Most Read Articles

ခရီးစဉ်ဒေသထင်ရှားစေရေးနှင့်မြန်မာ့ရုပ်ရှင် အီဗော်လူးရှင်း

ခရီးစဉ်ဒေသထင်ရှားစေရေးနှင့်မြန်မာ့ရုပ်ရှင် အီဗော်လူးရှင်း

သတိုးလွင်(ပထဝီ၀င်) “ဒိုင်း …’’..ဒိုင်း”….မြန်မြန်၀ပ်…” စာရေးသူရောက်နေတဲ့ နေရာကား အမေရိကန်ပြည်ထောင်စု လော့စ်အင်ဂျလိစ်မြို့ လည်တစ်နေရာရှိ Mac.Donal စားသောက်ဆိုင်… လွန်ခဲ့သော နှစ်၂၀နှစ်ခန့်ကဖြစ်သည်။ လူမဲ(၁)ဦး ၀င်လာပြီး စားသောက်ဆိုင်ထဲရှိလူတစ်ဦးကိုပစ္စတိုဖြင့်၂ချက် တေ့ပစ်သွားသည်။ ဆိုင်ထဲရှိ သူများပြားပြား၀ပ် နေလျှက် ခဏကြာမှရဲများရောက်လာသည်။ လူမဲ နှစ်ဦးကပြေးပြီး …သွေးအိုင်ထဲမှာ လူတစ်ဦးလဲ နေသည်။ရုပ်ရှင်ထဲကလိုမြင်ကွင်း၊ တကယ်ပစ်ကွင်းအစစ်….“ရွှီးရှီး…ဒိုင်း..ဒိုင်း…ပတောက်..ပတောက်…ပတောက်..ဝှီး ဝုန်း“ဒီအသံမျိုးနားယဉ်နေသလို… ရှေ့ကအတွေ့အကြုံအရ ချက်ချင်းဆိုသလို ….လမ်းဘေးတွင်စျေး၀ယ်နေသော စာရေးသူတစ်ယောက် ဂျင်းဘောင်းဘီပုံ အကြားပြေး၀ပ်လိုက်၏။ နေရာကား… လော့စ်အင်ဂျလိစ်မြို့၏ လမ်းမအလယ်ကောင်…ရှေ့မှ လူဆိုးကားနောက်ကို ရဲကား၂စီးက လိုက်ပြီးပိတ်ဖမ်း လိုက်စဉ် အပြန်အလှန်ပစ်ခတ်သံစာရေးသူလဲ ၀ပ်နေရာမှ ခေါင်းပြူကြည့်မိတော့ …ဘေးကလူတွေကတဝါးဝါးနှင့် ရယ်နေ တာ တွေ့ရ၏။ ကြည့်လိုက်တော့မှ ကရိန်းတင်ထားသည့် ကားတစီးပေါ်မှ ရုပ်ရှင်ရိုက်နေတာတွေ့လိုက်ရသည်။ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်၀င်ခန်းရိုက်နေကြောင်းသဘောပေါက်သဖြင့် ငိုအားထက်ရယ်အားသန်ခဲ့ရသည်။ ထိုသို့ခိုးဆိုးလုယက် မှုခင်းများ နှင့်ပြည့် နေသည့်L.A(ခေါ်) လော့စ်အင်ဂျလိစ် မြို့တော်ကြီးကား - ဟောလိဝုဒ်တို့ ဒစ်စနီလန်းတို့ ယူနီဗာဆယ် စတူယိုတို့နှင့် ခရီးသွားလုပ်ငန်းကို မထိခိုက်သည့် အပြင်ပိုမိုကျော်ကြား စေသည်မှာအမှန်ပင်။ ရန်ကုန်မြို့လည်ကောင်မှ သေနတ်သံများ ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်း-ရန်ကုန်မြို့လည်ဆူးလေးဘုရားတဝိုက်တွင်.. သေနတ်သံအချို့ ပစ်ခတ် သံကြားခဲ့ရသည်။ စာရေးသူလည်း ခေတ္တခဏသွားကြည့်ဖြစ်သည်။ နာမည်ကျော် ဟောင်ကောင်ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီရှောဘရားသား(Shaw Brother)မှရိုက်ကူးသော” Line Walker 2’’ ဇာတ်၀င်းခန်း တချို့(၁၅)မိနစ်စာ ရန်ကုန်မြို့မှာ ရိုက်ကူးရန် ဒေါ်လာသန်းချီသုံးစွဲခဲ့ သလိုမိနစ်ပိုင်းအတွင်း ကားခြင်းတိုက်ပြီး မီးလောင်း ပေါက်ကွဲခန်း ရိုက်၍ ကား(၄)စီးကိုကျပ်ငွေသိန်း(၈၀၀)ပေး၀ယ်ပြီးဖျက်စီးခဲ့သည်။ Extra ခေါ်ဖြတ်လျှောက် နေ့တွက်စရိတ် US$ 35ပေးပြီး လူရာနှင့်ချီ ငှားရမ်း အသုံးပြုခဲ့သဖြင့် ဒေသခံများနှင့်ရုပ်ရှင်လောကသားတချို့ အလုပ်ရသည် သာမက အတွေ့ အကြုံများရရှိခဲ့သည်။ အဓိကရလဒ်ကား မြန်မာပြည်..ရန်ကုန်မြို့ မြန်မာလူမျိုးတိုင်းယဉ်ကျေးမှု ဓလေ့ထုံးစံများ ကိုကြော်ငြာခ တစ်ပြားမှမကုန်ခဲ၊့ Line Walker 2ရုပ်ရှင်ကားကြီးမှ ကမ္ဘာအနှံ့ဖြန့်ချီကြော်ငြာပေးချင်းဖြင့် “Tourism Destination Awareness “ပိုမိုဖြစ်စေခဲ့သည်မှာ အဖိုးထိုက် သောရလဒ် … အမြတ်ဟုဆိုနိုင်လေမည်။ မကြာခင်ကာလအတွင်း ဟောလီဝုဒ်မင်းသား နီကိုးလ်လတ်စ်ကေ့ခ်ျနှင့် ဂျပန်စက်ရုပ်ကား မြန်မာပြည်နောက်ခံလာ ရောက်ရန် အစီအစဉ်ရှိကြောင်းကြားသိရသည်။ ယခုလိုအချိန်ကာလမျိုးတွင်မြန်မာနိုင်ငံကိုPostitive Image ဖြစ်စေရေးသည် အထူးပင်လို အပ်လှသည်မဟုတ်ပေလား။ အဆိုးမြင်ခြင်းဖြစ်စေသည့်အကြောင်းများ ယနေ့ICTခေတ်ကို Facebook ၊ You Tube ၊ Internet စသည့် စက္ကန့်ပိုင်းအတွင်းသတင်းပျံ့နှံ့စေသည့် Social Media များ၊ Network များမပေါ်ခင်နှစ်ပေါင်း ၅၀ ကတည်းကပရိသတ်ကိုဖမ်းစားခဲ့သည့် Media မှာ Motion Picture ခေါ်ရုပ်ရှင်ပင်တည်း။ စာရေးသူတို့ငယ်စဉ်ကစနေ၊ တနင်္ဂနွေဆိုအလွန်ပျော်ခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်သည့် အပြင်ရုပ်ရှင်ရုံသို့ မိဘများနှင့်အတူဘိုင်စကုတ်ကြည့်လေ့ရှိခဲ့သည်။ နောက်ပိုင်းဗီဒီယို၊ DVD၊ EVDများပေါ်လာပြီး Cable TV များမှ ရုပ်ရှင်ထဲမှ ဇာတ်ကောင်များ၊ စွဲမက်ဖွယ်ရာအလှအပများ၊ အ၀တ်အစားများ၊ အစားအသောက်များ၊ ဒေသန္တရရှုခင်းများ၊ အထင်ကရနေရာ (Land Mark)များသည် ရောက်ဖူးလိုစိတ်ခရီးသွား လိုစိတ်ကို တဖွားဖွားဖြစ်စေသည်။ Positive Message ဆိုလျှင်ပျော်စရာ အတိနှင့် သွားရောက်လည်ပတ် လိုသော်လည်း အနိဌာရုံများ၊ ဆိုးဝါးသောမြင်ကွင်းများသည် အဆိုးမြင်ခြင်း (Negative Message) ကိုဖြစ်စေသည်။ အချို့သောရုပ်ရှင်များသည် ခရီးစဉ်ဒေသတစ်ခုကိုအဆိုးသတင်းဖြင့်ကျော်ကြားစေသည်။သို့သော် ပရိတ်သတ်၏စိတ်ထဲတွင် သွားရောက်လည်ပတ်ရန် စိုးရွှံ့သော်လည်း နှစ်အတန်ငယ်ကြာပြီးနောက် ထိုဒေသများသို့ မုချသွားရောက်လည်ပတ်လေ့ရှိသည်။ ဥပမာအားဖြင့် Good Morning Vietnam ရုပ်ရှင်သည် ဗီယက်နမ်စစ်ကို နောက်ခံထားရိုက်ကူးခဲ့ သော အမေရိကန် ရုပ်ရှင်ကားဖြစ်သည်။ ရုပ်ရှင်ကားထွက်ပြီးမကြာခင် ဗီယက်နမ်သည် အနောက်နိုင်ငံသားအထူးသဖြင့် အမေရိကန် တိုးရစ်များ အတွက် Hot Destination တစ်ခုအဖြစ် သွားရောက်လည်ပတ်ကြသည်။ အလားတူ ကမ္ဘောဒီးဟားပြည်တွင်းစစ် ကိုအခြေခံ ရိုက်ကူး ထားသော Killing Field ရုပ်ရှင်ကြောင့် ခေါင်းဆောင်ကြီး ပိုပေါ့ကို ပိုမို မုန်းတီးလာ သကဲ့သို့ ခမာပြည်သူ များကို သနားဂရုဏာ ထားပြီး Simpathy Tour အဖြစ် ကမ္ဘောဒီးယားသို့ ကမ္ဘာလှည့် ခရီးသည်များ သွားရောက် လည်ပတ်မှု သည် ပိုမိုမြင့်တက်လာခဲ့သည်။ မြောက်ကိုရီးယား ခေါင်းဆောင်ကို ပြတ်ရယ်ပြု ထားသောအမေရိကန်ရုပ်ရှင် Interview ကိုကြည့်ပြီးနောက် ထိုနိုင်ငံသို့ သွားရောက်လည်ပတ်ရန်မှု စိုးစဉ်းမျှ မတွေးဝံ့ကြသေးပါ။ မြန်မာပြည်အကြောင်းပိတ်ကားပေါ်မှပြောသောစကားများ စာရေးသူအနေဖြင့်ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ဖူးသောဇာတ်ကားအချို့ရှိသည်။ လွန်ခဲ့သောနှစ် အစိတ်ခန့်ကထွက်ခဲ့သည့် Beyond Rangoon ၈၈ အရေးအခင်းကာလအတွင်းရန်ကုန်သို့ လာရောက်လည်ပတ်သည့် တိုးရစ်အမျိုးသမီးတစ်ဦး၏ စွန့်စွန့် စားစားထွက်ပြေးခဲ့ရသည့် ဇာတ်လမ်းတစ်ပုဒ်။ ဇာတ်ကားကြောင့် ခရိးသွားလုပ်ငန်းကိုတစ်စုံတစ်ရာထိခိုက်မှု သိပ်မရှိသော်လည်း နာမည်ကြီးမင်းသားစတားလုံးပါ၀င်သည့် Rambo4 မှာမူလူသိများသည့်အပြင် မြန်မာလူမျိုးတွေအပေါ် အဆိုးမြင်စေသည်။ အမေရိကန် နာမည်ကြီးရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ ကိုလံဘီယာဖလင်မှထုတ်လုပ်ခဲ့သည့် STEALTH အက်ရှင် စစ်ကားတွင် ရန်ကုန်သို့လေကြောင်းမှ ၀င်ရောက်စီးနင်းခရီးသည် စိတ်ကူးယဉ်ဆန် သေ်ာလည်းတချို့မှာ အဟုတ် ထင်ပြီး ရန်ကုန်မှပြောင်း ရွှေ့ကြကုန်လေပြီးလား။ ၂၀၁၅ ခုနှစ်ခန့်က ထွက်ခဲ့သည့် The Lady ရုပ်ရှင်ဇာတ်ကားကြီးထွက်ပြီးနောက် မြန်မာပြည်ကို The Land of the Lady အဖြစ် Brand Awareness ပိုဖြစ်စေခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များကကမ္ဘာကျော် မင်းသားကြီးဂရီလီယိုပက်နှင့် မြန်မာမယ် မင်းသမီး၀င်မင်းသန်းသည် ရုပ်ရှင်ကားကြီးတစ်ခုတွင် ပါ၀င်သရုပ်ဆောင်ခဲ့ဖူးကြောင်း ကြားဖူးခဲ့သည်။ The Lady လောက် မြန်မာမင်းသမီးကိုသိပ်မသိခဲ့ရှာပေ။ မန္တလေးဇာတိဖွား ဟောလိဝုဒ်မင်းသမီး Bruce Shield မင်းသမီးသည်မြန်မာပြည်ဖွားဟုသိပ်မသိခဲ့ပေ။ ၁၉၈၀ ပြည့်နှစ်ခန့်က နာမည်ကြီးခဲ့သူပင်တည်း။ ပိုစတာတွေကြည့်ပြီးရင်ကုန်ခဲ့ဖူးသည်။ ယင်းအပြင် ၁၉၉၆ ခုနှစ်ခန့်က ဂျပန်မြန်မာစစ်ကြီးကာလ ဖြစ်ရပ်မှန် ၀တ္တုကြီးတခုဖြစ်သည့် ဂျာနယ်ကျော်မမလေး၏ “သွေး”ဇာတ်လမ်းသည်လည်း မန္တလေးကိုအခြေပြုရိုက်ကူးခဲ့သည်။ စစ်ပြန်ဂျပန်အဘိုးအိုးများအတွက် လွမ်းဆွတ်စရာပင်တည်း။ ၁၉၉၈တွင် ဆရာဦးဘုန်းသန့် ဂျပန်စစ်ဗိုလ်အဖြစ် ပါ၀င်သရုပ်ဆောင်ခဲ့သည့် အိန္တိယခေါင်းဆောင် “ဆူရပ်နာဒရာဘို’’ ရုပ်ရှင်ကားကြီးကို မြန်မာပြည်နောက်ခံထားရိုက်ခဲ့ဖူးသည်။ စာရေးသူ၏ခရီးသွားကုမ္ပဏီအနေဖြင့် ၁၉၉၆ခုနှစ်တွင် အပျော်စီးသင်္ဘောပေါ်မှ ရန်ကုန်မြို့တွင် ခရီးသည် ၀င်ရောက်ခဲ့ပါသည်။ “ Dream Boat “ TV Series တွင် Service Producer အဖြစ်ပံ့ပိုးပေးခဲ့ခြင်းမှ အစပြု၍ နာမည်ကြီးဂျာမန်စကားပြော “Dream Hotel in Myanmar” TV Series သည် ဂျာမန် စကားပြောနိုင်ငံများ သာမကအာရှနိုင်ငံအချို့တွင် ပြသခဲ့ပြီးဂျာမန်ခရီးသည်များ ပိုမို၀င်ရောက်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ရန်ကုန်၊ ပုဂံ၊ ငွေဆောင်၊ အင်းလေးကိုအခြေပြုရိုက်ခဲ့သည်။ AD ၈၀၂ ခုနှစ် မြန်မာနိုင်ငံပျူခေတ် တရုတ်နိုင်ငံထန်မင်းဆက်တွင် ရှိခဲ့သောချစ်ကြည်ရေး သံတမန် ဆက်ဆံမှုအကြောင်းအရာကိုအခြေခံပြီး “ ဒဏ္ဍာရီထဲကကချေသည်” T.V ဇာတ်လမ်းတွဲကို အပိုင်း၄၂ပိုင်း ခွဲပြီး Sky Net မှထုတ်လွှင့်ခဲ့သည်။ ပုဂံတွင် ဇာတ်၀င်ခန်းအချို့ ရိုက်ကူးခဲ့သည်။ တရုတ်ကမ္ဘာလှည့်ခရီးသည်များပုဂံသို့ ပိုမိုလာရောက်ကြ သည်ကိုတွေ့ရသည်။ ကိုးရီးယားရုပိသံမှ The Great Myanmar T.V ဇာတ်လမ်းတွဲကိုလည်း ၂၀၁၄ ခုနှစ်အတွင်းမှ ရိုက်ကူးခဲ့သည်ဟုသိရှိရပါသည်။ အလားအလာကောင်းသည့် Filming location သည်. မြန်မာနိုင်ငံလော… စာရေးသူတို့ မြန်မာနိုင်ငံကိုဇာတ်အိမ်တည်ပြီးရိုက်ကူးရန် ရုပ်ရှင်ဇာတ်လမ်းပေါင်းစုံရှိနိုင်သည်။ ရှေးရာဇ၀င် ကာလမှ သည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန် ပေါင်းစုံရှိသည်။ ၁၉၅၀ မှ ခေတ်သုံးခေတ်အတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပြောင်းအလဲများကြောင့် မြန်မာပြည်၏ရင်နင့်ဖွယ်ရာဖြစ်ရပ်များ၊ မှတ်သားဖွယ်ရာဖြစ်စဉ်များကို ၀တ္တုမှ ဇာတ်ညွှန်း (Script) ဖန်တီးပြီးထုတ်လုပ်သူအနေဖြင့်နာမည်ကြီးဇာတ်ကားကြီးများ ဖြစ်လာနိုင်သည်။ သို့သော် စီးပွားဖြစ်ရိုက်ကူး နိုင်ဖို့မူစိန်ခေါ်မှုများစွာရှိနေသေးသည်။ ဟောလိဝုဒ် (Hollywood) ရုပ်ရှင်အသိုင်းအဝိုင်းမှ နာမည်ကြီးဇာတ်ကောင်များဖြစ်သည့် နီကိုလ်လပ်ကေ့ခ်ျ၊ အင်ဂျလီနာဂျိုလီ၊ ဘရစ်ပစ်စသည်တို့မှ လာရောက်ရိုက်ကူးနိုင်ခဲ့မည်ဆိုလျှင် မြန်မာပြည်သို့သါားလည်လိုစိတ် နိုင်ငံပုံရိပ် အမှတ် တဆံပ် (Branding) ကောင်းပြီး Destination Awareness ပိုမိုသိရှိလာနိုင်မည်မှာဧကန်မလွဲပေ။ Filming Tourism ကြောင့်နိုင်ငံတစ်နိုင်ငံ၏ Branding ကိုအကောင်းမြင်ကျော်ကြားမှု (Famous)ဖြစ်ပြီး ကောင်းသောပုံရိပ် (Positive Image) ဖြစ်စေသကဲ့သို့ အဆိုးမြင်ကျော်ကြားမှု (Notorious )ကြောင့် တိုင်းပြည်နှင့်လူမျိုး၊ ကိုယ်ကျင့် သိက္ခာကိုဆိုးသောပုံရိပ် (Negative Impact 0 ) ဖြစ်စေသည်။ အနုပညာလမ်းကြောင်းသည် လူသားတို့၏ စိတ်သဏ္ဍာန်ကိုသာမက နှလုံးသားထိထိုးဖောက်နိုင်စေသဖြင့် ရုပ်ရှင် ဇာတ်ကားရုပ်မြင်သံကြားဇာတ်လမ်းတွဲများသည် ခရီးစဉ်ဒေသတစ်ခုကိုသွားရောက်လည်ပတ်လိုစိတ် Destination Awareness ဖြစ်စေသည်မှာဧကန်အမှန်ပင်ဖြစ်ကြောင်းပထမပိုင်းအနေဖြင့် တင်ပြလိုက်ရပါသည်။ စာရေးသူအနေဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်စဉ် ကြုံတွေ့ခဲ့ရသည့် Film Tourism အတွက်ဖြစ်သင့်သည်များ၊ အဖြစ်လုပ်နေရသည်များနှင့် လျှို့ဝှက်ဆန်းကြယ် မှုများကို အခြေနေပေးရင် ဆက်လက်ဖောက်သည်ချလိုပါသေးသည်။ မြန်မာ့ရုပ်ရှင်အီးဗော်လူးရှင်းနှင့်ခရီးစဉ်ဒေသကျော်ကြားမှုတိုက်ရိုက်အချိုး ယနေ့မြန်မာရုပ်ရှင်လောကအခြေနေသည်ရာသီဥတုမကောင်းပေ။ အကြောင်းမှာစျေးကွက်အခြေပြု ပရိတ်သက်အကြိုက် မြန်မာပေါကားများချစ်ကြိုက်ညားကျ ဇာတ်လမ်းရိုးကြီးများသာလှိုင်လှိုင်ထုတ်လုပ်ရသည့်အခြေနေမှ ရုန်းထွက်နိုင်ရန် အရင်းနှိးထုတ်လုပ်သူ၏ နားလည်းစွာဖြင့် ပံ့ပိုးနိုင်မှု Copy Right အရ ခိုးခွေများကို တင်းကျပ်စွာအရေး ယူနိုင်မှသာစီးပွားရေး အရတွက်ခြေကိုက်ပေမည်။ ထိ့ုပြင် မင်းသမီးထက်မင်းသား၏ အနုပညာကြေးပို ပေးရပြီးဒါရိုက်တာRole သည် အရေးမပါ သလို ဖြစ်နေခြင်း သည်လည်း မြန်မာ့ရုပ်ရှင်လောကအတွက် ရေရှည်တည်တံ့ရေး တိုးတက်မှုအီဗော်လူးရှင်းအတွက် အဟန့်အတား ဖြစ်စေသည်။ စာရေးသူငယ်စဉ်ကလေးဘ၀က…..အညာမြို့လေးတခုဖြစ်သည့် ချောက်မြို့ မှန်နန်းရုပ်ရှင်ရုံတွင် ကြည့်ခဲ့ဘူးသည့် အဖြူအမည်း မြန်မာရုပ်ရှင်ကားအချို့ ယနေတိုင် စိတ်ထဲတွင်စွဲကျန်လျှက်ရှိနေသေးသည်။ အကယ်ဒမီညွှန့်၀င်းပါ၀င် သရုပ်ဆောင်ခဲ့သည့် “ ပီ အော့တူခမ်းတောင်းမ်” ချင်းဘာသာစကားချင်တောင်တန်းရုပ်ရှင်ကားသည်လည်းကောင်း၊ ဒါရိုက်တာ စံရွှေမောင်၏ “နေခြည်ဖြာ မှနွေးသောကြောင့်” ကချင်ပြည်နယ်ရေခဲတောင် နောက်ခံအခြေပြုဇာတ်ကားနှင့် အကယ် ဒမီ အောင်လွင် ပါ၀င်သည့်”ကလောအလွန်တစ်ဘူတာ” ဇာတ်ကားကြီးများသည်နှစ်၄၀ကျော် ကြာသည့်တိုင်ရင်ထဲစွဲကျန်ခဲ့။ ရုံတင်သာမက ထို ဇာတ်လမ်းပါ ခရီးဒေသများကိုမဖြစ်ဖြစ်အောင် သွားလည်ပတ်လိုစိတ်များ ဖြစ်စေခဲ့သည်။ ၁၉၈၆ခုနှစ် တက္ကသိုလ် ပေါင်းစုံ ခြေလျှင်တောင်တက်အသင်းနှင့် ဆင်တောင်၊ မြင်းမထိတောင်တက်စဉ်၊ ရန်ကုန်မှရထားခရီးစဉ်ဖြင့်သွားခဲ့ရသည်။” ဘ၀သံသရာ တံတား” ကလောအလွန်တဘူတာဖြစ် သည်။ ”ခွေးရုပ်” ဘူတာရောက်ခဲ့စဉ် ရုပ်ရှင်ဇာတ်၀င်ခန်းထဲက နေရာဟု အမှတ်ရ၍ ဓာတ်ပုံဆင်းရိုက်ခဲ့ရသည်။ ဒီလိုဖြစ်စဉ်မျိုးဟာ ပြည်တွင်းပြည်ပပရိတ်သက်များအတွက် ရုပ်ရှင်ကို အခြေပြုပြီး နှလုံးသားထဲမှ “Destination Awareness “ ဖြစ်စေသည် သဘောပင်တည်း။ ထိုကြောင့်ယနေ့ မြန်မာနိုင်ငံကို နောက်ခံထားပြီး အမေရိကန် ဟောလိဝုဒ်၊ အိန္ဒိယနိုင်ငံ ဘောလိဝုဒ်၊ ကိုရီးယားနိုင်ငံမှ ဇာတ်လမ်းတွဲများ ၊တရုတ်နိုင်ငံမှသာမကဥရောပမှ ရုပ်ရှင်ကားကြီးများ လာရောက်ရိုက်ကူးဖို့ကမ်းလှမ်းမှုများရှိသည့်နှင့် ကြိုဆိုရမည်။ ပါးစပ်မှ အားပေးစကားပြောရုံနှင့် မပြီးပါမစ်အဖိုးအခများ ဖြေ လျော့သင့်သည်။ နာမည်ကြီး မင်းသားမင်သမီးများ၏ပုံရိပ်နောက်တွင် ခရီးစဉ် ဒေသနိုင်ငံ၏ ပုံရိပ် သည်လည်း” ကျွှဲကူးရေပါ သ ကဲ့သို့’’ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေမည်မဟုတ်လော။ Travelling_Journal/Vol_1_Issue_12 Photo_သတိုးလွင်
Contine Reading
By - Admin / 31-05-2019
တောင်ပေါ်မြို့လေးဘော်ဆိုင်း

တောင်ပေါ်မြို့လေးဘော်ဆိုင်း

မော်ကျွန်းသူ ဘော်ဆိုင်းဆိုတဲ့ တောင်ပေါ်မြို့လေးကို အမှတ်မထင်ပဲ စက်တင်ဘာလထဲမှာ ရောက်ဖြစ်ခဲ့တယ်။ အကြောင်း ကတော့ ပင်းတယမြို့က ဟိုတယ်လုပ်ငန်း ရှင် အန်ကယ်တစ်ယောက်က ခရီးစဉ်အသစ်တွေ လိုက်ပြဖို့ ဖိတ်ခေါ်တာကနေ ရောက်ဖြစ်ခဲ့ပါတယ်။ ဘော်ဆိုင်းမြို့ဟာ ပင်းတယနဲ့ (၁၃)မိုင်သာ ကွာဝေးပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း လေးထောင့်ခုနစ်ရာကျော်မှာ တည်ရှိတယ် လို့ သိရပါတယ်။ ဘော်ဆိုင်းမြို့မှာ အထင်ကရနေရာ တွေရှိပါတယ်။ အဲဒါတွေကတော့ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အိမ်၊ ရန်ကင်းတောင်၊ ရှေးပန်းချီလက်ရာ တွေရှိတဲ့ ရွှေမြစည်း ကျောင်း ၊ ကုန်းမဲဝိဇ္ဇာတောင်စတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဘော်ဆိုင်းမြို့လေးမှာဆိုရင် စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေ အများအပြားရှိသော်လည်း စိတ်ဝင်တစား လာရောက်လည်ပတ်မယ့် ပြည်တွင်း ပြည်ပခရီးသွားမရှိသေးတာကလည်း ဝမ်းနည်းစရာ ပါပဲ။ ဘော်ဆိုင်းမြို့လေးရဲ့အဝင်မှာဆိုရင် “ ဘော်ဆိုင်း မြို့မှကြိုဆိုပါ၏ ” ဆိုင်းဘုတ်နဲ့အတူ မြို့အဝင်ဘေး တစ်ဖက်မှာ ဆိုရင်လည် သတ်္တုလုပ်ကွက်တွေကို တောက်လျောက်မြင်တွေ့ခဲ့တယ်။ သတ္တုလုပ်ကွက် ကြီးတွေကို အများစုကတော့ တရုတ်ကုမ်္ပဏီတွေ ကနေ လုပ်ကိုင်နေကြသလို လုပ်ကွက်ငယ်လေးတွေ ကိုတော့ ဒေသခံတွေကို ဟိုတစ်စုဒီတစ်စု တွေ့မြင် ခဲ့ရပါတယ်။ သတ်္တုလုပ်ကွက်တွေမှာလုပ်ကိုင်တဲ့ ဒေသခံ တွေဆိုရင် သတ်္တုတစ်ပိသာကို ကျပ်လေးရာမှ ခုနစ်ရာထိ တရုတ်ကမ်္ပဏီတွေမှာ ပြန်ပြီးရောင်းချ ကြကြောင်းကို ဒေသခံအငြိမ်းစားကျောင်းဆရာ တစ်ဦးက ရှင်းပြခဲ့ပါတယ်။ အဲ့နောက်မှာ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အိမ်ကို ဦးစွာ သွားရောက်လည်ပတ်ခဲ့တယ်။ ဝင်ဝင်ချင်းမြင်တွေ့ရတဲ့မြင်ကွင်းကတော့ ခြံကျယ်ကျယ်ကြီးထဲမှာ ရှေးဟောင်း အိန္ဒိယ လက်ရာ နဲ့ တည်ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးကို တွေ့လိုက်ရပါတယ်။ ခြံအဝင်တံခါးရဲ့ ဘေးတစ်ဖက်တစ်ချက် စီမှာတော့ တောရိုင်းပင်းတွေကို မြင်တွေ့ရပါတယ်။ အိမ်ရှင်ကိုခွင့်တောင်းပြီးတော့ အိမ်ထဲကို ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အိမ်ရဲ့ ရှေ့တံခါးပေါက်ကို ပိတ်ထားတာကြောင့်မို့ အိမ်နောက်ဖေးဘက် မီးဖိုးဆောင်ကနေ ဝင်ရောက်ခဲ့ပါတယ်။ ဝင်ဝင်ချင်းဆိုရင်ပင် ရှေးကျတဲ့ မီးဖိုကို ဟောင်းကြီးကိုတွေ့ခဲ့ရတယ်။ လက်ရှိမှာတော့ ဒီမီးဖိုကြီး အသုံးပြုုချင်း မလုပ်ကြတော့ပါဘူး။ အိမ်မကြီးထဲကို မြို့စားဦးစစ်ဟန်ရဲ့ မြစ်တော်စပ်သူကနေလိုက်လံရှင်းပြခဲ့ပါတယ်။ အိမ်မကြီးထဲမှာဆိုရင် ပြတင်းပေါက်ကနေ ဝင်လာတဲ့ အပြင်ဘက်အလင်းရောင်က လွဲပြီး ကျန်တဲ့ အလင်းရောင် မရှိတာကို သတိပြုမိစေခဲ့ပါတယ်။ အိမ်ရှေ့ဧည့်ခန်းမှာဆိုရင် အစီအရီ ချိတ်ဆွဲထားတဲ့ မြို့စားရဲ့ ဓာတ်ပုံအပါအဝင် ကျန်တဲ့ မိသားစုပုံတွေ နဲ့ မီးလင်းဖို တစ်ချို့ကို တွေ့မြင်ရပါတယ်။ ဒီအိမ်ရဲ့ ထူးခြားချက်က အိန္ဒိယ ဗိသုကာ ကျောက်စစ်လက်ရာတွေနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုလည်းရှိပါသေးတယ်။ အိမ်တွင်း အလင်းရောင် ရရှိနိုင်ဖို့အတွက် စနစ်တကျ ဖန်တီးထားတဲ့ မှန်ကွက်ကြီးကိုလည်းတွေ့မြင်ရပါတယ်။ ဒီမှန်ကြီးကနေ နေဝင် /နေထွက်မှ ရရှိလာတဲ့ အလင်းရောင်ကို အောက်ထပ်အခန်းစီရောက်ဖို့အတွက် ကြားခံအသုံးပြုထားတဲ့ မှန်ကြီးပဲဖြစ်ပါတယ်။ ဒီမှန်ဟာဆိုရင် လူဘယ်လောက်ပဲခုန်ခုန် မကွဲဘူးလို့ အိမ်သားတစ်ယောက်က ပြောပြပါတယ်။ အဲ့ဒီနောက်မှာတော့ အပေါ်ထပ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အပေါ်လှေကားထိပ်ကိုရောက်ပြီဆိုရင်ပဲ ကျယ်ပြန့်လွန်းလှတဲ့ Hall ခန်းကြီးကိုတွေ့မြင်ခဲ့ရပါတယ်။ အိမ်ဆောင်ရဲ့ မျက်နှာသာဘက်မှာဆိုရင် ဘုရားခန်းကြီးကို တွေ့ရပါတယ်။ အပေါ်ထပ်မှာတော့ ထူထူထွေထွေသိပ်မတွေ့ရပေမယ့် မထင်မှတ်ပဲ အရာတစ်ခုကိုတွေ့လိုက်ပင်ဆိုရင်ပဲ စာရေးသူကို့ အံ့သြသွားစေခဲ့ပါတယ်။ ဒါကတော့ ခေါင်းတလားကို တွေ့မြင်လိုက်ခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် လိုက်လံရှင်းပြပေးတဲ့ အိမ် သားကို မေးမြန်းကြည့်တဲ့အခါမှာ … “ ဒါက ကျွန်တော့်အဘိုး က သူ့အတွက် ပြင်ဆင် ထားတဲ့ ခေါင်းတလားပါ။ အဘိုးကတော့ အသက် (၉၄)နှစ်ရှိပြီ။ ဒီခေါင်းတလောင်းကို သူ့အသက်(၆၀) လောက်ကတည်းက ပြင်ဆင်ထားခဲ့တာ။ ခုဆို ခေါင်း တလောင်းရဲ့ သက်တမ်းက နှစ်(၃၀) ကျော်ပြီပေါ့။ အဘိုးက အခုဆိုရင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခေါင်းတလားထဲဝင်ပြီးတော့ သေခြင်းတရား ကမ်္မဋ္ဌာန်းစီးမြန်းတာပါ ”ဟု စာရေးသူကို ရှင်းပြပါ တယ်။ဒါပေမဲ့ လက်ရှိမှာဆိုရင် အသက်(၉၄)နှစ်ရှိပြီ ဖြစ်တဲ့ အဘိုးဟာ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်ရဲ့သား ဦးစောမောင်ပဲဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ သွားလာနိုင်ပါသေးတယ်။ ဒီအိမ်ကြီးကို စပြီးဆောက်တုန်းကဆိုရင် အဲ့ဒီ ခေတ်ကာလဈေးနဲ့ဆိုရင် အိမ်ရဲ့ ကုန်ကျစရိတ်က တော့ ငွေကျပ်(၁၂)သိန်း ကုန်ကျခဲ့တယ်လို့ သိရပါ တယ်။ အဲဒီတုန်းက ရွှေတစ်ကျပ်သားကို နှစ်ရာကျပ် ရှိခဲ့တာမို့ ရွှေပိဿသ (၆၀)နီးပါး ကုန်ကျခဲ့တယ်လို့ သိ ရပါတယ်။ မြို့စားအိမ်ရဲ့ အိမ်ရှေ့မျက်နှာအပြင်ဘက် မှာဆိုရင် ဝေဆာနေအောင်ပွင့်နေတဲ့ သနပ်ခါးပန်းပင် နှစ်ရုံကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ အဲ့နောက်မှာတော့ မြို့စားအိမ်ကနေ ထွက်လာကာ ဘော်ဆိုင်းမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရန်ကင်း တောင်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရန်ကင်းတောင်ပေါ်က ကြည့်မယ်ဆိုရင် ဘော်ဆိုင်း တစ်မြို့လုံးကို မြင်ရသည့်အပြင် ပင်းတယ၊ တောင်ကြီး မြို့ရဲ့ ရှုခင်းများကို အပေါ်စီးကနေကြည့်ရှုခဲ့ပါသေး တယ်။ ရန်ကင်းတောင်ပေါ်ကနေဆင်းခဲ့ပြီးတဲ့နောက် မှာတော့ ကုန်းမဲဝိဇ်္ဇာတောင်နဲ့ ရွှေမြစည်းဘုရားတို့ကိုသွားရောက် လည်ပတ်ခဲ့ပါတယ်။ ရွှေမြစည်းဘုရားမှာ တော့ ရှေးလက်ရာ ဇာတ်နိပါတ်ပန်းချီကားတွေကို တွေ့မြင် ခဲ့ရပါတယ်။ အဲ့နောက်မှာတော့ နောက်ထပ်လည်ပတ်လို့ရ မယ့်နေရာတွေ ရှိနေသေးသော်လည်း ရန်ကုန်ကိုပြန် ရမယ်ဖြစ်တာကြောင့် ဆက်ပြီးတော့မလည်ပတ်နိုင် ခဲ့ပါဘူး။ အမှန်ဆိုရင် ဒီခရီးမျိုးကို အချိန်တစ်ရက် သာပေးပြီး လည်ပတ်မယ်ဆိုရင် ဘော်ဆိုင်းမြို့သာ မကပဲ အနီးနားရွှာတွေမှာရှိတဲ့ အထင်ကရနေရာ တွေကို ကောင်းကောင်းလည်ပတ်နိုင်ပါတယ်။ဘော်ဆိုင်းမြို့လေးကို လည်မယ်ဆိုရင်တော့ ပင်းတယကနေသာမက ဟဲဟိုးနဲ့ ရပ်စောက်ဘက်က နေလည်း လာရောက်လည်ပတ်နိုင်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ အချမ်းသာဆုံး စာရင်းဝင်ပုဂ်္ဂိုလ်တစ်ဦးကလည်း ဒီမြို့လေးမှာ သာမန် ဘဝနဲ့ နေထိုင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဘော်ဆိုင်းမြို့လေးဟာဆိုရင် နယ်မြေကျဉ်း ပေးမယ့် ချစ်စရာကောင်းလှတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးဟာဆိုရင် အထင်ကရ လူတစ်ချို့ကို မွေးထုတ်ပေးခဲ့သလို ခဲ၊ ငွေ၊ သတ်္ထု တွေထွက်ပြီး တရုတ်ကုမ်္မဏီတွေ အများစုအခြေ စိုက်တဲ့မြို့လည်းဖြစ်တယ်။ ဒေသန္တရအမြင်သစ်တွေ တွေ့ရနိုင်မယ့်မြို့လေး၊ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အုပ်ချုပ်ခဲ့တဲ့မြို့၊ ဗိသုကာလက်ရာပညာရှင် တွေကို အစပြုမွေးထုတ်ပေးခဲ့တဲ့ ဘော်ဆိုင်းတောင် ပေါ်မြို့လေးကို ပြည်တွင်း/ပြည်ပခရီးသွားနဲ့ စည်စည်ကားကား ရှိလာစေချင်တဲ့ ဆန္ဒနဲ့အတူ အခါ အခွင့်ကြုံရင်လည်း စာရေးသူအနေနဲ့ နောက်ထပ် တစ်ခါ သွားရောက် လည်ပတ်ချင်ပါသေးတယ်။ Travelling_Journal/Vol_1_Issue_5
Contine Reading
By - Admin / 13-10-2018
ဟိုတယ်နှင့် ကြယ်ပွင့်များ

ဟိုတယ်နှင့် ကြယ်ပွင့်များ

မော်ကျွန်းသူ မြန်မာနိုင်ငံတွင် ဟိုတယ်များအဆင့် အတန်းမြင့်မားစေရေးနှင့် အရည်အသွေး ပိုင်းဆိုင်ရာ တိုးတတ် ကောင်းမွန်လာစေ ရန်အတွက် ဟိုတယ်များ၏ ကြယ်ပွင့်သတ် မှတ်ခြင်းကို ဧပြီလအတွင်းမှ စတင်ကာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး စတင်ဆောင်ရွက် လာခဲ့သည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် လက်ရှိဟိုတယ်များ၏ အရည်သွေးပိုင်း ဆိုင်ရာများကို ကောင်းမွန်လာ စေရန်ရည် ရွယ်ပြီး ပြည်ပပညာရှင်များကို ဖိတ်ခေါ် ကာ ဟိုတယ်များကို ကွင်းဆင်းဆောင်ရွက် ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က မြန်မာ နိုင်ငံ ဟိုတယ်/ခရီး၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ဟိုတယ်များ ကြယ်ပွင့် သတ်မှတ်ခြင်းဆိုင်ရာ အမှတ်ပေးစည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များနှင့် ယင်း ကာလက အတွေ့အကြုံများ အပေါ်အခြေ ခံကာ လက်ရှိတွင် ပြည်ပ ပညာရှင်များ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ဟိုတယ်များ၏ ကြယ်ပွင့်အဆင့်သတ်မှတ် ခြင်းဆိုင်ရာများကို ကွင်းဆင်းစစ်ဆေးခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်ပကျွမ်းကျင်ပညာ ရှင်များနှင့် တာ၀န်ရှိသူများက ရန်ကုန်၊ နေပြည်တော်၊ ပုဂံ ၊ မန္တလေး၊ အင်းလေး၊ ငပလီ၊ ကော့သောင်း စသည့် ဇုန် ၇ သို့ ကနဦးသွားရောက်လေ့လာကာ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ကြယ်ပွင့်အဆင့် သတ်မှတ်ရေးစံနှုန်းများကို ကွင်းဆင်း စစ်ဆေးပြီး နောက်ဆုံးတွင် ၀နျကွီးဌာန သို့ တင်ပြအတည်ပြုချက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဟိုတယ် ကြယ်ပွင့်အဆင့် သတ်မှတ်ခြင်းများကို ပြုလုပ်ရန်အတွက် ပထမဆုံးအနေဖြင့် ပြည်ပကျွမ်းကျင် ပညာရှင်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် မှ Dr.Drimitrios Koutoulas နှင့် မလေးရှားနိုင်ငံမှ Professor Dr.Ng Yen Yen တို့က ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့ရှိ ဟိုတယ် ၁၅ လုံး၊ နေပြည်တော်ရှိ ဟိုတယ် ၅ လုံး၊ မန်္တလေးရှိ ဟိုတယ် ၁၀ လုံး၊ ပုဂံရှိ ၇ လုံး၊ ကော့သောင်းရှိ ဟိုတယ် ၂ လုံး၊ အင်းလေး ရှိ ဟိုတယ် ၈ လုံးနှင့် ငပလီရှိ ဟိုတယ် ၁၃ လုံးတို့အား ကနဦးလေ့လာ စစ်ဆေးခဲ့ ကြောင်း သိရသည်။ အခုလို ဟိုတယ်စတား Rate တွေ သတ်မှတ်ခြင်းပေါ်မူတည်ပြီး ဟိုတယ်တွေ လည်း ကွဲပြားခြားနားသွားမယ်။ ဒါ့အပြင် ခရီးသည်တွေ ဟိုတယ်တည်းခိုတဲ့အခါမှာ ယုံကြည်မှု ပိုရှိလာမယ်။ နောက်ပြီး ခရီး သွားလုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေတယ်။ ဟိုတယ်တွေရဲ့ အဆင့် အတန်းတွေ စံနှုန်း သတ်မှတ်ချက်တွေ လည်း ပိုအားကောင်းမယ်။ ဒီလိုရည်ရွယ် ချက်တွေနဲ့ ခုလိုဟိုတယ်စတားတွေ သတ်မှတ်ဖို့ စီစဉ်နေတာ ဟု မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းကျော်ဦးက Travelling ဂျာနယ်သို့ ပြောသည်။ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေသကွဲပြားခြင်း၊ မြို့တော်ကွဲပြားခြင်း၊ ကမ်းခြေကွဲပြားခြင်းတို့ကြောင့် ကွင်းဆင်း စစ်ဆေးရာတွင် အမျိုးမျိုးကွဲပြားခြားနား မှုရှိကြောင်းလည်း သိရသည်။ ဟိုတယ်ကြယ်ပွင့်သတ်မှတ်ရာတွင် ကြယ်ငါးပွင့် သတ်မှတ်ချက်၊ ကြယ်လေး ပွင့် သတ်မှတ်ချက်၊ ကြယ်သုံးပွင့် သတ် မှတ်ချက်၊ ကြယ်နှစ်ပွင့် သတ်မှတ်ချက် စသဖြင့် ဟိုတယ်၏ အနေအထားပေါ် မူတည်ပြီး စံနှုန်းသတ်မှတ်ချက်များလည်း ကွဲပြားကြောင်း သိရသည်။ ခုလိုစစ်ဆေးခဲ့တဲ့ ရလဒ်တွေပေါ် မူတည်ပြီး ၂၀၂၀ မတိုင်ခင် မြန်မာနိုင်ငံ မှာရှိတဲ့ ဟိုတယ်တွေကို ကြယ်ပွင့်သတ် မှတ် ဆောင်ရွက်ပေးသွားနိုင်အောင် ကြိုးစားသွားမယ် ဟု ဦးမင်းကျော်ဦးက ပြောသည်။ ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင် ကလည်း ဟိုတယ်များ၀န်ဆောင်မှုမြင့်မား စေရန်နှင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်း နိုင်ရန်အတွက် ယခုကဲ့သို့ UNWTO မှ ပညာရှင်နှင့် နိုင်ငံတကာပညာရှင်များ ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိဟိုတယ်များ အဆင့်အတန်းနှင့် အရည်အသွေးလိုအပ် ချက်များရှိပါကို စစ်ဆေး ပေးရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၀နျကွီးဌာနအနဖွေငျ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ယင်းဥပဒေအရ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ကိုလည်း လုပ်ပိုင် ခွင့်များ ပေးခဲ့ပြီးဖြစ် ကြောင်း၊ ခရီးသွားလာရေးကိစ်္စရပ်များကို အလွယ်တကူ လွယ်ကူကောင်းမွန်စေရန် အ တွက် အချိန်တိုတိုအတွင်း လုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ဥပဒေ အသစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ယခုလိုက်လံစစ်ဆေးရာတွင် ဟိုတယ် ကြယ်ပွင့်အဆင့်အတန်း သတ်မှတ်ချက် ပေးရန်မဟုတ်ပဲ ကြယ်ပွင့်သတ်မှတ်ရာ တွင် ပါ၀င်မည့် စည်းကမ်းသတ်မှတ်ချက် များကို မည်ကဲ့သို့လုပ်ဆောင်ပါက ပိုပြီး ကောင်းမွန်လာရန်အတွက် ဒေသအခြေ အနေနှင့် လိုက်လျောညီထွေစေမည့်များ ကို ဦးစားပေး လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသအခြေအနေနဲ့ လိုက်လျောညီ ထွေစေဖို့ပါ။ ရန်ကုန်၊ မန်္တလေးက ဟိုတယ် ကြီးတွေထက် ပုဂံက ဟိုတယ်တွေဆိုတာ မတူနိုင်ပါဘူး။ အခု နိုင်ငံခြားက ပြည်ပ ပညာရှင်သုံးဦးလာတယ်။ ဟိုတယ်လုပ်ငန်း ရှင်ကအဖွဲ့တွေနဲ့သွားကြတယ်။ နိုင်ငံခြား မှာရှိတဲ့ဟိုတယ်တွေကို သတ်မှတ်တာနဲ့ စံချိန်စံညွန်းသတ်မှတ်တဲ့ အနေအထားဟာ မြန်မာနိုင်ငံရဲ့အခြေအနေများနဲ့ နှိုင်းယှဉ် ပြီး လိုအပ်သလို သတ်မှတ်ပေးသွားမှာ ဖြစ်တယ်။ တူတာကတော့ ဘယ်တူနိုင် မလဲ။ အာရှနိုင်ငံက တစ်မျိုး မြန်မာက တစ်မျိုးပေါ့ ကိုယ့်နိုင်ငံရဲ့ ရေမြေတော တောင် သဘာ၀နဲ့ ဒီကတည်ဆောက်တာလည်းရှိ တာပေါ့။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ကြယ်ပွင့် သတ်မှတ်ချက်ကို ပေးဖို့ပေါ့။ ကြယ်ပွင့် သတ်မှတ်ရာမှာလည်း ဟိုတယ်ကြီးမှ မဟုတ်ပါဘူး။ သူ့ဟိုတယ် အလိုက်ပေါ့။ ယခင် ၂၀၁၁ ခုနှစ်က ယခုကဲ့သို့ စစ်ဆေး သတ်မှတ်ပေးခဲ့ပြီးဖြစ်လို့ ယခုလိုစစ်ဆေး ရာကလည်း နိုင်ငံအနေအထားနှင့်ဆိုပါက သိပ်တော့ထူးခြားဖြစ်စဉ် မဟုတ်ပေမယ့် နိုင်ငံတကာနှင့်ဆိုပါက လိုအပ်ချက် ဖြစ်တဲ့ အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကြယ်ပွင့်သတ်မှတ်တာကို အဖွဲ့ အစည်းနဲ့ အစိုးရက သတ်မှတ်တယ်ဆို တာထက် လာတည်းတဲ့ ခရီးသည်ကနေ ပြန်ပြီးပေးသွားတဲ့ ကြယ်ပွင့်ကတော့ ပိုပြီး အဆင်ပြေစေမယ်ထင်တာပဲ။ ဆိုလိုတာကTrip Adviesr ၊အဂိုးဒါတို့အစရှိတဲ့ ခရီး သွားအဖွဲ့အစည်းတွေက ပြန်ပြီးစံနှုန်းတွေ၊ ဧည့်သည်တွေပေးတဲ့ ကောမန့် တွေကို ကြည့်ပြီး ပြန်သတ်မှတ်တာက ပိုပြီးအဆင် စေမယ်လို့ ကျွန်တော့်တစ်ဦးတည်း အမြင် ကိုပြောပြတာပါ။ အဓိကတော့ ဧည့်သည် ၀နျဆောငျမှုပေးတဲ့ လုပ်ငန်းဖြစ်နေတာမို့ ဧည့်သည်က ပြန်ပြီးပေးတာ ပိုပြီးကောင်း မယ် လို့ ပုဂံဟိုတယ်ဇုန်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း၏ ဒုဥက်္ကဋ္ဌ ဦးအောင်မိုး ကြည်က ပြောသည်။ ယခုကဲ့သို့ ဟိုတယ်များ၏ အရည် အသွေးပိုင်းဆိုင်ရာများတိုးတက်ကောင်း မွန်လာစေရန် ဟိုတယ်ဇုန် ၇ ခုကို ကွင်း ဆင်းလေ့လာခဲ့ခြင်းဖြစ်သည်။ အဓိကရည် ရွယ်ချက်ကတော့ နိုင်ငံရဲ့ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် ခရီးသွားလုပ်ငန်းမှာက မရှိမဖြစ်လိုအပ်တဲ့ ဟိုတယ်တွေ၊ ခရီးသွား ရက်မဖြစ်မနေ ဟိုတယ်တွေမှာ တည်းခိုရ တယ်။ အဲဒါတွေနဲ့ ဟိုတယ်တွေရဲ့အဆင့် အတန်းကို မြင့်မားလာစေဖို့ နိုင်ငံတကာ အဆင့်နဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ကိုယ့်ဆီကလည်းစံနှုန်းတွေသတ်မှတ်ပေး ပြီးမှ ဒီသတ်မှတ်ချက်ဆိုရင် 2 star level သတ်မှတ်တယ်။3 star ဆိုရင် ဒီလို သတ်မှတ်ချက်၊ 4 star ဆိုရင်တော့ ဒီလို၊ 5 star ဖြစ်ချင်ရင် ဒီလို၀န်ဆောင်မှုတွေ လိုမျိုးတွေပါရမယ်။ မူလရှိပြီးသားဟာကို Update ပြန်လုပ်နိုင်ဖို့ နိုင်ငံတကာပညာ ရှင်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ဦးတို့ဆီမှာရှိတဲ့ ဟိုတယ်တွေက နေရာ ဒေသမတူညီတဲ့အတွက် ပုဂံလိုဆိုရင် ရှေး ဟောင်းယဉ်ကျေးမှုဒေသ၊ မန်္တလေးလို နေရာမျိုး၊ ရန်ကုန်လို ခေတ်မီဖွံ့ဖြိုးတဲ့ နေရာမျိုး၊ ငွေဆောင်လိုကမ်းခြေလိုမျိုး၊ အင်း လေးလိုမျိုး သဘာ၀ပတ်၀န်းကျင်နဲ့ ရှိတဲ့ နေရာမျိုး၊ မြိတ်ကျွန်းစုလိုမျိုး မတူညီ တဲ့ နေရာဒေသတွေမှာရှိတဲ့ ဟိုတယ်တွေ ကို လေ့လာပြီးမှ နေရာပေါ်မူတည်ပြီး ကြုံ တွေ့ရတဲ့ အခြေအနေလေး၊ ဒါလေးတွေ ကို လေ့လာတယ်။ မူလရှိပြီးသားထက် ဘာတွေထပ်ဖြည့်ရင်ကောင်းမလဲ၊ ဘယ် ဟာကတော့အပိုတွေဖြစ်နေသလဲ၊ တချို့ ဟာတွေက လွန်ခဲ့တဲ့ ၁၁ နှစ်က လုပ်တာ ဆိုတော့ အခုနောက်ပိုင်းမှာတည်ဆောက် လာတဲ့ အသုံးအဆောင်ပစ်္စည်းတွေလည်း ကွာဟလာမယ်။ ဧည့်သည်တွေအတွက် ၀နျဆောငျမှုအတှကျ ပိုပြီးကောင်းမွန်လာ အောင် ဟိုတယ်ရဲ့အပြင်အဆင်၀န်ဆောင် မှုလုပ်ငန်းစဉ်ကိုပါကြည့်ပြီး သတ်မှတ်နိုင် တဲ့အထိ ဆောင်ရွက်ပေးသွားဖို့ ကနဦး ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ကြတယ်။ဒီလိုသတ်မှတ်နိုင်ခဲ့တယ်ဆိုရင် ကိုယ့် ဟိုတယ်ကတော့ 2 star level ရှိနေပြီ။ 3 star ဖြစ်ချင်ရင် ဘယ်လိုမျိုးတွေ ထပ် လုပ်နိုင်ရင် ပိုဖြစ်လာမယ်။ အဓိကတော့ ဟိုတယ်တွေရဲ့ အဆင့်အတန်းတွေ ပိုပြီး မြင့်မားလာစေဖို့ ရုပ်ပိုင်းဆိုင်ရာရော ၀နျ ဆောင်မှုပိုင်းဆိုင်ရာကိုပါရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာပါ ဟု လိုက်လံစစ်ဆေး ခဲ့ရာတွင်ပါ၀င်ခဲ့သည့် မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များ အသင်းရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှုး ဦးမျိုး၀င်းသန်း က ဆိုသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ ဟိုတယ်များ၏ အဆင့်အတန်းများ ပိုပြီး မြင့်မားလာစေရန်အတွက် ဆောင်ရွက် ခြင်းသည် ကောင်းမွန်သည့်လုပ်ငန်းများ ဖြစ်သလို ၀နျဆောငျမှုကို အလေးပေး ဆောင်ရွက်ရသည့် ဟိုတယ်လုပ်ငန်းများ၏ အဆင့်အတန်းများ ပိုပြီးမြင့်မားလာစေ တော့မည်ဖြစ်ပါသည်။ Travelling_Journal/Vol_1_Issue_12
Contine Reading
By - Admin / 21-05-2019
Visit MyanmarYear20XX(သို့)ခရီးသွားဝိုင်းတော်သားများ၏ မျှော်လင့်ချက်

Visit MyanmarYear20XX(သို့)ခရီးသွားဝိုင်းတော်သားများ၏ မျှော်လင့်ချက်

သတိုးလွင် (ပထဝီ၀င်) “ ၁၉၉၆ ခုနှစ်ထိ မြန်မာနိုင်ငံရှိကုန်းတွင်းရေနံဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီမှာလုပ်ရင်း မြန်မာနိုင်ငံမှာ အတော်ကြာ နေခဲ့ဘူးတယ်။ မှတ်မှတ်ရရ Visit Myanmar Year မြန်မာ့ဘိုးဘွားနှစ် ၁၉၉၆ နဲ့ကြုံရင်း ဖိုး၀ရုပ်ပုံတွေ … ဖွင့်ပွဲ တွေ ကျင်းပခဲ့တာ မြင်ယောင်မိသေးတယ် ” “ XXXXXXX “ ၁၉၉၆ နောက်ပိုင်း Project လည်းပြီးရော မြန်မာပြည်ကို ပြန်မလှည့်ဖြစ်တော့ဘူး ။ ဒီကြားထဲ Visit Myanmar Year ဘယ်နှစ်ကြိမ်ကျင်းပ ပြီးလဲ !အရင်ကထက် ပြည်၀င် ခရီးသည်တွေ၀င်ရောက်မှု တိုးတက်လာပုံရတယ်။ “ XXXX ” စာရေးသူဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ကျင်းပခဲ့တဲ့ ခရီးသွားထိပ်သီးညီလာခံ ( Tourism Summit ) အပြီးမနီလာ-ဘန်ကောက် လေယာဉ်ပေါ်တွင် ဘေးရှိ အမေရိကန် ခရီးသည် တစ်ဦးမှ မြန်မာဟုမိတ်ဆက်ပေးအပြီးတတွတ်တွတ် ပြောလာ တာထိုင်နားထောင်နေမိသည်။ သူပြောတာတွေ အမှန်တွေချည်းဖြစ်လို့ ပြန်မပြောခဲ့ ပေမယ့် တခေါက် စာရေးသူ ဘက်ကို သေ ချာကြည့်ပြီး “ ဒီကြားထဲ Visit Myanmar Year ”ဘယ်နှကြိမ်လုပ်ဖြစ်လဲ ဆိုတော့ စာရေးသူ No ဟုပြောရန် နှုတ်မဝံ့ မရဲ ဘဲ ရှိရတော့တယ်။ တကယ်တော့ Visit Myanmar Year လုပ်ရန် ၂နှစ်ခန့်ကြိုတင် အချိန်ယူရာ ထားပြီး ကြော်ငြာမှသာ Destination ကိုပိုမိုလူ သိများလာမည်မဟုတ်ပေလော။ မြန်မာ့ခရီးသွားနှစ် ၁၉၉၆ ဆိုတာယနေ့ခရီးသွားလောကတွင် တက်ကြွစွာလုပ်ငန်းခွင်၀င်နေကြသည့် First Batch B.A ( Tourism ) ဘွဲ့ရလူငယ်လေးတွေ အများစုဟာ Visit Myanmar Year 1996 ၀န်းကျင်မှာ မွေးဖွားခဲ့သူတွေဆိုလျှင် မမှားပါ။ ခရီးသွားမျိုးဆက်သစ် သူတို့ လေး တွေ “ အူဝဲ ” ဘ၀မှာ မြန်မာ့ခရီးသွား နှစ်ဘယ်လိုကျင်းပပြီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆို တာတစေ့ တစောင်း သိ စေ ချင် ပါ သည်။ ၁၉၉၆ ခုနှစ်နှောင်းပိုင်းကတည်းကစာရေးသူတို့ ခရီးသွားကုမ္ပဏီလုပ်ငန်းတွေ အရှိန်စယူစမှာ န၀တ စစ်အစိုးရ မှ Visit Myanmar Year 1996 ကျင်းပဖို့ ကြော်ငြာ ခဲ့ ပြီး ဗဟို ကော် မတီ ၊ လုပ်ငန်း ကော် မတီ အရပ်ရပ် ဖွဲ့စည်း ခဲ့ပါသည်။ ထိုစဉ် ကပုဂလိကခရီးသွား ကုမ္ပဏီရာဂဏန်း မျှသာရှိသေးသည်။ ယခုလိုခရီးသွားအသင်း၊ ဧည့်လမ်းညွှန်အသင်း ၊ အဖွဲ့ချုပ်များ မ ပေါ်လာသေးပေ။ ခရီးသွားနှစ် ဖြစ်မြောက်ရေးဦးစီး ကော်မတီ TDMC ဥက္ကဌ ဗိုလ်ချုပ်ခင်ညွန့် မှဦးဆောင်ပြီးဟိုတယ်/ခရီး ၀န်ကြီးဗိုလ်ချုပ်ကျော်ဘ မှ ဒုဥက္ကဌ ၊အတွင်းရေးမှူး DG ဦးခင်မောင်လတ်နှင့် ဆက်စပ်၀န်ကြီးပေါင်း ၁၁ ဦးခန့် ပါ၀င်သည့် ဦးစီး ကော်မတီကြီးမှ လှုပ်ရှား ဆောင်ရွက် ခဲ့ပါသည်။ ၁၉၉၆ နှစ်လည်မှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ့ Myanmar Voyages ကုမ္ပဏီ ကလည်း Visit Myanmar Year 1996မှာ တထောင့်တနေရာမှ ပါ၀င်ခွင့်ရခဲ့ပါတယ်။ နိုင်ငံတကာမှ ခရီးသွား၀န်ကြီး များ၊ ခရီး သွားအေဂျင်စီ တာ၀န်ရှိသူများ၊ သတင်း မီဒီယာ ( ထိုစဉ်က Press Journalist )ပြည်၀င်ခွင့် ကန့်သတ်ထားချိန်ဖြစ်ပါတယ်။ ရာနှင့်ချီ ဖိတ်ကြားခဲ့တဲ့ ကုမ္ပဏီ(၁)ခု ကိုDelegate တဖွဲ့ ၊ နိုင်ငံအလိုက် တာ၀န်ယူကြိုပို့ပေးရပြီး ရန်ကုန်တွင် ဟိုတယ်တစ်ခုစီ နေရာချထားပေးခဲ့ပါတယ်။ စာရေး သူတို့ Myanmar Voyages ကုမ္ပဏီမှ နီပေါစာရေးဆရာ အသင်းဥက္ကဌ စင်္ကြာနှင့်အဖွဲ့ကို တာ၀န်ယူ ရ ပါတယ်။ လေဆိပ်ကြိုပို့ - Guide (၁) ဦး နှင့် Sightseeing သွားဖို့စီစဉ်လိုပေမယ့် လိုင်စင်ရ ဧည့်လမ်း ညွှန် မလုံ လောက်လို့ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်ခဲ့တဲ့ ကေသွယ်စိုး(ယခု Amazing Time MD ) အား Liaison Officer အဖြစ်တွဲဖက် ထားရ ပါ တယ်။ ဂျာနယ်လစ်တွေဖြစ်လို့ တက္ကသိုလ် ရိပ်သာ လမ်းတို့စစ်ရုံးနားတို့ ဖြတ်သွားရင် ဓာတ်ပုံမရိုက်မိအောင် အသည်း အ သန်ဂရုစိုက်ခဲ့ကြရပါတယ်။၁၉၉၆ နို၀င်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းမှာ သု၀ဏ္ဏ ဘောလုံးအားကစားကွင်းမှာခမ်းနားစွာ ကျင်းပဖွင့်လှစ်ခဲ့ပါတယ်။ စာရေး သူရဲ့နှစ်(၃၀)ပြည့် မွေးနေ့နဲ့ တိုက်ဆိုင် လို့ ယခုထိ အမှတ်ရနေမိပါသည်။ ဗိုလ်ချုပ်ခင်ညွန့်မှ အဖွင့်အမှာ စကား ပြောပြီး ဘင်ခရာ / ပန်ပွားအဖွဲ့တွေ ကျောင်းသူ/သားရောင်စုံအလံနှင့် မြန်မာကဗျာလွတ်အကတွေဟာ နေပြည်တော် Sea Game လောက်မခမ်းနားပေမယ့် ထိုခေတ်ထိုအခါက အံ့သြဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ ဟိုတယ်/ခရီးဒု၀န်ကြီးဗိုလ်မှူးချုပ် တင်အေးရဲ့ PSO ဗိုလ်ကြီးမြင့်ထွေး(ယခုဒုညွှန်ချုပ်)နှင့်သိကျွမ်းခွင့်ရခဲ့ပါတယ်။ ဒု၀န်ကြီး အဖြစ် (၁၃) နှစ်တိုင်တာ၀န်ထမ်းဆောင်ခဲ့သူဗိုလ်မှူးချုပ် အေးမြင့်ကြူ ၊ ထိုအချိန်က တြိဂံဒေသဒုတိုင်းမှူး တာ၀န်ထမ်းဆောင် နေဆဲ ၀န်ကြီးဦးဌေးအောင် လည်းညွှန်မှူးဖြစ်ကာစ ၀န်ကြီးရုံးမှာရောက်နေပါတယ်။ ထိုအချိန်က MTT မှ AGM ဒေါ်ညွှန့်ညွှန့် သန်း ၊Myanmar Hotels & Tourism မှ Sales Manager ဒေါ်ကြင်နွဲ့ (ကွယ်လွန်)နှင့် ဒေါ်ခင်သန်း၀င်း၊ ၀န်ကြီးရုံးမှ Director ဒေါက်တာ နော်အင်ဂျလင်း ၊ရုံးအဖွဲ့မှုး ဗိုလ်မှုးတင်ဖေအေး (ကွယ်လွန်) နှင့် ဦးစီးအရာရှိ ဦးအုန်းမြင့် ၊ TRD မှ ကိုလှိုင်ဦး (ယခုဟိုတယ်ခရီးဒုညွှန်ချုပ်) ၊ကိုလှမြင့် နှင့် Assistant Director ကိုသိန်း၀င်း (ကွယ်လွန်) တိုနှင့် နေ့ရောညပါ တပျော်တပါးကြီး ပွဲကြီး ဖြစ်မြောက်အောင်မြင်ရန် ကြိုး ပမ်း ခဲ့ကြရပါတယ်။ ဖွင့်ပွဲအပြီး Visit Myanmar Year 1996 ဖိုး၀ရုပ်ကြီးတွေနဲ့ ဓါတ်ပုံရိုက်ခဲ့တာတွေ ဟာအမှတ်တရပါ။ ညနေခင်းပြည်သူ့ ရင်ပြင် မှာ Gala Dinner အကြီးအကျယ် ကျင်းပခဲ့ပြီးမီးရှူးမီးပန်း တွေဖောက်ပြီး ရွှေတိ၈ုံနောက်ခံနဲ့ ဓာတ်ပုံ ဟာ ပနံတင့် လှပါ တယ်။ စာရေးသူ\ပုလဲရတုမွေးနေ့ကို State Level Celebrate လုပ်ပေးတာဟု Happy Birthday ပြောခဲ့တဲ့ နီပေါသတင်းစာ အဖွဲ့ကို သတိရနေဆဲပါ။ Visit Myanmar Year 1996 အထိမ်းမှတ် Mascot ဖိုး၀ရုပ်ပုံ တံဆိပ်ခေါင်း ၊ တီရှပ် ၊ လက်ဆွဲအိတ် ၊ ရင်ထိုးလေးတွေ အမှတ်တရထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ပြည်၀င် Visa Fees ကို US$ 10 ထိလျှော့ချပေးခဲ့ပါတယ်။ Visit Myanmar Year 1996 အမှီဖွင့်ခဲ့သော Summit Park View ၊ နောက်တော့ Traders (ယခု Sule Shangrila) , Sedona (Yangon/Mandalay) , Nikko Royal Lake ( ယခု Chatrium Hotel ) ကန်တော်ကြီးပဲလေ့စ်နှင့် Equatorial (ယခု Park Royal Hotel) စတဲ့ နိုင်ငံတကာ ကြယ်ငါးပွင့် အဆင့် ဟိုတယ် တွေ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီမတိုင်ခင်က Strand ၊ Inya Lake ၊ သမ္မတ ဟိုတယ် နှင့် Panorama ဟိုတယ်သာရှိခဲ့ပါသည်။ ဖွင့်ပွဲအပြီး လပိုင်းဘဲ ရှိသေးကမ္ဘာ အေး စေတီ သို့တရုတ်ပြည်မှ စွယ်တော်ကြွလာ စဉ် ဗုံးပေါက်ကွဲ မှု ဖြစ်ခဲ့ပြီး Visit Myanmar Year 1996 ဟာ ဆိုင်းသံဗုံသံ တွေ နဲ့ဘဲ နိတ္တိ တံခဲ့ရ လေပြီ။ အခြားနိုင်ငံတွေရဲ့ခရီးသွားနှစ် စာရေးသူ ၁၉၉၀ ပြည့်နှစ်မှာ ပြည်ပနိုင်ငံကိုပထမဆုံးခြေချခဲ့ဘူးပါတယ်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှားကိုဟတ်ယိုင်မှတဆင့် ပီနန်-ကွာလာလမ်ပူ အထိဘတ်စ်ကားများစီးခဲ့ ရာ Visa မလိုပါ။ လမ်းတွင်ခေါ်ယူစစ်ဆေးတာမျိုးမရှိခဲ့ပါ။ အမှတ်ထားမိတာက 1990 Visit Malaysia Year Logo နဲ့အမှတ်တရမတ်ခွက်လေး ၀ယ်ဖြစ်ခဲ့ပါတယ်။ နေရာတိုင်း မှာ Billboard တွေနဲ့ ကား တိုင်းမှာ Stickle တွေတပ်တာတွေ့ခဲ့ရပါတယ်။ ပြီးတော့ Amazing Thailand Year ၊ လာအို၊ကမ္ဘောဒီးယား ၊ ဗီယက်နမ်၊ ကိုရီးယား ၊ ဂျပန် နိုင်ငံတွေမှာ ၃/၄ နှစ်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။ Visit Year ကိုအကောင်အထည်ဖော်ရာ နိုင်ငံအချင်းချင်း မထပ်မိစေရန် ဂရုပြု ရလေ့ရှိသည်။ အနည်းဆုံး၂နှစ်ခန့် ကြိုတင်ကြေညာလေ့ ရှိပြီး - နိုင်ငံတော်မှ ဘတ်ဂျက် ဒေါ်လာသန်းချီ ကျခံ သုံးစွဲ လေ့ ရှိ သည်။ လိုအပ်သည့် Tourism Infrastructure များ Facilities Promotion Champaign များကိုနိုင်ငံ အ ဆင့် Tourism Promotion Board များ ၊ ခရီးသွား၀န်ကြီးဌာနမှ ဦးဆောင်ကျင်းပလေ့ရှိသည်။ Visit Myanmar Year ကျင်းပ ရခြင်း အဓိက ရည်ရွယ် ချက်မှာလည်ပတ်ချင်စရာကောင်းသောဒေသအဖြစ် ပိုမိုထင်ရှားလာ စေခြင်း Tourism Destination Awareness တိုင်းပြည်နှင့် လူမျိုးပုံရိပ်မြှင့်တင်စေခြင်း Brand Image Promotion နှင့် Target ပြည့်မှီစေရန် Pull Marketing ဖြစ်စေခြင်း တို့ ဖြစ် သည်။ Visit Myanmar Year ကာလအတွင်းမီတာဖြေလျှော့ခြင်း ၊ ဟိုတယ်ခရီး သွား မြှုပ်နှံသူများကိုအခွင့်ထူးများပေးခြင်း ၊ လေကြောင်းလိုင်းများပိုမို၀င်ရောက်ရန်မြေပြင်၀န်ဆောင်စရိတ်များ လျှော့ချပြီးနိုင်ငံတကာလေဆိပ်များဖွင့်လှစ်ပေးခြင်း ၊ခရီးသွား များစိတ်ချမ်းသာလုံခြုံစွာလည်ပတ်နိုင်ရေးအတွက် ဘာသာစုံပြောနိုင်သည့် Tourist Information Center , Tourist Police များလေ့ကျင့်ပြီးတိုးမြှင့် နေရာချထားခြင်းများစီမံဆောင်ရွက်လေ့ရှိပါသည်။ Tourism Master Plan ၁၉၉၉ ပြည့်နှစ်ခန့် စစ်အစိုးရလက်ထက် ဟိုတယ်/ခရီး၀န်ကြီးဌာနပေါ်ပြီးနောက် နှစ် ၃၀ခရီးသွား မဟာစီမံကိန်း (30 Year Master Plan ) ကိုအထက် ပုဂ္ဂိုလ်များ တာ၀န်ပေးချက်အရ ရက်အနည်းငယ် နှင့် မသိုးသင်္ကန်းရက်သကဲ့သို့ ရေးဆွဲခဲ့ဘူး ကြောင်း အငြိမ်းစားအရာရှိကြီးတစ်ဦး ဖြစ်သူ ဦးမျိုးလွင်မှ ပြောပြသဖြင့် သိခဲ့ရသည်။ထို Master Plan ကြီးလည်း နောက် ဆို ဖုန် အလူးလူး နှင့် ခြင်းတွင်းစာပေဖြစ်ခဲ့ရသည်။ ၂၀၁၀ ခုနှစ်အစိုးရသစ် လက်ထက် တွင် ဟိုတယ်/ခရီး၀န်ကြီးဌာနမှ Tourism Master Plan ကိုနိုင်ငံခြားမှ ပညာရှင်များ၊ INGO/Development Partner များအကူ အညီဖြင့် ၈နှစ် စီမံကိန်း ရေး ဆွဲနိုင်ခဲ့ သည်။ အဓိကမဏ္ဍိုင် ၆ရပ် Six Pillars ကိုအခြေ ခံသော Tourism Master Plan ( 2013-2020) သည် အစိုးရသစ် လက် ထက် ၀န်ကြီး ဌာနပေါင်း ၃၀ နီးပါးရှိသည့်အထဲတွင် ဟိုတယ်/ခရီး ၀န်ကြီးဌာနမှာ ပထမဆုံး ဂုဏ်ယူ စွာ တင်ပြနိုင်ခဲ့သည်။ Tourism Master Plan အတိုင်း အချို့ကဏ္ဍများတွင် အကောင်အထည်ဖော်နိုင် ခဲ့သည်။ ဒီဘက်ခေတ်တွင် Master Plan ကို ပြန်လည် သုံးသပ်ပြီး နောက်၁၀နှစ် စီမံ ကိန်း တခုဆက်လက်ရေးဆွဲရေးကို စာရေးသူတို့နှင့် MTF တွင် မကြာသေးခင်ကမှ ဆွေးနွေးခဲ့ပြီး ၀န်ကြီးဌာန ပြန်လည် တင်ပြထားဆဲဖြစ်သည်။ ယခုထိတော့ အရွေ့တစ်ခုအတွက် စောင့်ဆိုင်း နေဆဲဖြစ်သည်။ Myanmar Tourism Conference စာရေးသူ အနေဖြင့်UMTA ခရီးသွားလုပ်ငန်းရှင်အသင်းကို ၂၀၀၂ ခုနှစ်တွင်စတင် တည်ထောင်သူ ၁၈ ဦး အနက် တစ်ဦး ( Co-founder)ဖြစ်ခဲ့သည့် အလျောက်နောက် ဆုံးကျန်ခဲ့သည့် “ ကျန်စစ်သား” တစ်ဦး ဆိုလျှင်မမှားနိင်ပါ။ UMTA အသင်းကြီး ဦးဆောင် သူဥက္ကဌအနေဖြင့် မိမိတို့ UMTA Ec အဖွဲ့၀င်များ၏အိပ်မက်တစ်ခု ဖြစ်သည့် MyanmarTourism Summit (MTS) မြန်မာ့ခရီးသွားထိပ်သီးညီလာခံတစ်ရပ်ကိုမိမိတို့ တာ၀န်ယူသည့် ကာလအတွင်းကျင်းပလိုသည်။ထို့ကြောင့် ၂၀၁၆ နှစ်ကုန်ပိုင်း မှစပြီးMTSဖြစ်မြောက်ရေးအတွက် ၀န်ကြီးမျာတင် ပတ်လည်ခြေစစ်ပွဲကစားခဲ့တာ ၁၁ နှစ်နီးပါးကြာခဲ့သည်။ Summit ကို မသုံးဘဲကွန်ဖရင့်သုံးရန် ၊ စက္ကူဖြူကြေညာစာတမ်းဟုမသုံးဘဲအကြံပြုစာတမ်းဟုသာသုံရန် ၊ ၂ရက်မလုပ်ဘဲ ဘတ် ဂျက်ခြုံ သည့်အနေဖြင့် ၁ရက်သာလုပ်ရန် ၊ UMTA မှမလုပ်ဘဲ MTF မှဦးဆောင်ရန် စသည်များ နှင့် ပင်အချိန် ကုန်ငွေကုန် လူ ပင်ပန်းခဲ့ရသည်။ နောက်ဆုံးတော့ UMTA မှဦးဆောင်ပြီး MOHT/MTF မှ အဓိက ပံ့ပိုးပြီး Tourism NGO များ ၊ Development Partner များနှင့် ညီနောင်အသင်းများ၏ ဝိုင်း၀န်းကူညီမှုများဖြင့် ၁၈ လခန့်ကြိုးပမ်းခဲ့ပြီး Cluster ၆ခုအတွက် အလုပ်ရုံဆွေး နွေးပွဲပေါင်း (၁) ဒါဇင်ခန့်ကျင်းပပြီးမှ ရလဒ်အပေါ်အနှစ်ချုပ်မည့် MTC ခရီးသွား ကွန်ဖရင့်ကြီးကို (၁၂.၆.၂၀၁၈) တွင် နေပြည်တော်MICC (II ) တွင် အောင်မြင်စွာကျင်းပ နိုင်ခဲ့သည်။ ဒုတိယသမ္မတ၂ ဦးဟင်နရီဗန်ဒီးယူ နှင့် နိုင်ငံတော် သမ္မတ (ငြိမ်း)ဦးထင်ကျော် နှင့်ဇနီး ၊၀န်ကြီးများနှင့်သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ NGO အဖွဲ့အစည်းများနှင့် Tourism Stakeholder များ ၄၀၀ ကျော်ခန့် တက် ရောက် ခဲ့ သည်။ခရီးသွားဆိုင်ရာ နေပြည်တော် ကြေညာစာတမ်းထုတ်ပြန်ခဲ့သည်။ Post MTC Action Plan ကတော့ခရီးသွား ကဏ္ဍ အရွေ့အတွက် တွန်းအားလေးတခုဖြင့်သာ တရွေ့ရွေ့လိမ့်နေဆဲပင်။ Visit Myanmar Year 20XX မျှော်မှန်းကြည့်ခြင်း ၁၉၉၆ မြန်မာ့ခရီးသွားနှစ်ကို ခြင်္သေ့လည်ပြန်ကြည့်မိပြီးနောက် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်မှုမှာ အထိုက် အ လျောက်ရှိခဲ့သည်မှာမှန်သော်လည်း ၊ ၁၉၉၆ မတိုင် ခင်က ခရီးသွားလုပ်ငန်းတွင်မြန်မာနောက်မှ ရှိနေခဲ့သော ဗီယက်နမ်၊ကမ္ဘောဒီးယား၊ လာအို စသည့်ကွန်မြူနစ်နိုင်ငံ များ၊ စစ်ဘေးသင့်ခဲ့သော နိုင်ငံများသည် ယနေ့ခေတ်တွင် မြန်မာ့ေ၇ှ့သို့ေ၇ာက်နေပြီကို မည်သူမှမငြင်းနိုင်ပေ။ နှစ်၂၀ ကျော်အတွင်း ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွင် အခြေခံ အုတ် မြစ်များဖြစ် သော UMTA/MHA/MMC စသည့်အသင်းအဖွဲ့များမှ Master Plan လည်း စာအုပ်စင် ပေါ်တွင်နေရာယူခဲ့ပြီ။ လက်တွေ့ ထိရောက်မှု၇ှိမရှိတိုင်းတာရန် ပေတံရှာမတွေ့သေး သဖြင့် မပြောနိုင်ပေ။MTC ကဲ့သို့သော ခရီးသွား ညီလာခံ ကြီး အပြင် ပြည်တွင်းပြည်ပ အလုပ်ရုံဆွေးနွေးပွဲများ များစွာကျင်းပခဲ့ပြီးသော်လည်း အရွေ့အတွက် Action Plan အတွက် လွန် ဆွဲ နေကြဆဲပင်ဖြစ်သည်။ Visit Myanmar Year 20xx တွင် ကျင်းပမည်ဆိုလျှင် Tourism Master Plan (2021 …. 20XX) တွင် ထည့်သွင်းရေးဆွဲ ရန်လိုပါသည်။ ယနေ့မြန်မာနိုင်ငံပုံရိပ်ကျဆင်းနေသည်ကို အဖတ်ဆယ်ဖို့ ခရီးသွားလုပ်ငန်းဖြင့် Country Brand Image မြှင့် တင်ရာ တွင် Visit Myanmar Year ကျင်းပရေးပန်းတိုင်သည် ခရီးသွားလုပ်ငန်း Revitalization အတွက် အသက်ကယ် ဆေး တစ်ခု ဟုဆိုနိုင်ပေသည်။ “အိမ် သာ မှ ဧည့်လာ” ဆိုသည့် စကားအတိုင်း ” ဧည့်လာအောင် အိမ်သာစေဖို့ ’’ မဟာဗျူဟာ ချ မှတ်နိုင် ရန် Goal တစ်ခုပီပြင်စွာ ရှိရတော့မည်။ အိပ်မက်မက်နေမဖြစ်တော့ … ’’ Visit Myanmar Year 20XX ’’ ခရီးသွား ရည်မှန်း ချက် ပန်းတိုင်ရှိလျှင် ယနေ့ခရီးသွား လောကသားများအတွက် မျှော်လင့်ချက်ေ၇ာင်နီတစ်ခု ဖြစ်စေ မည်လော … Travelling_Journal/Vol_1_Issue_13 Photo_သတိုးလွင်
Contine Reading
By - Admin / 29-06-2019
MICE_ကိုမျှော်နေရတဲ့မင်းနေပြည်တော်

MICE_ကိုမျှော်နေရတဲ့မင်းနေပြည်တော်

ယဉ်ယဉ်လှ လက်ရှိနေပြည်တော်ဟိုတယ်ဇုန်များအနေဖြင့် အခမ်းအနားများနှင့်ဆွေးနွေးပွဲများကိုသာ မှီခိုရပ် တည်နေသည့် အနေ အထားဖြစ်နေလာရသည်ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဟိုတယ်လုပ်ငန်းရှင်များက ပြောကြား လာသည်။ နေပြည်တော်တွင် ဟိုတယ်ဇုန် အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)ဟူ၍ရှိရာ ယင်း ဇုန်များတွင်ရှိသော ဟိုတယ်များ၏ လုပ်ငန်းလည်ပတ်မှုမှာ တဖြည်းဖြည်းကျဆင်းလာနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကျဆင်းနေမှုများနှင့်အတူ ဟိုတယ်လုပ်ငန်းလည်ပတ်မှုမှာလည်း နေရာ အနှံ့များ၌ကျဆင်းနေခြင်းပင်ဖြစ်သည်။ လက်ရှိကာလများတွင် နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းရှင်များမှာ MICE ဟုခေါ်ဆို သော တွေ့ဆုံဆွေးနွေးပွဲများ၊ ဆွဲဆောင်မှုများ၊ ညီလာခံအခမ်းအနားများ၊ ပြပွဲကြီးများ ခင်းကျင်း ပြသမှုများပေါ်သာ မှီခိုနေရသည့်အနေအထား များတွင်သာရှိနေပေသည်။ နေပြည်တော်ရှိ ဟိုတယ်များ၏ အသက်ရှင် သန်မှုအနေအထားများမှာ အမှန်တကယ်အား ဖြင့် MICE ကို မျှော်နေရသည့် အနေအထားများ ကိုသာ ရောက်ရှိနေရသည့် အခြေအနေများ ဖြစ်နေပြီဟု ဟိုတယ် လုပ်ငန်းရှင်များက ညည်းတွားလာကြပြီဖြစ်သည်။ ထို့ကြောင့် နေပြည်တော်ကို တစ်ညအိပ် ခရီးစဉ်များအဖြစ် ပြည်တွင်းပြည်ပခရီးသွားများ လာရောက် အပန်းဖြေနိုင်မည့် ခရီးစဉ်ဒေသတစ်ခုဖြစ်အောင် ယခင်ဟိုတယ်ခရီးဝန်ကြီးဌာနလက်ထက်၌ ကြိုးစားခဲ့ဖူး သော်လည်း အိမ်မက်တမျှပင် ဝေဝါးသွားခဲ့ပြီဖြစ်သည်။ လက်ရှိနေပြည်တော်တွင် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်စသည့် အထင်ကရ နေရာများအပါအဝင် လည်ပတ်စရာ နေရာ(၂၀)ဝန်းကျင်ရှိသလို ဗုဒ္ဓ ဂါယာ ပုံစံတူကိုလည်း တည်ဆောက် ထားသေး သည်။နေပြည်တော်ကို တစ်ထောက်နား၍ ခရီးစဉ် ဒေသတစ်ခုဖြစ်လာအောင်တစ်ညနားပြီး မန္တလေး၊ ပုဂံများကို သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်များဖြစ်လာအောင် ဝန်ကြီးဌာနက ဦးဆောင် ပြီး စိတ်ဝင်စားသည့် ခရီးသွားကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ “ နေပြည်တော်ကို တစ်ညအိပ်နားနေနိုင်တဲ့ မြို့တော်အဖြစ် အရင်ဝန်ကြီးဌာန လက်ထက်က ဆောင်ရွက် ခဲ့သေးတယ်။ အဲဒါကို ပြန်လုပ်နိုင်မယ် ဆိုရင် နေပြည်တော်ဟိုတယ်ဇုန်တွေရဲ့ ရှင်သန်မှုက ပြန်ကောင်း လာမယ် ထင်ပါတယ်၊ ပြီးတော့ ရန်ကုန်-ဘန်ကောက်-နေပြည်တော်၊ ဘန်ကောက်-နေပြည်တော်-ရန်ကုန်စတဲ့ လေကြောင်း လိုင်းပြေးဆွဲပေးနိုင်ရင်တော့ နေပြည်တော်ဟာ ပြန်စည်ကားလာမှာပါ။ အောင်မြင်မယ်လို့ ယုံ ကြည်ပါတယ်” ဟု နေပြည်တော်ဟိုတယ်ဇုန်မှ တွဲ ဖက်အတွင်းရေးမှူး(၂)ဦးသိန်းထွေးက ပြောသည်။ လက်ရှိနေပြည်တော်တွင် ဟိုတယ် (၆၄)လုံး ရှိပြီး အခန်းပေါင်း (၅၀၀၀)ကျော်ရှိသည်။ မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းနှင့် အာဆီယံအစည်းအဝေးကာလများတွင် ဟိုတယ်လုပ်ငန်းများမှာ အားကောင်းခဲ့ပြီး ယင်းကာလများကို လက်ရှိတွင် ပြန်လည်လွမ်းမောနေရပြီဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ချို့က ပြောသည်။ ယခုကာလများတွင် ဟိုတယ်တစ်ချို့သာ အဆင်ပြေမှုများရှိနေပြီး အများစုမှာ ဧည့်သည် ဝင်ရောက်မှု နည်းနေခြင်းကြောင့် ဟိုတယ်လုပ်ငန်းများကို ရပ်နားထားရမည့်အနေအထားများဖြင့် အခြေအနေများ ရှိလာနေပြီဖြစ်သည်။ ဟိုတယ်များ လုပ်ငန်းမကောင်းလို့ အရှုံးပေါ် နေရသော်လည်း ဟိုတယ်တည်ဆောက်သည့် လုပ်ငန်းများ မှာလည်း ပုံမှန်အတိုင်း ရှိနေသလို ဟိုတယ်တည်ဆောက်ခွင့် တင်ပြထားမှုမှာလည်း နည်းခြင်းများခြင်းမရှိပဲ ဝန်ကြီးဌာနသို့ ပုံမှန် တင်ပြထားသည့်အနေအထားများရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအနေအထားများ၌ နေပြည်တော်တွင် နိုင်ငံတကာပွဲများနည်းပါးလာခြင်း၊ ပြည်တွင်းပွဲများ နည်းပါးလာခြင်း၊ ကျောက်မျက်ပြပွဲ များတွင် ဧည့်သည်လာရောက်မှုနည်းပါးလာ ခြင်းကြောင့် နေပြည်တော်၏ ဟိုတယ်လုပ်ငန်းမှာ အကျဘက်ကို ဦးတည်ရောက်ရှိလာနေသည်။ “ နေပြည်တော်မှာ ဟိုတယ်(၆၅)လုံး Register လုပ်ထားတာထဲမှ (၄၇)လုံးလောက်ပဲ လုပ်ငန်း လည်ပတ် နေပါတယ်၊ တစ်ချို့ဟိုတယ်တွေဆိုရင် ဒေါ်လာသန်းနဲ့ချီပြီး အရှုံးပေါ်တယ်။ လုပ်ငန်းရှင် အကြီးစားတွေဆို နေပြည်တော်မှာ အစည်းဝေးပွဲ လုပ်ဖို့ လုံးဝစိတ်မဝင်စားဘူး။ တစ်ခြားစီးပွားရေး တွေလည်း ကြပ်တည်းနေတဲ့ အချိန်မှာဆိုရင် ဒီ လုပ်ငန်းကြီးက ရှုံးနေတဲ့အတွက် အရမ်းကြီး Focus လုပ်ပြီးတော့ လုပ်တာ နောက်ပိုင်း သိပ် မရှိဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နေပြည်တော်မှာ ကျောက်မျက်ပွဲရှိတဲ့အတွက် တစ်ချို့ဟိုတယ် လေးတွေ အသက်ရှူချောင်ပါတယ်။ အဲဒီလိုမျိုးကလည်း လတိုင်းမရှိပါဘူး ”ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးသန်းထွဋ်က ပြောသည်။ ထို့ကြောင့် နေပြည်တော်နယ်မြေကို ဆွဲ ဆောင်ပြီး MICE ဈေးကွက်ကို ပြန်လည်ရှင်သန် လာအောင် ဆောင်ရွက်ဖို့လိုနေပြီဖြစ်သည်။ ရှိပြီးသား အထင်ကရနေရာများဖြစ်သည့် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် စသည့်နေရာများကို အဆင့်မီပြပြင်ရမည်ဖြစ်သလို နေပြည်တော်အနီး ဝန်းကျင်ရှိ ဆင်စခန်း၊ ရေပူစမ်းနှင့် ကျေးရွာများ၏ ကျေးလက်သဘာ၀ အလှတရားများကိုဆွဲဆောင် ဖန်တီးကာ ဧည့်သည် ပိုမိုရောက်ရှိလာအောင် ဖန်တီးပေးရမည်ဖြစ်သည်။ လက်ရှိရင်ဆိုင်နေ ရသည့် နေပြည်တော်၏ ဟိုတယ်လုပ်ငန်းများ၏ စိန်ခေါ် နေမှုများကို တစ်ဦးချင်းတစ်ယောက်ချင်း လုပ်လို့မရသလို ဝိုင်းဝန်းအဖြေရှာမှသာ ရရှိလာ မည်ဖြစ်သည်။ ထို့ကြောင့် နေပြည်တော်ဟိုတယ်ဇုန်များ၏ အနာဂတ်ရှင်သန်မှုများသည် MICE ဈေးကွက် ဖွံ့ဖြိုးလာအောင်ဆောင်ရွက်သွားဖို့ လိုသလို တစ်ညအိပ်နားနေနိုင်သည့် မြို့တော်အဖြစ် ပြန်လည် အသက် သွင်းလာနိုင်အောင်လည်း ဝိုင်းဝန်းအဖြေရှာဖို့ လိုအပ်နေပြီဖြစ်ပေသည်။ Travelling_Journal/Vol_1_Issue_3/Photo_Hilton Hotel NayPyiTaw
Contine Reading
By - Admin / 31-07-2018
မန်းစည်ပင်က လူခွန်ကောက်တော့မှာလား

မန်းစည်ပင်က လူခွန်ကောက်တော့မှာလား

မော်ကျွန်းသူ လက်တလောလူမှုကွန်ရက်စာမျက်နှာများထက်တွင် ဝေဖန်နေကြ၊ညီးတွားနေကြ၊စိတ်ပျက်စပြုလာပြီး ပြောဆိုလာကြသည့် အကြောင်းအရာ တစ်ခုကတော့ Property Tax ခေါင်းစဉ်အောက်တွင် ပါဝင်သည့် လူခွန် (စည်ပင်အခေါ်) ကောက်ခံခြင်းမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ ဟိုတယ်များတွင် လက်ရှိကောက်နေသည့် Property Tax ခေါင်းစဉ်အောက်တွင် ပါဝင်သည့် ခေါင်းစဉ်ငယ် တစ်ခုအနေဖြင့် မန္တလေးစည်ပင်သာယာရေးကော်မတီမှ ဟိုတယ်များတွင်လာရောက်တည်းခိုသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တစ်ဦးချင်းလျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ထိ ကောက်ခံမည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် မန္တလေးအခြေစိုက် ဟိုတယ် လုပ်ငန်းရှင်များက သဘောမတူလာကြခြင်းပင်ဖြစ်သည်။ “ ဒါကတော့ လုံး၀ကို မဖြစ်နိုင်တဲ့ကိစ္စပဲ၊ သဘောမတူပါဘူး ” ဟု ပြတ်ပြတ်သားသားပြောဆိုလာသူက ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို)၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးအောင်မိုးကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ဧည့်သည်၀င်ရောက်မှုများပြားပါက အခွန်ပေးရခြင်းကိုလက်ခံသော်လည်း ဧည့်သည်ဝင်ရောက်မှုနည်းပါးသည့် ကာလများတွင် ၀န်ထမ်းစရ်ိတ်များပြားခြင်း၊အခွန်အခများပေးဆောင်ရခြင်းနှင့် အထွေထွေကုန်ကျစရိတ်များ ရှိလာခြင်းကြောင့် နလန်မထူနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်များစွာရှိနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။ ထို့အပြင် အခွန်ကောက်ခံမှုနှုန်းထားများ များပြားလာခြင်းကြောင့် လုပ်ငန်းရှင်များက အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် ကာလတွင် ယခုကဲ့သို့ ထပ်မံကောက်ခံမည့် အခွန်အခကြောင့် လုပ်ငန်းရှင်များက သဘောမတူနိုင် ဖြစ်နေကြသည်။သတ်မှတ်ချက်များဖြင့် အခွန်ကောက်ခံခြင်းကို လက်ခံနိုင်သော်လည်း လက်ရှိတွင် အခွန်ကောက်ခံမှုစနစ်ပုံစံမှနေ အသွင်ပြောင်းထပ်မံ ကောက်ခံလာသည့် အခွန်အခများကြောင့် လုပ်ငန်းရှင်များက လက်မခံကြခြင်းဖြစ်သည်။ ထပ်မံကောက်ခံမည့် Property Tax အမျိုးအစားထဲတွင် ပါဝင်သည့် လူခွန် ကို ထပ်မံကောက်ခံမည်ဖြစ်သည့်အတွက် ဟိုတယ်အသင်းမှ ကန့်ကွက်တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။“ Property Tax အစား အခုကောက်ခံမယ့် လူခွန်မှာ ဟိုတယ်အဆောက်အဦပေါ်မူတည်တယ်။ ဟိုတယ်ရဲ့နေရာပေါ်မူတည်တယ်။ အဆောက်အဦရဲ့တန်ဖိုး၊ ပြီးရင်ကျွန်တော်တို့ ယူတဲ့အခန်းခနှုန်းထားပေါ်မှာလည်း မူတည်ပြီး သူတို့ကတွက်ချက်ပြီးကောက်မှာဖြစ်ပါတယ်။ ပြည်တွင်း၊ပြည်ပ တစ်ဦးကို ၅၀၀ ၊၁၀၀၀ အနည်းဆုံးကောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခွန်ကို မကောက်သင့်ဘူးလို့ စည်ပင်ကိုတင်ပြထားတယ်။ သူတို့ကလည်း အီးစီိထိုင်ပြီးရင် သူတို့ အကြောင်းပြန်ပေးပါမယ်လို့ပြောထားတယ်။ အကောင်းဆုံးစဉ်းစားပေးပါမယ်လို့ပြောထား တဲ့အဆင့်ပဲရှိပါသေးတယ် ” ဟု မန္တလေးဟိုတယ်ဇုန်မှ တွဲဖက်အတွင်းရေးမှူး (၃) ဖြစ်သူ ဦးကျော်သူက ပြောသည်။ လက်ရှိတွင် ဟိုတယ်လုပ်ငန်းရှင်များမှ အခွန်ဦးစီးဌာနကို ကုန်သွယ်ခွန်၊ ၀င်ငွေခွန် ကို ပေးဆောင်ရပြီး၊ စည်ပင်ကို ပေးဆောင်ရသည့် အခွန်အမျိုးအစားများမှာ ဆိုင်းဘုတ်ခွန် ၊ရေခွန် အပြင် Property Tax ထဲတွင်ပါဝင်သည့် အညစ်အကြေးခွန် သို့မဟုတ် အမှိုက်ခွန် အခအဖြစ် ဟိုတယ်အခန်းအရေအတွက်ပေါ်မူတည်ပြီး တစ်ခန်းလျှင် ကျပ်နှစ် သောင်းကို နှစ်စဉ် ပေးဆောင်ရသည်။ထို့အပြင် ရေသုံးစွဲမှု ကို လုပ်ငန်းသုံးသတ်မှတ်ပြီး သုံးသည့် ရေယူနစ် အခကို ယခင်နှုန်းထားထက် ၁၀ ဆ ၀န်းကျင် တိုးမြှင့်ကောက်ခံကြောင်း သိရသည်။ ’’ ရေခွန်တက်တာက တစ်နှစ်လောက်ရှိပြီ။ ဒါ့အပြင် ကားပါကင်ခကိုလည်း ဟိုတယ်ရဲ့မျက်နှာစာ၊ လမ်းပေါ်မှာ ကားရပ်မယ်ဆိုရင် တစ်ပေ ပတ်လည်ကို ကျပ်၂၅၀ တိုးကောက်ထားပါတယ်။ အဲဒါက ယာဉ်ရပ်နားခအနေနဲ့ နှစ်စဉ်ပေးဆောင်ရတာ။ အကုန်လုံးဆိုရင်တော့ ဆိုင်းဘုတ်ခွန်ခလည်းနှစ်ဆတက်သွားတယ်၊ ပေအလိုက်တောင်းတာ၊ စည်ပင်ကိုပေးရတဲ့အခွန်အခက တစ်နှစ်ကို သိန်း၂၀၊ သိန်း၃၀ လောက်ပေးရတယ်။ အသေးဆုံး ဟိုတယ်ဆိုရင်တောင် သိန်း ၂၀ လောက်က ပေးရတယ်။ ဟိုတယ်ကြီးရင်ကြီးသလောက်ပိုကုန်တာပေါ့။ အခုပေးရတဲ့ဟာတွေကိုတော့ သဘောတူပါတယ်။ ဒါပေမယ့် အခုထပ်ကောက်မယ့် ဟာက များလာတဲ့အတွက် လူခွန်ကိုတော့ မကောက်သင့်ဘူး။ အခွန်ဦီးစီးကိုတော့ ကုန်သွယ်ခွန်နဲ့၀င်ငွေခွန်ကို နှစ်စဉ် ၀င်ငွေပေါ်မှာ မူတည်ပြီး ၅ ရာခိုင်နှူန်းကို ပေးရတာပါ။ အဲဒီနှစ်မျိုးကိုလည်း တစ်နှစ်ကို သိန်း ၃၀၊ နဲ့ ၄၀ကြားကို ပေးဆောင်ရတာပါ ” ဟု ဦးကျော်သူက ပြောသည်။ လက်ရှိကာလများတွင် ခရီးသွားလုပ်ငန်းမှာ ကျဆင်းနေခြင်းကြောင့် လာရောက်တည်းခိုကြသည့်ဧည့်သည်နည်းပါးသည့်အတွက် ဟိုတယ်အခန်းများ ရောင်းချမှုမှာ အခန်းအရေအတွက်၏ ၁၀ ရာခိုင်နှုန်းမျှသာရှိနေ ကြောင်းသိရသည်။ထို့အပြင် ဟိုတယ်လောကထဲသို့ ခြေစုံပစ် ၀င်ရောက်လာခဲ့သည့် လုပ်ငန်းရှင်တစ်ဦးကလည်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်လာခြင်းကြောင့် အခက်အခဲအခြေအနေများကို သိလာပြီဖြစ်သလို မိမိအနေဖြင့် ၀န်ထမ်းစရိတ်များ၊လစဉ်ကုန်ကျသည့်စရိတ်များ ၊ ဧည့်သည်မလာသည့် အတွက် အရင်းထဲမှ စိုက်ထုတ်ပေးဆောင်နေရခြင်းကြောင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်လာရခြင်း၏ အခက်အခဲများကို သိလာခဲ့ရပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။ ’’ အစ်ကိုတုိ့ ပြည်မှာ ဟိုတယ်တွေလည်းရှိပါတယ်။ တည်းခိုရိပ်သာတွေလည်းရှိတယ်။ အစ်ကိုက ဧည့်ရိပ်သာအဆင့် လုပ်ထားတာပါ။ ဒါတောင် လူမ၀င်ပါဘူး၊ တစ်လတစ်လ ဟိုတယ်၀န်ထမ်းစရိတ်၊ မီတာခဆိုတစ်လကို သိန်းကျော်ဆောင်ရတယ်။ အဓိက က ပြည်ကို ခရီးသွားမလာကြတာပဲ။ ယူနက်စကိုတာ၀င်သွားတာ ပြည်က ခရီးသွားလာတဲ့ သူနည်းတယ်။ အဲဒါမို့ ဒီမှာ ရှိတဲ့ ဟိုတယ်လုပ်ငန်းတွေကသိပ်အဆင်မပြေပါဘူး’’ဟု ပြည်အခြေစိုက် ဧည့်ရိပ်သာဖွင့်ထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ခရီးသွားရာသီချိန်ဆိုပါက အခန်းရောင်းချရမှုမှာ ၂၀ ရာခိုင်နှုန်းမျှသာရှိနေသည့်အတွက် လုပ်ငန်းအခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရင်ဖွင့်လာခဲ့ကြသည်။ ပေးဆောင်ရသည့် အခွန်များ ယခင်ထက် များပြားလာမည်ဆိုပါက နောက်ဆက်တွဲအနေဖြင့် ဝန်ထမ်းများကို ထိုက်သင့်သည့်လစာမပေးဆောင်နိုင်မှုများ ရှိလာမည်ဆိုလျှင် အကျိုးဆက်ပြဿနာအနေဖြင့် ၀န်ဆောင်မှု ညံ့သွားမည်ကို စိုးရိမ်ရသလို ပြုပြင်ထိန်းသိမ်းရေးများမလုပ်နိုင်ပါက ဟိုတယ်၏ ပုံရိပ်ကျဆင်း သွားနိုင်ခြင်းကြောင့် စိုးရိမ်နေရကြောင်း ပင်းတယ အခြေစိုက်ဟိုတယ်လုပ်ငန်းရှင် ဦးကျော်ထွေး က ပြောသည်။ ပြည်တွင်းသို့ ခရီးသွားဦးရေ ၀င်ရောက်မှုမှာ သုံးသန်းခွဲနှင့် ၄သန်းကြားသာ ရှိသည့်အတွက် အာဆီယံနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေကြောင်း၊ ယင်းကြောင့် ဧည့်၀င်ရောက်မှုနည်းသည့်အတွက် လက်ရှိကာလတွင် ထပ်မံတိုးမကောက်သင့်ကြောင်း၊ ထို့အပြင် ယခုနှစ်ထဲတွင် ကုန်ကျစရိတ်ပိုပြီး များပြားနေသည့်အပြင် ပေးဆောင်ရသည့်အခွန်အခများပြားခြင်းကြောင့် ထပ်မံကောက်မည်ဆိုပါက လုပ်ငန်းရှင်များကို ပိုပြီးဖိအားပေးရာရောက်ကြောင်း၊ ပိုပြီိးအခက်အခဲများလည်း ရှိလာသည့်အတွက် မကောက်ခံသင့်ကြောင်း ၊ယခင်ကလည်း မိခင်ဝန်ကြီးဌာနကနေ ခရီးသွား ရံပုံငွေအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် အနည်းဆုံး ၁ ဒေါ်လာ ကောက်ခံရန် တင်ပြထားမှုကို ဇုန်များအလိုက် မကောက်ဖို့ တင်ပြထားသည့်အတွက် ရပ်ဆိုင်းထားကြောင်း စသည့် အကြောင်းအရာအချက်အလက်များကို သက်ဆိုင်မန်းစည်ပင်သို့ အကျိုးအကြောင်း တင်ပြထားကြောင်း၊ ဟိုတယ်လုပ်ငန်းဖွံ့ဖြိုးလာသည့်အချိန်ကာလရောက်ရှိပြီး ခရီးသွားဧည့်သည် တစ်နှစ်လျှင် ၁၀ /၁၅ သန်း ၀င်ရောက်လာမည်ဆိုပါက ညှိနှိုင်းပြီး ဆောင်ရွက်သင့်ကြောင်းကို သက်ဆိုင်ရာစည်ပင်သို့ တင်ပြထားပြီးဖြစ်ကြောင်း မန္တလေးဟိုတယ်ဇုန်မှ တာဝန်ရှိသူက ပြောသည်။ ထို့ကြောင့် Property Tax ခေါင်းစဉ်အောက် တွင် ပါဝင်သည့် လူခွန်(စည်ပင်အခေါ်) ကောက်ခံခြင်းကို မန္တလေးတိုင်းဒေသကြီးရှိ ဟိုတယ်များအား စတင်ကောက်ခံတော့မည့် ထုတ်ပြန်ချက်အပေါ် မန္တလေး အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်များမှ ကောက်ခံခြင်း မပြုရန် တင်ပြထားခြင်းအပေါ် သက်ဆိုင်ရာမှ မည်ကဲ့သို့ ဆောင်ရွက်သွားမည်ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအုံးမည်ဖြစ်ပါတော့သည်။ မှတ်ချက်။။ ဂျာနယ်ထုတ်ဝေသည့် သြဂုတ်လ ၆ ရက်ထိ သက်ဆိုင်ရာစည်ပင်မှ အထက်ပါအခွန်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး တစုံတရာ ပြောင်းလဲသတ်မှတ်ခြင်း မရှိသေးပေ။ Travelling_Journal/Vol_1_Issue_15
Contine Reading
By - Admin / 15-08-2019
ဒွေးမယ်နော်တို့အရပ်မှာ ချယ်ရီတွေ လှိုင်လှိုင်ပွင့်ပါစေ

ဒွေးမယ်နော်တို့အရပ်မှာ ချယ်ရီတွေ လှိုင်လှိုင်ပွင့်ပါစေ

ယဉ်ယဉ်လှ သုဓနုမင်းသားနဲ့ ဒွေးမယ်နော်တို့ရဲ့ဒဏ္ဍာရီ ပုံပြင်တွေ တည်ရှိခဲ့တဲ့ ကန္တာရဝတီ ငွေတောင်ပြည်မှာ ဂျပန်-မြန်မာ ချစ်ကြည်ရေးသင်္ကေတကို ဖော်ဆောင် ပေးနိုင်တဲ့ ]ချယ်ရီပင်} အပင်ပေါင်းလေးရာကို လွိုင်ကော်မြေမှာ စိုုက်ပျိုးနိုုင်ခဲ့ပါပြီ။ မဝေးလှတဲ့နောင် တစ်ချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ချယ်ရီ ပင်တွေကို လှိုင်လှိုင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီချယ်ရီပင်တွေကို ကယားပြည်နယ်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ဗုဒ္ဓဥယျာဉ်မှာ ပထမအသုတ်နဲ့ ဒုတိယအသုတ်စိုက်ပျိုးပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ အပင်ပေါင်း လေးရာကို စိုက်ပျိုးပေးနိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ အခုလိုချယ်ရီပင်စိုက်ပျိုးပွဲတော်ကို ကယား ပြည်နယ်သာမက ခရီးသွားဒေသတွေဖြစ်တဲ့ ချင်း ပြည်နယ်၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ ပင်းတယ၊ တောင်ကြီး၊ ပအိုဝ်းဒေသ၊ ရန်ကုန်၊ နေပြည် တော် စတဲ့ဒေသတွေမှာလည်း စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ တကယ်တော့ ကယားပြည်နယ်ဆိုတာက လည်း ဂျပန်လူမျိုးတွေအတွက် မစိမ်းလှတဲ့ ပြည်နယ် တစ်ခုပဲ ဖြစ်ပါတယ်။ လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ခရစ်နှစ် ၁၉၅၈ ခုနှစ် ဒုတိယ ကမ္ဘာစစ်အပြီးကာလမှာ ဂျပန်နိုင်ငံကနေ တည် ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ လောပိတကနေ လွိုင်ကော်ကိုသွားတဲ့ လမ်းကိုလည်း ဂျပန်တွေက တည်ဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်ထိ တောင် ဂျပန်လမ်းလို့ အမည်တွင်နေပါသေးတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ဂျပန်လူမျိုးတွေ တည်ဆောက် ပေးခဲ့တဲ့ တံတားလည်းရှိသလို ဂျပန်လူမျိုးတွေခေါင်း ချခဲ့တဲ့ နေရာတွေလည်းရှိနေတာမို့ ဂျပန်လူမျိုးတွေနဲ့ မစိမ်းလှတဲ့ ပြည်နယ်တစ်ခုလို့ ဆိုလို့ရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်တဲ့ ဦးအယ်လ် ဖောင်း ရှိုကတော့ ချယ်ရီပင်စိုက်ပျိုးတဲ့ ဗုဒ္ဓဥယျာဉ်ဟာ နောင်တချိန်မှာ ခရီးသွားတွေအများဆုံးသွားရောက် လည်ပတ်တဲ့ နေရာတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထား တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၅)ရက် နေ့က ကယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ (၆၈)နှစ် မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အထိမ်းအမှတ်ချယ်ရီပင်ကို စိုက်ပျိုးပေး နိုင်ခဲ့ပါတယ်။မြန်မာ-ဂျပန် ချစ်ကြည်ရေးသင်္ကေတအဖြစ် အုတ်မြစ်ချခဲ့တဲ့ ချယ်ရီပင်စိုက်ပျိုးပွဲတော်ကို မြန်မာ နိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးဖြစ်သူ H.E Ichiro Mruyama ကိုယ်တိုင်လည်း တက်ရောက်အားပေး ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ချယ်ရီသံတမန် ဖြစ်သူ အဆိုတော် Ms Kanta Koori ၊ ဂျပန်ဖောင် ဒေးရှင်းအသင်းဥက္ကဋ္ဌလည်းဖြစ်သလို ဂျပန်အောက် လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ H.E Ichiro AISAWA လည်း တက်ရောက်ခဲ့ပါတယ်။ ဒီချယ်ရီပင်တွေကို ဂျပန် တော်ဝင်နန်းတော်ကနေ စီစဉ်ဆောင်ရွက်နေပြီး ကမ္ဘာအနှံ့ ချယ်ရီပင်စိုက်ပျိုးခြင်း စီမံကိန်းတွေကို အကောင်ထည်ဖော် ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အခုလို ချယ်ရီပင်တွေကို စိုက်ပျိုးရတာကလည်း ချယ်ရီပန်းတွေကို အကြောင်းပြုပြီး ဂျပန်နိုင်ငံကနေ ခရီးသွား ဧည့်သည်တွေ ပိုမိုလာရောက်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံအနှံ့ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက ခရီးစဉ်ဒေသတွေမှာ ချယ်ရီပင်တွေ စိုက်ပျိုးနိုင်အောင် Sakura Festival Myanmar  ကနေ စီစဉ်ပေးခဲ့တာဖြစ်ပြီး ပထမဆုံးအနေနဲ့ ကယားပြည်နယ်ကိုု ဂျပန်ခရီးသွားဧည့်သည် (၁၀၀) ကျော်ကိုု ပို့ဆောင်ပေးနိုင်ခဲ့တာကလည်း ကနဦးခြေလှမ်းတစ်ရပ်အနေနဲ့  စတင်နိုင်ခဲ့တာဖြစ်ပါတယ်။  အခုလက်ရှိမှာဆိုရင် ကယားပြည်နယ်ဟာဆိုရင် နိုင်ငံခြားခရီးသွားဧည့်သည်တွေ အနေနဲ့ စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်ကြတဲ့ ပြည်နယ်တစ်ခုဖြစ်လို့နေပါပြီ။ ကယား ပြည်နယ်မှာ မတူညီတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများ စွာနဲ့ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး များစွာ ရှိနေပါသေးတယ်။ ဒါ့အပြင် လည်ပတ်စရာ နေရာတွေ များစွာ ရှိတာကြောင့် ဒီလို ပြည်ပခရီးသွားတွေ စိတ်ဝင်တစားလာရောက် လည်ပတ် နေကြတဲ့ ကယားပြည်နယ်မှာ အခုလို ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးတဲ့ လက္ခဏာ လည်း ဖြစ်တဲ့  ချယ်ရီပန်ပင်တွေကို စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာ - ဂျပန် ချစ်ကြည်ရေး သင်္ကေတ တွေအဖြစ် အုတ်မြစ်ချ စိုက်ပျိုးခဲ့တဲ့ ချယ်ရီပင်တွေဟာဆိုရင် နောင်တချိန် ဒွေးမယ်နော်အရပ်လို့ တင်စားရတဲ့ ကယားပြည်နယ်မှာ ချယ်ရီပန်းပင်တွေ လှိုင်လှိုင်ပွင့်နေပြီး ခရီးသွားတွေနဲ့ စည်ကားနေမယ်ဆိုတာကို မြင်ယောင်နေမိပါတော့တယ်။ 
Contine Reading
By - Admin / 21-03-2020
ဂျင်ဆင်းမြေမှာ ပန်းပိတောက်တွေဝေ

ဂျင်ဆင်းမြေမှာ ပန်းပိတောက်တွေဝေ

သတိုးလွင် (ပထဝီ၀င်) `` တယောက်တနေရာစီဝေးရာ ….. ပိတောက်နဲ့ ချယ်ရီမြေမှာ .. သီချင်းစာသားအတိုင်း ပိတောက်မြေ အမိမြန်မာပြည်သို့ ချယ်ရီပန်းများ ပွင့်လန်းရာ အရှေ့ဖျားမှ ခရီးသွားဧည့်သည်များ လာဖို့ရာ မနှစ်ကစ၍ အရှေ့မျှော်ဝါဒ ( Look East Policy) ကျင့်သုံခဲ့သည် မဟုတ်ပေလော) .၂၀၁၈ခုနှစ် သြဂုတ်လအတွင်း ဟိုတယ်နှင့်ခရီးသွာလာရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် မှ ဦးဆောင်ကာ ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း ဂျပန်၊ကိုရီးယား၊တရုတ်နှင့် အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ခရီးသွား ဧည့် သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်နိုင်စေရေးအတွက် Tourism Promotion များ လုပ်ဆောင်နိုင်ရန်အတွက် ကော်မတီ (၆)ခုဖွဲ့စည်းခဲ့ပါသည်။ စာရေးသူသည်လည်း မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ၏ ခေါင်းဆောင် အဖြစ် ဦးဆောင်ရန် တာ၀န်ပေးခြင်းခံရလေသည်။ နိုင်ငံများစွာမဟုတ်ဘဲ ကိုရီးယား တစ်နိုင်ငံ တည်း ကိုသာ တာ၀န်ပေးခြင်း ခံရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရခဲ့ပြီး ကိုရီးယား market ကို အဓိက လုပ်ဆောင်နေသည့် ခရီးသွား ကုမ္ပဏီများအဖွဲ့၀င် အဖြစ်ပါ၀င် နေခြင်းကလည်း စာရေးသူအဖို့ အားအင်တစ်ခုဖြစ်ထွန်းစေခဲ့သည်။ ဘူဆန်ခရီးသွားပွဲမှအစ “Train To Busan “ ဆိုတဲ့ နာမည်ကျော် ကိုရီးယား ရုပ်ရှင် သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းကြည့်ခဲ့ဖူးပါတယ်. ဘူဆန်ကို စာရေးသူ တစ်ခေါက်ရောက်ခဲ့ဘူးပါတယ်. ၂၀၁၆ ခန့်ကဖြစ်ပါတယ်. ဘူဆန် ရုပ်ရှင်ပွဲတော် ကျင်းပရာ ရုပ်ရှင်ထုတ်လုပ်ရာ ကိုရိးယား ဟောလိဝုဒ် လို့ဆိုရင် မမှားနိုင်ပေ။ ယခုတဖန် ဘူဆန်နိုင်ငံတကာခရီးသွားပြပွဲ Busan International Travel Industry Fair သို့ မြန်မာနိုင်ငံပြခန်း ပြသဖို့ အချိန်(၂)ပတ် အလိုမှာ ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနမှ မိမိအဖွဲ့ထံသို့အကြောင်းကြား ခဲ့ပါတယ်။ ရတဲ့အချိန် … ရနိုင်မဲ့ဘတ်ဂျတ် (US 3000 )နှင့် မြန်မာပြည်မှ တခမ်းတနားဖြင့် ပြသဖို့ရာ မလွယ်ကူ လှပေ။ သို့သော် မိမိကို ယုံကြည်မှုတစ်ခုဖြင့် တာ၀န်ပေးပြီဆိုတော့လည်း ရှိသည့် Resource ဖြင့်ရအောင် ကြိုးပမ်းခဲ့ကြရာ မြန်မာပြခန်းအနေဖြင့် The Best Tourism Publicity Award ဆုရရှိခဲ့ပါသည်။ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ပေးခဲ့သော UMTA မှ ကိုစံလှဖုန်း၊ မြန်မာ-ကိုရီးယား ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှုး ကိုသူရိန်စိုးမြင့် တို့နှင့် နောက်တန်းမှ ပံ့ပိုးကူညီခဲ့သူအားလုံး ကို ဂုဏ်ယူစွာ ကျေးဇူးတင်မိခဲ့သည်။ ဗီဇာကင်းလွတ်ခွင့် ကြိုးပမ်းမှု ၂၀၁၈ဘူဆန်ပြပွဲသို့ စာရေးသူ မလိုက်ဖြစ်ကခဲ့ပေ။ ဖီလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် ACSN ဘုတ်အဖွဲ့ အစည်းအဝေး နှင့် တိုက်ဆိုင်နေ၍ မိမိတို့ အဖွဲ့မှ ကိုယ်စားလှယ်(၂)ဦး ကြိုတင်သွားရောက်ပြသပြီး Tourism Forum ဆက်လက်တက်ရောက် ခဲ့သည်။ ၂၀၁၈ အောက်တိုဘာလ(၁)ရက်နေ့မှ စ၍ Look East Policy အရ ဂျပန်၊ကိုရီးယား၊မကာအို၊ ဟောင်ကောင်တို့ကို ဗီဇာကင်းလွတ်ပေးရန် ကိစ္စ ၊ဘူဆန်ပြပွဲတွင် စတင် အသိပေးကြေငြာနိုင်ခဲ့သည်။ ဒေသခံ ကိုရီးယား ပညာတောင်သင် မြန်မာကျောင်းသား/သူများ ၊ ဘူဆန်ရှိမြန်မာ ဘုန်းကြီးကျောင်းနှင့် ဘူဆန်ရှိ မြန်မာအလုပ်သမားများမှ ပြပွဲတွင် လာရောက် ကူညီခဲ့သဖြင့် ``မြန်မာ‘‘ ဆိုတာပိုသိခဲ့ပြီး သွားချင်ရင် ဗီဇာမလိုဟု ခေါင်းထဲစွဲသွားနိုင်ရန် ကိုရီးယားဘာသာ စကားဖြင့် message ပေးနိုင်ခဲ့သည်။၂၀၁၈ ခုနှစ်၊စက်တင်ဘာ(၁၄ ရက်မှ ၁၉ရက်အထိ )ကျင်းပသော Seoul UNWTO အစည်းအဝေးပွဲအား စာရေးသူနှင့် ဟိုတယ် နှင့်ခရီး သွား လာရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးမြင့်ထွေးတို့ တက်ရောက်ဖြစ်ခဲ့သည်။ ထိုပွဲတွင် Tourism Forum ၌ ခရီးသွားဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း အခါအခွင့်သင့်တုန်း ကြေညာပြောဆိုနိုင်ခဲ့သည်။ အစိုးရဘတ်ဂျတ်ဖြင့် DDG တစ်ဦးတည်းသာ ခွင့်ပြုသဖြင့် ကုန်ကျစရိတ် အားလုံးအိပ်စိုက်ခဲ့ရသည်။ ထိုစဉ်က ၂၀၁၇ ကိုရီးယားခရီးစဉ် ၀င်ရောက်မှု ( ၆၀၀၀၀) မှ ၂၀၁၈တွင် ၉၀% ၊(၇၀၀၀) ကျော် အထိ ထူးခြာစွာ တိုးတက်လာခဲ့သည်။ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် ၂၀၁၈ ၀င်ရောက်မှုနှင့် နှိုင်းယှဉ်လျင် မြန်မာနိုင်ငံသို့ ၀င်ရောက်မှု တစစတိုးတက်လာခဲ့သည်။ ပျမ်းမျှလစဉ် ၉၀%ခန့် ၀င်ရောက်မှု တိုးတက်လာခဲ့သည်။ ထို့ အတွက် ရှေ့ဆက်လုပ်ရန် လုပ်ငန်းစဉ်မှာRoad Map ကို နှစ်ဘက်နိုင်ငံ သံတမန်များဖြင့် ပူးပေါင်း ကူ ညီမှုဖြင့် Visa ကင်းလွတ်ခွင့် ပြုသည့်နေ့မှ ကိုရီးယားနေ့ (၉.၃.၂၀၁၉) နှင့် မြန်မာညနေခင်းထိ ဆက်တိုက်ကြိုး ပမ်း ဆောင်ရွက်မှု များမှာ မှတ်တိုင်တစ်ခုပင်တည်း။ အောက်တိုဘာ(၁)ရက်နေ့အမှတ်တရများ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် မနက်မိုးလင်းကတည်းက ပြည်ပဆိုက်ရောက်ခန်မက တစ်ခုလုံးပျားပန်းခပ် လှုပ်ရှားလျှက်ရှိသည်။ ကျောက်ဆည်ဆင် အကအဖွဲ့များ၊ ပန်းကုံးဖြင့် ကြိုမည့် လှပျိုးဖြူများ ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့် သံတမန်များ အပါအ၀င် ခရီးသွားလုပ်ငန်းဝိုင်းတော်သားများဖြင့် အထူးစည်ကားလျှက်ရှိသည်။ နံနက်ပိုင်း ၁၀နာရီခန့်တွင် တရုတ်နိုင်ငံမှ လေယာဉ်တစ်စီး စတင်ဆိုက်ရောက်လာပြီး ကြိုဆိုပြီးနောက် ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီး ဦးဆောင်သော တာ၀န်ရှိသူများမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောပြီး ပထမဆုံးလာရောက်သော တရုတ်နိုင်ငံမှ ခရီးသွား ဧည့်သည်များကို စံပယ်ပန်းကုံး၊ မြန်မာ့ရိုးရာစောင်းကောက် လက်ဆောင်ပစ္စည်းများဖြင့် ကြိုဆိုကြသည်။ထိုနေ့ကား ၂၀၁၈ခုနှစ်၊အောက်တိုဘာလ(၁)ရက် ကိုရီးယား၊ဂျပန်၊မကာအို၊ဟောင်ကောင်နိုင်ငံသားများကို ပြည်၀င်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးပြီး တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ ဆိုက်ရောက်ဗီဇာ (Visa On Arrival)စတင်ပေးအပ်သော နေ့ဖြစ်လေသည်။ နံနက်ပိုင်း ဖွင့်ပွဲအခမ်းအနားတွင် မမျှော်လင့်သော အဖြစ်အပျက်တခု ကြုံတွေ့ခဲ့သည်မှ လွဲ၍ အဆင်ပြေချောမောခဲ့သည်။ လေဆိပ်ရှိ Aero Drone အဖွဲ့မှလည်း လေဆိပ်စားသောက်ဆိုင်တွင် ဘူဖေးနေ့လည်စာဖြင့် ဧည့်ခံခဲ့သည်။ ညနေ(၃)နာရီတွင် ဂျပန်လေကြောင်း ANA ဆိုက်ရောက်ခဲ့ရာ ဂျပန်ခရီးသည် ၁၀၀ကျော် Visa Free စတင်ပေးခဲ့ပြီး ဂျပန်ဒီဇိုင်းပညာရှင်၏ Myanmar Be Enchanted Mascot ဇီးကွက်ရုပ်ပေးအပ်ခဲ့ပါသည်။ည(၁၀)နာရီခန့်တွင် ကိုရီးယားလေယာဉ် Korea Air ဖြင့် ခရီးသည် ၂၀၀ခန့် ပါ၀င်ပြီး Visa Free ပေးခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးနှင့် ကိုရီးယားသံအမတ်ကြီး တို့ ကိုယ် တိုင် ညဉ့်နက်သည်အထိ လာရောက်အားပေးကြိုဆိုခဲ့သည်။ “အမှတ်တရ October (၁)ရက် “ နေ့ပင်ဖြစ်ပါလေ တကား။ Daisy Park ရဲ့ကိုရီးယားဇာတ်လမ်းတွဲ စာရေးသူတို့ ၂၀၁၈ စက်တင်ဘာလအတွင်း တောင်ကိုရီးယားနိုင်ငံဆိုးလ် ရောက်ခဲ့စဉ် ကိုရီးယား Travel Blogger / Country Representative တစ်ဦးဖြစ်သူ ကိုရီးယားလှပျိုမေ Daisy Park မှာ ဟိုတယ်သို့ လာရောက်တွေ့ဆုံခဲ့သည်။ ဒုတိယညွှန်ကြား ရေးမှုးချုပ် ဦးမြင့်ထွေးနှင့် အတူ နှစ်နိုင်ငံအပြန်အလှန် ခရီးသွားကဏ္ဍ တိုတက်ရေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသို့ FAM Trip လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ဗီဇာကြေးမကင်းလွတ်ခင် စက်တင်ဘာလအတွင်း Travel Reporter တစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ (၅)ညအိပ် (၄)ရက်ခရီးစဉ် ကို FAM Trip အနေဖြင့် လာရောက်ခဲ့သည်။ ပြည်တွင်းစရိတ်ငြိမ်း ကျခံပေးခဲ့ရသည်။ ဟိုတယ် ၊ စားသောက်ဆိုင် ၊လေယာဉ်၊ကား စသည်ဖြင့် နံပါတ်စဉ်အလိုက် ပံ့ပိုးကူညီမှုပြုခဲ့ရသည်။ Daisy Park သည် အင်ဒိုနီးရှားနိုင်ငံရဲ့ Brand Manager အဖြစ်တာ၀န်ယူ Promote ပေးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ကိုရီးယားတွေ လာရောက်စေရေး များစွာအ ထောက်အကူ ဖြစ်စေသည်။ သူမလို Professional မျိုးကို Tourism Brand Promoter အဖြစ်ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း ဌာန၌ ဘတ်ဂျက်ကန့်သတ်ချက် ၊မူဝါဒတချို့ကြောင့် Brand Promoter မခန့်အပ်နိုင်ခဲ့ပေ။ သို့သော် Daisy Park ၏ proposal တွင် ပါ၀င်ခဲ့သည့် လုပ်ငန်းစဉ်များ ၊ ဥမာ - Low Cost Carrier (LCC) လေကြောင်းပြေးဆွဲရေး လုပ်ငန်းစဉ်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်လျှက် ရှိပါသည်။ အာဆီယံရိုးရာအစားအစာပွဲတော် ၂၀၁၈ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့ ၊ကိုရီးယား၌ဆောင်းဦးရွက်ကြွေ နှင်းရနံ့လေးပြေလေအေး တိုက်ခတ်စဉ်ကာလ ဆိုးလ်မြို့သို့ တခေါက်ရောက်ခဲ့ပြန်လေပြီ။ ဒီတခေါက်တော့ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင် အား ASEAN Korea Center ( AKC) ၏ အတွင်းရေးမှုးချုပ်ဖြစ်သူ H.E Lee Hyuk ၏ ဖိတ်ကြားချက်အရ အာဆီယံရိုးရာ အစားအသောက်ပြပွဲ၊ပြိုင်ပွဲသို့ တက်ရောက်ရန် လာခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့အဖွဲ့ ဆိုလ်းမြို့ရှိ Lotte Hotel တွင်တည်းခိုပြီး ASEAN Korea Center Culinary Festival ပြခန်း နေရာသို့ ရောက်ရှိခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် Noodle Base ခေါက်ဆွဲ အခြေခံအစားအစာ၊အချိုပွဲ(ရိုးရာမုန့်)နှင့် မြန်မာ့လက်ဖက်ရည်တို့ဖြင့် ဧည့်ခံခဲ့ပါသည်။ မြန်မာပြခန်းမှာ တော့ ကိုရီးယားနိုင်ငံတွင် ဖွင့်လှစ်ထားသော အင်းဝြမန်မာစာသောက်ဆိုင် ပိုင်ရှင် ဦးဝိုင်းနှင့် ဒေါ်ခင်၀င်းမြင့်တို့ အဖွဲ့မှလည်း နန်းကြီးသုတ်နဲ့ ရွှေကြည် ဆနွင်းမကင်း ချက်ပြုတ်ပြင်ဆင် ကျွေးမွေးခဲ့ပါသည်။ အာဆီယံနိုင်ငံအလိုက် ရိုးရာအကအလှများဖြင့် ဖျော်ဖြေပေမဲ့ မြန်မာနိုင်ငံမှ ရိုးရာအကဆိုတာ စိုးစဉ်းမှ မတွေ့ရပေ။ မလေးရှားနှင့်ကိုရီးယား Chief (၂)ဦး အပြန်အလှန် စကား ပြော ရင်း စင်မြင့်ထက်မှာ ၄င်းတို့နိုင်ငံရဲ့ရိုးရာ အစားအသောက် presentation ကို ဖော်ပြရင်း ခရီးသွားမြင့်တင်ရေးကို ထိ ရောက်စွာပြုလုပ်နိုင်ခဲ့သည်။ ကိုရီးယား K-Pop အက သာမက မြောင်ဒုံးရပ်ကွက်၊ Nanta ဒန်အိုးခွက်ဖြင့် အော်ပရာဖျော်ဖြေ မှုများသည် လည်း ကမ္ဘာကျော်စေခဲ့ပါသည် မဟုတ်ပေလော ။ စာရေးသူတို့အဖွဲ့ ဆိုလ်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်သော Korea House ကပွဲပဒေသာ သို့ သွားရောက်ခဲ့ကြပြီး ထိုစဉ်က မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်၏ စိတ်စေတနာဖြင့် ကူညီဆောင်ရွက်ပေးမှု ကိုလည်းအထူးကျေးဇူးတင်ရှိအပ်ပါသည်။ ရန်ကုန်ရောက် ကိုရီးယားနေ့ 1st Korea Day 2019 ကို ကျင်းပရန်အတွက် ရန်ကုန်မြို့ရှိ ကိုရီးယား သံရုံးနှင့် အခြားကိုရီးယား အဖွဲ့စည်းများနှင့် အကြိမ်ကြိမ် တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြရသည်။ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရန်၊ နှစ်နိုင်ငံစီးပွားရေး ရင်းနှီုးမြှပ်နှံမှု အခွင့်အရေးများ ပိုမိုရရှိလာစေရန် ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ခရီးသွားလုပ်ငန်း သည် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်သည်ကို သိရှိစေရန် ရည်ရွယ်ပြီး 1st Korea Day 2019 ကို ရန်ကုန်မြို့ Lotte Hotel တွင် မတ်လ ၉ရက်နှင့် ၁၀ရက်(၂)ရက်တာ ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တောင်ကိုရီးယား နိုင်ငံ သံအမတ် ကြီး H.E Lee Sang Hwa နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးသူရအောင်ကိုမှ အဖွင့်အမှာ စကား ပြောကြားပြီး မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ရိုးရာစည်တော်များ တီးခတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ Cover Dance ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော Project K အဖွဲ့မှ အဖွင့်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး Ha Ha Travel Tour မှ သမီးငယ်လေးများ၏ ကူညီမှုနှင့်အတူ မိမိတို့ကော်မတီအတွင်းရေးမှုးအဖွဲ့တို့မှလည်း နှစ်နိုင်ငံ ချစ်ကြည်ရေးအကဖြင့်ပူးပေါင်းဖျော်ဖြေတင်ဆက်နိုင်ခဲ့သည်။ လူပေါင်းရာချီလာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြောင်းပိုမို သိရှိစေခဲ့သည်။ ထို့အပြင် ကိုရီးယား-မြန်မာ ခရီးစဉ်ဒေသ CBT လုပ်ငန်းစဉ်နှင့် Joint Promotion အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း နေ့လည်ပိုင်းတွင် ဆက်လက်ဆွေးနွေး နိုင်ခဲ့သည်။ ထိုသို့ အဖက်ဖက်မှ ဝိုင်း၀န်ကူညီပေးမှုဖြင့် အဆိုပါပွဲသည်လည်း အခက်အခဲများ ကြားမှ အောင်မြင်ခဲ့ လေသတည်း ။ မိမိတို့ ကော်မတီ အနေဖြင့် ပထမဆုံးခြေလှမ်း စတင်နိုင်ခဲ့လေပြီ။ ကိုရီးယားရောက် မြန်မာညနေခင်း တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ Coexတွင် ဇွန်လ(၆)ရက်နေ့မှ (၉)ရက်နေ့အထိ KOTFA မှ ကျင်းပပြုလုပ်ခဲ့သော Seoul International Tourism Industry Fair 2019 (SITIF) ပြပွဲသို့ မြန်မာနိုင်ငံမှ စာရေးသူ ဦးဆောင်ပြီး ခရီးသွား လုပ်ငန်း ရှင်(၃)ဦး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ၀န်ထမ်း(၁)ဦးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေး ကွက်မြှင့်တင်ရေး အသင်းမှ (၁)ဦးဖြင့် သွားရောက်ပြသခဲ့ပါသည်။ အဆိုပါ Seoul International Tourism Industry Fair 2019 ခရီးသွားပြပွဲသို့ နိုင်ငံပေါင်း (၃၅)နိုင်ငံမှ ခရီးသွားဆိုင်ရာပြခန်းပေါင်း(၁၀၀)ကျော်နှင့် တောင်ကိုရီးယားနိုင်ငံပြည်နယ်များ၊ ခရီးသွားဆိုင်ရာပြခန်း (၁၀၀) ကျော်ပါ၀င်ပြသခဲ့သည်။ မြန်မာညနေခင်းအစီအစဉ်ကို (၈.၆.၂၀၁၉)ရက်နေ့၊ စနေနေ့ ညနေ(၄)နာရီမှ (၆)နာရီအထိ COEX ခန်းမရှိ Main Stage စင်မြင့်တွင် ညနေ(၄း၀၀)နာရီမှ (၅း၀၀)နာရီအထိ မြန်မာ့ရိုးရာအက(၄)မျိုးဖြင့် ဖျော်ဖြေ တင်ဆက် ကာ ဖွင့်လှစ်ခဲ့ပြီးတောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်နှင့် တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ကိုရီး ယား၊ မြန်မာခရီးသွားလုပ်ငန်း ရှင်များ၊သတင်းမီဒီယာနှင့် ကိုရီးယားရောက်မြန်မာမိသားစုများ (၂၀၀)ခန့်တက်ရောက် ခဲ့ ကြပါ သည်။ ညနေ(၀၅း၀၀)နာရီမှ (၀၆း၀၀)နာရီအထိ မြန်မာပြခန်းတွင် ရိုးရာအစားအသောက်များဖြစ်သော အင်းလေးငါးထမင်းနယ် ၊ ရှမ်းတို့ဖူးကြော်၊ မန်းရွှေကြည် ဌက်ပျောသီးဆနွင်းမကင်း၊ မုံရွာမြေပဲကြော်၊ပုဂံမကျည်းတော်ဖီ နှင့် Royal Myanmar Tea Mix ၊မြန်မာဘီယာ တို့ကိုလည်း ကိုရီးယားတို့ အရသာကြိုက်နှစ်သက်ခဲ့ကြသည်။ ထိုသို့တည်ခင်းဧည့်ခံ ကျွေး မွေးခဲ့ပြီး မြန်မာ့တိုင်း ရင်းသားရိုးရာလက်ဆောင်များအား ပေးဝေခဲ့ပါသည်။ မြန်မာညနေခင်းကျင်းပပြီးနောက်တစ်နေ့တွင် ကိုရီးယား ပြည်သူများ အတွက် ၀င်ခွင့်ပေးသော Public Day ဖြစ်သဖြင့် မြန်မာပြခန်းသို့ အုံးအုံးကြွက်ကြွက် လာရောက်မေးမြန်း ကာ သတင်းအချက် အလက်များယူပြီး TV ၊ Media များမှလည်းသတင်းအင်တာဗျူးများရယူကြသည်ကိုတွေ့ရပါသည်။ (၀၉.၀၆.၂၀၁၉)ရက်နေ့ ညနေ(၀၅း၀၀)နာရီတွင် မြန်မာပြခန်းအတွက် အသိအမှတ်ပြုဆုလက်ခံပေးရန် KOTFA Event Organizer Team မှ အကြောင်းကြားလာသဖြင့် ပြခန်းပေါင်း (၁၀၀) ကျော် ရှိပြီး နိုင်ငံပေါင်း (၃၅)မှ ပြခန်းများအပေါ် စိစစ်ရွေး ချယ်ပြီး အကောင်းဆုံးယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုဆု (ပထမ၊ ဒုတိယ၊ တတိယ) ဆုပေါင်း (၁၂)ဆုချီးမြှင့်ရာတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းမှ အကောင်းဆုံးခရီးစဉ်ဒေသမြှင့်တင်နိုင်မှု ပြခန်းဒုတိယကိုရရှိခဲ့ပါသည်။ ပထမဆုအင်ဒိုနီးရှားနိုင်ငံ (ဘာလီကျွန်း) ၊ တတိယဆု ကို တာ့ခ်မင်နစ္စတန် နိုင်ငံမှ ရရှိခဲ့ပါသည်။ ဂျင်းဆင်းမြေမှာ ပန်းပိတောက်တွေဝေ မြန်မာညနေခင်းကျင်းပရာ မြန်မာပြည်နှင့်သင်္ကြန်အက ဖျော်ဖြေရာတွင် ပန်းပိတောက်များနှင့် တန်ဆာဆင်ခဲ့ရာ ဂျင်ဆင်းမြေမှ ကိုရီးယားတို့အတွက် အထူးတဆန်းဖြစ်စေခဲ့သည်။ မြန်မာရိုးရာ အစားအသောက်များလည်း နှစ်သက်ခဲ့ပြီး ကိုရီးယားနာမည်ကြီး TV များတွင်လည်း မြန်မာအကြောင်း သတင်းမွေးခဲ့သည်။ ယခုအခါ မြန်မာ-ကိုရီးယား ဒရမ်မာ ရုပ်ရှင် ”A Flower Above The Clouds”ကားကို ဒါရိုက်တာ ဇင်ယော်မောင်မောင်မှ ရိုက်ကူးပြီး မြန်မာ - ကိုရီးယား မင်းသား၊မင်းသမီးများလည်း ပါ၀င် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။ Korea Day မှ အစပြုပြီး မြန်မာညနေခင်းအထိ `` ဂျင်းဆင်မြေမှာ ပန်းပိတောက်တွေဝေခဲ့လေပြီ။ မကြာခင် ကိုရီးယားမှ ကမ္ဘာလှည့်ခရီးစဉ်များ ၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းရှင်များ ၀င်လာမဆဲ တသဲသဲ ရှိလာတော့မည် ဆိုလျှင် စာရေးသူတို့ မြန်မာ-ကိုရီးယားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၏ ကြိုးပမ်းမှု မှတ်တိုင်တခု အတွက် စိတ်ပင်ပန်း၊လူပင်ပန်း ဖြစ်ရကျိုးနပ်ပေလိမ့်မည် ။ Travelling_Journal/Vol_1_Issue_14
Contine Reading
By - Admin / 06-08-2019
ကမ္ဘာကျော်ကွေးမြစ်ဘေးကဝိညာဉ်တို့လှဲလျောင်းရာနေရာ

ကမ္ဘာကျော်ကွေးမြစ်ဘေးကဝိညာဉ်တို့လှဲလျောင်းရာနေရာ

ယဉ်ယဉ်လှ ကြည်လင်ပြီး မိုးသားကောင်းကင်ကလည်းပြာ လဲ့လဲ့အချိန် …၊ စာရေးသူ ရင်ထဲမှာ တုန်ရီလှုပ် ခတ်နေတယ်။ အမျိုးအမည်မသိတဲ့ခံစားမှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရနေသေးတယ်။ ဒီနေရာက တော့ ကမ္ဘာကျော် ကွေးမြစ်နံဘေးက သေမင်းတမန် ရထားသံလမ်းကို ရောက်ရှိနေခဲ့တဲ့အချိန် …။ အိမ်မက်ထဲက ရောက်ဖူးချင်ခဲ့တဲ့နေရာလေး တစ်ခု။ ကျောက်သားနံရံများက တစ်ဖက်မှာ။ တစ်ဖက်ကတော့ ချောက်ကမ်းပါးကြီး။ ကမ်းပါးရဲ့ ဒီဘက်အခြမ်းက ရာဇဝင်ထဲက ကမ္ဘာကျော်ကွေးမြစ်ရဲ့ အလှတရား။ ဒီမြစ်ထဲမှာ တစ်ချို့ကတော့ နိုင်ငံခြားသားတစ်ချို့ လှေစီးနေတာအနည်းငယ်တွေ့ရတယ်။ ကမ္ဘာကျော်မို့ လာရောက်လည်ပတ်ကြတဲ့ ခရီး သွားတွေလည်းများပြားပါ့။ ဒီထဲမှာလည်း စာရေးသူ လည်း အပါအဝင်မို့လေ။ ဒီနေရာကတော့ ထိုင်းနိုင်ငံရဲ့ တတိယမြို့တော်လို့ တင်စားတဲ့ ကန်ချနာ ပူရီမြို့တော် အတွင်းမှာရှိတာပါ။ ကန်ချနာပူရီခရိုင် အတွင်းမှာရှိတဲ့ သေမင်းတမန်ရထားသံလမ်းနေရာ။ ရောက်ဖူးသူတိုင်း ဒီလိုခံစားမှုမျိုးကို ခံစားရစေမှာ အမှန်ပါပဲ။ လူ့အသက်ပေါင်းများစွာရဲ့ အသက်ဝိညာဉ်တွေကို ခြွေယူခဲ့ပြီး ဝိညာဉ်တို့လှဲလျောင်းရာနေရာဖြစ် တာမို့ ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအများဆုံးလာရောက်လေ့လာ ခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လို့နေခဲ့တာပါ။ ဒီနေရာကို ရောက်တဲ့သူတိုင်းကတော့ လှပတဲ့ ကွေးမြစ်ဘေးက အလှတရားနဲ့ ဝိညာဉ်တွေလှဲလျောင်းနေခဲ့တဲ့ သေမင်း တမန်ရထားသံလမ်းကို ဖြတ်လျှောက်ပြီး တစ်ချိန် တုန်းက ဒီနေရာမှာ သေဆုံးခဲ့တဲ့သူတွေအတွက်လွမ်းဆွတ်နေမိမှာကတော့ အမှန်ပါပဲ။ ကိုယ့်နိုင်ငံက နိုင်ငံသားတွေ အသက်ပေးခဲ့ကြတဲ့အတွက် သေဆုံး ခဲ့တဲ့သူတွေရဲ့ နိုင်ငံက ခရီးသွားတွေဟာ အများဆုံး လာရောက်လေ့လာခဲ့ကြတာပါပဲ။ သူတို့ရဲ့ နိုင်ငံသား တွေ ဒီနေရာမှာ သေဆုံးခဲ့ရတာ။ အများစု အသက်ဝိညာဉ်တွေပေးခဲ့ရတာက တော့ မြန်မာတွေပါပဲ၊ တစ်ချိန်လုံးက သေမင်းတမန် ရထားသံလမ်းဖောက်ဖို့ ချွေး၊ သွေးများစွာကိုပေးဆပ် ခဲ့ရသလို အနှိပ်စက်ခံ အညှဉ်းဆဲခံ ကိုယ်လုံးတီး အရိုက်ခံရပြီး ရထားသံလမ်းကို နာကျင်ခံခက်ခဲစွာ ဖောက်လုပ်ခဲ့ကြတဲ့ ချွေးတပ်သားအကုန်လုံးကို သနား နေမိ တယ်။ စစ်ရဲ့ဆိုးကျိုးက လောင်မြိုက်နေခဲ့တာကိုး။ အမေရိကန်၊ သြစတြေးလျ၊ မလေး၊ မြန်မာ၊ ဂျပန်၊ ဒက်ချ် ချွေးတပ်သားများရဲ့ ကံကြမ်္မာက ကွေးမြစ်ဘေးမှာ လှဲလှောင်းခဲ့ရတယ်။ ဒါကြောင့်လည်း ကမ္ဘာကျော်ခဲ့ပြီး ဒီနေရာဟာ သမိုင်းဝင်ခဲ့သလို ခရီး သွားတွေ မဖြစ်မနေလာရောက်လေ့လာခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လု့ိ နေခဲ့ပါ တယ်။ သိပ်လှတဲ့ အလှတရားတွေကို တွေ့မြင်လိုက် ရတဲ့အတွက် အရမ်းကို လာရကျိုးနပ်ပြီလို့ပြောလိုက် တဲ့ စာရေးဆရာမ ခင်ပန်နှင်းက ပြောလိုက်တာကို လည်း နားထဲမှာအမှတ်မထင်ကြားယောင်နေမိတယ်။ (အခုတော့ဖြင့် စာရေးဆရာမကတော့ ကွယ်လွန်သွား ခဲ့ပါပြီ)ဒီကိုလာရတဲ့သူတွေ အကုန်လုံးရဲ့ စိတ်ထဲမှာ ကိုယ်စီတူညီတာတော့ရှိနေမှာတော့အမှန်ပါဘဲ။စိတ် ဝင်စားဖွယ်ကောင်းတဲ့နေရာတွေကိုရှာဖွေပြီး လိုက်လံ ပြသပေးတတ်တဲ့ သုခမိန်စာပေက ဦးမျိုးကြီးကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။ ဒုတိယ ကမ္ဘာစစ်က ဂျပန်စစ်တပ်ရဲ့ထောက်ပံ့ ရေးလမ်းကြောင်းအတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ကြား မီးရထားကွန်ယက်တည်ဆောက်နိုင်ဖို့ သုံ့ပန်း များကို ကျွန်သဖွယ်စေခိုင်းခဲ့ကြတဲ့နေရာ၊ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၃ ခုနစ်အထိဖောက် လုပ်ခဲ့ပြီး အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရတာပါ။ ချွေးတပ်သားတစ်သိန်းကျော် သေဆုံးခဲ့ကြ တာမို့ ဒီနေရာလေးကို ရောက်ဖူး ချင်ခဲ့တာပါ။ ဒီသေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့ချိန်မှာ သေဆုံးခဲ့တဲ့ တစ်ချို့မဟာမိတ်နိုင်ငံတွေရဲ့ အောက် မေ့ဖွယ် အထိမ်းအမှတ်နေရာတွေကို ထားရှိပေးခဲ့ပါတယ်။ ဒါပေမဲ့ အများဆုံးအသက်ပေး ခဲ့ကြတဲ့ မြန်မာတွေရဲ့ အထိမ်းအမှတ်နေရာတွေက တော့ မရှိခဲ့ပါဘူး …။ ရင်နင့်စရာပါပဲ။ ထိုင်းနိုင်ငံ၊ ကန်ချနာပူရီမြို့နယ်အတွင်းက သေမင်းတမန်ရထားပိုင်း အစပိုင်းနဲ့ အဆုံးပိုင်း ရထားလမ်းပိုင်းတွေကို လေ့လာကြည့်ရှုခဲ့ရတယ်။ ရထားလမ်းပေါ်ကို လျှောက်ကြည့်တော့ ရင်ထဲမှာ တလှပ်လှပ်နဲ့၊ နေရောင်ကလည်း ခေါင်မိုးပေါ်မှာတည့် တည့်၊ ရထားလမ်းပိုင်းပေါ်ကို လျှောက်ကြည့်တော့ အစွန်းပိုင်းမှာ အမှတ်တရဓာတ်ပုံရိုက်တော့ အောက် ပြုတ်ကျမလို၊ ရီဝေေ၀နဲ့ မူးနောက်နောက်လည်း ဖြစ်သွားခဲ့ရတယ်။ ဒီနေရာမှာ ချွေးတပ်သားတွေရဲ့ ဝိညာဉ်တွေ လဲှလျောင်းနေခဲ့တာကိုး။ သူတို့တွေ ကိုယ်တွေကို ကြည့်နေမလားလို့ ရုတ်တရက်တွေးမိလိုက်တော့ နှလုံး ရုတ်တရက်အောင့်သွားခဲ့ရတယ်။ ရင်နင့်ခဲ့ရတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရသလိုမျိုး ခံစားမှု …။ ဘာကြောင်များ ဒီလောက်ထိ ရက် စက်နိုင်ခဲ့ရတာလဲ၊ လူသားချင်းစာနာမှုတွေ ဘယ် တွေကိုရောက်ခဲ့ကြလဲ၊ အစာရေစာမကျွေးပဲ ညှဉ်း ပန်းနှိပ်စက်ပြီး ရထားသံလမ်းကို ဖောက်လုပ်စေခဲ့တာ။ ပြီးတော့ အရှင်လတ်လတ်မြေ မြှုပ်ခဲ့တာတွေကို ဘယ်လိုနှလုံးသားမျိုးနဲ့ လုပ်ရက် နိုင်ကြသလဲ။ စစ်ရဲ့ ဆိုးကျိုးက နှလုံးသားထဲမှာ မုန်းတီးနေခဲ့မိတယ်။ ဒီလိုသမိုင်းမှာ ဖြောက်ဖျက် ပစ်လို့မရတဲ့ မှတ်တမ်းတွေကြောင့် ကမ္ဘာလည်းကျော် ခဲ့ပါပြီ ကွေးမြစ်ရယ် …။ Travelling_Journal ခရီးသွားဆောင်းပါး Vol_1_Issue_7 Photo_YinYinHla
Contine Reading
By - Admin / 08-12-2018
ပင်လယ်ဆိပ်ကမ်းမြို့များပျော်စံရာဟိုင်နန်ပြည်နယ်ဆီ

ပင်လယ်ဆိပ်ကမ်းမြို့များပျော်စံရာဟိုင်နန်ပြည်နယ်ဆီ

ယဥ်ယဥ်လှ တရုတ်ပြည်ရဲ့ အောက်ဘက်အစွန်းပြည် နယ်တစ်ခုဖြစ်ပြီး တသီးတသန့်တည်ရှိနေတဲ့ ဟိုင်နန် ပြည်နယ် ကမ္ဘာကြီးရဲ့အဆုံးနေရာမှာ တည်ရှိနေတာ ကြောင့် အရင်က ဒီပြည်နယ်ကို ရောက်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ အခုဆိုရင်တော့ နာရီ ပေါင်း ၃ နာရီ၀န်းကျင်စီးရုံဖြင့် ဟိုင်နန်ပြည်နယ်ကို ရောက်ရှိနိုင်ပါပြီ။ တရုတ်ပြည်ရဲ့ စတုတ္ထမြောက်လေကြောင်းလိုင်းဖြစ်သလို 5 Star လေကြောင်းလိုင်း ဖြစ်တဲ့ ဟိုင်နန် လေကြောင်းလိုင်းရဲ့ မန္တလေး - ဟိုင်နန် ကို ဇွန်လ ၂၆ ရက်ကနေ စတင်တိုက်ရိုက်ပျံသန်း ပြေးဆွဲခဲ့တာကြောင့် အခုဆိုရင် တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို သွားရောက်လည်ပတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိလာပါပြီ။ တကယ်တော့ ဟိုင်နန်ပြည်နယ်က မြန်မာတွေနဲ့ သိပ်မစိမ်းကားပါဘူး။ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့ ဟာ ဂျပန်ဆီကနေ စစ်ပညာကို ဒီဟိုင်နန်ပြည်နယ်မှာ သင်ယူခဲ့တာဖြစ်တာမို့ သမိုင်းကြောင်းအရ ဟိုင်နန် ပြည်နယ်က ကြီးမားလှပါတယ်။ အရင်က သွားလာရ ခက်ခဲတာရယ်၊ ထရန်စစ်တွေနဲ့သွားလာမှသာရောက် ရှိနိုင်တဲ့ ဟိုင်နန်ပြည်နယ်ဟာ အခုဆို အချိန်တိုတွင်း မှာရောက်ရှိနိုင်ပါပြီ။ ဟိုင်နန်ကျွန်းဟာ တရုတ်ပြည်ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်သလို ဟိုင်နန်က မြန်မာ ပြည်ရာသီဥတုနဲ့လည်း ဆင်တူတာကြောင့် သစ်ပင်တော တောင်တွေ ၀န်းရံထားတဲ့ ကျွန်းဆိုရင်လည်း မမှား ပါဘူး။ သစ်သီး၀လံပေါများလွန်းတာရယ်၊ အုန်းသီးပင် တွေအများဆုံးရှိတာရယ်၊ ကမ်းခြေများပြားတာမို့ ဟိုင်နန်ကို ကမ်းခြေတွေများစွာရှိတဲ့ကျွန်းလို့ ခေါ်ဆို ကြပါသေးတယ်။ ခေါင်မိုးပေါ်မှာ နာနတ်သီးပုံစံဆောက်လုပ်ထားတဲ့ ဟိုင်နန်ကျွန်းရဲ့ Sanya International Airport သစ်သီး၀လံပေါများတာကို ပြသထား သလို မတူညီတဲ့ တွေးခေါ်စိတ်ကူးမှုတွေနဲ့ တည် ဆောက်ထားတာကို ပြသထားတယ်လို့ စာရေးသူက တော့ မြင်မိပါတယ်။ ဟိုင်နန်ကျွန်းမှာ လည်ပတ်စရာတွေက တော့ များစွာရှိပေမဲ့ Tourism Attraction အနေနဲ့ ကတော့ ၅၀ ကျော် ရှိပါတယ်။ စာရေးသူတို့အဖွဲ့ ကတော့ ဟိုင်နယ်ပြည်နယ်ထဲက စန်းယာ့မြို့နဲ့ ဟိုက်ခို မြို့က အထင်ကရ နေရာ တွေကို ဇွန်လ၂၈ ရက်ကနေ ၃၀ ရက်အထိ လည်ပတ်ခဲ့ကြပါတယ်။ ဟိုင်ခုထဲကအထင်ကရနေရာများ စာရေးသူတို့(မြန်မာ)အဖွဲ့တွေဟာ ဟိုင်နန် ပြည်နယ်ကို VOA နဲ့ ပထမဆုံးခြေချခဲ့ကြတာဖြစ် ပါတယ်။ ဟိုင်နန်ကျွန်းကို ပြည်ပခရီးသွားတွေ ၀င်ရောက်လာစေဖို့ ပြည်နယ်မှ တာ၀န်ရှိသူတွေက မြန်မာအပါအ၀င် နိုင်ငံပေါင်း (၅၉)နိုင်ငံကို VOA ပေးထားတာပါ။ မြန်မာကတော့ တစ်ဦးချင်း VOA မရသေးပေမဲ့ Group Tour နဲ့ပဲ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ဟိုင်ခုမြို့ကို ဇွန်လ ၂၈ ရက်နေ့ ဒေသ စံတော်ချိန် ၁ နာရီကျော်မှာ ရောက်ရှိခဲ့တာပါ။ ဆိုက်ရောက်ဗီဇာကြေးက တစ်ဦးကို ယွမ်(၁၃၀)၀န်း ကျင်သာပေးရတာမို့ ဒေါ်လာ ၂၀ ၀န်းကျင်လောက် ပဲကျသင့်ပါတယ်။ မြန်မာအဖွဲ့အနေနဲ့ ဟိုင်ခုမြို့ကို ပထမဆုံးခြေချသူလည်းဖြစ်သလို အုပ်စုလိုက်လာ ရောက်ကြတာကလည်းဖြစ်ပြန်မို့ ဟိုင်ခုရဲ့ လေဆိပ် လ.၀.ကမှာတော့့ အနည်းငယ်စောင့်ဆိုင်းခဲ့ရပါ တယ်။ ဒေသစံတော်ချိန် နှစ်နာရီနဲ့ မိနစ်လေးဆယ် မှာတော့ လာကြိုပေးတဲ့ ဘတ်စ်ကားပေါ်ရောက်ရှိခဲ့ ပါတယ်။ မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ တစ် နာရီနဲ့ ဆယ့်တစ်မိနစ်လို့ စာရေးသူ မှတ်သားထားမိပါတယ်။စာရေးသူတို့ဟာ China Green Hotel တစ်ခုဖြစ်တဲ့ Shengyi Haikou Mingguang Hotel မှာ တည်းခိုခဲ့ကြပါ တယ်။ အဲဒီနောက်မှာ မနက် ရှစ်နာရီမှာ အိပ်စက်နား ပြီး ဟိုင်ခုမြို့ရဲ့အထင်ကရကမ်းခြေဖြစ်တဲ့ Holiday Beach ကမ်းခြေကို သွားရောက်လေ့လာဖြစ်ခဲ့တယ်။ အုန်းပင်အစီအရီများစွာနဲ့ ကြည်ရအလွန်လှပတဲ့ ကမ်းခြေ တစ်ခု ဖြစ်သလို ခေတ်မီအဆောက်အအုံများစွာနဲ့ ခန့်ညားတည်ရှိနေတဲ့ နေရာတစ်ခုပါ။ အဲဒီနောက်မှာ စာရေးသူတို့ဟာ ကိုလိုနီ အဆောက်အအုံများစွာရှိတဲ့လမ်းကို သွားရောက်လည် ပတ်ခဲ့ကြပါတယ်။ အဲဒီနေရာကိုတော့ Haikou Arcade Old Street လို့ အမည်ပေးထားပါတယ်။ ဒီ လမ်းမှာ ဆွဲဆောင်ထားတာက အဆောက်အအုံတွေ ကိုပြန်လည်တည်ဆောက်တာမျိုးမလုပ်ပဲ ရှေးမူမပျက် လေ့လာနိုင် အောင် ထားပေးထားတယ်။ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ အဆောက်အအုံတွေတည်ရှိရာ နေရာတစ်ခုပါ။ ဟိုင်နန်ကို လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွား တွေအတွက်တော့ တခုတ်တရလာရောက်လည်ပတ် ကြတာပါပဲ။ ဒီလမ်းမှာ ဓာတ်ပုံရိုက်ဖို့ကတော့ အချိန်ပေးရတာပါပဲ။ အလုအယက်မြန်မြန်ရိုက်နိုင်အောင် ကြိုးစားရသေးတယ်။ ခရီးသွားတွေကို ဆွဲဆောင်ထား နိုင်တဲ့နေရာဖြစ်တာရယ် မြန်မာပြည်ရဲ့ အလံကိုလည်း တွေ့မြင်နိုင်ပါ သေးတယ်။ ဒါဟာ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုဖြစ်နေတာပါ။ ကိုယ့် နိုင်ငံရဲ့ အထိမ်းအမှတ် အလံကို အခုလို ရေခြားမြေ ခြားနေရာမှာ တွေ့ရှိရတာဟာ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ဖမ်းစားထားတဲ့ အချက်ပါပဲ။ ထူးခြားချက်က ဒီလမ်းမှာရှိတဲ့ စာကြည့်တိုက်က ခန့်ညားလွန်းလှ ပါတယ်။ အေးအေး လူလူ စာဖတ်နေတဲ့ သူတွေရှိသလို ကော်ဖီသောက်ရင်းလည်း စာဖတ်နိုင်အောင် ပြုလုပ် ပေးထားတာမို့ ကိုယ့်နိုင်ငံရဲ့ စာကြည့်တိုက်တွေကို အားမလိုအားမရဖြစ်မိတာပါပဲ။ အဲဒီနောက်မှာ စာရေးသူတို့ဟာ စျေး၀ယ် ထွက်ဖို့ ဧည့်လမ်းညွှန်က မကြာခင်က ဖွင့်လှစ်ထားတဲ့ Mission Hills Centre Ville စင်တာကို လိုက်လံ ပို့ဆောင်ပေးပါတယ်။ အဆောက်အအုံတည်ဆောက်မှုပုံစံက ခမ်းနား ထည်ဝါပြီး ဗိသုကာလက်ရာတွေက တော့ ခေတ်မီဆန်းပြားတာကို မြင်တွေ့ခဲ့ရတယ်။သစ်ပင်ပုံစံဖန်တီးထားတဲ့ လက်ရာတချို့ကိုလည်းတွေ့ မြင်ခဲ့ရပြန်တယ်။ နေ့လယ်စာစားပြီး စာရေးသူတို့ အဖွဲ့ဟာ ဟိုင်နန်- မြန်မာ ခရီးသွား မြှင့်တင်ရေး အစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ ဟိုင်နန် ပြည်နယ်ရဲ့ခရီးသွားယဉ်ကျေးမှု ရေဒီယိုနှင့် အားကစားဌာနမှ တာ၀န်ရှိသူ Ms.Yang Liming က မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ အရင်ကဆို တိုက်ရိုက်လာဖို့ဆိုတာ ခက်ခဲ ခဲ့ပေမဲ့ အခုဆိုရင် ဟိုင်နန်လေကြောင်းလိုင်းဟာ နှစ် နိုင်ငံခရီးသွားလုပ်ငန်းကို မြှင့်တင်စေရန်အတွက် တိုက် ရိုက်ပျံသန်းလာပါပြီ။ ဒါဟာ မြန်မာနဲ့ ဟိုင်နန်ကို ကောင်း ကင် ဘုံကနေဆက်သွယ်ပေးထားတဲ့ ရထားတစ်စင်းလို့လည်း သူမက တင်စားပြီး ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကို တိုးတတ်ပြောင်း လဲလာမယ်ဆိုတာအသေချာပါပဲ။ မြန်မာ-တရုတ်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့မှ တွဲဘက်အတွင်းရေးမှူးဒေါ်ဖြူဖြူမာ ကလည်း မြန်မာပြည်ကို တရုတ်ခရီးသွားတွေ လာ လည်ဖို့ မြန်မာပြည်က ခရီးသွားတွေလည်း ဟိုင်နန်ကို လာလည်စေပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဆောင် ရွက်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အများစု သွားရောက်လည်ပတ်နေကြတဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ စတဲ့နိုင်ငံတွေကို မြန်မာအများစု သွားရောက်လည်ပတ်နေကြဆဲပါပဲ။ တရုတ်ပြည်ကို လည်ပတ်တာ ကတော့ နည်းပါးနေသေးတာကို တွေ့ မြင်ရပါသေးတယ်။ အခုလို တိုက်ရိုက်လေကြောင်း လိုင်းရှိတာကြောင့် မြန်မာတွေ တရုတ်ကို စျေးသက် သက်သာသာနဲ့ သွားရောက်လည်ပတ်နိုင်တဲ့ အခွင့် အရေးတွေ ရရှိပါပြီပဲဖြစ်ပါတယ်။ ချုံးဟိုင်မြို့ထဲကအထင်ကရများ စာရေးသူတို့ဟာ ဟိုင်နန်ပြည်နယ်ထဲက မြို့တစ်မြို့ဖြစ်တဲ့ ချုံးဟိုင်ပြည်နယ်ထဲက အထင်ကရ နေရာတွေကို ဇွန်လ ၂၉ ရက်နေ့မှာ လည်ပတ်ခဲ့ကြ ပါတယ်။ ချုံးဟိုင်မြို့မှာ ထူးခြားချက်ကတော့ အုန်းပင် ပေါများလွန်းတာကို သတိထားမိပါတယ်။ အုန်းသီးကို အခြေခံပြီး ဆွဲဆောင်ထားတဲ့ Coconut Processing Sightseeting Base နေရာကို သွားရောက်လည် ပတ်ခဲ့ပါတယ်။ ဒီနေရာမှာ အုန်းသီးကို အခြေခံပြီး အစားအစာအမျိုးပေါင်း ရာကျော်အောင်ထုတ်လုပ် ထားတဲ့ အစားအသောက်တွေကို တစ်နေရာတည်းမှာ ၀ယ်ယူရနိုင်အောင် ဖန်တီး ပေးထားပါတယ်။ နည်း ပညာကို အသုံးချပြီး အလေအလွင့်မရှိအောင်အသုံး ချထားမှုကို တွေ့ရှိရပါတယ်။ ဒီစင်တာထဲကို မ၀င်ခင် ခရီးသွားတွေကို ကတ်ပြားနဲ့စျေး၀ယ်ဖို့ တစ်ခါတည်း ပလတ်စတစ် အိတ်တွေကိုပါပေးထားတာကို တွေ့ရတာမို့ စျေးကွက် နည်းဗျူဟာကို သတိထားမိစေပါတယ်။ အနည်းဆုံး တော့ မဖြစ်မနေ၀ယ်အောင် ဆွဲဆောင်ထားစေတာ ပါပဲ။ ဒီစင်တာတွေထဲမှာ ၀ယ်ယူခဲ့တဲ့ ဘောင်ချာ တွေကို စင်တာကအထွက်မှာ ပြန်လည်ပေးရင်း မွေးပုလဲမုတ်ကောင်ကနေ ပုလဲထုတ်ယူပြီး ဖန်စီဆွဲကြိုး တစ်ခါတည်း လုပ်ပေးတဲ့ ၀န်ဆောင်မှုကိုလည်း ပေး ထားတာမို့ သူတို့ရဲ့ စျေးရောင်းခြင်းအတတ်ပညာကို ချီးကျူးမိလေရဲ့။ ဒီ Coconut Processing Sightseeting Base လိုမျိုး မြန်မာပြည်မှာလည်း လုပ်နိုင်ပါတယ်။ အုန်းသီး အရမ်းပေါတဲ့ ဒေသများစွာ ရှိပါတယ်။ တကယ်တော့ နည်းပညာပိုင်းအားနည်း တာရယ်၊ ရင်းနှီးမြှုပ်နှံမှုလည်း လိုတာကြောင့် စာရေးသူတို့ဆီမှာ မလုပ်နိုင်သေးတာပါ။ ဒါမျိုးတွေကို လေ့လာပြီး စာရေးသူတို့ရဲ့ နိုင်ငံ မှာလည်း Tour Attraction အဖြစ် ဆွဲဆောင်ထားနိုင်အောင် လုပ်လို့ရပါတယ်။ သက်ဆိုင်ရာ တာ၀န်ရှိသူ တွေ Developer တွေကသာလုပ်နိုင်ရင် တိုင်းပြည်အတွက် အကျိုးရှိစေမယ့်အပြင် လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုး လာပြီး ဒေသ၀င်ငွေလည်းရရှိ၊ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေမှာမို့ အတုယူ စရာကောင်းမွန်တဲ့ အချက်တစ်ခုဆိုတာပါပဲ။ အဲဒီနောက်မှာ စာရေးသူတို့ဟာ Tourist Attraction တစ်ခုဖြစ်တဲ့ BOAO Forum For Asia စင်တာကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီ စင်တာအတွင်းထဲကိုတော့ စာရေးသူတို့မလည်ပတ် ခဲ့ရပါဘူး၊ အစည်းအဝေး တစ်ခုလုပ်နေတာနဲ့ တိုက်ဆိုင်နေတာကြောင့် စင်တာအတွင်းထဲကို မလေ့လာခဲ့ ရပေမဲ့ စင်တာကို ၀င်ရောက်တဲ့ ၀င်ကြေးထဲမှာ စက်လှေနဲ့ကျွန်းကို သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ် ကို ထည့်သွင်းပေးတာမို့ စာရေး သူတို့ဟာ သုံးလွီ တောင်အမည်ရှိတဲ့ ကျွန်းကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ မြစ်ရယ်၊ ပင်လယ်ကို ခြားနား ထားတဲ့ ကမ်းခြေတစ်ခုပါ။ စာရေးသူတို့ ရောက်သွားတဲ့အချိန် ကလည်း နေပူလွန်းတဲ့ အချိန်ကောင်း ဖြစ်နေတာမို့ မှတ်တမ်းပုံမြန်မြန်ရိုက်ကြပြီး အပြန်စက်လှေကို စောင့် ဆိုင်းနေကြသလို လာရောက်လည်ပတ် နေတဲ့ တရုတ် ဧည့်သည်တွေလည်း အများကြီးတွေ့ခဲ့ရပါတယ်။ အဲဒီစင်တာကနေအပြန်မှာတော့ နေ့လယ် စာကို ကမ်းခြေတစ်ခုက စားသောက်ဆိုင်မှာစားသောက် ပြီး စန်းယာ့မြို့ကို ဆက်လက်ခရီးထွက်ခဲ့ပါတယ်။ စန်းယာ့မြို့ထဲကအထင်ကရနေရာများ စန်းယာ့မြို့ဟာဆိုရင် ဟိုင်နန်ပြည်နယ်ရဲ့ ခေတ်မီတိုးတတ်တဲ့မြို့ဆိုရင်မမှားပါဘူး။ ကြည့် လေရာတိုင်းမှာ အထပ်မြင့်အဆောက်အအုံများစွာ ရယ်။ ဒီဇိုင်းဆန်းပြားလှတဲ့ တည်ဆောက်ပုံတွေကြောင့် စန်းယာ့ကိုတော့ ခေတ်ရှေ့ပြေးနေတဲ့ မြို့တော်အဖြစ် မြင်တွေ့ရသလို ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိ တာမို့ ကမ်းခြေမြို့အဖြစ် ရေပန်းစားစေခဲ့တာပါ။ စန်းယာ့မြို့ကို အများစုလာရောက်လည်ပတ်ကြတဲ့သူ တွေထဲမှာ ရုရှားလူမျိုးတွေများစွာ လာရောက်လည် ပတ်တာကိုတော့ သတိထားမိစေပါတယ်။ နိုင်ငံတကာ အဆင့်မီ Resort တွေ များစွာရှိပါတယ်။ 5Stars ဟိုတယ်တွေကတော့ Yalong Bay ၊ Haitang Bay၊ Sanya Bay စတဲ့နေရာတွေမှာ တည်ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်။ စာရေးသူတို့အဖွဲ့ဟာ Sanya Nansshan Cultural Tourism Zone ကို သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနေရာ ကတော့ မဖြစ်မနေလည်ပတ်ရမယ့် နေရာတစ်ခုပါ။ ပင်လယ်ကမ်းစပ်မှာ တည်ဆောက် ထားတဲ့ ၁၀၈ မီတာ အမြင့်ရှိတဲ့ ကွမ်ရင်မယ်တော် ရုပ်ထုရှိနေရာရယ်၊ ပြီးပြည့်စုံအောင်ဖန်တီးပေးထား တဲ့ Tourist Attraction အဖြစ် တည်ရှိနေတာပါ။ Cultural Zone ထဲမှာ တည်ရှိပြီး ကျယ်၀န်းလွန်းလှ တဲ့ နေရာတစ်ခုပါ။ ဒီထဲမှာ တည်းခိုနိုင်တဲ့ Resort တွေရှိတယ်။ အများစုကတော့ Prewedding ရိုက် တဲ့ နေရာတစ်ခုဖြစ်နေတာကို သတိထားမိစေပါတယ်။ ဒီနေရာကို အချိန်ပေးပြီးလည်ပတ်မှသာ ပြီးပြည့်စုံစေ မှာပါ။ စာရေးသူတို့ကတော့ တတ်နိုင်သမျှအချိန်ရသလောက် တော်တော်လေးကို လည်ပတ်ခဲ့ကြပါတယ်။အဲဒီနောက်မှာ စာရေးသူတို့ တည်းခိုမယ့် Hampton By Hiton ဟိုတယ်ဆီကို ရောက်ရှိခဲ့ ပါတယ်။ စာရေး သူတို့အဖွဲ့ဟာ Check in ၀င်ပြီး အ၀တ်အစားမြန်မြန်လဲကာ ဟိုတယ်ထဲက ပင်လယ် စာဆိုင်မှာပဲ ပင်လယ်စာ ဘူဖေးကို မြန်မြန်စားသောက် ပြီး Show ပွဲကြည့်ဖို့ချီတက်ခဲ့ရပါတယ်။ ရှိူးပွဲတင် ဆက်မှုက ပျင်းရိစရာမရှိပဲ စိတ်၀င်တစား တစ်ခန်းပြီး တစ်ခန်းတင်ဆက်ပြသတာမို့ အတုယူစရာချည်းပါပဲ။ ဇွန် ၃၀ ရက် မနက်ပိုင်းမှာတော့ ဝါးကနေ အခြေခံပြီးထုတ်လုပ်ထားတဲ့ နေရာကို သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ဝါးပင်က အဆီကို ထုတ်လုပ်ပြီး အမျိုးသမီး၀တ် အသုံးအဆောင်၊ အမျိုးသား၀တ် အသုံးအဆောင် တွေ၊ ကျန်းမာရေးသုံးပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပေးတဲ့နေရာပါ။ ဒီနေရာကို လာ ရောက်လေ့လာကြတဲ့ ရုရှားခရီးသွားဧည့်သည်များစွာ ကို တွေ့မြင်ရပါတယ်။ အဲဒီနောက်မှာ နောက်ထပ်လည်ပတ်စရာ တစ်ခုဖြစ်တဲ့ Li People s Dream ဆီကို ရောက်ရှိခဲ့ ပါတယ်။ တရုတ်ပြည်ရဲ့ A ငါးလုံးအဆင့်ရှိတဲ့ နေရာ တစ်ခုပါ။ ထူးခြားချက်က သဘာဝတောတောင်ကို အခြေခံထားပြီး ရိုးရာအိမ်တွေကို ဖန်တီးပြုလုပ်ထား တဲ့ နေရာတစ်ခုလို့ စာရေးသူက ဆိုချင်ပါတယ်။ သဘာ၀ပတ်၀န်းကျင် တောတောင်ရေမြေကို အသုံး ချပြီး ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုအဖြစ်ရှိတာကို တွေ့မြင်ရပါတယ်။ ဒီ နေရာမှာ လီမျိုးနွယ်စုနေထိုင်ရာ ရိုးရာအိမ်တွေထား ရှိပေးထားသလို လီမျိုးနွယ်စုရဲ့ အသက်မွေး၀မ်း ကျောင်းပုံ၊ လီမျိုးနွယ်စုရဲ့ ကိုးကွယ်မှု၊ ယဉ်ကျေးမှု ဓလေ့ စတာတွေကို တစ်နေရာတည်းမှာ လေ့လာနိုင် အောင် ထားရှိပေးထားတာကို တွေ့မြင်ရပါတယ်။ မျိုးနွယ်စုတွေထဲမှာ လီမျိုးနွယ်စုက အများဆုံးဖြစ်ပြီး မြောင်လူမျိုးနွယ်စုကတော့ ဒုတိယအများဆုံးလို့သိရ ပါတယ်။ အဲဒီနောက်မှာ လီမျိုးနွယ်စုရဲ့ Culture Show ကို ကြည့်ခဲ့ရပါတယ်။ တစ်နာရီနီးပါးကြာ မြင့်တဲ့ ပြပွဲမှာ ပြကွက်က ၁၀ ကွက် မကျော်ပါဘူး။ ရိုးရာတေးဂီတကိုပဲ မြူးကြွတဲ့ တင်ဆက်မှုနဲ့ ဖျော်ဖြေ ပြသထားမှုပါပဲ။ တင်ဆက်မှုတိုင်းမှာ သဘာ၀အတိုင်း ကို ခံစားမိစေရအောင် ဖန်တီးပေးထားတာကို သတိ ထားမိစေပါတယ်။ ကျေးငှက်သံတွေကြားရစေတာ ရယ်က စိတ်ကိုသက်သာစေအောင် ဆွဲဆောင်ထားရှိ စေတာပါ။ စာရေးသူတို့နိုင်ငံမှာ လူမျိုးပေါင်းစုံနေ ထိုင်ကြတာရယ်၊ သဘာဝတောတောင်များစွာတည်ရှိ နေတာက ဘုရားပေးတဲ့ ဆုလာဘ်အဖြစ် တည်ရှိနေတာပါ။ ဒါကိုကောင်းမွန်စွာအသုံးချပြီး ခရီးသွား လုပ်ငန်းတိုးတတ်လာအောင် ဆွဲဆောင်ဖန်တီးနိုင်တဲ့ အခွင့်အရေး များစွာ ရှိပါတယ်။ စာရေးသူတို့ အတုယူ လေ့လာရမယ့် အချက်တွေပါပဲ။ အဲဒီနောက်မှာ လီမျိုး နွယ်စုရဲ့ ရိုးရာ ထမင်းဆိုင်မှာ နေ့လယ်စာသုံးဆောင် ခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ ဟိုက်ခိုမြို့ထဲက ရုပ်ရှင်ရိုက်ကူးတဲ့ Movie Town ဆီ ဒီနေရာကတော့ ဟိုင်နန်ရဲ့ မြို့တော်တစ်ခု ဖြစ်တဲ့ ဟိုက်ခိုမြို့ထဲက Tourist Attraction တစ်ခုပါ ပဲ။ ဧကပေါင်း(၁၄၀၀)ကျော်ရှိတဲ့ မြေပေါ်မှာ ရှန်ဟိုင်း၊ ချန်ကျင်း၊ နန်ကျင်း၊ ဝူဟန်မြို့တွေရဲ့ ၁၉၃၀- ၁၉၄၀ ကြားကရှိခဲ့တဲ့ အထင်ကရအဆောက်အအုံတွေ၊ လမ်း ပုံစံတွေ၊ စားသောက်ဆိုင်ပုံစံတွေကို Insprie ဆောက် လုပ်ပြီး ရုပ်ရှင်ဇတ်ကားတွေ ရိုက်ကူးဖို့ ပြုလုပ်ထားတဲ့ နေရာဖြစ်ပါတယ်။ Movie Town မှာ အဓိကလည်ပတ်စရာ တွေက 1942 street ၊ Nanyang Street ၊Traditional Beijing Street တွေပါပဲ။ ဒါ့အပြင် နောက် ထပ်လည်စရာပတ်စရာတွေလည်းများစွာရှိသေးသလို ထပ်မံဆောက်လုပ် နေတဲ့ အဆောက်အအုံတွေလည်း ရှိတာကိုတွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်မြို့တော်ဟာ ဟိုက်ခို ရဲ့ အထင်ကရ နေရာပါ။ နိုင်ငံခြား၀င်ငွေများစွာရရှိစေပြီး မဖြစ်မနေလည်ပတ်သင့်တဲ့နေရာဖြစ်အောင် ဖန်တီးဆွဲဆောင်ပြုလုပ် ပေးထားခြင်းကလည်း အတု ယူစရာကောင်းလှပါတယ်။ ဟိုင်နန်ပြည်ကို ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့လည်ပတ်နိုင်ပါပြီ အိမ်နီးချင်းနိုင်ငံတွေကို အသွားများလာကြ တဲ့ မြန်မာခရီးသွားဧည့်သည်တွေအတွက် တကယ့်ကို အံ့သြသင့်စေမယ့်စျေးနှုန်းနဲ့ ပို့ဆောင်ပေးဖို့ နွေဦးခရီး သွားကုမ်္ပဏီကနေ စတင်လိုက်ပါပြီ။ လက်ရှိအိမ်နီး ချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမေ်္ဘာဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ စင်ကာပူ စတဲ့နိုင်ငံတွေကို သွားရောက်လည် ပတ်တဲ့ ကုန်ကျစရိတ်နီးပါး၀န်းကျင်နဲ့ ရရှိနိုင်အောင် ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။ တရုတ်ပြည်မှာ လည်စရာပတ်စရာတွေ စိတ်၀င်စားစရာနေရာတွေ များစွာရှိတာမို့ မြန်မာဧည့်သည်တွေအတွက် သွား ရောက်လေ့လာသင့်တဲ့ နိုင်ငံတစ်ခုလို့ ညွှန်းချင်ပါ တယ်။ ဒေါ်လာ ၅၀၀ ၀န်းကျင်နဲ့ လေးညအိပ် ငါးရက် ခရီးဖြင့် ၀န်ဆောင်မှုပေးမှာဖြစ်သလို အသွားအပြန် လေယာဉ်လတ်မှတ်ခ၊ ဟိုတယ်တည်းခိုခ၊ စားသောက် စရိတ်အပြီးအစီးနဲ့ ၀င်ကြေးအပြီးကို ဒီစျေးနှုန်းနဲ့ ဆောင်ရွက်ပေးဖို့ လက်ရှိမှာဟိုင်နန်လေကြောင်းလိုင်း နဲ့ ချိတ်ဆက်ဆောင်ရွက်နေပါပြီလို့ နွေဦး ခရီးသွား ကုမ်္ပဏီက မကြူကြူလင်းက ဆိုပါတယ်။ သုံးရက်တာ လည်ပတ်ခဲ့တယ် စာရေးသူတို့မြန်မာအဖွဲ့ဟာ သီးခြားကမ္ဘာ တစ်ခုလို ဖြစ်တည်နေတဲ့ တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းဆီကို သုံးရက်တာ လေ့လာရေးခရီးစဉ် ပြီးနောက် ဇွန်လ ၃၀ ရက်မှာ ပြန်လည်ထွက်ခွာလာ ခဲ့ပါတော့တယ်။ တိုးတက်မှုအရှိန်အဟုန်များစွာနဲ့ လုပ်ဆောင်လာကြတဲ့ တစ်ချိန်တုန်းကမထင်မရှားပြည်နယ် တစ်ခုဟာ အခုဆိုရင် ကမ္ဘာ့အရှေ့ကိုရောက်ရှိဖို့ ကြိုးစားနေကြပါပြီ။ ဒီလိုအတုယူစရာ၊ ချီးကျူးစရာ၊ လည် ပတ်စရာတွေ များစွာဖန်တီးထားတဲ့ ဟိုင်နန်ပြည်နယ် ကိုသွားရောက်လည်ပတ်ခဲ့တဲ့ စာရေးသူအဖို့တစ်သက်တာ အမြဲအမှတ်ရမိနေစေတော့မှာပဲဖြစ်ပါတော့တယ်။ Travelling_Journal/Vol_1_Issue_14 Photo - TravellingJournal
Contine Reading
By - Admin / 19-08-2019
ရွှေခေါင်းတလားနဲ့မြှုပ်ထားတဲ့ဓာတုကလျာအုတ်ဂူရှာပုံတော်

ရွှေခေါင်းတလားနဲ့မြှုပ်ထားတဲ့ဓာတုကလျာအုတ်ဂူရှာပုံတော်

တိုးဝင်းလွင် မြန်မာတို့ရဲ့ အသည်းနှလုံးလို့ဆိုကြတဲ့ ပုဂံ မြေဟာ ပထမမြန်မာနိုင်ငံတော်ဖြစ်ခဲ့သလို မြန်မာ တို့ရဲ့ ဒုတိယနိုင်ငံတော်ကတော့ တောင်ငူမြို့လေး ပဲဖြစ်ပါတယ်။ တောင်ငူမြို့လေးဟာဆိုရင် သိပ် ပြီးမကျယ်ပြန့်တဲ့ မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။တောင်ငူဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိတာက နတ်သျှင်နောင်နဲ့ ရာဇဓာတုကလျာအကြောင်းကို ပြေးမြင်မိစေမှာပါပဲ။ တောင်ငူမြို့ဟာ ပဲခူးတိုင်း ဒေသကြီးရဲ့ အရှေ့ဘက်အခြမ်းမှာတည်ရှိပါတာမို့ ရန်ကုန်-မန်္တလေးလမ်းဟောင်းကပဲဖြစ်ဖြစ်၊ အမြန် လမ်းကပဲဖြစ်ဖြစ်သွားရောက်နိုင်တဲ့ အားသာချက် တွေရှိပါတယ်။ တောင်ငူမြို့မှာ ရှေးဟောင်းခံတပ်တွေ မြို့ရိုး တံခါးတွေများစွာရှိခဲ့သော်လည်း လက်ရှိအချိန်မှာ တော့ ဒါတွေကို တွေ့မြင်ဖို့ဆိုတာ တော်တော်ရှား သွားပါပြီ။ ခေတ်ကာလအရ ကျိုးကြေနေတဲ့ အုတ် ပုံတွေပဲ မြင်တွေ့နိုင်ရတော့သည်။ ဒါပေမဲ့လည်း ရေအပြည့်ရှိနေသေးတဲ့ ကျုံးတွေ၊ ယခုတော့ ပန်းခြံသဖွယ်ပြုလုပ်ပေးထားတာကို တွေ့မြင်ရ ပါတယ်။ စာရေးသူတို့လည်း အလုပ်ကိစ်္စလေး တစ်ခုအတွက် တောင်ငူကိုရောက်တုန်း ဗီဇအရ ရောက်မှတော့ တောင်ငူမြို့လေးကို ရသလောက် လည်ပတ်ကြည့်ဦးမယ်ဆိုပြီး တည်းခိုတဲ့နေရာက နေ ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းလိုက် ပါတယ်။တကယ်တော့ တောင်ငူနဲ့ ပတ်သက်တာဆို လို့ သံတောင်ကြီးက တိမ်တွေနေတဲ့ အရပ်လို့ တင်စားကြတဲ့ နော်ဘူဘောတောင်နဲ့ ပသိချောင်း ကိုသာ ရောက်ဖူးပါတယ်။ တစ်ခြားခရီးတွေကို တောင်ငူမြို့ကိုသာ ဖြတ်သွားနေတာ တစ်ခါမှ မလည်ပတ်ဖူးကြပါဘူး။ ကိုယ်စိတ်ဝင်တစားသွားချင်တာက မြို့ ဟောင်းတွေ၊ ခံတပ်ဟောင်းတွေပေါ့။ နောက်တစ်ခု စာရေးသူ စိတ်အားထက်သန်သွားချင်တဲ့နေရာက မင်းသမီးရာဇဓာတုကလျာရဲ့ အုတ်ဂူကို သွား ကြည့်ချင်တဲ့စိတ်ပေါ့။ ဒါပေမဲ့ ဘယ်နေရာ ဘယ် ဒေသမှာ ရှိမှန်းမသိတော့ ဟိုမေးဒီမေးပေါ့ …။ တောင်ငူမှာ ဘာတွေရှိမှန်းလဲမသိ။ သွားမယ်လို့ စိတ်ကူးရှိပြီးမှသာ ဘယ်နေရာတွေကို သွားလည် သင့်လဲဆိုတာ ဟိုလူကိုမေး၊ ဒီလူကို အကူအညီ လှမ်းတောင်းနဲ့ပဲ နေ့တစ်ဝက် ကုန်သွားခဲ့ပါတယ်။ ဒီတော့မဖြစ်တော့ချေဘူး။ ရောက်ချင်ရာ ရောက်ဆိုပြီး ထလာခဲ့ပါတယ်။ ဒါနဲ့ပဲ ဆိုင်ကယ် တစ်စီးနဲ့ မြို့ထဲထွက်လာတာ ငါးမိနစ်လောက် မောင်းလိုက်တော့ ကေတုမတီမြို့ကို စတင်တည် ထောင်ခဲ့တဲ့ မင်းကြီးညိုရုပ်တုကြီးကို ထင်းခနဲ တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာတေ့ာ ကေတု မတီဆိုတဲ့ မြို့ဝင်မုခ်ဦးကိုတွေ့ရပါတယ်။ ကိုယ် ထင်ထားတာ ဒုတိယမြန်မာနိုင်ငံတော်ခေတ်က ဆိုတော့ ရှေးခေတ်အငွေ့သက်လေးတွေ ခံစားမိ မယ်ထင်ထားတာ။ တကယ်တော့ မြို့ပြသဖွယ် စည်ကားနေပါပြီ။ အရာရာဟာ မြို့ပြဒီဇိုင်းတွေပဲ မြင်တွေ့နေရပါတယ်။ လမ်းဆုံးရင် ရှေးခေတ် အငွေ့အသက်လေးတွေ တွေ့ချင်တွေ့မှာပဲဆိုတဲ့ အတွေးနဲ့ ဟိုကြည့်ဒီကြည့်နဲ့မောင်းလာခဲ့ပါတယ်။ မိနစ်အနည်းငယ်မောင်းပြီးတဲ့အချိန်မှာတော့ သိပ် မကျယ်လှတဲ့ ရေပြင်ကို ခြံစည်းရိုးတွေခတ်ထား တာတွေ့မြင်ရပါတယ်။ အဝေးကကြည့်ရင် ရေ ကန်လိုမျိုးပေါ့။ တကယ်တော့ ရှေးက အသုံးပြု ခဲ့တဲ့ ကျုံးပါပဲ။ ကျုံးလို့သာပြောတာ ကျုံးလို့မထင် ရတော့ပါဘူး။ ထိန်းသိမ်းမှုအားနည်းတာလား၊ သဘာဝက ဖြစ်တည်သလားဆိုတာ ဇဝေဇဝါပါ ပဲ။ ကျုံးရဲ့ တစ်ဖက်မှာလည်း ဟိုတယ်အကြီးကြီး တစ်လုံးကိုဆောက်လုပ်ထားတာကိုလည်း တွေ့ရ ပါတယ်။ စာရေးသူရောက်ခဲ့တဲ့နေရာကတော့ အပန်းဖြေလည်ပတ်လို့ရအောင် ခွင့်ပြုထားတဲ့ နေရာပေါ့။ ဝင်ကြေးတော့ မပေးရပါဘူး။ အများ စုလာကြတာကတော့ ဘုရားဖူးတွေ သိပ်မတွေ့ ရပဲ။ စုံတွဲတွေကိုသာ တွေ့ရပါတယ်။ ဘုရားဖူးတွေ ကို ဆွဲဆောင်စရာလည်း ဘာမှမပြင်ဆင်ပေးထား ဘူးလေ။ ကိုယ်ထင်တာ မြို့ရဲ့ကျုံးဆိုတော့ အားရဝမ်း သာဖြစ်သွားတာတွေတောင် ပျောက်လုနီးပါးဖြစ် သွားတယ်။ ဒါနဲ့ပဲ အမှတ်တရဓာတ်ပုံ လေးရိုက် ပြီးပြန်ထွက်လာခဲ့တယ်။ ပြန်အထွက်မှာ စာရေးသူ အပေါ့သွားချင်ဖြစ်တာကြောင့် မေးကြည့်တော့ Toilet ကရှိတယ်တဲ့ ဒါပေမဲ့ သွားလို့မရဘူးတဲ့။ “ဟ …ကောင်းရောပေါ့” လို့ တစ်ခွန်းသာ ပြောနိုင်ခဲ့ပါတယ်။ သြော် …လိုအပ်ချက်တွေ လိုအပ်ချက်တွေ …။စိတ်ထဲမှာတော့ ဒုတိယမြန်မာနိုင်ငံတော် ခေတ်က ဆိုတာ ဒါကြီးလားပေါ့။ ကိုယ့်မှာလည်း လည်ပတ်မယ့်နေရာတွေက မသိတာကြောင့် စိတ် ပျက်လက်ပျက်နဲ့ ကြံရည်ဆိုင်မှာ ကြံရည်ထိုင် သောက်နေလိုက်တယ်။ စိတ်ထဲကတေ့ာ မကျေနပ်သေးဘူး။ ရှေး အငွေ့အသက်တွေကို ခံစားချင်သေးတယ်။ ဒါနဲ့ Online ကနေ ဟိုရှာဒီရှာနဲ့ အလုပ်ရှုပ်နေပြန် ရော။ ဒါနဲ့ပဲ မင်းသမီး ရာဇဓာတုကလျာဘက်ကို ရောက်သွားတယ်။ ခရီးသွားအဖော်တစ်ယောက် ကလည်း သူမရဲ့ အုတ်ဂူရှိတဲ့နေရာကို သွားချင် နေတာနဲ့ …ကဲပါ ပြောနေတာကြာတယ် သွား မယ်ဆိုပြီး ထလာခဲ့ပါတယ်။သွားခါနီး ကြံရည်ဆိုင်က ကောင်လေးကို မေးကြည့်တော ရှိတယ်တဲ့၊ အမြန်လမ်းဘက်နေ သွားရတာ သိပ်မဝေးဘူးဆိုပြီး ပြောတော့ အား တက်သရော ထထွက်လာခဲ့ကြပါတယ်။ ဒါနဲ့ စကားမစပ် တောင်ငူအမြန်လမ်းတစ် လျှောက်မှာ ထန်းရည်နဲ့ ကြွက်ကြော်ရတဲ့ ဆိုင်တွေ ကတော့ မနည်းမနောပါပဲ။ ထန်းရည်ကြိုက်သူ တွေအတွက်ကတေ့ာ ကွက်တိပေါ့။ ထန်းရည်မလတ်ဆက်မှာတော့ မပူရဘူး၊ ဘေးဘယ်ညာက ထန်းတောတွေချည်းပါပဲ …။ ၁၅ မိနစ်ကျော်လောက်မောင်းလိုက်တော့ ဆိုင်တစ်ဆိုင်ကို ဝင်မေးကြည့်ပါတယ်။ ဓာတု ကလျာအုတ်ဂူ ဘယ်မှာရှိလဲပေါ့။ အားရစရာပါပဲ မသိဘူးတဲ့။ ကြားလည်း မကြားမိပါဘူးတဲ့ …။ ကောင်းရော …။ ရှေ့ဆက်တိုးရမလို နောက် ပြန်ဆုတ်ရမလိုနဲ့ …။ နယ်ခံကတောင် မသိဘူး ဆိုတော့ ခက်ချေပြီ။ ဇွဲကလည်းကြီးပေ့ဆိုတော့ နည်းနည်းတော့ သွားကြည့်လိုက်ပါဦးမယ်ဆိုပြီး မောင်းလာလိုက် တာ ယာခင်းထဲက ထွက်လာတဲ့ ဒေသခံတစ် ယောက်ကို မေးကြည့်တေ့ာ … ရှိတယ်တဲ့။ ဘယ်မှာလဲတော့ မသိဘူးတဲ့။ တောင်ငူမြို့ရဲ့ တောင်ဘက်စွန်းစွန်းခရေပင်အောက်မှာ မြှုပ် ထားတယ်လို့ ပြောကြတယ်တဲ့။ ဒါပေမဲ့ ရှာမတွေ့ သေးဘူး။ Dead Body ကို ရွှေခေါင်းတလားနဲ့ ထည့်ထားတယ်လို့ပြောပါတယ်။ ဇာတ်လမ်းက အဲ့ကနေစတာပါပဲ …။နှစ် ယောက်သား မျက်လုံးကိုယ်စီ အရောင်တောက် လာပြီးတော့ မျှော်လင့်ချက်ရောင်ခြည်က သန်းစ ပြုလာပါပြီပဲ ဖြစ်ပါတယ်။ ဒါနဲ့ ကျေးဇူးတင် ကြောင်း ပြောဆိုပြီး အားရဝမ်းသာလေးသံတွေနဲ့ စကားပြောရင်းမောင်းလာတာ တောင်ငူမြို့ အထွက် တိုးဂိတ်ကိုကျော်ပြီး မကြာခင်မှာတော့ မြေသားလမ်းတွေကို စတင်တွေ့ရပါပြီ။ ဒါနဲ့ လမ်း ညွှန်အတိုင်းမောင်းလာခဲ့ကြပါတယ်။ တကယ်တော့ စာရေးသူတို့ရောက်ဖြစ်ခဲ့တာ က တောင်ငူမြို့မဟုတ်တေ့ာပဲနဲ့ တောင်ငူမြို့ကြီး ဟောင်းလို့လည်း ခေါ်သလို ပထမတောင်ငူလို့လဲ ခေါ်တဲ့ ကျေးလက်မြို့လေးကို ရောက်ဖြစ်ခဲ့ပါ တယ်။ ထူးဆန်းထွေလာဘာမှမရှိပေမယ့်။ လမ်း ကတော့ ကျောက်သားတစ်ဝက် မြေတစ်ဝက်နဲ့ ခင်းထားပါတယ်။ တောဓလေ့ရဲ့ အငွေ့သက် အတိုင်းပါပဲ။ လမ်းတစ်လျောက်တော့ အိမ်ခြေ တွေ သိပ်မတွေ့ရပါဘူး။ မထင်မှတ်တဲ့ နေရာသစ် ကို ရောက်ဖြစ်ခဲ့တာကြောင့် ဟိုစူးစမ်းဒီစူးစမ်းနဲ့ မောင်းလာခဲ့တာ ပုဂံမြေက ပုထိုးစေတီတွေနဲ့ ပုံစံတူတစ်ဆူကို လှမ်းမြင်လိုက်ရပါတယ်။ ဒါနဲ့ အားတက်သရော စေတီပုထိုးရှိရာ မောင်းသွားခဲ့ ပါတယ်။တကယ်တော့ ရေးထိုးထားတဲ့ ကျောက်စာ ကဗ်္ဗည်းအရ ဘုရားတစ်ခုကတော့ တောင်ငူကြီး (ဓညဝတီ) ၁၉ ဆက်မြောက်မင်းမြတ် စောလူး သင်္ခယာ တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်မြတ် နိန်္ဒစေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ ကေတု မတီအဦးအစ သမိုင်းဝင်စေတီတော်ကြီးကို ၂၀၁၅ မှာ ပြန်လည်ပူဇော်ထားတာပဲဖြစ်ပါတယ်။ရှေးလက်ရာကတည်ဆောက်ခဲ့တဲ့ ပုံစံမျိုးဆိုပေ မယ့် ရှေးဟောင်းဆိုတဲ့ အငွေ့အသက်ကို မခံစားရ တာတော့ စာရေးသူစိတ်ထဲ စိတ်မကောင်းဖြစ်မိပါ တယ်။ သမိုင်းအထောက်အထားလေးတွေ သိလို သိငြား စေတီအတွင်းဝင်ကြည့်မိတော့လည်း ရှေး လက်ရာတွေတော့မှန်ပေမယ့် နံရံတွေကအစ ရှေးက အငွေ့အသက်တွေ ပျောက်ဆုံးနေတာ တော့ အမှန်ပင် …။ မြို့ထဲမကျလို့ လူသူသိပ် မရောက်လောက်ဘူးထင်တာ။ လာကြပါတယ်။ ကျောင်းသူ/ကျောင်းသားလေးတွေပေါ့။ သမိုင်း စိတ်ဝင်စားလို့တော့ မဟုတ်ဘူးထင်ပါတယ်။ ဘာ လို့ဆို နေရာအစုံ Selfie တွေ ဆွဲနေကြတယ်။ စာရေးသူလည်း အမှတ်တရဓာတ်ပုံရိုက်ပြီး ပြန် ထွက်လာခဲ့ပါတယ်။ နောက်ထပ်တစ်ဆူလည်းရှိသေးတာကြောင့် ထပ်ပြီးတော့ ခြေဆန့်ခဲ့ပါတယ်။ နောက်ထပ်သွား တယ်ဘုရားကတော့ ရွာတွေကို ဖြတ်ပြီးသွားရ တာပဲဖြစ်ပါတယ်။ ရွာအဝင်လမ်းမှာတော့ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနရဲ့ သတိပေးတားမြစ်ချက် ဆိုင်းဘုတ်နဲ့ တစ်ဖက်မှာ တောင်ငူကြီးဆိုတဲ့ ရွာဆိုင်းကို တွေ့ရ ပါတယ်။ ခုမှဆက်စပ်မိတော့တယ်။ တကယ် တော့ တောင်ငူကြီးဆိုတာာ ပထမဆုံးစတည်တဲ့ မြို့လို့ခေါ်မလား ရွာလို့ပဲခေါ်မလား တစ်ခုခုပေါ့။ သေချာတာတော့ ပထမတောင်ငူကြီးလို့လည်း ခေါ်တယ်။ ခုလက်ရှိ တောင်ငူလို့ခေါ်တွင်တဲ့ မြို့က ဒုတိယမှတည်ခဲ့တာဖြစ်ဖို့များတယ်။ လမ်း ကတော့ တောလမ်းဖြစ်တာကြောင့် ကားလမ်း ထက် လှည်းလမ်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ နောက်ထပ် ဘုရားတစ်ဆူကတော့ ကေတု မတီ(တောင်ငူ)မြို့ကိုတည်တဲ့ မဟာသီရိဇေယျ သူရဘွဲ့ခံ မင်းကြီးညိုတည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်စည်းခုံကြီးစေတီတော်မြတ်ကြီးပဲ ဖြစ် ပါတယ်။ သမိုင်းကို ပြောပြရမယ်ဆိုရင် ကောဇာ သက်္ကရာဇ်(၈၄၇)ခုနှစ် (အေဒီ ၁၄၈၅)တွင် မင်းကြီးညိုသည် ယောက်္ခမတော် မင်းစည်သူအိမ်ရာတွင် စည်းခုံကြီးစေတီတော်မြတ်ကြီးကို စတင်တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ ခေတ်ကာလကြာမြင့်လာတော့ စေတီ တော်ကြီးသည် ထီးတော်မှအစ လုံးပတ်တော် အစိတ်အပိုင်းအချို့ မြေခသည်အထိ ပျက်စီးယို ယွင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တောင်ငူခေတ်သမိုင်းရဲ့ သင်္ကေတဖြစ်တဲ့အတွက် သက်ဆိုင်ရာသာသနာရေး၊ အုပ်ချုပ်ရေးမှ တာဝန် ရှိသူတွေနဲ့ လျှောက်ထားညှိနှိုင်းပြီးတော့ တောင်ငူ ခေတ် ဗိသုကာလက်ရာတွေ ပေါင်းစပ်မှုတို့နဲ့ ၂၀၀၉ ခုနှစ်မှာ CB ဘဏ်အုပ်စုကနေ ပြန်လည် ပြုပြင်တည်ထားတာလို့လည်း သိရပါတယ်။ ဒီ စေတီတော်က ရွာအတွင်းပိုင်းမှာရှိတာကြောင့် သစ်ရိပ်တွေနဲ့ အေးချမ်းမှုရှိပါတယ်။ လာရောက် သူတော့ နည်းပါးတာကိုတွေ့ခဲ့ရတယ်။ စာရေးသူတို့လည်း လည်ပတ်စရာလည်းကုန် ပြီဖြစ်တာမို့ ရာဇဓာတုကလျာရဲ့ အုတ်ဂူရှိရာ ဘက် စိတ်က တစ်ဖန်လှည့်လာပါတော့တယ်။ ရောက်မှတော့ သွားမယ်ပေါ့။ တောင်ငူကို ဒေသခံ မေးကြည့်တော့ ရွှေကူရွာဘက်မှာရှိတယ်လို့ ညွှန် လိုက်တာကြောင့် စည်းခုံကြီးစေတီတော် ဒေသခံ ကို ထပ်မေးကြည့်တေ့ာ ရယ်ပြုံးပြုံးနဲ့ ဖြေရှာတယ် ..ရွှေကူရွာကတော့ နီးပြီတဲ့ ဘာသွားလုပ်ဖို့လဲလို့တော့မေးတယ်။ ကိုယ်ကလည်းမပွင့်မလင်းဖြေ လိုက်တယ် ..သွားလည်မလို့ပေါ့။ ဒေသခံက တေ့ာ ပြောပါတယ်။ ဘာမှတော့မရှိဘူးတဲ့ မသွား ရင်မသွားနဲ့ပေါ့။ ဒါလည်းမရဘူးသွားမှာပဲဆိုပြီး စေတီဘေးက ရွာလေးအတိုင်းဆင်းခဲ့တယ်။ ခဏလောက်မောင်း ပြီးအကြာ နွံအိုင်လိုမျိုးတစ်ခုတွေ့တေ့ာ ရှေ့ဆက် မရတော့ပဲ လှည့်ပြန်ခဲ့ရတယ်။ပြန်သာလာခဲ့ရတယ်၊ စိတ်ထဲက မလျှော့ချင် သေးဘူး။ နောက်လမ်းရှိမှာပဲလို့ တွေးမိတယ်။ ဒါနဲ့ လာရာလမ်းအတိုင်းပြန်မောင်းလာပေမယ့် စိတ် မှာထဲတော့ အခဲမကြေသေးဘူး။ ဆိုင်ကယ်မောင်း လာရင်း ပါလာတဲ့အဖော်ကို ထပ်မေးလိုက်တယ်။ ပြန်တော့မယ်ဆိုတော့ အသံထွက်မလာဘူး။ ဒါနဲ့ သွားချင်လို့လားဆိုတော့ ဇွဲမလျှော့ချင်တဲ့လေသံ နဲ့ ပြန်ပြောတယ် အင်း ..ရှိလောက်မယ်တဲ့ သွား တေ့ာသွားချင်တယ်တဲ့။ ဒါနဲ့မထူးဘူး မရောက်မ ချင်းတော့ အဖြေသိမှာမဟုတ်လောက်ဘူး။ ရောက်မှ အဖြူအမည်းကွဲကွဲပြားပြား သိမှာဆိုပြီး တော့ ဆိုင်ကယ်ကို ပြန်ကွေ့လာတယ်။ လမ်း တစ်ဝက်လောက်ကျတော့ ဒေသခံဦးကြီးတစ် ယောက်ကို မေးကြည့်တာ သူလည်း ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေတယ်။ ဒါတွေက ရာဇဝင်မှာတောင် ဘယ် သူမှမသိဘူးတဲ့လေ။ ဘာမှမရှိဘူး …မသွားရင် မသွားနဲ့လို့တားတယ်။ ဒါပေမဲ့ လမ်းတော့ ညွှန် ပေးလိုက်ပါတယ်။ ဒါတောင် ကိုယ့်စိတ်ထဲမှာ ရယ်စရာအတွေး က ဝင်လာသေးတယ်။ ဒါတွေက ကိုယ့်ကို ဟန့် တားနေတာပဲ …မရောက်ရောက်အောင်သွား မယ်တဲ့ …။ ကဲ …လမ်းသိတော့ စတင်ခရီးဆက်ပြီ ပေါ့။ လမ်းကတော့ သိပ်မဝေးပါဘူး ၁၀ မိနစ် လောက်ပဲ မောင်းရပါတယ်။ ဒါပေမဲ့ ဆိုင်ကယ် လမ်းမဟုတ်ဘူး လှည်းလမ်း၊ မိုးတွင်းမဟုတ်တော့ သဲက လက်လေးလုံးစာလောက်ကို မြှုပ်တယ်။ သြော် …အဲ့လောက်တောင် ခက်ခက်ခဲခဲသွားရ တယ်။ လူဆို စကားတပြောပြောတောင် မမောင်း နိုင်ဘူး။ တစ်ချို့လမ်းတွေမှာဆို အသက်တောင် အောင့်ပြီး မောင်းရတာတွေရှိတယ်။ ဘီးချော်ကျ သွားမှာစိုးလို့ …။ ရွာထဲဝင်တော့ အိမ်ခြေတွေ သိပ်မတွေ့ရဘူး။ ဒေသခံတွေ့လို့မေးကြည့်တော့ ပြုံးပြီးတော့ကြည့်ပြီး ပြောရှာတယ်။ အန်တီတစ် ယောက်ကတော့ အားရဝမ်းသာပြောပါတယ်။ အဲ့အပေါ်မှာ ရွှေကူစေတီရှိတယ်တဲ့ …နေလို့ ကောင်းတယ် အေးနေတာပဲတဲ့လေ။ ဒါနဲ့ ဆက်သွားလိုက်တာ ရွာဦးစေတီလိုမျိုး ကို တွေ့ရပါတယ်။ (၂)ပေနဲ့ (၃)လောက်ရှိတဲ့ အုတ်ခံပေါ်မှာ ကိုးတောင်စေတီကို တည်ထား တာတွေ့ရတယ်။ နောက်ပြီး ဇရပ်လေးတစ်ခုပေါ့။ တောင်ကုန်းဆိုပေမယ် သိပ်မမြင့်ပါဘူး။ တစ်ဖက် ကနေ လှမ်းကြည့်လိုက်ရင်တော့ စိုက်ခင်းတွေကို တွေ့ရပါတယ်။ ကိုယ်လည်း ဟိုကြည့်ဒီကြည့်နဲ့ ခက်ခက်ခဲခဲလာရတော့ ရှာဖွေတာပေါ့။ မတွေ့ တဲ့အဆုံး အမောခဏဖြေပြီး တောင်ကုန်းဘေးက ဘုန်းကြီးကျောင်းခဏဝင်ပြီး ဆရာတော်ကို လျှောက်ထားမေးမြန်းကြည့်တော့ ဆရာတော် လည်း မသိဘူးတဲ့။ တိတိကျကျလည်းမသိဘူးပေ့ါ။ ဒါပေမဲ့ ရွှေကူရွာမှာတေ့ာ မြို့စတည်ကတည်းက နေထိုင်လာကြတဲ့သူတွေပဲ ကျန်တော့တာတဲ့။ တစ်ခြားသူတွေက တစ်ခြားရွာတွေကို ပြောင်း ကုန်ကြပြီတဲ့။ ရွှေကူရွာမှာ အိမ်ခြေနှစ်ဆယ် လောက်ပဲ ရှိကြတော့တယ်တဲ့။ ဒါပေမဲ့ နေတဲ့သူ တွေက ရှေးခတ်အဆက်ဆက်မပြောင်းမရွေ့ပဲ နေ လာကြတဲ့သူတွေတဲ့။ ဆရာတော်က ပြောပါသေး တယ်။ ဒီရွှေကူရွာက ရှေးခေတ် ပျူရွာကြီးတစ်ရွာ ဖြစ်ပါတယ်လို့ မိန့်ကြားပါတယ်။ တစ်ချို့ဆို အရိုး ပြာအိုးတွေကို အိမ်ရှေ့မှာထားတာတွေတောင် ရှိတယ်။ စိတ်ထဲတွေးမိလိုက်တယ်။ ဒီတစ်ခုတော့ ရှေးဟောင်းအငွေ့အသက်ကျန်နေသေးတာပဲလို့။ မြန်မာနိုင်ငံမှာ သမိုင်းသာရှိပြီး မျက်မြင် မတွေ့ရဖူးသေးတဲ့ သမိုင်းအမွေအနှစ်တွေများစွာ ရှိလို့နေပါသေးတယ်။ ဒီလိုရှေးဟောင်းအမွေအနှစ် တွေကို ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု ဦးစီးဌာနအနေဖြင့်လည်း ပြန်ပြီးတော့ဖော်ထုတ် ပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။ ကဲ ကိုယ်လုပ်ချင်တဲ့အရာ …ကိုယ်ရောက် ချင်တဲ့နေရာကို ရောက်ပြီးသွားတဲ့သကာလ စိတ် ထဲလည်းကျေနပ်မှုရှိသွားပြီဆိုတော့ ဆရာတော် တိုက်လိုက်တဲ့ မရှိမဲ့/ရှိမဲ့ကော်ဖီထုတ်ကို ဖျော် သောက်ပြီးတဲ့နောက်မှာတော့ လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ပါတော့တယ်။ လမ်းတစ်လျှောက် စိတ်ထဲမှာတော့တွေးတွေး ပြီး ပြုံးမိနေပါတယ်။ ခုမှကိုယ့်လမ်းညွှန်မေးလိုက် တိုင်းဖြေပေးကြတဲ့ ဒေသခံတွေရဲ့ အပြုံးတွေကို နားလည်မိလာတယ်။ သူတို့စိတ်ထဲတော့ တစ်ခုခု တွေးမိပြီး ပြုံးမိမှာပဲနော်။ ကိုယ့်ကိုယ်ကိုလည်း ခုမှ ရယ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဓာတုကလျာအုတ်ဂူ ရှာပုံတော်ကတော့ စိတ်ထဲမကျေမချမ်းနဲ့ လက် လျှော့လိုက်ရပါတယ်။ဒါပေမဲ့လည်း …ပါးစပ်ရာဇဝင်တွေအရ တောင်ငူမြို့ရဲ့ တောင်ဘက်စွန်းစွန်း ခရေပင် အောက်မှာပဲဖြစ်ဖြစ်၊ တောင်ငူမြို့တစ်နေရာရာ မှာပဲဖြစ်ဖြစ်၊ နောက်ပြီး တောင်ငူကြီးလို့ ခေါ်တဲ့ ဓညဝတီက စာရေးသူ သွားခဲ့တဲ့ ရွှေကူစေတီ အောက်မှာ မြှုပ်ထားတာပဲဖြစ်ဖြစ် ရွှေခေါင်း တလားနဲ့ ထည့်မြှုပ်ထားတဲ့ ဓာတုကလျာရဲ့ အုတ် ဂူလေးကတော့ ကေတုမတီမြို့လေးရဲ့ တစ်နေရာ ရာမှာ ပြန်လည်တူးဖော်လို့ မတွေ့မချင်း ထာဝရ ငြိမ်းချမ်းစွာ တည်ရှိနေဦးမှာပါပဲလို့ တွေးမိရင်း တောင်ငူကြီးမြို့ဟောင်း(ဓညဝတီ)ကနေ ပြန်လာ ခဲ့ပါတော့တယ် …။ Travelling_Journal Vol_1_Issue_8 Special_Story Photo_Toewinlwin
Contine Reading
By - Admin / 13-01-2019
ဟိုတယ်ခတွေဈေးကြီးနေသေးသလော

ဟိုတယ်ခတွေဈေးကြီးနေသေးသလော

သတိုးလွင်(ပထဝီဝင်) “တစ်ညဘယ်လောက်လဲ” “ မနက်စာအပါအဝင် ဘတ် ၇၀၀ ပါ” “ဒီထက်ဈေးသက်သာတာရှိသေးလား” “ဘတ် ၅၅၀ တစ်ခန်းတော့ကျန်သေးတယ် window မပါဘူးအခန်းကျဉ်းနော် #101” “ဒေါ်လာနဲ့ဆိုဘယ်လောက်လဲ” “တစ်ဒေါ်လာ ၂၅ ဘတ်နဲ့ဆိုအနိမ့်ဆုံးအခန်းက $၂၂လောက်ကျပါတယ်” လွန်ခဲ့သော ၂၇ နှစ်ခန့်က စာရေးသူဘွဲ့လွန်ပညာသင်ရင်းညဘက်မှာအလုပ်လုပ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းမကြီး Soi 7 မှာရှိတဲ့ Maaxim’sInn ဟိုတယ်လေးရဲ့ ညပိုင်းမှာ မေးဖြေနေကျအဖြစ်အပျက်လေးတစ်ခုပါ။စာရေးသူရဲ့ Tourism Fobia ခရီးသွားပိုးဟာ ဘန်ကောက်ကိုစရောက်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်မှစခဲ့တယ်ဆိုမမှားပါ။ Transit အနေနဲ့ လာသမျှဧည့်သည်အလုပ်ကိစ္စ ၊အလည်အပတ် ဝင်လာတဲ့မြန်မာဧည့်သည်တွေ ကြိုပို့ရင်းခရီးသွား လုပ်းငန်း ကိုစိတ်ဝင်စားလာတာဟာ Gateway City of South East Asia ဖြစ်တဲ့ ဘန်ကောက်မှာနေခဲ့တဲ့အကျိုးတစ်ခုလို့ဆိုလျှင်မမှားပေ။ Business Admin Diploma စာသင်ရင်းညပိုင်းမှာအခန်း ၃၀ သာရှိတဲ့ဟိုတယ်လေးတစ်ခုမှာ F.O Receptionist အနေနဲ့ ဝင်လုပ်ခဲ့ပါတယ်။ လစာ မများပေမယ့် အတွေ့အကြုံရလိုတာကြောင့် သူငယ်ချင်းကိုစိုးသူရထွန်းရဲ့ဆက်သွယ်ပေးမှုနဲ့ အလုပ် ဝင်ဖြစ်ခဲ့ပါတယ်။ ဧည့်ကြို အလုပ်သာမက ညဘက် Room Service အစာပြေမှာရင်လည်း Kitchen ထဲဝင်ပြီးFast Food လုပ်ပေးခဲ့ရသလို Bell Boy မအားရင်လည်း အထုပ်အပိုးဝိုင်းသယ်ပေးခဲ့ရတာလည်းရှိပါတယ်။ ညဘက်အဖော်ခေါ်လာတဲ့ ဧည့်သည် တစ်ယောက် မိန်းမအစစ်နဲ့ မိန်းမလျာ မခွဲခြားနိုင်ဘဲ မှားခေါ်လာမိပြီးမှ မဆီမဆိုင် FO မှာ လာပြီး ပြသနာရှာတာလည်း ကြုံတွေ့ ခဲ့ရဖူးလေရဲ့။ ထိုင်းမိသားစုပိုင်ဟိုတယ်လေးကိုနှစ်ပေါင်း (၃၀)နီးပါး ကြာပြီးနောက် တစ်ခေါက်ပြန်ရောက်ပြီးအလွမ်းပြေ (၂)ည တည်းကြည့်ခဲ့ပါတယ်။မူလပိုင်ရှင်တွေမှ ထိုင်းစီးပွားရေးကပ်ဆိုက်ခဲ့တဲ့ ၁၉၉၇ နောက်ပိုင်းမှာ ထိုဟိုတယ်လေးအား ဟောင်ကောင်သူဋ္ဌေး တစ်ယောက်ကိုရောင်းခဲ့ကြောင်းသိရပါတယ်။ HK $ ၁၀သန်းနဲ့ အလုပ်ဖြစ်ခဲ့တဲ့ ဟိုတယ်လေးဟာ ယနေ့တိုင် အခြေအနေကောင်းနေဆဲပါ။ Property Value သာမက အခန်းခလဲ ၂ဆခွဲခန့်ပိုရနေဆဲပါ။ စာရေးသူရှိတုန်းက US$30 လောက်ရှိတဲ့အခန်းကိုဒီနေ့ US$ 60 ပေးခဲ့ရပါတယ်။ ထိုင်းကဟိုတယ်တွေကမြန်မာထက်ဈေးပေါတယ်ဆိုတာ တစ်ကယ်လား! ယခုအခါ ရန်ကုန်မှာ US$ 60 လောက်ဆို ကြယ်လေးပွင့် (4 Stars)ဟိုတယ်တည်းလို့ရနေပါပြီ။ မြန်မာပြည်ဟိုတယ်အီဗော်လူးရှင်း ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက မျက်နှာဖြူတွေတည်းဖို့ အပန်းဖြေဖို့ ဟိုတယ်တွေ ဘန်ဂလိုတွေ မြန်မာပြည်မှာရှိခဲ့ပါတယ်။ အထင်ကရအနေနဲ့၁၉၀၄ခုနစ်မှာဆောက်ခဲ့တဲ့ ကမ်းနားဟိုတယ် (The Strand) နဲ့ပြည်လမ်းနိုင်ငံခြားရေးရုံးဟောင်းရှေ့ရှိ ပဲခူးကလပ်ရှိခဲ့ပါတယ်။ မြို့ထဲမှာဆိုရင်ဆူးလေဂရင်းဟိုတယ်နှင့် ၁၉၆၀ပြည့်နှစ်မှာအင်းယားလိတ်ဟိုတယ်၊ သမ္မတဟိုတယ်တို့ကို ရှရှား အကူအညီနဲ့ဆောက်ခဲ့ပါတယ်။ ထိုစဉ်ကကုန်သွယ်ရေး (၂၀)ရဲ့လက်အောက်ခံ Tourist Burma နဲ့ ဟိုတယ် လုပ်ငန်းဌာန မှ စီမံအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ် နဝတ အစိုးရခေတ်ရောက်တော့ ခရီးသွားလုပ်ငန်း ကိုပုဂလိကလုပ်ကိုင်ခွင့်ပေးနိုင်ရန်ပြဌာန်းပြီး ဟိုတယ် ခရီး ဝန်ကြီးဌာနလည်း ၁၉၉၂ တွင်မွေးဖွားခဲ့ပါတယ်။ ဟိုတယ်လိုင်စင်ကို ဝန်ကြီးဋ္ဌာနလက်အောက်ရှိ TRD ဋ္ဌာနမှထုတ် ပေးခဲ့ပြီးအခန်း ၄ ခန်းရှိတဲ့ Inn ခေါ် motel / ဧည့်ဂေဟာတွေလည်းမှိုလိုပေါက်လာကြပါတယ်။မဆလ ခေတ်မှာဒေါ်လာငွေ ကိုကန့်သတ်ခဲ့သည့် ကာလနှစ် ၃၀ နီးပါးကြာပြီးယခုလို FE ကိုင်ဆောင်ပြီးကိုယ်ပိုင် US$ ဝင်ငွေရတဲ့ ဟိုတယ် ခရီးလုပ်ငန်းစတင် ချိန်မှ ကိုယ်ပိုင် အိမ် ကို Inn လုပ်လာကြတာ မဆန်းကြပေ။ ၁၉၉၆ ခုနှစ် Visit Myanmar Year မတိုင်ခင် ရန်ကုန်မြို့မှာ ပထမဆုံး နိုင်ငံတကာအဆင့် ဟိုတယ်က Summit Parkview ဟိုတယ်ပါ။ထိုအချိန်က FO Team မှ မခိုင်နွယ်သိန်းတို့ Sales မှ မမေမြတ်မွန်ဝင်း တို့နဲ့စသိခဲ့ပါတယ်။ ထိုစဉ်က တစ်ခန်းကို US$ 108ထိ ကန်ထရိုက်ဈေးပေးခဲ့ ရပါတယ်။ နောက်ပိုင်း Sedoan, Traders , Equatorial, Nikko Royal Lake ,Baiyoke Kandawgyi Hotel တို့ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ ၂၀၀၇မှ၂၀၁၀ နှစ်မှာတော့ ခရီးသွားလုပ်ငန်းအတွက် မုန်တိုင်းထန်တဲ့ကာလလို့ဆိုလို့ရပါတယ်။ ၂၀၀၅ -၂၀၀၆ ကာလကရွှေနှစ်တွေလို့ ဆိုနိုင်သလောက် ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၁၈ နာဂစ်ကပါ လက်ဆောင်ပါလာခဲ့ပြီး ဧည်သည်ဝင်ရောက်မှု ဆက်တိုက် ကျဆင်းမှုကြောင့် အခက်အခဲတွေ့ခဲ့ရပါတယ်။ ရန်ကုန်မြို့လယ်က ကြယ် ၅ ပွင့်အဆင့်ဟိုတယ်ကြီးတွေတောင် အာရှဈေးကွက်အတွက် US$ 23 နံနက်စာအပါအဝင်ရှိခဲ့တာ မှတ်မိပါသေးတယ်။International Hotel တွေမှာတောင် ဒီလိုတွေဖြစ်လာတော့ တချိန်ကတစ်ညဒေါ်လာ ၇၀ လောက် ခပ်တင်းတင်း ရောင်းခဲ့တဲ့ ၄ ခန်းပါ Inn ဟိုတယ်တွေဟာတစ်ည ၁၅ ဒေါ်လာ တောင်မပေးချင် တော့တဲ့အခြေအနေရှိခဲ့ပါတယ်မြို့လယ်ခေါင်ရှိ ကြယ် ၅ပွင့်ဟိုတယ်ကြီးတွေလည်း UN/NGO အဖွဲ့ကြီးတွေကို တစ်လ US$ 500 လောက်နဲ့ ရုံးခန်းဌားစားရတဲ့ အခြေအနေရှိခဲ့ ပါတယ် ။ အင်းပိုင်ရှင်အချို့တွေခမျာ ဟိုတယ် ခရီးလိုင်စင်ပြန်အပ်ပြီး စည်ပင်လိုင်စင်နဲ့ပဲ local motel အဖြစ် ထားခဲ့ရပါတယ် အခြေအနေအရ Time Sharing ခေါ် Love Motel အနေနဲ့ တစ်နေ့ကို 3 session အခန်းပြည့်ဝင်ရင် Agent နဲ့ Tourist တွေထားရတာထက် ခေါင်းစားသက်သာ သည်ဟု ဆိုစမှတတ်ပြုကြလေ၏။ ၂၀၁၁-၂၀၁၂ ကတော့ ဟိုတယ်တွေကံဇာတာ ပြန်တက်လာတဲ့ကာလဟုဆိုနိုင်သည်။ ခေတ်စနစ်အပြောင်းမှာ ခရီးသွားဧည့်သည်တွေ သာမကစီးပွားရေး လုပ်ငန်းရှင်တွေပါ အလုံးအရင်း ဝင်လာ ကြလို့မြို ့လယ်ခေါင်ဟိုတယ်ကြီး နဲ့ ဈေးနှုန်းမှာ အနိမ့်ဆုံးအခန်း US$ 200 မှ US$ 600 အထိ Rocket Price ရောင်းခဲ့ပါတာ။ ကမ္ဘာ့ဟိုတယ်ဈေးနှုန်းအကြောင်းတစေ့တစောင်း စာရေးသူ ခရီးသွားလုပ်ငန်းလုပ်ရင်း နိုင်ငံပေါင်း ၃၀ ကျော် မြို့ကြီးပေါင်း ၁၀၀ကျော်လောက်မှာ သွားလာ တည်းခိုခဲ့ ဖူးပါတယ် ။ Branded Hotel/ International Hotel တွေမှာတည်းခဲ့ဖူးသလို Local Brand/ Family Hotel တွေမှာလည်းတည်းခဲ့ဖူးပါတယ်။ ဟိုတယ်တစ်ခုဈေးကြီးခြင်းဈေးသင့်ခြင်း ဈေးသက်သာခြင်းဆိုတာ အောက်ပါအချက်များနဲ့ သက်ဆိုင်ပါတယ်။(၁) နိုင်ငံတစ်နိုင်ငံရဲ့ဝင်ငွေ၊ နေထိုင်မှုစရိတ် ၊ ငွေကြေးလဲလှယ်နှုန်း(၂) ခရီးစဉ်ဒေသ ဝယ်လိုအားမြင့်မှု ပေါ်ပြူလာဖြစ်မှ ု(၃) ခရီးသွားရာသီအထူးပွဲတော်အခါသမယ(၄) ် နိုင်ငံတကာ Brand ဟိုတယ် ကြယ်ပွင့်အဆင့်သတ်မှတ်မှ ု ဝန်ဆောင်မှ ုအဆင့်အတန်း(၅) ဟိုတည်၏တည်နေရာ၊ အကျယ်အဝန်း(၆) အရောင်းမြှင့်တင်ရေးအစီအစဉ် နှင့် ဧည့်သည်တည်ရှိမှုအထက်ပါ ၆ ချက်အနက် အမှတ်စဉ် (၂) (၃) ( ၅) ဟာဈေးကြီးမှုကို သက်ရောက်စေသည်ဟု စာရေးသူအနေနှင့်ထင်မြင်မိပါသည်။ အမှတ်စဉ် ၄ သည်လည်းနိုင်ငံတကာကြယ်ပွင် အဆင့်ဝန်ဆောင်မှု ပေါ်မူတည်ပြီး ဈေးနှုန်းစံနှုန်းတစ်ခုသည်ပုံသေကဲ့သို့ရှိနေတက်သည်။ Contennental Hotel/ Westin Hotels ကဲ့သို့သော ကြယ် ၅ပွင့်Brand များ၏အနိမ့်ဆုံးအခန်းဈေးမှာ US$150မှ US$500 ထိစံနန်းရှိသည်။ နိုင်ငံပေါ်မူတည်ပြီးကွာဟချက်တော့ရှိစမြဲ။ မြန်မာနိုင်ငံတွင်မူ တစ်မျိုးတစ်ဖုံ ဆန်းနေသည်။ Shangrila Group- Trader Hotel သည် ၁၉၉၆ခန့်က US$ 100 အပေါ်တွင်ရှိသော်လည်း ၂၀၁၂ ခန့်တွင် US$ 300 ထိမြင့်တက်ပြီး ယခု၂၀၁၈တွင်မူ US$ အောက်သို့ညွန့်ကိန်းပြနေသည်။ (Corporate Rate/ OTA Rate/ Agent Rate/ Rack Rate) စသဖြင့် ကွဲပြားမှုတော့ရှိသည်။ သို့သော် ဟိုတလောကအချို့သော ဟိုတယ်များသည် online တွင်ရောင်းသောဈေးနှင့် Tour Agent များအားကန်ထရိုက်ပေးသောဈေးသည် ပိုနည်းနေသည်ကိုတွေ့လာရသည်။ အချို့သောခရီးသွား အေးဂျင့်များသည် ကန်ထရိုက်ဈေးသည် Booking ပေါ်မူတည်ပြီး A Grade/ B Grade ဈေးနှုန်းနှစ်မျိုးခွဲခြား ပေးထားသော်လည်း Booking Confirm ဖြစ်မှု နည်းလာသဖြင့် OTA/ Online Sale များကိုပိုအားထားလာကြသည်။ Demand များလျှင် Direct Sale Price Behavior အရဈေးနှုန်း သက်သာသည်မှာ သဘာဝပင် မဟုတ်ပါလော။ ထို့အပြင် Online Saleများသည် အကြွေးကဒ်ဖြင့် ငွေကြိုတင်ရခြင်း၊ ဧည့်သည်မလာ ဖြစ်လျှင်လည်း ငွေကြိုတင်ရပြီးဖြစ် သောကြောင့် Walk In ဧည့်သည်များ ထပ်ရောင်းနိုင်ခြင်း၊ အခန်းများကိုထပ်ရောင်းနိုင်ခြင်းကြောင့် ယနေ့ ကမ္ဘာပေါ်ရှိဟိုတယ်အများစုမှာ Booking.com, Agoda တို့သည် ပိုအလုပ်ဖြစ်လျှက်ရှိသည်ကိုမငြင်းဆန်နိုင်ပေ။ ထိုက်တန်သောဝန်ဆောင်မှု ဟိုတယ်ဆိုသည်မှာအိပ်စရာနေရာတစ်ခုသာမဟုတ်ပေ။အပန်းဖြေအလည်အပတ်လာသူများ၊ စီးပွားရေး ကိစ္စဖြင့် လာသူများ၊ အစိုးရတာဝန်ဖြင့်လာရောက်သူများ။ အခြားကိစ္စများဖြင့် ရက်ရှည်နေထိုင်သူများ အတွက်တည်းခိုစရာနေရာ အစည်းအဝေးလုပ်ရန်၊ စားသောက်ရန်၊ ကျန်းမာရေးအတွက် အားကစား လေ့ကျင့်ခန်း လုပ်ရန်နေရာ၊ Spa Massage နေရာအပြင်ညပိုင်း ဒစ္စကိုကပွဲ၊ကာရာအိုကေ၊ နိုက်ကလပ် အပန်းဖြေရန်နေရာများ ပါဝင်ရန်လိုလေသည်။ ထိုသို့သောဝန်ဆောင် မှုများကိုဖြည့်ဆည်းရန် ကျွမ်းကျင်သောဝန်ထမ်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကောင်းမွန်မှု၊ အရည်ချင်းပြည့်ဝသော ဟိုတယ် ဆိုင်ရာ အသုံးအ ဆောင်ပစ္စည်းများ ပြည့်စုံလုံလောက်စွာထားရှိမှုသည်အရေးကြီးလှသည်။ ထို့ကြောင့်နိုင်ငံတကာ အသိမှတ်ပြု Branded Hotel များသည် ဈေးကြီးသော်လည်း ဝန်ဆောင်မှုနှင့် လုံခြုံမှုအသုံးအဆောင်ပစည်းများသည် အရည်အသွေးပြည့်ပြီး ကောင်းမွန် သောပတ်ဝန်းကျင် (Pleasant Atmosphere) နှင့်အချက်ချာကျသည့်နေရာ (Prime Location) ဖြစ်သဖြင့် အများစုသောဧည့်သည်များသည် ဈေးနှုန်းကြီးမြင့်မှု ကိုသိပ်မမူကြပေ။ ဥပမာ International Brand – Hyatt Hotel , Shangrilla Hotel , Continental Hotel , Pullman , Four Season Hotel များသည် ကမ္ဘာ့မြို့ကြီးများ၏ မြို့လည်ခေါင်၊ ကမ်းခြေများနှင့် အကောင်းဆုံးသော နေရာများတွင် နေရာဦးပြီးဆောက်လေ့ရှိသည်။ US တစ်ခုတည်းပင် အခန်းပေါ် မူတည်ပြီး US$ 200 မှ US$ 1000 ထိရှိသော်လည်း Valued Service ဖြစ်သဖြင့် မည်သူမှ Complain မတက်လိုကြပေ။ မြန်မာနိုင်ငံရှိဟိုတယ်တွေဈေးကြီးရခြင်းအကြောင်း ယနေ့မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ယူထားသော နိုင်ငံခြားသား တည်းခိုခွင့်ရှိသည့် ဟိုတယ်ပေါင်း (၁၆၀၀) ကျော် ၊အခန်းပေါင်း (၇၀၀၀၀ခန့်) ရှိနေပြီဖြစ်သည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ မြို့နယ်စည်ပင် လိုင်စင်ယူပြီး နိုင်ငံခြားသားများကို ကျပ်ငွေဖြင့် လက်ခံသည့် ဟိုတယ်များစွားရှိနေပြီး ၎င်းအပြင် Air BNB , Cube Hotel , Space Hotel ကဲ့သို့တစ်ကိုယ် စာသာ ကျောခင်းနိုင်ပြီး စိတ်ချရသော ဝန်ဆောင်မှု အတွက် On line ကျယ်ပြန့်စွာ ရောင်းချလျက်ရှိသည်။ Home Stay လုပ်ငန်းများလည်း တရားမဝင် လုပ်ကိုင်လျှက်ရှိသည်။ ခရီးသွားဥပဒေ အသစ်အရ အရေးယူနိုင်ရန် နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်ရန် လိုသကဲ့သို့ ဥပဒေအရ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအနေဖြင့် လည်း ကျွမ်းကျင်သော စီမံခန့်ခွဲနိုင်မှု Professional Management ဖြစ်လာစေရန် လိုအပ်နေသေးသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက်၊ရာသီအလိုက် ဟိုတယ်ဈေးနှုန်းများ မငြိမ်ခြင်း၊ ပြည်တွင်းဧည့်သည်များကို ကျပ်ငွေဖြင့် သက်သာစွာယူပြီး နိုင်ငံခြားသား ဧည့်သည်များအား နိုင်ငံခြားငွေဖြင့် ယူခြင်းသည်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ စာရေးသူအနေဖြင့် ခရီးသွားလုပ်ငန်းလုပ်သက် ၂၀ ကျော်အတွင်း ဟိုတယ်လုပ်ငန်းကို ထိရောက်စွာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ခွင့် မရှိခဲ့ပါ။ နိုင်ငံတကာရှိ ဟိုတယ်များကိုတော့ တည်းခိုခဲ့ဘူးသကဲ့သို့ ပြည်တွင်းရှိဟိုတယ်အဆင့် အမျိုးမျိုး ရင်းနှီးလုပ်ကိုင်နေသော ဟိုတယ်ပိုင်ရှင်များ၊ မန်နေဂျာများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဖူးသည်။ လွန်ခဲ့သည့် ၂နှစ်ခန့်မှ စ၍ Service Provider လုပ်ငန်းတိုးချဲ့ကြည့်ခဲ့ရာ အင်းလေးတွင် အခန်း (၆၁) ခန်းပါသည့် Resort ဟိုတယ်လုပ်ငန်း လုပ်ကိုင်ဖြစ်ခဲ့သည်။ ပထမဆုံးစိန်ခေါ်မှုမှာ soft Skill ခေါ် ဝန်ထမ်းများ အရည်အချင်းပြည့်ဝမှု ၊ စွမ်းဆောင်နိုင်မှု အားနည်းခြင်း၊ lack of capacity ဖြစ်သည့် ရင်းနှီးမြှပ်နှံမှု ( မြေဈေး၊ဌာရမ်းခ၊ အဆောက်အဦးတည်ဆောက်စရိတ်၊) အဆမတန်ကြီးမှု၊ ဘဏ်ချေးငွေဖြင့် လုပ်လျှင်လည်း အတိုးနှုန်းမြင့်မားမှု (၁၃%) ၊ဝန်ထမ်းလစာ ဈေးကြီးလာမှုများကို ကိုယ်တွေ့ကြုံခဲ့ရသည်။ တဖက်မှ နိုင်ငံတကာ Brand Hotel များ ၊ Change Network များမှ ဈေးကွက် ထိုးဖောက်လာမှုများ အပြင် ပိုက်ဆံရှိတိုင်း ဟိုတယ်ဆောက်လာကြသဖြင့် Over Supply ဖြစ်ပြီး ဈေးကွက်ကန့်သတ်ချက် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု နည်းပါးသေးသဖြင့် Demand Supply မမျှမတ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များ အရင်းမကြေဘဲ အရှုံးပေါ်ခဲ့ကြ သေးသည်။ ထိုအခြေအနေကို နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံသူများလည်း သတိချပ်လာကြသည်။ ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် ဈေးကွက်စုံ သဖြင့် အလုပ်ဖြစ်နိုင်သော်လည်း နေပြည်တော်၊ပုဂံ၊အင်းလေး၊ ကမ်းခြေဒေသများတွင် ရာသီချိန်အတွင်းသာ အမိအရ ငွေရှာကြရသည်။ ဈေးကြီးရောင်းရသော်လည်း Occupancy မမှန်နိုင်ဘဲ ရှိနေသေးသည်။ မြန်မာနိုင်ငံဟိုတယ်လောကသည် ကွက်ကျားမိုး အဆင့်သာ ရှိသေးသည်။ အရင်းကြေပြီး အမြတ်ထိုင်ယူနေရသည့် ဟိုတယ်ကြီးများ ရှိနေသလို အရင်းမြှပ်ပြီး လစဉ်ကုန်ကျစရိတ်ပင် မကာမိသည့် ဟိုတယ်များလည်း ရှိနေမြဲဖြစ်သည်။ ၂၀၂၀ပြည့်လွန် နှစ်များတွင် ခရီးသွားလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်မှု အတွက် Mass Tourist ဈေးကွက်ကို ပစ်မှတ်ထားမည်ဆိုလျှင် အခန်းအရေအတွက် များပြီး ဝန်ဆောင်မှု ကောင်းမည့် လေ့ကျင့်ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ရန် လိုအပ်ပေမည်။ ခရီးသွားအေးဂျင့်များ၊ OTA များသည် ရေအရင်းအမြစ်ရှာဖွေသူ၊ ပိုက်သွယ်တန်းပေးသူများ ဖြစ်ပြီး ဟိုတယ်များသည် ရေခံနိုင်သည့် ခွက်များနှင့်တူသခြင့် ရေကောင်းရေသန့် များဖြင့် ပြည့်လျှံလာစေရန် ရွှေခွက် ၊ငွေခွက်မှသည် အုန်းမုတ်ခွက်ထိ အဆင်သင့် ရှိစေရန်လိုအပ်ပါကြောင်း တင်ပြလိုက်ရပေသည်။ Travelling_Journal ဆောင်းပါး Vol_1_Issue_7
Contine Reading
By - Admin / 10-12-2018

All Articles

ကျွန်တော်နှင့်နာဂခရီးစဉ်

ကျွန်တော်နှင့်နာဂခရီးစဉ်

မြင့်ထွေး(ဟိုတယ်/ခရီး) ကျွန်တော့်ဝန်ထမ်းသက်တမ်းတစ် လျှောက်သွားခဲ့သော ခရီးစဉ်များစွာရှိ ခဲ့သည်။ သွားခဲ့သောခရီးစဉ်များမှ အတွေ့ အကြုံ၊ ဗဟုသုတများစွာရရှိခဲ့ပြီး လျှောက် လှမ်းရာဘဝခရီးအတွက် သင်ယူစရာ၊ အတုယူစရာ၊ မှတ်သားစရာ၊ သင်ခန်းစာ ယူစရာ၊ ပြန်လည်အသုံးပြုစရာ၊ တစ်ဆင့် ပြန်လည် ဝေငှစရာ၊ အမှတ်ရစရာများ အနည်းဆုံး တစ်ခုထက်မနည်းတော့ကျန် ရှိခဲ့သည်။ မည်သို့သော ခရီးစဉ်ဖြစ်စေ ခရီးစဉ်သွားရောက်ခြင်းအတွက် အမြင်သစ်၊ အာရုံသစ်၊ ခံစားမှုအသစ်များ ရရှိကာ၊ စိတ်နုပျိုလန်းဆန်းမှုနှင့်အတူ ပွင့်လန်း သော အတွေးအမြင်များဖြင့် ရှေ့ဆက်ရ မည့်လမ်းခရီးအတွက် အားအင် အသစ်ကို ဖြစ်စေသည်။ ကျွန်တော်သွားရောက်ခဲ့သော ခရီး စဉ်များတွင် ကချင်ပြည်နယ်မှသည်၊ တနသာၤရီတိုင်းဒေသကြီးဆီသို့လည်း ကောင်း၊ ရှမ်းပြည်နယ်မှသည် ရခိုင်ပြည် နယ်ဆီသို့လည်းကောင်း၊ မူဆယ်၊ ကြူကုတ် မှသည် ဧရာဝတီတိုင်း ဒေသကြီးဆီသို့ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှသည် ကရင်ပြည်နယ်၊ မွန်ပြည် နယ်ဆီသို့ လည်းကောင်း ဒေသအနှံ့အပြား သို့ တာဝန်ဖြင့် ရောက်ရှိခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ (၁၉၉၂)ခုနှစ်တွင် စတင်ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ပြီး ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် (ယခင် ကန်တော်ကြီး ဟိုတယ်)တွင် ဟိုတယ်စီမံခန့်ခွဲမှုသင်တန်း ကို တစ်လတာ တက်ရောက်ခဲ့စဉ်က ခရီး သွားဘာသာရပ်ကို သင်ကြားပေးခဲ့သော ဆရာ ဦးခင်ကျော်၏ သင်ကြား ပြသမှု ကောင်းမွန်မှုကြောင့် မိမိနိုင်ငံအပေါ် ရှိ ရင်းစွဲချစ်ခင်မြတ်နိုးစိတ်မှာ ပိုမိုချစ်မြတ် နိုးလာပြီး မြန်မာနိုင်ငံတွင် လူဖြစ်လာရ သည်ကို ဂုဏ်ယူမိသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် အရှေ့ တောင်အာရှနိုင်ငံများ၌မရှိသော ရေခဲဖုံးလွှမ်းသောတောင်များမှသည် သာယာ လှပသောကမ်းခြေများ၊ မြင့်မားလှပသော ရေတံခွန်များမှသည် ရစ်ခွေကာစီးဆင်း နေသော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများ၊ ထုံးကျောက်သဘာ၀ လိုဏ်ဂူများမှသည် နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ၊ တစ်ဆယ့်နှစ်လရာသီမပြတ် လှပဝေဆာ ပွင့်လန်းကြသော သဇင်ပန်း၊ ချယ်ရီပန်း မှသည် ရိုးရာဓလေ့ယဉ်ကျေးမှုပွဲတော် အကြာင်းများအပြင် တိုင်းရင်းသားမျိုး နွယ်စုတို့၏ ဝတ်စားဆင်ယင်မှုနှင့် နေ ထိုင်မှု လူမှုဘဝပုံစံများအကြောင်းကို ဆရာဦးခင်ကျော်သင်ကြားခဲ့သည်မှာ နှစ် ပေါင်း(၂၄)နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ် သော်လည်း ယနေ့အထိ မမေ့နိုင်သေး။ထို့ကြောင့်ပင် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာသို့ စေလွှတ်သည်ဖြစ်စေ စိတ်လက် ပေါ့ပါးလန်းဆန်း စွာသွားဖြစ်ဲ့သည်။ မြန်မာနိုင်ငံအတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်စုံလင်စွာ သွား ရသည့်တိုင် ယခုအချိန်ထိ သွားချင်နေဆဲ၊ သွားနေဦးမှာပဲဖြစ်သည်။ ကျွန်တော်သွားရောက်ခဲ့သော ခရီးစဉ်များအနက် နှစ်စဉ် ဇန်နဝါရီ(၁၂)ရက် မှ (၁၆)ရက်ထိ ကျင်းပလေ့ရှိ သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်နှင့် တိုက်ဆိုင်နေ၍ (၂၀၁၅)ခုနှစ်၊ ဇန်နဝါရီ လတွင်သွားရောက်ခဲ့သော နာဂဒေ သခရီး စဉ်အကြောင်းကို တင်ဆက်လိုပါသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၀၆ ခုနှစ်မှစ၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပြီး၊ ကျင်းပ ရာမြို့များတွင် နာဂဒေသအသီးသီးရှိ နာဂမျိုးနွယ်စုများမှ ပွဲတော်သို့ လာရောက်ဆုံတွေ့ကာ ပျော်ရွင် စွာစုပေါင်း ဆင်နွှဲကြသည်။ အဆိုပါ ပွဲတော်သို့ လာရောက် လေ့လာကြမည့် နိုင်ငံတကာမှကမ္ဘာလှည့် ခရီးသွားဧည့်သည်များအား ကြိုဆိုပို့ ဆောင်ရေး၊ တည်းခိုနေထိုင်စားသောက် ရေး၊ လည်ပတ်လေ့လာရေးကိစ်္စများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Exclusive Tour Operator အဖြစ် ဆောင်ရွက်ခဲ့သော Diamond Palace Travel & Tour Co.,Ltd သည် ၂၀၀၃ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိဆိုလျင် (၁၅)ကြိမ်တိုင်ရှိပြီးဖြစ် ပါသည်။ ကျွန်တော့်အား နာဂရိုးရာနှစ်သစ် ကူးပွဲတော်သို့ သွားရောက်ရန်တာဝန်ပေး လာ၍ မော်တင်စွန်းမှသည် နာဂပွဲတော် ကျင်းပရာ လေရှီးမြို့သို့ သွားရောက်ရန် အတွက်လိုအပ်သော အနွေးထည်၊ ခေါင်း စွပ်၊ လက်အိတ်၊ ပဝါများကို နေပြည်တော် အိမ်တွင် ဝင်ရောက်ယူဆောင်ပါသည်။ ကျွန်တော်၏ ယခုခရီးစဉ်မှာ မော် တင်စွန်းမှ ပုသိမ် ၊ ရန်ကုန်၊ နေပြည်တော် သို့ ကားဖြင့်လည်းကောင်း၊ နေပြည်တော်မှ မန်္တလေးသို့ ကားဖြင့်လည်းကောင်း၊ မန်္တလေးမှ ဟုမ်္မလင်းမြို့သို့ လေယာဉ်ဖြင့် လည်းကောင်း၊ ဟုမ်္မလင်းမှ ထမံသီသို့ ချင်းတွင်းမြစ်အား စက်လှေဖြင့် ဆန်တက် ၍ လည်းကောင်း၊ ထမံသီမှ လေရှီးသို့ 4 × 4 Wheels ကားဖြင့်လည်းကောင်း၊ ကားတစ်တန်၊ လေယာဉ်တစ်တန်၊ စက် လှေတစ်တန် အဆင့်ဆင့် ကျော်ဖြတ သွား ရမည့်ခရီးရှည်တစ်ခုဖြစ်သည်။ဤသို့လမ်းပန်းဆက်သွယ်မှုခက်ခဲ သည့် ခရီးစဉ်ကို ဖော်ဆောင်ရင်း နာဂ တိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူး ပွဲတော်အား နိုင်ငံတကာမှသိရှိစေရန် ဆောင်ရွက်နေသော Diamond Palace Travel & Tour Co.,Ltd ပိုင်ရှင် ဦးသိန်းသန်းကိုလည်း ချီးကျူးမိ သည်။ MD ဦးမောင်နီ၏ ရှင်းလင်းပြော ကြားချက်များအရ အရောက်အပေါက် နည်းပါးသော နာဂတိုင်းရင်းသားမျိုးနွယ်စု တို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို နိုင်ငံခြားသားကမ်္ဘာ လှည့်ခရီးသည်များနှင့် မိမိတို့နိုင်ငံသား များ သိရှိနားလည်စေရန်၊ ပြည်တွင်းပြည်ပ ဧည့်သည်တော်များလမ်းခရီးတစ်လျှောက်၌ သွားလာမှု လုံခြုံချောမွေ့စေရန်နှင့် အစစရာရာပြည့်စုံနိုင်ရန် စိတ်ချမ်း မြေ့စွာ နေထိုင်စားသောက်နိုင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသအကြီးအကဲများ၊ နာဂ မျိုးနွယ်စုအကြီးအကဲများနှင့်တိုင်ပင်ကာ စီမံခန့်ခွဲရေးနှင့် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့၊ ကြိုဆိုနေရာချထားရေးအဖွဲ့၊ အိပ်ခန်း ဆောင်ထိန်းသိမ်းရေးအဖွဲ့၊ အစားအစာ ချက်ပြုတ်ရေးအဖွဲ့၊ ကျွေးမွေး ဧည့်ခံရေး အဖွဲ့၊ ရေမီး၊ မိလ်္လာနှင့် အဆောက်အဦ ဆောက်လုပ်ရေးအဖွဲ့၊ ဈေးကွက်ရှာဖွေ ရေးနှင့် မှတ်တမ်းတင်ရေးအဖွဲ့များဖွဲ့စည်း ပြီး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ ကျွန်တော်အပါအဝင် နိုင်ငံခြားသား ကမ်္ဘာလှည့်ခရီးသည်(၁၀)ဦးနှင့် ဧည့်လမ်း ညွှန်သုံးဦးအဖွဲ့တွင် ပါရှိလာသော ကမ်္ဘာလှည့်ခရီးသည်များတွင် အမေရိကန်၊ ဒတ်ချ်၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ နယ် သာလန်၊ ဂျပန်နိုင်ငံသားများနှင့် ပြည်တွင်း ဧည့်သည်များ ပါရှိလာပြီး၊ တစ်ခါမျှမ ရောက်ဖူးကြသေးသော ခရီးသည်များဖြစ် ၍ ဟုမ်္မလင်းမြို့၊ ချင်းတွင်းမြစ်ဆိပ်ကမ်းသို့ရောက်ရှိသည်နှင့် ဒေသခံများ၏ လူမှု နေထိုင်မှု ပုံစံများကိုလည်းကောင်း၊ ချင်း တွင်းမြစ်တစ်လျှောက်ဆန်တက်ရာတွင် တွေ့မြင်ရသော တောတောင်ရှုခင်းများ၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆန်သွားလာနေကြသော ဝါးဖောင်များ၊ စက်လှေများ၊ သဲသောင်တွင် ရွေ့လျား တည်ဆောက်ထားသော တဲများ၊ လူများ၊ တိရိစ်္ဆာန်များကိုလည်းကောင်း အဆက် မပြတ် အလု အယက် ရိုက်ကူးမှတ်တမ်းတင် ရင်း ပျော်ရွှင်ကြည်နူးနေကြသည်ကို မြင်တွေ့ရသဖြင့် သူတို့၏ အပျော်၊ ကြည်နူးမှု များပါ ကျွန်တော့်ရင်သို့ ကူးစက်ဝင်ရောက် လာခဲ့သည်။ မြန်မာနိုင်ငံတွင် ထင်ရှားသော မြစ် ကြီးလေးစင်းရှိရာ ကျွန်တော်သည် ဧရာ ဝတီမြစ်ကြီးပေါ်တွင် မန္တလေးမြို့မှသည် မြစ်ကြီးနားမြို့အထိ မော်တော်ယာဉ်ဖြင့် ဆန်တက်ခဲ့ဖူးပြီး သံလွင်မြစ်ကြီးပေါ်တွင် လည်း ဖြတ်သန်းခဲ့ဖူးသည်။ ယခု ချင်းတွင်း မြစ်ပေါ်တွင် စက်လှေဖြင့် မြစ်ကြောင်း တစ်လျှောက်စီးဆင်းခြင်းသည် ပထမဆုံး အကြိမ်ဖြစ်၍ ရှုခင်းများကို မလွတ်တမ်း ငေးမောကြည့်ရှုရင်း မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးဖြစ်သည်။ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ဒေသခံတို့သည်လည်း ကောင်း၊ အထက်အညာအောက်အခြေရှိ ပြည်သူတို့သည်လည်းကောင်း၊ ချင်းတွင်း မြစ်ကြီးကို အားကိုး အားထားပြု၍အသက် မွေးဝမ်းကြောင်းပြုနေကြရသဖြင့် ချင်း တွင်းမြစ်၏ ဂုဏ်ဒြပ်သည်လည်း ကြီးမား ကျယ်ပြန့်ထင်ရှားလှသည်။ချင်းတွင်းအထက်ပိုင်းသို့ တဖြည်း ဖြည်းဆန်တက်ရောက်ရှိလာသဖြင့် အေးမြ သောလေမှာ စက်လှေ၏အရှိန်နှင့် အပေါ် အင်္ကျီကိုထိုးဖောက်ကာ ခန္ဓာကိုယ်အထိ တိုးဝင်လျက်ရှိနေသည်။ ကောင်းကင်တွင် တိမ်တောင်များ ကင်းစင်၍ နေရောင်ကျ ရောက်မှုကြောင့် ကြည်လင်သာယာလှပ နေသဖြင့် ကျယ်ပြန့်သော ချင်းတွင်းမြစ်ကြောင်း၏ မျက်စိတစ်ဆုံးမြင်ရသည့် မြင်ကွင်းတွင် ထိပ်ဖျားချွန်၌ ဖြူဖွေးနေသော တောင်တစ်လုံး ကို တွေ့ရစဉ် စက်လှေ မောင်းအား မေးကြည့်ရာ စာရာမေတိ တောင်ဖြစ်ကြောင်း၊ တောင်ထိပ်တွင် နှင်းခဲနေတာဖြစ်ကြောင်း၊ သူ့စက်လှေ မောင်း (၁၅)နှစ်သက်တမ်းတစ်လျှောက် ဒီလိုရှုခင်းမျိုးကို ဒီတစ်ခါပဲတွေ့ဖူးသေး ကြောင်း၊ ရာသီဥတုသာယာ၍ ယခုလို တွေ့မြင်ရခြင်းဖြစ်ကြောင်း ပြောပြသဖြင့် ကျွန်တော်တို့အဖွဲ့သားများအားလုံး အံ့သြ ဝမ်းသာစွာဖြင့် အချင်းချင်းအသိပေးကာ ကြုံတောင်ကြုံခဲရှုခင်းအား မျက်တောင် မခတ်ကြည့်ရှုရင်း ချင်းတွင်းမြစ်ပြင်ကျယ် ကို ဗဟိုပြုလျက် လှပသည့် အဝေးမှစာရာ မေတိတောင် အား ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် ရိုက်ကူးမှတ်တမ်းတင်ကြပါသည်။ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် (၆)နာရီခန့် ဆန်တက်ခုတ်မောင်းပြီး နောက် ထမံသီဆိပ်ကမ်းသို့ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ရောက်ရှိပါသည်။ ထမံသီဆိပ်ကမ်းသည် ကွန်ကရိလှေကား များပြုလုပ်ထားသဖြင့် လှေဆိပ်မှ ကုန်း ပေါ်သို့တက်ရောက်ရန် အဆင်ပြေလွယ် ကူသော်လည်း၊ မတ်စောက်လှသဖြင့် အတော်သတိထားတက်ကြရသည်။ ငယ်စဉ်က လူမှ ကျားဖြစ်၊ ကျားမှ လူဖြစ်သည့် ဒဏ္ဍာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန် နာမည် ကြီးလှသော ထမံသီသို့ ရောက်ရှိခြင်း ကြောင့် ကမ်းနဖူးထိပ်ရှိ ထမံသီမြို့မှကြို ဆိုပါသည်ဆိုသော ဆိုင်းဘုတ်ကြီးအား နောက်ခံထား၍ ကျွန်တော်တို့တတွေ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပြန်သည်။ ထမံသီဆိပ်ကမ်း၊ ကမ်းနဖူးတွင် လေရှီး မြို့သို့ ခရီးကြမ်းသွားရောက်ရန်အတွက် ကုမ်္ပဏီမှ 4 × 4 Wheels မော်တော်ယာဉ် (၁၀)စီးကို နံပါတ်စဉ်များတပ်၍ နံပါတ်စဉ် အလိုက် စီးနင်းရမည့်သူများကို စီစဉ်ချိန် နှင့် ယာဉ်တန်းပုံစံဖြစ်ရန် အချိန်အနည်း ငယ်ပေးကြရသည်။ ပစ်္စည်းသယ်ယူသည့် ကားမှာသီးသန့်ဖြစ်၍ ပစ်္စည်းများစုံရန် လည်းစိစစ်ရသည်။ စနစ်တကျစီစဉ်ထား ရှိသောစီမံခန့်ခွဲမှုဟု သုံးသပ်မိသည်။ ကျွန်တော်တို့အဖွဲ့ ထမံသီမှစတင် ထွက်ခွာတော့ မွန်းလွဲ(၃)နာရီခွဲအချိန်ဖြစ် သည်။ ယာဉ်များမှာ ဒေသယာဉ်များဖြစ် ပြီး၊ ယာဉ်မောင်းများမှာလည်း ဒေသယာဉ် မောင်းများဖြစ်၍ ကျွမ်းကျင်စွာမောင်း နှင်နိုင်ကြသဖြင့် စိတ်ချလက်ချစီးနင်းကာ ပတ်ဝန်းကျင်အလှအပများကို ငေးမော ကြည့်ရှုကာ လိုက်ပါခဲ့ကြ ပါသည်။ ထမံသီ နှင့် လေရှီးမြို့မှာ (၄၁)မိုင်သာဝေးသော် လည်း၊ တောင်တက်တောင်ဆင်းများခြင်း၊ အကွေ့အကောက်များခြင်းကြောင့်၊ (၃) နာရီခန့် မောင်းနှင်ခဲ့ရသည်။ လမ်းတစ် လျှောက် အချို့နေရာများတွင် ကတ္တရာလမ်း၊ အချို့နေရာများတွင် မြေသားလမ်း များဖြစ်ပြီး၊ လမ်းသစ်တိုးချဲ့ဖောက်လုပ် နေမှုကို တွေ့ရှိခဲ့ရသဖြင့်၊ နယ်စွန်နယ်ဖျားအထိ ဒေသဖွံ့ဖြိုးရေးအတွက်အလေး ထားဆောင်ရွက်ပေးနေမှုကို လည်ကောင်း၊ ခရီးသွားလုပ်ငန်းအတွက် အထောက်အပံ့ တစ်ခုအဖြစ်လည်းကောင်း နိုင်ငံတော် အစိုးရအပေါ် ကျေးဇူးတင်မိသည်။ ကုမ်္ပဏီ၏ MD ဖြစ်သူ ဦးမောင်နီမှလည်း ယာဉ်တန်းဖြင့် သွားရောက်နေစဉ် မှာပင် လှပသောစာရာမေတိတောင်အား မြင်ရသည့်နေရာသို့ရောက်ရှိလျှင် ကားရပ်ပြီး ရှင်းလင်းပြောပြပေးခြင်း ကြောင့် ကမ္ဘာလှည့်ခရီးသည်များ၏ ကျေနပ်ပီတိ ဖြစ်ကာ ဓာတ်ပုံများရိုက်ကြပြန်သည်။ ကြံ့ခိုင်မှုအားကောင်းမွန်သော 4 × 4 Wheels ကားများ၏ ပြင်းပြင်းသော့သော့ မောင်းနှင်မှုကြောင့် ပေ(၄၀၀၀)ကျော်သို့ တဖြည်းဖြည်းရောက်ရှိလာပြီး သစ်တောများအတွင်းသို့ ဖြတ်သန်းရောက်ရှိ လာသည့်အတွက် အအေးချိန်က ပိုကဲလာသည်။ အနွေးထည်၊ ခေါင်းစွပ်များကိုယ်စီ အသုံးပြုနေကြပြီကို တွေ့ရှိရသည်။ တောင် ပေါ်ဒေသဖြစ်၍ အမှောင်ဖက်ကို စောစွာ ရောက်ရှိလာသည်။ လေရှီးမြို့၏ မှိန်ပြပြမီးရောင်ကိုတွေ့ရခြင်းကြောင့် မဝေးတော့ ဟုထင်ရသော်လည်း တောင်များကိုပတ်၊ လျှိုများကို ရစ်ခွေမောင်းနှင်နေရခြင်း ကြောင့် လေရှီးမြို့သို့ တော်တော်နှင့်မ ရောက်နိုင်သည့်အပြင် အမှောင်ပိုကဲလာ၍ ကားမီးကြီးများဖွင့်ပြီး သတိနှင့်မောင်းနေ ကြရသည်။ ချမ်းစိမ့်သောနာဂဒေသ၏ အအေးဒဏ်နှင့် လေတိုက်ခတ်မှုများက ကျွန်တော်တို့ကို ကလူကျီစယ်ကြိုဆိုနေ သယောင်ထင်မိသည်။ လေရှီးမြို့တည်းခို ရာနေရာသို့ ရောက်တော့ ည ၆ နာရီ မိနစ် ၂၀ ရှိပြီ။ ကျွန်တော်တို့တည်းခိုမည့် အဆောင်များကို A . B . C အဆောင်(၃) ဆောင်ခွဲထားပါသည်။ အဆောင်(A) တွင် နိုင်ငံခြားသားကမ်္ဘာလှည့်ခရီးသည် (၁၇)ဦးကိုနေရာချထားပေးပြီး အဆောင် (B)နှင့် အဆောင်(C)တွင် ပြည်တွင်း ပြည်ပခရီးသွားအဖွဲ့များ၊ ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များကို နေရာချထားပေး သည်။ အဆိုပါ တည်းခိုဆောင်များမှာ နာဂတိုင်းရင်းသားများပိုင် အိမ်များဖြစ် သည်။ အဆိုပါအိမ်များကို ကုမ်္ပဏီမှ အပြတ်ငှား၍ အခန်းများဖွဲ့၊ ရေချိုးခန်း၊ အိမ်သာများ ပြင်ဆင်တည်ဆောက်ကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြစ် သည်။ လေရှီးမြို့၏ တိုက်ခတ်သောလေ နှင့် အအေးဒဏ်တို့က ကျွန်တော်တို့အဖွဲ့ အား ညခင်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြ လေပြီ။ ကုမ်္ပဏီ MD ဦးမောင်နီရောက် ရှိလာပြီး မိနစ်အနည်းငယ်အကြာတွင် ညစာ စားသောက်ရန် မှာကြားထားပြီး ဖြစ်၍ တည်းခိုရာအိမ်မျက်စောင်းထိုးရှိ တောင် ကမ်းပါးတွင် ဖွင့်လှစ်ထားသော လစ်ခ်စီစားသောက်ဆိုင်တွင် ဒေသထွက် အသီးအရွက်၊ အသား၊ ငါးဖြင့် ရန်ကုန်မှ ရောက်ရှိနေသော စားဖိုမှူး၏ လတ်ဆတ် မွှေးကြိုင်စွာ ချက်ပြုတ်ထားသော ပူပူ နွေးနွေးဟင်းလျာများကို ဆာဆာနှင့် အား ပါးတရစားသောက်ကြပါသည်။နိုင်ငံခြား သားဧည့်သည်၏ ပျော်ရွှင်စွာစားသောက် နေပုံများကို မြင်တွေ့ရခြင်းကြောင့် ၎င်းင်း တို့၏ ပျော်ရွှင်မှုများက ကျွန်တော်တို့ ရင်ထဲ ကူးစက်ဝင်ရောက်ကာ အေးချမ်း မှုနှင့် ခရီးစဉ်ပင်ပန်းမှုဒဏ်များမှာ ပြေ ပျောက်ခဲ့ရပြီး လေရှီးမြို့သို့ ချောမွေ့စွာ ရောက်ရှိမှုကို ဝမ်းမြောက်ရင်း ပထမဦးဆုံး လေရှီးညကိုတော့ ကိုယ်ကပ်အနွေးထည် ဝတ်၍ စောင်ထူထူခြုံကာ အိပ်စက်လိုက် ပါတော့သည်။ဆက်လက်ဖော်ပြပါမည်……………………………………. Travelling_Journal/Vol_1_Issue_7
Contine Reading
By - Admin / 18-12-2018
ဟိုတယ်ခတွေဈေးကြီးနေသေးသလော

ဟိုတယ်ခတွေဈေးကြီးနေသေးသလော

သတိုးလွင်(ပထဝီဝင်) “တစ်ညဘယ်လောက်လဲ” “ မနက်စာအပါအဝင် ဘတ် ၇၀၀ ပါ” “ဒီထက်ဈေးသက်သာတာရှိသေးလား” “ဘတ် ၅၅၀ တစ်ခန်းတော့ကျန်သေးတယ် window မပါဘူးအခန်းကျဉ်းနော် #101” “ဒေါ်လာနဲ့ဆိုဘယ်လောက်လဲ” “တစ်ဒေါ်လာ ၂၅ ဘတ်နဲ့ဆိုအနိမ့်ဆုံးအခန်းက $၂၂လောက်ကျပါတယ်” လွန်ခဲ့သော ၂၇ နှစ်ခန့်က စာရေးသူဘွဲ့လွန်ပညာသင်ရင်းညဘက်မှာအလုပ်လုပ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းမကြီး Soi 7 မှာရှိတဲ့ Maaxim’sInn ဟိုတယ်လေးရဲ့ ညပိုင်းမှာ မေးဖြေနေကျအဖြစ်အပျက်လေးတစ်ခုပါ။စာရေးသူရဲ့ Tourism Fobia ခရီးသွားပိုးဟာ ဘန်ကောက်ကိုစရောက်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်မှစခဲ့တယ်ဆိုမမှားပါ။ Transit အနေနဲ့ လာသမျှဧည့်သည်အလုပ်ကိစ္စ ၊အလည်အပတ် ဝင်လာတဲ့မြန်မာဧည့်သည်တွေ ကြိုပို့ရင်းခရီးသွား လုပ်းငန်း ကိုစိတ်ဝင်စားလာတာဟာ Gateway City of South East Asia ဖြစ်တဲ့ ဘန်ကောက်မှာနေခဲ့တဲ့အကျိုးတစ်ခုလို့ဆိုလျှင်မမှားပေ။ Business Admin Diploma စာသင်ရင်းညပိုင်းမှာအခန်း ၃၀ သာရှိတဲ့ဟိုတယ်လေးတစ်ခုမှာ F.O Receptionist အနေနဲ့ ဝင်လုပ်ခဲ့ပါတယ်။ လစာ မများပေမယ့် အတွေ့အကြုံရလိုတာကြောင့် သူငယ်ချင်းကိုစိုးသူရထွန်းရဲ့ဆက်သွယ်ပေးမှုနဲ့ အလုပ် ဝင်ဖြစ်ခဲ့ပါတယ်။ ဧည့်ကြို အလုပ်သာမက ညဘက် Room Service အစာပြေမှာရင်လည်း Kitchen ထဲဝင်ပြီးFast Food လုပ်ပေးခဲ့ရသလို Bell Boy မအားရင်လည်း အထုပ်အပိုးဝိုင်းသယ်ပေးခဲ့ရတာလည်းရှိပါတယ်။ ညဘက်အဖော်ခေါ်လာတဲ့ ဧည့်သည် တစ်ယောက် မိန်းမအစစ်နဲ့ မိန်းမလျာ မခွဲခြားနိုင်ဘဲ မှားခေါ်လာမိပြီးမှ မဆီမဆိုင် FO မှာ လာပြီး ပြသနာရှာတာလည်း ကြုံတွေ့ ခဲ့ရဖူးလေရဲ့။ ထိုင်းမိသားစုပိုင်ဟိုတယ်လေးကိုနှစ်ပေါင်း (၃၀)နီးပါး ကြာပြီးနောက် တစ်ခေါက်ပြန်ရောက်ပြီးအလွမ်းပြေ (၂)ည တည်းကြည့်ခဲ့ပါတယ်။မူလပိုင်ရှင်တွေမှ ထိုင်းစီးပွားရေးကပ်ဆိုက်ခဲ့တဲ့ ၁၉၉၇ နောက်ပိုင်းမှာ ထိုဟိုတယ်လေးအား ဟောင်ကောင်သူဋ္ဌေး တစ်ယောက်ကိုရောင်းခဲ့ကြောင်းသိရပါတယ်။ HK $ ၁၀သန်းနဲ့ အလုပ်ဖြစ်ခဲ့တဲ့ ဟိုတယ်လေးဟာ ယနေ့တိုင် အခြေအနေကောင်းနေဆဲပါ။ Property Value သာမက အခန်းခလဲ ၂ဆခွဲခန့်ပိုရနေဆဲပါ။ စာရေးသူရှိတုန်းက US$30 လောက်ရှိတဲ့အခန်းကိုဒီနေ့ US$ 60 ပေးခဲ့ရပါတယ်။ ထိုင်းကဟိုတယ်တွေကမြန်မာထက်ဈေးပေါတယ်ဆိုတာ တစ်ကယ်လား! ယခုအခါ ရန်ကုန်မှာ US$ 60 လောက်ဆို ကြယ်လေးပွင့် (4 Stars)ဟိုတယ်တည်းလို့ရနေပါပြီ။ မြန်မာပြည်ဟိုတယ်အီဗော်လူးရှင်း ဗြိတိသျှကိုလိုနီလက်ထက်ကတည်းက မျက်နှာဖြူတွေတည်းဖို့ အပန်းဖြေဖို့ ဟိုတယ်တွေ ဘန်ဂလိုတွေ မြန်မာပြည်မှာရှိခဲ့ပါတယ်။ အထင်ကရအနေနဲ့၁၉၀၄ခုနစ်မှာဆောက်ခဲ့တဲ့ ကမ်းနားဟိုတယ် (The Strand) နဲ့ပြည်လမ်းနိုင်ငံခြားရေးရုံးဟောင်းရှေ့ရှိ ပဲခူးကလပ်ရှိခဲ့ပါတယ်။ မြို့ထဲမှာဆိုရင်ဆူးလေဂရင်းဟိုတယ်နှင့် ၁၉၆၀ပြည့်နှစ်မှာအင်းယားလိတ်ဟိုတယ်၊ သမ္မတဟိုတယ်တို့ကို ရှရှား အကူအညီနဲ့ဆောက်ခဲ့ပါတယ်။ ထိုစဉ်ကကုန်သွယ်ရေး (၂၀)ရဲ့လက်အောက်ခံ Tourist Burma နဲ့ ဟိုတယ် လုပ်ငန်းဌာန မှ စီမံအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ် နဝတ အစိုးရခေတ်ရောက်တော့ ခရီးသွားလုပ်ငန်း ကိုပုဂလိကလုပ်ကိုင်ခွင့်ပေးနိုင်ရန်ပြဌာန်းပြီး ဟိုတယ် ခရီး ဝန်ကြီးဌာနလည်း ၁၉၉၂ တွင်မွေးဖွားခဲ့ပါတယ်။ ဟိုတယ်လိုင်စင်ကို ဝန်ကြီးဋ္ဌာနလက်အောက်ရှိ TRD ဋ္ဌာနမှထုတ် ပေးခဲ့ပြီးအခန်း ၄ ခန်းရှိတဲ့ Inn ခေါ် motel / ဧည့်ဂေဟာတွေလည်းမှိုလိုပေါက်လာကြပါတယ်။မဆလ ခေတ်မှာဒေါ်လာငွေ ကိုကန့်သတ်ခဲ့သည့် ကာလနှစ် ၃၀ နီးပါးကြာပြီးယခုလို FE ကိုင်ဆောင်ပြီးကိုယ်ပိုင် US$ ဝင်ငွေရတဲ့ ဟိုတယ် ခရီးလုပ်ငန်းစတင် ချိန်မှ ကိုယ်ပိုင် အိမ် ကို Inn လုပ်လာကြတာ မဆန်းကြပေ။ ၁၉၉၆ ခုနှစ် Visit Myanmar Year မတိုင်ခင် ရန်ကုန်မြို့မှာ ပထမဆုံး နိုင်ငံတကာအဆင့် ဟိုတယ်က Summit Parkview ဟိုတယ်ပါ။ထိုအချိန်က FO Team မှ မခိုင်နွယ်သိန်းတို့ Sales မှ မမေမြတ်မွန်ဝင်း တို့နဲ့စသိခဲ့ပါတယ်။ ထိုစဉ်က တစ်ခန်းကို US$ 108ထိ ကန်ထရိုက်ဈေးပေးခဲ့ ရပါတယ်။ နောက်ပိုင်း Sedoan, Traders , Equatorial, Nikko Royal Lake ,Baiyoke Kandawgyi Hotel တို့ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ ၂၀၀၇မှ၂၀၁၀ နှစ်မှာတော့ ခရီးသွားလုပ်ငန်းအတွက် မုန်တိုင်းထန်တဲ့ကာလလို့ဆိုလို့ရပါတယ်။ ၂၀၀၅ -၂၀၀၆ ကာလကရွှေနှစ်တွေလို့ ဆိုနိုင်သလောက် ရွှေဝါရောင်တော်လှန်ရေးအပြီး ၂၀၁၈ နာဂစ်ကပါ လက်ဆောင်ပါလာခဲ့ပြီး ဧည်သည်ဝင်ရောက်မှု ဆက်တိုက် ကျဆင်းမှုကြောင့် အခက်အခဲတွေ့ခဲ့ရပါတယ်။ ရန်ကုန်မြို့လယ်က ကြယ် ၅ ပွင့်အဆင့်ဟိုတယ်ကြီးတွေတောင် အာရှဈေးကွက်အတွက် US$ 23 နံနက်စာအပါအဝင်ရှိခဲ့တာ မှတ်မိပါသေးတယ်။International Hotel တွေမှာတောင် ဒီလိုတွေဖြစ်လာတော့ တချိန်ကတစ်ညဒေါ်လာ ၇၀ လောက် ခပ်တင်းတင်း ရောင်းခဲ့တဲ့ ၄ ခန်းပါ Inn ဟိုတယ်တွေဟာတစ်ည ၁၅ ဒေါ်လာ တောင်မပေးချင် တော့တဲ့အခြေအနေရှိခဲ့ပါတယ်မြို့လယ်ခေါင်ရှိ ကြယ် ၅ပွင့်ဟိုတယ်ကြီးတွေလည်း UN/NGO အဖွဲ့ကြီးတွေကို တစ်လ US$ 500 လောက်နဲ့ ရုံးခန်းဌားစားရတဲ့ အခြေအနေရှိခဲ့ ပါတယ် ။ အင်းပိုင်ရှင်အချို့တွေခမျာ ဟိုတယ် ခရီးလိုင်စင်ပြန်အပ်ပြီး စည်ပင်လိုင်စင်နဲ့ပဲ local motel အဖြစ် ထားခဲ့ရပါတယ် အခြေအနေအရ Time Sharing ခေါ် Love Motel အနေနဲ့ တစ်နေ့ကို 3 session အခန်းပြည့်ဝင်ရင် Agent နဲ့ Tourist တွေထားရတာထက် ခေါင်းစားသက်သာ သည်ဟု ဆိုစမှတတ်ပြုကြလေ၏။ ၂၀၁၁-၂၀၁၂ ကတော့ ဟိုတယ်တွေကံဇာတာ ပြန်တက်လာတဲ့ကာလဟုဆိုနိုင်သည်။ ခေတ်စနစ်အပြောင်းမှာ ခရီးသွားဧည့်သည်တွေ သာမကစီးပွားရေး လုပ်ငန်းရှင်တွေပါ အလုံးအရင်း ဝင်လာ ကြလို့မြို ့လယ်ခေါင်ဟိုတယ်ကြီး နဲ့ ဈေးနှုန်းမှာ အနိမ့်ဆုံးအခန်း US$ 200 မှ US$ 600 အထိ Rocket Price ရောင်းခဲ့ပါတာ။ ကမ္ဘာ့ဟိုတယ်ဈေးနှုန်းအကြောင်းတစေ့တစောင်း စာရေးသူ ခရီးသွားလုပ်ငန်းလုပ်ရင်း နိုင်ငံပေါင်း ၃၀ ကျော် မြို့ကြီးပေါင်း ၁၀၀ကျော်လောက်မှာ သွားလာ တည်းခိုခဲ့ ဖူးပါတယ် ။ Branded Hotel/ International Hotel တွေမှာတည်းခဲ့ဖူးသလို Local Brand/ Family Hotel တွေမှာလည်းတည်းခဲ့ဖူးပါတယ်။ ဟိုတယ်တစ်ခုဈေးကြီးခြင်းဈေးသင့်ခြင်း ဈေးသက်သာခြင်းဆိုတာ အောက်ပါအချက်များနဲ့ သက်ဆိုင်ပါတယ်။(၁) နိုင်ငံတစ်နိုင်ငံရဲ့ဝင်ငွေ၊ နေထိုင်မှုစရိတ် ၊ ငွေကြေးလဲလှယ်နှုန်း(၂) ခရီးစဉ်ဒေသ ဝယ်လိုအားမြင့်မှု ပေါ်ပြူလာဖြစ်မှ ု(၃) ခရီးသွားရာသီအထူးပွဲတော်အခါသမယ(၄) ် နိုင်ငံတကာ Brand ဟိုတယ် ကြယ်ပွင့်အဆင့်သတ်မှတ်မှ ု ဝန်ဆောင်မှ ုအဆင့်အတန်း(၅) ဟိုတည်၏တည်နေရာ၊ အကျယ်အဝန်း(၆) အရောင်းမြှင့်တင်ရေးအစီအစဉ် နှင့် ဧည့်သည်တည်ရှိမှုအထက်ပါ ၆ ချက်အနက် အမှတ်စဉ် (၂) (၃) ( ၅) ဟာဈေးကြီးမှုကို သက်ရောက်စေသည်ဟု စာရေးသူအနေနှင့်ထင်မြင်မိပါသည်။ အမှတ်စဉ် ၄ သည်လည်းနိုင်ငံတကာကြယ်ပွင် အဆင့်ဝန်ဆောင်မှု ပေါ်မူတည်ပြီး ဈေးနှုန်းစံနှုန်းတစ်ခုသည်ပုံသေကဲ့သို့ရှိနေတက်သည်။ Contennental Hotel/ Westin Hotels ကဲ့သို့သော ကြယ် ၅ပွင့်Brand များ၏အနိမ့်ဆုံးအခန်းဈေးမှာ US$150မှ US$500 ထိစံနန်းရှိသည်။ နိုင်ငံပေါ်မူတည်ပြီးကွာဟချက်တော့ရှိစမြဲ။ မြန်မာနိုင်ငံတွင်မူ တစ်မျိုးတစ်ဖုံ ဆန်းနေသည်။ Shangrila Group- Trader Hotel သည် ၁၉၉၆ခန့်က US$ 100 အပေါ်တွင်ရှိသော်လည်း ၂၀၁၂ ခန့်တွင် US$ 300 ထိမြင့်တက်ပြီး ယခု၂၀၁၈တွင်မူ US$ အောက်သို့ညွန့်ကိန်းပြနေသည်။ (Corporate Rate/ OTA Rate/ Agent Rate/ Rack Rate) စသဖြင့် ကွဲပြားမှုတော့ရှိသည်။ သို့သော် ဟိုတလောကအချို့သော ဟိုတယ်များသည် online တွင်ရောင်းသောဈေးနှင့် Tour Agent များအားကန်ထရိုက်ပေးသောဈေးသည် ပိုနည်းနေသည်ကိုတွေ့လာရသည်။ အချို့သောခရီးသွား အေးဂျင့်များသည် ကန်ထရိုက်ဈေးသည် Booking ပေါ်မူတည်ပြီး A Grade/ B Grade ဈေးနှုန်းနှစ်မျိုးခွဲခြား ပေးထားသော်လည်း Booking Confirm ဖြစ်မှု နည်းလာသဖြင့် OTA/ Online Sale များကိုပိုအားထားလာကြသည်။ Demand များလျှင် Direct Sale Price Behavior အရဈေးနှုန်း သက်သာသည်မှာ သဘာဝပင် မဟုတ်ပါလော။ ထို့အပြင် Online Saleများသည် အကြွေးကဒ်ဖြင့် ငွေကြိုတင်ရခြင်း၊ ဧည့်သည်မလာ ဖြစ်လျှင်လည်း ငွေကြိုတင်ရပြီးဖြစ် သောကြောင့် Walk In ဧည့်သည်များ ထပ်ရောင်းနိုင်ခြင်း၊ အခန်းများကိုထပ်ရောင်းနိုင်ခြင်းကြောင့် ယနေ့ ကမ္ဘာပေါ်ရှိဟိုတယ်အများစုမှာ Booking.com, Agoda တို့သည် ပိုအလုပ်ဖြစ်လျှက်ရှိသည်ကိုမငြင်းဆန်နိုင်ပေ။ ထိုက်တန်သောဝန်ဆောင်မှု ဟိုတယ်ဆိုသည်မှာအိပ်စရာနေရာတစ်ခုသာမဟုတ်ပေ။အပန်းဖြေအလည်အပတ်လာသူများ၊ စီးပွားရေး ကိစ္စဖြင့် လာသူများ၊ အစိုးရတာဝန်ဖြင့်လာရောက်သူများ။ အခြားကိစ္စများဖြင့် ရက်ရှည်နေထိုင်သူများ အတွက်တည်းခိုစရာနေရာ အစည်းအဝေးလုပ်ရန်၊ စားသောက်ရန်၊ ကျန်းမာရေးအတွက် အားကစား လေ့ကျင့်ခန်း လုပ်ရန်နေရာ၊ Spa Massage နေရာအပြင်ညပိုင်း ဒစ္စကိုကပွဲ၊ကာရာအိုကေ၊ နိုက်ကလပ် အပန်းဖြေရန်နေရာများ ပါဝင်ရန်လိုလေသည်။ ထိုသို့သောဝန်ဆောင် မှုများကိုဖြည့်ဆည်းရန် ကျွမ်းကျင်သောဝန်ထမ်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကောင်းမွန်မှု၊ အရည်ချင်းပြည့်ဝသော ဟိုတယ် ဆိုင်ရာ အသုံးအ ဆောင်ပစ္စည်းများ ပြည့်စုံလုံလောက်စွာထားရှိမှုသည်အရေးကြီးလှသည်။ ထို့ကြောင့်နိုင်ငံတကာ အသိမှတ်ပြု Branded Hotel များသည် ဈေးကြီးသော်လည်း ဝန်ဆောင်မှုနှင့် လုံခြုံမှုအသုံးအဆောင်ပစည်းများသည် အရည်အသွေးပြည့်ပြီး ကောင်းမွန် သောပတ်ဝန်းကျင် (Pleasant Atmosphere) နှင့်အချက်ချာကျသည့်နေရာ (Prime Location) ဖြစ်သဖြင့် အများစုသောဧည့်သည်များသည် ဈေးနှုန်းကြီးမြင့်မှု ကိုသိပ်မမူကြပေ။ ဥပမာ International Brand – Hyatt Hotel , Shangrilla Hotel , Continental Hotel , Pullman , Four Season Hotel များသည် ကမ္ဘာ့မြို့ကြီးများ၏ မြို့လည်ခေါင်၊ ကမ်းခြေများနှင့် အကောင်းဆုံးသော နေရာများတွင် နေရာဦးပြီးဆောက်လေ့ရှိသည်။ US တစ်ခုတည်းပင် အခန်းပေါ် မူတည်ပြီး US$ 200 မှ US$ 1000 ထိရှိသော်လည်း Valued Service ဖြစ်သဖြင့် မည်သူမှ Complain မတက်လိုကြပေ။ မြန်မာနိုင်ငံရှိဟိုတယ်တွေဈေးကြီးရခြင်းအကြောင်း ယနေ့မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ယူထားသော နိုင်ငံခြားသား တည်းခိုခွင့်ရှိသည့် ဟိုတယ်ပေါင်း (၁၆၀၀) ကျော် ၊အခန်းပေါင်း (၇၀၀၀၀ခန့်) ရှိနေပြီဖြစ်သည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ မြို့နယ်စည်ပင် လိုင်စင်ယူပြီး နိုင်ငံခြားသားများကို ကျပ်ငွေဖြင့် လက်ခံသည့် ဟိုတယ်များစွားရှိနေပြီး ၎င်းအပြင် Air BNB , Cube Hotel , Space Hotel ကဲ့သို့တစ်ကိုယ် စာသာ ကျောခင်းနိုင်ပြီး စိတ်ချရသော ဝန်ဆောင်မှု အတွက် On line ကျယ်ပြန့်စွာ ရောင်းချလျက်ရှိသည်။ Home Stay လုပ်ငန်းများလည်း တရားမဝင် လုပ်ကိုင်လျှက်ရှိသည်။ ခရီးသွားဥပဒေ အသစ်အရ အရေးယူနိုင်ရန် နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်ရန် လိုသကဲ့သို့ ဥပဒေအရ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများအနေဖြင့် လည်း ကျွမ်းကျင်သော စီမံခန့်ခွဲနိုင်မှု Professional Management ဖြစ်လာစေရန် လိုအပ်နေသေးသည်။ မြန်မာနိုင်ငံတွင် ဒေသအလိုက်၊ရာသီအလိုက် ဟိုတယ်ဈေးနှုန်းများ မငြိမ်ခြင်း၊ ပြည်တွင်းဧည့်သည်များကို ကျပ်ငွေဖြင့် သက်သာစွာယူပြီး နိုင်ငံခြားသား ဧည့်သည်များအား နိုင်ငံခြားငွေဖြင့် ယူခြင်းသည်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ စာရေးသူအနေဖြင့် ခရီးသွားလုပ်ငန်းလုပ်သက် ၂၀ ကျော်အတွင်း ဟိုတယ်လုပ်ငန်းကို ထိရောက်စွာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်ခွင့် မရှိခဲ့ပါ။ နိုင်ငံတကာရှိ ဟိုတယ်များကိုတော့ တည်းခိုခဲ့ဘူးသကဲ့သို့ ပြည်တွင်းရှိဟိုတယ်အဆင့် အမျိုးမျိုး ရင်းနှီးလုပ်ကိုင်နေသော ဟိုတယ်ပိုင်ရှင်များ၊ မန်နေဂျာများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ဖူးသည်။ လွန်ခဲ့သည့် ၂နှစ်ခန့်မှ စ၍ Service Provider လုပ်ငန်းတိုးချဲ့ကြည့်ခဲ့ရာ အင်းလေးတွင် အခန်း (၆၁) ခန်းပါသည့် Resort ဟိုတယ်လုပ်ငန်း လုပ်ကိုင်ဖြစ်ခဲ့သည်။ ပထမဆုံးစိန်ခေါ်မှုမှာ soft Skill ခေါ် ဝန်ထမ်းများ အရည်အချင်းပြည့်ဝမှု ၊ စွမ်းဆောင်နိုင်မှု အားနည်းခြင်း၊ lack of capacity ဖြစ်သည့် ရင်းနှီးမြှပ်နှံမှု ( မြေဈေး၊ဌာရမ်းခ၊ အဆောက်အဦးတည်ဆောက်စရိတ်၊) အဆမတန်ကြီးမှု၊ ဘဏ်ချေးငွေဖြင့် လုပ်လျှင်လည်း အတိုးနှုန်းမြင့်မားမှု (၁၃%) ၊ဝန်ထမ်းလစာ ဈေးကြီးလာမှုများကို ကိုယ်တွေ့ကြုံခဲ့ရသည်။ တဖက်မှ နိုင်ငံတကာ Brand Hotel များ ၊ Change Network များမှ ဈေးကွက် ထိုးဖောက်လာမှုများ အပြင် ပိုက်ဆံရှိတိုင်း ဟိုတယ်ဆောက်လာကြသဖြင့် Over Supply ဖြစ်ပြီး ဈေးကွက်ကန့်သတ်ချက် နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု နည်းပါးသေးသဖြင့် Demand Supply မမျှမတ ဖြစ်ပြီး ဟိုတယ်ပိုင်ရှင်များ အရင်းမကြေဘဲ အရှုံးပေါ်ခဲ့ကြ သေးသည်။ ထိုအခြေအနေကို နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံသူများလည်း သတိချပ်လာကြသည်။ ရန်ကုန်၊မန္တလေးမြို့ကြီးများတွင် ဈေးကွက်စုံ သဖြင့် အလုပ်ဖြစ်နိုင်သော်လည်း နေပြည်တော်၊ပုဂံ၊အင်းလေး၊ ကမ်းခြေဒေသများတွင် ရာသီချိန်အတွင်းသာ အမိအရ ငွေရှာကြရသည်။ ဈေးကြီးရောင်းရသော်လည်း Occupancy မမှန်နိုင်ဘဲ ရှိနေသေးသည်။ မြန်မာနိုင်ငံဟိုတယ်လောကသည် ကွက်ကျားမိုး အဆင့်သာ ရှိသေးသည်။ အရင်းကြေပြီး အမြတ်ထိုင်ယူနေရသည့် ဟိုတယ်ကြီးများ ရှိနေသလို အရင်းမြှပ်ပြီး လစဉ်ကုန်ကျစရိတ်ပင် မကာမိသည့် ဟိုတယ်များလည်း ရှိနေမြဲဖြစ်သည်။ ၂၀၂၀ပြည့်လွန် နှစ်များတွင် ခရီးသွားလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်မှု အတွက် Mass Tourist ဈေးကွက်ကို ပစ်မှတ်ထားမည်ဆိုလျှင် အခန်းအရေအတွက် များပြီး ဝန်ဆောင်မှု ကောင်းမည့် လေ့ကျင့်ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ရန် လိုအပ်ပေမည်။ ခရီးသွားအေးဂျင့်များ၊ OTA များသည် ရေအရင်းအမြစ်ရှာဖွေသူ၊ ပိုက်သွယ်တန်းပေးသူများ ဖြစ်ပြီး ဟိုတယ်များသည် ရေခံနိုင်သည့် ခွက်များနှင့်တူသခြင့် ရေကောင်းရေသန့် များဖြင့် ပြည့်လျှံလာစေရန် ရွှေခွက် ၊ငွေခွက်မှသည် အုန်းမုတ်ခွက်ထိ အဆင်သင့် ရှိစေရန်လိုအပ်ပါကြောင်း တင်ပြလိုက်ရပေသည်။ Travelling_Journal ဆောင်းပါး Vol_1_Issue_7
Contine Reading
By - Admin / 10-12-2018
ကမ္ဘာကျော်ကွေးမြစ်ဘေးကဝိညာဉ်တို့လှဲလျောင်းရာနေရာ

ကမ္ဘာကျော်ကွေးမြစ်ဘေးကဝိညာဉ်တို့လှဲလျောင်းရာနေရာ

ယဉ်ယဉ်လှ ကြည်လင်ပြီး မိုးသားကောင်းကင်ကလည်းပြာ လဲ့လဲ့အချိန် …၊ စာရေးသူ ရင်ထဲမှာ တုန်ရီလှုပ် ခတ်နေတယ်။ အမျိုးအမည်မသိတဲ့ခံစားမှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရနေသေးတယ်။ ဒီနေရာက တော့ ကမ္ဘာကျော် ကွေးမြစ်နံဘေးက သေမင်းတမန် ရထားသံလမ်းကို ရောက်ရှိနေခဲ့တဲ့အချိန် …။ အိမ်မက်ထဲက ရောက်ဖူးချင်ခဲ့တဲ့နေရာလေး တစ်ခု။ ကျောက်သားနံရံများက တစ်ဖက်မှာ။ တစ်ဖက်ကတော့ ချောက်ကမ်းပါးကြီး။ ကမ်းပါးရဲ့ ဒီဘက်အခြမ်းက ရာဇဝင်ထဲက ကမ္ဘာကျော်ကွေးမြစ်ရဲ့ အလှတရား။ ဒီမြစ်ထဲမှာ တစ်ချို့ကတော့ နိုင်ငံခြားသားတစ်ချို့ လှေစီးနေတာအနည်းငယ်တွေ့ရတယ်။ ကမ္ဘာကျော်မို့ လာရောက်လည်ပတ်ကြတဲ့ ခရီး သွားတွေလည်းများပြားပါ့။ ဒီထဲမှာလည်း စာရေးသူ လည်း အပါအဝင်မို့လေ။ ဒီနေရာကတော့ ထိုင်းနိုင်ငံရဲ့ တတိယမြို့တော်လို့ တင်စားတဲ့ ကန်ချနာ ပူရီမြို့တော် အတွင်းမှာရှိတာပါ။ ကန်ချနာပူရီခရိုင် အတွင်းမှာရှိတဲ့ သေမင်းတမန်ရထားသံလမ်းနေရာ။ ရောက်ဖူးသူတိုင်း ဒီလိုခံစားမှုမျိုးကို ခံစားရစေမှာ အမှန်ပါပဲ။ လူ့အသက်ပေါင်းများစွာရဲ့ အသက်ဝိညာဉ်တွေကို ခြွေယူခဲ့ပြီး ဝိညာဉ်တို့လှဲလျောင်းရာနေရာဖြစ် တာမို့ ကမ္ဘာကျော်ခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအများဆုံးလာရောက်လေ့လာ ခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လို့နေခဲ့တာပါ။ ဒီနေရာကို ရောက်တဲ့သူတိုင်းကတော့ လှပတဲ့ ကွေးမြစ်ဘေးက အလှတရားနဲ့ ဝိညာဉ်တွေလှဲလျောင်းနေခဲ့တဲ့ သေမင်း တမန်ရထားသံလမ်းကို ဖြတ်လျှောက်ပြီး တစ်ချိန် တုန်းက ဒီနေရာမှာ သေဆုံးခဲ့တဲ့သူတွေအတွက်လွမ်းဆွတ်နေမိမှာကတော့ အမှန်ပါပဲ။ ကိုယ့်နိုင်ငံက နိုင်ငံသားတွေ အသက်ပေးခဲ့ကြတဲ့အတွက် သေဆုံး ခဲ့တဲ့သူတွေရဲ့ နိုင်ငံက ခရီးသွားတွေဟာ အများဆုံး လာရောက်လေ့လာခဲ့ကြတာပါပဲ။ သူတို့ရဲ့ နိုင်ငံသား တွေ ဒီနေရာမှာ သေဆုံးခဲ့ရတာ။ အများစု အသက်ဝိညာဉ်တွေပေးခဲ့ရတာက တော့ မြန်မာတွေပါပဲ၊ တစ်ချိန်လုံးက သေမင်းတမန် ရထားသံလမ်းဖောက်ဖို့ ချွေး၊ သွေးများစွာကိုပေးဆပ် ခဲ့ရသလို အနှိပ်စက်ခံ အညှဉ်းဆဲခံ ကိုယ်လုံးတီး အရိုက်ခံရပြီး ရထားသံလမ်းကို နာကျင်ခံခက်ခဲစွာ ဖောက်လုပ်ခဲ့ကြတဲ့ ချွေးတပ်သားအကုန်လုံးကို သနား နေမိ တယ်။ စစ်ရဲ့ဆိုးကျိုးက လောင်မြိုက်နေခဲ့တာကိုး။ အမေရိကန်၊ သြစတြေးလျ၊ မလေး၊ မြန်မာ၊ ဂျပန်၊ ဒက်ချ် ချွေးတပ်သားများရဲ့ ကံကြမ်္မာက ကွေးမြစ်ဘေးမှာ လှဲလှောင်းခဲ့ရတယ်။ ဒါကြောင့်လည်း ကမ္ဘာကျော်ခဲ့ပြီး ဒီနေရာဟာ သမိုင်းဝင်ခဲ့သလို ခရီး သွားတွေ မဖြစ်မနေလာရောက်လေ့လာခဲ့ကြတဲ့ နေရာတစ်ခုဖြစ်လု့ိ နေခဲ့ပါ တယ်။ သိပ်လှတဲ့ အလှတရားတွေကို တွေ့မြင်လိုက် ရတဲ့အတွက် အရမ်းကို လာရကျိုးနပ်ပြီလို့ပြောလိုက် တဲ့ စာရေးဆရာမ ခင်ပန်နှင်းက ပြောလိုက်တာကို လည်း နားထဲမှာအမှတ်မထင်ကြားယောင်နေမိတယ်။ (အခုတော့ဖြင့် စာရေးဆရာမကတော့ ကွယ်လွန်သွား ခဲ့ပါပြီ)ဒီကိုလာရတဲ့သူတွေ အကုန်လုံးရဲ့ စိတ်ထဲမှာ ကိုယ်စီတူညီတာတော့ရှိနေမှာတော့အမှန်ပါဘဲ။စိတ် ဝင်စားဖွယ်ကောင်းတဲ့နေရာတွေကိုရှာဖွေပြီး လိုက်လံ ပြသပေးတတ်တဲ့ သုခမိန်စာပေက ဦးမျိုးကြီးကိုလည်း ကျေးဇူးအထူးတင်မိပါတယ်။ ဒုတိယ ကမ္ဘာစစ်က ဂျပန်စစ်တပ်ရဲ့ထောက်ပံ့ ရေးလမ်းကြောင်းအတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ကြား မီးရထားကွန်ယက်တည်ဆောက်နိုင်ဖို့ သုံ့ပန်း များကို ကျွန်သဖွယ်စေခိုင်းခဲ့ကြတဲ့နေရာ၊ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၃ ခုနစ်အထိဖောက် လုပ်ခဲ့ပြီး အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရတာပါ။ ချွေးတပ်သားတစ်သိန်းကျော် သေဆုံးခဲ့ကြ တာမို့ ဒီနေရာလေးကို ရောက်ဖူး ချင်ခဲ့တာပါ။ ဒီသေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့ချိန်မှာ သေဆုံးခဲ့တဲ့ တစ်ချို့မဟာမိတ်နိုင်ငံတွေရဲ့ အောက် မေ့ဖွယ် အထိမ်းအမှတ်နေရာတွေကို ထားရှိပေးခဲ့ပါတယ်။ ဒါပေမဲ့ အများဆုံးအသက်ပေး ခဲ့ကြတဲ့ မြန်မာတွေရဲ့ အထိမ်းအမှတ်နေရာတွေက တော့ မရှိခဲ့ပါဘူး …။ ရင်နင့်စရာပါပဲ။ ထိုင်းနိုင်ငံ၊ ကန်ချနာပူရီမြို့နယ်အတွင်းက သေမင်းတမန်ရထားပိုင်း အစပိုင်းနဲ့ အဆုံးပိုင်း ရထားလမ်းပိုင်းတွေကို လေ့လာကြည့်ရှုခဲ့ရတယ်။ ရထားလမ်းပေါ်ကို လျှောက်ကြည့်တော့ ရင်ထဲမှာ တလှပ်လှပ်နဲ့၊ နေရောင်ကလည်း ခေါင်မိုးပေါ်မှာတည့် တည့်၊ ရထားလမ်းပိုင်းပေါ်ကို လျှောက်ကြည့်တော့ အစွန်းပိုင်းမှာ အမှတ်တရဓာတ်ပုံရိုက်တော့ အောက် ပြုတ်ကျမလို၊ ရီဝေေ၀နဲ့ မူးနောက်နောက်လည်း ဖြစ်သွားခဲ့ရတယ်။ ဒီနေရာမှာ ချွေးတပ်သားတွေရဲ့ ဝိညာဉ်တွေ လဲှလျောင်းနေခဲ့တာကိုး။ သူတို့တွေ ကိုယ်တွေကို ကြည့်နေမလားလို့ ရုတ်တရက်တွေးမိလိုက်တော့ နှလုံး ရုတ်တရက်အောင့်သွားခဲ့ရတယ်။ ရင်နင့်ခဲ့ရတယ်။ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရသလိုမျိုး ခံစားမှု …။ ဘာကြောင်များ ဒီလောက်ထိ ရက် စက်နိုင်ခဲ့ရတာလဲ၊ လူသားချင်းစာနာမှုတွေ ဘယ် တွေကိုရောက်ခဲ့ကြလဲ၊ အစာရေစာမကျွေးပဲ ညှဉ်း ပန်းနှိပ်စက်ပြီး ရထားသံလမ်းကို ဖောက်လုပ်စေခဲ့တာ။ ပြီးတော့ အရှင်လတ်လတ်မြေ မြှုပ်ခဲ့တာတွေကို ဘယ်လိုနှလုံးသားမျိုးနဲ့ လုပ်ရက် နိုင်ကြသလဲ။ စစ်ရဲ့ ဆိုးကျိုးက နှလုံးသားထဲမှာ မုန်းတီးနေခဲ့မိတယ်။ ဒီလိုသမိုင်းမှာ ဖြောက်ဖျက် ပစ်လို့မရတဲ့ မှတ်တမ်းတွေကြောင့် ကမ္ဘာလည်းကျော် ခဲ့ပါပြီ ကွေးမြစ်ရယ် …။ Travelling_Journal ခရီးသွားဆောင်းပါး Vol_1_Issue_7 Photo_YinYinHla
Contine Reading
By - Admin / 08-12-2018
တောင်ပေါ်မြို့လေးဘော်ဆိုင်း

တောင်ပေါ်မြို့လေးဘော်ဆိုင်း

မော်ကျွန်းသူ ဘော်ဆိုင်းဆိုတဲ့ တောင်ပေါ်မြို့လေးကို အမှတ်မထင်ပဲ စက်တင်ဘာလထဲမှာ ရောက်ဖြစ်ခဲ့တယ်။ အကြောင်း ကတော့ ပင်းတယမြို့က ဟိုတယ်လုပ်ငန်း ရှင် အန်ကယ်တစ်ယောက်က ခရီးစဉ်အသစ်တွေ လိုက်ပြဖို့ ဖိတ်ခေါ်တာကနေ ရောက်ဖြစ်ခဲ့ပါတယ်။ ဘော်ဆိုင်းမြို့ဟာ ပင်းတယနဲ့ (၁၃)မိုင်သာ ကွာဝေးပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း လေးထောင့်ခုနစ်ရာကျော်မှာ တည်ရှိတယ် လို့ သိရပါတယ်။ ဘော်ဆိုင်းမြို့မှာ အထင်ကရနေရာ တွေရှိပါတယ်။ အဲဒါတွေကတော့ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အိမ်၊ ရန်ကင်းတောင်၊ ရှေးပန်းချီလက်ရာ တွေရှိတဲ့ ရွှေမြစည်း ကျောင်း ၊ ကုန်းမဲဝိဇ္ဇာတောင်စတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဘော်ဆိုင်းမြို့လေးမှာဆိုရင် စိတ်ဝင်စားစရာ ကောင်းတဲ့နေရာတွေ အများအပြားရှိသော်လည်း စိတ်ဝင်တစား လာရောက်လည်ပတ်မယ့် ပြည်တွင်း ပြည်ပခရီးသွားမရှိသေးတာကလည်း ဝမ်းနည်းစရာ ပါပဲ။ ဘော်ဆိုင်းမြို့လေးရဲ့အဝင်မှာဆိုရင် “ ဘော်ဆိုင်း မြို့မှကြိုဆိုပါ၏ ” ဆိုင်းဘုတ်နဲ့အတူ မြို့အဝင်ဘေး တစ်ဖက်မှာ ဆိုရင်လည် သတ်္တုလုပ်ကွက်တွေကို တောက်လျောက်မြင်တွေ့ခဲ့တယ်။ သတ္တုလုပ်ကွက် ကြီးတွေကို အများစုကတော့ တရုတ်ကုမ်္ပဏီတွေ ကနေ လုပ်ကိုင်နေကြသလို လုပ်ကွက်ငယ်လေးတွေ ကိုတော့ ဒေသခံတွေကို ဟိုတစ်စုဒီတစ်စု တွေ့မြင် ခဲ့ရပါတယ်။ သတ်္တုလုပ်ကွက်တွေမှာလုပ်ကိုင်တဲ့ ဒေသခံ တွေဆိုရင် သတ်္တုတစ်ပိသာကို ကျပ်လေးရာမှ ခုနစ်ရာထိ တရုတ်ကမ်္ပဏီတွေမှာ ပြန်ပြီးရောင်းချ ကြကြောင်းကို ဒေသခံအငြိမ်းစားကျောင်းဆရာ တစ်ဦးက ရှင်းပြခဲ့ပါတယ်။ အဲ့နောက်မှာ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အိမ်ကို ဦးစွာ သွားရောက်လည်ပတ်ခဲ့တယ်။ ဝင်ဝင်ချင်းမြင်တွေ့ရတဲ့မြင်ကွင်းကတော့ ခြံကျယ်ကျယ်ကြီးထဲမှာ ရှေးဟောင်း အိန္ဒိယ လက်ရာ နဲ့ တည်ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးကို တွေ့လိုက်ရပါတယ်။ ခြံအဝင်တံခါးရဲ့ ဘေးတစ်ဖက်တစ်ချက် စီမှာတော့ တောရိုင်းပင်းတွေကို မြင်တွေ့ရပါတယ်။ အိမ်ရှင်ကိုခွင့်တောင်းပြီးတော့ အိမ်ထဲကို ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ အိမ်ရဲ့ ရှေ့တံခါးပေါက်ကို ပိတ်ထားတာကြောင့်မို့ အိမ်နောက်ဖေးဘက် မီးဖိုးဆောင်ကနေ ဝင်ရောက်ခဲ့ပါတယ်။ ဝင်ဝင်ချင်းဆိုရင်ပင် ရှေးကျတဲ့ မီးဖိုကို ဟောင်းကြီးကိုတွေ့ခဲ့ရတယ်။ လက်ရှိမှာတော့ ဒီမီးဖိုကြီး အသုံးပြုုချင်း မလုပ်ကြတော့ပါဘူး။ အိမ်မကြီးထဲကို မြို့စားဦးစစ်ဟန်ရဲ့ မြစ်တော်စပ်သူကနေလိုက်လံရှင်းပြခဲ့ပါတယ်။ အိမ်မကြီးထဲမှာဆိုရင် ပြတင်းပေါက်ကနေ ဝင်လာတဲ့ အပြင်ဘက်အလင်းရောင်က လွဲပြီး ကျန်တဲ့ အလင်းရောင် မရှိတာကို သတိပြုမိစေခဲ့ပါတယ်။ အိမ်ရှေ့ဧည့်ခန်းမှာဆိုရင် အစီအရီ ချိတ်ဆွဲထားတဲ့ မြို့စားရဲ့ ဓာတ်ပုံအပါအဝင် ကျန်တဲ့ မိသားစုပုံတွေ နဲ့ မီးလင်းဖို တစ်ချို့ကို တွေ့မြင်ရပါတယ်။ ဒီအိမ်ရဲ့ ထူးခြားချက်က အိန္ဒိယ ဗိသုကာ ကျောက်စစ်လက်ရာတွေနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုလည်းရှိပါသေးတယ်။ အိမ်တွင်း အလင်းရောင် ရရှိနိုင်ဖို့အတွက် စနစ်တကျ ဖန်တီးထားတဲ့ မှန်ကွက်ကြီးကိုလည်းတွေ့မြင်ရပါတယ်။ ဒီမှန်ကြီးကနေ နေဝင် /နေထွက်မှ ရရှိလာတဲ့ အလင်းရောင်ကို အောက်ထပ်အခန်းစီရောက်ဖို့အတွက် ကြားခံအသုံးပြုထားတဲ့ မှန်ကြီးပဲဖြစ်ပါတယ်။ ဒီမှန်ဟာဆိုရင် လူဘယ်လောက်ပဲခုန်ခုန် မကွဲဘူးလို့ အိမ်သားတစ်ယောက်က ပြောပြပါတယ်။ အဲ့ဒီနောက်မှာတော့ အပေါ်ထပ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ အပေါ်လှေကားထိပ်ကိုရောက်ပြီဆိုရင်ပဲ ကျယ်ပြန့်လွန်းလှတဲ့ Hall ခန်းကြီးကိုတွေ့မြင်ခဲ့ရပါတယ်။ အိမ်ဆောင်ရဲ့ မျက်နှာသာဘက်မှာဆိုရင် ဘုရားခန်းကြီးကို တွေ့ရပါတယ်။ အပေါ်ထပ်မှာတော့ ထူထူထွေထွေသိပ်မတွေ့ရပေမယ့် မထင်မှတ်ပဲ အရာတစ်ခုကိုတွေ့လိုက်ပင်ဆိုရင်ပဲ စာရေးသူကို့ အံ့သြသွားစေခဲ့ပါတယ်။ ဒါကတော့ ခေါင်းတလားကို တွေ့မြင်လိုက်ခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် လိုက်လံရှင်းပြပေးတဲ့ အိမ် သားကို မေးမြန်းကြည့်တဲ့အခါမှာ … “ ဒါက ကျွန်တော့်အဘိုး က သူ့အတွက် ပြင်ဆင် ထားတဲ့ ခေါင်းတလားပါ။ အဘိုးကတော့ အသက် (၉၄)နှစ်ရှိပြီ။ ဒီခေါင်းတလောင်းကို သူ့အသက်(၆၀) လောက်ကတည်းက ပြင်ဆင်ထားခဲ့တာ။ ခုဆို ခေါင်း တလောင်းရဲ့ သက်တမ်းက နှစ်(၃၀) ကျော်ပြီပေါ့။ အဘိုးက အခုဆိုရင် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခေါင်းတလားထဲဝင်ပြီးတော့ သေခြင်းတရား ကမ်္မဋ္ဌာန်းစီးမြန်းတာပါ ”ဟု စာရေးသူကို ရှင်းပြပါ တယ်။ဒါပေမဲ့ လက်ရှိမှာဆိုရင် အသက်(၉၄)နှစ်ရှိပြီ ဖြစ်တဲ့ အဘိုးဟာ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်ရဲ့သား ဦးစောမောင်ပဲဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ သွားလာနိုင်ပါသေးတယ်။ ဒီအိမ်ကြီးကို စပြီးဆောက်တုန်းကဆိုရင် အဲ့ဒီ ခေတ်ကာလဈေးနဲ့ဆိုရင် အိမ်ရဲ့ ကုန်ကျစရိတ်က တော့ ငွေကျပ်(၁၂)သိန်း ကုန်ကျခဲ့တယ်လို့ သိရပါ တယ်။ အဲဒီတုန်းက ရွှေတစ်ကျပ်သားကို နှစ်ရာကျပ် ရှိခဲ့တာမို့ ရွှေပိဿသ (၆၀)နီးပါး ကုန်ကျခဲ့တယ်လို့ သိ ရပါတယ်။ မြို့စားအိမ်ရဲ့ အိမ်ရှေ့မျက်နှာအပြင်ဘက် မှာဆိုရင် ဝေဆာနေအောင်ပွင့်နေတဲ့ သနပ်ခါးပန်းပင် နှစ်ရုံကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ အဲ့နောက်မှာတော့ မြို့စားအိမ်ကနေ ထွက်လာကာ ဘော်ဆိုင်းမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရန်ကင်း တောင်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရန်ကင်းတောင်ပေါ်က ကြည့်မယ်ဆိုရင် ဘော်ဆိုင်း တစ်မြို့လုံးကို မြင်ရသည့်အပြင် ပင်းတယ၊ တောင်ကြီး မြို့ရဲ့ ရှုခင်းများကို အပေါ်စီးကနေကြည့်ရှုခဲ့ပါသေး တယ်။ ရန်ကင်းတောင်ပေါ်ကနေဆင်းခဲ့ပြီးတဲ့နောက် မှာတော့ ကုန်းမဲဝိဇ်္ဇာတောင်နဲ့ ရွှေမြစည်းဘုရားတို့ကိုသွားရောက် လည်ပတ်ခဲ့ပါတယ်။ ရွှေမြစည်းဘုရားမှာ တော့ ရှေးလက်ရာ ဇာတ်နိပါတ်ပန်းချီကားတွေကို တွေ့မြင် ခဲ့ရပါတယ်။ အဲ့နောက်မှာတော့ နောက်ထပ်လည်ပတ်လို့ရ မယ့်နေရာတွေ ရှိနေသေးသော်လည်း ရန်ကုန်ကိုပြန် ရမယ်ဖြစ်တာကြောင့် ဆက်ပြီးတော့မလည်ပတ်နိုင် ခဲ့ပါဘူး။ အမှန်ဆိုရင် ဒီခရီးမျိုးကို အချိန်တစ်ရက် သာပေးပြီး လည်ပတ်မယ်ဆိုရင် ဘော်ဆိုင်းမြို့သာ မကပဲ အနီးနားရွှာတွေမှာရှိတဲ့ အထင်ကရနေရာ တွေကို ကောင်းကောင်းလည်ပတ်နိုင်ပါတယ်။ဘော်ဆိုင်းမြို့လေးကို လည်မယ်ဆိုရင်တော့ ပင်းတယကနေသာမက ဟဲဟိုးနဲ့ ရပ်စောက်ဘက်က နေလည်း လာရောက်လည်ပတ်နိုင်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ အချမ်းသာဆုံး စာရင်းဝင်ပုဂ်္ဂိုလ်တစ်ဦးကလည်း ဒီမြို့လေးမှာ သာမန် ဘဝနဲ့ နေထိုင်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဘော်ဆိုင်းမြို့လေးဟာဆိုရင် နယ်မြေကျဉ်း ပေးမယ့် ချစ်စရာကောင်းလှတဲ့ တောင်ပေါ်မြို့လေး တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးဟာဆိုရင် အထင်ကရ လူတစ်ချို့ကို မွေးထုတ်ပေးခဲ့သလို ခဲ၊ ငွေ၊ သတ်္ထု တွေထွက်ပြီး တရုတ်ကုမ်္မဏီတွေ အများစုအခြေ စိုက်တဲ့မြို့လည်းဖြစ်တယ်။ ဒေသန္တရအမြင်သစ်တွေ တွေ့ရနိုင်မယ့်မြို့လေး၊ ဘော်ဆိုင်းမြို့စား ဦးစစ်ဟန်အုပ်ချုပ်ခဲ့တဲ့မြို့၊ ဗိသုကာလက်ရာပညာရှင် တွေကို အစပြုမွေးထုတ်ပေးခဲ့တဲ့ ဘော်ဆိုင်းတောင် ပေါ်မြို့လေးကို ပြည်တွင်း/ပြည်ပခရီးသွားနဲ့ စည်စည်ကားကား ရှိလာစေချင်တဲ့ ဆန္ဒနဲ့အတူ အခါ အခွင့်ကြုံရင်လည်း စာရေးသူအနေနဲ့ နောက်ထပ် တစ်ခါ သွားရောက် လည်ပတ်ချင်ပါသေးတယ်။ Travelling_Journal/Vol_1_Issue_5
Contine Reading
By - Admin / 13-10-2018
MICE_ကိုမျှော်နေရတဲ့မင်းနေပြည်တော်

MICE_ကိုမျှော်နေရတဲ့မင်းနေပြည်တော်

ယဉ်ယဉ်လှ လက်ရှိနေပြည်တော်ဟိုတယ်ဇုန်များအနေဖြင့် အခမ်းအနားများနှင့်ဆွေးနွေးပွဲများကိုသာ မှီခိုရပ် တည်နေသည့် အနေ အထားဖြစ်နေလာရသည်ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဟိုတယ်လုပ်ငန်းရှင်များက ပြောကြား လာသည်။ နေပြည်တော်တွင် ဟိုတယ်ဇုန် အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃)ဟူ၍ရှိရာ ယင်း ဇုန်များတွင်ရှိသော ဟိုတယ်များ၏ လုပ်ငန်းလည်ပတ်မှုမှာ တဖြည်းဖြည်းကျဆင်းလာနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကျဆင်းနေမှုများနှင့်အတူ ဟိုတယ်လုပ်ငန်းလည်ပတ်မှုမှာလည်း နေရာ အနှံ့များ၌ကျဆင်းနေခြင်းပင်ဖြစ်သည်။ လက်ရှိကာလများတွင် နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းရှင်များမှာ MICE ဟုခေါ်ဆို သော တွေ့ဆုံဆွေးနွေးပွဲများ၊ ဆွဲဆောင်မှုများ၊ ညီလာခံအခမ်းအနားများ၊ ပြပွဲကြီးများ ခင်းကျင်း ပြသမှုများပေါ်သာ မှီခိုနေရသည့်အနေအထား များတွင်သာရှိနေပေသည်။ နေပြည်တော်ရှိ ဟိုတယ်များ၏ အသက်ရှင် သန်မှုအနေအထားများမှာ အမှန်တကယ်အား ဖြင့် MICE ကို မျှော်နေရသည့် အနေအထားများ ကိုသာ ရောက်ရှိနေရသည့် အခြေအနေများ ဖြစ်နေပြီဟု ဟိုတယ် လုပ်ငန်းရှင်များက ညည်းတွားလာကြပြီဖြစ်သည်။ ထို့ကြောင့် နေပြည်တော်ကို တစ်ညအိပ် ခရီးစဉ်များအဖြစ် ပြည်တွင်းပြည်ပခရီးသွားများ လာရောက် အပန်းဖြေနိုင်မည့် ခရီးစဉ်ဒေသတစ်ခုဖြစ်အောင် ယခင်ဟိုတယ်ခရီးဝန်ကြီးဌာနလက်ထက်၌ ကြိုးစားခဲ့ဖူး သော်လည်း အိမ်မက်တမျှပင် ဝေဝါးသွားခဲ့ပြီဖြစ်သည်။ လက်ရှိနေပြည်တော်တွင် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်စသည့် အထင်ကရ နေရာများအပါအဝင် လည်ပတ်စရာ နေရာ(၂၀)ဝန်းကျင်ရှိသလို ဗုဒ္ဓ ဂါယာ ပုံစံတူကိုလည်း တည်ဆောက် ထားသေး သည်။နေပြည်တော်ကို တစ်ထောက်နား၍ ခရီးစဉ် ဒေသတစ်ခုဖြစ်လာအောင်တစ်ညနားပြီး မန္တလေး၊ ပုဂံများကို သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်များဖြစ်လာအောင် ဝန်ကြီးဌာနက ဦးဆောင် ပြီး စိတ်ဝင်စားသည့် ခရီးသွားကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ “ နေပြည်တော်ကို တစ်ညအိပ်နားနေနိုင်တဲ့ မြို့တော်အဖြစ် အရင်ဝန်ကြီးဌာန လက်ထက်က ဆောင်ရွက် ခဲ့သေးတယ်။ အဲဒါကို ပြန်လုပ်နိုင်မယ် ဆိုရင် နေပြည်တော်ဟိုတယ်ဇုန်တွေရဲ့ ရှင်သန်မှုက ပြန်ကောင်း လာမယ် ထင်ပါတယ်၊ ပြီးတော့ ရန်ကုန်-ဘန်ကောက်-နေပြည်တော်၊ ဘန်ကောက်-နေပြည်တော်-ရန်ကုန်စတဲ့ လေကြောင်း လိုင်းပြေးဆွဲပေးနိုင်ရင်တော့ နေပြည်တော်ဟာ ပြန်စည်ကားလာမှာပါ။ အောင်မြင်မယ်လို့ ယုံ ကြည်ပါတယ်” ဟု နေပြည်တော်ဟိုတယ်ဇုန်မှ တွဲ ဖက်အတွင်းရေးမှူး(၂)ဦးသိန်းထွေးက ပြောသည်။ လက်ရှိနေပြည်တော်တွင် ဟိုတယ် (၆၄)လုံး ရှိပြီး အခန်းပေါင်း (၅၀၀၀)ကျော်ရှိသည်။ မြန်မာ နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းနှင့် အာဆီယံအစည်းအဝေးကာလများတွင် ဟိုတယ်လုပ်ငန်းများမှာ အားကောင်းခဲ့ပြီး ယင်းကာလများကို လက်ရှိတွင် ပြန်လည်လွမ်းမောနေရပြီဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ချို့က ပြောသည်။ ယခုကာလများတွင် ဟိုတယ်တစ်ချို့သာ အဆင်ပြေမှုများရှိနေပြီး အများစုမှာ ဧည့်သည် ဝင်ရောက်မှု နည်းနေခြင်းကြောင့် ဟိုတယ်လုပ်ငန်းများကို ရပ်နားထားရမည့်အနေအထားများဖြင့် အခြေအနေများ ရှိလာနေပြီဖြစ်သည်။ ဟိုတယ်များ လုပ်ငန်းမကောင်းလို့ အရှုံးပေါ် နေရသော်လည်း ဟိုတယ်တည်ဆောက်သည့် လုပ်ငန်းများ မှာလည်း ပုံမှန်အတိုင်း ရှိနေသလို ဟိုတယ်တည်ဆောက်ခွင့် တင်ပြထားမှုမှာလည်း နည်းခြင်းများခြင်းမရှိပဲ ဝန်ကြီးဌာနသို့ ပုံမှန် တင်ပြထားသည့်အနေအထားများရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအနေအထားများ၌ နေပြည်တော်တွင် နိုင်ငံတကာပွဲများနည်းပါးလာခြင်း၊ ပြည်တွင်းပွဲများ နည်းပါးလာခြင်း၊ ကျောက်မျက်ပြပွဲ များတွင် ဧည့်သည်လာရောက်မှုနည်းပါးလာ ခြင်းကြောင့် နေပြည်တော်၏ ဟိုတယ်လုပ်ငန်းမှာ အကျဘက်ကို ဦးတည်ရောက်ရှိလာနေသည်။ “ နေပြည်တော်မှာ ဟိုတယ်(၆၅)လုံး Register လုပ်ထားတာထဲမှ (၄၇)လုံးလောက်ပဲ လုပ်ငန်း လည်ပတ် နေပါတယ်၊ တစ်ချို့ဟိုတယ်တွေဆိုရင် ဒေါ်လာသန်းနဲ့ချီပြီး အရှုံးပေါ်တယ်။ လုပ်ငန်းရှင် အကြီးစားတွေဆို နေပြည်တော်မှာ အစည်းဝေးပွဲ လုပ်ဖို့ လုံးဝစိတ်မဝင်စားဘူး။ တစ်ခြားစီးပွားရေး တွေလည်း ကြပ်တည်းနေတဲ့ အချိန်မှာဆိုရင် ဒီ လုပ်ငန်းကြီးက ရှုံးနေတဲ့အတွက် အရမ်းကြီး Focus လုပ်ပြီးတော့ လုပ်တာ နောက်ပိုင်း သိပ် မရှိဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းက နေပြည်တော်မှာ ကျောက်မျက်ပွဲရှိတဲ့အတွက် တစ်ချို့ဟိုတယ် လေးတွေ အသက်ရှူချောင်ပါတယ်။ အဲဒီလိုမျိုးကလည်း လတိုင်းမရှိပါဘူး ”ဟု နေပြည်တော်ဟိုတယ်ဇုန်မှ ဥက္ကဋ္ဌ ဦးသန်းထွဋ်က ပြောသည်။ ထို့ကြောင့် နေပြည်တော်နယ်မြေကို ဆွဲ ဆောင်ပြီး MICE ဈေးကွက်ကို ပြန်လည်ရှင်သန် လာအောင် ဆောင်ရွက်ဖို့လိုနေပြီဖြစ်သည်။ ရှိပြီးသား အထင်ကရနေရာများဖြစ်သည့် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ် စသည့်နေရာများကို အဆင့်မီပြပြင်ရမည်ဖြစ်သလို နေပြည်တော်အနီး ဝန်းကျင်ရှိ ဆင်စခန်း၊ ရေပူစမ်းနှင့် ကျေးရွာများ၏ ကျေးလက်သဘာ၀ အလှတရားများကိုဆွဲဆောင် ဖန်တီးကာ ဧည့်သည် ပိုမိုရောက်ရှိလာအောင် ဖန်တီးပေးရမည်ဖြစ်သည်။ လက်ရှိရင်ဆိုင်နေ ရသည့် နေပြည်တော်၏ ဟိုတယ်လုပ်ငန်းများ၏ စိန်ခေါ် နေမှုများကို တစ်ဦးချင်းတစ်ယောက်ချင်း လုပ်လို့မရသလို ဝိုင်းဝန်းအဖြေရှာမှသာ ရရှိလာ မည်ဖြစ်သည်။ ထို့ကြောင့် နေပြည်တော်ဟိုတယ်ဇုန်များ၏ အနာဂတ်ရှင်သန်မှုများသည် MICE ဈေးကွက် ဖွံ့ဖြိုးလာအောင်ဆောင်ရွက်သွားဖို့ လိုသလို တစ်ညအိပ်နားနေနိုင်သည့် မြို့တော်အဖြစ် ပြန်လည် အသက် သွင်းလာနိုင်အောင်လည်း ဝိုင်းဝန်းအဖြေရှာဖို့ လိုအပ်နေပြီဖြစ်ပေသည်။ Travelling_Journal/Vol_1_Issue_3/Photo_Hilton Hotel NayPyiTaw
Contine Reading
By - Admin / 31-07-2018
ရွှေပင်လယ်ခရီးကြမ်းကိုဖြတ်ကျော်ကာဆလုံရွှာလေးဆီသို့…..

ရွှေပင်လယ်ခရီးကြမ်းကိုဖြတ်ကျော်ကာဆလုံရွှာလေးဆီသို့…..

ဇော်ဝင်းချို(ဧည့်လမ်းညွှန်) ခရီးသွားဧည့်သည်တွေပါးတဲ့ ရာသီရောက်လာရင် ကျွန်တော်တို့ ပုဂံညောင်ဦးမှ ဧည့်လမ်းညွှန် မောင်နှမ တစ်စုတို့ ဒေသန္တရဗဟုသုတလည်းဖြစ်၊ အပန်းဖြေရန်လည်းအလို့ငှာ၊ ခရီးသွားဖို့ရာ လှုပ်လှုပ်ရွရွ ဖြစ်လာကြ ပါပြီ။ ပြီးခဲ့တဲ့နှစ်က Oversea ပြည်ပခရီးစဉ်ထွက်ထားလို့ ဒီနှစ်တော့ ပြည်တွင်းခရီးစဉ်တစ်ခု ထွက်ရန် စဉ်းစားခဲ့ ကြပါတယ်။အများဆန္ဒအရ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ တနင်္သာရီတိုင်းဌာနီ၏ ကော့သောင်း မြို့လေးဆီသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ် ခဲ့ကြပါသည်။ လေယာဉ်ဖြင့်သွားလျှင် လူတော့သက်သာမည်။ သို့သော်လည်း လမ်းဘေးဝဲယာ တစ်လျှောက်မှာရှိတဲ့ တနင်္သာရီ တိုင်းဌာနီ၏ သဘာဝတောတောင်၊ အလှအပနှင့် လူနေမှုစရိုက်တို့ကို တွေ့မြင်ရတော့မည်မဟုတ်ပေ။ ဒီတော့လည်း ပင်ပန်းမှန်းသိပေမဲ့ သဘာဝပတ်ဝန်းကျင်အလှ အပများကို ကြည့်လိုခံစားလိုသည့်အတွက်၊ ခရီး စဉ်ကို (၄၅)ယောက်စီး Aircon Tourbus ဖြင့် သွားရောက်ရန် စီစဉ်လိုက်ကြပါသည်။ ခရီးလမ်းတစ်လျှောက်မှာတွေ့ခဲ့တဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ရဲ့ သဘာဝအလှတရားများကို လေ့လာ ခဲ့ပြီးတဲ့ နောက်မှာတော့ တနင်္သာရီတိုင်းကို ဆက်လက်ခြေဆန်ခဲ့ကြပါတယ်။ ကိုယ်တွေရဲ့ အဓိကခရီးစဉ်က လန်ပိကျွန်းနှင့် ဆလုံရွာတွေကို သွားရောက် လည်ပတ်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ကို သွားဖို့အတွက် ညအိပ် တည်းခိုတဲ့ ဟိုတယ်ကနေ မနက်လေးနာရီခွဲမှာ ကား နဲ့အောင်ဘာရွာကို စတင်ထွက်ခွာခဲ့ကြပါတယ်။ ကော့သောင်းနှင့် အောင်ဘာရွာမှာ မိုင်(၅၀)ခန့်ဝေးပြီး နှစ်နာရီကြာမျှမောင်းရပါသည်။ အောင်ဘာရွာဘက်သို့ ချိုးဝင်ပြီး ခဏအကြာတွင် သစ်သားတံတားတစ်ခုကိုတွေ့ရပြီး ကျွန်တော်တို့ရဲ့ (၄၅)ယောက်စီး ဘတ်(စ်) ကား၏ဝန်ကို ခံနိုင်ရည်မရှိလောက်သည့်အတွက် Light Truck ငှားပြီး ကျန်ခရီးကို ဆက်ခဲ့ရပါသည်။ အောင် ဘာရွာ အနီးရောက်သည်နှင့် သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေနှင့် စိမ်းစိုစိုသစ်ပင်များ၏ လှပသောရှုခင်း များက ကျွန်တော်တို့ကို ကြိုဆိုနေပါသည်။ အောင်ဘာရွာဆိပ်ကမ်းမှသည် ရွှေပင်လယ်ခရီး ကြမ်းကို စတင်ရပါ တော့မည်။ ကျွန်တော်တို့အဖွဲ့အတွက် စက်လှေနှစ်စီးစီစဉ်ထားကာ စက်လှေများမှာ သစ်သားဖြင့်ပြု လုပ်ထားပြီး အရွယ် အစားမှာ လူ (၁၂)ယောက်စီး အနေအထားပင် ဖြစ်ပါသည်။ ပုဂံမှ Sunset View ကြည့်သည့် လှေအရွယ်အစား လောက်ဖြစ်ပြီး ၎င်း တို့စက်လှေများမှာ ပင်လယ်လှိုင်းကို ဖြိုခွင်းရမည် ဖြစ်သည့်အတွက် လှေဦးများကို ချွန်ထားပါသည်။ စက်လှေတွင် မော်တော်ကားအင်ဂျင်ကို တပ်ဆင် ထားပါသည်။ စက်လှေများဖြင့် စတင်ထွက်ခွာလာပါပြီ။ရှေ့ကိုလှမ်းမျှော်ကြည့်ရာတွင် ရေပြာပြာပင်လယ် ထဲမှထိုးထွက်လာပြီး စိမ်းလဲ့လဲ့သစ်ပင်များဖြင့် အုပ်ဆိုင်းနေသည့် မြင့်မားလှပသော ကျောက်ဆောင် ကျောက်တန်းများ တန်ဆာဆင် ထားသည့် ကျွန်းစုလေးများကို ဟိုနေရာတစ်စု ဒီနေရာတစ်စု တွေ့မြင်နေရပါသည်။ ကျွန်တော်လည်း စက်လှေအကူ ဆရာကို လှမ်းမေးလိုက်ပါသည်။ “ဟိုရှေ့မှာ လှမ်း မြင်နေရတာက ဘာကျွန်း လဲဗျ”“အဲဒါငှက်သိုက်ကျွန်း ဆရာ”“ကျွန်တော်တို့ကို အဲဒီကျွန်းနားက ကပ် မောင်းပေးပါလား”အကူဆရာမှ စက်လှေမောင်းနေသော ဆရာအား ငှက်သိုက်ကျွန်းဘက်သို့ ဦးတည်မောင်းရန် လက်ဟန် ခြေဟန်ဖြင့် ပြလိုက်ပါသည်။ စက်လှေလည်း မကြာခင်မှာ ငှက်သိုက်ကျွန်း ဘေးသို့ရောက်ရှိပါတော့သည်။ မနှစ်က ကျွန်တော်တို့အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟာလောင်ဘေသို့ ရောက်ရှိခဲ့ပါသည်။ ယခုတွေ့မြင်နေရသည့် ကျွန်းစုများနှင့် ခပ်ဆင်ဆင်ပင် ဖြစ်ပါသည်။ ဟာလောင်ဘေတွင် ၎င်းကျွန်းစုများသို့ ညအိပ်လည်ပတ်ရန် အိပ်ခန်းနှင့် စားသောက်ခန်းများ ပါသော သင်္ဘောအစီး (၃၀၀)ခန့်ရှိသည်ဟု သိရပါသည်။ ကော့သောင်းအနီးရှိ ကျွန်းစုများသို့ အိပ်ခန်းပါ သင်္ဘောကြီးများဖြင့် လည်ပတ်နိုင်အောင် စီစဉ်ပေးလျှင် ခရီးသွားလုပ်ငန်းအတွက် အကျိုးစီးပွားများ ဖြစ်ထွန်း နိုင်ပါသည်။ ကော့သောင်းအနီးရှိ ကျွန်းစုကလေးများသည် သဘာဝအလှလုံးဝမပျက်စီး သေးသော Virgin Island များ ဖြစ်ပါသည်။ စက်လှေအကူဆရာမှ “ ဟိုရှေ့က မြင်နေရတဲ့ ကျောက်ဆောင် နံရံရဲ့အတွင်း လိုဏ်ဂူမျက်နှာကျက်မှာ ငှက်သိုက်တွေ လုပ်ကြတာဗျ။ အမြင့်ပေ (၄၅၀)လောက်ရှိလိမ့် မယ်။ ငှက်သိုက်စုဆောင်းတဲ့ ရာသီချိန်ကြရင် ဒေသခံတွေက ငြမ်းတွေဆင်ပြီး သက်စွန့်ဆံဖြား ခက်ခက်ခဲခဲတက်ပြီး ခွာကြရတာ လွန်ခဲ့တဲ့ ခရီး သွားရာသီက ဂျပန်အင်ဂျင်နီယာတစ်ဖွဲ့ လာသွားပြီး ဒေသခံတွေ ကျောက်တောင်ကြီးပေါ်တက်ဖို့ ဘယ်လိုငြမ်းဆင်တယ် ဆိုတာကို လငိနသ ရိုက်ပြီး မှတ်တမ်းလာတင်သွားတယ်” ဟု ပြောပြပါသည်။ တစ်နာရီခွဲလောက်မောင်းအပြီးမှာတော့ ပထမဆုံးရပ်နားမည့် ၁၁၅ Island ကို လှမ်းမြင် နေရပါပြီ။ ရောက်ခါနီး လေပင်လယ်ရေပြင်၏ အရောင်မှာစိမ်းလိုက်ပြာလိုက် တစ်ခါတစ်ရံနေ ရောင်ခြည်အောက်မှာ ပတ္တမြားရောင်သန်းကာ စိန်ပွင့်လေးများလို တလက်လက်တောက်ပနေပြီး ပင်လယ်ရေမျက်နှာပြင်အောက်မှ ဖြူလွှလွှကြမ်းပြင်ကိုလည်း တွေ့မြင်နေရသည့်အတွက် ကျွန် တော်တို့ဧည့်လမ်းညွှန်များအဖို့ အံ့သြပျော်ရွှင်မှင် သက်ကြည်နူးနေမိကြပါသည်။ ဒီလိုလှပတဲ့ ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအမွေ အနှစ်တွေကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရသည့် အတွက်လည်း ဝမ်းသာပီတိဖြစ်မိရပါသည်။ ကျွန်းကိုဆိုက်ကပ်သည်နှင့် လှေပေါ်မှဆင်း Umsnork Elling လုပ်ရန်အတွက် လိုအပ်သောဝတ်စားဆင် ယင်မှုများကို ပြုလုပ်ကြရပါသည်။ အသက်ရှူကိရိယာနှင့် ရေအောက် ကြည့်မျက်မှန်များကို တပ် ဆင်ကာ ရေအောက်ကမ္ဘာရဲ့ အလှအပသက်ရှိ သတ္တဝါများကို ကြည့်ရှုခဲ့ကြပါသည်။ အဖြူရောင်ငါးအုပ်စုလိုက်ကလေးများ၊ ရွှေရောင်ငါးလေးများနှင့် သံပခြုပ်များကို တွေ့မြင်ခဲ့ရပါသည်။ ပျော်ရွှင် မြူးတူးစွာ ရေကူးခဲ့ကြပါသည်။မပျက်စီးသေးသော သန့်ရှင်းလှပသော ကျွန်းကလေးကို လက်ပြနှုတ်ဆက်ပြီး နေ့လယ်စာထမင်းစားရန် ညောင်ဝီးရွာကလေးဆီသို့ ဆက်လက် ထွက်ခွာခဲ့ကြပါသည်။ နေ့လယ်စာကို ပင်လယ်စာလတ်လတ်ဆတ် ဆတ် Fresh Seafood များဖြင့် စားသုံးခဲ့ရပါသည်။ ကင်းမွန် ကတော့ ဒေသခံများ၏ အဓိကအစားအစာ ဖြစ်ပါသည်။ စားလို့လည်းမြိန်ပါသည်။ ထမင်းစား အပြီးမှာတော့ သဘာဝအမွေအနှစ်လန်ပိကျွန်း သို့စက်လှေဖြင့် ဆက်လက်ထွက်ခွာခဲ့ပါသည်။ မနက်ပိုင်းတစ်လျှောက်လုံး ရာသီဥတုကောင်းလာသမျှ နေ့လယ်ပိုင်းတွင် လေပြင်းများတိုက် ခတ်လာ ပါသည်။ကျွန်တော်တို့၏ စက်လှေကလေးမှာလည်း အပြောကျယ်လှသော ပင်လယ်ပြင်ကြီး၏ အလယ် ရှိကြီးမားသော လှိုင်းလုံးကြီးများပေါ်တွင် နိမ့်ချည် မြင့်ချည်ဖြင့် အံတုမောင်းနှင်နေရပါသည်။ တစ်ခါ တစ်ရံ လှိုင်းလုံးကြီးများနှင့် စက်လှေဦးတို့ဖြိုခွင်း စဉ်ပြန့်လွင့်လာသော ရေစက်ရေမှုန်များမှာ ကျွန်တော်တို့၏ ခန္ဓာကိုယ်များကို လာရောက်နှုတ်ဆက် နေကြပါသည်။ အားလုံးကို သတိပေးရပါသည်။ အသက်ကယ် အင်္ကျီများဝတ်ဆင်ထားကြရန်ပေါ့။ တစ်ချို့က မျက်နှာပျက်နေကြပါသည်။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် ခေါင်းဆောင်လာသူမို့ ဟန်ဆောင်နေရသော်လည်း အနည်းငယ်စိတ်ပူလာမိပါသည်။ လတိုင်း၏ ပါးစပ်ဖျားတွင်လည်း တလှုပ်လှုပ်ဖြင့် အန္တရာယ်ကင်း ပရိတ်တော်များရွတ်ဖတ် နေကြပါသည်။ ကျွန်တော်လည်း သံဗုဒ္ဓေဂါထာကို ရွတ်ဖတ်နေစဉ် အစ၊ အလယ်၊ အဆုံးအစဉ်မကျ ဘဲ ဟိုရောက်ဒီရောက်ဖြင့် ပေါက်ကရဖြစ်နေ သည်ကို သတိပြုမိပါသည်။ အင်း ..ငါ ဆတ်ဆော့တာ တစ်ခုခုဖြစ်ရင်တော့ မျက်နှာမရ ခြေထောက်ရ ဖြစ်တော့မှာဘဲဆိုပြီး စိတ်ပူပန်မိလာပါသည်။ ဒါနဲ့စက်လှေအကူ ဆရာကိုလှမ်းခေါ်လိုက်ပါသည်။ ကျုပ်တို့ဆက် မောင်းလို့ဖြစ်ပါ့ မလား၊ ဟိုရှေ့မှာမြင်နေရတဲ့ ကျွန်းကလေးမှာ သွားကပ်ရင်မကောင်းဘူးလားဆို ပြောလိုက်တော့ သူက စိတ်ဆိုးပြီး အဲဒါ ကျုပ်တို့ဆီမှာ တော့ လှိုင်းလို့ကိုမခေါ်သေးဘူးဗျ။ ကျုပ်တို့ အလုပ် ကျုပ်သိတယ်။ ဘာမှမဖြစ် စေရဘူး၊ ဒီပင်လယ်ကြီးထဲမှာ စက်လှေမောင်းလာတာ နှစ်သုံးဆယ်ကျော်ပြီ အသက်နဲ့လဲပြီး တာဝန်ယူတယ်တဲ့။ ကျွန်တော်လည်း ဆက်မပြောရဲတော့။ ဒီလိုနဲ့ နိမ့်ချည်မြင့်ချည် တစ်ခါတစ်ရံ အော်လိုက်ကြနဲ့ပဲ၊ တစ်နာရီ လောက် မောင်းအပြီးမှာတော့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သို့ ရောက်ရှိပါတော့သည်။ ရောက်ရှိသည်နှင့် ဖြူလွှလွှ သဲသောင်ပြင်ပေါ်သို့ ဆင်းလမ်းလျှောက်ကြပါသည်။ လန်ပိကျွန်း၏ သစ်တောများမှာ အုံ့ဆိုင်း ထူထပ်စိမ်းစိုလှပ နေပါသည်။ ကျွန်တော်တို့ရဲ့ဧည့်လမ်းညွှန်ကိုသော်ဇင်မှ လန်ပိကျွန်းအကြောင်းကို ရှင်းပြပါတယ်။“လန်ပိရဲ့အကျယ်အဝန်းပမာဏက စင်ကာပူ နိုင်ငံနီးပါးမျှရှိပြီး လန်ပိအဏ်္ဏဝါအမျိုးသားဥယျာဉ်ကို (၁၉၉၆)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၎င်းကျွန်းပေါ်ရှိ Mangroves ချောင်း တွေထဲတွင် စပါးကြီး မြွေများကို တွေ့နိုင်ကြောင်း၊ အောက်ချင်းငှက်အပါအဝင် ငှက်မျိုးစိတ် (၂၂၈) မျိုးခန့်ရှိပြီး ငှက်ကြည့် ဝါသနာရှင်များအတွက် ကောင်းမွန်သော Eco-Tourism Toursite တစ်ခု ဖြစ်ကြောင်း အခြားတွေ့နိုင်သော ကုန်းနေသတ္တဝါများမှာ သင်းခွေချပ်နှင့် မျောက်တို့ဖြစ်ပြီး ရေနေသတ္တဝါများမှာ လင်းပိုင်နှင့်လိပ်မျိုးစိတ်များ ဖြစ်သည်” ဟုပြောပြပါသည်။ ဆက်လက်၍ စက်တပ်ရွက်လှေစီးသမားတွေကတော့ Sunset နှင့် အောက်ချင်းငှက်တွေ အိပ်တန်းအပြန်ကို စောင့်ကြည့်ကြပြီးကျွန်းပေါ်မှာ Camp ထိုးအိပ်ကြတယ်။ လန်ပိကျွန်းရှိ ချောင်း တွေထဲမှာ Kayat လှေလှော်ခြင်းများ Snorkeling လုပ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်းရှင်း ပြပါသည်။ ဓာတ်ပုံရိုက်ပြီးသည်နှင့် ခရီးစဉ်၏ အဓိကရည်မှန်းချက်ဖြစ်သည့် ဆလုံကျေးရွာသို့ စက်လှေများဖြင့် ဆက်လက်ထွက်ခွာခဲ့ပါသည်။ ဆလုံရွာ၊ မကြုံဂလက်အနီးကိုရောက်သည် နှင့် မြင်ကွင်းက ပြောင်းလဲသွားပါတော့သည်။ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအတွင်း အတော်လေးခရီးရောက်ခဲ့ပြီး များသောအားဖြင့် ခရီးသွားစက်လှေကြီးများ၊ ကင်းမွန်ဖမ်းနေသော စက်လှေကြီးများကိုသာ တွေ့နေရာမှ အင်မတန် သေးငယ်လှပြီး တစ်လုံးတည်းသော သစ်ပင်ကို ထွင်းထုပြီးလုပ်ထားသည့် ကနူးလှေကလေးကို လှိုင်းလုံးကြီးများပေါ်တွင် နိမ့်ချည်မြင့်ချည်ဖြင့် လှုပ်ရှားနေသည်ကို တွေ့လိုက်ရပါသည်။ လှေကလေးပေါ်တွင် အဘိုးအိုတစ်ဦးနှင့် အပေါ်ပိုင်းတွင် မည်သည့်အကျီမျှ ဝတ်ဆင်မထားပဲ ဗလာကျင်းနေသည့် အဘွားအိုနှင့် သူတို့၏ မြေးဖြစ်ဟန်တူသော ကလေးငယ်ကိုတွေ့လိုက်ရပါသည်။ စက်လှေကို လှေကလေးအနီးကပ်၍ မောင်းလိုက်ပါသည်။ စက်လှေဆရာက “ကဲ ခင်ဗျားတို့တွေ့ချင် လှပါတယ်ဆိုတဲ့ ဆလုံလူမျိုးနွယ်တွေပဲဗျား”ဟု အော်ပြောပါသည်။မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်ထဲမှာ ခဏခဏမက်ခဲ့ရတဲ့ ဆလုံလူမျိုးနွယ်စုများကို ဒီကနေ့ အနီးကပ် တွေ့မြင်ခဲ့ရပါပြီ။ လှေပေါ်တွင် ရေနွေးအိုးတစ်လုံး၊ မီးဖိုနှင့် ခွေးတစ်ကောင်ကိုလည်း တွေ့ရပါသည်။ ကျွန်တော်တို့မ ှလက်ဟန်ခြေဟန်ဖြင့် ဖမ်းမိထားသောငါးများကို ပြပါဟုပြောရာ ကင်းမွန်များကို ကိုင်မြှောက် ပြပါသည်။စက် လှေအကူဆရာမှာ လူရည်လည်ပြီး ဗဟုသုတ လည်းရှိပုံရသည်။ သူ့ရဲ့ဆလုံလူမျိုးတို့အကြောင်း တစ်စေ့တစ်စောင်းကို စတင်ပြောပြပါတော့သည်။ “ဆလုံတိုင်းရင်းသားတွေက သူတို့ကို မော်ကင်း (Mawken)၊ မိုကန်း၊ ထိုင်းလိုမျိုးခေါ်တာကို ပိုကြိုက်တယ်ဗျ။ ရိုးသားတဲ့ လူမျိုးတွေပေါ့။ ပင်လယ်ပြင်ကြီးက သူတို့အတွက် လိုတရဖြည့် ဆည်းပေးနေတာပေါ့။ လှေပေါ်မှာ ပဲနေကြတယ်။ ရေငုပ်ကျွမ်းကျင်တယ်။ တစ်နာရီလောက်ကြာအောင် ရေအောက်မှာနေပြီး ပင်လယ်ခရု၊ ကမာ၊ မုတ်ကောင်များကို ရှာဖွေကြတယ်။ ကျွန်တော်တို့ မြို့ကြီးပြကြီးများမှာ ဈေးကြီးပေးဝယ်စားနေရတဲ့ Seafood ကို သူတို့တွေကတော့ လတ်လတ်ဆတ် ဆတ်ဖမ်းယူစားသောက်နိုင်ကြတယ်” “ဒါဆိုရင် Seafood တွေပဲစားပြီး အသီး အရွက် ကြမစားတော့ဘူးလား”“စားတာပေါ့ ဆရာ။ ကျွန်းတွေပေါ်မှာ သဘာဝအရပေါက်တဲ့ ဆလတ်ရွက်တို့၊ ကန်ဇွန်း ရွက်တို့ရှိတယ် ဆရာ။ ပြီးတော့ ဆီအသုံးနည်းပြီး ရေလုံပြုတ်စားတာများတယ်”သြော် …ဒါကြောင့်လည်း မော်ကန်လူမျိုးတွေ ကျန်းမာပြီး ပိန်ပိန်ပါးပါးဖြင့် အဝလွန်သူများကို မတွေ့ခဲ့ရခြင်းပင် ဖြစ်သည်ဟု သတိပြုလိုက်မိ ပါသည်။ ကျွန်တော်က မေးလိုက်တယ်။“ဆရာရေ …ကျွန်တော်ကြားဖူးတာတစ်ခု ရှိတယ်။ ဆလုံလူမျိုးတွေက ကလေးမွေးလာရင် ရေထဲကိုပစ်ချတယ်။ ရေပေါ်ပြန်ပေါ်လာမှ ပြန်ကောက်ယူမွေးတယ်ဆို။ အဲဒါဟုတ်သလားဆရာ”“မဟုတ်ပါဘူးဗျာ။ ချက်ကြိုးဖြတ်ပြီးတာနဲ့ ရေထဲကို နှစ်စက္ကန့်လောက် နှစ်လိုက် ပြန်ဖော် လိုက်နဲ့ သုံးကြိမ်လောက် လုပ်တာပါ။ ကလေးတွေ ရေကို မကြောက်စေဖို့နဲ့ ရေကူးကျွမ်းကျင်စေဖို့ အတွက်ပေါ့ဗျာ။ ဒါပေမဲ့ ခုချိန်မှာ တစ်ချို့မိသား စုတွေလောက်ပဲလုပ်ကြပါတော့တယ်” ဟု ပြောပြ ပါသည်။ “သူတို့တတွေက လှေပေါ်မှာပဲနေကြတော့ လေပြင်းတိုက်တဲ့အခါ မုန်တိုင်းရှိတဲ့အခါ ဘယ် လိုနေကြလည်းဗျ”သူတို့က မိုးလေဝသသတင်းနားထောင်ဖို့ မလိုဘူး။ ပင်လယ်ပြင်ကြီးရဲ့ အချိန်နဲ့အမျှပြောင်း လဲလာတဲ့ သဘာဝ တရားတွေကို ကြည့်ပြီး ကြိုတင် ခန်းမှန်းပြီးရှောင်တိမ်းနိုင်ကြတယ်။ ဒါပေမဲ့လည်း မိုးတွင်းလို ရာသီဥတု ဆိုးရွားတဲ့အခါမျိုးမှာတော့ နီးစပ်ရာကျွန်းများပေါ်တွင် ခြေတန်ရှည်ဝါးတဲ များတည်ဆောက်ကာနေထိုင်ခြင်း၊ ဂူများအတွင်း ဝင်ရောက်နေထိုင်တတ်ကြသည်ဟု ပြောပြပါသည်။လူသေရင်ကော၊ အဓိက ကတော့ နတ်ဆရာ ကပဲ ဦးစီးကျင်းပပါတယ်။ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်၊ မျောက်တို့ ကို ယစ်ပူဇော်ပါတယ်။ မင်္ဂလာဆောင်မှာလည်း နတ်ဆရာကပဲ ဦးစီး ကျင်းပပါတယ်။ နတ်ကိုးကွယ်မှု အဓိကဖြစ်ပါတယ်။ ခုဆိုရင် ဗုဒ်္ဓဘာသာ၊ သာသနာပြု ဘုန်းတော်ကြီးကျောင်း တွေလည်း ဆလုံရွာတွေမှာ ရှိနေပါပြီဟ ုပြောပြပါသည်။ ကျွန်တော်တို့စက်လှေလည်း မကြုံဂလက် ဆလုံရွာကမ်းခြေသို့ဆိုက်ကပ်ပါပြီ။ ဆလုံကလေးများမှာ ဆိပ်ခံတံတား အမြင့်ပေါ်မှ နှစ်ပတ်ဂျွမ်း သုံးပတ်ဂျွမ်းများဖြင့် ဒိုင်ဗင်ထိုးကာ ရေထဲသို့ခုန် ချနေပါသည်။ရွာထဲသို့ လှည့်ပတ်ကြည့်ရှုကြပါသည်။ ခြေတန်ရှည်အသားနှင့်ဝါးများဖြင့် တည်ဆောက်ထားသော အိမ်ကလေးများဖြစ်ပါသည်။ အသက်ငါးဆယ်ကျော် ဘွားဘွားများသာ သူတို့ဓလေ့အတိုင်း အပေါ်ပိုင်း အင်္ကျီဗလာကျင်းသော်လည်း လူငယ် ပိုင်းအမျိုးသမီးများမှာ လုံလုံခြုံခြုံယိုးဒယားဖြစ် အဝတ်အထည်များဖြင့် ဝတ်ဆင်ထားကြပါသည်။ဆလုံကျွန်းစုများနှင့် လန်ပိအဏ္ဏာဝါအမျိုးသား ဥယျာဉ်တို့မှာ မကြာခင မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အရေးပါသော Toursite များဖြစ်လာ တော့မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆလုံခေါ်မော်ကင်းလူမျိုးစုများ ၏ လှေပေါ်မှနေ မှိန်းကိုကိုင်ကာ ဒိုင်ဗင်ပြစ်ပီး ငါးဖမ်းသည့်ပုံစံများ၊ ရေထဲတွင် အသက်ရှူကိရိယာမပါပဲ အကြာကြီးရေငုပ်နိုင်ပုံများ၊ ရိုးရာဓလေ့ နတ်ကိုးကွယ်မှုပုံစံများကို Substainable Tourism အတွက် ဒြပ်မဲ့ယဉ်ကျေးမှု (ICH) အနေဖြင့် စနစ် တကျ ထိန်းသိမ်းထား ရမည်သာ ဖြစ်ပေသည်။ ညနေချိန် နေရီညှိုးလာပြီဖြစ်သည့်အလျှောက် ကျွန်တော်တို့လည်း စက်လှေဖြင့် အောင်ဘာရွာသို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။ အပြန်ခရီးတွင် ရာသီဥတုမှာလည်း ထင်သလောက်လှိုင်းမကြီး တော့ပါ။ နေမင်းကြီးမှာ လှပသောပင်လယ်ပြာကြီးအောက်ကို ငုပ်လျှိုး ဝင်ရောက်ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကျွန်တော်တို့ရဲ့သက်စွန့်ဆံဖျားသွားပြီး ရခဲ့တဲ့ထူးခြားသော အတွေ့အကြုံများနဲ့ တနင်္သာရီတိုင်းဌာနီရဲ့ အလှအပသဘာဝတရားများကိုတော့ မေ့ပျောက်၍ရနိုင်မည် မဟုတ်တော့ပါ။ Travelling_Journal/Photo_U Zaw Win Cho
Contine Reading
By - Admin / 07-07-2018
အင်းလေးရေပေါ်ဈေး ပြန်လည်ဖော်ထုတ်ဖို့အချိန်တန်ပြီ

အင်းလေးရေပေါ်ဈေး ပြန်လည်ဖော်ထုတ်ဖို့အချိန်တန်ပြီ

ယဉ်ယဉ်လှ အင်းသားတို့ရဲ့ အထင်ကရအမှတ်အသား တစ်ခုဖြစ်တဲ့ အင်းရေပေါ်ဈေးကို ပြန်လည် အသက်သွင်းဖို့ အင်းလေးအခြေစိုက်လူမှုအဖွဲ့ အစည်းတွေက ကြိုးစားနေကြပါပြီ။ Save The Inle Lake မှ ကိုခင်မောင် လတ်ကတော့ ဒီအင်းလေးရေပေါ်ဈေးကို ပြန်ဖော်ထုတ်ဖု့ိ အချိန်အခါ ကောင်းတစ်ခုလို့ ဆိုပါတယ်။ ရေပေါ်ဈေးဆိုတာ ရေပေါ်မှာသာဈေး လုပ်ရတာမို့ ရေရှိမှလည်း ဖော်ထုတ်နိုင် မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အရင်ကတော့ ရေပေါ်ဈေးဆိုတာက အများသိကြတဲ့ ဟဲယာရွာမဆိုရင် ရေပေါ်ဈေးရှိခဲ့တဲ့ရွာကြီးပဲလု့ိ ဆိုတာပါ။ ဒါပေမဲ့ အခုကတော့ ဟဲယာရွာမဆိုတာ ရေခန်းခြောက်ပြီး ရေမရှိတော့တဲ့ အတွက် ရေပေါ်ကနေ ကုန်းပေါ် ဈေးဖြစ်နေပြီး လက်ရှိဖြစ်နေတဲ့ အနေအထားတွေပါလို့ အင်းလေးအခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပြ ပါတယ်။ ရေထုပမာဏ နည်းပါးလာခဲ့တဲ့အတွက် ဟဲယာရွာမမှာတော့ ရေပေါ်ဈေးကိုပြန်လည်ဖော် ထုတ်လို့မရနိုင် တော့တဲ့ အနေအထားရှိနေတယ်လို့ ကိုခင်မောင်လတ်က ဆိုပါတယ်။ ရေမရှိတဲ့အတွက် ဟဲယာရွာမမှာတော့ ရေပေါ်ဈေးမရတော့ဘူးပေါ့၊ ဒါပေမဲ့ ရေပေါ်ဈေး လုပ်မယ်ဆိုရင် တစ်ခြားမှာလုပ်လို့ရတဲ့ ရေပေါ်ဈေးလုပ်မယ်ဆိုရင် လုပ်လို့ရတဲ့ရွာတွေတော့ ကျန်ပါသေးတယ်။ အဲဒီမှာ လုပ်မယ်ဆိုရင် ရနိုင်ပါတယ်လို့ Save The Inle Lake မှ ကို ခင်မောင်လတ်က ပြောပါတယ်။ ရေပေါ်ဈေးကို ကြေးစားကွင်း၊ နန့်ပန်ရွာ၊ မိုင်းပျိုး၊ ကေလာရွာ စတဲ့ရွာတွေမှာရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ် နိုင်တဲ့ အခွင့်အရေးတွေရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ နံပတ်တစ်ဖြစ်ခဲ့ပြီး ကျော်ကြားခဲ့တဲ့ ရေပေါ်ဈေးကို အတုလုပ်တဲ့သူက ထိုင်းနိုင်ငံက နာမည်ကြီး နေတာပါလို့ အင်းလေးမှာ နှစ် ပေါင်း(၄၀)ကျော်နေထိုင်လာခဲ့တဲ့ လုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။ “ ထိုင်းနိုင်ငံက ရေပေါ်ဈေးကို ရေပေါ်ဈေးနဲ့တူအောင်လုပ်ထားတာကိုး၊ ကိုယ့်နိုင်ငံမှာရှိတဲ့ဟာ တွေကျတော့ ဒါကိုမလုပ်နိုင်ကြဘူး။ တင်ပြခဲ့တာလည်း အတွင်းရေးမှူးဘဝမှာ အကြိမ်ကြိမ်ပါပဲ၊ ရေပေါ်ဈေးကို အသက်ဝင်ဖို့ ကြိမ်ဖန်များစွာပြော ဆိုခဲ့သော်လည်း ထူးမခြားနားပါဘူး။ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့တာလည်း အကြိမ်ကြိမ်ပဲ၊ အစိုးရဌာနကလည်းလုပ်တာပဲ။ ဒါလည်း တက်ပြောသေးတယ်၊ ရေပေါ်ဈေးကိစ္စတွေ၊ အင်း လေးကန် ကိစ္စတွေကို တက်ပြောခဲ့သေးတယ်။ အကြံပြုခဲ့တယ်။ ပြောခဲ့တယ် ။ ကိုယ်တိုင် လည်းလုပ်ခဲ့တယ်၊ ဒါပေမဲ့ ဖိုရမ်တို့ အလုပ်ရုံ ဆွေးနွေးပွဲတွေကပြောပြီး ပြီးရော၊ ပျောက်ထွက် သွားရော” လို့ ပြောလာသူက အင်းလေးအခြေစိုက် လုပ်ငန်းရှင်တစ်ဦးပဲဖြစ်ပါတယ်။ ရေပေါ်ဈေးဘာကြောင့်ပျက်ခဲ့ရတာလဲ တချိန်တုန်းက အင်းလေးရေပေါ်ဈေးလို့ လူသိများခဲ့တဲ့ ဟဲယာရွာမရေပေါ်ဈေးက လွန်ခဲ့တဲ့ နှစ်တစ်ရာခန့် ဝန်းကျင်ကတည်းက ရွာလယ်ရပ်၊ ရွာလည်ချောင်းနှင့် မြောက်ဘက်ရေပြင်မှာ ခင်းကျင်းရောင်းချခဲ့ကြတာလို့ လေ့လာမှတ်သားရပါ တယ်။ အဲဒီလို ခင်းကျင်းရောင်းချလာရာကနေ ရွာလယ်အောက်ဈေးညနေမှာ ရောင်းဝယ်စည်ကားတတ်သဖြင့် “ညခင်းဈေး”ဟု ခေါ်ဆိုခဲ့ကြပြီး (၁၉၇၀) ခုနှစ်မှာ ““အင်းလေးရေပေါ်ဈေး”” ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့လာခြင်း ဖြစ်တယ်ဟု မှတ်တမ်း များမှာဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အင်း လေးရေပေါ်ဈေးဆိုပြီးမရှိတော့ပါဘူး၊ ယခင်က ဟဲယာရွာမမှာရှိခဲ့တဲ့ အင်းလေးရေပေါ်ဈေးက ဘာကြောင့် မရှိခဲ့ရတာလဲဆိုတာကိုလည်း မေ့မထား သင့်ပါဘူး။ ဟဲယာရွာမမှာ ရေမရှိတော့ပေမယ့် ကုန်းပေါ်ဈေးဆိုပြီးလုပ်ဆောင် နေပေမယ့် အတိုင်းအတာ တစ်ခုထိမအောင်မြင် ပါဘူး။ ရေပေါ်ဈေးပြန်လုပ်ဖို့ အစိုးရအဖွဲ့ကနေ ဘတ်ဂျတ်တွေနဲ့ ဆောင်ရွက်နေပေမယ့် တကယ့် အကျိုးထိရောက်မှုကတော့ မရှိသေးတာကိုတွေ့ နေရတယ်လို့ အင်းလေးမှာနေထိုင်သူူတွေက ဆို ပါတယ်။ လက်ရှိမှာတော့ အင်းတိုင်းရင်းသားဝန်ကြီးကတော့ ဟဲယာရွာမမှာလုပ်နေပေမယ့် ဖြစ်မလာသေးပါဘူး။ အရင်က တည်ရှိခဲ့တဲ့ ဟဲယာရွာမမှာ ဆိုပေမယ့် လက်ရှိမှာ ရေမရှိတဲ့အကြောင်းကြောင့် ဖော်ထုတ်လို့ အဆင်မပြေဘူးလို့ သုံးသပ်ပြော ကြားပါတယ်။ “နံပတ်တစ်ပြောချင်တာက ဟိုး အရင်က ရေပေါ်ဈေးဆိုတာ ရှိခဲ့တယ်။ ရေပေါ်ဈေးရှိခဲ့တုန်းက ဘယ်သူတွေဖျက်တာလဲဆိုတာ က အင်းသားတွေပဲဖြစ်တယ်။ အင်းသားတွေပဲပြန်ဖျက်တာ၊ ဘယ်လိုလူလဲဆိုတော့ အမှတ်တရပစ်္စည်းတွေရောင်းချတာ၊ လှေပေါ်မှာ ရှေးဟောင်း ပစ္စည်းရောင်းတဲ့အခါ နိုင်ငံခြားသားတွေက ရေပေါ်ဈေးကို ကြည့်ချင်လို့ ဈေးလာတယ်၊ လာလည် တယ် …၊ လှေတစ်စီးဝင်လာ ရင် လှေတစ်စီးဘေးနားမှာရောင်းတဲ့လှေတွေက လိုက်ပြီးကပ်လိုက်ကာ ရောင်းကြဝယ်ကြတယ်၊ အရောင်းဝယ်လုပ်ကြတာ၊ ရှေးဟောင်းရောင်းတဲ့ လှေတွေက တောက်လျှောက် လိုက်တာ၊ စက်လှေ နားကနေလိုက်တာဖြစ်တယ်။ ဝင်လု့ိထွက်လို့ အဆင်မပြေတော့ဘူး။ တဖြေးဖြေးနဲ့ အဆင် မပြေတော့ဘူး။ ရောင်းတဲ့သူတွေကိုလည်းအပြစ် မတင်ပါဘူး။ ရောင်းလိုက်ရရင် တော်တော်ကိုရ လိုက်တာကိုး၊ တစ်သောင်းတန်ဆိုပေမယ့် တစ်သိန်းလောက်နဲ့ရသွားတော့ တစ်ရွာလုံးက ဒီပုံစံပဲ ဖြစ်လာတယ်။ ဒီဟာရောင်းရင် အဆင်ပြေတယ်၊ တဖြေးဖြေးနဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့သူတွေ ကနောက်ကို ရောက်သွား ကြတယ်၊ ဒီလှေတွေပဲ ဝင်နေတော့ ရေပေါ်ဈေးကနေ တဖြေးဖြေးနဲ့ပျက် ကုန်ကော” လို့ ရေပေါ်ဈေး ပျောက်ကွယ်သွားခဲ့တဲ့ အကြောင်းရင်းတွေကို ပြောပြပါတယ်။ ရေခမ်းခြောက်ခြင်းကလည်းအဓိကအချက် အင်းလေးကန်ထဲကို စီးဝင်လာတဲ့ ရေတွေနဲ့ အတူ နှုံးတွေကြောင့်လည်း ရေထွက်ဧရိယာတွေ ဟာ ကျဉ်းမြောင်း လာခဲ့တယ်။ ရေပေါ်ဈေးလုပ်တဲ့ နေရာကိုလည်း နုန်းတွေတက်လာပြီး ပြီးခဲ့တဲ့ (၂၀၀၈)ခုနှစ်ကနေ (၂၀၁၀)ခုနှစ် အတွင်းမှာ အင်းလေးကန် ရေခန်းခြောက်သွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ကြုံခဲ့ရတယ်။ အဲဒီနားအနီးတဝိုက်လည်း ပက်ကြားအက်တွေ ဖြစ်ကုန်ကြတယ်။ ရေခမ်းသွားတော့ ရေပေါ်ဈေးကလည်း ရေပေါ်ဈေးက မဖြစ်နိုင်တော့ခဲ့ ရတာကလည်း အကြောင်းရင်းတစ်ခုပါပဲ။ ရေပေါ်ဈေးကိုနီးစပ်တဲ့ ဘုရားကုန်းပေါ်နားကို ကပ်ရွေ့လိုက်တယ်။ ကုန်းပေါ်ဈေးလုပ်ပစ်လိုက်တယ်၊ ဟင်းသီးဟင်းရွက် ရောင်းတဲ့သူ တွေက ကုန်းပေါ်တက်ရောင်း၊ လည်ချင်ရင် ကုန်းပေါ်တက်လည်းဆိုတော့ ရေပေါ်ဈေးက ပျောက်သွားကုန်ဖြစ်သွားတယ်လု့ိ အင်းလေး ဒေသခံတွေက ပြောပါတယ်။ နုန်းတွေပြန်ဆယ်ကြမယ် အင်းလေးကန်အတွင်းမှာ ပိတ်ဆို့နေတဲ့နုန်းတွေကြောင့် ကုန်းပေါ်ဈေးဖြစ်ခဲ့ရတဲ့ ရေပေါ်ဈေးကို ပြန်ဖော်ထုတ် ချင်တယ်ဆိုရင် ပွဲတွေ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်မယ့်ကုန်ကျစရိတ်ကို နုန်းဆယ်ယူတဲ့နေရာတွေမှာ အသုံးချလိုက်ဟာ အင်းသားတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ လည်းရရှိစေပါမယ်။ ဒါ့အပြင် နုန်းတွေကို ဆယ် ပါကစက်ယန္တရားတွေကို မသုံးဘူးပဲ စက်ယန္တရား ကုန်ကျမယ့်စရိတ်ကို ကမ်းပေါ်အရောက် နုန်းတစ် ပိဿာသတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြင့် ယူလိုက်မယ်ဆိုရင် အင်းလေးကန်ထဲက လူတွေလည်းအလုပ်အကိုင် အခွင့်အလန်းတွေရလာမှာ ဖြစ်တယ်။ ကန်အတွင်းက နုန်းတွေကလည်း ကမ်းစပ်ကို လာပို့ချင်းအားဖြင့် အင်းထဲက နုန်းတွေဟာ အပြင်ဘက်ကိုထွက်သွားခြင်းကြောင့် အင်းလေး ကန်ရဲ့ ရေဝပ်ဧရိယာက ပိုကျယ် လာပါမယ်၊ အဲဒီလိုစက်ကြီးတွေကို သိန်းပေါင်းသောင်း ချီပြီးဝယ်နေလည်း လက်ရှိမှာတော့ ဒီစက်ယန္တရားတွေနဲ့ ဆောင်ရွက်တာတွေကို တစ်ကြိမ်မှတောင် မလုပ်နိုင်သေးခဲ့ပါဘူး။ အခုလိုနည်းလမ်းတွေနဲ့ ဆောင်ရွက်မယ် ဆိုရင် အောင်မြင်သွားနိုင်ပါမယ် လို့ အင်းထဲမှာ နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေက ပြောဆိုပါတယ်။ ဟဲယာရွာမမှာရေပေါ်ဈေးကိုဖက်မတွယ်ထားသင့် အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ် စေချင်ရင်တော့ လက်ရှိကုန်းပေါ်ဈေးလုပ်နေတဲ့ ဟဲယာရွာမမှာ ဖက်မတွယ်ထားသင့်ဘူးလို့ ဒေသခံတွေကအကြံပြုလာပါတယ်။ “ ရေပေါ်ဈေးကိုလုပ်ချင်ရင်ရေနက်တဲ့အပိုင်းကို ရွေ့ရတော့မှာ၊ ဒေသခံတွေက ဖက်တွယ်ပြီးမထားသင့်ဘူး။ ရွာမကိုပဲ ငါတို့ရွာမပဲလို့ ဖက်တွယ်ပြီး မထားသင့်ဘူး၊ ရေပေါ်ဈေးကို ရွာမမှာကိုမထား သင့်တော့တာ။ ရွာမရဲ့ အရှေ့ဘက်မှာရှိတဲ့ ကေ လာရွာရှိတယ်၊ အဲဒီကေလာရွာက အင်းလယ် ခေါင်မှာရှိတယ်။ တော်တေ်ာများများက ရေနက် ပိုင်းမှာရှိတာပေါ့၊ ရေနက်ပိုင်းဘက်ကို ရွေ့ပြီး နေရာကျယ်ကျယ်လေးနဲ့ လုပ်မယ်ဆိုရင် ရေပေါ် ဈေးက ပြန်ပြီးဖြစ်လာနိုင်တယ် ”လို့ ဒေသခံတွေ က အကြံပြုပြောလာပါတယ်။ အဲဒီလို ပြန်လည်ဖော်ထုတ်ပြီး ဆိုင်ခန်းတွေကိုလည်း သူ့နေရာနဲ့သူ ရောင်းချနိုင်အောင် ဖန်တီးသတ်မှတ် ပေးမယ်ဆိုရင် ရေပေါ်ဈေးဟာ ပြန်ပြီး ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ကေလာရွာမှာရေပေါ်ဈေးကိုပြန်လည်ဖော်ထုတ်သင့် အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်ချင်တယ်ဆိုရင် ဟဲယာရွာမရဲ့ အရှေ့ဘက်မှာ ကေလာရွာ ရှိပါတယ်။ ကေလာရွာနား တစ်ဝိုက်မှာလုပ်ရင် အကောင်းဆုံးဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ ကေလာနဲ့ ဇရပ်ကြီးနားမှာလုပ်ရင် အကောင်းဆုံးဖြစ်တယ်။ အကောင်းဆုံးနေရာပါပဲ လု့ိ အင်းထဲမှာ အနှစ်လေးဆယ်ကျော် နေထိုင်လာခဲ့တဲ့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဘယ်လိုကူညီပံ့ပိုးမလဲ ရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်ဖို့ဆိုရင် ဒေသခံအင်းသားတို့ကလည်း ပြန်လည် စိတ်ပါ ဝင်စားဖို့ ရှမ်းပြည်နယ် အစိုးရ၊ အရပ်ဖက်အဖွဲ့ အစည်းတွေက ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။ရေပေါ်ဈေးပြန်လည်ရောင်းချဖို့ဆိုရင် ဒေသ ခံတွေအတွက် အဓိက ကတော့ လှေဖြစ်ပါတယ်။ လှေတစ်စီးကို ငါးသိန်း ဝန်းကျင်ရှိတာမို့ ရေပေါ်ဈေးမှာ ပြန်ရောင်းချမယ့် ဒေသခံတွေအတွက် ပံ့ပိုးပေးဖို့ နည်းလမ်းတွေကို စဉ်းစားပေးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ ပြန်လည်ဆွဲဆောင်စေနိုင် လက်ရှိအင်းလေးဒေသကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုနှုန်းက လျော့မကျ သေးပါဘူး။ သဘာဝအလှတရားတွေ၊ ရှုခင်းတွေကြောင့် အင်းလေးကို လာရောက်လည်ပတ် နေကြတာ ဖြစ်ပါတယ်။ အရင်ကထက်စာရင် ဧည့်သည်လာတာ နည်းလာတာမှန်ပေမယ့် စိတ်ဝင်စားမှုအပိုင်းမှာတော့ လျော့မနည်းသေးပါဘူး၊ရေပေါ်ဈေးဟာ ဒေသခံတွေအတွက် ရှိခြင်း၊ မရှိခြင်းဟာ သိပ်မထူးပေမယ့် ခရီးသွားတွေကို ဆွဲဆောင်စရာ အဖြစ် ပြန်လည်လုပ်သင့်တဲ့ အရာ တစ်ခုလို့ ကိုခင်မောင်လတ်က ပြောပါတယ်။ “ ရှိသင့်တဲ့ အရာတစ်ခုဖြစ်တာမို့ ခရီးသွားတွေအတွက် လည်ပတ်စေနိုင်မယ့် နေရာတစ်ခုဖြစ် စေလာမှာ ဖြစ်တယ်။ ဒါကြောင့် ရေပေါ်ဈေးကို ဖော်ထုတ်ဖို့လိုအပ်ပါတယ်” ဟု ကိုခင်မောင်လတ် က အကြံပြုတယ်။ဧည့်လမ်းညွန်အသင်းဥက္ကဋ္ဌဖြစ်သူ ဦးအောင်ထွန်းလင်းကတော့ ရေပေါ်ဈေးကို ပြန်လည်ဖော် ထုတ်ဖိုလိုပါတယ်လို့ ပြောပါတယ်။ “ဧည့်သည်တွေကို ဆွဲဆောင်စေမယ့် အရာတစ်ခုပါ။ တကယ့်ကို လိုအပ်နေပါတယ်။ ဒီလိုပြန် ဖော်ထုတ် နိုင်မယ်ဆိုရင် အင်းသားတို့ရဲ့ ဓလေ့ ဓရိုက်တွေ၊ ရိုးရာယဉ်ကျေးမှုတွေကို ပြန်လည်ရှင် သန်လာစေပါမယ်” လို့ ဆိုပါတယ်။အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ မရှိတဲ့ ရေပေါ်ဈေးကို ပုံစံတူဖန်တီးပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်စရာအဖြစ် ဖန်တီးကာ ဒေါ်လာတွေကို ယူနေကြတာပါ။ ပုံစံတူကူးယူပြီး လက်ရှိမှာတော့ အောင်မြင်နေတဲ့ အိမ်နီးချင်း နိုင်ငံကို ပြန်လည်အတုယူနေရတဲ့အနေအထား တွေတောင် ရှိနေပါပြီ။ ထိုင်းရေပေါ်ဈေး၊ ပတ္တရားရေပေါ်ဈေးတု့ိကို နိုင်ငံခြားသားတွေကော ပြည်တွင်းက မြန်မာခရီးသွားတွေကပါ သွားလာလည်ပတ်နေကြတာပါ။ ရေပေါ်ဈေးနေရာကို သီးသန့်လုပ်ပြီး ဆိုင်ခန်းနဲ့ ရောင်းချနေတဲ့သူတွေက စီစီရီရီနဲ့ ရောင်းချနေ တာကို တွေ့မြင်ရမှာဖြစ်ပါတယ်၊ ဒါကြောင့် ကမ္ဘာမှာ နံပတ်၁ ဖြစ်ခဲ့ဖူးတဲ့ အင်းလေးရေပေါ်ဈေး၊ မပြုမပြင်ပဲရှိနေခဲ့ တဲ့ အင်းလေးရေပေါ်ဈေးကို ပြန်လည်ဖော်ထုတ်ဖို့ မလိုတော့ဘူးလားလို့ မေးလိုက်ချင်ပါတော့တယ်။ Travelling_JournalPhoto_U Aung Myo Min Din / Toewinlwin
Contine Reading
By - Admin / 06-07-2018
ကိန္ဒာရုပ်စုံဘုရားတွေရှိရာ ကြာပြည့်အင်း

ကိန္ဒာရုပ်စုံဘုရားတွေရှိရာ ကြာပြည့်အင်း

ရတီမာန် ခရီးထွက်ကြမလားလို့ စဉ်းစားလိုက်ရင်ဖြင့် တောင်ပေါ်ဒေသတွေရဲ့ လှပတဲ့ တောင်ဆွယ် တန်းတွေကို တိမ်ပင် လယ်ကြားက မြင်နေရတဲ့ မြင်ကွင်းမျိုးတွေ ..ရေတံခွန်တွေ ..ရေပြာအိုင် လိုထူးဆန်းတဲ့ နေရာတွေအကြောင်း က အစီအရီ ခေါင်းထဲဝင်လာတတ်တာတော့ လူတိုင်းလိုပါပဲလေ..ဖုန်ထူထူနေပူပူမန္တလေးမှာ နေရတဲ့သူတွေ အဖို့ဆိုရင်တော့ အေးမယ့် အရပ်ဒေသတွေဆီကိုသာစိတ်က အပြေးရောက်သွားတတ်ကြပြီး လှပတဲ့ ရှုခင်း တွေနဲ့ လတ်ဆတ်တဲ့ လေနုအေးတွေ ရှူရှိုက်ချင်တာက ခရီးစဉ်ဆိုတိုင်း ဦးစားပေးရွေး ချယ်မှုဖြစ်တယ်. .ခုခေတ်ကြီးမယ် ဘာလုပ်ချင်လဲ..ဘာသိချင်လဲ..ဘယ်သွားချင်လဲ..နောက်ဆုံးဘာစားချင်လဲဆိုတာ အထိ အွန်လိုင်းပေါ်မှာ သာရှာကြတဲ့အခါ Fb မှာ Friend ဖြစ်နေတဲ့သူ တွေထဲ ကံကောင်းစွ Travel Blogger (နာမည် ကြီး) တွေရှိနေတာက ခရီးသွားခြင်းအတွက် အကြံကောင်းတွေ၊ ရှောင်ရန်/ဆောင်ရန်တွေနဲ့ ကိုယ် မသိသေးတဲ့ အခြားဗဟုသုတတွေကိုပါ သိနေနိုင်တယ်လေ ..။ “မကွေးမြို့ရဲ့အရှေ့ဘက်ကြာပြည့်အင်းကျေးရွာအတွင်းတောထဲ၌ နှစ်ပေါင်း(၁၀၀)ကျော်ကတည်ထားခဲ့တဲ့ကိန်္ဒရာရုပ်စုံဘုရားကြီး..ပြည်တွင်းပြည်ပမှ မရောက်ဖူးသေးတဲ့မိတ်ဆွေများလည်းဖူးမျှော်နိုင်အောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်” ဆိုတဲ့ စတေးတပ်လေးနဲ့ တစ်ပါတည်းမြင်လိုက်ရတဲ့ ပုံတွေထဲမှ ဘုရားပုံစံ တွေက ခရီးစဉ်ဘယ်ဟာရွေးရမလဲတွေးနေတဲ့ အတွေးတွေကို ရုတ်တရက်ရပ် တန့်သွားစေတယ် …။ ဒီခရီးကိုသွားဖို့ ကျောပိုးအိတ်တစ်လုံးစာ အဝတ်နဲ့ တစ်ယောက်ထဲပဲထွက်လာခဲ့ပြီးမှ လမ်းခရီးမှာ စားစရာ ခက်မှာစိုးလို့ မုန့်တွေဝယ်၊ ရေလည်းနှစ်ဘူးလောက်သယ်လာခဲ့ပြီး ကားကိုလည်း ဟိုက်ဂျက်လေးပဲ ဖုံးဆက်ပြီး အသိထဲက ကြိုငှားထားလိုက်တယ်..(ကရိကထသိပ်မများ ချင်ဘူးလေ) ရွာလမ်းဆိုတော့ ကားသေးလေ ကောင်းလေ ပါပဲ.. အရင်ဆုံးမန္တလေးကနေ မကွေးကို အရင် သွားရတယ်..ပျော်တာပေါ့။ ကိုယ့်နယ်ကိုယ် ပြန် ရတာဆိုတော့လေ။ အိမ်ရောက်တော့ အဖေ့ကို အကျိုးအကြောင်းပြောပြတဲ့အဖွင့်မှာတင် အဆူ ခံရရော ..။ “ ငါ မွေးထားတာ မိန်းကလေးဟ …၊ ယောက်ျားလေးမှတ်နေလား။ တစ်ယောက်တည်း သွားမယ်တဲ့ ဖြစ်မလား ဟ ငါ့သမီးရ …” ဆိုတဲ့ စကားအဆုံး “ငါ အဖေတစ်ယောက်လုံးရှိသေး တယ် ..မသေသေးဘူး ..ငါ လိုက်ပို့ မယ် ” ဆိုတဲ့ စကားနဲ့ပိတ်ပါတယ်.. ညကားနဲ့ မန္တလေးကနေ မကွေးရောက် တော့ ညနှစ်နာရီကျော်.. လာကြိုတဲ့ ဦးလေး အားကိုးနဲ့ အိမ်ပြန် ရောက်ပြီး ရသလောက်လေး အိပ်ဖို့ကြိုးစားပေမယ့် ဒီတစ်ခါခရီးစဉ်ကို စိတ် လှုပ်ရှားနေမိတော့ အိပ်မပျော် နိုင်ပါဘူး…ကိုယ့်အိမ်က မနက်ပိုင်းခပ်စောစောထွက်ခဲ့ ရင်း မကွေး-တောင်တွင်းမြို့ပတ်လမ်း (အရှေ့ဖက်)ကနေ ယင်းဆိပ်တံတား ကျော်ပြီး မြို့ပတ်လမ်းဘေးဘယ်ဖက်မှာ ရှိတဲ့ “သရက်လေးပင်”ရွာကို အရင် ရောက်ပါတယ်။ အဲ့ဒီရွာအကျော် နောက်ထပ်တစ်ရွာ “ကြောင် ပျောက်ရွာ” ရောက်တော့ ရွာ အဝင်ဝက ဆိုင်းဘုတ်ဘေး လမ်းအတိုင်း မောင်းဝင် လာခဲ့ကြတာ ရုတ်တရက် လမ်းဆုံ(လမ်းနှစ်ခွ)ဆီ ရောက်တော့ဘယ်လမ်း လိုက်ရမလဲ စဉ်းစားနေတုန်း ဖုန်တွေ ခြေသလုံးတစ်ဝက်လောက်ရှိပြီး လမ်းပေါ်ရပ်နေတဲ့ ရွာသားတစ်ယောက်က “ဟိုဖက်က ကားလမ်း”လို့ ဆိုပါတယ်.. သူ့ကားလမ်းဆိုတာကို သေချာကား ပေါ်ကနေကြည့်လိုက်တော့ ဖုန်ထုကိုပဲမြင်ရတယ် (ဘာထူးလို့လဲလို့ လွှတ်ခနဲပြောမိတော့) .. အဲ့ဒီ ရွာသားကြီးက သူရပ်နေတဲ့ဖက်ကို လက်ညိုးထိုး ပြပြန်တယ် “ဒီဖက်ကလှည်းလမ်း” တဲ့ …။ မတိုင်ပင်ပဲ သားအဖနှစ်ယောက်သားခွီမိကြ ရောလေ။ကြောင်ပျောက်ရွာနဲ့နှစ်ဖာလုံအကွာမှာရှိတဲ့ ကြာပြည့်အင်း(မြစိမ်းရောင်ကျေးရွာ)ဆိုတဲ့ ရွာ အဝင်ဆိုင်းဘုတ် ကိုမြင်တော့မှ.. ကဲ..ရွာထဲရောက်ရင်ရေကန်လေးရှိတဲ့ လမ်းကကွေ့ဝင်ခဲ့ပါလို့လမ်းပြပေးမယ့် ရွာက တပ်မတော်သား လက်ထောက်ဆေးမှူးကြီးရဲ့ နှမ တစ်ယောက်က ဖုန်းထဲမယ်သေချာညွှန်ကြားခဲ့တော့ ရေကန်လေးကို အတင်းရှာရတာပေါ့လေ။ တကယ်ပါဆို ရေကန်လေးက သေးသေးလေးပါပဲ (အုတ်ရေကန် လေး) ဒါပေမဲ့ အဲ့ဒီ့ Landmark (အမှတ်အသား)လေးကိုတွေ့ပြီးတာနဲ့ သူတို့အိမ်ဆိုတာကို တကယ်ရောက် တာက ပျော်စရာခံစားမှု ကို ပေးတာအမှတ်တရပါပဲလေ။ “ ကျွန်မတို့ဖြင့်အားနာချက် .. စောစောကြို ပြောရင် ဟင်းကောင်းလေးချက်ကျွေးရရဲ့နဲ့ ”လို့ ဆိုတော့ သူတို့အားနာချက်လေးတွေလည်းကြည့် လိုက်ဦး ..ကြက်သားဆီပြန်လည်းပါရဲ့၊ မြစ်ငါး လားချောင်းငါးလားမသိ စားလိုက်ရင် ချိုနေတဲ့ ငါးလေးကြော်လည်းပါသေးတာ..။ ကြက်ဥမွှေ ကြော်၊ အာလူးကြော်၊ ကန်စွန်းရွက်၊ ပဲသီး၊ မုန်လာဥချဉ်ရည်ဟင်း၊ ခရမ်းချဉ်သီးငါး ပိချက်နဲ့ ဂေါ်ဖီရွက်နုနုလေးတွေကို ပန်းကန်အပြည့်ချပေးထားတာရယ် .. လက်ဖက်ပဲကြော်အစုံရယ်နဲ့ဆိုတော့ သားအဖနှစ်ယောက်နဲ့ ကားဆရာ မယ် ခေါင်းကို မဖော်နိုင်ပါဘူး (အားနာချက်လေးက စား ကောင်းလိုက်တာလေ)။ မစားရတာကြာတဲ့ အညာ ဟင်းတွေ အိမ်ချက်လက် ရာက အမျိုးတွေ အကုန်မေ့သွားစေပြီး ဟင်းချက် လက်ရာကောင်းရုံမက စေတနာတွေအပြည့်နဲ့ ပြုံးပြုံးကြီး အနားကထိုင် ကြည့် ရေနွေးထည့်ပေး ထမင်းခူးခပ်ပေးနေတဲ့ သူတွေဆီမှာ အညာဖက်က ကျေးရွာသားတွေရဲ့ တန်ဖိုးကြီးစိတ်ထားတွေကို မြင်ရတယ်(ဒါ တောင်ခုမှတွေ့ဖူးကြတာနော်)။ သူတို့တွေ ချစ်ခင် လေးစားကြတဲ့ သူရဲ့ဧည့်သည်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်ဝမ်းသာပြီး စိတ်စေတနာအပြည့်နဲ့ ဧည့် ဝတ်ကျေကြတော့တာပါပဲ။ “ငါ့တူမတို့နဲ့က ရှေးရေစက်ရှိပုံပဲ။ ခုလိုငါတို့ တွေလည်း ဆုံဖြစ်ဖို့မလွယ်ဘူးဗျ။ ကိုယ့်အလုပ် တွေနဲ့ကိုယ် ယာထဲကိုင်းထဲနေကြတာ ခုတော့လုပ် စရာတွေအကုန်ထားပစ်ခဲ့ပြီး ငါ့တူမတို့ဘုရားဖူးပို့ ဖို့လိုက်ချလာခဲ့တာပဲ..ကိုင်း” ဆိုတော့ ..“လောကမှာ သွေးမစပ်ပေမယ့်မေတ္တာစပ် တဲ့ ဆွေမျိုးဆိုတာရှိတယ်။ သွေးမစပ်ပေမယ့် မေတ္တာစပ်ရင်ဆွေမျိုးပဲ.. ”ဆိုတဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ စာစုလေးကိုသွားသတိရမိ တယ်..။ တောင်ကမူလေးတစ်ခုက ဘုရားဆီသွားတဲ့ လမ်းမှာကားလမ်းဂိတ်ဆုံးစေခဲ့တဲ့နောက် ဘေး ဝဲယာက အသီးအနှံစိုက်ခင်းတွေကြား (တောလမ်းလေး)ခြေတစ်လှမ်းစာလေးရှေ့က လမ်းပြတဲ့သူ တွေလျှောက်သလို လျှောက်လိုက်ကြရတယ်။ တောနေတောခြေတွေမို့ သူတို့လမ်းလျှောက်တာ မမော သလိုပေမယ့် ကိုယ်တွေ သားအဖ က ဟိုက်နေပြီ။“ ဟိုမှာကြည့်လိုက်ဗျ.. ဘုရားကို လှမ်းမြင် နေရပြီ..” ဆိုတဲ့ စကားကြောင့် ရောက်ပြီကွလို့ ပျော် သွားတာပဲ …။အဝေးက မြင်ရရုံနဲ့ (နေပြည်တော်က ဗုဒ္ဓ ဂယာဘုရားကိုသွားသတိရတယ်) ဘုရားပုံစံက တူ တာအမှန်ပါပဲ..အနီးထိရောက်တော့မှ ဘုရားမုခ်ဦးက ထွင်းထားတဲ့စာတွေကိုဖတ်လို့ရတော့တယ်(စာလုံးတွေ တချို့တစ်ဝက် ပျက်နေ ပေမယ့်ဖတ်လို့ရနေသေး တယ်)။ “ အရဟံ(ဗုဒ္ဓံ ဓမ္မံ သံဃံ) “ကမ္ဘာ့ဗုဒ္ဓသစ္စာ မဏ်္ဏိုင်လေးကျွန်းမာန်အောင်၊ အောင်စင်္ကြာဓာတ် ပေါင်းစုံ ဓမ္မစေတီ ဆုတောင်းပြည့်ဘုရားကြီး” လို့ ကဗျည်းထိုးထားတဲ့ မုခ်ဦးကြီးက အမြင့် ဆယ်ပေ လောက်ရှိမယ်။ အုတ် တံတိုင်းနဲ့ အခိုင်အခန့်ပါပဲ။ ဘုရားဒကာ(သူတို့အခေါ်) ဘဘုရားကတော့ ပျံတော်မူတာမကြာသေးဘူး။ “ ဘဘုရားက ပဲခူးဖက်ကလာတာပဲ …။ သူက သာသနာပြုတာ ..၊ ဒီဘုရားကြီး ဒကာဖြစ် တဲ့ ဘဘုရားက အသက်ခန့်မှန်းမရဘူး။ သူ တည်ခဲ့တာ ဒီဘုရားနဲ့ဆို ပုံစံတူလေးဆူ(ပင်းတယ၊ မင်းဘူး၊ ကြာပြည့်အင်း ၊ ပဲခူး) ဆိုတဲ့ မြို့တွေမှာ တည်ခဲ့တယ်။ အဘတို့ရွာက ရွာလူကြီး(ဦးထွန်းဦး၊ ဦးဘစော၊ ဦးအောင်ခင်၊ ဦးဘထွန်း)တို့က ဘ ဘုရားရဲ့လမ်းညွှန်မှုအတိုင်း ဘုရားကြီးကို ကိုယ့်ရွာ မှာတင် အုတ်ဖုတ်တတ်သူတွေနဲ့ ရွာက ပန်းရံဆရာ တွေ၊ လက်သမားဆရာတွေနဲ့ပဲ တည်ခဲ့ကြတာ။ သူတို့တွေပဲ ဂေါပကလူကြီးတွေအနေနဲ့လည်း ဘုရားအနေကဇာတင်ပွဲကို ဦးဆောင်ခဲ့ကြတယ်။ ဘုရားကြီးက ပရဝဏ်အကျယ် အတောင်လေး ဆယ်ပတ်လည်(ပေ ၆၀ ပတ်လည်)ရှိတယ်ကွဲ့” “အရင် ဘဘုရားရှိတုန်းကတော့ ရွာမှာ ဘုရားပွဲနှစ်စဉ်ရှိတာပေါ ငါ့သမီးရာ ..” လို့ ဘုရား ကြီးတည်စဉ်က ကိုယ်တိုင် လုပ်အားဒါနအလှူ အဖြစ်ပါဝင်ခဲ့သူ အသက်(၆၇)နှစ်အရွယ် အဘ ဦးဉာဏ်စိန် ရှင်းပြတာ နားထောင်ပြီး စိတ်ထဲက အံ့သြနေမိတယ်။ ဝိဇ်္ဇာတည်တဲ့ ဘုရားဖူးချင်သူ တွေအတွက် အဘက နတ်လမ်းညွှန် ပါပဲလေ.. ကျေးဇူးကြီးပါပေ့ အဘရယ်…။ဘုရားကြီးကို အနီးကပ်မြင်ရတော့မှလက်ရာတွေက အံ့သြစရာရှေးဆန်နေပေမယ့် (၁၃၃၃ နဲ့ တော်သလင်းလ္ဆုပ်)ဆိုတဲ့ စာလုံးကို ဘုရားအဝင်၀ ဖက်(အရှေ့ဖက်အပေါက်ဝ)က နေဝင်ဝင်ခြင်း ကြယ်နှစ်ခု ဘေးက ခြံရံလျှက် အလယ်က ဒေါင်းရုပ်ရဲ့ အပေါ်နားတစ်ဖက်စီမှာ ထွင်းထု ထားတာကို ဘုရားကြီးရဲ့ အောက် ခြေပလ္လင်နေရာ မှာမြင်တော့မှ အခုက (၁၃၈၀)ခုနှစ်ဆိုတော့ နှစ်ပေါင်း (၄၇)နှစ်သက်တမ်းပဲရှိသေးတာကိုးလို့ သိနားလည်ရတယ်။ နှစ်ပေါင်း(၄၇)နှစ်လောက် သက်တမ်းရှိနေရုံနဲ့တောင် လှပတဲ့ ရှေးဟောင်း လက်မှုပညာ တွေက စိတ်ကြည်နူးစေတယ်.. သေချာကြည့်တော့ ဘုရားက ဘုံကိုးဆင့်ရှိပြီး အပေါ်ဆုံးမှာ နဂါးရုံဘုရားလေးဆူဝန်းရံနေတဲ့ အလယ်မှာတည်ထားတဲ့ စေတီတစ်ဆူကို ဖူးမြင် ရတယ်။ နောက် ဘုံကိုးဆင့်မှာ ရဟန်း, သူတော်စင် (ဝိဇ္ဇာ)၊ နတ်သား၊နတ်သမီး၊ ကိန္ဒရီ၊ ကိန္ဒရာ၊ ရှင်ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားစတဲ့ ရုပ်တု တွေက ဘုံအဆင့်ဆင့်ကိုထမ်းထားသလိုပုံစံထွင်း ထုထားတာကိုတွေရသလို အောက်ဆုံးအဆင့် အခြေပလ်္လင်အထက်ထောင့်လေးထောင့်မှာတော့ ဘိုးဘိုးအောင်၊ ဘုန်းကြီးတစ်ပါး၊ ရှင်ဘုရင်၊ သူ တော်စင်ပုဂ်္ဂိုလ်စတဲ့ ရုပ်တုတွေကို ထောင့်လေး ထောင့်မှာ ထုလုပ်တပ်ဆင်ထားပါတယ်။အောက်ခြေပလ်္လင်တစ်ပတ်လည် လေးဖက် (လေးမျက်နှာ)မှာလည်း (ဒေါင်း၊ ယုန်၊ ဟင်္သာ၊ စဓဗဝ) ဆိုတဲ့ စာလုံးတွေကို ကြယ်နှစ်လုံးဘေးက ရံပြီး ထွင်းထုထားပါတယ်..ဘုရားကြီးထဲ ဝင် တာနဲ့ ထူးဆန်းတဲ့မြင်ကွင်းက တခြားမဟုတ်ဘူး အဝင်ဝကို ကျောပေးပြီး ဘုရားဖူးနေဟန် ရှင် ဘုရင်ရုပ်တုနဲ့ သူ့ဘေးက သံလျက်ထမ်းပြီး အဝင် ဝကို ဒူးတဖက်ထောက်ထိုင်ဟန် စစ်သူကြီးဝတ်စုံ နဲ့ ရုပ်တုတွေကို လေးဖက်လေးတန်မှာ ထုထား တာပါ။ အင်မတန်လက်ရာမြောက်လှပါတယ်။ “ ဒီဘုရားကို တည်သွားတဲ့ ပုဂ်္ဂိုလ်ကတော့ သူနဲ့အတူ တိုင်းရင်းသားပေါင်းစုံပါ၊ပါလာတယ်၊ ဗမာပါတယ်၊ ရှမ်းပါတယ်၊ ကရင်ပါတယ် အစုံ ပေါ့။ အဘတို့ရွာ ကြာပြည့်အင်းတင်မကဘူး ရွာ နီးချင်းတွေပါ ဘုရားကြီး တည်တော့ လုပ်အား ကုသိုလ်ယူကြတယ်။ တိုင်းရင်းသားတွေဆိုတာကို သူတို့ဝတ်စုံတွေကြည့်ရုံနဲ့မကဘူး တစ်ချို့ဗမာ စကားတောင်သိပ်မပြောတတ်ကြဘူး။ ဟိုဖက်နားက ဘုရားသုံးဆူဝိုင်းကြီးထဲမှာတင် အလှူလည်းခံရင်း (၁၃၃၁)ခုနှစ်မှာ စပြီးပန္နက်ရိုက်ခဲ့ကြတာ (၁၃၃၃)ခုနှစ်မှာပြီးတယ်။ သုံးနှစ်ကြာတယ်” “ ဟိုတုန်းကတော့ တိုင်းရင်းသားပေါင်းစုံလာ ကြတယ် သူတို့ဘုရားကို လာဖူးရင် အဘတို့က တာလမ်းထွက်ပြီး(ကားလမ်းထွက်ပြီး)လှည်းနဲ့ကြို ပေးရတယ်။ သူတို့လာရင် တောင်ကုန်းလေးခြေ ရင်းနားက ဘုန်းကြီးကျောင်းမယ်တည်းကြတာပဲ။ ဘဘုရားကဦးဆောင်ပြီး ဟိုဖက်နားက ရှေးဘုရား သုံးဆူကိုလည်း ထီးတင်ခဲ့သေးတာ။ ဥဒိဿစေတီ ခေါ်ရမှာပဲကွယ်။ ထီးတင်တာတော့ သုံးခါရှိပြီ။ ဘဘုရားအဖွဲ့က ဒုတိယကျမှာပေါ့ ငါ့သမီး””လို့ ကြာပြည့်အင်းရွာသား အဘဦးဉာဏ်စိန်က ရှင်း ပြပါတယ်.. “ ဒီဘုရားကို ရုပ်စုံဘုရားလို့လည်းခေါ်တယ်။ ဟိုတလောကဆို ဒီဘုရားက အရုပ်တွေဖြိုချမယ် ဆိုလား ပြောသံကြားသေးတာ .. ”လို့ ရွာခံအစ်ကို တစ်ယောက်က အနားကပ်ပြောပြတော့ “ဟင် .. ဘာလို့ပါလိမ့် ငရဲကြီးကြမှာပေါ့ ..” ဆိုတော့ “ သိဘူးဗျ ..၊ ပြောကြတာကတော့ သိကြား သာသနာပြည့်လို့ဆိုလား ဘာလားပဲ .. ရှေးလူ တွေထားခဲ့တဲ့ ဘုရားလေ။ ဘဘုရားကလည်း သာမာန်လူမဟုတ်တန်ဘူးဗျ .. ကျုပ်တို့ တော့ ကျိန်စာတွေဘာတွေလည်း ကြောက်တာပဲ.. ခုတော့ ငြိမ်သွားပါပြီ .. သူတို့လည်း မလုပ်ရဲ ပါဘူး..” လို့ သိသလောက်ကို ရှင်းပြပေးတော့ လက်တွေ့ရောက်နေတဲ့ နေရာအဝန်းအဝိုင်းလေး ကို ဂရုတစိုက်သေချာ လေ့လာခဲ့ချင်မိတယ်.. ဖျက်ဆီးရတာလွယ်တယ်မို့လား။ ရှေးက တစ်ပါး သူရဲ့ကောင်းမှုကုသိုလ်တွေကို ထိန်းသိမ်းစောင့် ရှောက်မယ့်သူမရှိတဲ့ လောကထဲလူဖြစ်ရသူတွေမို့ (သူ့အဓိပ်္ပာယ်နဲ့သူ ပြည့်ဝနေတဲ့) ရှေးလက်ရာ တွေ အတွက် စိုးရိမ်ပူပန်မိလာတယ်… “ဒီဘုရားထက် ဟိုဖက်နားက ဘုရားသုံးဆူ က ပိုရှေးကျတယ်ဗျ ..၊ ထူးဆန်းတာတွေလည်း ကျုပ်တို့ကြုံဖူး တယ်..” ဆိုတဲ့ စကားက နောက် ထပ် ရှေးဟောင်းဘုရားတစ်ဆူဖူးရဦးတော့မှာမို့ လှိုက်ခနဲဝမ်းသာ သွားမိ တယ်။“သိပ်မဝေးဘူး လမ်းနည်းနည်းထပ်လျှောက် လိုက်ရင်ရောက်ပါပြီ” ဆိုတဲ့ စကားကိုယုံပြီး သား အဖနှစ်ယောက် လျှောက်လိုက်ကြတာ …။ခြေထောက်တွေလည်းနာလာလို့ ခဏနား နေတုန်း ဘေးပတ်လည်ကိုကြည့်မိတော့ နှမ်း တောကြီးအလယ်နေရာလောက်မှာရပ်နေမိတာ ဖြစ်နေတယ်။ ဘေးဖက်ကနေကြည့်ရင်း သစ်ပင် တွေကြားက ထုံးဖြူဖြူစေတီသုံးဆူကို လှမ်းမြင် နေရပြီ။ “ရောက်တော့မယ်ဗျ…လာပါ နေပူတယ်”” ဆိုတဲ့ ကရုဏာစိတ်နဲ့ ဘေးကထီးမိုးပေးရင်း ပြော တာနဲ့ ဆက်လျှောက် လိုက်တာ ဘုရားအုတ်တံ တိုင်းကြီးကို ထုံးတွေတဖွေးဖွေးနဲ့ အနီးကပ်တွေ့ လာရတယ်။ စိတ်ထဲ ဇဝေဇဝါနဲ့ရှေ့ဆက်ရင်း ..“ ဟောမှာဗျာ .. ရှေးနှစ်ပေါင်းရာချီပြီပေါ့၊ မှန်းလို့တောင်မရဘူး အဘတို့မမွေးခင် အဘမိဘ ဘိုးဘေးတွေလက်ထက်ကတည်းက ဒီဘုရားကြီး ရှိခဲ့တာပဲ.. တန်ခိုးသိပ်ကြီးတာ .. ရှေးဘုရား စစ်စစ် အစောင့်အရှောက်ကလည်း ရှိတယ်..။ အကုသိုလ်လုပ်လာတဲ့သူဆို ဒီဘုရားပရဝဏ်ထဲက ခုအဘတို့ ငါ့သမီးတို့ ထိုင်နားသလို နားမရဘူး ဗျ.. ဘုရားစောင့်တဲ့ မမြင်အပ်တဲ့ပုဂ်္ဂိုလ်တွေရှိ တယ်..” “နောက်တစ်ခု ထူးခြားတာက ဒီဘုရားရဲ့ ထောင့်လေးထောင့်မယ် ဇရပ်လေးခုရှိတာ။ အခု အဘတို့ နားတဲ့နေရာရယ် ..ဟိုးထောင့်က တစ်ခု ရယ်ပဲ အမိုးမိုးလို့ရတယ်။ ကျန်တဲ့ထောင့်က ဇရပ်တွေက ငါ့သမီးမြင်တဲ့ အတိုင်းပဲ အမိုးတွေ လည်းမရှိဘူး.. ဘယ်လိုမှ အမိုးလုပ်ပေးလို့မရ ဘူး။ သူ့အလိုလို ပြိုပျက်ကုန်တာပဲ.. လေနဲ့ဖျက်လိုက် မိုးနဲ့ဖျက်လိုက်ပဲ.. အဘတို့လည်း ကြာတော့ သံသယရှိလာတယ်..။ သူ့အစောင့် အရှောက်က မကြိုက်ဘူးမှတ်တာပဲ ..” ဆိုတဲ့ အဘဦးဉာဏ်စိန်စကားအဆုံး နေပူထဲ ထပြေးပြီး အမိုးမိုးမရတဲ့ ဇရပ်ကို အနီးကပ်စပ်စု ကြည့်မိတော့တာပဲ.. အောက်ခြေအုတ်သံမံတ လင်းခင်းထားပြီး လေးဖက် လေးတန်က သံဖိနပ်တွေ ကွေးကောက်နေတာနဲ့ သံဖိနပ်မြှုပ်ထားတဲ့ နေရာက ကျွတ်ထွက်ကြေမွနေတဲ့ အုတ်ခုံကို လည်း သေချာကြည့်မိတယ်..။ ထူးဆန်းလှပါ့ လား..ဘာကြောင့်များ ဒီနေရာက ဇရပ်ကို အမိုး မမိုးစေချင်ရတာပါလိမ့်လို့ တွေးရင်း … အဘ ရှင်းပြတဲ့ ဘုရားသမိုင်းလေး နားထောင်နေမိ တယ်.. ။ “ဒါက သင်္ကန်းတော်ဘုရားလို့ ခေါ်တယ်..၊ ဘုရားသုံးဆူမှာ မြောက်ဖက်က ဘုရားကို ဒုကူလ၊ တောင်ဖက် ဘုရားက ပါရိကာ နဲ့ ဟိုအရှေ့က ဘုရားက သုဝဏ္ဏရှန်ပေါ့(ဘိုးတော်၊မယ်တော်၊သားတော်ဘုရား) လို့လည်း ခေါ်ကြတယ်။(မင်ဘူး)က ရွှေစက်တော်၊(တောင်တွင်းမြို့) က ရွှေရောင်တော်နဲ့ (ကြာပြည့်အင်းက) သင်္ကန်း တော်ဆိုတဲ့ ဘုရားသုံးဆူမှာ သင်္ကန်းတော်က တော်သုံးတော် အလည်တော်ဘုရားလို့ခေါ်တယ် ဒုတိယကမ္ဘာစစ်တုန်းက အလယ်တော်ဘုရား ခု နေရာမှာ စစ်ဘေးရှောင်ဖို့ ခိုအောင်းကြတယ် ..။ ၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆) ရက်မှာ ဘုရားတွေကိုစတင်ပြုပြင်မွမ်းမံခဲ့ပြီး ထုံးသင်္ကန်း ကပ်လှူခဲ့ကြတယ်။ ဘုရားအဝန်းအဝိုင်းက တောင် မြောက်(ပေ ၁၈၀) နဲ့ အရှေ့အနောက်(၂၂၀ ပေ)ရှိတယ်..နှစ်တိုင်း ဘုရားပွဲကို အချိန်မှန် ကျင်းပပေးကြတယ် .. အဆင်ပြေတဲ့အခါတိုင်း ထုံးသင်္ကန်းကပ်လှူကြတယ်” အသက်အရွယ်အရ ဘုရားတွေအားလုံး အကြောင်း စုံလင်တဲ့ ဗဟုသုတတွေနဲ့ ပင်ပန်းပေ မယ့်အပြုံးမပျက် ရှင်းပြပေးနေတဲ့ အဘဦးဉာဏ် စိန်ကို မပြောဖြစ်တော့မယ့် စကားတွေက ရင် ထဲပြည့်ကျပ်လို့လာပါတယ်..။ အလွန်ရှေးကျလှပါတယ်ဆိုတာလည်း မှန်ပါ ရဲ့ ..၊ ထူးခြားတဲ့တန်ခိုးတွေလည်း ပြပါရဲ့ (ရှေး ယခင်အခါက ရောင်ခြည်တော်များ လွှတ်ဖူးခဲ့သည်ဟ ုပြောသောကြောင့်..) ယခုကာလမှာတော့ ရှေးဟောင်းဘုရား အရိပ်အငွေ့ (လုံးဝ)မရှိ တော့ပဲ ထုံးသင်္ကန်းတွေကိုယ်စီနဲ့ စံပ်္ပယ်တော်မူနေ ရသော “သင်္ကန်းတော်”ဘုရားကို နှမြောစိတ်နဲ့ ငေး နေမိတော့တယ်..ဘုရားတွေအတူဖူးပြီးလို့ စကားထိုင်ပြောကြ တော့မှ သတိထားမိတာ သောက်ရေအိုးလေးတွေ ကို စင်ပေါ်မှာ ရေအပြည့်နဲ့တွေ့ရတာပါ။ ကိုယ့်အတွက်ရေသန့်ဘူးတွေကို တစ်လမ်းလုံးမညီးမငြူ သယ်လာသူ ကိုဝင်း နိုင်(အမည်လွှဲ)က သောက်ရေ အိုးထဲကရေ ခပ်သောက်လိုက်တော့မှ ဒီလောက် အဝေးကြီး ခြေတိုအောင် မနည်း လျှောက်ရတာကို ရေကုသိုလ်လာလှူထားနိုင်တဲ့ ရေအလှူရှင်ကို အံ့သြလေးစားမိတော့တယ်။ ကြာပြည့်အင်းရွာသားကြီးတွေရဲ့ ဖြူစင်စိတ် ရင်းတွေကို ကြည့်ရင်း အခုလို ပြောပြလာတဲ့ အကြောင်းတွေ အတွက် အထောက်အထားဘုရား သမိုင်းစာအုပ်တော့မရှိဘူးလို့ သိရတယ်…။ “ အဘ ခုပြောပြတာက ဘုရားသမိုင်းမဟုတ် ပါဘူး။ အဘတို့ငယ်ငယ်ကတည်းက ကြားသိလာ တဲ့ လူကြီးတွေ အချင်းချင်း လက်ဆင့်ကမ်းခဲ့ကြတဲ့ ပါးစပ်ရာဇဝင်ပေါ့ ငါ့ သမီးရယ်” ဆိုလာတော့လည်း ဒီလိုသမိုင်း အထောက် အထားမပြနိုင်ပေမယ့် ရှေးဘုရားတွေလိုတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ဖို့လိုအပ်နေတဲ့ သမိုင်း မှတ်တမ်းရှိခဲ့ ဖူးတဲ့နေရာတွေဆီ …သင်ရော အလည်တစ် ခေါက်မရောက်ဖူးချင်ဘူးလား .. မျက်မြင်တွေ့ရ တဲ့အခါ ထူးဆန်းတဲ့အငွေ့အသက်တွေ ကိုယ် တိုင်ပဲ ခံစားသိနိုင်တဲ့ စိတ်ခံစားမှုတွေ ရကိုရမယ် လို့ ပြောရဲပါတယ်။ သေချာ မှတ်တမ်းဓာတ်ပုံတွေ လငိနသခူငစ တွေ ရိုက်ကူးပြီးချိန်မှာတော့ ရင်ထဲမှာ “ ပါးစပ်ရာဇဝင်လေးပါ” ဆိုတဲ့ စကားလေးက ကျန်ရစ်ခဲ့ပါတော့တယ် …။ Travelling_Journal/Vol-1 Issue-2 Photo_ရတီမာန်
Contine Reading
By - Admin / 30-06-2018
ပုဂံဆည်းဆာအလှမျက်ကွယ်ပြုခံရတော့မှာလား

ပုဂံဆည်းဆာအလှမျက်ကွယ်ပြုခံရတော့မှာလား

မော်ကျွန်းသူ ကမ္ဘာမှာ အလှတရားတွေကို ရှာဖွေနေကြတဲ့အချိန်မှာ မြန်မာတို့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှတရားတစ်ခုကို မျက်ကွယ်ပြုခံနေရပါပြီ။ ပုဂံဒေသ ရဲ့ ညနေဆည်းဆာအလှတရားဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာသာမက မြန်မာတို့ရဲ့ကြားမှာပါ ဆွဲဆောင်နိုင်တဲ့ အလှတရားတစ်ခုပါပဲ။ လက်ရှိမှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ဆောင်ရွက်နေပြီး တောင်ကုန်းနေရာများကို ဖန်တီးဖို့ကိုလည်း ယူနက်စကိုနဲ့ သဘောတူညီမှု တွေရရှိထားပြီး ပုဂံဒေသအလှအပကို ခံစားနိုင်ကာ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်နိုင်စေဖို့ အခုလို တောင်ကုန်းငယ်တွေကို ဆောင်ရွက်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုလူလုပ်တဲ့ ရှုခင်းကြည့်တောင်ကုန်းငယ်တွေကနေတက်ရောက် ကြည့်တာက ဆွဲဆောင်မှု သိပ်မရှိဘူးလို့ ဝေဖန်လာတာကိုလည်းတွေ့ရ ပါတယ်။အခုလို ရှေးဟောင်းဘုရားတွေပေါ်ကနေတက်ရောက်ဖူးမြှော်ခွင့် ပိတ်လိုက်တာကလည်း ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ပုဂံဧည့်လမ်းညွှန်အသင်း နာယက ဦးဇော်ဝင်းချိုက ဆိုပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ဝါရင့် ဧည့်လမ်းညွန်တွေက ဆိုကြပါတယ်။ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနကတော့ ပုဂံရှေး ဟောင်းဒေသ ဘုရားများပေါ်ကနေ ဘုရာဖူးဧည့်သည်တွေကို ဘုရားပေါ်သို့ တက်ရောက်ဖူးမြှော်ခွင့်နဲ့ နေဝင် ဆည်းဆာအလှကို မကြည့်ဖို့ ဇန်နဝါရီ ၁ ရက် ကနေ စတင်ကြေညာ ခဲ့ပါတယ်။ ဒီ အတွက်ကြောင့် ခရီးသွားဝင်ရောက်မှုမှာ သိသိသာသာကို လျော့ နည်းခဲ့ရတဲ့အတွက် ခရီးသွားကဏ္ဍကို မထိခိုက်စေဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေလည်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံကို ဖေဖော်ဝါရီလအတွင်းက စာတင် ထားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူး။အခု ဆိုရင် နေဝင်ဆည်းဆာအလှတွေကို ကြည့်ရှု့ခွင့်ရဖို့ နေရာတွေမရှိတော့ပါဘူး၊ အရင်ကတော့ ပုဂံရဲ့ နေဝင်ဆည်းဆာအလှကို ကြည့်ချင်ရင် ရွှေဆံတော် ဘုရား ပေါ်ကနေ ကြည့်ရတဲ့ နေဝင်ဆည်းဆာအလှဟာဘာနဲ့မှ မလဲနိုင်တဲ့ ရသတစ်မျိုးကိုပေးစွမ်း ခံစားစေရပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်နိုင်ငံခြားသားတွေဟာ ပုဂံကို တစ်ခုတ်တရနဲ့ လာရောက်ကြ တာဖြစ်ပါတယ်။ အခုလို ပုဂံဘုရားတွေပေါ်တတ်ရောက်ခွင့်ကို ပိတ်ပင်လိုက် ခြင်းဟာ ပုဂံဒေသရဲ့ ခရီးသွားပုံရိပ်ကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာဆိုရင် ပုဂံဒေသကို အာရှနိုင်ငံသားတွေ အများဆုံး လာရောက် လည်ပတ်မယ်လို့ မှန်းထားပေမယ့် အခုလို ဘုရား ပေါ်တွေကနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုဖို့မရတော့ ဘူးဆိုရင် နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုမှာ လျော့နည်းစေလာ တော့မှာဖြစ်ပါတယ်။ ဟိုတလောကတော့ ရွှေဂူကြီးဘုရားပေါ်က နေဝင်ဆည်းဆာ အလှကိုကြည့်လို့ရသေးတယ်လို့ ဒေသခံဧည့်လမ်းညွန်တစ်ယောက် က ပြောပြတယ်၊ တစ်ရက်အကြာပဲ ရှိသေးတယ် အဲဒီဘုရားပေါ်က နေ တက်ကြည့်ခွင့်ကို ပိတ်သွားပြန်ပါပြီ၊ ဒီလိုတွေသာ လုပ်နေရင်တော့ ပုဂံရဲ့ ပုံရိပ်က အလားအလာမကောင်း ဖြစ်လာလိမ့်မယ်လို့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဆိုပါတယ်။ အခုနိုင်ငံခြားသားတွေက အိမ်နီးချင်း ထိုင်းကိုပဲ သွား လာကြတော့မယ်။ တစ်ချို့ကဆို “ မင်းတို့ ပုဂံကိုမသွားနဲ့ သွားလည်း ဘာမှမထူးဖူး၊ နေဝင်ဆည်းဆာအလှကို မကြည့်ရတော့ဘူးလု့ိ ↔ပြောလာခဲ့ရင် မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်၊ မြန်မာ့ခရီးသွားကဏ္ဍ ထိလွယ်ရှလွယ်လုပ်ငန်းဖြစ်တာမို့ အရမ်း နုနယ်လှတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်လို့ ဧည့်လမ်းညွန် တစ်ဦးဖြစ် သူ ဦးဇော်ဝင်းချိုက ဆိုပါတယ်။ ပုဂံကို ရောက်ပြီဆိုရင်အများစုဟာ နေဝင်ဆည်းဆာအလှကို တစ်ခုပ်တရကို သွားရောက်ကြည့်ခဲ့ရတာဟာ ပုဂံရဲ့ဆွဲဆောင်မှု တစ်ခုပါပဲ။ အများအားဖြင့်ကတော့ ရွှေဆံတော်ဘုရားကနေ နေဝင် ဆည်းဆာအလှကို သွားမကြည့်ဖြစ်လိုက်ဖူးဆိုရင် ပုဂံကိုရောက်တာ ရောက်ရကျိုးမနပ်ဘူးလို့ ဆိုကြပါတယ်။ ရွှေဆံတော်ဘုရားကို သွားတဲ့လမ်းကတော့ ဘယ်တော့မှမပြောင်းလဲပါဘူး။ ဖုန်တစ်ထောင်းထောင်းနဲ့ ကားတွေ၊ ဆိုင်ကယ်တွေ တစ်စီတစ် တန်းကြီးရှိတယ်၊ ဈေးဆိုင်တန်းတွေကလည်း အများကြီးရှိတယ်။ ဈေးလိုက်ရောင်းနေတဲ့ ကလေးတွေကလည်း အလုအယက်ရောင်း ချနေကြတဲ့ မြင်ကွင်း တွေ့ရင် ဒါဟာ ရွှေဆံတော်ဘုရား ဖြစ်တယ်။ ဒီနေရာကို ဧည့်သည်အများစုလာကြတာဟာ ပုဂံရဲ့ နေဝင် ဆည်းဆာအလှ။ ပြောရမယ်ဆိုရင် ဘယ်နေရာမှ မမြင်ရနိုင်တဲ့ အလှပန်းချီကားတစ်ချပ်ကို မြင်တွေ့စေရလို့ပါပဲ။နိုင်ငံစုံက ခရီးသွားဧည့်သည်တွေကို တစ်နေရာတည်းမှာလည်း မြင်တွေ့ရပါတယ်။ လှေကားထစ်လေးတွေကို တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်းတက်တဲ့သူတွေ၊ မတက်နိုင်တော့ဘူး၊ ကြောက်တယ်လို့ပြောတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ဘုရားပေါ် ရောက်ရင် ဆယ်လ်ဖီဆွဲတဲ့သူတွေကော အများကြီးကို တွေ့ရပါတယ်။ ဒါတွေက အမြဲမပြောင်းလဲခဲ့တဲ့ အရာတွေထဲက တစ်ခုပေါ့။ နောက်ပိုင်း နေဝင်ဆည်းဆာအလှတွေကို သီးသန့်ကြည့်ရတော့မယ့် နေရာတွေကို ညောင်ဦး ထွေအုပ်ချုပ်ရေးမှူးရုံးကနေဦးစီးပြီး မြေနေရာရှာဖွေကာ ဆည်းဆာကြည့်ဖို့ဆောင်ရွက် နေတာကလည်း အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး။ညောင်လက်ဖက်ကန်ကနေ နေဝင်ဆည်းဆာကြည့်ဖို့ လုပ်ထားတဲ့ နေရာက သပ်ရပ်လွန်းလှပါတယ်။ သံဘောင်တန်းတွေကို စနစ်တကျနဲ့ လုပ်ထားတာမို့ ကြည့်ရတာအတွက်လည်း အဆင် ပြေစေပါတယ်။ ဒါပေမဲ့ ဘုရားပေါ်ကနေ ကြည့်ရတဲ့ နေဝင် ဆည်းဆာအလှကိုတော့ ဘယ်လိုမှ မမှီနိုင်ပါဘူး။ ပုဂံကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် တော် တော်များများကတော့ ပုဂံနေထွက်ချိန် နေဝင်ချိန်ကို စေတီပုထိုး များပေါ်ကနေ ခံစားကြည့်ရှုချင်တဲ့အတွက် ပုဂံကို သွားရောက်လည် ပတ်ကြတာ ဖြစ်တယ်။အဲဒီလိုပဲ ကမ္ဘာလှည့်နိုင်ငံခြားသားတွေကလည်း ဒီလို ရည်ရွယ်ချက် တွေကြောင့် ပုဂံမြေကို လာကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အသားကျနေတဲ့ ပုဂံဘုရားပေါ်ကနေ နေဝင် အလှကြည့်ရှုခြင်းကို ယခုနှစ်ကာလမှသာ အလွယ်တကူ ပယ်ဖျောက်ရပစ်ရတေ့ာမည်ဆိုသည်မှာ သဘာဝသိပ်မကျလှပါဘူး။ ဒီလိုသာ သဘာဝက ဖန်ဆင်းပေးထားတဲ့ ပုဂံရဲ့နေဝင်ဆည်းဆာ အလှတရားကို အလွယ်တကူ မျက်ကွယ်ပြုခံရတော့မယ့် အခြေ အနေရောက်ရှိလာတာကို စိုးရွံ့လို့ လာမိပါတော့တယ်။ Travelling_Journalo/Vol 1 Issue 1
Contine Reading
By - Admin / 20-06-2018
ကန္တာရထဲက အိုအေစစ်ဆီသို့ အလည်တစ်ခေါက်……

ကန္တာရထဲက အိုအေစစ်ဆီသို့ အလည်တစ်ခေါက်……

ရတီမာန် မန္တလေးမြို့ကို အညာဒေသရဲ့ နှလုံးသားလို့ တင်စားခေါ်ဝေါ်ခဲ့တာ အစက သေချာအဓိပ်္ပာယ် ကို နားမလည်ခဲ့ပါဘူး … မွန်းကျပ်တဲ့ မြို့ပြ ခြင်းအတူတူ မန်္တလေးမြို့ဆိုတာနဲ့ အရင်ဆုံး စစိတ် ထဲဝင်လာတာက နိုင်ငံစုံက ဝင်ရောက်လာတဲ့ အမျိုးအစားစုံ ဆိုင်ကယ်တွေရယ် ..ဖုန်ထူတာ ရယ် နေပူကျဲကျဲရယ် ခြင်တွေကိုက်တာရယ်ကိုပါပဲ … ။ “မန္တလေးမှာ ကားမမောင်းရဲဘူးဗျာ” ဆိုကာ လမ်းပြောင်းပြန်မောင်းလာသော ဆိုင်ကယ်များ နှင့် ယာဉ်စည်းကမ်း နားမလည်သော သုံးဘီး (တုတ်တုတ်)တွေ, လမ်းဖြတ်ကူးသူတွေကို မေးငေါ့ ပြလာတဲ့ ဒါရိုက်ဘာ ရန်ကုန်သားက နဖူးကြောရှုံ့ ရင်း ပြောလာတာလည်း အလွန်မဟုတ် …။ “ဒါမှ တကယ့် Adventure ဗျ …၊ ဆိုင် ကယ်တွေ ဟိုကထွက်လာလိုက် ဒီကထွက်လာ လိုက်နဲ့ ဂိမ်းကစားနေရသလိုပဲ” လို့ အားပေးရင်း တစ်ခါလောက်တော့ ရောက်ဖူးချင်ခဲ့တဲ့ အိုအေ စစ်မြို့လေးကို ဦးတည်လိုက်မိပါတယ်..မန္တလေးမြို့ပြင် တံခွန်တိုင်အဝိုင်းကနေ ရန်ကုန်- မန္တလေး အဝေးပြေးလမ်းမကြီးအတိုင်း ခပ်မှန်မှန်မောင်းလာပြီး BOC ဆီဆိုင်ဘေးက လမ်းလေးထဲကို ချိုးဝင်လာခဲ့တော့ မြို့ပြနဲ့ တဖြေးဖြေး ခြားနားလာတာကို သိသိသာသာ တွေ့လာရပါတယ်..လမ်းအနည်းငယ်ကျဉ်းသွားပေမယ့် ကားနှစ် စီးရှောင်သာရုံလွတ်အောင် မောင်းလို့ရပြီး လမ်း ဘေးဝဲယာမှာ အညာဒေသပြရုပ်တစ်ခုဖြစ်တဲ့ ထနောင်းပင်တွေက ကားလမ်းကို အစိမ်းရောင် သစ်ခက်တွေနဲ့ အုပ်မိုးပေးထားတာကို ကားရှေ့ ခန်းထဲကနေ ဓာတ်ပုံရိုက်ရင်း ကြည်နူးနေရတာက ပြောပြလို့ထက် ကိုယ်တိုင်မြင်ရရင် ပိုသိသာခံစား မိမှာအမှန်ပါ …။ ခေတ်လူငယ်တွေပီပီ Social network Facebook စာမျက်နှာပေါ် ခုရိုက်ခုတင် ထနောင်း ပင်တန်းနဲ့အုပ်မိုးထားတဲ့ လမ်းပုံလေးကို “ ဒီ ထနောင်းပင်တန်းလေးတွေ အုပ်မိုးထားတဲ့ လမ်း လေးကို ဖြတ်သွားရင်း လမ်းဘေးတစ်ဖက်ဆီက ထနောင်းပင်လေးတွေ အသက်ရှည်ပါစေလို့ ဆု တောင်းမိတယ် ”လို့ ခေါင်းစဉ်ပေးထားလိုက်တာ …သိတဲ့သူတွေထဲက Friend ဖြစ်နေသူရဲ့ Comment လေးက ပြုံးချင်စရာ … “ကျွန်တော်တို့မြို့က ထနောင်းပင်တန်းလေး တွေကို အစ်မ သဘောကျတယ်ဆိုလို့ ကျေးဇူးပါ ခင်ဗျ …”တဲ့လေ။လမ်းတွေရှည်သလောက် သဘာဝအခင်း အကျင်းတွေနဲ့ စိမ်းစိုလှပနေတဲ့ လယ်ကွင်းတွေ, နေကြာခင်းတွေ, ဂေါ်ဖီခင်း၊ ကုလားပဲခင်း၊ ပြောင်းဖူးခင်း တွေက ကျေးလက်အငွေ့အသက် အပြည့်နဲ့ ကြည့်လို့မြင်သမျှ စိတ်ကြည်နူးစရာ အပြည့်နဲ့ပါ …။ မြို့ပြနဲ့ဝေးကွာချိန်ကြာရှည်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေခဲ့တာကြာပြီးမှ လမ်းတွေ ကောင်းလာ စည်ကားလာတဲ့ နေရာတွေမို့ အရင် ကလို သူခိုး၊ဓားပြရန်လည်း မရှိတော့ပဲ အေးအေး လူလူဈေးရောင်းနေတဲ့ မိန်းမကြီးငယ်တွေကို ကလေးငယ်တွေခါးထစ်ခွင်ရင်း ကားလမ်းဘေး နားမှာ ဒေသထွက်ကုန်သီးနှံတွေကို အောက်ခံ အခင်းပေါ်မှာ ဒီအတိုင်း ပုံချထားပြီး ဒစ်ဂျစ်တယ် ကတ္တားအသေးစားလေးတွေ ကိုယ်စီနဲ့မြင်ရတော့ အံ့သြမိတယ် …။ တောနယ်ဆန်တဲ့ ဈေးသည်လေးတွေနဲ့ ဈေး ဆိုင်တန်းတွေကိုမြင်တာနဲ့ ကျွန်မတို့တွေက “ဟာ … ပဲမြစ်တွေ …ကန်စွန်းဥတွေ ရောပဲ .. ထန်းပင်မြစ်တွေလည်း ပေါချက်၊ ဒါဆို အပြန်သယ်မယ် …မြို့သာဈေးရောက်ပြီ …” လို့ ကားပေါ်ပါသူငယ်ချင်းတတွေက ဝမ်းသာ ရွှင်ပြစွာ အော်ဟစ်ကြတယ်.. သဘောကောင်းတဲ့ ကားဆရာက လမ်းဘေး ချရပ်ပေးပြီး “ဘုရားဖူးဦးမလား” လို့ မေးပါတယ်။ အချိန်လင့်လို့မဖြစ်တာကြောင့် ကားပေါ်ကပဲ ဖူး မယ်ပေါ့ …၊ ဒါပေမဲ့ မြို့သာရှေးဟောင်းဘုရား တွေကို ရွှေရောင်ဝင်းပစွာနဲ့ ဖူးမြင်လိုက်ရတဲ့ ခဏမှာ အချိန်မရတာကိုလည်း မေ့သွားပါတယ်။ ရုတ်တရက် ကားသမားက ကားကို နေရာရွှေ့ လိုက်ပြီး အောက်ဆင်းကာ ဘုရားရှေ့က ညောင် ပင်ကြီးအောက်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေး ထဲ ပြေးဝင်ကာ ကွမ်းဝယ်တာမြင်လိုက်တော့ …“တံတားဦးက ကွမ်းနုဝါလေးတွေနဲ့ ယာ ထားတာ စားကောင်းတယ်ခင်ဗျ ” လို့ မျက်နှာ အပြည့်အပြုံးကြီးဆင်ပြီး ကွမ်းတွေအပြည့်ဝါး နေရင်း အားပါးတရပြောပြနေတဲ့ ကွမ်းယာသည် ကို ပြုံးပြရင်း ဘုရားရင်ပြင်တော်ပေါ်ပြေးတက်ပြီး ဘုရားဖူးရတာ ပျော်စရာကောင်းလိုက်တာလေ … ပြီးတာနဲ့ ခပ်မြန်မြန်ဆက်သွားကြတော့ .. ကွမ်းတွေအထုပ်လိုက်နဲ့ ကားဆရာက ဂီယာချိန်း ရင်း ဂရုတစိုက်မောင်းလာကာ ကွမ်းဝါးရင်း နာရီ ကိုတစ်ချက်ကြည့်တော့ နောက်ထပ်နာရီဝက်ဆို မြို့သာစက်မှုဇုန်အဝင်ဂိတ်ဝကို ရောက်ပြီတဲ့ …။ စိတ်လှုပ်ရှားမှုက မြှင့်တက်လာသလို .. စက်မှုမြို့တော်အဝင်ဝကနေ ယာဉ်ဖြတ်သန်းခ ပေးစရာမလိုဟု သိရတော့ ဝမ်းသာမိတယ် …၊ ပေးရမယ်ထင်နေတာဆိုတော့လေ … ။ အဝင်လမ်းမကြီးကနေ ဘေးတစ်ဖက်တစ် ချက်က မြင်ကွင်းတွေက အားလုံး ခေါင်မိုးအပြာ စက်ရုံကြီးတွေ Phase (1)A ဆိုတဲ့ဆိုင်းဘုတ်နား က လမ်းဘေးတစ်ဖက်မှာ လှပတဲ့ ဆိုင်ခန်းတွေနဲ့ ကြော်ငြာဘုတ်တွေကလည်း ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့ လားလို့ ထင်မှတ်ရသည်အထိ အရာရာ နေရောင် အောက်မှာ နေသားတကျ လှပလွန်းနေတာတွေ့ ရတယ် …။ မန္တလေး-မြင်းခြံကားလမ်းဘေးက JAPFA တိရိစ်္ဆာန်အစာစပ်စက်ရုံကြီးကိုလည်း နေရောင် အောက်မှာ လှမ်းမြင်နေရတာပဲ …၊ လမ်းမီး တိုင်တွေ အများအပြားစိုက်ထူထားပြီး တချို့မီး တိုင်တွေကို မီးကြိုးသွယ်ထားတာလည်း တွေ့ရ တော့ စက်မှုမြို့ပြအသစ်က တော်တော်တောင် အသက်ဝင်ပြီးစီးနေပြီပဲလို့တွေးရင်းငေးနေမိသည်။ လုံးချင်းအိမ်တွေကို ကားလမ်းဘေးနားမှာ ချစ်စရာ နေချင်စဖွယ် ဆောက်ထားတာမြင်တာနဲ့ ..ဒီမှာ အိမ်တစ်လုံးလောက်ရှိချင်လိုက်တာလို့ တွေးမိတဲ့ထိ သားရည်ကျမိတဲ့အထိပါပဲ ..မြို့သာစက်မှုဥယျာဉ် ဂိတ်ဝကနေ ဝင်လာခဲ့ တဲ့ ကွန်ကရစ်လမ်းမကြီးတွေအဆုံးမှာ အဝိုင်း ပတ်တစ်ခုကို စိမ်းစိုလန်းဆန်းသော မြက်အပြည့် နှင့်တွေ့လိုက်ရသည်။ မြင်မြင်သမျှက စောစော က လမ်းတလျှောက်ဖြတ်သန်းလာခဲ့တဲ့ တောနယ် ဒေသလေးကနေ ရုတ်တရက် နိုင်ငံအသစ်တစ်ခု စီ အလည်လာမိသလို .. မြင်ကွင်းအားလုံးက ချက်ချင်းပြောင်းလဲသွားတာ သိသိသာသာမို့ ကား ခဏရပ်ပြီး selfie ရိုက်ကြ Group ပုံတွေရိုက်ပြီး Location ကို Check in ဝင်ကြည့်ကြနဲ့ အလုပ် များသွားကြတာပါပဲ.. အဝိုင်းပတ်အနီးက လမ်းညွှန်ဆိုင်းဘုတ်ကို ခဏရပ်ကြည့်ပြီး" Myothar National Golf Course ” သို့လို့ ရေးထားတဲ့ စာအတိုင်း မောင်း ဝင်ခဲ့ရာ မိနစ်နှစ်ဆယ်ခန့်လောက်တွင် မြင်ကွင်း အသစ် .. ခံစားမှုအသစ်တွေက ထပ်မံကြိုဆို လိုက်ပါတယ်.. ကြည့်လေမြင်လေသမျှ တမျှော်မဆုံး စိမ်း လန်းလှပသော မြက်ခင်းပြင်များ ရေကန်ကြီးတွေ အလည်မှာ သေချာဒီဇိုင်းဆွဲထားသော ဂေါက် ကွင်းတည်ခုံ, အလံတိုင်တွေ, ဂေါက်ကွင်းသုံး ဘက်ဂီကားလေးတွေကလည်း စနစ်တကျစီတန်း လျှက်.. နေ့ခင်းဖက်ရောက်ပြီမို့ ဂေါက်ကွင်းအတွင်း က မြက်ခင်းပြင်တွေမှာ ရေပန်းတွေနဲ့ ရေဖြန်း နေတာလည်း မြင်ရသည်။“ဒီနေရာမှာ အရင်က အပင်တောင်မပေါက် ဘူး။ ကျုပ်တို့ နွားတွေလည်း စားစရာမရှိဘူး .. ရေအရမ်းရှားတယ် …။ အလုပ်လက်မဲ့များ တော့ ခိုးတဲ့သူလည်းပေါတယ်”ဆိုပြီး မြက်ခင်းတွေကို လှပအောင်မြက်ဖြတ် စက်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေရာက ထမင်းစားနားဟန်တူတဲ့ ဒေသခံဦးလေးကြီးက သူ့အတွက်ယူလာတဲ့ ထမင်းချိုင့်ကိုဖွင့်ရင်း ကျွန်မ တို့တွေကို ရှင်းပြလာတော့ အံ့သြမိနေတာကို မအောင့်နိုင်ပဲ မေးမိသည်.. “ဒီမြက်ဖြတ်စက်ကို ဘယ်တုန်းကတည်းက မောင်းတတ်ခဲ့တာလဲ ဦးလေး” ဆိုတော့ ထမင်းတွေကို ခရမ်းချဉ်သီးနိုင်းချင်း နဲ့ ချက်ထားသော ငါးခြောက်ဖတ်တွေနဲ့ ရောနယ် ရင်း အနားက လွယ်အိတ်လေးထဲက အရွက်တွေ ကို ထည့်မြုပ်ကာ ပလုပ်ပလောင်း စားရင်း ပြန် ဖြေတာက “ ဘယ် … ကျုပ်တို့တောမယ် နွားလှည်း လောက်မောင်းတတ်ထာဥစ်္စာ …၊ ဒီကွင်းထဲက ဆရာတွေသင်ပေးတာပဲ .. အခုက ကျုပ်တို့ တစ် အိမ်လုံး ဒီမှာလာအလုပ်လုပ်တယ် …။ ကျုပ် သမီးရော သားရောပါတယ် … ဟိုဖက်ကွင်းထဲ မယ် မြက်စိုက်နေကြတယ် …၊ အိမ်မတော့ အဘွား ကြီးတစ်ယောက်ကျန်တာပဲ .. ထမင်း ဟင်းချက်ပေါ့ …” လို့ ပြောပြောစားစားနဲ့ ရှင်း ပြပါတယ်..။ အရင်ကကြားဖူးခဲ့သလို နိုင်ငံတကာအဆင့် မီ(၁၈)ကျင်းဂေါက်ကွင်းကြီးကို မျက်မြင်တွေ့နေရ တော့ ဒီဒေသကြီးက မြန်မာပြည်အလယ်ပိုင်း (အပူဆုံးအပိုင်း) ကန်္တာရမြေ, ဖုန်းဆိုးမြေ …၊ သူခိုးဓားပြပေါပြီး လူအရောက်အပေါက်နည်း တယ်ဆိုတဲ့ စကားတွေက ယုံတမ်းစကားတွေ အဖြစ် တဖြေးဖြေးပြောင်းသွားတာပါပဲလား … လို့ စဉ်းစားနေမိတာပါပဲ“ဘယ်တော့လောက် ဒီဂေါက်ကွင်းကြီးက ပြီးမယ်တဲ့လဲဗျ ဦးလေး” လို့ မေးကြည့်တော့ …“ပြောတတ်ဘူးဗျ .. ကျုပ်တို့တော့ ပြော သံကြားတာ အခါမတိုင်မီဆိုလားပဲ .. အတိကျ သိချင်သပဆို တာဝန်ခံမေးပါဗျား …”” လို့ ပလုပ်ပလောင်းသံကြီးနဲ့ ဖြေပါတယ်။ ကိုယ်တိုင်ရော မိသားစုဝင် သူငယ်ချင်းတွေ ပါ မြို့သာစက်မှုဥယျာဉ်စီမံကိန်းရဲ့ Shareရှင် တွေဖြစ်နေတော့ ဒီနေရာ ဒီဒေသကြီးကို အမြဲ လည်းမရောက်နိုင်တာကတစ်ကြောင်း …၊ လုပ်ငန်းရှင်လောကမှာ အမည်ကောင်းနဲ့ သိကျွမ်း ရင်းနှီးခဲ့ရသူ …၊ အမြဲအားကျအတုယူလေးစား ရသူ Developer အဖြစ်ပုံဖော်ထုဆစ်မယ့် မြို့ ပြအသစ်စီမံကိန်းမို့ ယုံကြည်စွာပူးပေါင်းခဲ့ကြတာ လည်းဖြစ်သလို နှစ်တိုင်း ရှယ်ရာရှင်အစည်း အဝေးကို တက်ဖြစ်အောင်လည်းတက်နေကျပါပဲ .. ဒါနဲ့ ရန်ကုန်က အသိမိတ်ဆွေတချို့ကလည်း ဆန်္ဒရှိနေတာရယ် မိသားစုဝင်တွေနဲ့အတူ ရောက် ဖူးချင်တာရယ်ကြောင့် “မြို့သာဂေါက်ကွင်း အသစ်ကြီးထဲ သွားလည်ရအောင်”ဆိုတာနဲ့ စိတ် ဝင်စားတက်ကြွပြီး အမျိုးတွေ အသိမိတ်ဆွေတွေ အတူစုပြီး Side Seen ထွက်လာခဲ့ကြတာ ခုတော့ ထင်ထားတာထက်ပိုတဲ့ မြင်ကွင်းတွေက ကြိုဆို နေတာများ စိတ်ထဲ ဝမ်းမြောက်မဆုံးဖြစ်ကြရ တယ် …။ ဂေါက်ကွင်းတာဝန်ခံက ကူညီပေးလို့ (၁၈) ကျင်းဂေါက်ကွင်းအကုန်လုံးကို ဘက်ဂီကားလေး တွေစီးပြီး သေချာလေ့လာခွင့်ရကြတယ်..ကျင်းနံပါတ်(၁)ကနေ (၁၈) အထိ ထူးခြား ချက်က ဘေးဝဲယာရှုခင်းတွေအလွန်လှပြီး အရိုင်း ဆန်သလို လေထု .. မြေသင်းနံ့ .. ရေတွေ မြစ်နှစ်စင်းစာ စီမံပြုလုပ်ထားတာ .. တံတား လေးတွေ စံနစ်တကျရှိပြီး … တစ်နေရာတစ်မျိုး သဘာဝအပင်တွေရဲ့ အလှက နွေပန်းချီကားလို .. ရှုမောမဆုံး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ရင်း စကားတွေဖောင်ဖွဲ့နေကျ သူတွေစုလာတာမဟုတ် တော့သလို ကိုယ့်စိတ်နဲ့ကိုယ် သဘာဝတရားနဲ့ လူ တီထွင်ပေါင်းစပ်မှုမှာမြောပါနေကြတော့တာပါပဲ။ဂေါက်ကွင်းကြီးထဲက မြက်ခင်းပြင်မှာ ခြေ ဗလာနဲ့ ပြေးရတာ စိတ်ပင်ပန်းမှု Stress တွေ အကုန်ပြေသွားပြီး လိုက်မလာရလို့ ငိုကျန်ခဲ့တဲ့ အိမ် က တူတော်မောင်လေးမျက်နှာကို မြင်ယောင်မိ တယ် …။ “နောက်ခါလာရင် ကလေးတွေပါခေါ်လာ ရအောင် …၊ ဒီမှာ ဆော့ခိုင်းမယ် ပျော်နေကြ မှာပဲ …” ဆိုတော့ တိုင်ပင်မထားပါပဲ ပြိုင်တူအော် လိုက်ကြတာက-“ဂေါက်ကွင်း ဖွင့်ပွဲကျရင် လာကြမယ်ဟေး” တဲ့လေ..။ကန္တာရထဲက အိုအေစစ်လေးလို နိုင်ငံတကာ က ပညာရှင်တွေကို ငှားရမ်းပြီး စံနစ်တကျ စီမံ တည်ဆောက်နေတဲ့ " Myothar National Golf Course ” ဖွင့်ပွဲအခမ်းအနားကို လာမယ့် ဧပရယ်လနောက်ဆုံးပတ်အတွင်း နိုင်ငံတကာက ဂေါက်သီးအားကစားသမားတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲပြုလုပ်ကာ ဖွင့်လှစ်သွားမယ်လို့ သိရပြီးတဲ့ နောက်.. အချိန်သေချာထပ်ယူပြီး ခရီးစဉ်ကို သေချာဆွဲမယ် …။ အသစ်တည်ဆောက်ပြီးစီး နေပြီဖြစ်တဲ့ ဆီမီးခုံဆိပ်ကမ်းက တန်(၅၀)ကရိန်း တပ်ထားတဲ့ Pontoon Crane ကြီးရှိတဲ့ ဧရာဝတီ မြစ်ပြင်ပေါ်က သဘောၤကြီးကိုသွားကြည့်မယ် .. ကွန်တိန်နာတွေအသယ်အချလုပ်နေပြီတဲ့ …။ မြန်မာပြည်ရဲ့တစ်စင်းထဲသော တန်ဖိုးမဖြတ် နိုင်တဲ့ မြစ်မင်းဧရာတစ်ကြောက မြစ်ပုဇွန်, မြစ် ငါးကြင်းတွေကို ခရမ်းချဉ်သီးနိုင်နိုင်နဲ့ချက်ထား တာကို သွားစားဦးမယ်.. လို့အားခဲရင်း အပြန် လမ်းတစ်လျှောက် စက်မှုဥယျာဉ်ထဲက နေဝင်ချိန် ရူခင်းကိုငေးရင်း နာမည်ကြီး မြို့သာထန်းရေနဲ့ ငါးလေးကြော် .. ဖရဲသီး ,သခွားမွှေးစုံအောင်စား ရတာ စိတ်ချမ်းသာစရာ.. လတ်ဆတ်တဲ့အသီး အရွက်စုံသုပ်ထားတဲ့ ဒေသလက်ရာ မြူရွက်သုပ်, ညောင်ဖူးသုပ်, ဘယာကြော်သုပ်တွေကလည်း စား လို့မြိန်လိုက်တာ … ဆွေမျိုးမေ့ ဆိုတာတကယ် အမှန်.. အားလုံးရင်ထဲမှာတော့ နောက်တစ် ခေါက် …နောက်တစ်ခေါက် … ဆိုတဲ့စကား သံတစ်ခုက ပဲ့တင်ထပ်လျှက်ပါ… ။ Travelling_Journal
Contine Reading
By - Admin / 17-06-2018
အရိုင်းဆန်ကျွန်းလေးဆီသို့

အရိုင်းဆန်ကျွန်းလေးဆီသို့

တိုးဝင်းလွင် မြန်မာနိုင်ငံမြေပုံ၏အောက် ဘက်အစွန်ဆုံးမှာရှိတဲ့မြို့လေး တစ်မြို့ဆီသို့ အလုပ်ကိစ္စတစ်ခု နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ဒီ မြို့ လေးဆီကိုသွားချင်ခဲ့တာကြာမြင့်ခဲ့ ပါပြီ။ သွားလာရ အလှမ်းဝေးသည် က တစ်ကြောင်း၊အကြောင်း မတိုက်ဆိုင်သည်က တစ်ဖုံနှင့် မရောက်ဖြစ်ခဲ့မိပါဘူး။ ဒီတစ်ခါ တော့ အကျိုးအကြောင်းတိုက်ဆိုင်မိတာနဲ့ ရောက်ဖြစ်ခဲ့ပါပြီ။ အဲဒီနေရာလေးကတော့ လှပတဲ့ကျွန်းစုတွေကို ပိုင်ဆိုင် ထားတဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းထဲကကော့သောင်းမြို့လေးပါပဲ။ မြို့ လေးကိုရောက်ဖို့ ရန်ကုန်ကနေ တစ်ရက်ကျော်ကြာတဲ့အထိ မုန်း အောင် ကားစီးရတာကတော့ ပထမဆုံးအမှတ်ရစရာပင်ဖြစ် သည်။ ဒီလိုနဲ့ ကော့သောင်းမြို့ လေးကို ရောက်ပြီဆိုရင်ပဲစောင့် ကြိုနေတဲ့ Andaman ပင်လယ် ကြီးကို အဖွေးသားမြင်ရတော့တာပါပဲ။ နောက်ပြီး ပင်လယ်ကြီး မှာ သွားလာနေတဲ့ ရှပ်ပြေးရေ ယာဉ်တွေ၊ ထိုင်းနိုင်ငံနယ်စပ် မြို့ဖြစ်တဲ့ ရနောင်းဘက်ကို ကူး မယ့် သမ္မာန်ငယ်လေးတွေက အဖန်ဖန်သွားနေကြတာ မသိရင်ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါပဲ။ ပင်လယ်ကြီးကိုဖြတ်ပြီး တိုက် ခတ်လာတဲ့ လေပြေလေညင်း လေးတွေကတော့ အထူးတလည် ပြောစရာမလိုလောက်အောင်ကို လတ်ဆတ်နေတာအမှန်ပါပဲ။ စာရေးသူက ရန်ကုန်သားမို့လား မသိဘူး၊ လေကောင်းလေသန့် ကို ကောင်းကောင်းခံစားမိလိုက် ပါတယ်။ ရန်ကုန်မှာ ရှိနေစဉ်တုန်း ကတော့ ဒီကျွန်းလေးတွေကို ရောက်ရင် ဘယ်တွေကို သွားရ မလဲဆိုပြီး ခရီးသွားကုမ္ပဏီတွေ က ကမ်းတဲ့ လက်ကမ်းစာစောင် တွေကြည့်ပြီး သိမ်းထားရတာ လည်း များနေပြီလေ။ဘယ် ကျွန်းက လှတယ်။ ဘယ်ရောက် ရင် ဘာလုပ်မယ်ပေါ့။ အဓိက ကိုယ့်စိတ်ကူးက ရေငုပ်ပြီးရေ အောက်က သန္တာကျောက်တန်း တွေကိုကြည့်ချင်ခဲ့တာပါပဲ။ ခုတော့စိတ်ကူးထဲက အတိုင်း တကယ်ရောက်ဖြစ်တော့လည်း ဘယ်ကစရမှန်းမသိဖြစ်နေပြီလေ။ကျွန်းပတ်ခရီးစဉ်အဖြစ် အလုပ် ကိစ္စတစ်ခုနဲ့လိုက်ဖြစ်ခဲ့တယ်။ အဆုံးအစမရှိတဲ့ပင်လယ်ပြင််ကြီးထဲမှာ ရေယာဉ်စီးရတာတော့ ဘယ်ဘက်ကိုကြည့်ကြည့် ကမ်းမတွေ့ဆိုတော့ ကမ်းမမြင်လမ်း မမြင်ဆိုတဲ့စကားအတိုင်းပဲ ခုမှ တကယ်ကြုံလိုက်ရတယ်။ တစ် နာရီကို မိုင်လေးဆယ်နှုန်း လောက်မောင်းတဲ့ရှပ်ပြေးရေ ယာဉ်နဲ့ နှစ်နာရီနီးပါး စီးပြီးသွား တဲ့နောက်မှာ ကျွန်းဖီလာကျွန်း ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက် ခဲ့ပါပြီ။ကျွန်းကို မရောက်ခင် မလှမ်းတစ်လှမ်းက လှမ်းမြင်နေ ရတာ အရိုင်းဆန်လွန်းတဲ့ တော အုပ်ကြီးတစ်ခုကို တွေ့ရသလိုပါ ပဲ။ ကျွန်းပေါ်ရောက်ပြီး သေချာ ခံစားကြည့်တော့မှ ပကာသနတစ်ခုမှ လွှမ်းမိုးမှုမခံရသေးတဲ့အရိုင်းပန်းလေးတစ်ပွင့်ကို မြင် တွေ့လိုက်ရသလိုကြည်နူးလှပ လွန်းတဲ့ ခံစားမှုမျိုးကို ချက်ချင်း ပြောင်းလဲသွားတဲ့စိတ်ကို အလွန် အံ့သြမိပါတယ်။ ကြည့်ရတာတွေက အရာရာမှာ သဘာဝအတိုင်းပဲမြင်တွေ့နေရတာပါ။အောက်ကြမ်းပြင်ကို အထင်သားတွေ့မြင်နေရတဲ့ ပြာလဲ့လဲ့ ရေပြင်ကြီးက ကိုယ့်ကို ဒိုင်ပင်ထိုးခုန်ချလိုက်ချင်စိတ်ဖြစ် အောင် နှိုးဆွနေတာကတော့ အသေအချာပင်။ အလုပ်ကိစ္စနဲ့ မို့သာ စိတ်ကို ထိန်းထားရသည် မှာပင်ပန်းလှပါတယ်။ ရေယာဉ် ကပ်သည့်ဆိပ်ခံတံတားကနေ ကမ်းခြေကို ဖိနပ်ချွတ်ပြီးတံတား လျောက်လမ်းအတိုင်းလှမ်းလာ ခဲ့မိပါတယ်။ ကမ်းခြေသဲပြင်ကို ခြေချမိရုံဆိုရင်ပဲ ခြေထောက် ကိုဆတ်ခနဲ ပြန်ရုတ်လိုက်မိပါ တော့တယ်။ အကြောင်းကတော့ ကိုယ်နင်းထားတဲ့ သဲပြင်က သဲ ပြင်နဲ့မတူပဲနုညက်လွန်းလှတဲ့ အတွက် သတိလက်လွတ်ဖြစ်သွားမိခဲ့ခြင်းဖြစ်ပါတယ်။ အမှန်ပင် သဲသောင်ပြင်မှာတစ်ခြားကမ်း ခြေများရှိ သဲများကဲ့သို့ ကြမ်း မနေပဲပေါင်ဒါမှုန့်ကဲ့သို့ နုညက် လွန်းလှခြင်းပင်ဖြစ်တယ်။ ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပဲ အမှန်တကယ်ခံစားကြည့်ချင်တယ်ဆိုရင် အရောက် သွားဖြစ်ဖို့ တိုက်တွန်းချင်ပါ တယ်။ ကိုယ့်မတွေ့ဖူးလို့လား မသိ ကိုယ့်အတွက်တေ့ာ အထူး အဆန်းပင်။ ကမ်းခြေတစ်လျောက်ဘာဆိုဘာမှ ပြုပြင်ထားခြင်းမရှိ သလို အသစ်ထပ်မံဖြည့်စွက် ထားခြင်းလည်း ဘာဆိုဘာမှမရှိသေးပေ။ အတွင်းပိုင်းတောအုပ် တွေကြားမှာတော့ ဟိုတယ်လုပ်ငန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်နေမှုမျိုး သာ ရှိနေသေးသည်။ ထိုမျှ လှပမှုများနှင့် ပြည့်စုံနေတဲ့ ကျွန်းဖီလာကျွန်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့ သောင်းခရိုင်အတွင်းမှာ တည်ရှိ ပါတယ်။ ယင်းကျွန်းကို ဆွီဒင် အခြေစိုက်ကုမ်္ပဏီနှင့် FMI ကုမ္ပဏီတို့က ပူးပေါင်းပြီး ကန်ဒေါ်လာ (၁၀၅) သန်း ရင်းနှီး မြုပ်နှံကာ ဟိုတယ်စီမံကိန်းကိုဖော်ဆောင်နေခြင်းပင်ဖြစ်သည်။ စီမံကိန်းကို ဖော်ဆောင်ဖို့ အတွက် ဆွီဒင်အခြေစိုက်ကုမ္မဏီ ဖြစ်တဲ့ Mokan International Co.,ltdအနေဖြင့် လုပ်ပိုင်ခွင့် ကို ၂၀၁၃ နှစ်ကတည်းကပင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ကနေ ခွင့်ပြုပေးထားပြီး ယခုတွင် ပြည်တွင်းကုမ်္ပဏီတစ်ခု ဖြစ်တဲ့ FMI နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုကိုထပ်မံတိုး၍ လုပ်ငန်းဖော်ဆောင်နေခြင်းပင် ဖြစ်သည်။ အဆိုပါကျွန်းကို Mokan International Co.,Ltd အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ရင်း နှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ (၄ ဒသမ ၅) သန်းဖြင့် ရင်းနှီး မြှုပ်နှံရန် MIC က ခွင့်ပြုခဲ့ပြီး နောက် FMI ကုမ္ပဏီနှင့် ပူး ပေါင်းကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ (၁၀၅)သန်း ထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟိုတယ်စီမံကိန်း ကို ကျွန်းဖီလာကျွန်းအတွင်းမြေဧက(၆၀၀၀)ပေါ်တွင်ဆောင် ရွက်သွားမည်ဖြစ်ပြီး လုပ်ပိုင်ခွင့် အနေဖြင့် MIC မှ နှစ်(၅၀)ခွင့် ပြုထားသော်လည်း ထပ်မံ၍ နှစ် ၂၀(၁၀+၁၀)တိုးကာစုစုပေါင်းနှစ် ၇၀ လုပ်ပိုင်ခွင့်ရရှိထားပါတယ်။ ယခုအချိန်မှာတော့ ကျွန်း မှာ သဘာဝအလှတရားများနှင့် အရိုင်းဆန် ဆန်လှပနေသော်လည်း ယင်းကဲ့သို့ ဟိုတယ်စီမံကိန်းများ ဖော်ဆောင်ပြီးပါက လာရောက် သူများနှင့် စည်ကားနေမည်ဆို လျှင် အရိုင်းပန်းလေးမှာ အရောင် အသွေးစုံလင်စွာဖြင့် တစ်မျိုး လှပလာမည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။ စာရေးသူ၏ တစ်ဦးတည်း ခံစားချက်ကို ပြောပြရမည်ဆို လျှင် သဘာဝအလှအပများကို ကြိုက်နှစ်သက်သူဖြစ်သည့် အတွက် ကျွန်းကလေးကို အရိုင်းဆန်ဆန် လှပနေသည်ကိုသာမြင်တွေ့ ချင်မိသော်လည်း တစ်ဖက်တွင် မူ နိုင်ငံ၏စီးပွား ရေးတိုးတက် လာမှုအတွက် ရင်းနှီးမြှပ်နှံမှုများဝင်ရောက်လာဖို့လိုအပ်ပေသည် မှာ အမှန်ပင်ဖြစ် သည်။ ထို့အပြင် မြန်မာနိုင်ငံမှာ တကယ်တမ်း ခရီးသွားနယ်ပယ် ကို ပြန်ကြည့်လိုက်မယ်ဆိုရင် လည်း Tourism Industry ရဲ့ ၇၅ ရာခိုင်နှုန်းလောက် က အဏ္ဏဝါအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်တယ်ဟု ခရီးသွားလောကမှ ပုဂ္ဂိုလ်များက ဆိုကြသည်။ တနင်္သာရီတိုင်းအတွင်းမှာ ကျွန်းပေါင်း ရှစ်ရာကျော်ရှိနေ ပြီး သိပ်မဝေးလှသည့် ဒီလို နေရာမျိုးမှာသာ ဒီလိုအလှအပ တွေရှိနေပြီဆိုလျှင် ဝေးလံခေါင်း ပါးလွန်းလှသည့် အဆုံးအစမရှိ တဲ့ ပင်လယ်ပြင်ကြီးထဲတွင် ဘယ်လောက်တောင် သာယာလှပ နေတဲ့ အရိုင်းဆန်သော ကျွန်း လေးတွေ ရှိနေဦးမည်မှာ မြေ ကြီးလက်ခတ်ဧကန်မလွဲပင်။ တကယ်တမ်းဆိုရင် ဒါတွေဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးကြီး မားလှတဲ့ သဘာဝလက်ဆောင် မွန်ပင်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိ သွားဖြစ်ခဲ့တဲ့ ကျွန်းဖီလာကျွန်း လေးပေါ်မှာ ခဏတာအပန်းဖြေ ခဲ့ရသော်လည်း အချိန်ကုန်ရကျိုး နပ်လောက်အောင် သဘာ၀ တရားများကို ခံစားလိုက်ရတာ ကလည်း အမြတ်ပင်ဖြစ်ခဲ့လေ သည်။ စာရေးသူရဲ့ စိတ်ကူး တစ်ခုဖြစ်တဲ့ ကျွန်းတွေဆီကိုရောက် ရင် ရေငုပ်ပြီး ရေအောက်အလှ အပများကို ခံစားမယ်ဆိုတဲ့ စိတ်ကူးလေး အထမမြောက်ခဲ့ သည်မှာ စိတ်မကောင်းစရာပင်။ ဒီအရိုင်းဆန်ကျွန်းလေးကို ပကာ သနအရောင်တွေ လိမ်းခြယ်ထား ခြင်းမရှိသေးခင် အချိန်အတွင်း နောက်ထပ်တစ်ကြိမ် အခွင့်ကြုံ လို့ ရောက်ခဲ့မယ်ဆိုရင် မဖြစ်ဖြစ် အောင် ရေထဲ ဒိုင်ပင်ထိုးပြီး ကူး ခဲ့မိမှာ အမှန်ပင်ဖြစ်ပါတော့ တယ်။ Travelling_Journal/Vol - 1 Issue 1
Contine Reading
By - Admin / 13-06-2018