Travelling Journal
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးစဥ်ဒေသများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆွဲဆောင်မှုနေရာအသစ်များ ဖော်ထုတ်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့ကြောင်းသိရသည်။
အဆုိပါခရီးသွားဖိုရမ်ကို ယနေ့(ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းက Wyndham Grand Hotel၌ ကျင်းပခဲ့ကြောင်းသိရသည်။
“ရှိပြီးသားခရီးစဥ်တွေကို ထိန်းသိမ်းပြီးအသစ်အသစ်တွေကို ဖော်ထုတ်ပေးနိုင်ရင်ပိုပြီးကောင်းပါတယ် “ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းလှိုင် က Travelling ကို ပြောသည်။
အဆိုပါဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လည်ပတ်စရာနေရာများဖြစ်သည့် တိုင်းရင်းသားကျေးရွာ နှင့် ဗိုလ်တထောင် ဘုရားညစျေးတန်းတို့ကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍အကြုံပြုတင်ပြကြခဲ့ကြောင်းသိရသည်။
ထို့ပြင် အင်းလျားကန်နှင့်ကန်တော်ကြီးတွင် လှေလှော်ပြိုင်ပွဲများကျင်းပနိုင်ရန်နှင့် မြင်းစီးပြိုင်ပွဲများကိုလည်းကျင်းပခြင်း၊ ငမိုးရိပ် ချောင်းအတွင်း ခရီးစဥ်ဖော်ဆောင်ခြင်း၊ Golt Tour နှင့် လှည်းကူး စိန်တောင်ခရီးစဥ်များကို Acivity များအနေဖြင့်ဆောင်ရွက်နိုင်ရန် နှင့် Tourist Spot များကို ဖော်ဆောင်သွားရန်
ဖိုရမ်တက်ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် လှည်းကူး ၊ သန်လျင် ၊တွံတေး မြို့ဟောင်းများကိုလည်း ခရီးစဥ်အဖြစ် ဖော်ထုတ်ရန် တင်ပြဆွေးနွေးမှုများရှိခဲ့ပြီး ယင်းကဲ့သို့ခရီးသွားဖိုရမ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်
ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။