Featured Local News

Popular Local News

All Local News

ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်း

ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်း

PHOTO NEWS မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်းပွဲကို ယနေ့ စက်တင်ဘာ ၁၀ ရက်က နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ကမ္ဘာအေး ကုန်းမြေ ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပေးအပ် လှူဒါန်းခဲ့သည်။နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် စာသင်ကြားနေကြသည့် စာသင်သား သံဃာ အပါး( ၄၀၀) အား THE TEACHING OF BUDDHA စာအုပ်များကို ပေးအပ်လှူဒါန်း ပေးခဲ့ပြီး ပါချုပ်ဆရာတော် နှင့် စာချ ဆရာတော် (၆၉)ပါးကို ဝါဆိုသက်န်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ THE TEACHING OF BUDDHA စာအုပ်များကို ဂျပန် သာသနာပြုအဖွဲ့က ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)အသင်းသို့ ပေးအပ်လှူဒါန်း ခဲ့သည့်စာအုပ်များကို အသင်းမှ ထပ်ဆင့် ပြန်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ Travelling journal/Activity
Contine Reading
By - Admin / 10-09-2022
ကျိုင်းတုံ မြို့၏ အထင်ကရ လွိုင်မွေ တောင်နှင့် ဗုဒ္ဓဥယျာဥ် အကြား Cable Car စီမံကိန်း ဆောင်ရွက်ရန် စီစဥ်နေ

ကျိုင်းတုံ မြို့၏ အထင်ကရ လွိုင်မွေ တောင်နှင့် ဗုဒ္ဓဥယျာဥ် အကြား Cable Car စီမံကိန်း ဆောင်ရွက်ရန် စီစဥ်နေ

ပြီးခဲ့သည့်နှစ်ဦးပိုင်းတွင် လွိုင်မွေ ရှုခင်းတစ်ခုကို တွေမြင်ရစဥ် #Photo SaiNge Travelling Journal ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့တွင်Cable Car စီမံကိန်း တစ်ခု ကို ဆောင်ရွက်ရန် စီစဥ်နေ ကြောင်း သိရသည်။ အဆ​ိုပါ Cable Car စီမံကိန်း တစ်ခုကို ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များစွာတစ်စုတဝေးထဲ ကျန်ရှိနေသေးသည့်အပြင် ပြည်တွင်းပြည်ပ ခရီးသွား များကို ဆွဲဆောင်ထားသည့် လွိုင်မွေ တောင်နှင့် ဗုဒ္ဓဥယျာဥ် အကြား ပြေးဆွဲနိုင်ရန် စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။ "Cable Car လုပ်ဖို့ လျာထားထားပါ။ လက်ရှိအနေအထားမှာ တော့ ​မြေ ပြင် ကွင်းဆင်းပြီး ဖြစ်နိုင်ချေ ရှိမရှိ ဆန်းစစ်နေတဲ့ ကာလပဲ ရှိပါသေးတယ်။ လောလောဆယ် ပညာရှင် တစ်ဖွဲ့ တော့လာရောက် ကြည့် ပြီးပါပြီ "ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က Travelling Journal သို့ ပြောသည်။ 2020 ခုနှစ်က ဗုဒ္ဓ ဥယျာဥ်အဝင်ကို တွေ့ရစဥ် လွိုင်မွေမြို့သည် တောင်စခန်းမြို့ငယ်လေးဖြစ်ပြီး ဇန်နဝါရီလတွင် ချယ်ရီပွင့်သည့် အချိန်ကာလဖြစ်သော ကြောင့် ယင်းကာလတွင် ခရီးသွား များ လာရောက် လည်ပတ် မှု များပြားကြောင်း သိရသည်။ "ကျိုင်းတုံ မှာ Cable Car လုပ်ဖို့ စီစဥ် တယ် ဆို ကောင်းပါတယ်။ ကျွန်တော် တို့မြို့လေးက ခရီးသွား တွေ အများအပြား မလာရောက်နိုင်ပေမယ့် တကယ့်ကို ရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ် များစွာ ရှိနေတဲ့ မြို့လေးပါ။ နောက်ပြီး ကျွန်တော်တို့မြို့ကို Green Clean City မြို့ တော် ဖြစ် အောင် ကြိုးစား နေတယ် "ဟု ကျိုင်းတုံ စည်ပင် သာယာရေးကော်မတီ မှ တာဝန် ရှိသူတစ်ဦး က Travelling journal သို့ ပြောသည်။ လွိုင်မွေတောင်စခန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၅၅၄၂) အမြင့်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး ရာသီဥတု အေးမြပြီး ကိုလိုနီခေတ်ကာလက အင်္ဂလိပ်အာဏာပိုင်များ ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သဖြင့် မြို့ပေါ်တွင် ကိုလိုနီခေတ်လက်ရာများဖြစ်သော နှစ်တစ်ရာ စံအိမ် (Governor House)၊ Catholic Church၊ စာတိုက်ဟောင်း စသည့် လေ့လာ လည်ပတ်စရာ အဆောက်အဦအများအပြား ကျန်ရှိနေသည့် တောင်စခန်းမြို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျိုင်းတုံ မြို့အတွင်း အထင်ကရနေရာများဖြစ်ကြသည့် မဟာမြတ်မုနိဘုရားကြီး၊ စွမ်ခမ်း စေတီတော်၊ ရှေးဟောင်းဝပ်အင်းဘုန်းကြီးကျောင်း၊ဗုဒ္ဓဥယျာဉ်၊ ကျိုင်းတုံရေတံခွန်၊ ဟိုကျင်းအာခါကျေးရွာ၊ ဟိုလန်း အားခီးရွာ၊ကမ္ဘာအေးစေတီနှင့် ကိုရင်လေးကျောင်း၊ ယန်းလောဘုန်းကြီးကျောင်း၊ မြရွှေရည်ရေပူစမ်း၊ နောင်တုံကန်၊ လွယ်ပီးကော်လာ တောင်တန်းရှုခင်း၊ ထပ်စွမ်မော့တိမ်ပင်လယ် တို့မှာပြည်တွင်းခရီးသွားများ အများဆုံးသွားရောက်လည်ပတ်ကြသည့် Tourist Attraction နေရာများဖြစ်ကြောင်း သိရသည်။ Photo TravellingJournal 2020 ခုနှစ်က လွိုင်မွေ နှင့် ဗုဒ္ဓဥယျာဥ်အတွင်းမှ နေရာတစ်ချို့ကို တွေ့ရစဥ်
Contine Reading
By - Admin / 10-09-2022
တောင်ချွန်း စားသောက်ဆိုင် (၁၀) နှစ်ပြည့်အထိမ်း အ မှတ်တိုင်းရင်းသားရိုးရာ ဟင်းချက်ပြိုင်ပွဲကို ကျင်းပခဲ့

တောင်ချွန်း စားသောက်ဆိုင် (၁၀) နှစ်ပြည့်အထိမ်း အ မှတ်တိုင်းရင်းသားရိုးရာ ဟင်းချက်ပြိုင်ပွဲကို ကျင်းပခဲ့

Travelling journal ရှမ်းပြည်နယ် တောင် ကြီးမြို့ပေါ်ရှိ တောင်ချွန်း စားသောက်ဆိုင် ၏ (၁၀)နှစ်ပြည့် အထိမ်း အမှတ်အမှတ် တရ အနေဖြင့် တိုင်းရင်းသားရိုးရာ ဟင်းချက်ပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့သည်။ အင်းသား ၊ရှမ်း၊ ဓနု ၊ပလောင် ၊ပအို့ဝ် ၊ တောင်ရိုး စသည့်တိုင်းရင်းသား တို့၏ ရိုးရာ ဟင်းချက်ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ပြိုင်ပွဲတစ်ဖွဲ့လျင် လူ လေးဦး ပါဝင် ယှဥ်ပြိုင်ခဲ့ကြောင်းသိရသည်။ ဆုကြေးများအနေဖြင့် ပထမဆု နှစ်သိန်း ဒုတိယဆု တစ် သိန်းခွဲ နှင့် တတိယဆု ကို ကျပ် တစ်သိန်း ချီးမြှင့်ခဲ့ပြီး ဟင်းချက်ပြိုင်ပွဲတွင် အသုံးပြုသည့် အစား အသောက် ကုန်ကျငွေများကိုလည်း ပံ့ပိုးပေးခဲ့သလို လမ်းခရီးစရိတ်များကိုလည်း ပံ့ပိုးကူညီပေးခဲ့ကြောင်း တောင်ချွန်းစားသောက်ဆိုင် ပိုင်ရှင် ကိုမျိုးမင်းဇော်က Travelling Journal သို့ ပြောသည်။ "ကျွန်တော် တို့ ဒီပြိုင်ပွဲမကျင်းပမီ ကြိုတင်ဖိတ်ခေါ်ပါတယ်။ အဓိက က စားသောက်ဆိုင် နယ်ပယ်က လူတွေမပါပါဘူး။ တိုင်းရင်းသားထဲက ကိုယ့်ရိုးရာ ဓ​လေ့ ဟင်းကို ပဲ ချက်ပြုတ် ပြိုင်ရတာဖြစ်ပါတယ်။ ရိုးရာ ဓလေ့အတိုင်း ပဲ ပါဝင်ယှဥ်ပြိုင်ခိုင်းပါတယ်။ တိုင်းရင်းသား တွေရဲ့ရိုးရာအစားအစာတွေကို လူအများ ပိုပြီး သိစေချင်လို့ပါ။ ပြီးတော့ တိုက်ဆိုင်စွာနဲ့ တောင်ချွန်းဆိုင်( ၁၀)နှစ်ပြည့်နဲ့ ကျွန်တော် အမျိုးသမီး မွေးနေ့ ကလည်း တစ်နေ့တည်း ကျရောက်တဲ့အထိမ်းအမှတ်လည်း ဖြစ်သွားတာမို့ အခုလို အမှတ်တရ အနေနဲ့ ကျင်းပခဲ့တာပါ "ဟု တောင်ချွန်းစားသောက်ဆိုင် ပိုင်ရှင် ကို မျိုးမင်းဇော်က Travelling Journal သို့ ပြောသည်။ Photo Thuzar FB
Contine Reading
By - Admin / 07-07-2022
မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ်မည်

၂၀၂၀ ခုနှစ်က မြန်မာ့ခရီးသွားဘဏ်၏စတုတ္ထမြောက် ဖွင့်လှစ် ခဲ့သည့် မြ၀တီဘဏ် ခွဲဖွင့်လှစ် မှုပုံရိပ်တစ်ချို့ကို တွေ့ရစဥ်။ #Travelling Journal မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။ မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ ဘဏ်ခွဲအဖြစ် (စျေးချိုဘဏ်ခွဲ) နှင့် (မနော်ဟရီဘဏ်ခွဲ) တို့ကို ဇူလိုင် လကုန် ပိုင်း လောက်တွင် ဖွင့်လှစ် ရန်စီစဥ် ထားပြီးဖြစ်ကြောင်း သိရသည်။ "အရင်က ဘဏ်ခွဲ (၁၀ )ခုဖွင့်ပြီးပါပြီ။ အခုဘဏ်ခွဲဖွင့်ဖို့အတွက်လည်း စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ "ဟုအဆိုပါ ဘဏ်၏ တာဝန် ရှိသူတစ်ဦးက Travelling Journal သို့ ​ပြောသည်။ မန္တလေး ဘဏ်ခွဲ နှစ် ခု ပါမည်ဆိုပါက လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ် ဘဏ်​ခွဲ​ပေါင်း ၁၂ ခုကို ဖွင့်လှစ် ထားနိုင်ပြီး ဖြစ်ကြောင်း သိရသည်။
Contine Reading
By - Admin / 01-07-2022
လားဟူတိုင်းရင်းသားများနေထိုင်သည့် ဟာကြားခိုင်ရွာကိုတွေ့ရစဥ်

လားဟူတိုင်းရင်းသားများနေထိုင်သည့် ဟာကြားခိုင်ရွာကိုတွေ့ရစဥ်

#TravellingJournal ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ် ရှိ လားဟူ တိုင်းရင်းသား များနေထိုင်သည့်ဟာကြားခိုင် တောင်ပေါ်ရွာလေး မှာ ရေ အခက်အခဲရှိနေကြောင်း ရေရရှိရန် ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာနန်းမားလားဝမ်း က Travelling journal သို့ ပြောသည်။ အဆိုပါ ရွာလေးသို့ မတ်လပိုင်း က သွား ရောက် ကွင်းဆင်း ခဲ့ပြီးနောက် လက်ရှိတွင် ရေကန်နှစ်ကန် တည် ဆောက် ပေးရန် လျာထား ကြောင်း သိရသည်။ ဟာကြားခိုင် တောင်ပေါ်ရွာမှာ ရွာသစ်တစ်ခုဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ (၂၂) အိမ် ရှိကြောင်း သိရသည်။ ရွာ၏ ထူးခြားချက်မှာ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း တစ်ခု ရှိပြီး တနေ့လျှင် နှစ်ကြိမ် ဆေးဖြတ်စခန်း သို့ လာရောက်ပြီး ဆုတောင်းလေ့ရှိ ပြီး ခေတ်မီဆေးဝါးများနှင့် ကုသဖြတ်ခြင်းမျိုးမဟုတ်ဘဲ မိမိ၏ စိတ် ဓာတ် ခိုင်မာမှုယုံကြည်ချက်ဖြစ် ဆေးဖြတ်ချင်း မျိုးဖြစ်ကြောင်းသိရသည်။ အဆိုပါ ရေကန် နှစ်ခုကို ရွာတွင် တစ်ခု တည် ဆောက် မည် ဖြစ်သလို ရေထွက်သည့်နေရာအနီး၌ ရေသိုလှောင်ရန်အတွက် တစ်ခုတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရေလှူဒါန်းလိုသည့် ရေအလှူရှင်အဖြစ် လှူဒါန်းနိုင်ရန် ဖိတ်ခေါ်ထားကြောင်း ဒေါက်တာ နန်းမားလားဝမ်း က Travelling journal သို့ ပြောသည်။
Contine Reading
By - Admin / 13-06-2022
ထိုင်းနိုင်ငံက Cannabis Tour ခရီးစဥ်ကို မြန်မာခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် ပထမဆုံးအကြိမ်စီစဥ်

ထိုင်းနိုင်ငံက Cannabis Tour ခရီးစဥ်ကို မြန်မာခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန် ပထမဆုံးအကြိမ်စီစဥ်

#TravellingJournal ထိုင်းနိုင်ငံ က Cannabis Tour ခရီးစဥ်ကို မြန်မာခရီးသွားများ သွားရောက်လည်ပတ်နိုင်ရန်ပထမ ဆုံး အကြိမ် စီစဥ် နေကြောင်း OutBound Tour လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီ တစ်ချို့ထံမှသိရသည်။ အဆိုပါ ခရီးစဥ်ကို ဇွန် ၁၇ ရက်မှ ဇွန်လ ၁၉ အထိသွားရောက် လည်ပတ်နိုင်ရန် စီစဥ်ထားပြီး ထိုင်းနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ် ထားသည့် Direct Go Thailand Travels & Tours မှ တာဝန်ယူ စီစဥ် ပေးသွားမည် ဖြစ် ကြောင်း ယင်းကုမ္ပဏီ၏ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ပြောသည်။ မြန်မာ့ခရီးသွား လုပ်ငန်းအခြေအနေမှာ သုံးနှစ်နီးပါး ရပ်တန့်တုံ့ဆိုင်း ခဲ့ရပြီး ပြည်ပခရီးဝန်ဆောင်မှု ပေးနေသည့် OutBound Tour စျေးကွက် မှာလည်း ပျက်စီး ခဲ့ ရကြောင်း သိရသည်။ ယခုနှစ် မှ စတင်ကာ ပြည်ပသို့ခရီးသွားရောက်မှု မှာ တဖြေးဖြေး ပြန်လည် စတင် လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ တွင် ဆေးခြောက်ပင်ကို တရားဝင်စိုက်ပျိုးခွင့်ရရှိခဲ့သည့် နိုင်ငံ ဖြစ်လာပြီးဆေးခြောက်ထည့်သွင်းချက်ပြုတ်ထားသည့် ဟင်းလျာများကိုလည်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ ထိုင်းအစိုးရ က ဆေးခြောက်ပင်စိုက်ပျိုးရေးကို လုပ်ကိုင်နိင်ရန်အတွက် အစေ့များကို ဖြန့်ဝေပေးနေပြီး လက်ရှိတွင် ဆေးခြောက်ပင်စိုက်ရန် စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီ ပေါင်း ၂၀၀၀ ကျော် ရှိ ကြောင်း သိရသည်။ "ကုမ္ပဏီ ၂၀၀၀ ကျော် က စာရင်းပေးထားပေမဲ့ အခုထိကျတာက ကုမ္ပဏီ လေးခုပဲ ကျသေးတယ်။ ဘယ်နှစ် ဧကစိုက်ရမယ်လို့မသက်မှတ်ထားပါဘူး။ Register လုပ်ထားတဲ့ မြေအကျယ် area ထက်တော့မ ကျော်ရဘူးလို့ တော့ သိရပါတယ် "ဟု Direct Go Thailand Travels & Tours မှ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ပြောသည်။နှစ် ညအိပ် သုံးရက် ခရီးစဥ် ကို လူတစ်ဦးလျှင်လေယာဥ် ဖြင့် ဆိုပါက ဘတ် တစ်သောင်း ဝန်းကျင် ကျမည် ဖြစ်ပြီး ကား ဖြင့် ဆိုပါက ဘတ် ၇၅၀၀ ဝန်းကျင် ကျမည်ဖြစ်ကြောင်း သိရသည်။ " မယ်ဟောင်ဆောင်က ထိုင်းမြောက်ပိုင်း ဖြစ်ပြီးလွိုင်ကော် နဲ့နီးတယ်။ အခု စာရင်းပေးထားတာကတော့ ၁၀ ယောက်ကျော်ပြီ "ဟု ယင်း ခရီးသွား ကုမ္ပဏီ မှ တာဝန် ရှိသူက ပြောသည်။ #ZawgyiVersion ထိုင္းနိုင္ငံ က Cannabis Tour ခရီးစဥ္ကို ျမန္မာခရီးသြားမ်ား သြားေရာက္လည္ပတ္နိုင္ရန္ ပထမဆုံး အႀကိမ္ စီစဥ္ ေနေၾကာင္း OutBound Tour လုပ္ကိုင္ေနသည့္ ခရီးသြား ကုမၸဏီ တစ္ခ်ိဳ႕ထံမွသိရသည္။ အဆိုပါ ခရီးစဥ္ကို ဇြန္ ၁၇ ရက္မွ ဇြန္လ ၁၉ အထိသြားေရာက္ လည္ပတ္နိုင္ရန္ စီစဥ္ထားၿပီး ထိုင္းနိုင္ငံ တြင္ ႐ုံးခြဲ ဖြင့္လွစ္ ထားသည့္ Direct Go Thailand Travels & Tours မွ တာဝန္ယူ စီစဥ္ ေပးသြားမည္ ျဖစ္ ေၾကာင္း ယင္းကုမၸဏီ၏ တာဝန္ ရွိသူတစ္ဦးက Travelling journal သို႔ေျပာသည္။ ျမန္မာ့ခရီးသြား လုပ္ငန္းအေျခအေနမွာ သုံးႏွစ္နီးပါး ရပ္တန့္တုံ႕ဆိုင္း ခဲ့ရၿပီး ျပည္ပခရီးဝန္ေဆာင္မႈ ေပးေနသည့္ OutBound Tour ေစ်းကြက္ မွာလည္း ပ်က္စီး ခဲ့ ရေၾကာင္း သိရသည္။ ယခုႏွစ္ မွ စတင္ကာ ျပည္ပသို႔ခရီးသြားေရာက္မႈ မွာ တေျဖးေျဖး ျပန္လည္ စတင္ လာခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ထိုင္းနိုင္ငံ တြင္ ေဆးေျခာက္ပင္ကို တရားဝင္စိုက္ပ်ိဳးခြင့္ရရွိခဲ့သည့္ နိုင္ငံ ျဖစ္လာၿပီးေဆးေျခာက္ထည့္သြင္းခ်က္ျပဳတ္ထားသည့္ ဟင္းလ်ာမ်ားကိုလည္း ဝယ္ယူနိုင္ၿပီျဖစ္ေၾကာင္းသိရသည္။ ထိုင္းအစိုးရ က ေဆးေျခာက္ပင္စိုက္ပ်ိဳးေရးကို လုပ္ကိုင္နိင္ရန္အတြက္ အေစ့မ်ားကို ျဖန့္ေဝေပးေနၿပီး လက္ရွိတြင္ ေဆးေျခာက္ပင္စိုက္ရန္ စာရင္း ေပးသြင္းထားသည့္ ကုမၸဏီ ေပါင္း ၂၀၀၀ ေက်ာ္ ရွိ ေၾကာင္း သိရသည္။ "ကုမၸဏီ ၂၀၀၀ ေက်ာ္ က စာရင္းေပးထားေပမဲ့ အခုထိက်တာက ကုမၸဏီ ေလးခုပဲ က်ေသးတယ္။ ဘယ္ႏွစ္ ဧကစိုက္ရမယ္လို႔မသက္မွတ္ထားပါဘူး။ Register လုပ္ထားတဲ့ ေျမအက်ယ္ area ထက္ေတာ့မ ေက်ာ္ရဘူးလို႔ ေတာ့ သိရပါတယ္ "ဟု Direct Go Thailand Travels & Tours မွ တာဝန္ ရွိသူတစ္ဦးက Travelling journal သို႔ေျပာသည္။ ႏွစ္ ညအိပ္ သုံးရက္ ခရီးစဥ္ ကို လူတစ္ဦးလွ်င္ေလယာဥ္ ျဖင့္ ဆိုပါက ဘတ္ တစ္ေသာင္း ဝန္းက်င္ က်မည္ ျဖစ္ၿပီး ကား ျဖင့္ ဆိုပါက ဘတ္ ၇၅၀၀ ဝန္းက်င္ က်မည္ျဖစ္ေၾကာင္း သိရသည္။ " မယ္ေဟာင္ေဆာင္က ထိုင္းေျမာက္ပိုင္း ျဖစ္ၿပီးလြိုင္ေကာ္ နဲ႕နီးတယ္။ အခု စာရင္းေပးထားတာကေတာ့ ၁၀ ေယာက္ေက်ာ္ၿပီ "ဟု ယင္း ခရီးသြား ကုမၸဏီ မွ တာဝန္ ရွိသူက ေျပာသည္။ #Cannabis Tour #OutboundTour
Contine Reading
By - Admin / 11-06-2022
ပြည်တွင်း ခရီးသွား တစ်ချို့ ယခုလအတွင်း ဖုန်ကန်ရာဇီ ရေခဲတောင် ကို တက်ရောက်မည်

ပြည်တွင်း ခရီးသွား တစ်ချို့ ယခုလအတွင်း ဖုန်ကန်ရာဇီ ရေခဲတောင် ကို တက်ရောက်မည်

#Travelling journal မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင် များစွာရှိရာ ပူတာအို မြို့ရှိ အမြင့်ပေ ၁၁၉၂၀ ပေရှိသော ဖုန်ကန် ရာဇီ ရေခဲ တောင် သို့ ပြည်တွင်းခရီးသွား တစ်ချို့ တက်ရောက်မည်ဖြစ်ကြောင်း ပူတာအို အခြေစိုက် ရေခဲတောင်တက်ခရီးစဥ်များကို စီစဥ်ပေးသူ ဦးမိုးမင်းသိန်းက Travelling journal သို့ ပြောသည်။ "မိသားစု လိုက် ဒီ လအတွင်း တက်ရောက် မှာပါ။ နောက်လမှာလည်း ဖုန်ကန်ရာဇီ ကို တက်ရောက် ဖို့ စာရင်း ပေးထားသူတွေ ရှိပါတယ် "ဟု ပူတာအို အခြေစိုက် ရေခဲတောင်တက် ခရီးစဥ်များကို စီစဥ်ပေးသူ ဦးမိုးမင်းသိန်းက Travelling journal သို့ ပြောသည်။ ဖုန်ကန်ရာဇီ ရေခဲတောင်သည် ရေခဲတောင်များ အားလုံးထဲမှ ပူတာအိုနှင့် အနီးဆုံး တောင် ဖြစ်ပြီး သာမာန်သူများ အနေဖြင့် ရေခဲတောင်ခရီးစဥ် များကို တက်ရောက်မည်ဆိုပါက ပထမဦးဆုံး တက်ရောက် လေ့လာသင့်သည့် တောင် ဖြစ်ကြောင်း သိရသည် ။ ပူတာအိုမြို့မှ နောက်ဆုံး ရွာဖြစ်သည့် ဇီယာဒမ်းရွာ သို့ ဆိုင် ကယ်ဖြင့် သွားရောက် မည်ဖြစ်ပြီး ဇီယာဒမ်း ရွာမှ ခြေကျင်ခရီး ဖြင့်သုံးရက်ကြာ သွားရောက် မည် ဖြစ်ကြောင်း သိရသည် ။ ဖုန်ကန်ရာဇီ ရေခဲတောင်တက်သူများအနေဖြင့် ရေခဲတောင် ခရီးစဉ် မစခင် ရက် ၂၀ လောက် အဆင်းအတက် လမ်းလျှောက်ထားရန် လိုအပ်ခြင်း ၊ စက်ဘီးစီးခြင်း ၊ ကြိုးခုံခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကာယလေ့ကျင့်ခန်းများကို ကြိုတင်လေ့ကျင့်ထားသင့်ကြောင်း သိရသည်။ တောင် တက်ခရီးစဥ်အတွက် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီ တောင် ထိ တစ်ဦး လျှင် ကုန်ကျစရိတ်မှာ ၉ သိန်းခန့် ကုန်ကျမည်ဖြစ်ကာ ကုန်ကျစရိတ်တွင် အစားအစာ နှင့် အထမ်းများ ၊ လမ်းပြ ထမင်းချက်များ ပါဝင်ကာ ညအိပ်ရန် အဆင့်သင့် ရွက်ဖျင်တဲ နှင့် အိပ်ယာလိပ်များပါဝင်ပြီး ခရီးသည်အနေဖြင့် ကိုယ်လွတ်သာ လမ်းလျှောက်ရမည်ဖြစ်ကြောင်းသိရသည်။ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ တက်ရောက်ရန် အကောင်းဆုံး အချိန်မှာ နို၀င်ဘာလမှ ဧပြီလကုန်ထိသာ တက်ရောက်ရန် အကောင်းဆုံးဖြစ်ကြောင်း သိရသည်။ #Travelling journal #News #Photo Moe Min Thein
Contine Reading
By - Admin / 29-05-2022
ရေယောင်းမ ရွာကို အခြေပြုပြီး ဖွင့်လှစ်ထားသည့်လေးခုမြောက် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း သို့ လူဦးရေ (၂၀၀ )ထိ လာရောက်လည်ပတ်

ရေယောင်းမ ရွာကို အခြေပြုပြီး ဖွင့်လှစ်ထားသည့်လေးခုမြောက် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း သို့ လူဦးရေ (၂၀၀ )ထိ လာရောက်လည်ပတ်

ကလောမြို့အနီး ရေယောင်းမ ရွာကို အခြေပြုပြီးဖွင့်လှစ်ထားသည့် လေးခုမြောက် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း ကို လူဦးရေ( ၅၀ )မှ လူဦးရေ (၂၀၀) ထိ လာရောက်လေ့ရှိကြောင်း ပိုင်ရှင် ဖြစ်သူက Travelling journal သို့ ပြောသည်။အဆိုပါ သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း ကိုပြီးခဲ့သည့် တစ်လကျော်က ဖွင့်လှစ် ခဲ့ပြီး ဝင်ကြေးအနေဖြင့် လူတစ်ဦးလျှင် ကျပ် (၁၀၀၀) ကောက်ခံကာ ပိတ်ရက်များ၌ လာရောက်လည်ပတ်သူ ဦးရေ က ပို များပြားကြောင်း သိရသည်။ယင်းအပန်းဖြေစခန်းကို ဧက ၂၀ ပေါ်တွင် ဖော်ဆောင်ထားပြီး ငါးမိုင်အကွာတွင် ဝက်ဖြူရေတံခွန် အမည်ပေးထားသည့် ရေတံခွန်ကို လည်း လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။" အဲဒီရေတံခွန်က လည်း ကျွန်တော် မြေ ဧက ထဲမှာ ပါ နေတာ ။ အခုတော့ ဓာတ်ပုံ လာရိုက်ကြတဲ့သူတွေ များလာတယ် "ဟု ၄င်းကပြောသည်။လက်ရှိတွင် ရေယောင်းမ View point ၊ ရှန်ဘာလာ ကလော ရေယောင်းမ View Point ၊ Village Shan State View Point ရှိပြီး သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်း အပါအဝင် လေးခု ရှိပြီ ဖြစ်သည်။"ကျွန်တော်တို့ အပန်းဖြေစခန်း ကတော့ ရေယောင်းမရွာ အဝင် ဝင်ဝင်ချင်း နှစ်ဖာလုံလောက်ဆိုရင် ရောက်ပြီ။ ကျွန်တော်တို့ ကို ကျော်သွားမှ ကျန်တဲ့ သုံးခုကို ရောက်တယ် "ဟု သီရိစန္ဒာ အပန်းဖြေစခန်း ပိုင်ရှင် က Travelling Journal သို့ ပြောသည်။ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားခြင်းခံရပြီး သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ကာ ဓာတ်ပုံရှူခင်း ကြည့်ကွက်များဖြင့် ခရီးသွားဧည့်သည် များကို ဆွဲဆောင်လာသည့် မြို့တော်ဖြစ်လာသည်။
Contine Reading
By - Admin / 23-04-2022
မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

#TravellingJournal ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသား တစ်ဦးက Travelling Journal သို့ ပြောကြားသည်။ အဆိုပါ အစီအစဥ်ကို ရှမ်းကျေးရွာတစ်ခု ဖြစ်သည့်မုဒုံ ရွာမှ တဆင့် ကောင်းမှုလုံ ဘုရားထိ မြစ်ကြောင်း တစ်လျောက်ကို စီးရန် စီစဥ်ထားခြင်း ဖြစ် ကြောင်းသိရသည်။ လက်ရှိတွင် ပူတာအို ရေခဲတောင်ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္မဏီတစ်ခု ဖြစ်သည့် နွေဦးခရီးသွားကုမ္ပဏီ နှင့် ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတို့က ပူးပေါင်း ဖော်ဆောင် ခြင်းဖြစ်ကြောင်းသိရသည်။ "ကျွန်တော်တို့ရဲ့ ပူတာအို ဒေသ ဟာ ခရီးသွား လုပ်ငန်းကို အင်မတန်လုပ်ကိုင်လို့ရတဲ့ ဒေသတစ်ခုပါ။ ပူတာအို ကို လာလည်တဲ့ ခရီးသွားတွေ ရက်ကြာကြာနေနိုင်အောင် Activity တွေ လုပ်လို့ရအောင် အခု မလိခမြစ်ကြောင်းတစ်လျောက် ဖောင်စီးတာပေါ့နော်။ ဖောင်တော့မဟုတ်ဘူးပေါ့ ။ သစ်ထွင်းလှေ နဲ့ မြစ်တွင်းတစ်လျောက် လှပတဲ့ မြင်ကွင်းတွေကို ကြည့်ရှု့ခံစားမယ်။ တိုင်းရင်းသား တွေရဲ့ လူနေမှု ဘဝတွေကို လေ့လာနိုင်မယ်။ အဲလို လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒီဘက်ဒေသက လူတွေရဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ကို ဖော်ဆောင် ပေးချင်လို့ ရည်ရွယ်ပါတယ် "ဟု ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတစ်ဦးက Travelling journal သို့ ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်တက်ရောက်ခဲ့သည့်ခရီးသွားတစ်ချို့က မလိခမြစ်ကြောင်း တစ်လျောက် မြစ်တွင်း လှေစီးခြင်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက လည်း ပူတာအို ဒေသ မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်း လေ့လာရေးကို သွားရောက် ရန် စီစဥ် ထားကြောင်းသိရသည်။ #ZawgyiVersion ပူတာအို ေဒသ ခရီးသြားဖြံ႕ၿဖိဳးေရးအတြက္ ရည္႐ြယ္ၿပီး မလိချမစ္ေၾကာင္းတစ္ေလ်ာက္ အေပ်ာ္စီး ခရီးစဥ္ ပထမဆုံး စတင္ ေဖာ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ေဒသခံခႏၱီးရွမ္းတိုင္းရင္းသား တစ္ဦးက Travelling Journal သို႔ ေျပာၾကားသည္။ အဆိုပါ အစီအစဥ္ကို ရွမ္းေက်း႐ြာတစ္ခု ျဖစ္သည့္မုဒုံ ႐ြာမွ တဆင့္ ေကာင္းမႈလုံ ဘုရားထိ ျမစ္ေၾကာင္း တစ္ေလ်ာက္ကို စီးရန္ စီစဥ္ထားျခင္း ျဖစ္ ေၾကာင္းသိရသည္။ လက္ရွိတြင္ ပူတာအို ေရခဲေတာင္ေဒသ ခရီးသြားဖြံ႕ၿဖိဳးေရးအတြက္ ျမစ္ႀကီးနားအေျခစိုက္ ခရီးသြားကုမၼဏီတစ္ခု ျဖစ္သည့္ ႏြေဦးခရီးသြားကုမၸဏီ ႏွင့္ ေဒသခံခႏၱီးရွမ္း တိုင္းရင္းသားတို႔က ပူးေပါင္း ေဖာ္ေဆာင္ ျခင္းျဖစ္ေၾကာင္းသိရသည္။ "ကြၽန္ေတာ္တို႔ရဲ႕ ပူတာအို ေဒသ ဟာ ခရီးသြား လုပ္ငန္းကို အင္မတန္လုပ္ကိုင္လို႔ရတဲ့ ေဒသတစ္ခုပါ။ ပူတာအို ကို လာလည္တဲ့ ခရီးသြားေတြ ရက္ၾကာၾကာေနနိုင္ေအာင္ Activity ေတြ လုပ္လို႔ရေအာင္ အခု မလိချမစ္ေၾကာင္းတစ္ေလ်ာက္ ေဖာင္စီးတာေပါ့ေနာ္။ ေဖာင္ေတာ့မဟုတ္ဘူးေပါ့ ။ သစ္ထြင္းေလွ နဲ႕ ျမစ္တြင္းတစ္ေလ်ာက္ လွပတဲ့ ျမင္ကြင္းေတြကို ၾကည့္ရႈ႕ခံစားမယ္။ တိုင္းရင္းသား ေတြရဲ႕ လူေနမႈ ဘဝေတြကို ေလ့လာနိုင္မယ္။ အဲလို လုပ္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားတယ္။ ဒီဘက္ေဒသက လူေတြရဲ႕ အလုပ္အကိုင္အခြင့္အလန္းေတြ ကို ေဖာ္ေဆာင္ ေပးခ်င္လို႔ ရည္႐ြယ္ပါတယ္ "ဟု ေဒသခံခႏၱီးရွမ္း တိုင္းရင္းသားတစ္ဦးက Travelling journal သို႔ ေျပာသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္းက ဖုန္ကန္ရာဇီ ေရခဲေတာင္တက္ေရာက္ခဲ့သည့္ခရီးသြားတစ္ခ်ိဳ႕က မလိချမစ္ေၾကာင္း တစ္ေလ်ာက္ ျမစ္တြင္း ေလွစီးျခင္း ကို ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ျမန္မာနိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာနိုင္ငံ ဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူ တစ္ဦးက လည္း ပူတာအို ေဒသ မလိချမစ္ေၾကာင္းတစ္ေလ်ာက္ ျမစ္တြင္း ေလ့လာေရးကို သြားေရာက္ ရန္ စီစဥ္ ထားေၾကာင္းသိရသည္။
Contine Reading
By - Admin / 27-03-2022
မြန်မာနိုင်ငံ ၌ ပထမဆုံးဖြစ်လာမည့် Horse Museum နှင့် ကောင်းဘွိုင် ရွာ ကို မန္တလေး ရွှေမြို့တော်တွင် တည်ထောင်မည်

မြန်မာနိုင်ငံ ၌ ပထမဆုံးဖြစ်လာမည့် Horse Museum နှင့် ကောင်းဘွိုင် ရွာ ကို မန္တလေး ရွှေမြို့တော်တွင် တည်ထောင်မည်

#TravellingJournal မြန်မာနိုင်ငံ ၌ ပထမဆုံးဖြစ်လာမည့် Horse Museum ကို မန္တလေး ရွှေမြို့တော်တွင် ဖွင့်လှစ် သွားရန် စီစဥ်နေ ပြီ ဖြစ် ကြောင်း တာဝန် ယူ ဆောင်ရွက်ပေးနေသည့် Inle Horse တည်ထောင်သူ ဦး ရေအေး က Travelling journal သို့ ပြောသည်။ အဆိုပါ မြင်း ပြတိုက် ကို မန္တလေး- ပြင်ဦးလွင် ၆ မိုင် အနီးရှိ ဧ က ၂၀ တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ လက်ရှိတွင် ပထမဦးဆုံး အနေဖြင့် မြင်းစီး ကွင်း ကို စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း သိရသည်။ မန္တလေး မြို့၌ ဖော်ဆောင်မည့် Horse Museum နှင့် ကောင်းဘွိုင် ရွာ ကို Yangony Waterboom ၊Mandalay Waterboom ကို ဖော်ဆောင်သည့် UMG အုပ်စု မှ အကောင် အထည် ဖော်ဆောင်ရွက် ခြင်း ဖြစ်ကြောင်း သိရသည်။ "ကျွန်တော် စိတ်ကူးက မြင်းစီးကွင်းတွေ ၊ ကောင်းဘွိုင်ရွာ တွေ လုပ်ချင်တာ။ဒါပေမယ့် Investment မနိုင်ဘူး ။ ညောင်ရွေ က မြင်းစီးကွင်းကို မြင်း ခဏ ခဏ လာလာစီးတဲ့ အမ ကို ကျွန်တော့် စိတ်ကူးတွေ ကို ပြောပြတော့ သူကလည်း အဲဒါကို သဘောကျပြီး အကောင် အထည် ဖော်ခိုင်းလို့ အ ခု စပြီး လုပ်နေပါပြီ"ဟု ဦး ရေအေး က Travelling journal သို့ ပြောသည်။ မြင်းပြတိုက် တွင် ရှမ်းပြည် ၌ သေဆုံးခဲ့ သည့် မြင်းလေးကောင် အနက်မှ စိန်မိုးကြီးဟု ခေါ်သည့် မြင်း၏ အရိုးစုကို ကောက်ယူ ထားပြီး ယင်းအရိုးများဖြင့် ရုပ်ထု ထုလုပ်မည် ဖြစ်သလို မြင်းများ၏ သမိုင်းကြောင်းများ နှင့် ပေါ်ပေါက်လာ သည့် ခုနှစ်များ၊ မြန်မာနိုင်ငံတွင် လက်ရှိ ရှိနေသည့် မြင်းအမျိုးအစားများကိုပါ ထည့်သွင်း 'ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်း ဧက အတွင်း တွင် ကောင်းဘွိုင်ရွာ ကို ဖန်တီးပြီး ကောင်းဘွိုင် အိမ်များ ဆောက်လုပ်မည် ဖြစ်သလို သေနတ်အတုများပါ ထားရှိမည် ဖြစ်ကာ အမေရိကန်နိုင်ငံ Texas မြို့က ကောင်းဘွိုင်ရွာ ကို ရောက်သည့် ခံစားမှုမျိုး ရရှိအောင် ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းကာလများတွင် မြန်မာ့ရိုးရာမြင်းစီးသရုပ်ပြပွဲများကို ထည့်သွင်းသွားရန် စီစဥ်ထားပြီး မြင်းထိန်းကလပ်များပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ #ZawgyiVersion ​ြမန္မာနိုင္ငံ ၌ ပထမဆုံးျဖစ္လာမည့္ Horse Museum ကို မႏၱေလး ေ႐ႊၿမိဳ႕ေတာ္တြင္ ဖြင့္လွစ္ သြားရန္ စီစဥ္ေန ၿပီ ျဖစ္ ေၾကာင္း တာဝန္ ယူ ေဆာင္႐ြက္ေပးေနသည့္Inle Horse တည္ေထာင္သူ ဦး ေရေအး က Travelling journal သို႔ ေျပာသည္။ အဆိုပါ ျမင္း ျပတိုက္ ကို မႏၱေလး- ျပင္ဦးလြင္ ၆ မိုင္ အနီးရွိ ဧ က ၂၀ တြင္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။ လက္ရွိတြင္ ပထမဦးဆုံး အေနျဖင့္ ျမင္းစီး ကြင္း ကို စတင္ အေကာင္ အထည္ေဖာ္ ေနၿပီ ျဖစ္ေၾကာင္း သိရသည္။ မႏၱေလး ၿမိဳ႕၌ ေဖာ္ေဆာင္မည့္ Horse Museum ႏွင့္ ေကာင္းဘြိုင္ ႐ြာ ကို Yangony Waterboom ၊Mandalay Waterboom ကို ေဖာ္ေဆာင္သည့္ UMG အုပ္စု မွ အေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ ျခင္း ျဖစ္ေၾကာင္း သိရသည္။ "ကြၽန္ေတာ္ စိတ္ကူးက ျမင္းစီးကြင္းေတြ ၊ ေကာင္းဘြိုင္႐ြာ ေတြ လုပ္ခ်င္တာ။ဒါေပမယ့္ Investment မနိုင္ဘူး ။ ေညာင္ေ႐ြ က ျမင္းစီးကြင္းကို ျမင္း ခဏ ခဏ လာလာစီးတဲ့ အမ ကို ကြၽန္ေတာ့္ စိတ္ကူးေတြ ကို ေျပာျပေတာ့ သူကလည္း အဲဒါကို သေဘာက်ၿပီး အေကာင္ အထည္ ေဖာ္ခိုင္းလို႔ အ ခု စၿပီး လုပ္ေနပါၿပီ"ဟု ဦး ေရေအး က Travelling journal သို႔ ေျပာသည္။ မြင္းျပတိုက္ တြင္ ရွမ္းျပည္ ၌ ေသဆုံးခဲ့ သည့္ ျမင္းေလးေကာင္ အနက္မွ စိန္မိုးႀကီးဟု ေခၚသည့္ ျမင္း၏ အရိုးစုကို ေကာက္ယူ ထားၿပီး ယင္းအရိုးမ်ားျဖင့္ ႐ုပ္ထု ထုလုပ္မည္ ျဖစ္သလို ျမင္းမ်ား၏ သမိုင္းေၾကာင္းမ်ား ႏွင့္ ေပၚေပါက္လာ သည့္ ခုႏွစ္မ်ား၊ ျမန္မာနိုင္ငံတြင္ လက္ရွိ ရွိေနသည့္ ျမင္းအမ်ိဳးအစားမ်ားကိုပါ ထည့္သြင္း ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။ ထို႔အျပင္ ယင္း ဧက အတြင္း တြင္ ေကာင္းဘြိုင္႐ြာ ကို ဖန္တီးၿပီး ေကာင္းဘြိုင္ အိမ္မ်ား ေဆာက္လုပ္မည္ ျဖစ္သလို ေသနတ္အတုမ်ားပါ ထားရွိမည္ ျဖစ္ကာ အေမရိကန္နိုင္ငံ Texas ၿမိဳ႕က ေကာင္းဘြိုင္႐ြာ ကို ေရာက္သည့္ ခံစားမႈမ်ိဳး ရရွိေအာင္ ဖန္တီးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ေနာက္ပိုင္းကာလမ်ားတြင္ ျမန္မာ့ရိုးရာျမင္းစီးသ႐ုပ္ျပပြဲမ်ားကို ထည့္သြင္းသြားရန္ စီစဥ္ထားၿပီး ျမင္းထိန္းကလပ္မ်ားပါ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
Contine Reading
By - Admin / 06-03-2022
စစ်ကိုင်းမြို့တွင် The Century XVI ဟိုတယ်ကို မကြာခင် ဖွင့်လှစ်တော့မည်

စစ်ကိုင်းမြို့တွင် The Century XVI ဟိုတယ်ကို မကြာခင် ဖွင့်လှစ်တော့မည်

#TravellingJournal ဇေယျာရွှေမြေ ဟု တင်စားသည့် စစ်ကိုင်းမြို့တွင် The Century XVI ဟု အမည်ရသည့် ဟိုတယ်ကိုမကြာခင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်မှာ စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းဘေး တွင် ရှိပြီး ဖေဖော်ဝါရီ ၂ ရက် နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကာ အခန်းခစျေးနှုန်းများမှာ Delux Room အခန်းကို ကျပ်သုံးသောင်း နှင့် Superior Room အခန်း ကို ကျပ် နှစ်သောင်းငါးထောင် သတ်မှတ် ထားကာ ယင်းဟိုတယ်တွင် Infinity Swimming Pool၊ Karaoke Room၊ Beauty &Spa ၊ Meeting Room အခန်းများလည်း ထည့်သွင်းထား ကြောင်း သိရသည်။ လက်ရှိ စစ်ကိုင်းမြို့တွင် ဟိုတယ် ၈ လုံးရှိပြီး ပြည်တွင်း ခရီးသွားလုပ်ငန်းပေါ်သာ မှီခိုရပ်တည်နေရပြီး လက်ရှိအခြေအနေအရ တစ်နေ့လျှင် ဟိုတယ်အခန်းရရှိမှုမှာ အခန်း သုံး ခန်း မှ လေး ခန်း ဝန်းကျင် ဖြင့်သာ ရပ်တည် လည်ပတ်နေရကြောင်း စစ်ကိုင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦး က Travelling journal သို့ ပြောသည်။ စစ်ကိုင်းမြို့တွင် ရှိ ထင်ရှားကျော်ကြားသည့် ဘုရားများမှာ ဆွမ်းဦး ပုညရှင်ဘုရား၊ တောင်ဖီလာဘုရား၊ ဇေတဝန် ဘုရား၊ ချမ်းသာကြီးဘုရား ၊ ဥမင်သုံးဆယ် ၊ ရှင်ပင်နန်းဦး ၊ နံပင်နံကိုင်းဘုရား ၊ လေးကျွန်းမာန်အောင်ဘုရား၊ ပတ္တမြားစေတီဘုရား၊ထူပါရုံဘုရား၊ ရှင်ဖြူရှင်လှဘုရား ၊ အောင်မြေ လောက ကျောက်စေတီဘုရား ၊ ငါးထပ်ကြီး ဘုရား နှင့် ကောင်းမှုတော်ဘုရားတို့ ဖြစ်ကြသည်။ #ZawgyiVersion ေဇယ်ာေ႐ႊေျမ ဟု တင္စားသည့္ စစ္ကိုင္းၿမိဳ႕တြင္ The Century XVI ဟု အမည္ရသည့္ ဟိုတယ္ကို မၾကာခင္ြဖင့္လွစ္ေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ဟိုတယ္မွာ စစ္ကိုင္းၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘး တြင္ ရွိၿပီး ေဖေဖာ္ဝါရီ ၂ ရက္ ေန႕တြင္ ဖြင့္လွစ္မည္ ျဖစ္ကာ အခန္းခေစ်းႏႈန္းမ်ားမွာ Delux Room အခန္းကို က်ပ္သုံးေသာင္း ႏွင့္ Superior Room အခန္း ကို က်ပ္ ႏွစ္ေသာင္းငါးေထာင္ သတ္မွတ္ ထားကာ ယင္းဟိုတယ္တြင္ Infinity Swimming Pool၊ Karaoke Room၊ Beauty &Spa ၊ Meeting Room အခန္းမ်ားလည္း ထည့္သြင္းထား ေၾကာင္း သိရသည္။ လက္ရွိ စစ္ကိုင္းၿမိဳ႕တြင္ ဟိုတယ္ ၈ လုံးရွိၿပီး ျပည္တြင္း ခရီးသြားလုပ္ငန္းေပၚသာ မွီခိုရပ္တည္ေနရၿပီး လက္ရွိအေျခအေနအရ တစ္ေန႕လွ်င္ ဟိုတယ္အခန္းရရွိမႈမွာ အခန္း သုံး ခန္း မွ ေလး ခန္း ဝန္းက်င္ ျဖင့္သာ ရပ္တည္ လည္ပတ္ေနရေၾကာင္း စစ္ကိုင္း ဟိုတယ္လုပ္ငန္းရွင္တစ္ဦး က Travelling journal သို႔ ေျပာသည္။ စစ္ကိုင္းၿမိဳ႕တြင္ ရွိ ထင္ရွားေက်ာ္ၾကားသည့္ ဘုရားမ်ားမွာ ဆြမ္းဦး ပုညရွင္ဘုရား၊ ေတာင္ဖီလာဘုရား၊ ေဇတဝန္ ဘုရား၊ ခ်မ္းသာႀကီးဘုရား ၊ ဥမင္သုံးဆယ္ ၊ ရွင္ပင္နန္းဦး ၊ နံပင္နံကိုင္းဘုရား ၊ ေလးကြၽန္းမာန္ေအာင္ဘုရား၊ ပတၱျမားေစတီဘုရား၊ထူပါ႐ုံဘုရား၊ ရွင္ျဖဴရွင္လွဘုရား ၊ ေအာင္ေျမ ေလာက ေက်ာက္ေစတီဘုရား ၊ ငါးထပ္ႀကီး ဘုရား ႏွင့္ ေကာင္းမႈေတာ္ဘုရားတို႔ ျဖစ္ၾကသည္။ #Photo The Century XVI
Contine Reading
By - Admin / 25-01-2022
တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် သရပါ ဟိုတယ် ပြန်လည် ဖွင့်လှစ်

တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် သရပါ ဟိုတယ် ပြန်လည် ဖွင့်လှစ်

#TravellingJournal တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ပုဂံရှေးဟောင်း မြို့တွင်းက သရပါဟိုတယ်အား ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ဟိုတယ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သရပါဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။ ဟိုတယ်အခန်းပေါင်း ၈၀ ကျော်ရှိသော်လည်း လက်ရှိ အခန်း ၃၀ ကိုသာ ဖွင့်လှစ်ပေးထားသလို ဟိုတယ်အခန်းခနှုန်းထားများကို ၅၀ ရာခိုင်နှုန်း ဝန်းကျင်ထိ လျော့ချ ပေးထားကြောင်း သိရသည်။ " စက်တင်ဘာ ၂၀၂၀ က ပိတ်ထား တာ။ တစ်နှစ် ကျော် ကြာ ပိတ်ထားခဲ့တယ်။ အခုလက်ရှိ တော့ အခန်း၃၀ ပဲဖွင့်ပေးပါတယ်။အခန်း ခ လျှော့ချ ထားတယ်။ Promotion ကာလ က ဇန်နဝါရီ လောက်ထိတော့ ရှိပါတယ်။ ကျွန်တော်တို့ ဆီ Christmas နဲ့ New year ကာလ မှာ ဟိုတယ်အခန်း ခ တွေကို ထပ်ပြီး စျေးတတ် ခြင်း မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် နားက စားသောက် ဆိုင် တွေ လည်း အကုန်ဖွင့် တယ်။ မြင်းလှည်း တုတ်တုတ် လည်း ငှားလို့ ရတယ်။ ဧရာဝတီမြစ်ထဲတလျှောက် ပုဂံ အလှကို စက်လှေနဲ့ ကြည့်နိုင်ပါတယ်။ မြို့ဟောင်းထဲဆိုတော့ ဘုရားတွေ ဆီ သွားရတာ အရမ်း နီးပါတယ် "ဟု သရပါဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။ လက်ရှိတွင် သရပါဟိုတယ်၏ အခန်းခ နှုန်းထားများကို Deluxe Room (နှစ် ယောက်ခန်း) တစ်ညလျှင် ကျပ် ခြောက်သောင်း ၊ မိသားစု ၄ ဦးအထိ တည်းခိုလို့ ရသည့် Family Room အခန်းကို တစ်ညလျှင် ကျပ် တစ်သိန်းနှစ်သောင်း ဖြစ် သတ်မှတ်ထားပြီး Extra Bed တစ်ဦးလျှင် ကျပ် သုံးသောင်း သတ်မှတ်ပေးထားကြောင်း သိရသည်။ ထို့ပြင် ဟိုတယ်အခန်းခများကို Bank Transfer ဖြင့် ငွေပေးချေနိင်သလို KBZ Pay, CB Pay မှလည်း ငွေပေးချေနိုင် ကြောင်းသိရသည်။ ပုဂံရောက်ပြီဆိုပါ က ပြည်တွင်းခရီးသွား အများစု သွားလည်ကြသည့်နေရာများမှာ ပြည့်ငါးပြည့်၊ စွယ်တော်လေးဆူ ၊နတ်ရေကန် ၊ဇီအို နတ်ထိန်းတော၊မန်ကျီးကိုးခွ ၊ထန်းကိုးမွှာ၊ အညာ ထန်းတောများနှင့် ပုပ်ပါးတောငျ သို့ သွား ရောက် လည်ပတ်ကြောင်း သိရသည်။ #ZawgyiVersion တစ္ႏွစ္ေက်ာ္ၾကာ ပိတ္ထားခဲ့သည့္ ပုဂံေရွးေဟာင္း ၿမိဳ႕တြင္းက သရပါဟိုတယ္အား ဒီဇင္ဘာ ၁၅ ရက္မွ စတင္ကာ ဟိုတယ္ကို ျပန္လည္ ဖြင့္လွစ္လိုက္ၿပီ ျဖစ္ေၾကာင္း သရပါဟိုတယ္မွ တာဝန္ရွိသူ တစ္ဦးက Travelling journal သို႔ ေျပာသည္။ ဟိုတယ္အခန္းေပါင္း ၈၀ ေက်ာ္ရွိေသာ္လည္း လက္ရွိ အခန္း ၃၀ ကိုသာ ဖြင့္လွစ္ေပးထားသလို ဟိုတယ္အခန္းခႏႈန္းထားမ်ားကို ၅၀ ရာခိုင္ႏႈန္း ဝန္းက်င္ထိ ေလ်ာ့ခ် ေပးထားေၾကာင္း သိရသည္။ " စက္တင္ဘာ ၂၀၂၀ က ပိတ္ထား တာ။ တစ္ႏွစ္ ေက်ာ္ ၾကာ ပိတ္ထားခဲ့တယ္။ အခုလက္ရွိ ေတာ့ အခန္း၃၀ ပဲဖြင့္ေပးပါတယ္။အခန္း ခ ေလွ်ာ့ခ် ထားတယ္။ Promotion ကာလ က ဇန္နဝါရီ ေလာက္ထိေတာ့ ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဆီ Christmas နဲ႕ New year ကာလ မွာ ဟိုတယ္အခန္း ခ ေတြကို ထပ္ၿပီး ေစ်းတတ္ ျခင္း မရွိပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္ နားက စားေသာက္ ဆိုင္ ေတြ လည္း အကုန္ဖြင့္ တယ္။ ျမင္းလွည္း တုတ္တုတ္ လည္း ငွားလို႔ ရတယ္။ ဧရာဝတီျမစ္ထဲတေလွ်ာက္ ပုဂံ အလွကို စက္ေလွနဲ႕ ၾကည့္နိုင္ပါတယ္။ ၿမိဳ႕ေဟာင္းထဲဆိုေတာ့ ဘုရားေတြ ဆီ သြားရတာ အရမ္း နီးပါတယ္ "ဟု သရပါဟိုတယ္မွ တာဝန္ ရွိသူတစ္ဦးက Travelling journal သို႔ ေျပာသည္။ လက္ရွိတြင္ သရပါဟိုတယ္၏ အခန္းခ ႏႈန္းထားမ်ားကို Deluxe Room (ႏွစ္ ေယာက္ခန္း) တစ္ညလွ်င္ က်ပ္ ေျခာက္ေသာင္း ၊ မိသားစု ၄ ဦးအထိ တည္းခိုလို႔ ရသည့္ Family Room အခန္းကို တစ္ညလွ်င္ က်ပ္ တစ္သိန္းႏွစ္ေသာင္း ျဖစ္ သတ္မွတ္ထားၿပီး Extra Bed တစ္ဦးလွ်င္ က်ပ္ သုံးေသာင္း သတ္မွတ္ေပးထားေၾကာင္း သိရသည္။ ထို႔ျပင္ ဟိုတယ္အခန္းခမ်ားကို Bank Transfer ျဖင့္ ေငြေပးေခ်နိင္သလို KBZ Pay, CB Pay မွလည္း ေငြေပးေခ်နိဳင္ ေၾကာင္းသိရသည္။ ပုဂံေရာက္ၿပီဆိုပါ က ျပည္တြင္းခရီးသြား အမ်ားစု သြားလည္ၾကသည့္ေနရာမ်ားမွာ ျပည့္ငါးျပည့္၊ စြယ္ေတာ္ေလးဆူ ၊နတ္ေရကန္ ၊ဇီအို နတ္ထိန္းေတာ၊မန္က်ီးကိုးခြ ၊ထန္းကိုးမႊာ၊ အညာ ထန္းေတာမ်ားႏွင့္ ပုပ္ပါးတောင် သို႔ သြား ေရာက္ လည္ပတ္ေၾကာင္း သိရသည္။ #Photo - သရပါဟိုတယ်
Contine Reading
By - Admin / 16-12-2021