ထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ တနေ့လျှင် ၄၀၀ ဦးသာ ​လက်ခံမည်

Travelling Journal မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ ဖေဖော်ဝါရီ ၁၉ ၊ ဖေဖော်ဝါရီ ၂၀ နှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ ဗီဇာလျှောက်ထားခြ ...

Travelling Journal

မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ ဖေဖော်ဝါရီ ၁၉ ၊ ဖေဖော်ဝါရီ ၂၀ နှင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထိ ဗီဇာလျှောက်ထားခြင်းအတွက် တိုကင်နံပတ်များကို ကြိုတင်လာရောက်ယူနိုင်မည်​ဖြစ်ပြီး တစ်ရက်လျှင် ဗီဇာလျှောက်ထားသူအရေအတွက် လူဦးရေ ၄၀၀ သာလက်ခံမည်ဖြစ်ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။

ဗီဇာလျှောက်ထားလိုသူသည်မိမိကိုယ်ပိုင်ပတ်စပို့စ်ကို ထုတ်ပြရမည်ဖြစ်ပြီး လူတစ်ဦးကို တိုကင်နံပတ်တစ်ခုသာထုတ်ဝေပေးမည်​​ ​ဖြစ်ကာ ယင်းတိုကင်နံပတ်ကိုတခြားသူထံလွှဲပြောင်းပေး၍ မရကြောင်းနှင့်တိုကင်နံပတ်အတုလုပ်ခြင်းနှင့် တခြားသူထံလွှဲပြောင်းခြင်းကိုစစ်ဆေးတွေ့ရှိပါက အမည်ပျက်စာရင်းသွင်းမည်​​ဖြစ်ကြောင်း သံရုံးထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နောက်ပိုင်း ဗီဇာ လျှောက်ထားခြင်းများနှင့်ပတ်သက်၍လက်ခံ​ဆောင်ရွက်မည့်နည်းလမ်းများကိုထုတ်ပြန်ပေးသွားမည်​​ ဖြစ်ပြီး မြန်မာနိုင်ငံသား ပတ်စပို့စ်ကိုင်ဆောင်ထားသူများသည် ထိုင်းနိုင်ငံသို့လည်ပတ်ရာတွင် ၁၄ ရက်ထက်မကျော်ပါက ဗီဇာလျှောက်ထားရန်မလိုပဲ ဝင်ရောက်လည်ပတ်နိုင်ကြောင်းသံရုံးမှထုတ်ပြန်ထားသည်။

ထို့ပြင် ထိုင်းဗီဇာဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက် ရန်ကုန်အ​​ခြေစိုက် မြန်မာခရီးသွားကုမ္ပဏီ ၂၀ ကျော် ကိုလည်း ထိုင်းသံရုံးမှ ကိုယ်စားပြု လုပ်ကိုင်ခွင့်ကိုလည်း ပေးထားပြီး ဖြစ်ကြောင်း Travelling တွင်ဖော်ပြထားပြီး ​ဖြစ်သည်။

“အစ်မတို့ တင်ပေးပြီး အစ်မတို့ပဲ သံရုံးမှာ ပြန်ယူပေးရတာပါ”။Visa fees က တော့ Tourist visa ဆိုရင် USD 40 ပါ ။ကိုယ်တိုင်သွားဖို့ အခက်အခဲ ရှိတဲ့ ခရီးသည်တွေ အစ်မတို့ဆီက တဆင့် တင်မယ်ဆိုရင် လူလိုက်စရာ မလိုဘူးပေါ့နော်။ တကယ်လို့ ခရီးသည်က ကိုယ်တိုင်တင်ချင်ရင်လည်း တင်လို့ရပါတယ်။ မနက် ၈ နာရီ တန်းစီပြီး ဝင်ရတယ်။
Passport က ပြန်ရတာ working days 3 ရက် ပြီးမှ ပြန်ရတာပါ ။ အစ်မတို့ဆီဆိုရင်တော့ အဲဒါတွေ လုပ်စရာ မလိုပါဘူး “ဟု Htoo Travels မှ တာဝန်ရှိသူ က Travelling သို့ပြောသည် ။