Featured Local News

Popular Local News

All Local News

ရှမ်းပြည်နယ်၏ ပြည်နယ်ဘတ်ဂျက် တစ် ဘီလီယံဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင်မည်

ရှမ်းပြည်နယ်၏ ပြည်နယ်ဘတ်ဂျက် တစ် ဘီလီယံဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင်မည်

Travelling journal ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်ဘတ်ဂျက်တစ်ဘီလီယံ ဖြင့် Tourism village ၁၀ ရွာကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးညွှန့်လွင် က Travelling journal သို့ ပြောသည်။ "Tourism village လုပ်ဖို့ ၁ ဘီလီယံ လျာထားတယ်။ အစကတော့ ရွာ၂၀ လုပ်ဖို့ပါ။ ဒါပေမဲ့ အကျိုးသိပ်မရှိမှာစိုးလို့ ၁၀ ရွာကိုပဲ လုပ်လိုက်မယ်။ နောက်မှ ထပ်တိုးမယ်။အခု ဒီနှစ်အတွက် ၁၀ ရွာ။ နောင်နှစ်လည်း ဘတ်ဂျက်ထပ် လျာသွားပြီး ထပ်တိုးလုပ်ဆောင်သွားမယ်"ဟု ၄င်းက ပြောသည်။ Tourism Village ဖော်ဆောင်ရခြင်းမှာ မြို့ပြ ရှိ ဟိုတယ်များတွင် တည်းခိုခြင်းထက် ရွာများတွင် ညအိပ်ည​နေတည်းခိုမှုများလာစေရန်ရည်ရွယ်ပြီး ယင်းကဲ့သို့ ဖော်ဆောင်နိုင်ပါက ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သလိုအလွှာ အသီးသီးမှ ဝင်ငွေရရှိစေမည့်အပြင် ဒေသ ထွက်ကုန်များကိုလည်းတိုက်ရိုက်ဝယ်ယူရရှိနိုင်မည့်အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Tourism Village ဖော်ဆောင်နိုင်မည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာ များကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည် ။ "ရှမ်းပြည်နယ် အတွင်းက ကျေးရွာ ၁၀ ရွာကို လုပ်သွားမှာပါ။ အခုကတော့ ကွင်းဆင်းလေ့လာစစ်ဆေးနေပါတယ်။ရှမ်း/ရှေ့နဲ့ ရှမ်း/မြောက် နှစ်ခုစလုံးလဲ ပါပါမယ်"ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။ အဆိုပါ ၁၀ရွာမှာ ရှမ်း/မြောက်ရှိ ကျောက်တော ရွာ၊ ရှမ်း/ရှေ့ရှိ ကျိုင်းတုံ တွင် တစ်ရွာဖော်ဆောင်မည်ဖြစ်သလို ရှမ်း/အရှေ့ပိုင်းက ငြိမ်းချမ်းသည့်အတွက် သုံးရွာဖော်ဆောင်ရန်မှန်းထားပြီး ရှမ်း/တောင်တွင် ၆ ရွာဖော်ဆောင်ရန် မျှော်မှန်းထားကြောင်းသိရသည်။ ၂၀၂၀-၂၁ ပြည်နယ် ဘတ်ဂျက်ကျလာသည့်အတွက် ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်းဖြစ်ပြီးရှမ်းပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဘတ်ဂျက်ဖြင့် Tourism Village ကို အကောင်ထည်​ဖော်သည့် ပထမဆုံး ပြည်နယ်အစိုးရအဖွဲ့ဖြစ်ကြောင်းသိရသည်။ Photo U Soe Nyunt Lwin FB
Contine Reading
By - Admin / 15-12-2020
ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီး ထား သည့် တောင်ကြီးမြို့ရှိ ဇော်ဂျီ ပန်းခြံ ကို National Park အဆင့်မီ​ဖြစ်အောင် အကောင် အထည် ဖော်မည်

ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီး ထား သည့် တောင်ကြီးမြို့ရှိ ဇော်ဂျီ ပန်းခြံ ကို National Park အဆင့်မီ​ဖြစ်အောင် အကောင် အထည် ဖော်မည်

Travelling journal ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ ဓာတ်ပုံရှုခင်းကြည့်ကွက်များ ဖြင့် ဆွဲဆောင်ဖန်တီးထားသည့် ဇော်ဂျီ ပန်းခြံ ကို အမျိုးသားဉယျာဥ် (National Park)အဆင့်မီဖြစ်အောင် အကောင်အထည် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ဇော်ဂျီပန်းခြံ ၏ CEO ဖြစ်သူ ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။ အဆိုပါ ဇော်ဂျီပန်းခြံ ကို သဘာဝ တောတောင်ရှုခင်းကြည့် များနှင့်တွဲဖက်ကာ ဓာတ်ပုံရှုခင်းကြည့်ကွက်များဖြင့် ဖန်တီးပုံဖော်ထားပြီး ဓာတ်ပုံ ရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ "တောင်ငါးလုံးကြားထဲမှာ View ကြည့်လို့ရနိုင်တဲ့နေရာလေးမှာ ဇော်ဂျီ ပန်းခြံကို တည်ထားတာပါ။ လက်ရှိ ၁၀ ဧက ကိုသာ ဆောင်ရွက်ထားပြီး ပန်းခြံ ရယ် ရေကန် ရယ်ထည့်သွင်းထားတယ်။ Sunset ကြည့်တဲ့ ​နေရာတွေ ဖန်တီးထားတယ်။ ရှုခင်းကြည့်ပြကွက် ငါးနေရာ ဖန်တီးထားတယ်"ဟု ဒေါ်မိုးသချေၤ က Travelling journal သို့ ပြောကြားသည်။ အဆိုပါနေရာသို့ တောင်ကြီးမြို့မှ သွားရောက်မည်ဆိုပါက မိနစ်၂၀ ခန့်သွားရောက်ရုံမျှဖြင့် ရောက်ရှိနိုင်သည့်နေရာဖြစ်သလို အဝေရာ မီးပုံပျံကွင်း မှ ဆိုပါက ၁၀မိနစ်ဝန်းကျင်ခန့် သွားရမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော် တို့အစိုးရအ​နေနဲ့များစွာအား​ပေးပါတယ်။ Happy city ​ဖော်​ဆောင်ရာမှာ​တော့ ပုဂ္ဂလိက အခန်းကဏ္ဍက အ​ရေးကြီးပါတယ်။ နောင် Smart & Happy city ​ဖော်​ဆောင်ပြီးရင်​တော့ အင်း​​လေးနဲ့ တာချီလိတ် ကျိုင်းတုံ လာလည်တဲ့ ခရီးသည်​တွေအတွက်​ တောင်ကြီးမြို့ရဲ့ခရီးစဥ်အသစ်ဖြစ်လာနိုင်လိမ်မယ်လို့​ မျှော်လင့်ပါတယ်"ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် က Travelling journal သို့ ပြောသည်။ ဇော်ဂျီပန်းခြံ မှာ ဧကအကျယ် ၅၅ ဧက ရှိပြီးလက်ရှိတွင် ထင်းရှုးပင် အပင်တစ်သိန်းကျော် စိုက်ပျိုးထားသလို စိန်ပန်းနီပင်၊စိန်ပန်းပြာ၊ငုချယ်ရီပင်နှင့် အစိမ်းရောင်ပန်းပင်များအပြင် သစ်ပင် အပင်ကြီးများကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။ လက်ရှိ အပင်ပေါင်း ၆ သိန်းကျော် စိုက်ပျိုးထားပြီးလွန်ခဲ့သည့် သုံးနှစ်ကတည်းက အပင်ကြီးပင်များကို စိုက်ပျိုးထားခြင်းဖြစ် သည်။ " မြန်မာပြည်ကို ရောက်ရင် ရှမ်းပြည်က ဒီနေရာကို မဖြစ်မနေလာရောက်လည်ပတ်ရမယ့် National Park ပုံစံမျိုးအဖြစ် ပုံဖော်သွားမှာ။ ပန်းခြံထက် သဘာဝအတိုင်းခံစားလို့ရနိုင်တဲ့ ခံစားမှုကို ရရှိအောင် လုပ်သွားမှာပါ။ အခုဒီနှစ်ကို ရောင်စုံပန်းပင်တွေ ပိုစိုက်ဖို့လုပ်ထားတယ်။ မြို့ပြလူနေ မှုကို မွန်းကြပ်လာတော့ ရှမ်းပြည်ဘက်ကိုလာရင် အမရဲ့ဒီဇော်ဂျီပန်းခြံကို လာပြီး ဒီနေရာမှာ လေး​ရက်လောက် အနားယူနိုင်အောင် လုပ်သွားမယ်၊ နောက်ပိုင်း ရီဆော့တွေကို လည်း ထည့်သွင်းဆောက်သွားမယ်။ စိတ်ကို ကျန်းမာအောင်လုပ်ပြီး ပြန်တာမျိုး ဖြစ်တဲ့အထိ လုပ်ဆောင်သွားမယ်။ သဘာဝနဲ့ကိုက်ညီတဲ့ Activity တွေကို ထည့်သွင်းသွားမယ်။ ဒီလိုသဘာဝ တရားကို ချစ်တတ်လာအောင် သစ်ပင်တွေကို ချစ်မြတ် နိုးတတ်လာအောင် အမကို ငယ်ငယ်ကတည်းက အဖေနဲ့အမေက ပုံသွင်းပေးခဲ့တာ"ဟု ဒေါ်မိုးသချေၤ က ပြောသည်။ ယင်းကဲ့သို့ ဖော်ဆောင် နိုင်ပြီဆိုပါက မြန်မာ နိုင်ငံ၏ ပုဂ္ဂလိက ပထမဆုံး အမျိုးသား ဥယျာဉ် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ ဇော်ဂျီပန်းခြံတွင် လက်ရှိ လူကြိုက်များလှသည့်Package အမျိုးအစား သုံးမျိုးရှိပြီး တနင်္လာ​နေ့ည​နေတိုင်း အီတလီဝိုင်​လေး​သောက်ရင်း ပန်းချီဆွဲသည့် Wine & Paint Package ကို တစ်ဦးလျှင် ​ကျပ် လေးသောင်း၊ Picnic Package နှင့် Breakfast Packageစသည့် ဝန်ဆောင်မှု သုံးခုကို ဆောင်ရွက် ပေးထားပြီး ပန်းခြံကို နံနက် ၁၀နာရီမှ ညနေ ၇နာရီထိ ဖွင့်လှစ်ထားကာ ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ကျပ်သုံးထောင် ပေးရကြောင်း သိရသည်။ ထို့ပြင် ဇော်ဂျီဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး ပန်းခြံမှ ရရှိသည့် ဝင်ငွေ ၏ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို တောင်ကြီး မြို့စည်ပင်သာယာရေးအတွက် ပြန်လည်လှူဒါန်းပြီး ရှမ်းပြည်နယ် တိုးတက်ရေး အတွက် အဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ National ParkSmart & Happy city
Contine Reading
By - Admin / 08-12-2020
စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသား လေကြောင်းလိုင်းနှင့် စတင် အသုံးပြုမည်

စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသား လေကြောင်းလိုင်းနှင့် စတင် အသုံးပြုမည်

Travelling journal ဝေဟင် ရှုခင်းကြည့် စင်းလုံးဌား Sightseeing Flights Tour ကို မြန်မာ အမျိုးသားလေကြောင်းလိုင်း( MNA )နှင့် စတင်အသုံးပြုသွားမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်က Travelling journal သို့ ပြောသည်။ လက်ရှိတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှစင်းလုံးဌားရမ်းခစျေးနှုန်းများကို တောင်းယူထားပြီး စျေးနှုန်းတွက်ချက်ပြီးပါက ယင်းခရီးစဥ်ကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။ "အဲဒါနဲ့ပတ်သက်ပြီး Official ပြောလို့မရသေးပါဘူး။ ညှိတာပဲရှိသေးတယ်။ ဘာမှတရားဝင်ပြောလို့မရသေးပါဘူး"ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ အရောင်းပိုင်းတာဝန်ယူထားသည့် တစ်ဦးက Travelling journal သို့ပြောသည်။ ထို့ပြင် ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် ကမ္ဘောဇ လေကြောင်းလိုင်းနှင့်လည်း ညှိနေကြောင်းရှိသော်လည်း အတိအကျ မပြောသေးကြောင်း လတ်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးကလည်း Travelling journal သို့ပြောသည်။ "ဟိုတယ်ခရီး ကိုစာတင်ထားတယ်။ညှိပေးမယ်လို့ပြောတယ်။ UMTAနဲ့ MTMတို့ နှစ်ခု ပူးပေါင်းပြီး လုပ်ရမယ့်သဘောရှိပါတယ်။PR ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ကျွန်တော်တို့ခရီးသွား ကုမ္ပဏီ ဘက်ကလည်း ဝိုင်းရောင်းပေးကြမယ်။စျေးနှုန်းကတော့ရပြီ။ ဒိထက်များသက်သာပြီး ပေးနိုင်မလား။ဘယ်လိုပုံစံမျိုးနဲ့ပေးမလဲဆိုတာကို။ ဒီစျေး ဒီစျေးနဲ့ပဲ အကြမ်းဖျဉ်း လျော့ပေးမယ်ဆိုတာပဲ ရထားတာ။ ဝန်ကြီး ဌာနက စီစဥ်တယ်ဆိုရင်လည်း ဝန်ကြီး ဌာန ဌားရမ်းတာဖြစ်ပြီး ကျွန်တော် တို့က ဝိုင်းရောင်းပေးလည်းရတယ်။အဓိက ပြည်သူတွေ သိသွားဖို့ပဲ လိုတာ"ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။ အဆိုပါ ဝေဟင် ရှုခင်းကြည့် Sightseeing Flights Tour ခရီးစဥ် ကို ရန်ကုန်မှ တက်ပြီး ရန်ကုန်တွင်ပြန်လည်ဆင်းသက်ရန် ရည်ရွယ်ထားကာ ရှုခင်းနှင့် ဘုရားစေတီများကို အပေါ် စီးမှ ကြည့်ရှုနိုင်သည့် ခရီးစဥ် ကို ဆောင်ရွက် ထားခြင်းဖြစ်ကြောင်းသိရသည်။ Sightseeing Flights Tourအား အချိန်တစ်နာရီဝန်းကျင် စီစဥ်ထားပြီး ရန်ကုန်နှင့်အနီးဆုံး ဘားအံ သို့မဟုတ် ကျိုက်ထီးရိုး ဘက်သို့ ဆွဲရန်စီစဥ် ထားပြီး ရှုခင်းကြည့်အတွက် အမြင့်ပေ ပျံသန်းနိုင်မည့်အနေအထားကိုလည်း မေးမြန်းထားဆဲရှိကြောင်းသိရသည်။ ယင်းကဲ့သို့ စီစဥ်ရခြင်းမှာ Sightseeing Flights Tour ဖော်ဆောင်ခြင်းက ခရီးသွား လုပ်ငန်း တိုးမြှင့်ရန် သက်သက် မဟုတ်ဘဲ Myanmar is safe to travel ဆိုသော Message ကို Promote လုပ်ရန် ကမ်ပိန်း ပြု လုပ်ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားပြီးဖြစ်သည်။ Photo MNA Fb
Contine Reading
By - Admin / 07-12-2020
နေပြည်တော် ပတ်ဝန်းကျင် တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ​ပြဒါးချောင်းနှင့် မြသီတာကျေးရွာကိုCBT ဖော်ဆောင်သွားရန် စီစဥ်

နေပြည်တော် ပတ်ဝန်းကျင် တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ​ပြဒါးချောင်းနှင့် မြသီတာကျေးရွာကိုCBT ဖော်ဆောင်သွားရန် စီစဥ်

Travelling journal နေပြည်တော် ပတ်ဝန်းကျင်ဒေသ တိမ်ပင်လယ်ရှုခင်းများကြည့်ရှုနိုင်သည့် ပြဒါးချောင်းနှင့် မြသီတာကျေးရွာကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ((CBT) ဖော်ဆောင် သွားရန် စီစဥ် နေကြောင်း နေပြည်တော်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော် က Travelling journal သို့ ပြောသည်။ နေပြည်တော် မှ နှစ်နာရီခန့်သွားရောက်နိုင်သည့်ပြဒါးချောင်းနှင့် မြသီတာကျေးရွာတို့ကို CBT ကျေးရွာ အဖြစ် ဖော်ဆောင်နိုင်ရန်အတွက် နိုဝင်ဘာ၃၀ ရက်က ဟိုတယ်ခရီးဝန်ကြီးဌာနမှ မှ တာဝန်ရှိသူများမှ သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။ "ပြဒါးချောင်းနဲ့ မြသီတာကျေးရွာကတော့ CBT ကျေးရွာ ဖော်ဆောင်ဖို့ဖြစ်နိုင်ချေ ရှိပါတယ်။ နေပြည်တော် နဲ့အနီးဆုံး မှာ တိမ်ပင်လယ် ကိုလည်း ကြည့်လို့ ရနိုင်ပါတယ်"ဟု ၄င်းက ပြောသည်။ နေပြည်တော် အ​ရှေ့ဖက်ခြမ်းတွင်တည်ရှိသည့်တောင်တန်းများတွင် နေထိုင်ကြသည့်တိုင်းရင်းသားများ၏ကျေးရွာများဖြစ်ပြီး ကရင်၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ကြပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အခြေ ချနေထိုင်လာခဲ့သည့် တိုင်းရင်းသားများဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ က Travelling journal သို့ ပြောသည်။ "ဒီဒေသက နေပြည်တော် အရှေ့ခြမ်း ပျဥ်းမနားမြို့နယ်လို့ခေါ်တာပေါ့။တောင်ပေါ်တောင်တန်းတွေက တဆက်တည်းလည်းရှိကြတယ်။ ဒီ နေရာမှာ ရှေးနှစ်ပေါင်းများစွာကတည်းကအခြေ ချနေထိုင်ခဲ့ကြတဲ့ မူလဒေသက တိုင်းရင်းသားတွေပါ။ကယန်း၊ ကရင်၊ ပအိုဝ်း ၊ ကရင်ဖြူ စတဲ့တိုင်းရင်းသားတွေ နေထိုင်ကြပြီး ဒီလိုနေရာမှာတိုင်းရင်းသားတွေနေထိုင်တယ်ဆိုတာသိသူနည်းပါးတယ်။အရင်ကတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ငြိမ်းချမ်းရေးကလည်းသိပ်မရှိခဲ့ရတဲ့ဒေသဖြစ်ခဲ့ပါတယ်။ ရာစုနှစ်နှစ်စုကျော် လမ်းတွေဖောက်တဲ့အချိန်မှာ ပြဒါးချောင်းကျေးရွာအပါအဝင် တောင်ပေါ် ဒေသလမ်းကြောင်းကြီးက ပေါ်ပေါက်လာ ခဲ့တယ်။ တောင်ပေါ်မြေပြန့်လေးနည်းနည်းဆန်တော့ ဝေသာလီရယ် ၊ ပြဒါးချောင်းရယ် ၊ မြသီတာရွာတွေဟာ တောင်ပေါ်စခန်းမြို့လေးလိုမျိုးရှိနေပါတယ်။ ခရီးသွား အတွက် ဆွဲဆောင်စရာလည်း ရှိနေတယ်။ ဒီလိုနေရာမျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင် ဒေသအကျိုးတွေအများကြီးရရှိနိုင်ပါမယ်"ဟု ၄င်းက ပြောသည်။ နေပြည်တော် အခြေစိုက်ဒေသခံများအနေဖြင့်တိမ်ပင်လယ်ကို သွားရောက်ကြည့်ရှု့မည်ဆိုပါက တိမ်ပင်လယ် ကြည့်ရှုရန်ကောင်းသည့်မနက် ၅နာရီမှ ၇ နာရီအတွင်း အရောက်သွားနိုင်ပါက တိမ်ပင်လယ်ကို ကောင်းစွာမြင်ရမည်ဖြစ်ကြောင်းသိရသည်။ နေပြည်တော် မှသွားရောက်မည်ဆိုပါက ပျဥ်းမနား -ရေနီလမ်းဆုံ မှ သွားရောက်နိုင်ပြီး တောင်ဖီလာ ဘိလပ်မြေ စက်ရုံ ဖက်သို့ သွားရောက်သည့်လမ်းမကြီးအတိုင်းတောက်လျောက် သွားမည်ဆိုပါက ယင်းကျေးရွာများသို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ " ဝေသာလီကျေးရွာရောက်တာနဲ့ တိမ်ပင်လယ်ကို လှမ်းတွေ့ရနိုင်ပါပြီ။ ပြဒါးချောင်းရွာကနေကြည့်ရင် အနီးဆုံးမြင်တွေ့ရပါတယ်။ ဒီကျေးရွာသုံးရွာကလည်း ကပ်လျက်ရှိနေတဲ့ရွာတွေပါ။ ရွာထဲမှာ စားသောက်နားပြီး မြသီတာ ကျေးရွာ မှာရှိတဲ့ ခုနှစ်ဆင့်ရေတံခွန်မှာ ရေကစားနိုင်ပါတယ်"ဟု နေပြည်တော်တာဝန်ခံ ဒေါက်တာ သန်းဇော် က ပြောသည်။ ကရင်တိုင်းရင်းသားအများစု နေထိုင်သော ဝေသာလီ ကျေးရွာ၊ပအိုဝ်း တိုင်းရင်းသားများနေထိုင်ရာ ပြဒါးချောင်းကျေးရွာနှင့် ကရင်တိုင်းရင်းသားများနေထိုင်ရာ မြသီတာကျေးရွာ တို့ ကို CBT ဖော်ဆောင်မည်ဆိုပါက နေပြည်တော် တွင်ပထမဆုံး ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Photo Ko Min Thu Fb
Contine Reading
By - Admin / 01-12-2020
အမျိုးသားဖွံ့ဖြိုးတိုးတက်​ရေးအများပိုင်ကုမ္ပဏီ မှ ရှယ်ယာရှင်များကို ယခုနှစ် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအား ငွေသားဖြင့် ထုတ်ပေးမည်

အမျိုးသားဖွံ့ဖြိုးတိုးတက်​ရေးအများပိုင်ကုမ္ပဏီ မှ ရှယ်ယာရှင်များကို ယခုနှစ် အမြတ်ငွေ ၁၅ ရာခိုင်နှုန်းအား ငွေသားဖြင့် ထုတ်ပေးမည်

Travelling journal ပြည်တွင်းစီးပွားရေးထိပ်တန်းလုပ်ငန်းရှင်များစွာ ပါဝင် ရင်းနှီးမြှုပ်နှံထားသည့် အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေး အများပိုင် ကုမ္မဏီ မှ အစုရှယ်ယာရှင်များအား ယခုနှစ်တွင် အမြတ်ငွေ ၁၅ ရာခိုင်နှုန်း အထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်​ရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ကပြောကြားလိုက်သည်။ နိုဝင်ဘာ ၂၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရေးညှိနှိုင်းအစည်းအဝေး Online Zoom Meeting အခမ်းအနားတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ " ဒီလို ကာလ မှာ ၁၅ ရာခိုင်နှုန်းပေးတဲ့ အတွက် ရှယ်ယာရှင်တွေလည်းသဘော ကျမယ်လို့ ထင်ပါတယ် ၊ NDCG အနေနဲ့ ရှယ်ယာရှင်တွေရဲ့ မျက်နှာကိုယ်လည်း ကိုယ်စားပြုရတယ် ၊ ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး ၊ ကျွန်တော်တို့ သမိုင်း ၊ဒါရိုက်တာတွေရဲ့ သမိုင်းကိုကြည့်ပြီးတော့ လုပ်ရတဲ့ အနေအထားဖြစ်လို့ ဒီနေ့အထိ အမြတ်ငွေ ကိုလည်း နှစ်စဉ်ထုတ်ပေးနိုင်တဲ့ အတွက် ကျွန်တော်တို့ ဂုဏ်ယူတယ် ၊ ရှယ်ယာ ရှင်တွေရဲ့ ပိုက်ဆံတစ်ပြားမှ ပျောက်မသွားဖို့ ကျွန်တော်အပါအဝင် BOD တစ်ဖွဲ့လုံးမှာ တာဝန်ရှိတယ်။ တော်တော်များများ အများပိုင်ကုမ္ပဏီတွေရှိတယ် ။ လုပ်ငန်းကောင်းတုံးက ပေးနိုင်ကြတယ် ၊ လုပ်ငန်းမကောင်းရင် မပေးနိုင်ဘူး ၊ ဘာဖြစ်လို့လည်း ဆိုတော့ အရန်ပိုက်ဆံ မထားတဲ့ အတွက်ကြောင်ပါ ၊ အခု ကျွန်တော်တို့မှာ အရန်ပိုက်ဆံတွေထားတာကိုလည်း အားလုံးက သဘောတူပေးလို့ကျေးဇူးတင်တယ် “ ဟု ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က ပြောကြားခဲ့သည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် တွင် ဝယ်ယူထားသည့် ရှယ်ယာရှင်များ၏ အမြတ်ငွေ ထုတ်ပေးမှုကို လာမည့် ဇန်နဝါရီလဆန်းမှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ အုပ်စု ၏ ဒါရိုက်တာ ဦးနှင်းဇော်က နိုဝင်ဘာ ၂၇ ရက် တွေ့ဆုံပွဲတွင် ပြောသည်။ “’ ကိုဗစ်ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်ဆိုတာကလည်း အားလုံးအသိပါ ၊ ကျွန်တော်တို့လည်း ခက်ခဲပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ မှာ နှစ်စဉ် ရှေ့နှစ်ရှေ့နှစ်တွေက လုပ်လာတဲ့ လုပ်ငန်း အကျိုးအမြတ် တွေကို ထိန်းသိမ်းထားပြီးတော့ စုဆောင်းထားတဲ့ Retain Money တွေ ရှိပါတယ် ၊ ဒီနှစ်လည်း လုပ်ငန်းတစ်ချို့ ရပ်သွားပေမယ့် လုပ်ထားတဲ့ လုပ်ငန်းစဉ်တွေ မှန်တော့ တစ်ချို့ လုပ်ငန်းတွေ မရပ်ဘဲ အရှိန်နဲ့ သွားနေပါတယ် ၊အကျိုးအမြတ်တွေကို AGM ပြီးတာနဲ့ ၁၅ ရာခိုင်နှုန်းကိုငွေသားနဲ့ ထုတ်ပေးသွားမှာပါ “”ဟု ၄င်းက ပြောကြားသည်။ယင်းကဲ့သို့ ထုတ်ပေးနိုင်ရန် ကိုဗစ်ကာလဖြစ်သည့်အတွက် Social distcting နှင့်အညီ ဆောင်ရွက် ပေးသွားရန်စီစဥ်ထားကြောင်း သိရသည်။ လက်ရှိ တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက် ၌ ဝယ်ယူထားသည့်ရှယ်ယာရှင်ပေါင်း၂၁၀၀ ကျော်ရှိပြီး ကုမ္မဏီ သက်တမ်း မှာ ၂၂ နှစ် ရှိပြီဖြစ်ကြောင်း၂၀၀၂ ခုနှစ် မှစတင်ကာ အများပိုင် ကုမ္မဏီ အဖြစ် ပြောင်းလဲခဲ့ကြောင်းသိရသည်။ အများပိုင်ကုမ္ပဏီတွင် အစုရှယ်ယာရှင်များ၏ မတည် ထည့်ဝင် ရင်းနှီးငွေ ကျပ် သိန်းပေါင်း ၆၀၉၉၃ ဒသမ ၆၂ သိန်းဖြင့် ရင်းနှီးလည်ပတ် စတင်ခဲ့ပြီး အစုရှယ်ယာတစ်စုလျှင် ကျပ် တစ်သောင်း ဖြင့် စတင်ခဲ့ရာမှ ယခုအခါ အစု ရှယ်ယာတစ်စု၏ တန်ဖိုးမှာ ကျပ် ၁၈၅၀၀ ထိ မြင့်တက်ခဲ့ပြီဖြစ်ကြောင်း ဒါရိုက်တာ ဦးနှင်းဇော် က ပြောသည်။ နိုဝင်ဘာ ၂၆ ရက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပရေးညှိနှိုင်းအစည်းအဝေး Online Zoom Meeting ကို ကျင်းပနေစဥ်။
Contine Reading
By - Admin / 28-11-2020
ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်သစ် ဖော်ဆောင်မည်

ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်သစ် ဖော်ဆောင်မည်

Travelling journal ကယားပြည်နယ် ရွာသစ်မြို့တွင် တည်ရှိသည့်ဝိုဟရေတံခွန်ကို ခရီးသွားများ လာရောက်လည်ပတ်ရန် ခရီးစဉ်သစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကယားဒေသဆိုင်ရာခရီးသွားကော်မတီ အဖွဲ့ဝင် ခရီးသွား တတ်သိပညာရှင် ဦးသန်းထွေးက Travelling Journalသို့ ပြောသည်။ အဆိုပါ ဝိုဟရေတံခွန်ကို လွိုင်ကော်- ဒီမော့ဆို -ဖရူဆို-ဘော်လခဲလမ်းဆုံမှ သွားရောက်ပါက ရွာသစ်မြို့တွင်ရှိသည့် ယင်းရေတံခွန်ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းဒေသ သည်ပြည်တွင်းခရီးသွားများ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသတစ်ခုအဖြစ်ကောင်းမွန်ပြီး ရွာသစ်မြို့တွင် စိတ်ဝင်စားစရာ လည်ပတ်စရာ လေ့လာစရာများလည်း ရှိခြင်းတို့ကြောင့် ခရီးစဉ်သစ် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ’’ ရေတံခွန်က ပြောရရင်တော်တော်မြှင့်တယ်။ ဓာတ်ပုံရိုက်တဲ့နေရာက ရေတံခွန်ရဲ့ ထိပ်ဆုံး၊သူ့အောက်မှာ ရေတံခွန်သေးသေးလေးတွေရှိတယ်။ ဒီရေတွေက သံလွင်မြစ်ထဲကို စီးဝင်သွားတာ။ ခရီးသွားတွေကို မပို့ရသေးသလို မရောက်လာသေးတဲ့ လည်ပတ်စရာကောင်းတဲ့နေရာတစ်ခုပါ’’ဟု ကယားအခြေစိုက် ခရီးသွားကုမ္ပဏီ ပိုင်ရှင်တစ်ဦးလည်းဖြစ်သူ ဦးသန်းထွေးက ပြောသည်။ ရွာသစ်ရွာတွင် ရှမ်းလူမျိုးများနေထိုင်ကြပြီး ရှေးကျသည့် ဘုန်းကြီးကျောင်း ကိုးကျောင်းရှိသလို နှစ် ၁၅၀ သက်တမ်းရှိ ဘုန်းကြီးကျောင်း သုံးကျောင်းလည်း ရှိကြောင်းသိရသည်။ ထို့ပြင် ယင်းဒေသတွင် နတ်ငါးများရှိသည်ဟု ဒေသခံများကလည်းယုံကြည်ထားပြီး ရေတတ်လာပါက ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းနားရှိချောင်းတွင်အစာကျွေးလေ့ရှိသည့် ဓလေ့များလည်းရှိသည်ဟု သိရသည်။ သို့သော် ခရီးစဥ်ဖော်ဆောင်မည့် ရွာသစ်မြို့မှာ ပြည်တွင်းခရီးသွားများအတွက် လည်ပတ်ရန် အဆင်ပြေသော်လည်း နိုင်ငံခြားသားများအတွက် ကန့်သတ်ဧရိယာထဲတွင် ထည့်ထားခြင်း ကြောင့် မကြာခင်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပယ်ဖျက်ပေးရန်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ Photo Than Htwe
Contine Reading
By - Admin / 27-11-2020
လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟုဆို

လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖွဲ့စည်းသွားမည်ဟုဆို

Travelling Journal လိုင်စင်မဲ့ ခရီးသွားလုပ်ကိုင်နေသည့် Blogger နှင့် Influencer များကို အရေးယူ ဆောင်ရွက်သွားနိုင်ရန် စောင့်ကြည့်လေ့လာရေးအဖွဲ့များ ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာခရီးသွားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ​​နော်ပန်းသဉ္ဇာမျိုး က ပြောကြားလိုက်သည်။ လက်ရှိတွင် Follower များသည့် ဘလော့ဂါများနှင့် Influencer များမှ ခရီးစဉ်များကို ရေးဆွဲရောင်းချနေခြင်းများ ရှိနေသည့်အတွက် ခရီးသွားကုမ္ပဏီများမှ ဈေးကွက် ယှဉ်ပြိုင်မှု နှင့် ရင်ဆိုင်နေရခြင်းအပေါ် ဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။ ယနေ့ နေ့လည် (၁) နာရီ က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ပြုလုပ်သည့် "ခရီးသွားလုပ်ငန်းစည်းမျဉ်းစည်းကမ်းများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ ၏ ရေရှည်တည်တံ့ခိုင်မြဲမှု ′'ခေါင်းစဉ် ဆွေးနွေးပွဲတွင် UMTAအသင်းမှ ဒုဥက္ကဋ္ဌ ဖြစ်သည့် ဒေါ် အေးသီတာမိုး မေးသည့် မေးခွန်းကို ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ဖြေကြားလိုက်ခြင်းဖြစ်သည် ။ "တိုင်ကြားမှသာ အရေးယူမှု ကို လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်၊ ခရီးသွားချင်းချင်းသိကြတဲ့ အော်ပရေတာအချင်းချင်းတွေက ပိုသိမှာပါ။ တိုင်ကြားမှသာ ထိထိရောက်ရောက် အရေးယူလို့ရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။ ပြည်ပလိုင်စင်မရှိဘဲ ခရီးစဉ်ပို့သည့် ခရီးသွားကုမ္ပဏီတစ်ခုကိုလည်း လ.ဝ.က ဥပဒေ နှင့် လူကုန်ကူးမှု ဥပဒေများဖြင့် အရေးယူမှုကို ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားကော်မတီမှ အရေးယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Contine Reading
By - Admin / 24-11-2020
မြစ်ကြီးနားမြို့တွင် ၁၀၈ ပေ အမြင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို စတင် တည်ထားကိုးကွယ်

မြစ်ကြီးနားမြို့တွင် ၁၀၈ ပေ အမြင့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို စတင် တည်ထားကိုးကွယ်

Travelling journal မြစ်ကြီးနားမြို့တွင် ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိထိုင်တော်မူ ဗုဒ္ဓရုပ်ပွါးတော်ကို စတင် တည်ထားကိုးကွယ် ထားကြောင်း မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းမှဆရာတော်ဦး​နေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။ "လွန်ခဲ့တဲ့ လေးနှစ်ကတည်းက တည်ဆောက်​နေတာပါ။ ​ရည်ရွယ်ချက်က ဒီဘက်မှာ သာသနာတော် အရမ်းကြီးလည်းမထွန်းကားသေးဘူး။ ၇ ရက်သားသမီးတွေကို ကုသိုလ်ရစေချင်တာမို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်"ဟု ဆရာတော်ဦး​နေမ္မိတ က Travelling journal သို့ မိန့်ကြားတော်မူသည်။ မြစ်ကြီးနား မြို့ ပလန ကျေးရွာ ၊မြစ်ဆုံသွားသည့်လမ်းတွင် ရှိပြီး ပလန၂ ကံ့ကော်မြိုင်ကျေးရွာရှိ မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းအတွင်း တည်ထားကိုးကွယ် ထားရှိကြောင်း ဆရာတော်က မိန့်တော်မူသည်။ "အရမ်းသပ္ပါယ်တယ်။ အခုလို မြစ်ကြီးနားမြို့ပေါ်မှာ သွားရောက်ဖူးမြှော်လို့ရတဲ့ နေရာတစ်ခုတိုးလာတာပေါ့။ အခု ဒီမှာက မြူတွေ ထနေတဲ့အချိန်ဆိုတော့ မနက် အာရုံပိုင်း သွားတဲ့အခါ မြူတွေကြားထဲမှာ အရမ်းကို သပ္ပါယ်တာပဲ"ဟု နိုဝင်ဘာ ၁၉ ရက်က သွားရောက် ဖူးမြှော်ခဲ့သည့် ဝိုင်းမော်ဒေသခံ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။ မဇ္ဇိုမ မနောသုခဖောင်ဒေးရှင်းကျောင်းကို ကျောင်းထိုင် ဆရာတော် ဒေါက်တာအရှင် နန္ဒဝံသ က ဦးဆောင်ပြီး ဧက ၂၀ ကျယ်ဝန်းသည့် ကျောင်းဝင်းအတွင်း မဇ္ဇိုမ လာဘ ဗောဓိမြတ်စွာ ဘုရား တည်ထားကိုးကွယ်ထားရှိခြင်းနှင့် သူငယ်တန်းမှ ၁၀တန်းအထိ ကျောင်းအိပ် ကျောင်းစား တက်ရောက်နိုင်သည့် အခမဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ဖွင့်လှစ်ထားပေးကြောင်း သိရသည်။ Photo Spring Trave မဇ္ဇိုမ လာဘ ဗောဓိမြတ်စွာ ဘုရား ကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဒေသခံပြည်သူတစ်ချို့လာရောက် ဖူးမြှော်ကြသည်ကို တွေ့ရစဥ်။
Contine Reading
By - Admin / 21-11-2020
နှစ်ပေါင်း၂၀ကျော် တိမ်မြှုပ်နေသည့် အင်းလေးရေပေါ်စျေးကို လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော်ဆောင်သွားမည်

နှစ်ပေါင်း၂၀ကျော် တိမ်မြှုပ်နေသည့် အင်းလေးရေပေါ်စျေးကို လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော်ဆောင်သွားမည်

Travelling Journal အင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပြီးနှစ်ပေါင်း၂၂ နှစ်ကျော် တိမ်မြှုပ်ပျောက်ကွယ်နေရသည့် အင်းလေးရေပေါ်ဈေးကို ပြန်လည်အသက်ဝင်လာစေရန် လက်ရှိအစိုးရလက်ထက်တွင် အပြီးသတ် ဖော် သွားပေး မည်ဖြစ်ကြောင်း ရှမ်းပြည် နယ် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၊ ဒေသဆိုင်ရာ ခရီးသွားကော်မတီ ဒုဥက္ကဋ္ဌဦးစိုးညွှန့်လွင် က Travelling Journal သို့ ပြောသည်။ "အခုလက်ထက်မှာ ဖော်ဆောင်သွားမှာပါ။ မနေ့က ဝန်ကြီး ဦးအုန်းမောင် နဲ့တောင် ပြောဖြစ်သေးတယ်။သဘောတူတယ် "ဟု ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။ ယခင် ရေပေါ်ဈေး တည်ရှိသည့် မူလရေပေါ်ဈေးရွာဖြစ်သည့် ဟဲယာရွာမတွင် ပြန်လည်ဖော်ထုတ်ပေးရန်လည်း အင်းတိုင်းရင်းသားဒေသခံ ဒေါ်နှောင်းပပညိုက Travelling journal သို့ အကြံပြုပြောကြားသည်။ ရေပေါ်ဈေးကို ဖော်ဆောင်မည်ဆိုပါက လက်ဖြင့် လှော်ရသည့် လှေဖြစ်ရန်လည်း လိုအပ်သည်ဟု တောင်ကြီးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး က Travelling Journal သို့ ပြောသည်။ ’’ရေပေါ်ဈေး ဖော်ဆောင်မယ်ဆိုရင် လက်နဲ့လှော်တဲ့ လှေဖြစ်ဖို့လည်း လိုတယ်။ အဲဒီလိုလှေ အသေးလေးတွေကမရှိတော့ပဲ စက်နဲ့သွားတဲ့လှေကြီးတွေဖြစ်နေတော့ နည်းနည်းကြပ်နေတယ်။ ဟဲယာရွာမမှာ လုပ်နေတာက အဆင်ပြေနိုင်တယ်ဆိုပေမဲ့ တစ်ချိူ့တွေက ကမ်းစပ်မှာ လာရောင်းတယ်။ လူတွေက ရေပေါ်မဆင်းတော့ပဲ ကုန်းပေါ်မှာဘဲ ရောင်းနေတော့ ရွှေ့ကုန်မှာ စိုးရတယ်။ အဲဒီတစ်ခုကို စိုးရိမ်တယ်။ အခုရွာမ မှာ ကိုဗစ်ကြောင့် သူ့သဘာ၀ အတိုင်း ပြန်ဖြစ်သွားကြတယ်။ သူ့ဘာသာသူ ပြန်ပေါ်လာစေချင်တယ်။ သဘာဝအတိုင်း ပြန် ပေါ်လာရင် ကျွန်တော်တို့က မသိမသာ ဝန်းရံအားပေးလိုက်ရင် တော်တော် အောင်မြင်သွားမှာဖြစ်တယ် ’’ဟု ၎င်းက ပြောသည်။ ရေပေါ်ဈေးကို မူလ ဟဲယာရွာမအပြင် နန့်ပန်ရွာတွင်လည်း လုပ်ဆောင်သင့်ပြီး နန့်ပန်ရွာတွင် ရေပေါ်ဈေး လုပ်လို့ရနိုင်သည့် ရေပြင်ကျယ်ရှိသည့်အတွက် ဖြစ်နိုင်ချေပိုများကြောင်းလည်း သိရသည်။ ’’ရေပေါ်ဈေးက ပြောရမယ်ဆိုရင် အင်းသားရိုးရာအမွေအနှစ်လို့ပြောရမယ်။ လက်ရှိအဟောင်းလေးကိုပဲပြန်ပြီး ဖော်ဆောင်ပေးစေချင်တယ်။ ဟဲယာရွာမကိုလုပ်စေချင်တယ်။ အဟောင်းလေးလည်းရှိနေမယ်။ တစ်ခုတော့ရှိတယ်။ ဟဲယာရွာမကျတော့ ဘီလူးချောင်းရဲ့ နှုန်းခံဧရိယာကြီးဖြစ်နေတာဆိုတာမို့ နှစ်တိုင်းလူထုအားနဲ့ဘယ်လောက်ပဲလုပ်လုပ် ဖယ်ရှားရှားနှုန်းခံ ဧရိယာကြီးလိုဖြစ်နေတယ်။ နွေသုံးလေးလလောက်ကတော့ မရပါဘူး။ မိုးရယ်၊ ဆောင်းရယ်ကျတော့ ရွာမမှာက အမြဲရေရှိတယ်၊ ရေပေါ်ဈေး တိမ်ကောရခြင်းအကြောင်းရင်းကလည်း အဲဒါပါပဲ။ ပျက်စီးလာတော့ ရေပေါ်ဈေးဧရိယာက ခြောက် လာတယ်၊ ရေအမြဲတမ်း ရှိတဲ့နေရာမှာ နောက်ထပ်တစ်ခု ဖြစ်ဖြစ်ပေါ်လာရင်လည်း ပြယုဒ်လေးတစ်ခုရှိတာပေါ့’’ဟု ဟဲယာရွာမတွင် နှစ်ပေါင်း၄၀ နီးပါး နေထိုင်သည့် အင်းတိုင်းရင်းသူ ဒေါ်နှောင်းပပညိုက Travelling Journal သို့ ပြောသည်။ ကိုဗစ်ကာလအတွင်း အောက်တိုဘာ ၂ ရက်မှစတင်ကာ ဟဲယာရွာမတွင် ရေပေါ်ဈေး တစ်ဖန် ပြန်လည် အသက် ဝင် လာ ခဲ့ကြောင်းသိရသည်။ဟဲယာရွာမ၏ ရေပေါ်စျေးနေ့မှာ တောင်ကြီးမြို့၏ စျေးနေ့နှင့် အတူတူဖြစ်ပြီး မူလရေပေါ်စျေးနေ့ဖြစ်ကြောင်း သိရသည်။ ’’ဒီနေ့ထိတော့ ရောင်းနေပေမယ့် တစ်ချို့က ကုန်းပေါ်မှာအမြဲ ရောင်းနေကြတော့ ရေပေါ်ဆင်းရောင်းတဲ့အခါ အဆင်မပြေမှုလေးတွေကြုံရတယ်။ ကမ်းနဖူးမှာ ရေစင်လေးတွေ ဆောက်ပြီး တော့ လုပ်ပေးတယ်။ ရေပေါ်ကနေ ဝယ်တဲ့သူလည်းရှိတယ်လေ။ ဒါပေမယ့် ဒေသခံ တစ်ချို့က ကန့်ကွက်နေတာလည်းရှိတယ်။ အဆင်မပြေဘူး ဆိုပြီး ကန့်ကွက်နေတာ။ ရင်ဆိုင်နေရတုန်းပါပဲ။ အချင်းချင်းပဋိပက္ခဖြစ်နေကြတဲ့ပုံစံမို့ လက်လျော့ထားပေမယ့်အတင်းကြီးမလုပ်ဖူး။ဖျက်လိုဖျက်စီးလုပ်ချင်တဲ့သူတွေက ဈေးသည်တွေကိုအပေါ်ကို ပြန်တက်ခိုင်းနေကြတယ်။ အဲဒါလေးတွေရှိတယ်’’ဟု လက်ရှိရေပေါ်ဈေးပြန်လည်ဖော်ဆောင်ရေး ကော်မတီဝင်တစ်ဦးဖြစ်သူဒေါ်နှောင်းပပညိုက ရှင်းပြသည်။ တစ်ချိန်က အထင်ကရကျော်ကြားခဲ့သည့် မူလ ဟဲယာရွာမရေပေါ်ဈေးမှာ ၁၉၇၀ မတိုင်ခင် လောက်က ပုံမှန်ဖြစ်နေပြီး ၁၉၉၈ နောက်ပိုင်း ကာလများတွင် တဖြည်းဖြည်း ပျောက်ကွယ်တိမ်မြှုပ်ပျောက်ကွယ်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ လက်ရှိဟဲယာရွာမသည်အိမ်ခြေ ၁၃၀၀ကျော် ရှိပြီး လက်မှု လုပ်ငန်းထွန်းကားသည့်ကျေးရွာ ကြီး ဖြစ်ကြောင်းသိရ သည်။ PhotoAdventures by Sai Swan ယခုနှစ် အောက်တိုဘာလအတွင်းက ရိုက်ကူးထားသည့်ဟဲယာရွာမ၏ ရေပေါ်စျေးမြင်ကွင်းအလှကို တွေ့မြင်ရစဥ်
Contine Reading
By - Admin / 19-11-2020
ခရီးသွားစီးပွားရေးပုံစံသစ် ပြောင်းလဲရန် လိုအပ်နေ

ခရီးသွားစီးပွားရေးပုံစံသစ် ပြောင်းလဲရန် လိုအပ်နေ

အင်းဝမြိုဟောင်းရှိ ဗားဂရာကျောင်းတော်ကြီးသိူ့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည်များကိုတွေမြင်ရစဥ် Travelling journal လက်ရှိ အတိုင်းသွားနေသည့် ခရီးသွား လုပ်ငန်းကို ပိုပြီးတိုးတက်အောင်မြင်လာစေလိုပါက ခရီးသွား စီးပွားရေးပုံစံသစ်ကို ပြောင်းလဲလုပ်ကိုင်သင့်ရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက Travelling journal သို့ ပြောသည်။ ခရီးသွားစီးပွားရေးပုံစံမျိုးကို ထည့်သွင်း​စဉ်းစားပေးရမည်ဖြစ်သလို တစ်ဖက်တွင် သဘာဝတရား မပျက်စီး စေခြင်းနှင့် ယဥ်ကျေးမှု ကိုလည်း မပျက်စီးအောင် ထိန်းသိမ်း လုပ်ဆောင်နိုင်မှသာ ရေရှည်အောင်မြင်မည့် ခရီးသွား လုပ်ငန်းဖြစ်လာမည်ဟု ဒေါ်မေမြတ်မွန်ဝင်းက သုံးသပ် ပြော ကြားသည်။ "ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးက Story Telling ကုန်ကြမ်းတွေပါ။ အကြောင်း ကြောင်းကြောင့်ဒီနေ့ထိ Tourism Product တခု ဖြစ်မလာခဲ့ဘူး။ မြို့နယ်အလိုက် တိုင်းနဲ့ ပြည်နယ်အလိုက် ခရီးသွားစီးပွားအတွက် အလားအလာတွေကို အုပ်ချုပ်သူတွေရော ပြည်သူတွေပါ နားလည်လာတဲ့တနေ့ မြန်မာ့နိုင်ငံရဲ့ အဓိက ဝင်ငွေဟာ ခရီးသွားကနေ ရှာနိုင်လာပါလိမ့်မယ်။ ဆန် တစ်တန် စိုက်ပြီးရောင်းမှ ဒေါ်လာ ၃၀၀ ရတာပါ။ မန္တလေးမှာ ခရီးသွားဧည့်သည်တယောက်ကို နှစ်ည အိပ်ခိုင်းနိုင်ရင် အဲဒီ ဆန်တစ်တန် ဖိုး ဝင်ငွေ ရပါပြီ"ဟု ဂျပန်ခရီးသွား စျေးကွက်ကို လုပ်ဆောင်နေသည့်VIVO Myanmar DMC ကုမ္ပဏီ မှ CEOဖြစ်သူဦးရဲထွန်းဦးက ပြောသည်။ လက်ရှိ တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ လည်း သက်ဆိုင်ရာဒေသအလိုက် ခရီးစဥ် သစ်များ ဖော်ဆောင်ရေးနှင့် ခရီးသွားများဝင်ရောက်မှု ပိုမိုတိုးတက်လာစေရန် DMOအဖွဲ့အစည်းများကို ဖွဲ့စည်းထားနေပြီးဖြစ်ကြောင်းသိရသည်။ ထို့​ပြင် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတတ်လာစေရန် CBT ကျေးရွာ များကို ပြည်နယ်နှင့်တိုင်းအသီးသီးတွင် အကောင် အထည်ဖော်ဆောင် ထားသော်လည်း ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးသည့် CBT ကျေးရွာ များ ရှိနေသေးကြောင်း စုံစမ်း သိရသည်။ လက်ရှိတွင် ခရီးသွားကုမ္ပဏီ အများစုမှာ ရှိပြီးသားခရီးစဥ်များကိုသာ ရောင်းချနေဆဲအနေအထားများသာရှိနေပြီး ခရီးသွား အကြိုက် ခရီးစဥ် Package များကို အသစ်ဖန်တီးရန် လိုနေကြောင်း သိရသည်။ "တိုးရစ်တွေတော့ သွားနေတယ်။လမ်းမှာ သူ့တို့အိတ်ထဲက ပိုက်ဆံမသုံးနိုင်ဘူးဖြစ်နေတာတွေ ရှိနေတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ မေမြတ်မွန်ဝင်း က ဆိုသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား အရ ၂ဝ၂ဝပြည့်နှစ်၏ ပထမနှစ်ဝက်ကာလတွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ သန်း (၄၄ဝ) ရာခိုင်နှုန်းအားဖြင့် (၆၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဝင်ငွေအနေဖြင့် အမေရိကန် ဒေါ်လာ ၄၆ဝ ဘီလီယံ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ထိခိုက်မှုအများဆုံး ကဏ္ဍထဲတွင် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ Photo Travelling journal
Contine Reading
By - Admin / 17-11-2020
ဌက်ပျောရွက်ပတ်ပြီး ဂူတွင်းနေထိုင်သည့် လူပုမျိုးနွယ် မိသားစုတစ်စု လွယ်ပီကော်လာတောင် ဝန်းကျင်တွင် နေထိုင်ကြောင်း သက်သေများ တွေ့ရှိ

ဌက်ပျောရွက်ပတ်ပြီး ဂူတွင်းနေထိုင်သည့် လူပုမျိုးနွယ် မိသားစုတစ်စု လွယ်ပီကော်လာတောင် ဝန်းကျင်တွင် နေထိုင်ကြောင်း သက်သေများ တွေ့ရှိ

လွယ်ပီကော်လာတောင်ကို အဝေးမှ မြင်တွေ့ရစဥ် Travelling journal ဒုတိယကမ္ဘာစစ် ကာလအတွင်းက ကျန်ရှိနေခဲ့သည့်မျိူးနွယ်စု အဖြစ် ယူဆထားခြင်း ခံရသည့် လူပုမျိုးနွယ် မိသားစု တစ်စု မှာ ကျိုင်းတုံ မြို့ ​လွယ်ပီကော်လာတောင် ပတ်ဝန်း ကျင်တွင် နေထိုင်ကြောင်း သိရှိလာခဲ့ရသည်ဟု ရွှေတြိဂံဟိုတယ်ဇုန်မှ အဖွဲ့ဝင် ဦးမျိုးမြင့်လွင် က Travelling Journal သို့ ပြောသည်။ နိုဝင်ဘာ ၁၃ ရက်နေ့က နားပေါ်ရွာ ဘက်သို့ ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်အမတ် ဒေါက်တာ ဝဏ္ဍစိုး နှင့် လိုက်ပါ သွားရောက်ခဲ့ရာမှ ဒေသခံများ၏ ပြောဆို ပြောပြချက်များကို ကြားသိ လာခဲ့ရခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်လွင် က ရှင်းပြသည်။ ’’ အခုက အနီးစပ်ဆုံးနေရာကိုပဲ ရောက်ခဲ့တာပါ။ ဒေသခံတွေရဲ့ ပြောကြားချက်အရ အဝတ်အစားမဝတ်ပဲ ဌက်ပျောရွက် သာပတ်ပြီး နေထိုင်ကြတယ်လို့သိရတယ်။ သူတို့က ဆား လာသုံးဆောင်ကြတယ်။ ပြေးလွှား သွားတာက အရမ်းမြန်တယ်။ မိန်းမနဲ့ကလေးတွေကို ဂူထဲမှာ ဖွက်ထားကြတယ်။ မီးမသုံးဘူး၊ မီးသုံး လိုက်ရင် လူကောင်းတွေက ခြေရာခံတာ လွယ်သွားမှာစိုးလို့ ၊ ပြီးခဲ့တဲ့ သုံးရက်လောက်က တောနင်းပြီး လမ်းတွေကြည့်တဲ့အခါ လမ်းတွေစစ်ရင်း ဒီဘက်ဒေသ ရွာတွေက သတင်းပို့ ပေးတာဖြစ်ပါတယ်’’ဟု ဦးမျိုးမြင့်လွင် က ပြောသည်။ ရှေ့မီနောက်မီ လူကြီးများပြောကြားချက်အရ ရှမ်းစကားနှင့် နီးသည့်အတွက် စကားပြောဆို ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်းက အိမ်မပြန်တတ်တော့ပဲ စစ်ရှောင်ပြီး ရောက်လာခဲ့ကြသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ "လောလောဆယ်ပြီးခဲ့တဲ့ ရက်ကတော့ အဲဒီရွာကလူတွေနဲ့ ဆက်သွယ်ကြည့်တာတော့ မိသားစုက တစ်စုပဲ ကျန်တော့တယ်။ သေကုန်ကြပြီ။ ဘာမျိုးနွယ်မှန်းတော့ မသိရသေးဘူး၊သူတို့နဲ့ထိစပ်ခဲ့တဲ့ ရွာသူရွာသားတွေက ၁၉ရက်နေ့ကျရင် လူကြီး ပိုင်းတွေ ကျိုင်းတုံကို လာမှာလို့ ပြောတယ်"ဟု ဦးမျိုးမြင့်လွင် က ပြောပြသည်။ အဆိုပါ လူပုမျိုးနွယ်စုနှင့်လားဟူရှီးဒေသခံများနှင့် တွေ့ကြလေ့ရှိပြီး လားဟူရှီးစကားဖြင့်သာပြောဆိုကြလေ့ရှိသည်ဟု သိရသည်။ ယင်း လားဟူးရှီးရွာများဆီသို့သွားရောက်မည်ဆိုပါကလမ်းခရီးတွင် သုံးလေးရက် အချိန်ပေးပြီးမှ ရောက်ရှိကြောင်း သိရသည်။ " ရှမ်းစကားနဲ့လည်းမရဘူး။ လားဟူစကားနဲ့မှ မေးရတာ။ သူတို့ပြောတာကတော့ အရပ် လေးပေ လောက်တော့ရှိတယ်ပြောတယ်။ မီးလည်းမသုံးဘူး။ အသားစိမ်းတွေ စားတာဆိုတော့ ကိုယ့်ကို အန္တရာယ်ပြုနိုင်မလား။ ဒါလည်းစိုးရိမ်ရသေးတယ်"ဟု ၄င်းက ဆိုသည်။ လားဟူးရှီးလူမျိုးများသည် ပေ ၄၀၀၀ အထက် တောင်တန်းများတွင် နေထိုင်ကြပြီး ပေ၄၀၀၀ အောက်တွင် အာခါလူမျိုးများနေထိုင်ကြောင်းသိရသည်။ "နှစ်သစ်ကူးဆို သူတို့လာတက်တယ်ပြောတယ်။ ကျိုင်းတုံ မိုင်းဆက် လမ်းဘေးကနေသွားရတာပါ။ ကျွန်တော်တို့မမြင်ဖူးသေးဘူး၊ ဒေသခံတွေပြောတာကိုကြားခဲ့ရတာပါ’’ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က Travelling သို့ပြောသည်။ အဆိုပါ လူပုမျိုးနွယ်စုမှာ ပုံခေတ်ပုံပြည့် နှင့် လွယ်ပီကော်လာတောင် အနီးပတ်ဝန်းကျင် ပေပေါင်း ၇၀၀၀ ကျော်တောင်တန်းများတွင်နေထိုင်ကြကြောင်းသိရသည်။ ယင်းမျိုးနွယ်စုမှာ လက်ရှိတွင် ဂူထဲတွင် နေထိုင်ကြပြီး ဒေသခံရွာသားများမှ ယင်းတို့နေသည့် ဂူကို မုဆိုးနှင့် မှတ်ထားသားကြောင်း သိရသည်။ "ဒီလကုန်ပိုင်းထပ်သွားဖို့လုပ်ထားတယ်။ ကားကိုရသလောက်မောင်းပြီး ဟိုဘက်ကို ခြေလျှင်တက်ရမှာဖြစ်တယ်။ သူတို့ကို ဒီတိုင်းတွေ့ရဖို့ဆိုတာက အရမ်းခက်ခဲတယ်။ ဒေသခံ မုဆိုးတွေကို မေးကြည့်တော့ သူတို့ နေထိုင်မကောင်းဖြစ်ရင် ကုတဲ့ ဆရာမ တစ်ယောက်ရှိတယ် ပြောတယ်။ အဲဒီဆရာမ ထွက်ပြလိုက်ရင်တော့ ထွက်ပြတယ်လို့ ဆိုကြတယ်။ အဲဒီ ဆရာမက နားပေါ်ရွာနားမှာ နေတယ်လို့ ​ပြောတယ် "ဟု ဦးမျိုးမြင့်လွင်က Travelling journal ကို ပြောသည်။ Photo Ye Myint Aung
Contine Reading
By - Admin / 17-11-2020
အနက် ၃၀ ခန့် ရှိပြီး ထူးဆန်းသော ကျောက်ရေကန် ရှိသည့် တုရင်းတောင် ပတ်ဝန်းကျင်ဒေသ ကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်ခရီး စီစဥ်

အနက် ၃၀ ခန့် ရှိပြီး ထူးဆန်းသော ကျောက်ရေကန် ရှိသည့် တုရင်းတောင် ပတ်ဝန်းကျင်ဒေသ ကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်ခရီး စီစဥ်

Travelling journal ထူးဆန်းသော ကျောက်ရေကန် တည်ရှိသည့် တုရင်း တောင် ပတ်ဝန်းကျင်ဒေသကို ခရီးစဥ်သစ်ဖော်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူ ဦးစီးဌာန မှ စီစဥ်နေကြောင်း ပုဂံရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းအောင်က Travelling journal သို့ပြောသည်။ အဆိုပါ ကျောက်ရေကန်မှာ တုရင်းတောင်၏ အရှေ့ဘက်တွင် တည်ရှိပြီးပုဂံမြို့မှ ကား​ဖြင့် လာရောက်မည်ဆိုပါက မိနစ်၂၀ခန့်ကြာမြှင့်ပြီး ထိုမှတဆင့် ၁၅မိနစ်ခန့် လမ်းလျှောက်မည်ဆိုပါက ကျောက်ရေကန်ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ "ကျောက်ရေကန် ကနေ ကြည့်လိုက်ရင် ဧရာဝတီ မြစ်အလှနဲ့ ပုဂံမြို့ကို စီးပြီးကြည့်နိုင်လို့ရတယ်။ ဒီကျောက်ရေကန်ကနေ ဆက်တက်ရင် အပေါ် မှာ ဘုရား နှစ်ဆူ ကို ထပ် လေ့လာလို့ရသေးတယ်"ဟု ဦးဝင်းအောင်က Travelling journal ကို ပြောသည်။ လက်ရှိတွင် အဆိုပါနေရာသို့ ရန်ကုန်မြို့မှ ပြည်တွင်းခရီးသွား များလာရောက်လေ့လာပြီး ဓာတ်ပုံများ ရိုက်ကူးကာ လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ တင်ခြင်းကြောင့် ပြည်တွင်းခရီးသွား ကြားများတွင် ပေါ်ပြူလာဖြစ် လာခဲ့သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းသိရသည်။ ယင်း ကျောက်ရေကန်သည် အလျား ၈၀' အနံ ၈၀' အနက် ၃၀' ခန့် ရှိပြီး အလွန်ထူးခြားလှသည့် ရေကန်တစ်ခု ဖြစ်ကြောင်း သိရသည်။ ပါးစပ်ရာဇဝင်များအရအနော်ရထာ မင်းလက်ထက်က ရေကန်တွင် အလုပ်လုပ်သူများ နားနေကြသည့် နေရာဟုလည်း ဆို ကြောင်းသိရသည်။ ကျောက်ရေကန် အတွင်းတွင် ဝင်္ကပါပုံစံ ၊နဂါးရုံ ပုံ၊ ဇာမဏီငှက်ပုံ စသည်တို့ကိုထွင်းထုထားသည့်လက်ရာများကို တွေ့မြင်နိုင်ကြောင်း သိရသည်။ Photo DHT Bagan
Contine Reading
By - Admin / 16-11-2020