Featured Local News

Popular Local News

All Local News

ငပလီကမ်းခြေ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့် ပထမဆုံး Camping Site အသစ် ဖော်ထုတ်

ငပလီကမ်းခြေ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့် ပထမဆုံး Camping Site အသစ် ဖော်ထုတ်

Travelling Journal နာမည်ကျော်ကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေ၏ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့်သည့် ပထမဆုံး Camping Site အသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ဖော်ဆောင်သူ ဦးဝေယံက Travelling သို့ ပြောသည်။ အဆိုပါ Camping Site ကို Mini Camping ပုံစံမျိုးဖော်ဆောင်ထားပြီး လင့်စင် ၊ ရွက်ဖျင်တဲ ၊ ဒါန်း ၊ဝါးထိုင်ခုံများပါ ထည့်သွင်းထားကြောင်းသိရသည်။ " ကျွန်တော်တို့ အခု Tent လေးလုံးနဲ့ စထားပါတယ်။ နေ့ချင်းပြန် ခရီးစဥ် အတွက် ကြို/ပို့ အပါအဝင် နေ့လည်စာအပါ ငါးယောက်တစ်ဖွဲ့ ကို ကျပ်တစ်သိန်းဝန်းကျင် သတ်မှတ်ထားပါတယ် "ဟု ဦးဝေယံက Travelling သို့ ပြောသည်။ အဆိုပါ နေ့ချင်းပြန်ခရီးစဥ်တွင် အဘဲရွာကို Sightseen ကြည့်ရှုခြင်းနှင့် ငါးမျှားခြင်းစသည့် Activity များလည်း ပါဝင်ကြောင်း သိရသည်။ အဘဲရွာသည် အိမ်ခြေ ၅၀ ပတ်ဝန်းကျင်ရှိပြီး ဒေသခံများ၏ အဓိကအသက် မွေးဝမ်းကျောင်း လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး နှင့် မိရိုးဖလာ တံငါလုပ်ငန်းကိုလုပ်ကိုင်ကြောင်းဖော်ဆောင်သူ ဒေသခံ ဦးဝေယံက ပြောသည်။ လက်ရှိတွင် ငပလီကမ်းခြေကို အမှီပြုပြီး ရင်းနှီးမြုပ်နှံထားသည့် ဟိုတယ်/တည်းခိုခန်းအလုံးရေ ၅၀ ဝန်းကျင်ရှိပြီး ဧည့်သည် အများစုမှာ Blue Lagoon, Safari beach (snorkeling place), Floating bridge, Paradise beach Fisherman village, White sand island, Light house, Pearl island တို့ကို အများဆုံး သွားရောက်လည်ပတ်ကြကြောင်း သိရသည်။ Photo Ko Wai Yan
Contine Reading
By - Admin / 18-10-2023
အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise မှရန်ကုန် -ချောင်းသာ ခရီးစဥ်ကို ပထမဆုံး ပြေးဆွဲမည်

အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise မှရန်ကုန် -ချောင်းသာ ခရီးစဥ်ကို ပထမဆုံး ပြေးဆွဲမည်

Travelling Journal ပြည်တွင်းကုမ္ပဏီတစ်ခု​ဖြစ်သည့် Moken Capital ကုမ္ပဏီ လက်အောက်ရှိ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise မှ ရန်ကုန် -ချောင်းသာ ခရီးစဥ်ကို ပထမဆုံး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။ "လက်ရှိက ရာသီဥတုအနေအထားကို ခန့်မှန်းထားနေတာမို့ ထွက်မဲ့ရက်အတိအကျကို သေချာမပြောနိုင်ဖြစ်နေတာပါ။ သေချာတာကတော့ သီတင်းကျွတ်အမှီတော့ ပြေးဆွဲမှာပါ "ဟု Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။ ပြည်တွင်းခရီးသွားစျေးကွက် ဝေစုရရှိထားသည့်ချောင်းသာကမ်းခြေသို့ ပထမဆုံးပြေးဆွဲပေးခြင်းဖြစ်ပြီး ချောင်းသာကမ်းခြေ အခြေစိုက်ကာ ကျွန်းပတ်ခရီးစဥ်များကို ဧပြီလအထိ ​ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးခရီးစဥ် အနေဖြင့် ရန်ကုန်-ချောင်းသာ (၂) ညအိပ် (၃) ရက် ခရီးစဥ်အတွက် Suite Cabin with Private Bathroom နှစ်ယောက်အိပ်ခန်းကို တည်းခိုမည်ဆိုပါက ကျပ် (၁၅) သိန်း ကျသင့်မည်ဖြစ်ပြီး သုံးယောက်အိပ်ခန်း ကို တည်းခိုမည်ဆိုပါက ကျပ် (၁၄)သိန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်္ဘောပေါ်တွင် စုစုပေါင်း အိပ်ခန်း(၅) ခန်းပါဝင်ပြီး လူဦးရေ( ၁၃ )ဦးသာ တည်းခိုနိုင်ကြောင်း သိရသည်။ ယင်းခရီးစဥ်အတွက် နံနက်စာ ၊ နေ့လည်စာ ၊ညစာ အခမဲ့ သုံးဆောင်နိုင်ရန် စီစဉ်ထားပေးခြင်းနှင့် ကာရာအိုကေ အခမဲ့ သီဆိုနိုင်ခြင်း၊ Onboard Kitchen နှင့် Onboard Bar လည်း ပါဝင်ကြောင်းသိရသည်။ အဆိုပါ ရေကြောင်းခရီးစဉ်အတွင်း တွံတေးမြို နှင့် တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းများကြည့်ရှုနိုင်ခြင်း ၊ ဧရာဝတီ ၏ (Delta Region) သဘာဝ အလှတရားများနှင့် နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည်ရှုခြင်း ၊မော်တင်စွန်း တန်ခိုးကြီးဘုရားအား သွားရောက်ဖူးမြော်ခြင်း၊ ဟိုင်းကြီးကျွန်းသို့ သွားရောက်လည်ပတ်ခြင်း ၊ ဂေါ်ရင်ဂျီကမ်းခြေသို့ သွားရောက် ကြည့်ရှုခြင်းနှင့် ချောင်းသာကမ်းခြေ လည်ပတ်ခြင်းတို့ကို ထည့်သွင်းထားကြောင်း သိရသည်။ "ချောင်းသာ ကျွန်းပတ်ခရီးစဥ်ကတော့ စျေးနှုန်း ကိုမတွက်ချက်ရသေးပါဘူး။ အဲဒီမှာပြေးဆွဲပေးနေတဲ့ Speed Boat တွေရဲ့စျေးနှုန်းတွေနဲ့လည်း ချိန်ကြည့်ရအုံးမှာပါ" ဟု Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။ အဆိုပါ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise သည်ချောင်းသာတွင် အ​ ​ခြေစိုက်ပြီး ဂေါ်ရန်ဂျီကျွန်း ၊ လိပ်ကျွန်း ၊ ငှက်ကျွန်း စသည့် ကျွန်းပတ်ခရီးစဥ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ Photo-MokenCruise
Contine Reading
By - Admin / 16-10-2023
သုံးနှစ်တစ်ကြိမ်ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) ၏အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်၊ရာထူးတချို့ လူပြောင်းလဲမှုများရှိခဲ့

သုံးနှစ်တစ်ကြိမ်ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) ၏အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်၊ရာထူးတချို့ လူပြောင်းလဲမှုများရှိခဲ့

Travelling Journal ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၃ -၂၀၂၆ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌ အဖြစ် ဦးရန်ဝင်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ ယင်းနောက်တွင် ညီနောင်အသင်းသားအစုအဖွဲ့​များမှ အလုပ်အမှုဆောင်များကို Opa Vote ဖြင့် ဆန္ဒမဲထည့်ကြပြီးနောက် ဦးမျိုးဝင်းသန်း ဒု-ဥက္ကဋ္ဌ (၁) ၊ ဦးလူမွန် ဒု-ဥက္ကဋ္ဌ (၂) ၊ ဦးကျော်မင်းထင် ဒု-ဥက္ကဋ္ဌ (၃) ၊ ဦးနောင်းနောင်းဟန် ဒု-ဥက္ကဋ္ဌ (၄) ၊ ဦးမျိုးသွင် ဒု-ဥက္ကဋ္ဌ (၅) ၊ ဦးအောင်မျိုးမင်းဒင် ဒု-ဥက္ကဋ္ဌ (၆) ၊ ဦးသန်းထွဋ် အထွေထွေအတွင်းရေးမှုူး ၊ ဦးကျော်မင်းလှိုင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၊ဦးကျော်ကျော်ဆင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ၊ ဦးကောင်းမင်းခန့် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) ၊ ဦးလင်းထိန် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၄) ၊ ဦးကျော် ဇေယျ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၅) ၊ ဒေါ်နေရည်အောင်​တွဲဖက် အထွေထွေ အတွင်းရေးမှူး (၆) တို့ကိုရွေးချယ်ခဲ့ကြသည်။ ထို့​​နောက် ဘဏ္ဍာရေးမှူးအဖြစ်​ ဦးသန်းရွှေ ၊ ဒေါ်ခင်သိဂိီလှမောင် တွဲဖက် ဘဏ္ဍာရေးမှူး (၁) ၊ ဦးကျော်မင်းထိုက် တွဲဖက် ဘဏ္ဍာရေးမှူး (၂) ၊ ဦးမင်းသိန်း စာရင်း စစ် ၊ ဒေါ်မေသက်လွင် တွဲဖက်စာရင်းစစ် (၁) ၊ ဒေါ်အေးသီတာမိုး တွဲဖက်စာရင်းစစ်(၂) နှင့် ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဒေါ်တင်မာမြင့် ၊ ဦးဖြိုးဇော်ဝေ ၊ ဒေါ်နှင်းသက်ကျော်နိုင် တို့ အား အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ အလုပ်အမှုဆောင်များအဖြစ် ဦးကျော်ဇေယျ (မန္တလေး) ၊ ဦးကျော်ဝင်း၊ ဒေါ်ခိုင်နွယ်သိန်း၊ဒေါ်စံမေခင်၊ဒေါ်စုမြတ်စန္ဒီဦး၊ ဦးဇာနည်တင်မြင့်၊ ဦးတင်မြင့် ၊ဦးတူးခေါင်၊ ဦးထွန်းလင်းသောင်း၊ဒေါ်နှင်းယိမ်းအောင် ၊ ဦးနေအောင်ကို ၊ဒေါ်ဖြူဖြူတင် ၊ ဦးမင်းအောင်မော်၊ ဦးမျိုးမင်းဇော် ၊ဦးမျိုးလွင် (ခ) ဦးမျိုးကြီး ၊ ဦးမျိုးသိန်းကျော်၊ ဦးမြင့်ဇော် ၊ ဦးမြင့်ထွေး( ခ) ဦးသာဓု ၊ဒေါ်မြတ်စုခိုင် ၊ ဦးမောင်မောင်အေး ၊ ဦးရဲဝင်း ၊ ဦးလှမြင့် ၊ ဦးဝင်းနိုင်ဦး ၊ ဦးသက်ထူးအောင်၊ ဦးသက်လွင်တိုး ၊ ဦးသန်းဌေး( ဒု ဥက္ကဋ္ဌ) ၊ ဦးသန်းဌေး( ဥက္ကဋ္ဌ) တို့ဖြင့် အသီးသီးပြန်လည် ဖွဲ့စည်းခဲ့သည်။ အဆိုပါ အလုပ်အမှုဆောင်များရေွးချယ်ပွဲကို အောက်တိုဘာ ၁၄ ရက် က အင်းယားလိတ် ဟိုတယ် ၊ Mingalar Ball Room ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းဆက်စပ်ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အဖွဲ့ချုပ် တစ်ခုဖြစ်ကြောင်းသိရသည်။
Contine Reading
By - Admin / 15-10-2023
နောင်ချိုမြို့ မဲပုတ်ကျေးရွာတွင် ရောင်စုံဘန်ဂလိုများပါဝင်သည့် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို မကြာခင် ဖွင့်လှစ်မည်

နောင်ချိုမြို့ မဲပုတ်ကျေးရွာတွင် ရောင်စုံဘန်ဂလိုများပါဝင်သည့် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို မကြာခင် ဖွင့်လှစ်မည်

Travelling Journal ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့၊ မဲပုတ်ကျေးရွာ အနီးတွင် ရောင်စုံဘန်ဂလိုများ ပါဝင်သည့်ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းကို မကြာခင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အပန်း ဖြေစခန်းပိုင်ရှင် ဦးဖြိုးဝေလင်းက Travelling သို့ ပြောသည်။ ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ် နှင့်ဟိုတယ်ကို မြေဧက ၅ ဧက နီး ပေါ်တွင် တည်ဆောက် ထားတာဖြစ်ပြီး မြင်းစီးကွင်း ၊ စက်ဘီးစီးကွင်း ၊ပန်းခြံအပြင် နာနတ်သီးစိုက်ခင်းကိုပါ ထည့်သွင်းစိုက်ပျိုးထားကြောင်း အပန်းဖြေစခန်းသစ်တွင် ပူးတွဲရင်းနှီးမြုပ်နှံသူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။ " မဲပုတ်ကျေးရွာမှာ ဖွင့်ထားတဲ့ ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေစခန်းကတော့ Luxury Type ပုံစံဘက် သွားတယ်လို့မြင်မိပါတယ်။ ပန်းပင်တွေကိုလည်းသပ်သပ်ရပ်ရပ်လေးနဲ့လှအောင်လုပ်ထားတယ်။ မေမြို့ View ကိုခံစားရနိုင်တဲ့ခံစားမှုမျိုးလေးရတယ်။ နောင်ချိုကြီးက တိမ်ပင်လယ်တွေ နဲ့မတူညီတဲ့ ရသတစ်မျိုးကို ရရှိစေတယ်လို့ စိတ်မှာခံစားစေရပါတယ်။ တိမ်ပင်လယ် ကိုသွားတဲ့လမ်းကတော့မြေနီလမ်းဆိုပေမယ့် အရမ်းကြီးတော့လမ်း သိပ်မကောင်းသေးပါဘူးလို့ စက်တင်ဘာ ၁၇ ရက်က သွားရောက်လည်ပတ်ခဲ့တဲ့ နောင်ချိုမြို့က ဒေသခံ တစ်ဦးဖြစ်သူ ခရီးသွားအမျိုးသမီး တစ်ဦးက သူ၏ အတွေ့အကြုံ ကို Travelling သို့ ပြောသည်။ လက်ရှိတွင် ရွက်ဖျင်တဲ အလုံး (၁၁)နှင့် ရောင်စုံဘန်ဂလို လုံးချင်းအိမ်(၁၄) ​လုံးကို ဖွင့် လှစ်ထားပြီးစုစုပေါင်း( ၂၅) လုံးရှိ ကြောင်း သိရသည်။ လေးယောက် နေထိုင်နိုင်သည့် ဘန်ဂလို တွင် ငှားရမ်းခ စျေးနှုန်း မှာ တစ်ညလျှင် ကျပ် နှစ်သိန်းနှင့် ရှစ်ယောက်နေထိုင်နိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် သုံးသိန်းနှစ်သောင်း ၊ နှစ်ယောက်အိပ် Tent ​ဖြင့် ငှားရမ်းမည်ဆိုပါက ကျပ် ရှစ်သောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့် တိမ်ပင်လယ်စခန်းများမှာတိမ်ပင်လယ် ဦးထွန်းရွှေ ၊သတ္တမမြောက် ကောင်းကင်ဘုံ ၊ Cherry Hill Resort ၊ Sky Resort ၊ Cotton Hill ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း၊Win Villa နှင့် Naykyar Villa စသည့် တိမ်ပင်လယ်စခန်း များကို ဖွင့်လှစ် ထားပြီးဖြစ်သော်လည်း မဲပုတ်ကျေးရွာ တွင် ဒုဋ္ဌဝတီ တိမ်ပင်လယ်စခန်းကို ပထမဆုံး ဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရသည်။ "တစ်ဧက နီးပါးပေါ်မှာ နာနတ်သီးစိုက်ခင်းကိုစိုက်ထားတာ အခုဆိုအသီးတွေသီးနေပါပြီ။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်းကိုယ်တိုင်ခူးပြီး ဖျော်ရည်လည်းသောက် သုံးနိုင်တဲ့အပြင် နာနတ်သီးစိုက်ခင်းနဲ့လည်းဓာတ်ပုံ တွဲရိုက်နိုင်လို့လည်းရတယ် "လို့ ပူးတွဲ ရင်းနှီးမြုပ်နှံသူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။ နောင်ချိုကြီးတိမ်ပင်လယ်နားတွင်အစောပိုင်းက ဖွင့်လှစ် ရန် ရည်ရွယ်ခဲ့သော်လည်း ဓနုတိုင်းရင်းသားများနေထိုင်ကြသည့် မဲပုတ်ကျေးရွာတွင် တစ်ည ညအိပ်ခဲ့ပြီး တိမ်ပင်လယ်အလှကိုမြင်တွေ့ပြီးနောက် ယင်းနေရာတွင် ဖွင့် လှစ်ရန် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း နောင်ချိုဒေသခံ လည်းဖြစ်သူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။ ထို့ပြင်ဒေသ၏ခရီးသွားလုပ်ငန်းဖွံဖြိုးရေး၊ ကျေးလက်နေ ဒေသခံများအားအလုပ်အကိုင်ရရှိရေး ၊ တိမ်မြုတ်နေသည့် သဘာဝအလှပများကို နိုင်ငံတကာကို ပြသခွင့်နိုင်ရန်ရည်ရွယ် ချက်ဖြင့် ယင်းအပန်းဖြေစခန်းကို အကောင် အထည်ဖော် ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရသည်။ အပန်းဖြေ စခန်းသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများအတွက် ထူးထူးခြားခြား အနေဖြင့်ကိန္ဒရီကိန္ဒာရာ အကအလှများ ၊ ရှမ်းအိုးစည် နှင့်ဓနုအကအလှများကို နေ့စဥ် ည၇ နာရီမှ ည၉ နာရီထိ ဖျော် ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ပေးရသည့် စျေးထက် လာရောက်တည်းခိုကြမည့်ခရီးသွားများအတွက် မတူညီတဲ့ခံစားမှုကိုရရှိစေရန်အပြင် ဧည့်သည် စိတ်ချမ်းမြေ့စေရေးကိုပါ အဓိက ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တိမ်ပင်လယ်အလှများကို အကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။ Photo ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေ စခန်း
Contine Reading
By - Admin / 18-09-2023
တရုတ် နှင့် အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာစမ်းသပ်ကာလ တစ်နှစ်ခွင့်ပြု

တရုတ် နှင့် အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာစမ်းသပ်ကာလ တစ်နှစ်ခွင့်ပြု

Travelling Journal လေကြောင်းဖြင့်လာရောက်လည်ပတ်ကြသည့်တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival)စမ်းသပ်ကာလ ကို တစ်နှစ် စတင်ခွင့်ပြု လိုက်ကြောင်းသိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ စက်တင်ဘာ (၇) ရက်စွဲ ဖြင့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် သက်ဆိုင်ရာများကို အသိပေးထားကြောင်း သိရသည်။ အဆိုပါ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်)Tourist Visa on Arrival အား စမ်းသပ်ကာလ (၁)နှစ် ကို ၂၀၂၃ ခုနှစ်၊ (၈ )လပိုင်း (၃၀) ရက်မှ စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဝန်ကြီး ဌာန အနေဖြင့် “Welcome Russia Program in Myanmar” ဟူသော ခေါင်းစဥ်ဖြင့်ရုရှားခရီးသွား ဧည့်သည်များ ဝင်ရောက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
Contine Reading
By - Admin / 07-09-2023
အစိမ်းရောင်ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေ

အစိမ်းရောင်ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေ

Travelling Journal ကျေးလက်သဘာဝ ဆန်ဆန် အစိမ်းရောင် ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ဘားအံမြို့က ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေပြီး သွားရောက် လည်ပတ်မှုများနေ​ကြောင်း သိရသည်။ ဘားအံမြို့သည် မိုးရာသီကာလတွင် စိမ်းစိုနေသည့်စပါးခင်းများနှင့် လှပနေသော ကြောင့် ယခုကာလ၌ ဧည့်သည်များမှာ ဘားအံသို့သွားရောက်လည်ပတ်မှုများပြားခြင်းဖြစ်ကြောင်းသိရသည်။ ခရီးသွားများလာရောက်လည်ပတ်ပါက စိတ်ကျေနပ်မှုရရှိစေရန် ဒေသခံခရီးသွားဝန်ဆောင်မှုပေးနေသူများကလည်း Mobile Phone Photo Services များကိုပါ ထည့်သွင်းပေးလာကြောင်း အဆိုပါ ဝန်ဆောင်မှုလုပ်ကိုင်နေသည့် ဒေသခံဧည့်လမ်းညွန်တစ်ဦး က Travelling သို့ ပြောသည်။ Green Season ကာလတွင် ဘားအံမြို့သို့ ပြည်တွင်းခရီးသွားဧည့်သည်များသွားရောက်လည်ပတ်ရန် ဆွဲဆောင်လာနေပြီး လက်ရှိကာလများတွင် ပြည်တွင်းခရီးသွားဧည့်သည်ကိုသာ အဓိက ဆွဲဆောင်နေရကြောင်း ကရင်ပြည်နယ်ဟိုတယ်ခရီးတာဝန်ခံက Travelling သို့ ပြောသည်။ ယခင်က ဘားအံ မြို့သို့ ခရီးသွားအများစုသွားရောက်ရာတွင် Sightseeing ကိုသာ အဓိ က ထားခဲ့သော်လည်း လက်ရှိတွင် သမာရိုးကျလမ်းကြောင်းများမှ ခွဲထွက်ပြီး Mini Photo Trip ပုံစံများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ကာ ဝန်ဆောင်မှု ပေးနေကြောင်း ဒေသခံ တစ်ဦးက Travelling သို့ပြောသည်။ လက်ရှိ ကာလတွင် ဘားအံမြို့၏ Photo Pointများအဖြစ် ခရီးသွား ဧည့်သည် များ အကြား ပေါ်ပြူလာ ဖြစ်လာသည့်နေရာများမှာ ကော့မရမ်းရွာ၊ ထွန့်ပတိုင်၊ လှိုင်ကားကျေးရွာရှိ လှိုင်ကား​ ရေတံခွန် နှင့် ကော့နန်းသာရွာ Photo Point များသို့ ခရီးသွားများ အဓိက သွားရောက်လည်ပတ်နေကြောင်းသိရသည်။ ထို့ပြင် ကော့မရမ်းရွာ သည် အရှေ့တောင်အာရှနိုင်ငံများက ပေးအပ်သည့် Sustainable Tourism Award (2022 )ဆု ရရှိခဲ့ သည့် ကျေးရွာ တစ်ခု ဖြစ်ကြောင်း သိရသည်။ ပုံ/စာ - ကော့မရမ်းကျေးရွာသို့ သွားရောက်လည်ပတ်နေကြသည့် ပြည်တွင်းခရီးသွားတစ်ချို့ကို တွေ့ရစဥ်။ Photo Thura Oo
Contine Reading
By - Admin / 21-08-2023
ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ (၂၃) ခုကို ထိုင်းသံရုံးရွေးချယ်

ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ (၂၃) ခုကို ထိုင်းသံရုံးရွေးချယ်

Travelling Journal ထိုင်း ဗီဇာဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက်ရန်ကုန် အ​​ခြေစိုက် မြန်မာခရီးသွားကုမ္ပဏီ(၂၃) ခုကို ထိုင်းသံရုံးက ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ခံထားရသည့်ကုမ္ပဏီ(၂၃) ခုမှ တာဝန် ခံပြီး ထိုင်းဗီဇာလျှောက်ထားခွင့်ကိုရရှိခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က ထိုင်းဗီဇာရရှိမှုကို လူကိုယ်တိုင်သံရုံးသို့သွားရောက်လျှောက်ထားရသော်လည်းဩဂုတ်လ ၂ ရက်မှ စတင်ပြီး ထိုင်းသံရုံးက ရွေးချယ်ထားသည့် ခရီးသွား လာရေးကုမ္ပဏီများမှတဆင့်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း သိရသည်။ "မြန်မာကုမ္ပဏီပေါင်း ၄၀၀ ကျော် လျှောက်ခဲ့ပါတယ်။ အဲဒီထဲကနေ အစ်မတို့အပါအဝင် ကုမ္ပဏီ၂၃ ခုကို ရွေးချယ်ခဲ့ပါတယ် ။ ကျွန်မ တို့ဆီဆက်သွယ်လိုက်တာနဲ့ ကုမ္ပဏီကနေ အစအဆုံး ဗီဇာရတဲ့အထိဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့်နယ်က ဗီဇာလုပ်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေသွားတယ်။လူကိုယ်တိုင်မလာရပဲ စာရွက် စာတမ်းပို့ပေးရုံနဲ့ရပါတယ်။ တချို့က မြဝတီကနေ သွားချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ် "လို့ ဗီဇာဝန်ဆောင်မှု ရရှိတဲ့ Tango Travel &Tour မှ တာဝန် ရှိသူက Travelling သို့ ပြောသည်။ မိမိလျှောက်ထားလိုသည့် ဗီဇာကြေးပေါ်မူတည်ပြီး ၃၅ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ ထိ ရှိကြောင်းသိရသည်။ "အစ်မတို့ တင်ပေးပြီး အစ်မတို့ပဲ သံရုံးမှာ ပြန်ယူပေးရတာပါ။Visa fees က တော့ Tourist visa ဆိုရင် USD 40 ပါ ။ကိုယ်တိုင်သွားဖို့ အခက်အခဲ ရှိတဲ့ ခရီးသည်တွေ အစ်မတို့ဆီက တဆင့် တင်မယ်ဆိုရင် လူလိုက်စရာ မလိုဘူး ပေါ့နော် ။ တကယ်လို့ ခရီးသည်က ကိုယ်တိုင်တင်ချင်ရင်လည်း တင်လို့ရပါတယ်။ မနက် ၈ နာရီ တန်းစီပြီး ဝင်ရတယ်။ နောက်နေ့ Passport ကိုယ်တိုင် ပြန်ယူရတယ်။ အမတို့ဆီဆိုရင်တော့ အဲဒါတွေ လုပ်စရာ မလိုပါဘူး "ဟု Htoo Travels မှ တာဝန်ရှိသူ က Travelling သို့ပြောသည် ။
Contine Reading
By - Admin / 02-08-2023
ချောင်းသာကမ်းခြေ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခု ဖော်ဆောင်

ချောင်းသာကမ်းခြေ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခု ဖော်ဆောင်

Travelling Journal ပြည်တွင်းခရီးသွား အများဆုံး သွားရောက်လည်ပတ်ကြသည့် ချောင်းသာကမ်းခြေတွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း သိရသည် ။ ချောင်းသာကမ်းခြေမှ ကျောက်မောင်နှမ ဘက်ခြမ်းသို့ သွားရောက်သည့် လမ်းမဘေး၌ ပင်လယ်ကမ်းခြေကို ​နောက်ခံထားပြီး We Love ChaungTha စာသားပါသည့် ဆိုင်းဘုတ်ကို တပ်ဆင်သွားမည်ဖြစ်​ကြောင်းဟိုတယ် နှင့် ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန (ချောင်းသာ) မှ တာဝန်ရှိသူ က Travelling သို့ ပြောသည် ။ " New ChaungTha က မတည်ပြီး ကျန်တဲ့ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အလှူရှင်တွေစုပေါင်းပြီး အခုလိုဓာတ်ပုံရိုက်ကူးနိုင်မဲ့နေရာတစ်ခုကို ဖော်ဆောင်တာပါ။ ဒီလထဲတော့ စ လုပ်နေပါပြီ။ ၈ လပိုင်းမကုန်ခင်ပြီးဖို့ကြိုးစားနေပါတယ် "ဟု ချောင်းသာဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူဦးစီးဌာနက တာဝန်ရှိသူ က Travelling သို့ပြောသည်။ ပြည်တွင်းခရီးသွားများသွားရောက်လည်ပတ်ကြသည့် နေရာအများစုတွင် ဒေသနာမည်များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်သည့်နေရာများကို ဖော်ဆောင်ထား​​ကြောင်းသိရသည်။ လက်ရှိတွင် ချောင်းသာကမ်းခြေကို အမှီပြုပြီး ဟိုတယ် အလုံး ၄၀ ကျော်နှင့် နှင့် တည်ခိုခန်း ၅၉ လုံးရှိကြောင်း သိရသည်။ ပုံစာ - တည်ဆောက်သွားမည့်ပုံကြမ်းကိုတွေ့ရစဥ်။
Contine Reading
By - Admin / 07-07-2023
ငွေဆောင်ကမ်းခြေ At The Sea ဟိုတယ်ရှေ့ ဒေသအခေါ် လင်းရှူးငါးတစ်ကောင် အလည်ရောက်၍ ပြန်လွှတ်ပေးခဲ့

ငွေဆောင်ကမ်းခြေ At The Sea ဟိုတယ်ရှေ့ ဒေသအခေါ် လင်းရှူးငါးတစ်ကောင် အလည်ရောက်၍ ပြန်လွှတ်ပေးခဲ့

#Travelling Journal ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ  At The Sea ဟိုတယ်ရှေ့သို့ Dolphin အမျိုးအစား ဒေသအခေါ် (လင်းရှူး) တစ်ကောင် အလည်ရောက်၍ သက်ဆိုင်ရာနှင့်ဟိုတယ်ဝန်ထမ်းများက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ " မနေ့က နေ့လည် ၁ နာရီကျော် လောက်မှာ ဟိုတယ်ရှေ့က ကမ်းခြေကို ကမ်းတင်လာတာ။ ငွေဆောင်ကမ်းခြေကို ခုလိုမ်ိဳးရောက်လာတာ လေးကြိမ်လောက်ရှိျပီ။ ဟိုတယ်ရှေ့က ကမ်းခြေကို လာတင်တာကတော့  နှစ်ကြိမ်လာက္ရွိပြီ။ ပင်လယ်နက်ရေစီးကြောင်းထဲ ပြန်လွှတ်ပေးခဲ့ပါတယ်"ဟု ယင်း ဟိုတယ်ပိုင်ရှင် က Travelling သို့ ပြောသည်။ အဆိုပါလင်းရှူးငါးများသည် ရှားပါးသည့် ရေနေ နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ပြီး မျိုးသုန်း ပျောက်ကွယ်တော့မည့် စာရင်းတွင် ပါနေသော်လည်း  လက်ရှိအချိန်ထိ အကောင်ရေ မည်မျှရှိသည်ကို မသိရှိရသေးကြောင်း သိရသည်။ ယင်းကဲ့သို့ လင်းရှူးများ ပင်လယ်ကမ်း​​စပ်သို့ ရောက်လာရခြင်း အကြောင်းရင်းများမှာ ရေအောက်ကြမ်းပြင် တုန်ခါမှုဖြစ်ခြင်း ၊အစာေနာက်လိုက်ခြင်းနှင့် ရေလမ္းကြောင်းလြဲသည့်အခါများတွင် ကမ်းစပ်သို့ ရောက်လာတတ်ကြပြီး ဒေသခံများအနေဖြင့် ယခုကဲ့သို့ လင်းရှူးငါးများ ကမ်းစပ်သို့ရောက်ရှိလာခြင်းမှာ နေမကောင်းခြင်းကြောင့် မှတ်ယူတတ်ကြလေ့ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ချောင်းသာ နှင့်ငွေဆောင်ကို တာဝန်ယူရသည့် တာဝန်ရှိသူက Travelling သို့ ပြောသည်။ အဆိုပါ လင်းရှူးငါးကို သက်ဆိုင်ရာနှင့် ဟိုတယ်ဝန်ထမ်းများက Speedboat နှင့် ခေါ်ဆောင်သွားပြီး ရေအေးစီးကြောင်း လမ်းကြောင်းထဲသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။
Contine Reading
By - Admin / 22-06-2023
သုံးရောင်ခြယ်မြို့ ဟု တင်စားရသည့် ပင်းတယမြို့တွင် အကြင်နာဥယျာဥ် အမည်ရှိ View Point ကိုမကြာမီ ဖွင့်လှစ်မည်

သုံးရောင်ခြယ်မြို့ ဟု တင်စားရသည့် ပင်းတယမြို့တွင် အကြင်နာဥယျာဥ် အမည်ရှိ View Point ကိုမကြာမီ ဖွင့်လှစ်မည်

Travelling Journal သုံးရောင်ခြယ်မြို့ဟု တင်စားခေါ်ဝေါ်ရသည့် ပင်းတယမြို့သို့ ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်ရာတွင် ဝင်ရောက် လည်ပတ်စရာ ဖြစ်လာမည့် အကြင်နာဥယျာဥ် အမည်ရှိ (AKYIN NAR GARDEN) View Point ကို မကြာမီ ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်​ကြောင်း အကြင်နာဥယျာဥ် ပိုင်ရှင် ဖြစ်သူက Travelling သို့ ပြောသည်။ အဆိုပါအကြင်နာဥယျာဥ်ကို ေျမဧက ၂.၃၅ ဧက ပေါ်တွင် ဖော်ဆောင်ထားပြီး နားနေဆောင်နေရာ( ဝါးတဲ )၊စပျစ်စိုက်ခင်း ၊ လေသာ ဆောင် ( ရှု့​ခင်းကြည့် လေသာဆောင်) ၊ ကြိုးတံတား စသည့် Photo Booths များကို ထည့်သွင်းထား​​ကာ ရပ်နီးရပ်ဝေး ခရီးတထောက် ဝင်ရောက်အပန်းဖြေနားနိုင်အောင်ရည်ရွယ်ပြီး တည်ဆောက်ထား​ကြောင်းသိရသည်။ " အကြင်နာဥယျာဥ္ ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် အေးချမ်းစွာ ခေတ္တလာရောက် အနားယူနိုင်အောင် Garden Land scaping ကို သေချာဖန်တီးေပးထားပါတယ္။နောက်ပြီးတော့ mini golf green field ပါ ထည့်သွင်းတည်ဆောက္သြားဖုိ႔လဲ ရွိပါတယ္။ ပင်းတယဘက်သွားရင် ပထမဆုံးသောမဝင်မဖြစ် လည်ပတ္ရမဲ့ တစ္နေရာဆိုတာ အသေချာပဲ"ဟု အကြင်နာဥယျာဥ် ပိုင်ရှင် ဖြစ်သူက Travelling သို့ပြောသည်။ ထို့ပြင် ၁ ဧက ခွဲ ရှိသည့် 360 View ကြည့်ရှု့နိုင်မည့် တောင်ပေါ်မှ လည်း ရှုခင်းများကို ကြည့်ရှုနိုင်ပြီး တောင်ပေါ်၌ နောက်ပိုင်း များတွင် Camping Site ကို ဖော်ဆောင်သွားမည် ဖြစ်​​ ကြောင်း သိရသည်။ အဆိုပါ ဥယျာဥ်ကို ပင်းတယ - အောင်ပန်း ကားလမ်းဘေး သမိုင်းဝင် ဆံတော်တောင်သွားတဲ့ လမ်း ၊ ကန်ထောင့်ကျေးရွာ (ပွေးလှ)တွင် တည်ရှိ​​ပြီး လက်ရှိတွင် ၈၅ ရာခိုင်နှုန်း ခန့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ Photo Bo Zaw
Contine Reading
By - Admin / 16-06-2023
ဆဒ္ဒန်ဂူထက် ပိုလှပြီး နာမည်မပေးရသေးသည့်အရိုင်းဆန်သော လှိုဏ်ဂူအသစ်ကို တွေ့ရှိ

ဆဒ္ဒန်ဂူထက် ပိုလှပြီး နာမည်မပေးရသေးသည့်အရိုင်းဆန်သော လှိုဏ်ဂူအသစ်ကို တွေ့ရှိ

Travelling Journal ဂူတွေ၏ မြို့တော်ဟု တင်စားခံရသည့် ဘားအံမြို့တွင် ပြည်တွင်းခရီးသွားဧည့်သည် အများဆုံး သွားရောက်လည်ပတ်ကြသည့် ဆဒ္ဒန်ဂူထက် ပိုလှပြီး ဂူအတွင်းပိုင်း၏ ကျောက်စက် ပန်းဆွဲများနှင့်ကျောက်စက်မိုးမျှော်များမှာ လှပပြီး အရိုင်းဆန်သောလှိုဏ်ဂူအသစ်ကို စတင်တွေ့ရှိ ခဲ့ကြောင်း ဘားအံမြို့က ဒေသခံ ဧည့်လမ်းညွန်တစ်ဦးက Travelling သို့ ပြောသည်။ ယင်းဂူသို့ ခရီးသွားဧည့်သည်များ မရောက်ရှိသေးသလို လူသူအရောက်အပေါက်နည်းပြီး ထိတွေ့မှုနည်းပါးသည့် လှိုဏ်ဂူ အသစ်တစ်ခုဖြစ်နေကြောင်း ယင်းလှိုဏ်ဂူသို့ နယ်ခံအကူအညီဖြင့် ရောက်ရှိခဲ့သည့် အဆိုပါဧည့်လမ်းညွန်က ပြောသည်။ "ကျွန်တော် ဒီဂူကို ရောက်ရှိချိန်မှာ အစပိုင်း ဝင်သွားတုန်းကတော့ သိပ်ပြီးဆွဲဆောင်မှုမရှိပါဘူး။ ပုံမှန်လိုမျိုးပါပဲ။ ဒါပေမဲ့ နောက်ထပ်အပိုင်းတစ်ပိုင်းကို ရောက်သွားချိန်မှာတော့ Discovery ကိုရောက်နေရသလိုမျိုး အံ့ဩရမိပါတယ်။ ဂူက အကန့်နှစ်ကန့်ပုံစံမျိုးတည်ရှိနေပါတယ်။ နာမည်တော့မပေးရသေးပါဘူး။ အများသိသွားရင် လာရောက်လည်ပတ်တဲ့သူများပြီး ပျက်ဆီးသွားမှာစိုးရိမ်လို့ တည်နေရာကိုတော့ မပြောပါရစေနဲ့။လက်ရှိတော့ ဧည့်သည်တွေကိုလည်း မပို့ပေး​​ေသးဘူး"ဟု သွားရောက်ခဲ့သည့် ဒေသခံဧည့်လမ်းညွှန် က Travelling သို့ပြောသည်။ ယင်းလှိုဏ်ဂူအသစ်သည် ဆဒ္ဒန်ဂူရှိကျောက်စက်ပန်းဆွဲများနှင့်ကျောက်စက်မိုးမျှော်များထက် ပိုလှပပြီး လှိုဏ်ဂူတစ်ခုလုံး အရောင် ဖျိုးဖျိုးဖျတ်ဖျတ်နှင့် တွေ့ရှိရကြောင်း သိရသည်။ " လှိုဏ်ဂူတစ်ခုလုံး မီးရောင်ထိရင် ဖျိုးဖျိုးဖျတ်ဖျက် လက်နေပြီး ကျောက်စက်မိုးမျှော်နဲ့ အရမ်းလှတယ်။ ကျောက်စက်ပန်းဆွဲတွေကလည်း တစ်ဂူလုံးအပြည့်ပါပဲ"ဟု ယင်းဒေသခံက Travelling သို့ပြောသည်။ ယင်းလှိုဏ်ဂူ၏ အဝင်ဝမှာ အနည်းငယ်ကျဉ်းသော်လည်း ဂူထဲရောက်ရှိချိန်တွင် အတော်အသင့်ကျယ်ပြီး တစ်ဖက်ပိတ်လှိုဏ်ဂူအမျိုးအစားဖြစ်ကြောင်းသိရသည်။ ဘားအံမြို့သည် တောင်များ၏ မြို့တော်ဟုခေါ်ဆိုနိုင်သလို ဂူများ၏ မြို့တော်ဟုလည်းခေါ်ဆိုနိုင်ပြီး ဘားအံမြို့၏ အထင်ကရ ဂူများမှာ ကော့ဂွန်းဂူ၊ကျွဲမင်းဂူ၊ရသေ့ပျံဂူ၊သဘာဝရေလှိုဏ်ဂူ၊စပါးဂူ၊အာလဝံဂူ၊သရဲဂူ၊လင်းနိူ့ဂူ (၂) ၊သဘာဝရေလှိုဏ်ဂူ (၂)၊ရွှေကြာပွင့်ဂူ၊ဘုရင်ညီဂူ၊လင်းနို့ဂူ၊ထောင်ဝိဂူ၊နောင်ခရိုင်ရေဂူ၊ပဒုမ္မာဂူ၊ဆဒ္ဒန်ဂူ၊ဆင်ဟိုင်းဂူ၊ကော့ကသောင်ဂူ၊ပတ္တမြားဂူ၊က္ကစ္ဆာသယဂူ၊ဝဲပျံဂူ၊ဖားပျံဂူ၊ပဒုံဂူ၊လွန်းညဂူ၊မိကရင်ဂူ၊ဝေပုလ္လဂူတို့ဖြစ်ပြီး ယင်းဂူများသို့ သွားရောက်လည်ပတ်ရန်မှာ အချိန်အားဖြင့် တစ်ပတ်ခန့် ပေးရကြောင်း သိရသည်။ Photo Thura ပုံ/စာ မကြာသေးခင်ကသွားရောက်လေ့လာခဲ့သည့် အဆိုပါလှိုဏ်ဂူအသစ်ကို တွေ့ရှိရစဥ်။
Contine Reading
By - Admin / 21-05-2023
ပူတာအိုတွင် CB ဘဏ်အုပ်စုကအဆင့်မြင့် အပန်းဖြေစခန်း ပါဝင်မည့် ဟိုတယ်စီမံကိန်း ဆောင်ရွက်နေ

ပူတာအိုတွင် CB ဘဏ်အုပ်စုကအဆင့်မြင့် အပန်းဖြေစခန်း ပါဝင်မည့် ဟိုတယ်စီမံကိန်း ဆောင်ရွက်နေ

Travelling Journal ခရီးသွားမြို့တော်အဖြစ်ကြိုးစားဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရေခဲတောင်ဒေသတည်ရှိရာ ပူတာအို မြို့တွင် CB ဘဏ်အုပ်စုမှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြင့် အပန်းဖြေစခန်းများပါ ပါဝင်သည့် ဟိုတယ်စီမံကိန်းကို ဆောင် ရွက်နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို ပူတာအိုမြို့၏ အထင်ကရ ကောင်းမှုလုံစေတီ နှင့် ၁၄ ကီလိုမီတာ ကွာဝေးသည့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းတွင် ဆောင်ရွက်နေကြောင်း သိရသည်။ မြေလွတ်မြေရိုင်းဧက (၁၇) ဧကကျော်ကို အခြားနည်းသုံးစွဲခွင့်ဖြင့် ရရှိထားပြီး ယင်းမြေပေါ်တွင် နှစ်ယောက်အိပ်ခန်း ပါဝင် သည့် ဘန်ဂလို (၁၁ ) လုံးလောက်ကို ဆောက်လုပ်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပူတာအို) သို့အစောပိုင်းကာလက တင်ပြသည့် စာရင်းတွင်ဖော်ပြထားကြောင်းသိရသည်။ "ကျွန်တော်တို့ ဆီ ၂၀၂၀ ဇန်နဝါရီ လောက်က စာတင်ပြထားတာကတော့ ဘန်ဂလို Type အမျိုးအစားလို့ပဲ ဖော်ပြထားပါတယ်။ ကြားရတဲ့ လေးထပ်အဆောက်အအုံဆောက်လုပ်တာကတော့ မကြားမိပါဘူး။ ဟိုရက်ပိုင်းက အဲဒီဘက်ရောက်တော့ လုပ်ငန်းခွင်လုပ်နေတာတော့ တွေ့ရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းကို ကာရံထားတော့ အပြင်ကနေ ကြည့်ရတာက မမြင်ရပါဘူး "ဟု ပူတာအို ဟိုတယ်ခရီးတာဝန်ခံ က Travelling သို့ ပြောသည် ။ အဆိုပါစီမံကိန်းတွင် စားသောက်ဆိုင်များ၊ စက်လှေဂိတ်များ အပါအဝင် မြေယာရှုခင်းအလှဆင်လုပ်ငန်းများကို အဓိကလုပ် ကိုင်သွားမည်ဖြစ်ကာ လျှောက်လမ်းများတွင် ဒေသထွက်အသီးများ​ဖြစ်သည့် ဂရိတ်ဖုသီးအပင်များကို ထည့်သွင်းစိုက်ပျိိုးသွား မည်ဖြစ်ပြီး လာရောက်တည်းခိုသည့် ဧည့်သည်များ အသင့်ခူးစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဘန်ဂလိုများကို ဒေသကထွက်ရှိသည့် သစ်ထွက်ပစ္စည်းများဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီး ရိုးရာဓလေ့များ မပျောက်စေရန် တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ပူတာအိုမြို့ပေါ်တွင် ဟိုတယ်/ခရီးလိုင်စင် ရယူထားသည့် ဟိုတယ် ငါး လုံးနှင့် တည်းခိုရိပ်သာ သုံးလုံးရှိကြောင်းသိရသည်။ ကောင်းမူလုံစေတီကိုတွေ့ရစဥ်၊၊
Contine Reading
By - Admin / 16-05-2023