Featured Local News

Popular Local News

All Local News

ဇွန်လ ၂၄ ရက်မွန်းတည့်ချိန်တွင် ဖြစ်ပေါ်သည့် နေထီးဆောင်းမှုဖြစ်စဥ်ကို ပုဂံမှတွေ့မြင်ရသည့်မှတ်တမ်းဓာတ်ပုံ

ဇွန်လ ၂၄ ရက်မွန်းတည့်ချိန်တွင် ဖြစ်ပေါ်သည့် နေထီးဆောင်းမှုဖြစ်စဥ်ကို ပုဂံမှတွေ့မြင်ရသည့်မှတ်တမ်းဓာတ်ပုံ

ပုဂံရှေးဟောင်းယဥ်ကျေးမှု နယ်မြေ မှ မြင်တွေ့ရသည့် နေထီးဆောင်းမှုဖြစ်စဉ်ကို ဇွန်လ၂၄ ရက် မွန်းတည့် ၁၂နာရီ ဝန်းကျင်ခန့်က မြင်တွေ့ ခဲ့ရသည်။ ယနေ့သည် နယုန်လပြည့် မဟာသမယအခါတော်နေ့ ကျရောက်သည့် နေ့ထူးနေ့မြတ်လည်းဖြစ်သည်။ Photo Ko Gyi kyaw
Contine Reading
By - Admin / 24-06-2021
ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး ၂၇ နှစ် အကြာ ကမ်းခြေဟိုတယ် ၂၅ လုံး မီးရရှိ

ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး ၂၇ နှစ် အကြာ ကမ်းခြေဟိုတယ် ၂၅ လုံး မီးရရှိ

#Travelling journal ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၇ နှစ် အကြာတွင် ကမ်းခြေဟိုတယ် ၂၅ လုံး လျှပ်စစ်မီးရရှိခဲ့ကြောင်း ချောင်းသာမီးရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်း က Travelling journal သို့ ပြောသည်။ ချောင်းသာ ကမ်းခြေစတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ ၂၇နှစ် တိုင် တိုင် လျှပ်စစ်မီးမရရှိဘဲသက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ချောင်းသာ ဟိုတယ်ဇုန်မှပူးပေါင်း ကြိုးစားခဲ့ခြင်းကြောင့်ယခုလအတွင်း မီးရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းခြေ အခြေစိုက် ဟိုတယ်များ လျှပ်စစ်မီးရရှိလာသဖြင့် လာရောက်လည်ပတ်သော ဧည့်သည်များကို ၂၄ နာရီဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သလို လုပ်ငန်းရှင်များအတွက် ထိန်းသိမ်းကုန်ကျစရိတ် သက်သာ လာတော့မည်ဟု လုပ်ငန်းရှင် ဦးမောင်မောင်ထွေး ကပြောသည်။ အဆိုပါ 11 KVA ဓာတ်အားလိုင်းကို ဟိုတယ် ဇုန်မှကိုယ်ထူ ကိုယ်ထ ဟိုတယ် အထိ ဓာတ်အားကြိုးသွယ်တန်း ကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ယင်းကုန်ကျစရိတ်များကို ဟိုတယ်လုပ်ငန်းရှင်များက အချိုးကျစိုက်ခံ ကုန်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Photo ချောင်းသာ ကမ်းခြေ အခြေစိုက်ဟိုတယ်တစ်ခုကို တွေ့ရစဥ်။
Contine Reading
By - Admin / 11-06-2021
Global Tourism Awards က ချီးမြှင့်သည့် အကောင်းဆုံး ကမ်းခြေ ဟိုတယ် ဆု ကို ငွေဆောင်ကမ်းခြေ မှ ဟိုတယ်နှစ်လုံး ရရှိ

Global Tourism Awards က ချီးမြှင့်သည့် အကောင်းဆုံး ကမ်းခြေ ဟိုတယ် ဆု ကို ငွေဆောင်ကမ်းခြေ မှ ဟိုတယ်နှစ်လုံး ရရှိ

#Travelling journal နှစ်စဥ် နှစ်တိုင်း Global Tourism Awards က ချီးမြှင့်သည့် ဆုများတွင် ယခုနှစ်အတွက် အကောင်းဆုံး ကမ်းခြေ ဟိုတယ် ဆု ကို မြန်မာ နိုင်ငံ ငွေဆောင်ကမ်း ခြေ မှ ဟိုတယ် နှစ်လုံး ဆု ရရှိ ​ခဲ့ကြောင်း သိသည်။ ယခုနှစ် အတွက် အကောင်းဆုံး ကမ်းခြေဟိုတယ်ဆုအဖြစ် "Best Beach Front Resort in Myanmar "ဆုကို Eskala Hotels and Resorts ဟိုတယ်က ရရှိခဲ့ပြီးK Resort Ngwe Saung ဟိုတယ်သည် " The best beach front Resort in Pathein " ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငွေဆောင်ကမ်းခြေ သည် မြန်မာနိုင်ငံ၏ ကမ်းခြေများအနက် အကောင်းဆုံး ကမ်းခြေဟုလည်း ဆိုနိုင်ပြီး Green Ngwesaung ဆုကို ရရှိထားသည့် ကမ်းခြေတစ်ခု ဖြစ်သလို နိုင်ငံခြားသားခရီးသွားစျေးကွက်ဝေစု ကို ရရှိ ပိုင်ဆိုင်ထားသည့် ကမ်းခြေဖြစ်သည်။ Photo Eskala Hotels and Resorts FB/K Resort Ngwe Saung fb
Contine Reading
By - Admin / 07-06-2021
ခရီးသွားလုပ်ငန်းအား New Normal ပုံစံဖြင့် ပြန်လည်စတင်ရန် အင်ဒို သံရုံး မိတ်ဆက်

ခရီးသွားလုပ်ငန်းအား New Normal ပုံစံဖြင့် ပြန်လည်စတင်ရန် အင်ဒို သံရုံး မိတ်ဆက်

#Travelling journal ကိုဗစ်ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွား လုပ်ငန်းများအား New Normal ပုံစံ ဖြင့် ပြန်လည် အသက်ဝင်လာစေရန် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံရုံးမှ မေလ ၁၄ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးDr.Iza Fadri က မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် အင်ဒိုရိုးရာ တေးသီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် အင်ဒိုနီးရှား နိုင်ငံ၏ အထင်ကရခရီးသွားနေရာများရှိ ခရီးသွားလုပ်ငန်းအား New Normal ပုံစံဖြင့် ပြင်ဆင် ဆောင်ရွက် ထားသည့် မြင်ကွင်းများကို ဗီဒီယို ဖိုင်များဖြင့် ပြသခဲ့သည်။ ယင်းအခမ်းအနားသို့ ပြည်တွင်းခရီးသွား ကုမ္ပဏီ များနှင့် မီဒီယာများ၊ အင်ဒိုနီးရှား နိုင်ငံတကာသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊Andalas University မှ စကော်လာရှစ် ဆုရရှိထားသူများလည်း တက်ရောက်ခဲ့ကြောင်း သိရ သည်။
Contine Reading
By - Admin / 15-05-2021
ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ပွဲတော်ကာလအတွင်း ဟိုတယ်သို့ လာရောက် အပန်းဖြေသူ နေ့စဥ် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိခဲ့

ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ပွဲတော်ကာလအတွင်း ဟိုတယ်သို့ လာရောက် အပန်းဖြေသူ နေ့စဥ် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိခဲ့

#Travelling journal တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ပွဲတော်ကာလအတွင်း ဟိုတယ်သို့ လာရောက် အပန်းဖြေသူ နေ့စဥ် လူဦးရေ ၁၅၀၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။ ငွေဆောင်ဟိုတယ်ခရီးညွန်ကြားမှု ဦးစီးဌာန ၏ စာရင်းများအရ သိရှိရပြီး ခရီးဝေးအပန်းဖြေ လာရောက်သူလူဦးရေ ၁၅၀၀ ဝန်းကျင်နှင့် အနီးအနားပတ်ဝန်းကျင်ဒေသမှ လာရောက်လည်ပတ်ကြသည့် လူဦးရေ ၁၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့သည်ဟု ဆိုသည်။ သင်္ကြန်ကာလအတွင်း ကမ်းခြေ အခြေစိုက် ဟိုတယ်အလုံးရေ ၃၆ လုံး ရှိပြီး ဟိုတယ်အခန်းပေါင်း ၁၆၀၀ ရှိကာ ဟိုတယ် ၁၅ လုံးခန့်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အမည် မဖော်လိုသည့် ဟိုတယ်လုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ ဧည့်သည် ရရှိမှာ ၇၀ ရာခိုင်နှုန်း လောက်ထိ ရရှိခဲ့သည်ဟု Travelling journal သို့ ပြောသည်။ " ချောင်းသာကတော့ တစ်ရက်ကို လူဦးရေ ၁၀၀၀၀ လောက် လာကြတယ်လို့သိရတယ်။ ကျွန်တော် တို့ ငွေဆောင် ကတော့ တနေ့ကို ဟိုတယ်အခန်းရောင်းချရမှုက လူဦးရေ ၁၅၀၀ လောက်ပဲ ဝင်ရောက်တယ်လို့ ပြောလို့ရတယ်" ဟု ငွေဆောင် ဟိုတယ်ခရီးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေများသို့ ၂၀၂၀ မတ်လ ၂၃ ရက်မှ စပြီးလာရောက် လည်ပတ်ခွင့်ကို ပိတ်ထားခဲ့ပြီး တစ်နှစ်ကျော် ကြာမြင့်မှ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ Photo ဧပြီ ၁၅ ရက်နှင့် ဧပြီ ၁၆ ရက်က လာရောက် အပန်းဖြေ ကြသည့် ခရီးသွားများကို တွေ့ရစဥ် ။
Contine Reading
By - Admin / 17-04-2021
ခရီးသွားအသိုင်းအဝန်းက လှူဒါန်းသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မီးရထား CDM ဝန်ထမ်းများအား လှူဒါန်း

ခရီးသွားအသိုင်းအဝန်းက လှူဒါန်းသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မီးရထား CDM ဝန်ထမ်းများအား လှူဒါန်း

ဖေဖော်ဝါရီ ၂၈ ခရီးသွားအသိုင်းအဝန်းက လှူဒါန်းသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မလွှကုန်း မီးရထားဝန်းထဲရှိ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအားသွားရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။ အနော်ရထာလမ်းနှင့်ဗိုလ်အောင်ကျော်လမ်းထိပ် တွင် ယနေ့ ဖေဖော်ဝါရီ ၂၈ မနက် ၈ နာရီ ခွဲက စုရပ် လုပ်ထားသည့် အင်ဂျင်နီယာသပိတ်စစ်ကြောင်းနှင့် ခရီးသွားသပိတ်စစ်ကြောင်း အား မနက် ၈နာရီခွဲက ဖြိုခွဲ ခဲ့ပြီး လူစုကွဲ ခဲ့ကြောင်းသိရသည်။ အဆိုပါ Tourism သပိတ်စစ်ကြောင်းအတွက်ခရီးသွားအသိုင်းအဝန်းက လှူဒါန်းထားသည့် ခေါက်ဆွဲကြော် ဘူး (၇၀၀) က်ို မလွှကုန်း မီးရထားဝန်းထဲရှိ CDM လုပ်ဆောင်နေ သည့် ဝန်ထမ်း အိမ်ယာများသို့ ​ သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Contine Reading
By - Admin / 28-02-2021
ပုဂံ ရှေးဟောင်းယဥ်ကျေးမှု နယ်မြေ ဖြစ်သည့်ရွှေစည်းခုံဘုရားအနီး ညောင်ဦးမြို့ ပြည်သူလူထု က မြန်မာပြည်မြေပုံ သရုပ်ဖော်ပြီး ဖေဖော်ဝါရီ ၂၅ ရက်ကဆန္ဒ ဖော်ထုတ်သည့် မြင်ကွင်းကို တွေ့မြင်ရသည်။

ပုဂံ ရှေးဟောင်းယဥ်ကျေးမှု နယ်မြေ ဖြစ်သည့်ရွှေစည်းခုံဘုရားအနီး ညောင်ဦးမြို့ ပြည်သူလူထု က မြန်မာပြည်မြေပုံ သရုပ်ဖော်ပြီး ဖေဖော်ဝါရီ ၂၅ ရက်ကဆန္ဒ ဖော်ထုတ်သည့် မြင်ကွင်းကို တွေ့မြင်ရသည်။

ဓါတ်ပုံ - MKA
Contine Reading
By - Admin / 25-02-2021
ရိုးရာမပျက် ကျင်းပသည့် ကျိုင်းတုံ စော်ဘွားစျေးနေ့ကို မကျင်းပတော့

ရိုးရာမပျက် ကျင်းပသည့် ကျိုင်းတုံ စော်ဘွားစျေးနေ့ကို မကျင်းပတော့

ပြီးခဲ့သည့်နှစ်က ကျင်းပသည့် စော်ဘွားစျေးနေ့ကိုတွေ့ရစဥ်။ #TravellingJournal နှစ်စဥ် ရိုးရာမပျက် မတ်လ(၁)ရက်နေ့တွင် ကျင်းပလေ့ရှိသည့် ကျိုင်းတုံ စော်ဘွားဈေးနေ့ ကို ကျင်းပမည်မဟုတ်တော့ကြောင်း ကျိုင်းစံဂေါပက ရပ်ကွက်( ၃) ပွဲဖြစ်မြောက်ရေးမှ သိရသည်။ "မလုပ်ဖြစ်တဲ့အကြောင်းက အခုနိုင်ငံရေးအခြေအနေအရကော ပြီးတော့ လူစုလူဝေးသဘာဝဘေးအရကော အများပြည်သူ ကန့်ကွက်တာကြောင့်ကော အဲဒါမို့မလုပ်ဖြစ်တာလို့ သိရပါတယ်" ဟု ကျိုင်းတုံ ဒေသခံတစ်ဦး က Travelling journal ကို ပြောသည်။ စော်ဘွားစျေးနေ့ကို နေ့ရက်နေ့နာမ်ကို ဘုန်းကြီး များကတွက်ချက်ပြီး စျေးနေ့အဖြစ် သတ်မှတ်ပြီးကျင်းပကြောင်းနှင့် ယခု မတ်လ ၁ ရက်နေ့ကျရောက်သည့်စျေးနေ့သည်စျေးဟောင်းနတ်ပူဇော်နေ့-စော်ဘွားစျေးနေ့-ဝမ်းကတ်ကောင်နေ့ ဖြစ်ကြောင်း သိရသည်။ စော်ဘွားစျေး နေ့ကျင်းပသည့်နေ့တွင် ကျိုင်းတုံ ရှိစျေးများအားလုံးပိတ်ပြီး စော်ဘွားစျေးတွင်သာ လာရောက်ဝယ်ယူလေ့ရှိသလို အမြို့မြို့အနယ်နယ် မှလည်း လာရောက်ဝယ်ယူလေ့ရှိကြောင်းသိရသည်။ Photo Sai Nge ပြီးခဲ့သည့်နှစ်က ကျင်းပသည့် စော်ဘွားစျေးနေ့ကိုတွေ့ရစဥ်။ ပြီးခဲ့သည့်နှစ်က ကျင်းပသည့် စော်ဘွားစျေးနေ့ကိုတွေ့ရစဥ်။ ပြီးခဲ့သည့်နှစ်က ကျင်းပသည့် စော်ဘွားစျေးနေ့ကိုတွေ့ရစဥ်။
Contine Reading
By - Admin / 25-02-2021
လူ၂၀၀၀ ကျော် ပါဝင်ဆန္ဒဖော်ထုတ်သည့် ခရီးသွား သပိတ်စစ်ကြောင်း

လူ၂၀၀၀ ကျော် ပါဝင်ဆန္ဒဖော်ထုတ်သည့် ခရီးသွား သပိတ်စစ်ကြောင်း

#ဖေဖော်ဝါရီ ၂၂ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လူ၂၀၀၀ ကျော် ပါဝင်ဆန္ဒဖော်ထုတ်ကြသည့် Myanmar Tourism Industry သပိတ်စစ်ကြောင်းကို ဖေဖေါ်ဝါရီ ၂၂ ရက်က မြေနီကုန်းမှ စထွက်ခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ထိုင်းသံရုံး၊ မလေးသံရုံး၊ တရုတ်သံရုံး တို့မှ လမ်းတစ်လျှောက်ဆန္ဒဖော်ထုတ်ခဲ့ကာ ဆူးလေရှိရှန်ဂရီလာဟိုတယ်သို့ ချီတက်ခဲ့ပြီး အထိုင်သပိတ်ထပ်မံပြုလုပ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ယခုသပိတ်စစ်ကြောင်းတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ Inbound / Outboundတိုးကုမ္ပဏီပိုင်ရှင်များ ၊လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်များ၊ ဧည့်လမ်းညွှန်များ၊တိုးလီဒါများ၊ တိုးကားဆရာများ၊ဟိုတယ်လုပ်ငန်းရှင်များ၊ဟိုတယ်ခရီးလုပ်ငန်းခွင်ဝန်ထမ်းများ၊ဂါယာလုပ်ငန်းရှင်များနှင့်ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားသင်တန်းကျောင်းသူ/ကျောင်းသားများမှ Civil Disobedience Movement ပြုလုပ်သည့် လူအင်အားအများဆုံး ဆန္ဒဖော်ထုတ်ခဲ့ ကြ​ခြင်းဖြစ်သည်။ Photo Travelling journal
Contine Reading
By - Admin / 22-02-2021
တောင်ကြီးဟိုတယ်ဝန်ထမ်းများ ဆန္ဒ ထုတ်ဖော်

တောင်ကြီးဟိုတယ်ဝန်ထမ်းများ ဆန္ဒ ထုတ်ဖော်

ဖေဖော်ဝါရီ ၂၁ ရှမ်းပြည်နယ် တောင်ကြီး အခြေစိုက် ဟိုတယ်ဝန်ထမ်းများမှ Civil Disobedience Movement ဆန္ဒဖော်ထုတ်ခြင်းကို ဖေဖေါ်ဝါရီလ ၂၁ က တွေ့မြင်ရစဥ်။ Photo Khun Aung Thein FB
Contine Reading
By - Admin / 21-02-2021
အင်းလေးကန်က သုံးကြိမ်မြောက် ရေပေါ်သပိတ်

အင်းလေးကန်က သုံးကြိမ်မြောက် ရေပေါ်သပိတ်

ဖေဖော်ဝါရီ ၂၁ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် အတွင်း သုံးကြိမ်မြောက်ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ် သည့် Civil Disobedience Movement လူထုဆန္ဒပြပွဲကို ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ညောင်ရွှေ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်မှ စက်လှေ အစီးရေ ၁၂၀ ကျော်နှင့် အင်းလေးကန်အတွင်းမှီတင်းနေထိုင်ကြသည့် ဒေသခံကျေးရွာများမှ ပြည်သူလူထုများကလည်း ပူးပေါင်းပါဝင်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြသည်။ . Photo Yea Aye (ညောင်ရွှေ) မှ ပေးပို့သည်
Contine Reading
By - Admin / 21-02-2021
9 COVID Team အဖွဲ့မှ CDM ပြုလုပ်သူများကို အစားအသောက် များလှူဒါန်း

9 COVID Team အဖွဲ့မှ CDM ပြုလုပ်သူများကို အစားအသောက် များလှူဒါန်း

ဖေဖော်ဝါရီ ၁၇ ခရီးသွားလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များဖြင့် စိတ်တူကိုယ်တူ ဖွဲ့စည်းထားသည့် Nine Covid Team အဖွဲ့မှ Civil Disobedience Movement ဆန္ဒပြမှုတွင် ပါဝင်သည့် ပြည်သူများအား ဖေဖေါ်ဝါရီ ၁၇ ရက်တွင် အစားအသောက်နှင့်ရေသန့်များကို သွားရောက် လှူဒါန်းပေးဝေခဲ့ကြောင်း သိရသည်။ Photo Myo Twin FB
Contine Reading
By - Admin / 17-02-2021