် ၊ဘောဂသီရိရပ်ကွက် ရှိ မြေဧက ၁၀ ဧက ပေါ် ၌ ဖော်ဆောင် ထားကြောင်း သိရသည်။
Sport Farm အတွင်း ပေ၄၀ ×ပေ ၁၅၀ ကျယ်ဝန်းသည့် ဝါးအဆောက် အအုံကို တည်ဆောက်ထားပြီး ယင်း အတွင်း Waterboom ၊ မြင်းစီးခြင်း ၊ စွန်လွှတ်ခြင်း ၊သီချင်းသီဆိုခြင်း ၊ ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ၊လမ်းလျှောက်ခြင်း စသည့် Activity များကို ပြုလုပ်နိုင်သည့် နေရာများကို ဖန်တီးပေးထားကြောင်း သိရသည်။
ထို့ပြင် ဒန့်သလွန် စိုက်ခင်းနှင့် သံပုယိုစိုက်ခင်းများအပါအဝင် ဟင်းသီးဟင်းရွက် စိုက်ခင်း များလည်းစိုက်ပျိုးပေးထားကြောင်းသိရသည်။
” ပန်းခင်းတွေ စိုက်ပျိုးပေးထားပါတယ်။ နေကြာပန်းခင်းတွေ ရယ် ၊ မေမြို့ ရောင်စုံပန်းခင်းတွေပါ စိုက်ပျိုးပေးထားတယ်။ ပျဥ်းမနားကိုရောက်တဲ့အခါ လည်ပတ်စရာ က နည်းတော့ အခုလိုမျိုး အားကစားကို အခြေ ခံပြီး ခရီးသွား များအပန်းဖြေလည်ပတ်လို့ ရမယ့် နားနေရာ တစ်ခုကို ဖော်ဆောင် ပေးချင်တဲ့ ရည်ရွယ် ချက်နဲ့ Sport Farm ကို တည်ထောင်ခဲ့တာပါ ။ ကျွန်တော်က စိုက်ပျိုးရေးကျောင်းဆင်းဖြစ်တဲ့အတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ခရီးသွားလုပ်ငန်းကို ဦးတည် တဲ့ အများပြည်သူလေ့လာ အပန်းဖြေ လည်ပတ်စရာ နေရာတစ်ခုဖြစ်အောင် ဖော်ဆောငိသွားမှာပါ ” ဟု ခရီးသွားလုပ်ငန်း တည်ထောင်သူ က Travelling သို့ ပြောသည်။
လက်ရှိ တွင် ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ကျပ် ၁၀၀၀ နှင့် ကလေးတစ်ဦးလျှင် ကျပ် ၅၀၀ သတ်မှတ်ထား ကြောင်း သိရသည် ။