Travelling Journal
ကမ္ဘာကျော် အင်းလေးကန် ၏ အရှေ့ဘက်ကမ်းစပ် မိုင်းသောက် တွင် တည်ဆောက် ထားသည့် ကြယ်ငါးပွင့် အဆင့်မှီ VILLA INLE BOUTIQUE RESORT ကို ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ယင်း ဟိုတယ်က တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။
၂၀၂၀ မတ်လကတည်းက ပိတ်ထားခဲ့ပြီး မကြာခင် ယင်းဟိုတယ်ကို ပြန်လည် ဖွင့်လှစ် ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
“ကြားကာလထဲမှာ ခဏလောက်ဖွင့်လိုက်သေးတယ်။ ဖွင့်သာဖွင့်ထားတာ ။ လူက မရှိဘူး လေ။ အခုတော့ ဟိုတယ်ကို ပြန် Run ဖို့ ဆုံးဖြတ်ပြီးဝန်ထမ်း တွေလည်း အကုန် အလုပ်တွေ ပြန်ခေါ်နေပါပြီ”ဟု ယင်း ဟိုတယ်က တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။
ယင်းဟိုတယ်ကို မြေဧက (၂၀) ကျော်ပေါ်တွင် သဘာဝကို အခြေခံ၍ တည်ဆောက်ထားပြီး အခန်းပေါင်း (၂၇)ခန်းရှိ ကာ ပြည်တွင်းခရီးသွားများ အများဆုံး မဖြစ်မနေသွားရောက် လည်ပတ် ကြသည့် မိုင်းသောက် တံတား အနီးတွင် ယင်းဟိုတယ်ကို တည်ဆောက် ထားကြောင်း သိရသည်။
ယခင်က နှစ်ယောက် အိပ်ခန်း တစ်ညလျှင် ကန်ဒေါ်လာ ၂၅၀ မှ ၃၀၀ ထိ ရှိသော်လည်း ယခုအခါ ထက်ဝတ်ခန့်နီးပါး အခန်းခနှုန်းထားများကို လျှော့ချထားကြောင်းသိရသည်။
” နှစ်ယောက်ခန်းတညကိုပါ ကျပ် ၁၇၅၀၀၀ နဲ့ ရောင်းမယ်လို့ မှန်းထားပါတယ်။ ဒါပေမဲ့ခုလောလောဆယ် ကျပ် ၁၄၇၀၀၀ နဲ့ရောင်းနေပါတယ်။ OTAတွေကတော့ ဒေါ်လာနဲ့ရောင်းပါတယ်”ဟု ယင်းဟိုတယ်က တာဝန်ရှိသူ က Travelling သို့ ပြောသည်။