Featured Local News

Popular Local News

All Local News

ကြယ်နန်းတော်ခရီးသွားလုပ်ငန်းမှ CDM ဆန္ဒပြသူများကို အခမဲ့ယာဥ်များဖြင့် ကြို/ ပို့ဝန်ဆောင်

ကြယ်နန်းတော်ခရီးသွားလုပ်ငန်းမှ CDM ဆန္ဒပြသူများကို အခမဲ့ယာဥ်များဖြင့် ကြို/ ပို့ဝန်ဆောင်

ဖေဖော်ဝါရီ ၁၇ ပြည်တွင်းခရီးသွား ကုမ္ပဏီတစ်ခုဖြစ်သည့် Kyal Nan Taw Travel ခရီးသွားလုပ်ငန်းမှ CDM ဆန္ဒပြသူများကို အခမဲ့ယာဥ်များဖြင့် ဖေဖေါ်ဝါရီ ၁၇ ရက်က ကြို/ ပို့ဝန်ဆောင်မှုကို ဆောင်ရွက်ပေးခဲ့သည်။ မြောက်ဥက္ကလာမှ UN ရုံးသို့ CDM ဆန္ဒပြလာသည့် ကျောင်းဆရာ / ဆရာမ လူဦးရေ ၄၀၀ ဝန်းကျင် အား ယင်း ခရီးသွားကုမ္ပဏီ မှ Free Ride ကား ရှစ်စီးဖြင့် အားဖြည့် ကူညီ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။ Photo Soe Min FB
Contine Reading
By - Admin / 17-02-2021
ဇမ္ဗူရွှေစင် ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းမှ ၁၀ ရက် ဆက်တိုက် CDM များကိုအစားအသောက်များ လှူဒါန်း

ဇမ္ဗူရွှေစင် ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းမှ ၁၀ ရက် ဆက်တိုက် CDM များကိုအစားအသောက်များ လှူဒါန်း

ဖေဖော်ဝါရီ ၁၇ ပြည်တွင်းအခြေစိုက် ဇမ္ဗူရွှေစင် ဗုဒ္ဓဂယာနှင့် အပြည်ပြည်ဆိုင်ရာ ဘုရားဖူးလုပ်ငန်း မှ Civil Disobedience Movement ဆန္ဒပြမှုတွင် ပါဝင်သည့် ကျောင်းသူကျောင်းသားနှင့် ပြည်သူများအား ဖေဖေါ်ဝါရီ ၁၇ ရက်တွင် အစားအသောက်များကို လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဘုရားဖူးလုပ်ငန်းသည် CDM ဆန္ဒပြ သူများအား ၁၀ ရက် ဆက်တိုက် အစားအသောက်များကို ပံ့ပိုးလှူဒါန်းခဲ့ကြောင်းသိရသည်။ ထို့ပြင် အမေရိကားနှင့်စင်္ကာပူအခြေစိုက် အလှူရှင် များ၏ ပါဝင် ပံ့ပိုးကူညီမှုများ ဖြင့်လည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Photo Shwe Zin FB
Contine Reading
By - Admin / 17-02-2021
ချောင်းသာကမ်းခြေတစ်လျှောက် ပြည်သူလူထုများက Civil Disobedience Movement ဆန္ဒပြ မြင်ကွင်းကို ဖေဖေါ်ဝါရီ ၁၇ ရက်က တွေ့မြင်ရစဥ်။

ချောင်းသာကမ်းခြေတစ်လျှောက် ပြည်သူလူထုများက Civil Disobedience Movement ဆန္ဒပြ မြင်ကွင်းကို ဖေဖေါ်ဝါရီ ၁၇ ရက်က တွေ့မြင်ရစဥ်။

#ဖေဖော်ဝါရီ ၁၇ Photo စောနောင်နောင်
Contine Reading
By - Admin / 17-02-2021
မြေနီကုန်းတွင် ဂျပန်ဧည့်လမ်းညွှန်များ ဆန္ဒထုတ်ဖော်

မြေနီကုန်းတွင် ဂျပန်ဧည့်လမ်းညွှန်များ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၅ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းမှ ဂျပန် ဧည့်လမ်းညွှန်များက ဖေဖေါ်ဝါရီ ၁၅ ရက်တွင် မြေနီကုန်းတံတားအောက်တွင် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင်လေကြောင်းဆိုင်ရာအဖွဲ့အစည်းများမှလည်း ပူးပေါင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။ Photo Hein ko
Contine Reading
By - Admin / 15-02-2021
ပြည်တွင်းခရီးသွား လုပ်ငန်းရှင် လူအင်အား ၃၀၀ ကျော်မှ ဆန္ဒထုတ်ဖော်

ပြည်တွင်းခရီးသွား လုပ်ငန်းရှင် လူအင်အား ၃၀၀ ကျော်မှ ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ ၁၄ ပြည်တွင်း ခရီးသွားလုပ်ငန်း တွင် ပါဝင်ဆောင်ရွက်သူများမှ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ က ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် အောင်ဆန်းကွင်း နှင့် ဘူတာကြီးရှေ့ တွင်လူစုပြီး ထို့နောက် ဆူးလေ ၊ မြန်မာ့စီးပွားရေးဘဏ် ၊India သံရုံး၊ ဟိုတယ်ခရီး(ရန်ကုန်ရုံး)၊UK သံရုံး ၊တရုတ်သံရုံး ၊ထိုင်းသံရုံး နှင့်ရုရှားသံရုံး သို့သွားရောက်ကာ လူအင်အား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေမြင့်မိုရ် ပြည်တွင်းခရီးသွားလုပ်ငန်း ကလည်းဆန္ဒထုတ်ဖော်သူများကို ကြက်သားကြာဇံကြော် များပေးဝေ လှူဒါန်း ပေးခဲ့ ကြောင်း သိရသည်။
Contine Reading
By - Admin / 14-02-2021
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ပုဂံဘုရား ၁၉ ဆူကို စတင် ဖူးမြှော် နိုင်

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ပုဂံဘုရား ၁၉ ဆူကို စတင် ဖူးမြှော် နိုင်

#Travelling journal ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသအတွင်းရှိ ပုဂံဘုရား ၁၉ ဆူကို ဖေဖေါ်ဝါရီ ၈ရက်မှ စတင် ဖူးမြှော် နိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောသည်။ လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်စစ်ဆေးမှုများကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးဖြစ်သလို ကျန်းမာရေး ဝန်ကြီးဌာန ၏လမ်းညွန်ချက်နှင့်အတူဖွင့်လှစ်သွားခြင်းဖြစ် ကြောင်း သိရသည်။ " မနက်ဖြန် ၉ နာရီ ၄၅ မှာ ဘုရားအနေကဇာတင်ပြီးတာနဲ့ ပုဂံဘုရား ၁၉ ဆူကို Social Distancing နဲ့အညီ ဖွင့်ပေးမှာဖြစ်ပါတယ် "ဟု ညောင်ဦးခရိုင် အုပ် ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောသည်။ ပုဂံဘုရားများပြန်လည်ဖွင့်လှစ်သွားရန် အတွက် ဖေဖေါ်ဝါရီ ၆ရက်တွင် ဌာနဆိုင်ရာများ၊ ဂေါပက များ နှင့် တွေ့ဆုံ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။ " ဖေဖေါ်ဝါရီ ၈ ရက်နေ့ ၉ နာရီ ၄၅ မှာ ဘုရားအနေကဇာတင် ၊ ဆရာတော်ကြီးတို့က ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီးမှ ပြည်သူကို ဖူး မြှော်ခွင့်ပြုမှာ ဖြစ်ပါတယ် "ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီးဌာန ( ပုဂံဌာနခွဲ)မှ ဒုတိယညွန်ကြားရေးမှူးဦးမြင့်သန်းက Travelling journal သို့ ပြောသည်။ ထို့ပြင် ဘုရားများဖူးမြှော်ခွင့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွန်ချက်များအတိုင်း ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မနက်ပိုင်း နှင့် နေ့လည် ပိုင်း သတ်မှတ်ကာ အချိန် အပိုင်းလိုက် ဖူးမြှော်နိုင် ရန် ပြင်ဆင် ဆောင်ရွက် ထား​ကြောင်းသိရသည်။ပုဂံဒေသရှိဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင် လ၂၉ ရက်မှ စတင်ပိတ်ထားခဲ့ကြောင်း သိရသည
Contine Reading
By - Admin / 07-02-2021
မြန်မာ့ခရီးသွားဘဏ်တွင် ချေးငွေ ရရှိရန် ခရီးသွားလုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က UMTA သို့ တင်ပြထား

မြန်မာ့ခရီးသွားဘဏ်တွင် ချေးငွေ ရရှိရန် ခရီးသွားလုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က UMTA သို့ တင်ပြထား

#Travelling journal ခရီးသွားလုပ်ငန်းများ ပြန်လည်ရပ်တည်နိုင်ရန်အတွက် လုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က ချေးငွေ ရရှိရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ တင်ပြလျှောက်ထား ကြောင်း အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။ ဖေဖေါ်ဝါရီ ၅ ရက်ထိ ချေးငွေ လျှောက်ထားရန်အတွက်အသိပေးထားသော်လည်း ထပ်မံ တစ်ရက် နောက်ဆုတ်ပေးပြီး ၆ ရက်နေ့ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။ " တကယ်ဆိုရင် စုစည်းရမှာ ကို မစုစည်းနိုင်သေးဘူးဖြစ် နေတာ။ပုံမှန်ဆို ရုံးက တစ်ရက် နေ့မှာ ပြန်ဖွင့်ရမှာကိုမဖွင့်နိုင်ခဲ့ဘူး။ လျှောက်ထားတဲ့သူတွေတော့ Email ထဲကို ရောက်နေကြပြီ။ ဝန်ထမ်းတွေက Stay at Homeနဲ့ လုပ်နေကြတော့ ကောက်ဖို့ခက်နေသေးတယ်။ တစ်ရက် လောက်တော့နောက်ဆုတ်ပေးမယ်လို့ လုပ်ထားတယ်။ အကြမ်းဖျဉ်း ဆိုရင် ကျွန်တော် သိသလောက်က လုပ်ငန်း ရှင် ၁၀၀ ဝန်းကျင်လောက် ဖြစ်သွားလိမ့်မယ်။အခု လက် ရှိ ပို့နေတဲ့သူတွေလည်းရှိနေတယ် "ဟု ဦးနောင်းနောင်းဟန် က Travelling journal သို့ ပြောသည်။ ချေးငွေ လျှောက်ထားမည့်အသင်းဝင်များမှ အာမခံ ပစ္စည်းပေးနိုင်မည့်သူများအနေဖြင့် အိမ် မော်တော်ယာဥ် ကွန်ဒို တိုက်ခန်းများကို အာမခံ ထားခြင်းဖြင့် လည်ကောင်း အာမခံမပေးနိုင်သည့်သူများအနေဖြင့် တင်ပြလျှောက်ထားနိုင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ် နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီးခရီးသွားကဏ္ဏ မြှင့်တင်ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Contine Reading
By - Admin / 02-02-2021
၀င်းဖုန်း တောင် ဒေသ ကို နိုင်ငံခြားသား လည် ပတ်ခွင့် ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်ဟုဝန်ကြီးပြော

၀င်းဖုန်း တောင် ဒေသ ကို နိုင်ငံခြားသား လည် ပတ်ခွင့် ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွားများအနေဖြင့် လည်ပတ်နိုင်ဟုဝန်ကြီးပြော

# Travelling journal မွန်ပြည် နယ်၊ သထုံမြို့နယ်အတွင်း တည်ရှိသည့်ဝင်းဖုန်း တောင် ဒေသကို နိုင်ငံခြားသား လည်ပတ်ခွင့်ကန့်သတ်ထားသော်လည်း ပြည်တွင်းခရီးသွား များအနေဖြင့် လည်ပတ်နိုင်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဟိုတယ်/ခရီး ဝန်ကြီးတာဝန်ယူထားသူ ဦးထွန်းမင်းအောင် က Travelling journal သို့ ပြောသည်။ " ကျွန်တော် ကတစ်ခါမှမရောက်ဖူးသေးတဲ့နေရာဖြစ်နေသေးတာ။ သေချာတာကတော့ နိုင်ငံခြားသား သွားလို့မရသေးဘူး။အဲဒါကတော့ သေချာတယ် ။အဲဒါကိုတော့ သိတယ်။ သိပ်မကြာခင် သွားကြည့်ဖို့တော့လုပ်ထားတယ်။ ကြည့်ပြီးမှပဲ ဒေသအခြေအနေ ကို သိရမှာဖြစ်တယ်။ KNU ထိန်းချုပ် နေရာထဲမှာ ပါနေလား မပါနေလားကို။ ဘယ်လိုပုံစံရှိမလဲ ။ သူတို့ ဒေသခံ အနေအထားဘယ်လိုရှိမလဲဆိုတာကို Survey လုပ်ရမှာဖြစ်တယ်။ ခရီးသွားတွေအတွက် လမ်းကြောင်း မြေအနေအထားအဲဒါတွေကို သိဖို့လိုတယ်။ ကမ္ဘာပေါ်မှာ ဘယ်နေရာဖြစ်ဖြစ် ဒေသခံ တွေက ၉၉ ရာခိုင်နှုန်း ကျော် ခရီးသွားလုပ်ငန်းကို သဘောတူပြီးသားပါ။ ဒါက ကျောက်မိုင်းထုတ်တာလည်းမဟုတ်ဘူး။ ကျောက်မီးသွေးစက်ရုံလည်းတည်တာလည်းမဟုတ်တာ။ Tourism က ပိုက်ဆံရတဲ့အလုပ်ပဲလေ။ ခရီးသွားအတွက် Safe ဖြစ်မယ့်နေရာလိုတာပေါ့"ဟု ဝန်ကြီး က ပြောသည်။ သထုံမြို့၏ ခရီးစဉ် ဒေသအသစ် အဖြစ် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက ဆောင်ရွက် နေခဲ့သော်လည်း လက်ရှိအနေအထားတွင် ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဝင်းဖုန်းတောင်ရှိ ၀င်းဖုန်းဂူ အရှည်မှာ ပေ ၅၀၀ နီးပါးလောက်ရှိပြီး နှစ်ဖက်ပွင့် ဂူအမျိုးအစားဖြစ်ကြောင်းသိရသည်။ ၀င်းဖုန်းဂူသို့ သွားရောက်မည်ဆိုပါက သထုံမြို့ပေါ်ကနေ ဒူးရင်းဆိပ် ကျေးရွာသို့ သွားရောက်ရ ပြီး ထိုမှတဆင့် ဒုံသမိချောင်းအထက်ပိုင်း ၀င်းဖုန်းကျေးရွာကို စက်တပ်ရေယာဉ်ဖြင့်တစ်နာရီခွဲခန့် သွားရောက် ရမည်ဖြစ်ကြောင်းသိရသည်။Adventure Trip ၊ ခြေလျင်တောလမ်းခရီးသွားရခြင်းနှင့် Boat Trip စီးရသည့် အတွေ့အကြုံ သုံးမျိုးစလုံးကို ရရှိစေနိုင်မည်ဖြစ်ကြောင်းသိရသည်။ "ဝင်းဖုန်းတောင်က အညိုရောင်နယ်မြေ မဟုတ်ဘူး။ အဖြူရောင်နယ်မြေ ပါ။တိုက်ပွဲတွေမရှိဘူး"ဟု သထုံဒေသခံ ဦးစောကျော်မိုးက Travelling journal သို့ ပြောသည်။ မြေပြင်အခြေအနေအရ ဝင်းဖုန်းတောင် သည် KNU ထိန်းချုပ် ခြင်းနှင့် အစိုးရပိုင်းမှ နှစ်ဖက်ထိန်းချုပ်နေသည့် အနေအထားဖြစ်သော်လည်း အဖြူရောင်နယ်မြေ ဖြစ်ကြောင်း သထုံဒေသခံ ဦးစောကျော်မိုးက ပြောသည်။ လက်ရှိ သထုံမြို့မှာ အဖြူရောင်နယ်မြေ ဖြစ်ပြီးနိုင်ငံခြားသား အတွက် သွားရောက်လည်ပတ်ခွင့်မှာ မြို့ပေါ် Downtown ငါးရပ်ကွက်မှလွဲပြီး ကျန်နေရာများသို့သွားရောက်ခွင့်မရှိကြောင်းနှင့်ပြည်တွင်းခရီးသွားများအတွက် လွတ်လွတ်လပ်လပ် လည်ပတ်ခွင့်ရှိကြောင်းသိရသည်။ Photo_စောကျော်မိုး
Contine Reading
By - Admin / 29-01-2021
တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဟု ဝန်ကြီးချုပ် ပြော

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဟု ဝန်ကြီးချုပ် ပြော

ကော့သောင်းခရိုင်အတွင်း စူငယ်ဘာလိုင်း ကျေးရွာ အတွင်း ရှိ ဂျပန်ကမ်းခြေ မြင်ကွင်းကို တွေ့ရစဥ်။ #Travelling journal တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးမြင့်မောင် က Travelling journal သို့ ပြောကြား သည်။ လက်ရှိ ကမ်းခြေများတွင် ရောင်းချသည့် စျေးဆိုင်ခန်းများကို ကိုဗစ် ကော်မတီ ၏ညွန်ကြားချက်နှင့်ကိုက်ညီသည့် A အဆင့်ရှိစျေးဆိုင်များကို ပြန်လည်ရောင်းချခွင့်ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ "ကမ်းခြေတွေကိုပြန်ဖွင့်လိုက်ပါပြီ။ ကမ်းခြေမှာ ရောင်းတဲ့ ဆိုင်တွေ ကို ကိုဗစ် ညွန်ကြားချက်နဲ့အညီ စည်ပင်ကစစ်ပြီး အေ အဆင့်ဝင်တယ်ဆိုရင် ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ညွန်ကြားချက် နဲ့ကိုက်ညီတဲ့ကမ်းခြေတွေကို ဖွင့်ခွင့်ပေးလိုက်ပါပြီ။ ဆိုင်ရောင်းချခွင့်ကို ခွင့်ပြုပါပြီ"ဟု ဝန်ကြီးချုပ် ဦးမြင့်မောင် က Travelling journal သို့ပြောကြားသည်။ အဆိုပါ ကမ်းခြေ ဆိုင်များဖွင့်လှစ်ခွင့်ကို မကြာသေးခင် ရက်ပိုင်းက ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးရှိဟိုတယ်များမှာမပိတ်ထားဘဲ ဖွင့်လှစ်ထားကြောင်း သို့သော် ခရီးသွားဧည့်သည် လည်ပတ်ခွင့်ကိုသာ ခွင့်​မပြုသေးကြောင်းသိရသည်။ "အခုလက်ရှိလေယာဥ်နဲ့လာတဲ့သူတွေက နေရပ်ပြန်တွေများပါတယ်။အလုပ်ကိစ္စနဲ့လာတဲ့သူများတယ်။အလည်အပတ်နဲ့လာတာတော့မရှိသေးပါဘူး။ထို့ပြင် ကျွန်းခရီးစဥ်များကို သွားရောက်လည်ပတ်ခွင့်ကို တရားဝင် ခွင့် မပြု သေးဟု ဝန်ကြီးချုပ် ဦးမြင့်မောင် က Travelling journal သို့ ထပ်မံ ပြောကြားသည်။ " အဲဒါက ကျွန်တော်တို့ မသိသေးပါဘူးခင်ဗျ။ကျွန်တော်တို့ မဖွင့်ထားသေးပါဘူး။ ကျွန်းခရီးစဥ်တွေကိုတော့မဖွင့်ထားပါဘူး။ကိုဗစ် ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည် မယ်ထင်တယ်ခင်ဗျ"ဟု ဝန်ကြီးချုပ်ဦးမြင့်မောင် က Travelling journal သို့ ပြောသည်။ Photo Ye Yint Naung
Contine Reading
By - Admin / 23-01-2021
စားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော်၏ အခက်အခဲများကို ကူညီပံ့ပိုးပေးရန် MTB ဘဏ်နှင့် စာချုပ်ချုပ်ဆို

စားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော်၏ အခက်အခဲများကို ကူညီပံ့ပိုးပေးရန် MTB ဘဏ်နှင့် စာချုပ်ချုပ်ဆို

#Travelling journal ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော် ၏အခက်အခဲများကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ စားသောက် ဆိုင် လုပ်ငန်းရှင်များအသင်းမှ မြန်မာ့ခရီးသွား ဘဏ် (MTB)နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ရက် နေ့လည် ၁နာရီက Excel Treasure Hotel ၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ကိုဗစ်ကာလအတွင်း စားသောက် ဆိုင်များမဖွင့်လှစ်ရသဖြင့် ဆိုင်ပေါင်း၂၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းမှာ နောက်ထပ်သုံးလအတွင်း ပိတ်သိမ်းရမည့် အခြေအနေများရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ "စားသောက်ဆိုင် တွေရဲ့အဓိက ရင်ဆိုင်နေရတဲ့အခက် အခဲမှာ မြေ ငှားခနဲ့ အဆောက်အဦး ငှားရမ်းခတွေပါ။ အမြဲတမ်း မြေ ငှားခတွေကို အနည်းဆုံး တစ်နှစ်စာ သိန်းတစ်ထောင် လောက်က ပေးရတာဖြစ်ပါတယ်။အခုလည်း မြေရှင်တွေနဲ့တော့ လအလိုက် ပေးရတာမျိုး ညှိနေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်နှစ်စာ မဟုတ်ဘဲ သုံးလပဲ ဖြစ်ဖြစ် ၆လပဲ ဖြစ်ဖြစ် မြန်မာ့ ခရီးသွား ဘဏ်ကနေ အပေါင်ပစ္စည်း နဲ့ တစ်နှစ်စာ စိုက်ထုတ်ပေးမယ်။ ​တစ်လချင်းဖြစ်စေ သုံးလချင်းဖြစ်စေ အတိုးနဲ့ လအလိုက် ပြန်ပေးရမယ်ဆိုရင် ဆိုင်တွေအနေနဲ့လည်း အဆင်ပြေမယ်။အခုလို ကျွန်တော် တို့မြန်မာ့ခရီးသွား ဘဏ်နဲ့ လက်တွဲလုပ်ကိုင်ရတာကို ဝမ်းသာပါတယ်" ဟု ဦးနေလင်း က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းစားသောက်ဆိုင်ပေါင်း ၈၅၀၀ ကျော်ရှိပြီး မှတ်ပုံတင်ထားသည့်ဆိုင်ပေါင်း ၂သောင်းကျော်ရှိသည်။ယင်းဆိုင်များထဲတွင် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေ သည့် စားသောက်ဆိုင် များလည်းရှိကြောင်း သိရသည်။ ကိုဗစ်ရောဂါ ကြောင့် စားသောက်ဆိုင် များကိုဧပြီလမှစပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားဆဲသာရှိကြောင်းသိရသည်။ မြန်မာ့ခရီးသွား ဘဏ်မှ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ် ပယ်မှ အသင်းဝင်များ၏ ရှေ့ဆက်လက် ရပ်တည်နိုင်​ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင်သ လောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာ့ခရီးသွားဘဏ် နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)တို့ ဘဏ္ဍာရေးပိုင်းဆိုင်ရာများကူညီပံ့ပိုးနိုင်ရန်အတွက် ဇန်နဝါရီ ၂၁ရက်နေ့လည် ၁နာရီက Excel Treasure Hotel ၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့်မြင်ကွင်းကိုတွေ့ရစဥ်။
Contine Reading
By - Admin / 22-01-2021
မြန်မာ့ခရီးသွားဘဏ် မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် MOU လက်မှတ် ရေးထိုးသွားမည်

မြန်မာ့ခရီးသွားဘဏ် မှ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့နှင့် MOU လက်မှတ် ရေးထိုးသွားမည်

#Travelling Journal မြန်မာ့ခရီးသွားဘဏ် ( MTB )မှ ခရီးသွားအဖွဲ့ချုပ်လက် အောက်ရှိ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA)နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းလူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ နှင့် MOU လက်မှတ် ရေးထိုးပြီး ဘဏ္ဍာရေး ဆိုင်ရာများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်​ကြောင်း ဘဏ် မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ပြောသည်။ လက်ရှိ တွင် ခရီးသွားအဖွဲ့ချုပ်လက်အောက်ရှိ ညီနောင်အသင်း ခြောက်သင်း နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့ခရီးသွား ဘဏ်အနေဖြင့် ယခုကဲ့သို့ အသင်းများဖြင့် ပူးပေါင်းဆောင်ရွက် ရခြင်းမှာ Covid -19 ကပ်ရောဂါ ကာလအတွင်း ထိခိုက်မှု အများဆုံးရှိခဲ့သည့် ခရီးသွားလုပ်ငန်း နယ်ပယ်မှ အသင်းဝင်များ၏ ရှေ့ ဆက်လက် ရပ်တည်နိုင်​ရေး အတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုတက်နိုင် သလောက် ကူညီပံ့ပိုးပေး သွားရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ခရီးသွားဘဏ် နှင့်Myanmar Tourism Healthcare Association တို့ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းများတွင် အပြန်အလှန်ပူး​ပေါင်း​ဆောင်ရွက်နိုင်စေ​ရန်အတွက် ဇန်နဝါရီလ ၁၄ရက်​က MTB ဘဏ် ၌ နားလည်မှုစာချွန်လွှာ​ရေးထိုးခဲ့သည့်မြင်ကွင်းကို တွေ့ရစဥ်။
Contine Reading
By - Admin / 20-01-2021
ကလောမြို့ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင် လယ် အနီး Camping လုပ်ကိုင်ရန် Developer များ ဖိတ်ခေါ်သွားမည်

ကလောမြို့ ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင် လယ် အနီး Camping လုပ်ကိုင်ရန် Developer များ ဖိတ်ခေါ်သွားမည်

#Travelling journal ရှမ်းပြည်နယ် တောင်ပိုင်း ၊ကလော မြို့၊ပတ္တူပေါက်ကျေးရွာရှိ တိမ်ပင်လယ် ကြည့် ရှုနိုင်မည့် ပတ်ဝန်းကျင်တွင် Camping စနစ်မျိုး လုပ်ကိုင်နိုင်ရန် Developer များကို ဖိတ်ခေါ်သွား မည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုးဦးထင်အောင်နိုင်က Travelling journal သို့ ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ပိတ်ရက်ကာလများအတွင်းပတ္တူပေါက် တိမ်ပင်လယ်သို့ ဒေသတွင်းခရီးသွား လာရောက်လည်ပတ်မှု များခဲ့ပြီး နေ့စဥ် ကားအစီးရေ ၅၀ မှ ၆၀ ထိ လာရောက်ခဲ့ကာ လူဦးရေ ၂၀၀ ဝန်းကျင်ခန့် လည်ပတ် ခဲ့ကြောင်း သိရသည်။ "ရန်ကုန် မန္တလေး နေပြည်တော် ဘက်က ဧည့်သည် တွေတော့ လာရောက်တာ မရှိသေးပါဘူး။ ရှမ်းပြည်အတွင်းက တောင်ကြီး၊ ဟဲဟိုး ၊ပင်းတယ ၊အောင်ပန်း ပတ်ဝန်းကျင်က သူတွေသာ လာရောက် လည်ပတ်နေကြတာပါ။ နောင် ဒီနေရာလေးကို ရင်းနှီးမြှုပ်နှံမဲ့ Developer တွေကို ဖိတ်ခေါ်သွားပြီး Camping စနစ်မျိုးနဲ့လုပ်ကိုင် ဆောင်ရွက် သွားဖို့ စီစဥ် ထားပါတယ်။အခုတော့ မြေပြင်ကွင်းဆင်းကြည့်နေတာတွေရှိပါတယ်"ဟု ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က Travelling journal သို့ပြောသည်။ အဆိုပါကျေးရွာမှာ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ပအို့ဝ်းတိုင်းရင်းသားများနေထိုင်ကြသည့်ကျေးရွာဖြစ်ကာ အိမ်ခြေ ၂၅၀ နီးပါး ရှိကြောင်းသိရသည်။ "ကျွန်တော်တို့အခု တိမ်ပင်လယ်နေရာနားမှာ ရွာကဘုန်းကြီးက အဲ့တောင်ပေါ်မှာ ဘုရားတည်မယ်ဆိုပြီး လုပ်လိုက်တော့ Camp ချလို့ က အဆင်မပြေနိုင်တော့လို့ ကျွန်တော် နေရာသစ် ပြန်လုပ်နေရတယ်။ အဲ့ တောင် ကြော နားက ပိုပြီး ရှုခင်းကောင်းတဲ့ နေရာကို ရွေးထားတယ်။ ရွာနဲ့တော့ ပိုနီးသွားတာပေါ့"ဟု ကလောအခြေစိုက် Pho Nyan Travel& Tour မှ ဦးဝေလျှံဖြိုးက Travelling journal သို့ ပြောသည်။ အဆိုပါကျေးရွာသို့ အောင်ပန်းမြို့မှလာရောက်မည်ဆိုပါက အင်းတိန် သွားသည့် ကားလမ်းအတိုင်း လာရောက်ရမည်ဖြစ်ပြီး မြေခြားဆိုသည့် ရွာရောက်ပါက ညာဖက်သို့ချိုးဝင်ပြီး ကတ္တရာလမ်းဆုံးထိ သွားရောက်ရမည်ဖြစ်ကြောင်းသိရသည်။ထို့နောက် မြေခြားရွာမှ ပတ္တူပေါက် ရွာသို့ ၅ မိနစ်ခန့်ကြာထပ်မံသွားရောက်ပါက ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ Photo Minko ko /Wai Hlyan Phyo
Contine Reading
By - Admin / 19-01-2021