Featured Local News

Popular Local News

All Local News

မြန်မာ့ခရီးသွားဘဏ် မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် MOU လက်မှတ် ရေးထိုးသွားမည်

မြန်မာ့ခရီးသွားဘဏ် မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် MOU လက်မှတ် ရေးထိုးသွားမည်

#Travelling Journal မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ခရီးသွားအဖွဲ့ချုပ်လက် အောက်ရှိ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ နှင့် MOU လက်မှတ် ရေးထိုးပြီး ဘဏ္ဍာရေး ဆိုင်ရာများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်​ကြောင်း ဘဏ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ပြောသည်။ လက်ရှိ တွင် ခရီးသွားအဖွဲ့ချုပ်လက်အောက်ရှိ ညီနောင်အသင်း ခြောက်သင်း နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့ခရီးသွား ဘဏ်အနေဖြင့် ယခုကဲ့သို့ အသင်းများဖြင့် ပူးပေါင်းဆောင်ရွက် ရခြင်းမှာ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ်ပယ်မှ အသင်းဝင်များ၏ ရှေ့ ဆက်လက် ရပ်တည်နိုင်​ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင် သလောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ခရီးသွားဘဏ် နှင့်Myanmar Tourism Healthcare Association တို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းများတွင် အပြန်အလှန်ပူး​ပေါင်း​ဆောင်ရွက်နိုင်စေ​ရန်အတွက် ဇန်နဝါရီလ ၁၄ရက်​က MTB ဘဏ် ၌ နားလည်မှုစာချွန်လွှာ​ရေးထိုးခဲ့သည့်မြင်ကွင်းကို တွေ့ရစဥ်။
Contine Reading
By - Admin / 20-01-2021
ကလောမြို့ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင် လယ် အနီး Camping လုပ်ကိုင်ရန် Developer များ ဖိတ်ခေါ်သွားမည်

ကလောမြို့ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင် လယ် အနီး Camping လုပ်ကိုင်ရန် Developer များ ဖိတ်ခေါ်သွားမည်

#Travelling journal ရှမ်းပြည်နယ် တောင်ပိုင်း ၊ကလော မြို့၊ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ် ကြည့် ရှုနိုင်မည့် ပတ်ဝန်းကျင်တွင် Camping စနစ်မျိုး လုပ်ကိုင်နိုင်ရန် Developer များကို ဖိတ်ခေါ်သွား မည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုးဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ပိတ်ရက်ကာလများအတွင်းပတ္တူပေါက် တိမ်ပင်လယ်သို့ ဒေသတွင်းခရီးသွား လာရောက်လည်ပတ်မှု များခဲ့ပြီး နေ့စဥ် ကားအစီးရေ ၅၀ မှ ၆၀ ထိ လာရောက်ခဲ့ကာ လူဦးရေ ၂၀၀ ဝန်းကျင်ခန့် လည်ပတ် ခဲ့ကြောင်း သိရသည်။ "ရန်ကုန် မန္တလေး နေပြည်တော် ဘက်က ဧည့်သည် တွေတော့ လာရောက်တာ မရှိသေးပါဘူး။ ရှမ်းပြည်အတွင်းက တောင်ကြီး၊ ဟဲဟိုး ၊ပင်းတယ ၊အောင်ပန်း ပတ်ဝန်းကျင်က သူတွေသာ လာရောက် လည်ပတ်နေကြတာပါ။ နောင် ဒီနေရာလေးကို ရင်းနှီးမြှုပ်နှံမဲ့ Developer တွေကို ဖိတ်ခေါ်သွားပြီး Camping စနစ်မျိုးနဲ့လုပ်ကိုင် ဆောင်ရွက် သွားဖို့ စီစဥ် ထားပါတယ်။အခုတော့ မြေပြင်ကွင်းဆင်းကြည့်နေတာတွေရှိပါတယ်"ဟု ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ပြောသည်။ အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါး ရှိကြောင်းသိရသည်။ "ကျွန်တော်တို့အခု တိမ်ပင်လယ်နေရာနားမှာ ရွာကဘုန်းကြီးက အဲ့တောင်ပေါ်မှာ ဘုရားတည်မယ်ဆိုပြီး လုပ်လိုက်တော့ Camp ချလို့ က အဆင်မပြေနိုင်တော့လို့ ကျွန်တော် နေရာသစ် ပြန်လုပ်နေရတယ်။ အဲ့ တောင် ကြော နားက ပိုပြီး ရှုခင်းကောင်းတဲ့ နေရာကို ရွေးထားတယ်။ ရွာနဲ့တော့ ပိုနီးသွားတာပေါ့"ဟု ကလောအခြေစိုက် Pho Nyan Travel& Tour မှ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။ အဆိုပါကျေးရွာသို့ အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ရမည်ဖြစ်ပြီး မြေခြားဆိုသည့် ရွာရောက်ပါက ညာဖက်သို့ချိုးဝင်ပြီး ကတ္တရာလမ်းဆုံးထိ သွားရောက်ရမည်ဖြစ်ကြောင်းသိရသည်။ထို့နောက် မြေခြားရွာမှ ပတ္တူပေါက် ရွာသို့ ၅ မိနစ်ခန့်ကြာထပ်မံသွားရောက်ပါက ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ Photo Minko ko /Wai Hlyan Phyo
Contine Reading
By - Admin / 19-01-2021
ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို

ရွာငံဒေသရှိ တလုပ်ချ နှင့် ဆည်ကြီးကျ ရေတံခွန်မှာရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဟုဆို

ရွာငံဒေသရှိ ဆည်ကြီးကျရေတံခွန်ကို ၂၀၂၀ ခုနှစ်က တွေ့မြင်ရစဥ် #Travelling journal ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံ ဒေသရှိ တလုပ်ချရေတံခွန်နှင့် ဆည်ကြီးကျရေတံခွန်မှာ ရေပန်းအစားဆုံးနှင့် အလှဆုံးရေတံခွန် ဖြစ်ကြောင်း ရွာငံ အခြေ စိုက် Kaung Kaung Travel& Tourမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သန်း က Travelling journal သို့ ပြောသည်။ ရွာငံ ဒေသ သည် ပြည်တွင်းခရီးသွားများအကြားတွင် ရေပန်းစားပြီး တောတောင်ရှုခင်း ရောင်စုံစိုက်ခင်းများကြောင့် ခရီးသွား များ၏ စိတ်ဝင်စားမှု အများဆုံးခံရသည့် မြို့လည်း ဖြစ်ကြောင်းသိရသည်။ လက်ရှိရွာငံဒေသတွင် လည်ပတ်စရာနေရာ ၃၀ကျော်ရှိပြီး ရာသီမရွေး လာရောက်လည်ပတ်နိုင်သည့် ဒေသဖြစ်သည်။ "အခု ရွာငံ မြောက်ပိုင်းမှာရှိတဲ့ အမြင့်ပေ ၃၀၀ ကျော်တဲ့ တလုပ်ချရေတံခွန် က ခရီးသွား အလာများကြတယ်။ ဒီရေတံခွန်က ၁၂ရာသီ ရေမပြတ်ဘူး။ လူအသွားအလာများပြီး ပေါ်ပြူလာဖြစ် တယ်။ ရွာငံတောင်ပိုင်းမှာရှိတဲ့ဆည်ကြီးကျ ရေတံခွန်က တော့ ရေတံခွန်ထဲမှာအလှဆုံးပေါ့။ ဒီရေတံခွန်က တော်တော်လှတယ်။ရေအားများတယ်။ ရွာငံမှာဆိုအလှဆုံးရေတံခွန် ။ရေတံခွန် က မြင့်လည်းမြင့်တယ်။ အဆင့်လည်းများတယ်"ဟု ဦးကျော်သန်းက ပြောသည်။ အဆိုပါ ဆည်ကြီးကျရေတံခွန်သည် ရေလှကျေးရွာအနီးတွင်ရှိပြီး အောက်ခြေမှ အပေါ်ဆုံးထိဆိုပါက အမြင့်ပေ ၂၀၀၀ နီးပါးရှိနိုင်ကြောင်း ကြားတွင် အဆင့်အလိုက် ရေတံခွန် ငယ်များလည်းရှိကြောင်း သိရသည်။ယင်းရေတံခွန်မှာ တောကျယ်ရေတံခွန် နှင့်လည်းနီးကြောင်း သိရသည်။ ထို့ပြင် ပင်းတယနှင့်ရွာငံလမ်းခွဲကြားရှိ အလယ်ချောင်ရွာနားတွင် ရှစ်ထပ်ရေတံခွန်လည်းရှိပြီးမိုးရာသီမှာသာ ရေရှိ​ကြောင်း သိရသည်။ ရွာငံတွင် ရေတံခွန်များမှာ အကြီး အသေးများစွာရှိပြီး ရေတံခွန်ပေါင်း ၁၀ခု ကျော်ရှိကြောင်း ရေတံခွန်မြို့တော်ဟုလည်း တင်စားနိုင် ကြောင်းရွာငံ အခြေစိုက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းရှင် ဦးဝေဖြိုးမောင်က Travelling journal သို့ ပြောသည်။ ရွာငံဒေသ သို့ Adventure Tourism နှင့်Trakking လျှောက် မည်ဆိုပါက ဆောင်းရာသီနှင့်နွေရာသီတွင် သာ လာရောက်ပါက အကောင်းဆုံးအချိန်ဖြစ် ကြောင်းသိရသည်။ လက်ရှိတွင် ကားလမ်းပေါက်သည့်ရေတံခွန်များဆီသို့ ခရီးသွား ဧည့်သည်များ မှ ၁၂လရာသီ မရွေးလာရောက်လည်ပတ်နေကြ ကြောင်း သိရသည်။ Photo Richy Ray ရွာငံမြောက်ပိုင်းရှိ တလုပ်ချရေတံခွန်ကိုတွေ့မြင်ရစဥ်
Contine Reading
By - Admin / 17-01-2021
ရှမ်းပြည် အတွင်း သဘာဝရှုခင်းကြည့်ကွက် ကောင်းသည့် နေရာများတွင် လုပ်ကိုင်သူများကို လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်

ရှမ်းပြည် အတွင်း သဘာဝရှုခင်းကြည့်ကွက် ကောင်းသည့် နေရာများတွင် လုပ်ကိုင်သူများကို လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုတိမ်ပင်လယ်ကိုတွေ့မြင်ရစဥ် #Travelling journal ရှမ်းပြည်နယ် အတွင်း သဘာဝရှုခင်းကြည့်ကွက်ကောင်းသည့် နေရာများတွင် စီးပွားရေးလုပ်ကိုင်နေသူ များကို အသိအမှတ်ပြုလုပ်ငန်း လိုင်စင် ထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။ " ကျွန်တော်တို့ဆီမှာ Camping တွေနဲ့ပတ်သက်လို့ ဘယ်လိုခွင့်ပြုမလဲ ။အသိအမှတ်ပြုပေးဖို့။ ရှမ်းပြည် နယ်ဒေသဆိုင်ရာခရီးသွားကော်မတီကို Power Point နဲ့စနစ်တကျ ရှင်းပြသွားဖို့ရှိတယ်။အဲဒါကလည်းမခေါ်နိုင်သေးတော့ တင်ပြသွားဖို့စီစဥ်ထားတယ်။ Others license လေးနဲ့ဖြစ်ဖြစ် ပေးနိုင်အောင်လို့ ဆောင်ရွက် ပေးဖို့ရှိပါတယ်။ဒါမှလည်း လုပ်ကိုင်စားရတာ ကျောအေးမယ်။ သက်ဆိုင်ရာခရီးသွားကော်မတီရဲ့လတ်မှတ်ရှိရင် လုပ်ရကိုင်ရတာ အဆင်ပြေ မယ်။ ပြီးတော့နိုင်ငံတော်အတွက်လည်းအခွန်အခရမယ်"ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။ လက်ရှိတွင် သဘာဝရှုခင်းကြည့်ကွက်များကို အခြေခံ ပြီး ပင်းတယနှင့်ရွာငံသွားသည့်လမ်းတွင် Babylon Camp Site ရှိပြီး မဲနယ်တောင်တန်းပေါ်တွင်လည်း Babylon Camping ကို လုပ်ကိုင်နေသလို ရွာငံအတွင်း ကုမ္ပဏီတစ်ခုကလည်း Camping လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။ " ကျွန်တော် တို့ဆီမှာ သစ်တောစိုက်ခင်းတွေထူထောင်ခွင့်ပြုထားတာရှိတယ်။သဘာဝကိုထိန်းသိမ်းကာကွယ်ဖို့ ခွင့်ပြုဖို့လျောက်ထားတာရှိတယ်။အဲဒီလိုနယ်မြေထဲမှာ သဘာဝကိုအခြေ ခံတဲ့ခရီးသွားလုပ်ငန်းလုပ်မယ်ဆိုရင် ကျွန်တော် တို့ ခွင့်ပြုတာရှိပါတယ်။ ဒါပေမယ့်သစ်တောမြေထဲမှာ အခိုင်အမာ ဆောက်ပိုင်ခွင့်မရှိဘူး။ ယာယီအဆောက်အအုံဟာမျိုးတွေ။သူတို့တင်ပြလာရင် စိစစ်ပြီးခွင့်ပြုပါတယ်။အဓိက ကွန်ကရစ်ကြီးတွေ RCကြီးတွေ အဲဒီလိုမျိုးဆို လက်မခံဘူး။သစ်တောနယ်မြေ ကို ထိခိုက်တယ်။ဝါးနဲ့ဆောက်တာဆိုလက်ခံတယ်။ပြီးတော့ဒေသခံတွေအတွက်လည်းသဘာဝအခြေ ခံခရီးသွားလုပ်ငန်းမှာ ဝင်ရောက်ပြီးအလုပ်လုပ်ကိုင်နိုင်တယ်"ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးဇော်မင်းက Travelling journal သို့ ပြောသည်။ လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ၌ ရှုခင်းကောင်းလှသည့်နေရာများ၌ အပန်းဖြေ လာကြပြီး ရှမ်းမြောက် နောင်ချို တိမ်ပင်လယ်၌ ရှုခင်းကြည့်ကွက် နေရာ ၁၂ နေရာတွင် ဒေသခံ နှင့် တခြားဒေသမှ လုပ်ငန်းရှင် များလုပ်ကိုင်နေကြောင်းသိရသည်။ နောင်ချိုတိမ်ပင်လယ်သို့ ၂၀၁၈ခု နှစ်တွင်လာရောက်လည်ပတ်သည့် ပြည်တွင်းဧည့်သည်လူဦးရေ ကိုးသောင်းကျော်ရှိပြီး၂၀၁၉ခုနှစ်တွင် လူဦးရေ တစ်သိန်းလေးသောင်းဝန်းကျင်ခန့်လာ ရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။ Photo-ဟိုတယ်/ခရီး / U Thet Lin
Contine Reading
By - Admin / 16-01-2021
ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွားဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာ

ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွားဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာ

#Travelling journal ကိုဗစ်ကာလအတွင်း မြန်မာ့ခရီးသွား ဘဏ်မှ ကျပ် ၃၀ ဘီလီယံ ထိ ရင်းနှီးမြှုပ်နှံမှုတိုးလာခဲ့ကြောင်း MTB ဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။ မြန်မာ့ခရီးသွား ဘဏ်စတင်တည်ထောင်ခဲ့စဥ်ကကျပ်၂၀ ဒဿမ၂၂ ဘီလီယံဖြင့် မတည်တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်လကျော်က နိုင်ငံခြားငွေဖြင့်သုံး သည့်ဝန်ဆောင်မှုများကို ပြုလုပ်ရန်အတွက် US 5 Million ကို ထပ်ဖြည့်တင်းခဲ့ကြောင်း သိရသည်။ " နိုင်ငံခြားငွေ လုပ်ဖို့ဆိုပြီး US 5 Million နဲ့ ညီမျှတဲ့ရင်းနှီးမြှုပ်နှံမှု ထပ်ထည့်ရတယ်။လက်ရှိ ရှယ်ယာရှင် အားလုံးပေါင်း၂၄ ဦးရှိပါတယ်။ ဒီ၂၄ ဦးကနေ နိုင်တဲ့အင်အားတွေနဲ့ ဖြည့်ပါတယ်။အခုတော့ ဗဟိုဘဏ်က နေ ခွင့်ပြုချက်ကျပါပြီ။ ခွင့်ပြုလိုက်ပါပြီ"ဟု ဒုတိယ ဥက္ကဋ္ဌဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။ လက်ရှိတွင် မြန်မာ့ခရီးသွား ဘဏ်တွင် ထည့်ဝင်ငွေကျပ် ၃၀ ဘီလီယံကျော်သွားပြီ ဖြစ်​ပြီး ဘဏ်အနေဖြင့် စျေးကွက် ချဲ့ထွင် ခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ " စျေးကွက် ချဲ့တာက နိုင်ငံခြားငွေနဲ့သုံးတဲ့ဝန်ဆောင်မှု အားလုံးဆောင်ရွက်မယ်။ နိုင်ငံခြားဘဏ်တွေနဲ့ဆက်သွယ်မယ်။ နိုင်ငံခြားငွေနဲ့ပေးချေရတဲ့ ဝန်ဆောင်မှုအားလုံးကို လုပ်ဖို့ ခွင့်ပြုချက် ရရှိထားပြီ"ဟု ဦးဇော်ဝင်း က Travelling journal သို့ ပြောသည် ။ မကြာခင်ဖွင့်လှစ်မည့် ရွှေဂုံတိုင်ဘဏ်ခွဲတွင် International Banking Department ကို ထားရှိပြီး ဝန်ဆောင်မှုများအားလုံးကို ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Contine Reading
By - Admin / 15-01-2021
ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

#Travelling journal ကမ်းခြေဒေသများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံချက်များ ရေးဆွဲနေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။ ဇန်နဝါရီလ ၈ ရက် က ကျင်းပခဲ့သည့်အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) သို့ ပေးပို့သည့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကောက်ရိုးမီးလိုမျိုး တစ်ခဏတာ မဟုတ်ဘဲ စနစ်တစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေအောင် သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။ အခုအချိန်မှာ ဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပျော်စီးလေယာဉ် ခရီးစဉ်တွေ၊ မြစ်တွင်းရေယာဉ်ခရီးစဉ်တွေ စတင်ပြီး ဆောင်ရွက်နေပါပြီ။ ဆက်လက်ပြီးလည်း ကမ်းခြေဒေသ တွေကို စည်းမျဉ်းစည်းကမ်း နဲ့အညီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံချက်တွေလည်း ရေးဆွဲနေပါတယ်"ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီတို့၏ အကြံပြုချက် များ နှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လုပ်ငန်းအသင်း အဖွဲ့များ နှင့် ပူးပေါင်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီး ကာလတို၊ ကာလလတ်၊ ကာလရှည်မဟာဗျူဟာ ရည်မှန်းချက်များပါဝင်ရေးဆွဲထားသည့် လမ်းပြ မြေပုံကို COVID-19 ကာလ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ကုစားမှု အစီအစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကထည့်သွင်းပြောကြားခဲ့သည်။ ယင်းအပြင် ပြန်လည်ရှင်သန်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးကိစ္စ ရပ်မှာ ခရီးသွားများ၏ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများဘေးကင်းလုံခြုံရေးပဲ ဖြစ် ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ထားသည့် COVID-19 ကပ်ရောဂါ ထိန်းသိမ်း ကာကွယ်ရေး လမ်းညွှန်ချက်များကို ပေါင်းစည်းပြီး COVID-19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသား ခရီးသွားလုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ် ထုတ်ပြန်ဖို့ ဆောင်ရွက်နေ ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
Contine Reading
By - Admin / 08-01-2021
မြန်မာ့ခရီးသွားဘဏ် ( MTB )မှ DPTOA အသင်းအား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်

မြန်မာ့ခရီးသွားဘဏ် ( MTB )မှ DPTOA အသင်းအား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်

#Travelling Journal မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA ) အား ဝိုင်းကြီးချုပ် ပုံစံမျိုးဖြင့် ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း အသင်း ၏ အထွေထွေအတွင်းရေးမှုး ဦးကျော်မင်းက Travelling Journal သို့ ပြောသည်။ ’’ကျွန်တော်တို့ ညီနောင် ၁၁ သင်းနဲ့ MOUထိုးတဲ့နေရာမှာ ကျွန်တော်တို့အသင်းက သူများအသင်းတွေနဲ့ မတူပါဘူး။ အခြေခံလူတန်းစားတွေများတဲ့အတွက် အစုံဖြစ်အောင်လုပ်ရပါတယ်။ တစ်ချို့အသင်းတွေဆို CGIနဲ့လုပ်ကြတယ်။ ကျွန်တော်တို့က CGIနဲ့လည်းရှိရင် လုပ်ကြပါ။နောက်တစ်ပိုင်းက ခရီးသွားကားတွေရှိတယ်။ ခရီးသွားကားရဲ့ လိုင်စင်တွေကို ပေးပြီးချေးလို့ရတယ်။ ခရီးသွားကားတွေမဟုတ်ဘဲ ပိုက်ဆံ ယူချင်တယ်။ မိမိရဲ့ ဂရံ သို့မဟုတ် တိုက်ခန်းဖြစ်စေ အဆက် အစပ်စာချုပ်တွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ အသင်းက လက်ခံပေးတယ်။ နောက်ဆုံးတစ်ချက်က လုပ်ငန်းရှင်တွေဖြစ်တဲ့ကြောင့်မို့ ဝိုင်းကြီးချုပ်စနစ်နဲ့ အသင်းကနေ ထောက်ခံပေးပြီး ဘယ်လောက်ချေးပေးသင့်ပါလဲဆိုတာကို ဘဏ်ကို Secret ပို့ပြီး လုပ်ပါမယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့ ချေးပေးသွားပါမယ် ခင်ဗျ’’ဟု အထွေထွေအတွင်းရေးမှုး ဦးကျော်မင်း ကTravelling Journal သို့ ပြောသည်။ လက်ရှိ DPTOA အသင်း အောက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူများသည် တစ်နိုင်တစ်ပိုင် ခရီးသွားလုပ်ငန်းကို အများဆုံး လုပ်ကိုင်နေကြသူများဖြစ်ပြီး အသင်းဝင် ၅၇၀ ကျော်ရှိကြောင်း သိရသည်။ ’’ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေ အားလုံးကို လုပ်ငန်းဆိုင်ရာတွေကို ကျွန်တော်တို့က အတက်နိုင်ဆုံး ငွေရေး ကြေးရေး ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဗစ်ဖြစ်နေတဲ့ကာလမှာ ဘဏ်အနေနဲ့ အကူအညီပေးဖို့ ဆောင်ရွက်သွားပါမယ်။ ဥက္ကဋ္ဌ ကြီးတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်တော်တို့ ဘက်ကလည်း အစွမ်းကုန်ကူညီပေးသွားမှာပါ’’ဟု မြန်မာ့ခရီးသွားဘဏ် ( MTB ) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ ဇန်နဝါရီ ၆ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်နှင့် ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA) တို့ MOU လက်မှတ်ရေးထိုးခဲ့သည့် အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ’’ကျွန်တော်တို့က ကိုဗစ်ရောဂါဖြစ်နေတဲ့ ကာလအတွင်းမှာ အထူးသဖြင့်ခရီးသွားလုပ်ငန်းတွေဟာ အများကြီး ဒုက္ခရောက်နေတဲ့အချိန်မှာ အသင်းသူအသင်းသားတွေကို MTB ကနေ အခုလိုမျိုး ကူညီတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတက်နိုင်ဆုံး ကူညီတဲ့ ပိုက်ဆံတွေကို မဆုံးရှုံးအောင် ထိန်းကြောင်းပေးပါမယ်။ ဒီအချိန်မှာရပ်တည်ဖို့ခက်ခဲနေချိန်မှာ ကူညီပေးတာကို အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့အသင်းသားတွေကလည်း အတက်နိုင်ဆုံး လုပ်သွားပါမယ်လို့ ကတိပေးပါတယ်’’ဟု ပြည်တွင်း ဘုရားဖူး နှင့် ခရီးသွား ဝန်ဆောင်မှု အသင်း (DPTOA ) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။ မြန်မာ့ခရီးသွားဘဏ် ( MTB )အနေဖြင့် Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့ပြီး စီးပွားရေး ရပ်ဆိုင်းခဲ့ရသဖြင့် ခရီးသွားလုပ်ငန်း များ၏ အသင်းဝင်များအား ဆက်လက် ရပ်တည်နိုင်ရန် အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကို ဘဏ်အနေဖြင့် ကူညီပံ့ပိုးပေး သွားရန်အတွက် MTF အသင်းလက်အောက်ရှိ အသင်း ၁၁ များနှင့် နားလည်မှုစာချွန်လွှာများကို ရေးထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
Contine Reading
By - Admin / 07-01-2021
ခရီးသွား Tour Site တစ်ခုဖြစ်သည့် လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွားများ လည်ပတ်မည်ဆိုပါက Quarantine ဝင်ရောက်စရာမလို

ခရီးသွား Tour Site တစ်ခုဖြစ်သည့် လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွားများ လည်ပတ်မည်ဆိုပါက Quarantine ဝင်ရောက်စရာမလို

#Travelling journal ပြည်တွင်း ပြည်ပ ခရီးသွား Tour Site တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံ မြို့၏ တောင်ပေါ် စခန်းမြို့ လွိုင်မွေတောင်သို့ ဒေသတွင်း ခရီးသွား များလာရောက်လည်ပတ်မည်ဆိုပါက Quarantineဝင်ရောက်စရာမလို ကြောင်း ကျိုင်းတုံခရိုင် COVID 19ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း က Travelling journal သို့ ပြောသည်။ လက်ရှိ လွိုင်မွေတောင် ပေါ် တွင် ချယ်ရီပန်းများပွင့်နေသည့် ကာလဖြစ်၍ ဒေသတွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်သော်လည်း ရန်ကုန်မြို့မှ လာရောက် မည်ဆိုပါက Quarantine ဝင်ရောက်ရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက Travelling journal သို့ ပြောသည်။ အဆိုပါ လွိုင်မွေမြို့သည် တောင်စခန်းမြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၅၅၄၂ ရှိပြီး ကျိုင်းတုံမြို့နှင့် မိုင် (၃၀) ခန့်ကွာဝေး ကြောင်း သိရသည်။ " ရန်ကုန်ကဆို ဝင်ရတယ်။ ပုံမှန်အားဖြင့် ကတော့ ၇ ရက်ပေါ့။ လေယာဥ် ပေါ် စီးလာတဲ့သူတွေထဲက P ဖြစ်ခဲ့ရင် နည်းနည်းထပ်ကြာမယ်။ သုံးရက်တို့ ၁၀ ရက်တို့ ထပ်တိုးမယ်"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ( ကျိုင်းတုံ) မှ လက်ထောက်ညွန်ကြားရေးမှူးဦးစန်းလှိုင် က Travelling journal သို့ပြောသည်။ ကျိုင်းတုံ မြို့သို့ လာရောက်မည့် ဒေသတွင်း ခရီးသွားများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ထောက်ခံစာ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟဲဟိုးက လာမည်ဆိုပါက လာရောက်မည့် သူသည် ဒေသခံ ဟုတ်မဟုတ်ကို မသိရှိနိုင်သဖြင့် ရပ်ကွက် သို့မဟုတ် မြို့နယ် ထောက်ခံစာ ပါရှိရမည် ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးစန်းလှိုင် က Travelling Journal သို့ ပြောသည်။ လာရောက်လည်ပတ်သည့်ဒေသတွင်းခရီးသွားများအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် များကို လိုက်နာပေးရန် လိုအပ်ကြောင်းသိရသည်။ နှစ်စဥ် ဒီဇင်ဘာလမှ ဇန်နဝါရီလ အတွင်း လွိုင်မွေ တောင်ပေါ်တစ်ခုလုံး ချယ်ရီပန်းပွင့်ပြီး ထိုင်းခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်ကြသော်လည်းကိုဗစ်ကပ်ရောဂါ ကာလတွင် ပြည်ပခရီးသွားများ မလာရောက်နိုင်တော့ကြောင်း သိရသည်။ Photo SaiNge
Contine Reading
By - Admin / 31-12-2020
ငပလီကမ်းခြေအခြေစိုက် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံး စတင်ဖွင့်လှစ်

ငပလီကမ်းခြေအခြေစိုက် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံး စတင်ဖွင့်လှစ်

Travelling journal နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ငါးလုံးကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ် ခရီး တာဝန်ခံဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။ " လေကြောင်းနဲ့လာတဲ့သူတွေက Q ဝင်စရာမလိုဘူး။ လက်ရှိ ဧည့်သည်ကလည်း ခုချိန်ထိမလာသေးဘူးဆိုတော့ လာရင် ဒေသအာဏာပိုင်တွေနဲ့ပြန်ညှိပေးရမှာဖြစ်ပါတယ်"ဟု ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။ အဆိုပါ ငါးလုံးမှာ ဟိုတယ်နှစ်လုံးနှင့် အဆင့်မြှင့် တည်းခိုရိပ်သာသုံးလုံးကို ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွန်ချက်နှင့်အညီ SOP ဖြင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည် ။ ဖွင့်လှစ်ပေးထားသည့်ဟိုတယ်ငါးလုံးမှာAmazing Ngapali Resort Hotel၊ AZ Family Resort Hotel၊ Royal Linthar Lodge၊ Kyaw Myanmar Lodgeနှင့် Htein Linn Thar Guest House တို့ဖြစ်ကြောင်းသိရသည်။ " ဦးတို့ကတော့ ဖွင့်ချင်တာပေါ့။ စစ်ဖို့ တင်ပြထားပါတယ်။ ခွင့်ပြုချက်ရမှ ဖွင့်လို့ရမှာဖြစ်ပါတယ်။ တကယ် လို့ ပြန်ဖွင့်ရမယ်ဆိုလာရင် ဟိုတယ်ခန်းခနှုန်းထားတွေကိုလည်း လျော့ချပေးသွားဖို့ အစီအစဥ်တွေ ရှိပါတယ်"ဟု ငပလီကမ်းခြေအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကလည်း Travelling journal သို့ ပြောသည်။ ထို့ပြင် ငပလီကမ်းခြေအခြေစိုက် ဟိုတယ် ၁၀ လုံး နှင့် အဆင့်မြင့်တည်းခိုရိပ်သာ ၇ လုံးကလည်း ဖွင့်လှစ်ပေးရန် ထပ်မံတင်ပြထား​ကြောင်းသိရသည်။ Photo Amazing Ngapali Resort Hotel FB ငပလီအခြေစိုက် ဖွင့်လှစ်ထားသည့် Amazing Ngapali Resort ကိုတွေ့မြင်ရစဥ်
Contine Reading
By - Admin / 29-12-2020
ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ အခြေခံသည့် ခရီးစဥ်ကို စတင်အကောင်အထည်ဖော်မည်

ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ အခြေခံသည့် ခရီးစဥ်ကို စတင်အကောင်အထည်ဖော်မည်

#Travelling Journal ရှမ်း​ပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံတွင် လက်ဖက် နှင့် ကော်ဖီ ကို လေ့လာကြည့်ရှု နိုင်မည့်ခရီးစဥ်များကို စတင် ဆောင်ရွက် သွားမည်ဟု ရွာငံခရီးသွားဖွံ့ဖြိုးရေး အဖွဲ့ Ywangan Tourism Organization (YTO)မှတွဲဘက် အတွင်းရေးမှူးဦးကျော်သန်းက Travelling Journal သို့ ပြောသည်။ ယင်းကဲ့သို့ ခရီးစဉ်ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (ITC)နှင့် ပူးပေါင်းပြီး ၂၀၂၀-၂၀၂၂ နှစ်နှစ်အတွင်း အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ’’ လက်ဖက်နဲ့ ကော်ဖီကိုအခြေခံပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာအောင် ခရီးစဉ်တွေ ရေးဆွဲနေပါတယ်။သင်တန်းတွေပို့ချနေတယ်။ ထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖြစ်လာအောင် သင်တန်းတွေ ပို့ချမယ်။ ခရီးစဉ် ရှာဖွေရေးဆွဲခြင်းတွေကို ITC နဲ့လက်တွဲပြီး ဆောင် ရွက်နေပါတယ်။ လုပ်နေတာက ၆လလောက်ပဲရှိပါသေးတယ်၊ကိုဗစ်ဖြစ်တော့ ခဏရပ်နား ထားပါတယ်’’ဟု ၎င်းက ပြောသည်။ ခရီးစဉ်တိုင်းတွင် လက်ဖက်နှင့်ကော်ဖီကို သွားရောက်လေ့လာသည့်ခရီးစဉ်များကို ထည့်သွင်း ထားသလို ဂူလေ့လာ ရေးခရီးစဥ်နှင့်တွဲဖက်ပြီး နေ့ချင်းပြန်ခရီးစဉ်နှင့် ညအိပ်ခရီးစဉ်များ အမျိုးမျိုးကို ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။ ကော်ဖီထုတ်လုပ်ပုံများကို အနီးကပ်​လေ့လာနိုင်မည့် အပြင်ကော်ဖီခြံများနှင့်လက်ဖက်ခြံများသို့သွားရောက်လည်ပတ်ပြီး ကိုယ်တိုင် လေ့လာကြည့်ရှုနိုင်သလို ရွာငံရှိ View Point များကိုလည်း သွားရောက်လေ့လာခြင်းများ ပါဝင် ကြောင်း သိရသည်။ ယင်းအပြင် ပြဒါးလင်းဂူခရီးစဉ် အတွက်လည်း ITC နှင့် ပူးပေါင်းပြီး ခရီးစဉ်နှစ်ကြောင်း ရေးဆွဲထားပြီး ဖြစ် ကြောင်း သိရသည် ။ "ရွာငံကော်ဖီတိုးကို ကျွန်တော် သုံးလေးတိုးလောက်စလုပ်ကြည့်တယ်။ တော်တော်လေး အဆင်ပြေတယ်ခင်ဗျ။ ကော်ဖီခြံမှာ ကော်ဖီသီးခူးမယ် ။ ဓာတ်ပုံရိုက်လို့ရတယ်။ ကော်ဖီမှည့်တဲ့ အချိန်လာရင် ကိုယ်တိုင်ခူးဆွတ်လို့ရတယ်။ ကော်ဖီစေ့ကို ဘယ်လို လှော်၊ ဘယ်လိုထောင်း၊ ဘယ်လိုကြိတ်မယ်ဆိုတာကို လေ့လာလို့ရတယ်။ ပြီးတော့ ကိုယ်တိုင်ဖျော်သောက်လို့ရတယ်’’ဟုရွာငံအခြေစိုက် Kaung kaung Travel& Tour ပိုင်ရှင် က ပြောသည်။ လက်ရှိ ရွာငံတွင် ရှိသည့် ကော်ဖီစက်ရုံများမှာ ဉာဏ်ကြီးရှင် ကော်ဖီ၊အမရာကော်ဖီ၊ရွှေရွာငံကော်ဖီ၊ရွှေသိင်္ဂီကော်ဖီမိသားစုလုပ်ငန်း၊ ရွှေတောင်သူ ကော်ဖီလုပ်ငန်း၊ မြစေတီ ကော်ဖီ၊ရနံ့သစ်ကော်ဖီစသည့် လုပ်ငန်းများရှိကြောင်း သိရသည်။ ယင်းအပြင် သြဂဲနစ်လက်ဖက်စို နှင့် လက်ဖက်ခြောက် စက်ရုံများမှာ မြစေတီကျေးရွာတွင် စက်ရုံနှစ်ရုံရှိပြီး ပလိုင်း Green Tea စက်ရုံ ၊ ဓနုမင်းသား လက်ဖက်စို/လက်ဖက် ခြောက်မိသားစု ထုတ်ကုန်လုပ်ငန်း၊ ရှမ်းရွှေတော် Green Tea နှင့် လက်ဖက်စို စက်ရုံ ၊ ရေချမ်းပြင်ကျေးရွာ တွင် ကမ္ဘောဇ ဓနုမြေ သြဂဲနစ် လက် ဖက် စက်ရုံများလည်း ရှိကြောင်း သိရသည်။ လက်ဖက်ခရီးစဉ် လေ့လာသူများအနေဖြင့် မတ်လ မှဒီဇင်ဘာလအထိ လာရောက် လေ့လာနိုင်ပြီး ကော်ဖီလေ့လာရေးအကောင်းဆုံးအချိန်မှာ ကော်ဖီသီးမှည့်သည့် နိုဝင်ဘာလမှ မတ်လအထိ အကောင်းဆုံးအချိန်ဖြစ်ကြောင်း သိရသည်။ Photo Kyaw Than ရွာငံရှိ ဓနုမင်းသား လက်ဖက်စိုနှင့်လက်ဖက်ခြောက် မိသားစုထုတ်ကုန်လုပ်ငန်းတစ်ခုကို တွေ့မြင်ရစဥ်။
Contine Reading
By - Admin / 28-12-2020
ငပလီကမ်းခြေကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြီး ဟိုတယ် အနားယူ၊ လျှောက်လည် သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် UMTA မှ တင်ပြ

ငပလီကမ်းခြေကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြီး ဟိုတယ် အနားယူ၊ လျှောက်လည် သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် UMTA မှ တင်ပြ

#Travelling journal နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ ကို စင်းလုံးငှား လေယာဥ်ခရီးစဥ် ဖြင့် ပျံသန်းပြေးဆွဲကာ ဟိုတယ် တွင် အနားယူပြီး လျှောက်လည်သည့် Day Trip ပုံစံမျိုး ခရီးစဥ် ဆွဲရန် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ တင်ပြလာကြောင်း ရခိုင် ပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။ " ဒီ နေ့ နေ့လည်က ခရီးသွား လုပ်ငန်း ကော်မတီအစည်းအဝေး လုပ်တယ်။အဲဒီ အစည်းအဝေးမှာ ငပလီကို Day Return Trip ပုံစံမျိုး လေယာဥ် နဲ့လာလည်မယ်။ လျှောက်လည်မယ်။ ပြီး ရင် ဒီလေယာဥ်နဲ့ပြန်မယ်။ အဲဒီလို UMTAဘက်က တင်ပြလာတယ်။ ကျွန်တော်တို့ပြည်နယ်ဝန်ကြီးကလည်း အစီအစဥ် လုပ်တော့မယ်ဆိုရင် ကြိုပြောပေး။ဒီဘက်ကလည်း အားလုံးပါဝင်ဆောင်ရွက် ပေးမယ်လို့​အကြောင်းပြောထားပါတယ်"ဟု ရခိုင်ပြည်နယ် ဟိုတယ်ခရီးတာဝန်ခံ ဦးရဲအောင်မိုးက Travelling journal သို့ပြောသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ လည်း Pilot Project အနေဖြင့် ငပလီသို့ Day Return ပုံစံမျိုးဆွဲသွားရန် တင်ပြထားသည်မှာ မှန်ကန်ကြောင်း UMTAအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journalသို့ပြောသည်။ ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလည်းလက်ရှိတွင် ခရီးသွားလုပ်ငန်း များပြန်လည်စတင်နိုင်ရန်အတွက် ဝန်ကြီးဌာန မှ PR ကမ်ပိန်းများပြု လုပ်နေသလိုSafe Tourism Myanmar Stamp အား မြှင့်တင်ပေးနေကြောင်း ဒုဝန်ကြီး ဦးတင်လတ်က ပြောကြားထားသည်။ ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့်ခရီးစဥ်လေး မျိုးထဲတွင် အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)နှင့် မြစ်တွင်းသင်္ဘောခရီးစဉ်တို့ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ငပလီကမ်းခြေ တွင် ကျန်းမာရေး ဝန်ကြီး ဌာန ၏လမ်းညွန်ချက်များနှင့်အတူ ငပလီ အခြေစိုက် ဟိုတယ် ငါးလုံးဖွင့်လှစ်ပေးထားကြောင်းသိရသည်။ လေယာဥ် ခရီးစဥ် ဖြင့်သွားရောက်ရမည့်ခရီးသွားများ မှာ ကိုဗစ် ရောဂါရှိမရှိစစ်ဆေးခြင်းကိုဆောင်ရွက်ပြီး Negative ဖြစ်မှသာ ခရီးသွားလာခွင့်ရှိကြောင်း သိရသည်။ Photo Ko Soe Lin
Contine Reading
By - Admin / 23-12-2020
ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ် ပြန် စတင်

ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ် ပြန် စတင်

Travelling journal COVID 19 ရိုက်ခတ်မှုကြောင့်မြန်မာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးခြေလှမ်းအနေဖြင့် ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ်ကို ဒီဇင်ဘာ ၂၀ရက်တွင် ပြန်လည်စတင်ခဲ့သည်။ ရန်ကုန်မြစ်တွင်းခရီးစဥ်ဖြစ်သည့် ဗိုလ်တထောင် - ဘုရင့်နောင်-မြစ်သုံးဆိုင် - ဗိုလ်တထောင်ခရီးစဥ်နှင့်ဗိုလ်တထောင် - မြစ်သုံးဆိုင် -ပဲခူးမြစ်- ဗိုလ်တထောင်ခရီးစဥ်တို့ကို ကျောက် တံတားမြို့နယ်ရှိ ကျန်းမာရေး ဆိပ်ကမ်းမှ ညနေ၄နာရီမှ စတင်ထွက်ခွာခဲ့သည်။ ယင်းခရီးစဥ်ဖြစ်မြောက်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွန်မှုနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှအကောင်အထည်ဖော်ခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့် ခရီးစဉ်များမှာ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊မြစ်တွင်းသင်္ဘောခရီးစဉ်၊ကုန်းတွင်းယာဉ်တန်းနှင့်အဏ္ဏဝါ ခရီးသွားလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။
Contine Reading
By - Admin / 20-12-2020