Travelling Journal
စီးပွားရေးမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ကြယ်လေးပွင့်အဆင့် ဟိုတယ်ကိုတည်ဆောက် နေကြောင်း Y Mandalay Hotel အုပ်စု၏ တာဝန်ရှိသူက Travelling သို့ပြောသည်။
ယင်းဟိုတယ်ကို ၂၀၂၃ ခုနှစ်မှ စတင်ကာ 4 Stars အဆင့်မီ ဆောက်လုပ်နေပြီး မြေဧက အကျယ် ၁.၆၅ ဧက ပေါ်တွင် ဆောက်လုပ်နေကြောင်းသိရသည်။
“အဆောက်အအုံကတော့ ၇ ထပ် ပါ။ လောလောဆယ် တစ်လွှာပဲ ပြီးပါသေးတယ်”ဟု ယင်းဟိုတယ်၏ တာဝန်ရှိသူက Travelling သို့ပြောသည်။
လက်ရှိတွင် ပထမထပ်ရှိအခန်း၂၀ ကို သာ စတင်ဖွင့်လှစ်ထားပြီး ဟိုတယ်၏ စုစုပေါင်း အခန်းအရေအတွက်ကို ၁၀၅ ခန်းထိ ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဟိုတယ်တွင် အခန်းအမျိုးအစားနှစ်မျိုးရှိပြီး
Deluxe အခန်းကို တစ်ညလျှင် ကျပ်တစ်သိန်းနှစ်သောင်း(120,000/-)ဖြစ်ပြီး Suite အခန်းကို တစ်ညလျှင် ကျပ်တစ်သိန်းခြောက်သောင်း (160,000/-) သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နေရာတစ်နေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရသည့်လုပ်ငန်းစုတစ်ခုအနေဖြင့် ရပ်တည်လိုခြင်းနှင့် Hotel ကို လာရောက်တည်းခိုသည့် ဧည့်သည်များ အပေါ် Professional ကျကျ service ပေးနိုင်သည့် Hotel တစ်လုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်ကိုဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ တွင် Y Mandalay Hotel အုပ်စု အောက်တွင် ဟိုတယ်နှစ်လုံးရှိပြီး အောင်မြင်ခြင်း Triumph Hotel နှင့် Y Mandalay Hotel တို့ကို ဆောက်လုပ်ခဲ့ပြီးဖြစ်ကာ တခြား ပြည်နယ်နှင့်တိုင်းတို့တွင်လည်း ဟိုတယ်များကို ထပ်မံဆောက်လုပ်သွားရန် စီစဥ်ထားကြောင်း သိရသည်။