Travelling Journal
ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်အများစုသွားရောက်လည်ပတ်ကြသည့် ရှမ်းပြည်နယ် တောင်ပိုင်း ထင်းရှူးမြို့တော် (သို့) ကလောမြို့တွင် Normal ပုံစံ နှင့် ဘတ်ဂျတ်ပုံစံ နှစ်မျိုးစလုံး တည်းခိုနိုင်သည့် ဟိုတယ်အသစ်တစ်လုံးကို ဧပြီလ ၁ ရက်(ယနေ့) မှ စတင်ကာ ဖွင့်လှစ်
ြပီဖြစ်ကြောင်း အဆိုပါဟိုတယ်မှ Operation Manager ဖြစ်သူ ဦးရဲလင်းထွဋ်က Travelling သို့ပြောသည်။
Kalawအိိ်မ် ဟု အမည်ပေးထားသည့်အဆိုပါဟိုတယ်ကို ကလောမြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီးခရီးသွားဧည့်သည်များ မဖြစ်မနေသွားရောက်လည်ပတ်ဖူးမြှော်သည့် နှီးဘုရားသို့ သွားရာလမ်းမပေါ်ရှိ ပေ ၁၀၀ ပတ်လည် အကျယ် အဝန်းရှိသည့်မြေပေါ်တွင် အဆောက်အဦး နှစ်လုံးကို တည်ဆောက်ထားကြောင်း သိရသည်။
“အရင်ကရှိတဲ့ အဆောက်အအုံံကိုတော့ Renovation ပြန်ပြုပြင်ပြီးတော့ နောက်ထပ်အဆောက်အအုံအသစ်တစ်လုံးကို ထပ်ဆောက်ပါတယ်။ အခုတော့အကုန်လုံး ပြီးစီးပြီမို့ ဧပြီတစ်ရက် မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်” ဟု ဦးရဲလင်းထွဋ်က Travelling သို့ပြောသည်။
အဆုိပါဟိုတယ်ကို အေးအေးဆေးဆေး အနားယူပြီး သဘာဝအလှတရားကို ခံစားချင်သူများအတွက် ကုန်းမြင့်ပေါ် တွင် Private ဆန်ဆန် တည်ဆောက်ထားပြီး လက်ရှိတွင် အခန်း ပေါင်း ၁၉ ခန်းရှိကာ Superior Mountain view နှစ်ယောက် အိပ်ခန်း ကို တစ်ညလျှင် ကျပ် ခြောက်သောင်းငါးထောင်နှင့် Superior Japanese Style တစ်ခန်းကို တစ်ညလျှင် ကျပ် ခြောက်သောင်း၊ Family Room သုံးယောက် တစ်ခန်းကို တစ်ညလျှင် ကျပ်တစ်သိန်း သတ်မှတ် ထားကြောင်း သိရသည်။
ထို့ပြင် ဘတ်ဂျက်ပုံစံဖြင့် တည်းခိုလိုပါကအပေါ်ထပ်ကုတင် အောက်ထပ်ကုတင်ပါသည့်
နှစ်ယောက်ခန်း တစ်ခန်းကို တစ်ညလျှင် ကျပ်ငါးသောင်း ၊ သုံးယောက်ခန်းကို ကျပ် ကိုးသောင်းမှ တစ်သိန်း၊ လေးယောက်အခန်းဆိုပါက ကျပ် တစ်သိန်းတစ်သောင်း မှ တစ်သိန်းနှစ်သောင်းဖြင့် တည်းခိုနိုင်မည်ဖြစ်ကာ အခန်းအားလုံးအတွက် နံနက်စာ ပါဝင်ကြောင်းသိရသည်။
ကလောမြို့၏ ပတ်ဝန်းကျင် တောတောင်သဘာဝရှုခင်းများမှာ လှပလွန်းပြီး အေးမြသည့် တောင်ပေါ် မြို့လေးဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားခြင်းခံရသည့် မြို့တော်တစ်ခုဖြစ်သည်။
ကလောမြို့၏ အထင်ကရ လည်ပတ်စရာများစွာထဲမှ ရှန်ဘာလာ View Point ၊City View၊
သိမ်တောင် ၊ ရေယောင်းမ View Piont များ ၊
Hill top Villa၊မနောလှ၊ Kalaw View point၊Kalaw Cafeyard၊အိုးစည်တောင်၊ဗျိုက်တောင်၊ပင်းဒယ၊ရွာငံအသွားလမ်း၊မြင်းမူကုန်းနှင့် အလွမ်းတောင် စသည့် နေရာများကို ပြည်တွင်းခရီးသွားဧည့်သည်များ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။