မြင့်ထွေး(ဟိုတယ်/ခရီး)
ကျွန်တော့်ဝန်ထမ်းသက်တမ်းတစ် လျှောက်သွားခဲ့သော ခရီးစဉ်များစွာရှိ ခဲ့သည်။ သွားခဲ့သောခရီးစဉ်များမှ အတွေ့ အကြုံ၊ ဗဟုသုတများစွာရရှိခဲ့ပြီး လျှောက် လှမ်းရာဘဝခရီးအတွက် သင်ယူစရာ၊ အတုယူစရာ၊ မှတ်သားစရာ၊ သင်ခန်းစာ ယူစရာ၊ ပြန်လည်အသုံးပြုစရာ၊ တစ်ဆင့် ပြန်လည် ဝေငှစရာ၊ အမှတ်ရစရာများ အနည်းဆုံး တစ်ခုထက်မနည်းတော့ကျန် ရှိခဲ့သည်။
မည်သို့သော ခရီးစဉ်ဖြစ်စေ ခရီးစဉ်သွားရောက်ခြင်းအတွက် အမြင်သစ်၊ အာရုံသစ်၊ ခံစားမှုအသစ်များ ရရှိကာ၊ စိတ်နုပျိုလန်းဆန်းမှုနှင့်အတူ ပွင့်လန်း သော အတွေးအမြင်များဖြင့် ရှေ့ဆက်ရ မည့်လမ်းခရီးအတွက် အားအင် အသစ်ကို ဖြစ်စေသည်။
ကျွန်တော်သွားရောက်ခဲ့သော ခရီး စဉ်များတွင် ကချင်ပြည်နယ်မှသည်၊ တနသာၤရီတိုင်းဒေသကြီးဆီသို့လည်း ကောင်း၊ ရှမ်းပြည်နယ်မှသည် ရခိုင်ပြည် နယ်ဆီသို့လည်းကောင်း၊ မူဆယ်၊ ကြူကုတ် မှသည် ဧရာဝတီတိုင်း ဒေသကြီးဆီသို့ လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှသည် ကရင်ပြည်နယ်၊ မွန်ပြည် နယ်ဆီသို့ လည်းကောင်း ဒေသအနှံ့အပြား သို့ တာဝန်ဖြင့် ရောက်ရှိခဲ့သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ (၁၉၉၂)ခုနှစ်တွင် စတင်ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ပြီး ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် (ယခင် ကန်တော်ကြီး ဟိုတယ်)တွင် ဟိုတယ်စီမံခန့်ခွဲမှုသင်တန်း ကို တစ်လတာ တက်ရောက်ခဲ့စဉ်က ခရီး သွားဘာသာရပ်ကို သင်ကြားပေးခဲ့သော ဆရာ ဦးခင်ကျော်၏ သင်ကြား ပြသမှု ကောင်းမွန်မှုကြောင့် မိမိနိုင်ငံအပေါ် ရှိ ရင်းစွဲချစ်ခင်မြတ်နိုးစိတ်မှာ ပိုမိုချစ်မြတ် နိုးလာပြီး မြန်မာနိုင်ငံတွင် လူဖြစ်လာရ သည်ကို ဂုဏ်ယူမိသည်။
ကျွန်တော်တို့မြန်မာနိုင်ငံတွင် အရှေ့ တောင်အာရှနိုင်ငံများ၌မရှိသော ရေခဲဖုံးလွှမ်းသောတောင်များမှသည် သာယာ လှပသောကမ်းခြေများ၊ မြင့်မားလှပသော ရေတံခွန်များမှသည် ရစ်ခွေကာစီးဆင်း နေသော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးများ၊ ထုံးကျောက်သဘာ၀ လိုဏ်ဂူများမှသည် နှစ်ပေါင်းထောင်ကျော် သက်တမ်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ၊ တစ်ဆယ့်နှစ်လရာသီမပြတ် လှပဝေဆာ ပွင့်လန်းကြသော သဇင်ပန်း၊ ချယ်ရီပန်း မှသည် ရိုးရာဓလေ့ယဉ်ကျေးမှုပွဲတော် အကြာင်းများအပြင် တိုင်းရင်းသားမျိုး နွယ်စုတို့၏ ဝတ်စားဆင်ယင်မှုနှင့် နေ ထိုင်မှု လူမှုဘဝပုံစံများအကြောင်းကို ဆရာဦးခင်ကျော်သင်ကြားခဲ့သည်မှာ နှစ် ပေါင်း(၂၄)နှစ်ကျော် ကြာမြင့်ခဲ့ပြီးဖြစ် သော်လည်း ယနေ့အထိ မမေ့နိုင်သေး။
ထို့ကြောင့်ပင် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာသို့ စေလွှတ်သည်ဖြစ်စေ စိတ်လက် ပေါ့ပါးလန်းဆန်း စွာသွားဖြစ်ဲ့သည်။ မြန်မာနိုင်ငံအတွင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်စုံလင်စွာ သွား ရသည့်တိုင် ယခုအချိန်ထိ သွားချင်နေဆဲ၊ သွားနေဦးမှာပဲဖြစ်သည်။
ကျွန်တော်သွားရောက်ခဲ့သော ခရီးစဉ်များအနက် နှစ်စဉ် ဇန်နဝါရီ(၁၂)ရက် မှ (၁၆)ရက်ထိ ကျင်းပလေ့ရှိ သည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်နှင့် တိုက်ဆိုင်နေ၍ (၂၀၁၅)ခုနှစ်၊ ဇန်နဝါရီ လတွင်သွားရောက်ခဲ့သော နာဂဒေ သခရီး စဉ်အကြောင်းကို တင်ဆက်လိုပါသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၀၆ ခုနှစ်မှစ၍ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ များတွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပြီး၊ ကျင်းပ ရာမြို့များတွင် နာဂဒေသအသီးသီးရှိ နာဂမျိုးနွယ်စုများမှ ပွဲတော်သို့ လာရောက်ဆုံတွေ့ကာ ပျော်ရွင် စွာစုပေါင်း ဆင်နွှဲကြသည်။
အဆိုပါ ပွဲတော်သို့ လာရောက် လေ့လာကြမည့် နိုင်ငံတကာမှကမ္ဘာလှည့် ခရီးသွားဧည့်သည်များအား ကြိုဆိုပို့ ဆောင်ရေး၊ တည်းခိုနေထိုင်စားသောက် ရေး၊ လည်ပတ်လေ့လာရေးကိစ်္စများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Exclusive Tour Operator အဖြစ် ဆောင်ရွက်ခဲ့သော Diamond Palace Travel & Tour Co.,Ltd သည် ၂၀၀၃ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိဆိုလျင် (၁၅)ကြိမ်တိုင်ရှိပြီးဖြစ် ပါသည်။
ကျွန်တော့်အား နာဂရိုးရာနှစ်သစ် ကူးပွဲတော်သို့ သွားရောက်ရန်တာဝန်ပေး လာ၍ မော်တင်စွန်းမှသည် နာဂပွဲတော် ကျင်းပရာ လေရှီးမြို့သို့ သွားရောက်ရန် အတွက်လိုအပ်သော အနွေးထည်၊ ခေါင်း စွပ်၊ လက်အိတ်၊ ပဝါများကို နေပြည်တော် အိမ်တွင် ဝင်ရောက်ယူဆောင်ပါသည်။
ကျွန်တော်၏ ယခုခရီးစဉ်မှာ မော် တင်စွန်းမှ ပုသိမ် ၊ ရန်ကုန်၊ နေပြည်တော် သို့ ကားဖြင့်လည်းကောင်း၊ နေပြည်တော်မှ မန်္တလေးသို့ ကားဖြင့်လည်းကောင်း၊ မန်္တလေးမှ ဟုမ်္မလင်းမြို့သို့ လေယာဉ်ဖြင့် လည်းကောင်း၊ ဟုမ်္မလင်းမှ ထမံသီသို့ ချင်းတွင်းမြစ်အား စက်လှေဖြင့် ဆန်တက် ၍ လည်းကောင်း၊ ထမံသီမှ လေရှီးသို့ 4 × 4 Wheels ကားဖြင့်လည်းကောင်း၊ ကားတစ်တန်၊ လေယာဉ်တစ်တန်၊ စက် လှေတစ်တန် အဆင့်ဆင့် ကျော်ဖြတ သွား ရမည့်ခရီးရှည်တစ်ခုဖြစ်သည်။
ဤသို့လမ်းပန်းဆက်သွယ်မှုခက်ခဲ သည့် ခရီးစဉ်ကို ဖော်ဆောင်ရင်း နာဂ တိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူး ပွဲတော်အား နိုင်ငံတကာမှသိရှိစေရန် ဆောင်ရွက်နေသော Diamond Palace Travel & Tour Co.,Ltd ပိုင်ရှင် ဦးသိန်းသန်းကိုလည်း ချီးကျူးမိ သည်။ MD ဦးမောင်နီ၏ ရှင်းလင်းပြော ကြားချက်များအရ အရောက်အပေါက် နည်းပါးသော နာဂတိုင်းရင်းသားမျိုးနွယ်စု တို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများကို နိုင်ငံခြားသားကမ်္ဘာ လှည့်ခရီးသည်များနှင့် မိမိတို့နိုင်ငံသား များ သိရှိနားလည်စေရန်၊ ပြည်တွင်းပြည်ပ ဧည့်သည်တော်များလမ်းခရီးတစ်လျှောက်၌ သွားလာမှု လုံခြုံချောမွေ့စေရန်နှင့် အစစရာရာပြည့်စုံနိုင်ရန် စိတ်ချမ်း မြေ့စွာ နေထိုင်စားသောက်နိုင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသအကြီးအကဲများ၊ နာဂ မျိုးနွယ်စုအကြီးအကဲများနှင့်တိုင်ပင်ကာ စီမံခန့်ခွဲရေးနှင့် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့၊ ကြိုဆိုနေရာချထားရေးအဖွဲ့၊ အိပ်ခန်း ဆောင်ထိန်းသိမ်းရေးအဖွဲ့၊ အစားအစာ ချက်ပြုတ်ရေးအဖွဲ့၊ ကျွေးမွေး ဧည့်ခံရေး အဖွဲ့၊ ရေမီး၊ မိလ်္လာနှင့် အဆောက်အဦ ဆောက်လုပ်ရေးအဖွဲ့၊ ဈေးကွက်ရှာဖွေ ရေးနှင့် မှတ်တမ်းတင်ရေးအဖွဲ့များဖွဲ့စည်း ပြီး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ကျွန်တော်အပါအဝင် နိုင်ငံခြားသား ကမ်္ဘာလှည့်ခရီးသည်(၁၀)ဦးနှင့် ဧည့်လမ်း ညွှန်သုံးဦးအဖွဲ့တွင် ပါရှိလာသော ကမ်္ဘာလှည့်ခရီးသည်များတွင် အမေရိကန်၊ ဒတ်ချ်၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ နယ် သာလန်၊ ဂျပန်နိုင်ငံသားများနှင့် ပြည်တွင်း ဧည့်သည်များ ပါရှိလာပြီး၊ တစ်ခါမျှမ ရောက်ဖူးကြသေးသော ခရီးသည်များဖြစ် ၍ ဟုမ်္မလင်းမြို့၊ ချင်းတွင်းမြစ်ဆိပ်ကမ်းသို့ရောက်ရှိသည်နှင့် ဒေသခံများ၏ လူမှု နေထိုင်မှု ပုံစံများကိုလည်းကောင်း၊ ချင်း တွင်းမြစ်တစ်လျှောက်ဆန်တက်ရာတွင် တွေ့မြင်ရသော တောတောင်ရှုခင်းများ၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆန်သွားလာနေကြသော ဝါးဖောင်များ၊ စက်လှေများ၊ သဲသောင်တွင် ရွေ့လျား တည်ဆောက်ထားသော တဲများ၊ လူများ၊ တိရိစ်္ဆာန်များကိုလည်းကောင်း အဆက် မပြတ် အလု အယက် ရိုက်ကူးမှတ်တမ်းတင် ရင်း ပျော်ရွှင်ကြည်နူးနေကြသည်ကို မြင်တွေ့ရသဖြင့် သူတို့၏ အပျော်၊ ကြည်နူးမှု များပါ ကျွန်တော့်ရင်သို့ ကူးစက်ဝင်ရောက် လာခဲ့သည်။
မြန်မာနိုင်ငံတွင် ထင်ရှားသော မြစ် ကြီးလေးစင်းရှိရာ ကျွန်တော်သည် ဧရာ ဝတီမြစ်ကြီးပေါ်တွင် မန္တလေးမြို့မှသည် မြစ်ကြီးနားမြို့အထိ မော်တော်ယာဉ်ဖြင့် ဆန်တက်ခဲ့ဖူးပြီး သံလွင်မြစ်ကြီးပေါ်တွင် လည်း ဖြတ်သန်းခဲ့ဖူးသည်။ ယခု ချင်းတွင်း မြစ်ပေါ်တွင် စက်လှေဖြင့် မြစ်ကြောင်း တစ်လျှောက်စီးဆင်းခြင်းသည် ပထမဆုံး အကြိမ်ဖြစ်၍ ရှုခင်းများကို မလွတ်တမ်း ငေးမောကြည့်ရှုရင်း မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးဖြစ်သည်။ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ဒေသခံတို့သည်လည်း ကောင်း၊ အထက်အညာအောက်အခြေရှိ ပြည်သူတို့သည်လည်းကောင်း၊ ချင်းတွင်း မြစ်ကြီးကို အားကိုး အားထားပြု၍အသက် မွေးဝမ်းကြောင်းပြုနေကြရသဖြင့် ချင်း တွင်းမြစ်၏ ဂုဏ်ဒြပ်သည်လည်း ကြီးမား ကျယ်ပြန့်ထင်ရှားလှသည်။
ချင်းတွင်းအထက်ပိုင်းသို့ တဖြည်း ဖြည်းဆန်တက်ရောက်ရှိလာသဖြင့် အေးမြ သောလေမှာ စက်လှေ၏အရှိန်နှင့် အပေါ် အင်္ကျီကိုထိုးဖောက်ကာ ခန္ဓာကိုယ်အထိ တိုးဝင်လျက်ရှိနေသည်။ ကောင်းကင်တွင် တိမ်တောင်များ ကင်းစင်၍ နေရောင်ကျ ရောက်မှုကြောင့် ကြည်လင်သာယာလှပ နေသဖြင့် ကျယ်ပြန့်သော ချင်းတွင်းမြစ်ကြောင်း၏ မျက်စိတစ်ဆုံးမြင်ရသည့် မြင်ကွင်းတွင် ထိပ်ဖျားချွန်၌ ဖြူဖွေးနေသော တောင်တစ်လုံး ကို တွေ့ရစဉ် စက်လှေ မောင်းအား မေးကြည့်ရာ စာရာမေတိ တောင်ဖြစ်ကြောင်း၊ တောင်ထိပ်တွင် နှင်းခဲနေတာဖြစ်ကြောင်း၊ သူ့စက်လှေ မောင်း (၁၅)နှစ်သက်တမ်းတစ်လျှောက် ဒီလိုရှုခင်းမျိုးကို ဒီတစ်ခါပဲတွေ့ဖူးသေး ကြောင်း၊ ရာသီဥတုသာယာ၍ ယခုလို တွေ့မြင်ရခြင်းဖြစ်ကြောင်း ပြောပြသဖြင့် ကျွန်တော်တို့အဖွဲ့သားများအားလုံး အံ့သြ ဝမ်းသာစွာဖြင့် အချင်းချင်းအသိပေးကာ ကြုံတောင်ကြုံခဲရှုခင်းအား မျက်တောင် မခတ်ကြည့်ရှုရင်း ချင်းတွင်းမြစ်ပြင်ကျယ် ကို ဗဟိုပြုလျက် လှပသည့် အဝေးမှစာရာ မေတိတောင် အား ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် ရိုက်ကူးမှတ်တမ်းတင်ကြပါသည်။
ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် (၆)နာရီခန့် ဆန်တက်ခုတ်မောင်းပြီး နောက် ထမံသီဆိပ်ကမ်းသို့ မွန်းလွဲ (၃) နာရီအချိန်ခန့်တွင် ရောက်ရှိပါသည်။ ထမံသီဆိပ်ကမ်းသည် ကွန်ကရိလှေကား များပြုလုပ်ထားသဖြင့် လှေဆိပ်မှ ကုန်း ပေါ်သို့တက်ရောက်ရန် အဆင်ပြေလွယ် ကူသော်လည်း၊ မတ်စောက်လှသဖြင့် အတော်သတိထားတက်ကြရသည်။ ငယ်စဉ်က လူမှ ကျားဖြစ်၊ ကျားမှ လူဖြစ်သည့် ဒဏ္ဍာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန် နာမည် ကြီးလှသော ထမံသီသို့ ရောက်ရှိခြင်း ကြောင့် ကမ်းနဖူးထိပ်ရှိ ထမံသီမြို့မှကြို ဆိုပါသည်ဆိုသော ဆိုင်းဘုတ်ကြီးအား နောက်ခံထား၍ ကျွန်တော်တို့တတွေ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပြန်သည်။
ထမံသီဆိပ်ကမ်း၊ ကမ်းနဖူးတွင် လေရှီး မြို့သို့ ခရီးကြမ်းသွားရောက်ရန်အတွက် ကုမ်္ပဏီမှ 4 × 4 Wheels မော်တော်ယာဉ် (၁၀)စီးကို နံပါတ်စဉ်များတပ်၍ နံပါတ်စဉ် အလိုက် စီးနင်းရမည့်သူများကို စီစဉ်ချိန် နှင့် ယာဉ်တန်းပုံစံဖြစ်ရန် အချိန်အနည်း ငယ်ပေးကြရသည်။ ပစ်္စည်းသယ်ယူသည့် ကားမှာသီးသန့်ဖြစ်၍ ပစ်္စည်းများစုံရန် လည်းစိစစ်ရသည်။ စနစ်တကျစီစဉ်ထား ရှိသောစီမံခန့်ခွဲမှုဟု သုံးသပ်မိသည်။
ကျွန်တော်တို့အဖွဲ့ ထမံသီမှစတင် ထွက်ခွာတော့ မွန်းလွဲ(၃)နာရီခွဲအချိန်ဖြစ် သည်။ ယာဉ်များမှာ ဒေသယာဉ်များဖြစ် ပြီး၊ ယာဉ်မောင်းများမှာလည်း ဒေသယာဉ် မောင်းများဖြစ်၍ ကျွမ်းကျင်စွာမောင်း နှင်နိုင်ကြသဖြင့် စိတ်ချလက်ချစီးနင်းကာ ပတ်ဝန်းကျင်အလှအပများကို ငေးမော ကြည့်ရှုကာ လိုက်ပါခဲ့ကြ ပါသည်။ ထမံသီ နှင့် လေရှီးမြို့မှာ (၄၁)မိုင်သာဝေးသော် လည်း၊ တောင်တက်တောင်ဆင်းများခြင်း၊ အကွေ့အကောက်များခြင်းကြောင့်၊ (၃) နာရီခန့် မောင်းနှင်ခဲ့ရသည်။ လမ်းတစ် လျှောက် အချို့နေရာများတွင် ကတ္တရာလမ်း၊ အချို့နေရာများတွင် မြေသားလမ်း များဖြစ်ပြီး၊ လမ်းသစ်တိုးချဲ့ဖောက်လုပ် နေမှုကို တွေ့ရှိခဲ့ရသဖြင့်၊ နယ်စွန်နယ်ဖျားအထိ ဒေသဖွံ့ဖြိုးရေးအတွက်အလေး ထားဆောင်ရွက်ပေးနေမှုကို လည်ကောင်း၊ ခရီးသွားလုပ်ငန်းအတွက် အထောက်အပံ့ တစ်ခုအဖြစ်လည်းကောင်း နိုင်ငံတော် အစိုးရအပေါ် ကျေးဇူးတင်မိသည်။ ကုမ်္ပဏီ၏ MD ဖြစ်သူ ဦးမောင်နီမှလည်း ယာဉ်တန်းဖြင့် သွားရောက်နေစဉ် မှာပင် လှပသောစာရာမေတိတောင်အား မြင်ရသည့်နေရာသို့ရောက်ရှိလျှင် ကားရပ်ပြီး ရှင်းလင်းပြောပြပေးခြင်း ကြောင့် ကမ္ဘာလှည့်ခရီးသည်များ၏ ကျေနပ်ပီတိ ဖြစ်ကာ ဓာတ်ပုံများရိုက်ကြပြန်သည်။
ကြံ့ခိုင်မှုအားကောင်းမွန်သော 4 × 4 Wheels ကားများ၏ ပြင်းပြင်းသော့သော့ မောင်းနှင်မှုကြောင့် ပေ(၄၀၀၀)ကျော်သို့ တဖြည်းဖြည်းရောက်ရှိလာပြီး သစ်တောများအတွင်းသို့ ဖြတ်သန်းရောက်ရှိ လာသည့်အတွက် အအေးချိန်က ပိုကဲလာသည်။ အနွေးထည်၊ ခေါင်းစွပ်များကိုယ်စီ အသုံးပြုနေကြပြီကို တွေ့ရှိရသည်။ တောင် ပေါ်ဒေသဖြစ်၍ အမှောင်ဖက်ကို စောစွာ ရောက်ရှိလာသည်။ လေရှီးမြို့၏ မှိန်ပြပြမီးရောင်ကိုတွေ့ရခြင်းကြောင့် မဝေးတော့ ဟုထင်ရသော်လည်း တောင်များကိုပတ်၊ လျှိုများကို ရစ်ခွေမောင်းနှင်နေရခြင်း ကြောင့် လေရှီးမြို့သို့ တော်တော်နှင့်မ ရောက်နိုင်သည့်အပြင် အမှောင်ပိုကဲလာ၍ ကားမီးကြီးများဖွင့်ပြီး သတိနှင့်မောင်းနေ ကြရသည်။ ချမ်းစိမ့်သောနာဂဒေသ၏ အအေးဒဏ်နှင့် လေတိုက်ခတ်မှုများက ကျွန်တော်တို့ကို ကလူကျီစယ်ကြိုဆိုနေ သယောင်ထင်မိသည်။
လေရှီးမြို့တည်းခို ရာနေရာသို့ ရောက်တော့ ည ၆ နာရီ မိနစ် ၂၀ ရှိပြီ။ ကျွန်တော်တို့တည်းခိုမည့် အဆောင်များကို A . B . C အဆောင်(၃) ဆောင်ခွဲထားပါသည်။ အဆောင်(A) တွင် နိုင်ငံခြားသားကမ်္ဘာလှည့်ခရီးသည် (၁၇)ဦးကိုနေရာချထားပေးပြီး အဆောင် (B)နှင့် အဆောင်(C)တွင် ပြည်တွင်း ပြည်ပခရီးသွားအဖွဲ့များ၊ ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များကို နေရာချထားပေး သည်။ အဆိုပါ တည်းခိုဆောင်များမှာ နာဂတိုင်းရင်းသားများပိုင် အိမ်များဖြစ် သည်။ အဆိုပါအိမ်များကို ကုမ်္ပဏီမှ အပြတ်ငှား၍ အခန်းများဖွဲ့၊ ရေချိုးခန်း၊ အိမ်သာများ ပြင်ဆင်တည်ဆောက်ကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြစ် သည်။ လေရှီးမြို့၏ တိုက်ခတ်သောလေ နှင့် အအေးဒဏ်တို့က ကျွန်တော်တို့အဖွဲ့ အား ညခင်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြ လေပြီ။ ကုမ်္ပဏီ MD ဦးမောင်နီရောက် ရှိလာပြီး မိနစ်အနည်းငယ်အကြာတွင် ညစာ စားသောက်ရန် မှာကြားထားပြီး ဖြစ်၍ တည်းခိုရာအိမ်မျက်စောင်းထိုးရှိ တောင် ကမ်းပါးတွင် ဖွင့်လှစ်ထားသော လစ်ခ်စီစားသောက်ဆိုင်တွင် ဒေသထွက် အသီးအရွက်၊ အသား၊ ငါးဖြင့် ရန်ကုန်မှ ရောက်ရှိနေသော စားဖိုမှူး၏ လတ်ဆတ် မွှေးကြိုင်စွာ ချက်ပြုတ်ထားသော ပူပူ နွေးနွေးဟင်းလျာများကို ဆာဆာနှင့် အား ပါးတရစားသောက်ကြပါသည်။နိုင်ငံခြား သားဧည့်သည်၏ ပျော်ရွှင်စွာစားသောက် နေပုံများကို မြင်တွေ့ရခြင်းကြောင့် ၎င်းင်း တို့၏ ပျော်ရွှင်မှုများက ကျွန်တော်တို့ ရင်ထဲ ကူးစက်ဝင်ရောက်ကာ အေးချမ်း မှုနှင့် ခရီးစဉ်ပင်ပန်းမှုဒဏ်များမှာ ပြေ ပျောက်ခဲ့ရပြီး လေရှီးမြို့သို့ ချောမွေ့စွာ ရောက်ရှိမှုကို ဝမ်းမြောက်ရင်း ပထမဦးဆုံး လေရှီးညကိုတော့ ကိုယ်ကပ်အနွေးထည် ဝတ်၍ စောင်ထူထူခြုံကာ အိပ်စက်လိုက် ပါတော့သည်။
ဆက်လက်ဖော်ပြပါမည်…………………………………….