Featured Local News

Popular Local News

All Local News

ကလောမြို့၏ အထင်ကရ ဟိုတယ်တစ်ခု တောင်ပေါ်ရှုခင်းသာဟိုတယ်ကို ရောင်းချ

ကလောမြို့၏ အထင်ကရ ဟိုတယ်တစ်ခု တောင်ပေါ်ရှုခင်းသာဟိုတယ်ကို ရောင်းချ

Travelling Journal ထင်းရှုးမြို့တော်ဟု တင်စားခံထားရသည့် ကလောမြို့၏ အထင်ကရ ဟိုတယ် တစ်ခုဖြစ်ပြီး ရှုခင်းအလှဆုံး View Point တစ်ခု ဖြစ်သည့် Hill Top Villa Hotel (တောင်ပေါ်ရှုခင်းသာဟိုတယ်) ကို ပြန်လည် ရောင်းချ​တော့မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလတွင် ခရီးသွား လုပ်ငန်း ကောင်း မွန်နေသည်ဟု မဆိုနိုင်သော်လည်း ပြီးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ၌ ခရီးသွား လုပ်ငန်းကြောင့် Tourism Industry တစ်ခုလုံး ယိုင်နဲ့ခဲ့ရပြီး ဟိုတယ်အများစုမှာ ဘဏ်တိုးများကြောင့် ဟိုတယ်တစ်ချို့ ဘဏ်များကို ရောင်း ချခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်း သိရသည်။ "ကျွန်တော်တို့ ကတော့ အဲလိုမဟုတ်ပါဘူး။ ပိုင်ရှင်သဘောအရ ပြန်ရောင်းချတာပါ။ အခုတော့ နီးနီးစပ်စပ် Offer ထွက်ထားတာလည်း ရှိပါတယ်။ နိုင်ငံခြားသားလည်း ဝယ်လို့ရပါတယ်။ သိန်းကြီး ၂ သိန်း နဲ့ ရောင်းချမှာ ဖြစ်ပါတယ် "ဟု ယင်းဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။ ယင်းဟိုတယ်သည် ဓာတ်ပုံ ရိုက်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ကာ ခရီးသွား အများစု မှာ ယင်းနေရာသို့ မဖြစ်မနေ သွားရောက်လည်ပတ်ကြလေ့ရှိကြောင်းသိရသည်။ "အခု ပြန်ရောင်းချမယ်လို့တော့ကြားတယ်။ လက်ရှိ က ဝင်​ကြေး ဘာညာတော့မပေးရပါဘူး။ နောက် ပိုင်ရှင် အသစ် ဖြစ်ရင်တော့ ဝင်ကြေး ကောက်မလား တော့ မသိဘူး။ အဲလိုကောက်မယ်ဆိုရင်တော့လည်း တနည်းတဖုံ စဥ်းစားရမယ် "ဟု ကလောအခြေစိုက် ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက Travelling သို့ ပြောသည်။ ကိုဗစ် ကာလအတောအတွင်းနှင့် နိုင်ငံရေးအခြေအနေ များကြားကာလတွင် နေပြည်တော် ၊ ပုဂံ၊ အင်းလေး၊ ကလော ၊ ချောင်းသာ ၊ ငွေဆောင် ၊ ငပလီ နှင့် ရန်ကုန် မြို့ရှိ ဟိုတယ် အလုံးရေ( ၁၀၀) ဝန်းကျင်ခန့်ကို ပိုင်ရှင်များက ပြန်ရောင်းချနေကြောင်း ဟိုတယ်လုပ်ငန်းအသိုင်းအဝန်းမှ သိရသည်။ Photo Hillto
Contine Reading
By - Admin / 05-01-2023
အစိမ်းရောင်ကမ်းခြေဟု တင်စားခံထားရသည့် ငွေဆောင်ကမ်း​ခြေတွင် Luxury ဆန်ဆန် Ngwe saung Villa ကို စတင် ဖွင့်လှစ်

အစိမ်းရောင်ကမ်းခြေဟု တင်စားခံထားရသည့် ငွေဆောင်ကမ်း​ခြေတွင် Luxury ဆန်ဆန် Ngwe saung Villa ကို စတင် ဖွင့်လှစ်

Travelling Journal အစိမ်းရောင်ကမ်းခြေ (Green Ngwe Saung)ဟု တင်စားခံထားရသည့် ငွေဆောင် ကမ်းခြေတွင် Luxury ဆန်ဆန် Ngwe saung Villa ကို ခရစ္စမတ်အမှီ စတင် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း Ngwe saung Villas ၏ ဒါရိုက်တာမှ Travelling သို့ ပြောသည်။ အဆုိပါ Ngwesaung Villa ကို မြေဧက ၁၆၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားပြီး လက်ရှိ ဆောက်လုပ်ပြီး Villas အလုံးရေ ၃၀ ကျော် ရ​ှိ​​ကြောင်း သိရသည်။ အသစ်စတင်ဖွင့်လှစ်လိုက်သည့် Phase 1 တွင် Holiday Villas နှင့် Delux Villas ကို ဖွင့်လှစ် ထားရှိပြီး Phase 2 တွင် Sweet Dream villas ဟု အမည်ပေးထားသည့် ပရောဂျက်ကိုလည်း ထပ်မံတည်ဆောက်သွားမည် ဖြစ်ကာ Hotel နှင့်မတူသည့် ခံစားချက်မျိုး ရရှိအောင် ထည့်သွင်း သွားမည် ဖြစ်​ကြောင်း သိရသည်။ "ကျွန်တော်တို့က Villas တွေကို ရောင်းချပေးပါတယ်။ beach မှာ ကိုယ်ပိုင် အိမ် တစ်လုံး ပိုင်ဆိုင် နိုင်တဲ့ အခွင့်အရေးလည်း ရနိုင်သလို လာရောက်မနေသေးနိုင်တဲ့ကာလတွေမှာလည်း ငှါးရမ်းထားလို့ ရတော့ ဝင်ငွေ ကို လည်း ရရှိစေနိုင်အောင် စီစဥ်ပေးပါတယ်။ ကမ်းခြေအရသာရော ၊ ပန်းခြံတွေနဲ့ Villas အရသာရော တစ်ခါတည်း ရရှိခံစားနိုင်အောင် ရည်ရွယ်ပြီးတော့ ဆောက်လုပ်ထားတာဖြစ်ပါတယ် "ဟု Ngwesaung Villas ၏ တာဝန် ရှိ သူ က Travelling သို့ ပြောသည်။ လက်ရှိအသစ်ဖွင့်လှစ်လိုက်သည့် Ngwesaung Villas တွင် လူဦးရေ( ၁၅) ဦးထိ တည်းခိုနေနိုင်ပြီး Villas တစ်လုံး ကို ငှားရမ်းမည်ဆိုပါက တစ်ညလျှင် ကျပ် ငါးသိန်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ Villas ၏ ထူးခြားချက်မှာ Private ဆန်ဆန် မိသားစု တစုတဝေးနေထိုင်နိုင်ခြင်း ၊ မိတ်ဆွေ အပေါင်းအသင်းများနှင့် နေထိုင်နိုင်ခြင်း ၊ ကိုယ်ပိုင်ရေကူးကန် နှင့်အပန်းဖြေ နိုင်ကြောင်း သိရသည်။ Ngwe saung Villa ကို ချစ်သူများကျွန်းနှင့်မနီးမဝေးတွင် တည်ဆောက် ထားပြီး တောင်ပေါ်မြို့လေးတစ်မြို့ပေါ်တွင် နေထိုင်သည့် ခံစားမှု နှင့် ပင်လယ်ကမ်းခြေ၏ ခံစားမှု အရသာကိုလည်းပါဝင်စေနိုင်သလို သီးသန့် ကမ်း​ခြေ ဧရိယာတွင် အပန်းဖြေ အနားယူနိုင်သည့်ခံစားမှုများရရှိနိုင်ရန် နိုင်ငံ တကာအဆင့်မှီဥယျာဥ် တည်ဆောက် မှု နည်းပညာဖြင့် ဒီဇိုင်းရေးဆွဲထားပြီးတည်ဆောက်ထားခြင်း ဖြစ် ကြောင်း သိရသည်။ Photo -Ngwe saung Villa
Contine Reading
By - Admin / 21-12-2022
ပျဥ်းမနားတွင် ရောင်စုံပန်းခင်းတောနှင့် ဓာတ်ပုံရိုက်ကူးပြီး Acivity များကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်သည့် Sport Farm တစ်ခု ပေါ်ထွက်လာ

ပျဥ်းမနားတွင် ရောင်စုံပန်းခင်းတောနှင့် ဓာတ်ပုံရိုက်ကူးပြီး Acivity များကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်သည့် Sport Farm တစ်ခု ပေါ်ထွက်လာ

Travelling Journal ပျဥ်းမနားမြို့တွင် လည်ပတ်စရာနေရာတစ်ခု အဖြစ် ရောင်စုံပန်းခင်း တောနှင့် ဓာတ်ပုံ ရိုက်ကူးပြီး Sport Acivity များကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်သည့် Pnpt Sport Farm ကို ဖွင့်လှစ် ထားကြောင်း တည်ထောင်သူ က Travelling Journal သို့ ပြောသည်။ အဆိုပါ Pnpt Sport Farm ကို နေပြည်တော်ပျဥ်းမနားမြို့နယ် ၊ဘောဂသီရိရပ်ကွက် ရှိ မြေဧက ၁၀ ဧက ပေါ် ၌ ဖော်ဆောင် ထားကြောင်း သိရသည်။ Sport Farm အတွင်း ပေ၄၀ ×ပေ ၁၅၀ ကျယ်ဝန်းသည့် ဝါးအဆောက် အအုံကို တည်ဆောက်ထားပြီး ယင်း အတွင်း Waterboom ၊ မြင်းစီးခြင်း ၊ စွန်လွှတ်ခြင်း ၊သီချင်းသီဆိုခြင်း ၊ ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ၊လမ်းလျှောက်ခြင်း စသည့် Activity များကို ပြုလုပ်နိုင်သည့် နေရာများကို ဖန်တီးပေးထားကြောင်း သိရသည်။ ထို့ပြင် ဒန့်သလွန် စိုက်ခင်းနှင့် သံပုယိုစိုက်ခင်းများအပါအဝင် ဟင်းသီးဟင်းရွက် စိုက်ခင်း များလည်းစိုက်ပျိုးပေးထားကြောင်းသိရသည်။ " ပန်းခင်းတွေ စိုက်ပျိုးပေးထားပါတယ်။ နေကြာပန်းခင်းတွေ ရယ် ၊ မေမြို့ ရောင်စုံပန်းခင်းတွေပါ စိုက်ပျိုးပေးထားတယ်။ ​ပျဥ်းမနားကိုရောက်တဲ့အခါ လည်ပတ်စရာ က နည်းတော့ အခုလိုမျိုး အားကစားကို အခြေ ခံပြီး ခရီးသွား များအပန်းဖြေလည်ပတ်လို့ ရမယ့် နားနေရာ တစ်ခုကို ဖော်ဆောင် ပေးချင်တဲ့ ရည်ရွယ် ချက်နဲ့ Sport Farm ကို တည်ထောင်ခဲ့တာပါ ။ ကျွန်တော်က စိုက်ပျိုးရေးကျောင်းဆင်းဖြစ်တဲ့အတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ခရီးသွားလုပ်ငန်းကို ဦးတည် တဲ့ အများပြည်သူလေ့လာ အပန်းဖြေ လည်ပတ်စရာ နေရာတစ်ခုဖြစ်အောင် ဖော်ဆောငိသွားမှာပါ " ဟု ခရီးသွားလုပ်ငန်း တည်ထောင်သူ က Travelling သို့ ပြောသည်။ လက်ရှိ တွင် ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ကျပ် ၁၀၀၀​ နှင့် ကလေးတစ်ဦးလျှင် ကျပ် ၅၀၀ သတ်မှတ်ထား ကြောင်း သိရသည် ။ Photo - Sport Farm
Contine Reading
By - Admin / 19-12-2022
ကိုဗစ်ကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ခရီးစဥ်များကို ပြည်ပ​ လေကြောင်းလိုင်းတချို့ မှ ဗဟိုဘဏ် ပေါက်စျေးဖြင့် Refund ပြန်ပေးခြင်းကြောင့် ခရီးသွားကုမ္ပဏီတချို့ ခရီးသွားများနှင့် အခက်တွေ့

ကိုဗစ်ကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ခရီးစဥ်များကို ပြည်ပ​ လေကြောင်းလိုင်းတချို့ မှ ဗဟိုဘဏ် ပေါက်စျေးဖြင့် Refund ပြန်ပေးခြင်းကြောင့် ခရီးသွားကုမ္ပဏီတချို့ ခရီးသွားများနှင့် အခက်တွေ့

Travelling Journal ကိုဗစ်ကာလ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် ကာလအတွင်း ဖျက်သိမ်းခဲ့ရသည့် ခရီးစဥ်များကို ပြပြည်ပလေကြောင်းလိုင်းတချို့မှ ဗဟိုဘဏ်ပေါက်စျေးဖြင့် Refund ပြန်ပေးခြင်းကြောင့် ခရီးသွားကုမ္ပဏီတချို့ ခရီးသွားဧည့်သည်များ နှင့် အခက်တွေ့ခဲ့ပြီး ခရီးသွားများ မကျေနပ်ဖြစ်နေသည့်အပေါ် ပြည်တွင်း ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သည့် Tango Travel & Tour က လူမှုကွန်ယက်စာမျက်နှာတွင် တောင်းပန်ထားသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ နှင့် ဧပြီလ အတွင်း သွားရောက် ရန် စီစဥ်ထားသည့် Kashmir ခရီးစဉ်အား Covid ကြောင့် ပိတ်သွားခဲ့သည့် အတွက် ခရီးစဉ်အားလုံး ဖျက်သိမ်းခဲ့ရပြီး နှစ်နှစ်ကျော်ကာလအထိ လေကြောင်း လိုင်းမှ Refund မအမ်းသေးပဲ စောင့်ဆိုင်းနေရပြီးနောက် ယခုအခါ Refund အား မြန်မာငွေ - ဗဟိုဘဏ်ပေါက်စျေး 2100 MMK နှင့် ခရီးသွား ကုမ္ပဏီ အားရှင်းပေးခြင်း ကြောင့် ခရီးစဉ် တွင်လိုက်ပါရန်စီစဥ်ထားသည့် ခရီးသွားတစ်ချို့ မကျေနပ်မှု ဖြစ်ပေါ်နေခြင်းကို ယင်း ခရီးသွား ကုမ္ပဏီ က ဖြေရှင်း တောင်းပန် ထားခြင်းဖြစ်ကြောင်းသိရသည်။ " ၂ နှစ်ကျော်ကြာတဲ့အထိ အကြောင်း အမျိုးမျိုးနဲ့ Airline က ပြန်မအမ်းသေးလို့ စောင့်နေခဲ့ရတဲ့ ကျွန်မတို့ရဲ့ clients အားလုံးကိုလဲ အရမ်းကိုအားနာရပါတယ် ။ အားလုံး ခက်ခဲနေချိန်မှာ အချိန် အကြာကြီး စောင့်နေခဲ့ရတာ။ တချို့ဆို အိမ်က မသိအောင် မုန့်ဖိုးလေးတွေ စုပြီး ဒီခရီးစဉ် လိုက်ချင်လွန်းလို့ deposit လာသွင်းထားကြတဲ့ ကလေးတွေလဲ ပါပါတယ် ။ တကယ်က Group က လူများပြီး amount အရမ်းများလို့ ကျွန်မလဲ စိုက်ဖို့ မရှိလို့သာ အဲလိုင်းက ပြန်အမ်းတဲ့ထိ စောင့်နေခဲ့ရတာ ။ amount သိပ်မများရင် အရင်ထဲက တခြား group တွေလိုပဲ စိုက်ရှင်းပေးခဲ့တယ် ။ တနေ့ တနေ့ Airline Refund ဘယ်တော့ ပြန်ပေးမှာလဲ။ပေးရော ပေးပါတော့မလား ဆိုပြီး ၂ နှစ်ကျော် စိတ်တွေလဲ ဖိစီးခဲ့ရတာပါ။ အခု အဲလိုင်း ဘက်က refund ကို မြန်မာငွေ - ဗဟိုဘဏ်ပေါက်စျေး 2100 MMK နဲ့ ရှင်းပေးတော့ တချို့ ဧည့်သည်တွေက အပြင်ပေါက်စျေး သို့ USD အရွက်တွေ ပြန်အမ်းပေးတာ လိုချင်ကြတာပေါ့။ဒီလိုပေးတာ မယူချင်ကြဘူး။ ကျွန်မလဲ သူတို့ နေရာဆို အဲလိုပဲနေမှာပါ ။ ဒါပေမယ့် Airline ဘက်က ဒီလိုပဲ လုပ်ပေးတာမို့ နားလည်ပေးဖို့ လက်ခံပေးဖို့ပဲ Request လုပ်ပါတယ် နော်"ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ထို့ပြင် အဆိုပါ Airline က ပို့ပေးသည့် အီးမေးများကိုလည်း တင်ပြဖော်ပြထားခြင်းကို တွေ့ရှိရသည်။ လေကြောင်း လိုင်းဘက်မှ Refund ပြန်အမ်းပေးခြင်းနှင့် ပတ်သက်ပြီး တာဝန်ယူထားသည့် AVAREPS Myanmar ကုမ္ပဏီ ဘက်သို့ Travelling မှ ဆက်သွယ်မေးမြန်းရာတွင် မီဒီယာသို့ ဖြေ ခွင့်မရှိ​​ ကြောင်းနှင့် Travel Agent များကိုသာ ဖြေပေးမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ "တစ်ချို့အဲလိုင်းတွေ က ပြန်မအမ်းသေးတာတွေရှိတယ်။ ဒါမယ့်အမတို့ ကုမ္ပဏီ ကတော့ လေ ကြောင်းလိုင်းဘက်က ပေးမလားဆိုပြီး အဲဒီတုန်းက ၆လ လောက် စောင့်ခဲ့သေးတယ်။ မပေးလာတဲ့အဆုံး ကျွန်မ တို့ စိုက်ပြီး ပြန်အမ်းပေးခဲ့ပါတယ်။ တစ်ချို့ လေ ​ကြောင်းလိုင်း က ပြန်မအမ်းပေးသေးဘူး။ ဒါပေမဲ့ Ticket အစားထိုးပြန်လုပ်ပေးမယ်ပြောပါတယ်။ အခုထိ မပေးသေးတဲ့ လေ ကြောင်းလိုင်းတွေလည်း ရှိပါတယ်" ဟု OutBound Tour လုပ်ကိုင်နေသည့် ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုက တာဝန်ရှိသူ ကလည်း Travelling သို့ ပြောသည်။
Contine Reading
By - Admin / 13-12-2022
ယခုနှစ် ခရီးသွား ရာသီအစတွင် ကတ်ရှမီးယား ရေခဲတောင် ခရီးစဥ်ကို ပြည်တွင်းခရီးသွားကုမ္ပဏီတချို့ ရောင်းချရန် စီစဥ်

ယခုနှစ် ခရီးသွား ရာသီအစတွင် ကတ်ရှမီးယား ရေခဲတောင် ခရီးစဥ်ကို ပြည်တွင်းခရီးသွားကုမ္ပဏီတချို့ ရောင်းချရန် စီစဥ်

Travelling Journal အာရှနိုင်ငံအတွင်း သွားရောက်လည်ပတ် ရန် အနီးဆုံးနှင့် အလှပဆုံးဒေသဟု ဆိုရလောက်သည့် ကတ်ရှမီးယား ရေခဲတောင် ခရီးစဥ်များကို OutBound Tour လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီ တစ်ချို့ရောင်းချရန်စီစဥ်နေ ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်းက ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ချို့ သွားရောက်လေ့လာခဲ့ပြီးနောက် ခရီးစဥ် များရောင်းချရန် စီစဥ် ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါ ခရီးစဥ်ကို ဒီဇင်ဘာ နောက်ဆုံးပတ်မှစတင်သွားမည်ဖြစ်ပြီး ၂၀၂၃ နှစ် ဇန်နဝါရီ လမှစတင်ကာ ဧပြီလထိ တစ်လ လျှင် နှစ်ကြိမ် ခရီးစဥ် သွားရောက်ရန်စီစဥ်ထားကြောင်း Direct Go Travels & Tours မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ပြောသည်။ "အာရှနိုင်ငံထဲမှာဆို တရုတ်ရှိတယ်။ အိန္ဒိယ ရှိတယ်။ ကတ်ရှမီးယား က အိန္ဒိယ မြောက်ပိုင်း မှာရှိတော့ အနီးဆုံးလည်းဖြစ်တယ်။ အရမ်းလှပတဲ့ ဒေသလည်း ​ဖြစ်တယ်။ နိုင် ငံတကာ​က ဧည့်သည် တွေ အပြင် အာရှ နိုင်ငံတွေကပါ အများဆုံးလာရော​က် လည်ပတ်ကြတဲ့ ရေခဲတောင်ဒေသ ပါ"ဟု Direct Go Travels & Tours မှ တာဝန် ရှိသူတစ်ဦးက Travelling သို့ပြောသည်။ ကတ်ရှမီးယား ရေခဲတောင်ဒေသ ခရီးစဥ်ကို၅ညအိပ် ၆ ရက် ခရီးစဥ် သတ်မှတ်ထားပြီး လေယာဥ် လတ်မှတ်အသွားအပြန်ဟိုတယ် တည်းခို အပြီး /အစီး စားစရိတ် (ငြိမ်း) နှင့် ဝင်ကြေးလတ်မှတ်များအပါအဝင် တစ်ဦးလျှင်ဒေါ်လာ( ၁၂၉၀) ဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ Photo Nilar Win Kashmir ရဲ့ အထင်ကရ ရေကန် ဖြစ်သည့်Dal Lake ကန် အတွင်း ဆောက်လုပ်ထားသည့် ရေပေါ်အိမ်တချို့ကို တွေ့ရစဥ်။ ဒီဇင်ဘာ ပထမပတ်က ကတ်ရှမီးယား ရေခဲတောင်ဒေသသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးသွားတချို့ကို တွေ့ရစဥ်။
Contine Reading
By - Admin / 12-12-2022
သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ငပလီကမ်းခြေက ကြယ်လေးပွင့် အဆင့် Amara Ocean Resort ပြန် လည် ဖွင့်လှစ်

သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ငပလီကမ်းခြေက ကြယ်လေးပွင့် အဆင့် Amara Ocean Resort ပြန် လည် ဖွင့်လှစ်

Travelling journal သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ငပလီကမ်းခြေက ကြယ်လေးပွင့်အဆင့် Amara Ocean Resort ကို ပြန်လည် ဖွင့်လှစ်ထားရှိကြောင်းသိရသည်။ အဆိုပါ ဟိုတယ်သည် သံတွဲလေဆိပ် မြောက်ဘက် ဟိုတယ် ဇုန်( ၁) ထဲတွင် တည်ရှိပြီး မြေဧက ၂၀ ပေါ်တွင် ဘန်ဂလို (၂၈ ) လုံးကို တည်ဆောက်ထားကာ လက်ရှိတွင် ဘန်ဂလို (၁၄) လုံးသာ ဖွင့်လှစ် ပေးထားကြောင်းသိရသည်။ " နှစ်နှစ်ခွဲ ကျော်လောက်ထိ တောက်လျောက် ပိတ်ထားခဲ့တာပါ။ ဟိုတယ်လုပ်ငန်းကလည်း အဆက်ပြတ်နေပေမယ့် ကြိုးစား ပြီး ပြန်စတင်ဖွင့်လှစ်သွားမှာပါ။သေချာတာကတော့ ကျွန်မ တို့ အကောင်းဆုံး ဝန်ဆောင်မှု တွေ ပေးဖို့ ပြင်ဆင်ထားပါတယ်"ဟုယင်းဟိုတယ်၏ တာဝန် ရှိသူ က Travelling သို့ပြောသည်။ လက်ရှိတွင် အခန်းခစျေးနှုန်းများမှာ တစ်သိန်းခွဲ မှ စတင်ပြီး နှစ်သိန်းခွဲ ထိ ရှိသော်လည်း လာရောက်တည်းခိုသည့် ဧည့်သည်များ၏ တည်းခိုမှု ရက်အလိုက် အပေါ် ညှိနှိုင်းဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့​ပြင် ငပလီကမ်းခြေသို့ ငသိုင်းချောင်း - ဂွ လမ်း မှ သွားရောက် လည်ပတ်နိုင်ကြောင်းလမ်းခရီးမှာ အဆင်ပြေ ချောမွေ့သည်ဟု ယင်း လမ်းကြောင်းမှ သွားရောက် လည်ပတ်ခဲ့သည့် ခရီးသွားတစ်ဦးက Travelling သို့ သူ၏ အမြင်ကို ပြောသည်။ Photo Amara Ocean Resort
Contine Reading
By - Admin / 26-10-2022
နောင်ချိုကြီးကျေးရွာတွင် တိမ်ပင်လယ်စခန်းသစ် နှစ်ခု မကြာခင် ဖွင့်လှစ်တော့မည်

နောင်ချိုကြီးကျေးရွာတွင် တိမ်ပင်လယ်စခန်းသစ် နှစ်ခု မကြာခင် ဖွင့်လှစ်တော့မည်

Travelling Journal  ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့၊ နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် စခန်းသစ် နှစ်ခု ကို မကြာခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။ မကြာခင် ဖွင့်လှစ် မည့် တိမ်ပင်လယ်စခန်းသစ် နှစ်ခုမှာ Win Villa နှင့် Naykyar Villa တို့ဖြစ်ကြောင်း သိရသည်။ " Cloudy Villa ကတော့ အောက်တိုဘာ (၈) ရက် ကနေစပြီး ဖွင့်လှစ် ခဲ့တာပါ။ ဒီနှစ် ခုကိုတော့ နိုဝင်ဘာလပိုင်း အမှီ ဖွင့်လှစ် ဖို့ ပြင်ဆင်နေပါပြီ"ဟု Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။ Cloudy Villa ကိုတွေ့ရစဉ် လက်ရှိဖွင့်လှစ်ထားသည့် Cloudy Villa တွင် ရွက်ဖျင်တဲ အလုံး (၂၀)နှင့် ဘန်ဂလို လုံးချင်းအိမ် (၁၀) လုံး ​ဖွင့်လှစ်ထားပြီး နှစ်ယောက်အိပ် Tent ​ငှားရမ်းမည်ဆိုပါက  ကျပ် သုံးသောင်း ကျသင့်မည်ဖြစ်ကာ လေးယောက်အိပ် Tent ငှားရမ်းမည်ဆိုပါက ကျပ် ငါးသောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လေးယောက် တည်းခိုနိုင်သည့် ဘန်ဂလို ငှားရမ်းခမှာ တစ်ညလျှင် ကျပ် ခုနှစ်သောင်း ဖြစ်ပြီး ၊ ခြောက်ယောက်တည်းခိုနိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် တစ်သိန်းသုံးသောင်း ဖြစ်ကာ ရေချိုးခန်း၊ အိမ်သာ တွဲလျက် ပါရှိကြောင်း သိရသည်။  " လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် သွားလည်ခဲ့သေးတယ်။အခုလောက် သိပ်မလှဘူး။ အခုကတော့  ကြည့်လို့ကောင်းသွားပါတယ် "ဟု ပြီးခဲ့တဲ့ ရက်ပိုင်း​က သွားရောက်လည်ပတ်ခဲ့သည့် ဧည့်သည် တစ်ဦး​က သူ၏ အမြင်ကို Travelling သို့ ပြောသည်။ Cloudy Villa ကိုတွေ့ရစဉ် လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့်  တိမ်ပင်လယ်စခန်းများမှာ တိမ်ပင်လယ် ဦးထွန်းရွှေ ၊  စော်ဘွားတောင်  ၊ သတ္တမမြောက် ကောင်းကင်ဘုံ  ၊ Cherry Hill Resort  ၊ Sky Resort  ၊ Cotton Hill  ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း  စသည့် တိမ်ပင်လယ်စခန်း (၁၀) ခုခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။  နောင်ချိုမြို့​ပေါ်မှ တိမ်ပင်လယ် အလှကိုအကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာနိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။  7th Heaven တိမ်ပင်လယ်စခန်းမြင်ကွင်းတစ်ခုကိုတွေ့ရစဉ် Cloudy Villa ကိုတွေ့ရစဉ် Photo Sai Noon Phoo/  Cloudy Villa FB/ 7th Heaven FB
Contine Reading
By - Admin / 23-10-2022
ကလောမြို့အဝင် ဆိုင်းဘုတ် အနီး ရှမ်းမောင်နှံရုပ်ထု စိုက်ထူမည်

ကလောမြို့အဝင် ဆိုင်းဘုတ် အနီး ရှမ်းမောင်နှံရုပ်ထု စိုက်ထူမည်

ကလောမြို့ရဲ့လည်ပတ်စရာ တစ်ခုဖြစ်တဲ့တောင်မင်းကြီးခုံပြာ View Point ကို တွေ့ရစဥ်။ Travelling Journal ခရီးသွား မြို့တော် ​ဖြစ်သည့် ကလောမြို့သို့ ဧည့်သည် များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်၍ ကလောမြို့အဝင် ဆိုင်းဘုတ် အနီးတွင် ရှမ်းမောင်နှံရုပ်ထု ကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။ " ​ကလောမြို့ကို အဆင့်မြင့်အောင် လုပ်ငန်းစဥ် ငါးရပ်နဲ့ ဒီဘတ်ဂျတ်နှစ်ထဲ လုပ်ဆောင်သွားမှာပါ။ ကလောရဲ့ မောမြေဦးပန်းခြံကို အဆင့်မြှင့်မယ်။ LED Bill-board ထောင်မယ်။အဲဒီမှာ ကလောမြို့ရဲ့လည်ပတ်စရာ တွေနဲ့ အစားအသောက် အဲလိုမျိုးတွေကို ရိုက်ကူးပြသ သွားမှာပါ။ လမ်းမီးတွေ လုပ်မယ်။ ကလောမြို့အဝင် ရှမ်းမောင်နှံရုပ်ထု စိုက်ထူမယ်။ နောက်ပိုင်း မှာ တိုင်းရင်းသားအစား အသောက် ပြပွဲတွေ အဲဒါမျိုးတွေ ပါ လုပ်ဆောင်သွားမှာပါ"ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦး ထင်အောင်နိုင် က ​ပြောသည်။ ထို့်​​​ပြင်ရှမ်းပြည်နယ် အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုနှစ်အတွင်း ခရီးသွား လုပ်ငန်းအတွက် ငွေကျပ် သိန်းပေါင်း တစ်သောင်း ကို သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ခရီးသွား များသည် ကလောမြို့၏ သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ထားသည့် ဓာတ်ပုံရှူခင်း ကြည့်ကွက်များစွာရှိသည့် နေရာများသို့ သွားရောက် အပန်းဖြေလည်ပတ်မှု များပြားလာကြောင်း သိရသည်။ Photo kalaw Travelling ကလောမြို့ရဲ့လည်ပတ်စရာ တစ်ခုဖြစ်တဲ့တောင်မင်းကြီးခုံပြာ View Point ကို တွေ့ရစဥ်။
Contine Reading
By - Admin / 16-10-2022
သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်ပြီး Safari Tents ဖြင့် ညအိပ်နိုင်မည့် Eco-Activity ကလောတွင် စတင်တော့မည်

သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်ပြီး Safari Tents ဖြင့် ညအိပ်နိုင်မည့် Eco-Activity ကလောတွင် စတင်တော့မည်

Travelling Journal ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်မည့် အပြင် တောတွင်းအခြေပြု Safari Tents ဖြင့် ညအိပ်နိုင်မည့် ပထမဆုံး Eco-Activity ကို စတင်တော့မည် ဖြစ်ကြောင်းသိရသည်၊၊ အဆိုပါ Eco-Activity မြေ ၁၀ ဧက နီးပါး ပေါ်တွင် ဖော်ဆောင်ထားပြီး တောတွင်းအခြေပြု Safari Tents တွင် ညအိပ်တည်းခိုကာ စွန့်စားမှုမျိုးစုံကို ပြုလုပ်နိုင်မည့် Activity များထည့်သွင်း သွားရန် စီစဥ်ပေးထားကြောင်း Kalawe Glamping & Eco-Activities မှ တာဝန် ရှိသူက Travelling Journal သို့ ပြောသည်။ စွန့်စားမှုပြုလုပ်နိုင်မည့် Activity များမှာ Zipline Adventure ၊Canopy Sky Walk &Monkey Walk ၊Canopy Sky Walk၊Jacob Ladder ၊ Abseil & Monkey walk ၊ Trigle High Rope Adventure ၊Natural Rock Mountain Climbing & Abseiling Adventure စသည့် စွန့်စားမှုများကို ပြုလုပ်နိုင်ရန် ထည့်သွင်းထားကြောင်းသိရသည်။ ယင်း Activity များကိုပြုလုပ်နိုင်ရန်အတွက် ပြည်ပမှ ပညာရှင်ကို ငှားရမ်းပြီး ပူတာအို ဧည့်လမ်းပြတစ်ဦးနှင့် ကလော ဒေသခံ ဧည့်လမ်းပြစုစုပေါင်း( ၈ ) ဦးကို လက်တွေ့ ကွင်းဆင်းသင်ကြားပေးနေကြောင်း သိရသည်။ "ကလောမြို့မှာ အခုလို Activity တွေ ပေါ်ထွက်လာတာ ကောင်းပါတယ်။ လာစီးကြတဲ့လူငယ်တွေ သဘောကျတာကို တွေ့ရပါတယ်။ အန္တာရာယ်လည်းမများတော့ စိတ်ဝင်စား ကြတယ်။ သဘာဝကိုမဖျက်ထားပဲ သစ်ပင်တွေကြားမှာ ဖန်တီးပေးထားကို တွေ့ရပါတယ် "ဟု ကလောဒေသခံဧည့်လမ်းညွန်က Travelling သို့ ​ပြောသည်။ ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားခြင်းများ ခံရပြီး သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ကာ ဓာတ်ပုံရှူခင်း ကြည့်ကွက်များစွာ ရှိပြီး ခရီးသွားဧည့်သည် များကို ဆွဲဆောင်လာနိုင်သည့် မြို့တော် ဖြစ်လာကြောင်းသိရသည်။ Photo-KalawHillLodge/Tinsoeaung ဆောက်လုပ်မည့် Restaurant ပုံစံကို တွေ့ရစဉ်
Contine Reading
By - Admin / 22-09-2022
နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် ကြယ်ငါးပွင့် အဆင့်မှီ VILLA INLE RESORT ကို ပြန်ဖွင့်လှစ်ရန်ပြင်ဆင်

နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် ကြယ်ငါးပွင့် အဆင့်မှီ VILLA INLE RESORT ကို ပြန်ဖွင့်လှစ်ရန်ပြင်ဆင်

Travelling Journal ကမ္ဘာကျော် အင်းလေးကန် ၏ အရှေ့ဘက်ကမ်းစပ် မိုင်းသောက် တွင် တည်ဆောက် ထားသည့် ကြယ်ငါးပွင့် အဆင့်မှီ VILLA INLE BOUTIQUE RESORT ကို ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ယင်း ဟိုတယ်က တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။ ၂၀၂၀ မတ်လကတည်းက ပိတ်ထားခဲ့ပြီး မကြာခင် ယင်းဟိုတယ်ကို ပြန်လည် ဖွင့်လှစ် ရန် ​ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ "ကြားကာလထဲမှာ ခဏလောက်ဖွင့်လိုက်သေးတယ်။ ဖွင့်သာဖွင့်ထားတာ ။ လူက မရှိဘူး လေ။ အခုတော့ ဟိုတယ်ကို ပြန် Run ဖို့ ဆုံးဖြတ်ပြီးဝန်ထမ်း တွေလည်း အကုန် အလုပ်တွေ ပြန်ခေါ်နေပါပြီ"ဟု ယင်း ဟိုတယ်က တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။ ယင်းဟိုတယ်ကို မြေဧက (၂၀) ကျော်ပေါ်တွင် သဘာဝကို အခြေခံ၍ တည်ဆောက်ထားပြီး အခန်းပေါင်း (၂၇)ခန်းရှိ ကာ ပြည်တွင်းခရီးသွားများ အများဆုံး မဖြစ်မနေသွားရောက် လည်ပတ် ကြသည့် မိုင်းသောက် တံတား အနီးတွင် ယင်းဟိုတယ်ကို တည်ဆောက် ထားကြောင်း သိရသည်။ ယခင်က နှစ်ယောက် အိပ်ခန်း တစ်ညလျှင် ကန်ဒေါ်လာ ၂၅၀ မှ ၃၀၀ ထိ ရှိ​သော်လည်း ယခုအခါ ထက်ဝတ်ခန့်နီးပါး အခန်းခနှုန်းထားများကို လျှော့ချထားကြောင်းသိရသည်။ " နှစ်ယောက်ခန်းတညကိုပါ ကျပ် ၁၇၅၀၀၀ နဲ့ ရောင်းမယ်လို့ မှန်းထားပါတယ်။ ဒါပေမဲ့ခုလောလောဆယ် ကျပ် ၁၄၇၀၀၀ နဲ့ရောင်းနေပါတယ်။ OTAတွေကတော့ ဒေါ်လာနဲ့ရောင်းပါတယ်"ဟု ယင်းဟိုတယ်က တာဝန်ရှိသူ က Travelling သို့ ပြောသည်။ Photo VillaInleResort
Contine Reading
By - Admin / 19-09-2022
ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး CM Hostel စတင်ဖွင့်လှစ်

ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး CM Hostel စတင်ဖွင့်လှစ်

Travelling Journal ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး က ခရီးသွား များလာရောက်တည်းခိုပါက စျေးအသင့်အတင့်ဖြင့် တည်းခိုနိုင်ရန်ရည်ရွယ်၍CM Hostel ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယင်း Hostel ကို ချင်းမိုင်ဂိတ်အနား၊ ချင်းမိုင်ဂိတ်ဟိုတယ်နားတွင် ဖွင့်လှစ် ထားပြီး နှစ်ယောက်အိပ် တစ်ခန်းလျှင် တစ်ည တည်းခိုပါက ဘတ် ၃၅၀ဖြစ်ပြီး အခန်းတွင်းဝန်ဆောင်မှု အဖြစ် Aircon နှင့် free wifi လည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် တစ်လချင်းပေးပြီး တည်းခိုပါကလည်း စျေးနှုန်း ကို ထပ်မံ အဆင်ပြေအောင် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ယင်း Hostel ပိုင်ရှင် ကTravelling သို့ ပြောသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့သည်တောင်တန်းများဝန်းရံပြီး ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းများ ၊ လည်ပတ်ချင်စရာများစွာရှိပြီးကျုံးပတ်လည်ဝန်းရံထားသည့် နန်းမြို့ရိုးများ နှင့် ခရီးသွား များကို ဆွဲဆောင်ထားသည့် မြို့တမြို့လည်းဖြစ်ကြောင်းသိရသည်။ Photo - ဘန်ကောက်သွားမယ် Fb ပုံ-စာ ချင်းမိုင်မြို့၏ အထင်ကရလည်ပတ်စရာနေရာများ နှင့် CM Hostel အခန်းတစ်ချို့ကို တွေ့ရစဥ်။
Contine Reading
By - Admin / 17-09-2022
ဟိုတယ် လုပ်ငန်းများ ပြန်ရပ်တည်ရန်အတွက်ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ ​လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ထိ ရှိလာ

ဟိုတယ် လုပ်ငန်းများ ပြန်ရပ်တည်ရန်အတွက်ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ ​လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ထိ ရှိလာ

Travelling Journal ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအ​ခြေအနေများအကြား ဟိုတယ် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ရှိနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) မှ တာ ဝန်ရှိသူတစ်ဦးက Travelling Journal သို့ ပြောသည်။ "ကိုဗစ်နဲ့ လုံးလည်ချာလည်ဖြစ်နေတဲ့ ဟိုတယ် တွေ များ ပါတယ်။ ပြန်နလန်ထဖို့ဆိုတာကလည်း မတည်ရင်းနှီးငွေ လိုသေးတယ်။အဲဒီထဲမှာ ရန်ကုန် ဟိုတယ် တွေထက် နယ်က ဟိုတယ်တွေက အတော် ဒုက္ခ ရောက်ကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အသင်းက အသင်းဝင်ဟိုတယ်တွေကို အာမခံပေးပြီး လုပ်ငန်းရှင်နဲ့ ဘဏ်အကြား တာဝန်ယူမှု နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။လက်ရှိ ချေးငွေ တင်ထားတဲ့ ဟိုတယ် (၉၆) လုံးရှိပါပြီ"ဟု ဗဟိုအတွင်းရေးမှူး က Travelling Journal သို့ ပြောသည်။ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)လက်အောက်တွင် ပြည် နယ်နှင့် တိုင်းအလိုက် ဖွဲ့စည်းထားသည့် ဟိုတယ်အသင်းဇုန်( ၂၀ ) ထိ ရှိနေပြီးဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့လုပ်ငန်းရှင်တွေက ဘဏ်တွေဆီကနေ ချေးငွေ ရဖို့ အပေါင်ပေးပြီးချေးထားကြပါတယ်။ကိုဗစ် ဖြစ်ပြီးနော​က် လုပ်ငန်းတွေ မရပ်တည်နိုင်တော့ဘူး။အခု ပြန်မတည်ဖို့က ရင်းနှီးငွေ မရှိတော့ဘူး ။ ဒါပေမယ့်ကျွန်တော်တို့က အရင်ဘဏ်တွေမှာ ဟိုတယ် ဂရံအပေါင်တွေ ပေးပြီးထားပြီးပြီ ။ အခု ထပ်ချေးမယ်ဆိုရင်ဘဏ်ကလည်း ထပ်မပေးဘူး။ဒါမို့ ဝန်ကြီး ဌာနကပဲ ဖြစ်ဖြစ်ဗဟို အသင်းက ပဲ ဖြစ်ဖြစ် ဘဏ်လုပ်ငန်းရှင်များအကြားမှာ တရားဝင် ကြေညာချက်ထုတ်ပေးရင် ပိုကောင်းတာပေါ့။ တကယ်တကယ့်ကျရင် ဘဏ်တွေက မပေးကြဘူးလေ။ ကျွန်တော် တို့ရဲ့ အခက်အခဲ တွေက အဲဒါတွေ ပါ "ဟု ဟိုတယ်လုပ်ငန်းရှင််တစ်ဦးက Travelling Journal သို့ ပြောသည်။ လက်ရှိတွင် UAB ဘဏ် နှင့် ဧရာဝတီဘဏ်တွင်ဟိုတယ် များချေးငွေ ရရန် ဗဟို အသင်း ၏ထောက်ခံချက်များဖြစ် ချေးငွေ ရယူနိုင်ရန်ဆောင်ရွက်လုပ်ကိုင်ပေးနေကြောင်း သိရသည်။ ဘဏ်များတွင် အပေါင်ပေးပြီးချေးငွေရယူနိုင်သည့်JICA LOAN နှင့် ၁၀ ရာခိုင်းနှုန်း အတိုးပေးပြီးငါးနှစ် သက်တမ်းချေးရသည့် ချေးငွေ အမျိုးအစား အနက် လုပ်ငန်းရှင်အများစုက ၁၀ ရာခိုင်းနှုန်း ပေးရသည့် ချေးငွေ အမျိုးအစား ကို ပိုပြီး ချေးယူကြကြောင်းသိရသည်။ ခရီးသွား လုပ်ငန်း ရပ်တန့်ခဲ့ရသည့်သုံးနှစ်ကျော်ကာလအတွင်း ရန်ကုန် မြို့နှင့် နယ်များရှိဟိုတယ်အများစုသည် ပြန်ရပ်တည်ရန်ခက်ခဲသဖြင့် ဟိုတယ် အများစုကို ပြန်လည်ရောင်းချမှု များ များပြားခဲ့ ကြောင်းသိရသည်။
Contine Reading
By - Admin / 12-09-2022