ကိန္ဒာရုပ်စုံဘုရားတွေရှိရာ ကြာပြည့်အင်း

ရတီမာန် ခရီးထွက်ကြမလားလို့ စဉ်းစားလိုက်ရင်ဖြင့် တောင်ပေါ်ဒေသတွေရဲ့ လှပတဲ့ တောင်ဆွယ် တန်းတွေကို တိမ်ပင် လယ်ကြားက မြင်နေရတဲ့ မြင်ကွင်းမျိုးတွေ ..ရေတံခွန်တွေ ..ရေပြာအိုင် လိုထူးဆန်းတဲ့ နေရာတွေအကြ ...

ရတီမာန်

ခရီးထွက်ကြမလားလို့ စဉ်းစားလိုက်ရင်ဖြင့် တောင်ပေါ်ဒေသတွေရဲ့ လှပတဲ့ တောင်ဆွယ် တန်းတွေကို တိမ်ပင် လယ်ကြားက မြင်နေရတဲ့ မြင်ကွင်းမျိုးတွေ ..ရေတံခွန်တွေ ..ရေပြာအိုင် လိုထူးဆန်းတဲ့ နေရာတွေအကြောင်း က အစီအရီ ခေါင်းထဲဝင်လာတတ်တာတော့ လူတိုင်းလိုပါပဲလေ..ဖုန်ထူထူနေပူပူမန္တလေးမှာ နေရတဲ့သူတွေ အဖို့ဆိုရင်တော့ အေးမယ့် အရပ်ဒေသတွေဆီကိုသာစိတ်က အပြေးရောက်သွားတတ်ကြပြီး လှပတဲ့ ရှုခင်း တွေနဲ့ လတ်ဆတ်တဲ့ လေနုအေးတွေ ရှူရှိုက်ချင်တာက ခရီးစဉ်ဆိုတိုင်း ဦးစားပေးရွေး ချယ်မှုဖြစ်တယ်. .ခုခေတ်ကြီးမယ် ဘာလုပ်ချင်လဲ..ဘာသိချင်လဲ..ဘယ်သွားချင်လဲ..နောက်ဆုံးဘာစားချင်လဲဆိုတာ အထိ အွန်လိုင်းပေါ်မှာ သာရှာကြတဲ့အခါ Fb မှာ Friend ဖြစ်နေတဲ့သူ တွေထဲ ကံကောင်းစွ Travel Blogger (နာမည် ကြီး) တွေရှိနေတာက ခရီးသွားခြင်းအတွက် အကြံကောင်းတွေ၊ ရှောင်ရန်/ဆောင်ရန်တွေနဲ့ ကိုယ် မသိသေးတဲ့ အခြားဗဟုသုတတွေကိုပါ သိနေနိုင်တယ်လေ ..။

“မကွေးမြို့ရဲ့အရှေ့ဘက်
ကြာပြည့်အင်းကျေးရွာအတွင်း
တောထဲ၌ နှစ်ပေါင်း(၁၀၀)ကျော်က
တည်ထားခဲ့တဲ့
ကိန်္ဒရာရုပ်စုံဘုရားကြီး..
ပြည်တွင်းပြည်ပမှ မရောက်ဖူးသေးတဲ့
မိတ်ဆွေများလည်းဖူးမျှော်နိုင်အောင်
ပြန်လည်မျှဝေပေးလိုက်ပါတယ်” ဆိုတဲ့ စတေးတပ်လေးနဲ့ တစ်ပါတည်းမြင်လိုက်ရတဲ့ ပုံတွေထဲမှ ဘုရားပုံစံ တွေက ခရီးစဉ်ဘယ်ဟာရွေးရမလဲတွေးနေတဲ့ အတွေးတွေကို ရုတ်တရက်ရပ် တန့်သွားစေတယ် …။

ဒီခရီးကိုသွားဖို့ ကျောပိုးအိတ်တစ်လုံးစာ အဝတ်နဲ့ တစ်ယောက်ထဲပဲထွက်လာခဲ့ပြီးမှ လမ်းခရီးမှာ စားစရာ ခက်မှာစိုးလို့ မုန့်တွေဝယ်၊ ရေလည်းနှစ်ဘူးလောက်သယ်လာခဲ့ပြီး ကားကိုလည်း ဟိုက်ဂျက်လေးပဲ ဖုံးဆက်ပြီး အသိထဲက ကြိုငှားထားလိုက်တယ်..(ကရိကထသိပ်မများ ချင်ဘူးလေ) ရွာလမ်းဆိုတော့ ကားသေးလေ ကောင်းလေ ပါပဲ..

အရင်ဆုံးမန္တလေးကနေ မကွေးကို အရင် သွားရတယ်..ပျော်တာပေါ့။ ကိုယ့်နယ်ကိုယ် ပြန် ရတာဆိုတော့လေ။ အိမ်ရောက်တော့ အဖေ့ကို အကျိုးအကြောင်းပြောပြတဲ့အဖွင့်မှာတင် အဆူ ခံရရော ..။

“ ငါ မွေးထားတာ မိန်းကလေးဟ …၊ ယောက်ျားလေးမှတ်နေလား။ တစ်ယောက်တည်း သွားမယ်တဲ့ ဖြစ်မလား ဟ ငါ့သမီးရ …” ဆိုတဲ့ စကားအဆုံး “ငါ အဖေတစ်ယောက်လုံးရှိသေး တယ် ..မသေသေးဘူး ..ငါ လိုက်ပို့ မယ် ” ဆိုတဲ့ စကားနဲ့ပိတ်ပါတယ်..

ညကားနဲ့ မန္တလေးကနေ မကွေးရောက် တော့ ညနှစ်နာရီကျော်.. လာကြိုတဲ့ ဦးလေး အားကိုးနဲ့ အိမ်ပြန် ရောက်ပြီး ရသလောက်လေး အိပ်ဖို့ကြိုးစားပေမယ့် ဒီတစ်ခါခရီးစဉ်ကို စိတ် လှုပ်ရှားနေမိတော့ အိပ်မပျော် နိုင်ပါဘူး…
ကိုယ့်အိမ်က မနက်ပိုင်းခပ်စောစောထွက်ခဲ့ ရင်း မကွေး-တောင်တွင်းမြို့ပတ်လမ်း (အရှေ့ဖက်)ကနေ ယင်းဆိပ်တံတား ကျော်ပြီး မြို့ပတ်လမ်းဘေးဘယ်ဖက်မှာ ရှိတဲ့ “သရက်လေးပင်”ရွာကို အရင် ရောက်ပါတယ်။ အဲ့ဒီရွာအကျော် နောက်ထပ်တစ်ရွာ “ကြောင် ပျောက်ရွာ” ရောက်တော့ ရွာ အဝင်ဝက ဆိုင်းဘုတ်ဘေး လမ်းအတိုင်း မောင်းဝင် လာခဲ့ကြတာ ရုတ်တရက် လမ်းဆုံ(လမ်းနှစ်ခွ)ဆီ ရောက်တော့ဘယ်လမ်း လိုက်ရမလဲ စဉ်းစားနေတုန်း ဖုန်တွေ ခြေသလုံးတစ်ဝက်လောက်ရှိပြီး လမ်းပေါ်ရပ်နေတဲ့ ရွာသားတစ်ယောက်က “ဟိုဖက်က ကားလမ်း”လို့ ဆိုပါတယ်.. သူ့ကားလမ်းဆိုတာကို သေချာကား ပေါ်ကနေကြည့်လိုက်တော့ ဖုန်ထုကိုပဲမြင်ရတယ် (ဘာထူးလို့လဲလို့ လွှတ်ခနဲပြောမိတော့) .. အဲ့ဒီ ရွာသားကြီးက သူရပ်နေတဲ့ဖက်ကို လက်ညိုးထိုး ပြပြန်တယ် “ဒီဖက်ကလှည်းလမ်း” တဲ့ …။

မတိုင်ပင်ပဲ သားအဖနှစ်ယောက်သားခွီမိကြ ရောလေ။
ကြောင်ပျောက်ရွာနဲ့နှစ်ဖာလုံအကွာမှာရှိတဲ့ ကြာပြည့်အင်း(မြစိမ်းရောင်ကျေးရွာ)ဆိုတဲ့ ရွာ အဝင်ဆိုင်းဘုတ် ကိုမြင်တော့မှ.. ကဲ..ရွာထဲရောက်ရင်ရေကန်လေးရှိတဲ့ လမ်းကကွေ့ဝင်ခဲ့ပါလို့လမ်းပြပေးမယ့် ရွာက တပ်မတော်သား လက်ထောက်ဆေးမှူးကြီးရဲ့ နှမ တစ်ယောက်က ဖုန်းထဲမယ်သေချာညွှန်ကြားခဲ့တော့ ရေကန်လေးကို အတင်းရှာရတာပေါ့လေ။ တကယ်ပါဆို ရေကန်လေးက သေးသေးလေးပါပဲ (အုတ်ရေကန် လေး) ဒါပေမဲ့ အဲ့ဒီ့ Landmark (အမှတ်အသား)လေးကိုတွေ့ပြီးတာနဲ့ သူတို့အိမ်ဆိုတာကို တကယ်ရောက် တာက ပျော်စရာခံစားမှု ကို ပေးတာအမှတ်တရပါပဲလေ။

“ ကျွန်မတို့ဖြင့်အားနာချက် .. စောစောကြို ပြောရင် ဟင်းကောင်းလေးချက်ကျွေးရရဲ့နဲ့ ”လို့ ဆိုတော့ သူတို့အားနာချက်လေးတွေလည်းကြည့် လိုက်ဦး ..ကြက်သားဆီပြန်လည်းပါရဲ့၊ မြစ်ငါး လားချောင်းငါးလားမသိ စားလိုက်ရင် ချိုနေတဲ့ ငါးလေးကြော်လည်းပါသေးတာ..။ ကြက်ဥမွှေ ကြော်၊ အာလူးကြော်၊ ကန်စွန်းရွက်၊ ပဲသီး၊ မုန်လာဥချဉ်ရည်ဟင်း၊ ခရမ်းချဉ်သီးငါး ပိချက်နဲ့ ဂေါ်ဖီရွက်နုနုလေးတွေကို ပန်းကန်အပြည့်ချပေးထားတာရယ် .. လက်ဖက်ပဲကြော်အစုံရယ်နဲ့ဆိုတော့ သားအဖနှစ်ယောက်နဲ့ ကားဆရာ မယ် ခေါင်းကို မဖော်နိုင်ပါဘူး

(အားနာချက်လေးက စား ကောင်းလိုက်တာလေ)။ မစားရတာကြာတဲ့ အညာ ဟင်းတွေ အိမ်ချက်လက် ရာက အမျိုးတွေ အကုန်မေ့သွားစေပြီး ဟင်းချက် လက်ရာကောင်းရုံမက စေတနာတွေအပြည့်နဲ့ ပြုံးပြုံးကြီး အနားကထိုင် ကြည့် ရေနွေးထည့်ပေး ထမင်းခူးခပ်ပေးနေတဲ့ သူတွေဆီမှာ အညာဖက်က ကျေးရွာသားတွေရဲ့ တန်ဖိုးကြီးစိတ်ထားတွေကို မြင်ရတယ်(ဒါ တောင်ခုမှတွေ့ဖူးကြတာနော်)။ သူတို့တွေ ချစ်ခင် လေးစားကြတဲ့ သူရဲ့ဧည့်သည်ဆိုတဲ့ အတွေးနဲ့တင် ကျေနပ်ဝမ်းသာပြီး စိတ်စေတနာအပြည့်နဲ့ ဧည့် ဝတ်ကျေကြတော့တာပါပဲ။

“ငါ့တူမတို့နဲ့က ရှေးရေစက်ရှိပုံပဲ။ ခုလိုငါတို့ တွေလည်း ဆုံဖြစ်ဖို့မလွယ်ဘူးဗျ။ ကိုယ့်အလုပ် တွေနဲ့ကိုယ် ယာထဲကိုင်းထဲနေကြတာ ခုတော့လုပ် စရာတွေအကုန်ထားပစ်ခဲ့ပြီး ငါ့တူမတို့ဘုရားဖူးပို့ ဖို့လိုက်ချလာခဲ့တာပဲ..ကိုင်း” ဆိုတော့ ..
“လောကမှာ သွေးမစပ်ပေမယ့်မေတ္တာစပ် တဲ့ ဆွေမျိုးဆိုတာရှိတယ်။ သွေးမစပ်ပေမယ့် မေတ္တာစပ်ရင်ဆွေမျိုးပဲ.. ”ဆိုတဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ စာစုလေးကိုသွားသတိရမိ တယ်..။

တောင်ကမူလေးတစ်ခုက ဘုရားဆီသွားတဲ့ လမ်းမှာကားလမ်းဂိတ်ဆုံးစေခဲ့တဲ့နောက် ဘေး ဝဲယာက အသီးအနှံစိုက်ခင်းတွေကြား (တောလမ်းလေး)ခြေတစ်လှမ်းစာလေးရှေ့က လမ်းပြတဲ့သူ တွေလျှောက်သလို လျှောက်လိုက်ကြရတယ်။ တောနေတောခြေတွေမို့ သူတို့လမ်းလျှောက်တာ မမော သလိုပေမယ့် ကိုယ်တွေ သားအဖ က ဟိုက်နေပြီ။
“ ဟိုမှာကြည့်လိုက်ဗျ.. ဘုရားကို လှမ်းမြင် နေရပြီ..” ဆိုတဲ့ စကားကြောင့် ရောက်ပြီကွလို့ ပျော် သွားတာပဲ …။
အဝေးက မြင်ရရုံနဲ့ (နေပြည်တော်က ဗုဒ္ဓ ဂယာဘုရားကိုသွားသတိရတယ်) ဘုရားပုံစံက တူ တာအမှန်ပါပဲ..
အနီးထိရောက်တော့မှ ဘုရားမုခ်ဦးက ထွင်းထားတဲ့စာတွေကိုဖတ်လို့ရတော့တယ်(စာလုံးတွေ တချို့တစ်ဝက် ပျက်နေ ပေမယ့်ဖတ်လို့ရနေသေး တယ်)။

“ အရဟံ(ဗုဒ္ဓံ ဓမ္မံ သံဃံ) “ကမ္ဘာ့ဗုဒ္ဓသစ္စာ မဏ်္ဏိုင်လေးကျွန်းမာန်အောင်၊ အောင်စင်္ကြာဓာတ် ပေါင်းစုံ ဓမ္မစေတီ ဆုတောင်းပြည့်ဘုရားကြီး” လို့ ကဗျည်းထိုးထားတဲ့ မုခ်ဦးကြီးက အမြင့် ဆယ်ပေ လောက်ရှိမယ်။ အုတ် တံတိုင်းနဲ့ အခိုင်အခန့်ပါပဲ။

ဘုရားဒကာ(သူတို့အခေါ်) ဘဘုရားကတော့ ပျံတော်မူတာမကြာသေးဘူး။ “ ဘဘုရားက ပဲခူးဖက်ကလာတာပဲ …။ သူက သာသနာပြုတာ ..၊ ဒီဘုရားကြီး ဒကာဖြစ် တဲ့ ဘဘုရားက အသက်ခန့်မှန်းမရဘူး။ သူ တည်ခဲ့တာ ဒီဘုရားနဲ့ဆို ပုံစံတူလေးဆူ(ပင်းတယ၊ မင်းဘူး၊ ကြာပြည့်အင်း ၊ ပဲခူး) ဆိုတဲ့ မြို့တွေမှာ တည်ခဲ့တယ်။ အဘတို့ရွာက ရွာလူကြီး(ဦးထွန်းဦး၊ ဦးဘစော၊ ဦးအောင်ခင်၊ ဦးဘထွန်း)တို့က ဘ ဘုရားရဲ့လမ်းညွှန်မှုအတိုင်း ဘုရားကြီးကို ကိုယ့်ရွာ မှာတင် အုတ်ဖုတ်တတ်သူတွေနဲ့ ရွာက ပန်းရံဆရာ တွေ၊ လက်သမားဆရာတွေနဲ့ပဲ တည်ခဲ့ကြတာ။ သူတို့တွေပဲ ဂေါပကလူကြီးတွေအနေနဲ့လည်း ဘုရားအနေကဇာတင်ပွဲကို ဦးဆောင်ခဲ့ကြတယ်။ ဘုရားကြီးက ပရဝဏ်အကျယ် အတောင်လေး ဆယ်ပတ်လည်(ပေ ၆၀ ပတ်လည်)ရှိတယ်ကွဲ့”

“အရင် ဘဘုရားရှိတုန်းကတော့ ရွာမှာ ဘုရားပွဲနှစ်စဉ်ရှိတာပေါ ငါ့သမီးရာ ..” လို့ ဘုရား ကြီးတည်စဉ်က ကိုယ်တိုင် လုပ်အားဒါနအလှူ အဖြစ်ပါဝင်ခဲ့သူ အသက်(၆၇)နှစ်အရွယ် အဘ ဦးဉာဏ်စိန် ရှင်းပြတာ နားထောင်ပြီး စိတ်ထဲက အံ့သြနေမိတယ်။ ဝိဇ်္ဇာတည်တဲ့ ဘုရားဖူးချင်သူ တွေအတွက် အဘက နတ်လမ်းညွှန် ပါပဲလေ.. ကျေးဇူးကြီးပါပေ့ အဘရယ်…။
ဘုရားကြီးကို အနီးကပ်မြင်ရတော့မှလက်ရာတွေက အံ့သြစရာရှေးဆန်နေပေမယ့် (၁၃၃၃ နဲ့ တော်သလင်းလ္ဆုပ်)ဆိုတဲ့ စာလုံးကို ဘုရားအဝင်၀ ဖက်(အရှေ့ဖက်အပေါက်ဝ)က နေဝင်ဝင်ခြင်း ကြယ်နှစ်ခု ဘေးက ခြံရံလျှက် အလယ်က ဒေါင်းရုပ်ရဲ့ အပေါ်နားတစ်ဖက်စီမှာ ထွင်းထု ထားတာကို ဘုရားကြီးရဲ့ အောက် ခြေပလ္လင်နေရာ မှာမြင်တော့မှ အခုက (၁၃၈၀)ခုနှစ်ဆိုတော့ နှစ်ပေါင်း (၄၇)နှစ်သက်တမ်းပဲရှိသေးတာကိုးလို့ သိနားလည်ရတယ်။ နှစ်ပေါင်း(၄၇)နှစ်လောက် သက်တမ်းရှိနေရုံနဲ့တောင် လှပတဲ့ ရှေးဟောင်း လက်မှုပညာ တွေက စိတ်ကြည်နူးစေတယ်.. သေချာကြည့်တော့ ဘုရားက ဘုံကိုးဆင့်ရှိပြီး အပေါ်ဆုံးမှာ နဂါးရုံဘုရားလေးဆူဝန်းရံနေတဲ့ အလယ်မှာတည်ထားတဲ့ စေတီတစ်ဆူကို ဖူးမြင် ရတယ်။

နောက် ဘုံကိုးဆင့်မှာ ရဟန်း, သူတော်စင် (ဝိဇ္ဇာ)၊ နတ်သား၊နတ်သမီး၊ ကိန္ဒရီ၊ ကိန္ဒရာ၊ ရှင်ဘုရင်၊ မိဖုရား၊ မင်းညီမင်းသားစတဲ့ ရုပ်တု တွေက ဘုံအဆင့်ဆင့်ကိုထမ်းထားသလိုပုံစံထွင်း ထုထားတာကိုတွေရသလို အောက်ဆုံးအဆင့် အခြေပလ်္လင်အထက်ထောင့်လေးထောင့်မှာတော့ ဘိုးဘိုးအောင်၊ ဘုန်းကြီးတစ်ပါး၊ ရှင်ဘုရင်၊ သူ တော်စင်ပုဂ်္ဂိုလ်စတဲ့ ရုပ်တုတွေကို ထောင့်လေး ထောင့်မှာ ထုလုပ်တပ်ဆင်ထားပါတယ်။
အောက်ခြေပလ်္လင်တစ်ပတ်လည် လေးဖက် (လေးမျက်နှာ)မှာလည်း (ဒေါင်း၊ ယုန်၊ ဟင်္သာ၊ စဓဗဝ) ဆိုတဲ့ စာလုံးတွေကို ကြယ်နှစ်လုံးဘေးက ရံပြီး ထွင်းထုထားပါတယ်..ဘုရားကြီးထဲ ဝင် တာနဲ့ ထူးဆန်းတဲ့မြင်ကွင်းက တခြားမဟုတ်ဘူး အဝင်ဝကို ကျောပေးပြီး ဘုရားဖူးနေဟန် ရှင် ဘုရင်ရုပ်တုနဲ့ သူ့ဘေးက သံလျက်ထမ်းပြီး အဝင် ဝကို ဒူးတဖက်ထောက်ထိုင်ဟန် စစ်သူကြီးဝတ်စုံ နဲ့ ရုပ်တုတွေကို လေးဖက်လေးတန်မှာ ထုထား တာပါ။ အင်မတန်လက်ရာမြောက်လှပါတယ်။

“ ဒီဘုရားကို တည်သွားတဲ့ ပုဂ်္ဂိုလ်ကတော့ သူနဲ့အတူ တိုင်းရင်းသားပေါင်းစုံပါ၊ပါလာတယ်၊ ဗမာပါတယ်၊ ရှမ်းပါတယ်၊ ကရင်ပါတယ် အစုံ ပေါ့။ အဘတို့ရွာ ကြာပြည့်အင်းတင်မကဘူး ရွာ နီးချင်းတွေပါ ဘုရားကြီး တည်တော့ လုပ်အား ကုသိုလ်ယူကြတယ်။ တိုင်းရင်းသားတွေဆိုတာကို သူတို့ဝတ်စုံတွေကြည့်ရုံနဲ့မကဘူး တစ်ချို့ဗမာ စကားတောင်သိပ်မပြောတတ်ကြဘူး။ ဟိုဖက်နားက ဘုရားသုံးဆူဝိုင်းကြီးထဲမှာတင် အလှူလည်းခံရင်း (၁၃၃၁)ခုနှစ်မှာ စပြီးပန္နက်ရိုက်ခဲ့ကြတာ (၁၃၃၃)ခုနှစ်မှာပြီးတယ်။ သုံးနှစ်ကြာတယ်”

“ ဟိုတုန်းကတော့ တိုင်းရင်းသားပေါင်းစုံလာ ကြတယ် သူတို့ဘုရားကို လာဖူးရင် အဘတို့က တာလမ်းထွက်ပြီး(ကားလမ်းထွက်ပြီး)လှည်းနဲ့ကြို ပေးရတယ်။ သူတို့လာရင် တောင်ကုန်းလေးခြေ ရင်းနားက ဘုန်းကြီးကျောင်းမယ်တည်းကြတာပဲ။ ဘဘုရားကဦးဆောင်ပြီး ဟိုဖက်နားက ရှေးဘုရား သုံးဆူကိုလည်း ထီးတင်ခဲ့သေးတာ။ ဥဒိဿစေတီ ခေါ်ရမှာပဲကွယ်။ ထီးတင်တာတော့ သုံးခါရှိပြီ။ ဘဘုရားအဖွဲ့က ဒုတိယကျမှာပေါ့ ငါ့သမီး””လို့ ကြာပြည့်အင်းရွာသား အဘဦးဉာဏ်စိန်က ရှင်း ပြပါတယ်..

“ ဒီဘုရားကို ရုပ်စုံဘုရားလို့လည်းခေါ်တယ်။ ဟိုတလောကဆို ဒီဘုရားက အရုပ်တွေဖြိုချမယ် ဆိုလား ပြောသံကြားသေးတာ .. ”လို့ ရွာခံအစ်ကို တစ်ယောက်က အနားကပ်ပြောပြတော့ “ဟင် .. ဘာလို့ပါလိမ့် ငရဲကြီးကြမှာပေါ့ ..” ဆိုတော့ “ သိဘူးဗျ ..၊ ပြောကြတာကတော့ သိကြား သာသနာပြည့်လို့ဆိုလား ဘာလားပဲ .. ရှေးလူ တွေထားခဲ့တဲ့ ဘုရားလေ။ ဘဘုရားကလည်း သာမာန်လူမဟုတ်တန်ဘူးဗျ .. ကျုပ်တို့ တော့ ကျိန်စာတွေဘာတွေလည်း ကြောက်တာပဲ.. ခုတော့ ငြိမ်သွားပါပြီ .. သူတို့လည်း မလုပ်ရဲ ပါဘူး..” လို့ သိသလောက်ကို ရှင်းပြပေးတော့ လက်တွေ့ရောက်နေတဲ့ နေရာအဝန်းအဝိုင်းလေး ကို ဂရုတစိုက်သေချာ လေ့လာခဲ့ချင်မိတယ်.. ဖျက်ဆီးရတာလွယ်တယ်မို့လား။ ရှေးက တစ်ပါး သူရဲ့ကောင်းမှုကုသိုလ်တွေကို ထိန်းသိမ်းစောင့် ရှောက်မယ့်သူမရှိတဲ့ လောကထဲလူဖြစ်ရသူတွေမို့ (သူ့အဓိပ်္ပာယ်နဲ့သူ ပြည့်ဝနေတဲ့) ရှေးလက်ရာ တွေ အတွက် စိုးရိမ်ပူပန်မိလာတယ်…

“ဒီဘုရားထက် ဟိုဖက်နားက ဘုရားသုံးဆူ က ပိုရှေးကျတယ်ဗျ ..၊ ထူးဆန်းတာတွေလည်း ကျုပ်တို့ကြုံဖူး တယ်..” ဆိုတဲ့ စကားက နောက် ထပ် ရှေးဟောင်းဘုရားတစ်ဆူဖူးရဦးတော့မှာမို့ လှိုက်ခနဲဝမ်းသာ သွားမိ တယ်။
“သိပ်မဝေးဘူး လမ်းနည်းနည်းထပ်လျှောက် လိုက်ရင်ရောက်ပါပြီ” ဆိုတဲ့ စကားကိုယုံပြီး သား အဖနှစ်ယောက် လျှောက်လိုက်ကြတာ …။ခြေထောက်တွေလည်းနာလာလို့ ခဏနား နေတုန်း ဘေးပတ်လည်ကိုကြည့်မိတော့ နှမ်း တောကြီးအလယ်နေရာလောက်မှာရပ်နေမိတာ ဖြစ်နေတယ်။ ဘေးဖက်ကနေကြည့်ရင်း သစ်ပင် တွေကြားက ထုံးဖြူဖြူစေတီသုံးဆူကို လှမ်းမြင် နေရပြီ။

“ရောက်တော့မယ်ဗျ…လာပါ နေပူတယ်”” ဆိုတဲ့ ကရုဏာစိတ်နဲ့ ဘေးကထီးမိုးပေးရင်း ပြော တာနဲ့ ဆက်လျှောက် လိုက်တာ ဘုရားအုတ်တံ တိုင်းကြီးကို ထုံးတွေတဖွေးဖွေးနဲ့ အနီးကပ်တွေ့ လာရတယ်။ စိတ်ထဲ ဇဝေဇဝါနဲ့ရှေ့ဆက်ရင်း ..“ ဟောမှာဗျာ .. ရှေးနှစ်ပေါင်းရာချီပြီပေါ့၊ မှန်းလို့တောင်မရဘူး အဘတို့မမွေးခင် အဘမိဘ ဘိုးဘေးတွေလက်ထက်ကတည်းက ဒီဘုရားကြီး ရှိခဲ့တာပဲ.. တန်ခိုးသိပ်ကြီးတာ .. ရှေးဘုရား စစ်စစ် အစောင့်အရှောက်ကလည်း ရှိတယ်..။ အကုသိုလ်လုပ်လာတဲ့သူဆို ဒီဘုရားပရဝဏ်ထဲက ခုအဘတို့ ငါ့သမီးတို့ ထိုင်နားသလို နားမရဘူး ဗျ.. ဘုရားစောင့်တဲ့ မမြင်အပ်တဲ့ပုဂ်္ဂိုလ်တွေရှိ တယ်..”

“နောက်တစ်ခု ထူးခြားတာက ဒီဘုရားရဲ့ ထောင့်လေးထောင့်မယ် ဇရပ်လေးခုရှိတာ။ အခု အဘတို့ နားတဲ့နေရာရယ် ..ဟိုးထောင့်က တစ်ခု ရယ်ပဲ အမိုးမိုးလို့ရတယ်။ ကျန်တဲ့ထောင့်က ဇရပ်တွေက ငါ့သမီးမြင်တဲ့ အတိုင်းပဲ အမိုးတွေ လည်းမရှိဘူး.. ဘယ်လိုမှ အမိုးလုပ်ပေးလို့မရ ဘူး။ သူ့အလိုလို ပြိုပျက်ကုန်တာပဲ.. လေနဲ့ဖျက်လိုက် မိုးနဲ့ဖျက်လိုက်ပဲ.. အဘတို့လည်း ကြာတော့ သံသယရှိလာတယ်..။ သူ့အစောင့် အရှောက်က မကြိုက်ဘူးမှတ်တာပဲ ..” ဆိုတဲ့ အဘဦးဉာဏ်စိန်စကားအဆုံး နေပူထဲ ထပြေးပြီး အမိုးမိုးမရတဲ့ ဇရပ်ကို အနီးကပ်စပ်စု ကြည့်မိတော့တာပဲ.. အောက်ခြေအုတ်သံမံတ လင်းခင်းထားပြီး လေးဖက် လေးတန်က သံဖိနပ်တွေ ကွေးကောက်နေတာနဲ့ သံဖိနပ်မြှုပ်ထားတဲ့ နေရာက ကျွတ်ထွက်ကြေမွနေတဲ့ အုတ်ခုံကို လည်း သေချာကြည့်မိတယ်..။ ထူးဆန်းလှပါ့ လား..ဘာကြောင့်များ ဒီနေရာက ဇရပ်ကို အမိုး မမိုးစေချင်ရတာပါလိမ့်လို့ တွေးရင်း … အဘ ရှင်းပြတဲ့ ဘုရားသမိုင်းလေး နားထောင်နေမိ တယ်.. ။

“ဒါက သင်္ကန်းတော်ဘုရားလို့ ခေါ်တယ်..၊ ဘုရားသုံးဆူမှာ မြောက်ဖက်က ဘုရားကို ဒုကူလ၊ တောင်ဖက် ဘုရားက ပါရိကာ နဲ့ ဟိုအရှေ့က ဘုရားက သုဝဏ္ဏရှန်ပေါ့(ဘိုးတော်၊မယ်တော်၊သားတော်ဘုရား) လို့လည်း ခေါ်ကြတယ်။
(မင်ဘူး)က ရွှေစက်တော်၊(တောင်တွင်းမြို့) က ရွှေရောင်တော်နဲ့ (ကြာပြည့်အင်းက) သင်္ကန်း တော်ဆိုတဲ့ ဘုရားသုံးဆူမှာ သင်္ကန်းတော်က တော်သုံးတော် အလည်တော်ဘုရားလို့ခေါ်တယ် ဒုတိယကမ္ဘာစစ်တုန်းက အလယ်တော်ဘုရား ခု နေရာမှာ စစ်ဘေးရှောင်ဖို့ ခိုအောင်းကြတယ် ..။ ၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၆) ရက်မှာ ဘုရားတွေကိုစတင်ပြုပြင်မွမ်းမံခဲ့ပြီး ထုံးသင်္ကန်း ကပ်လှူခဲ့ကြတယ်။ ဘုရားအဝန်းအဝိုင်းက တောင် မြောက်(ပေ ၁၈၀) နဲ့ အရှေ့အနောက်(၂၂၀ ပေ)ရှိတယ်..နှစ်တိုင်း ဘုရားပွဲကို အချိန်မှန် ကျင်းပပေးကြတယ် .. အဆင်ပြေတဲ့အခါတိုင်း ထုံးသင်္ကန်းကပ်လှူကြတယ်”

အသက်အရွယ်အရ ဘုရားတွေအားလုံး အကြောင်း စုံလင်တဲ့ ဗဟုသုတတွေနဲ့ ပင်ပန်းပေ မယ့်အပြုံးမပျက် ရှင်းပြပေးနေတဲ့ အဘဦးဉာဏ် စိန်ကို မပြောဖြစ်တော့မယ့် စကားတွေက ရင် ထဲပြည့်ကျပ်လို့လာပါတယ်..။

အလွန်ရှေးကျလှပါတယ်ဆိုတာလည်း မှန်ပါ ရဲ့ ..၊ ထူးခြားတဲ့တန်ခိုးတွေလည်း ပြပါရဲ့ (ရှေး ယခင်အခါက ရောင်ခြည်တော်များ လွှတ်ဖူးခဲ့သည်ဟ ုပြောသောကြောင့်..) ယခုကာလမှာတော့ ရှေးဟောင်းဘုရား အရိပ်အငွေ့ (လုံးဝ)မရှိ တော့ပဲ ထုံးသင်္ကန်းတွေကိုယ်စီနဲ့ စံပ်္ပယ်တော်မူနေ ရသော “သင်္ကန်းတော်”ဘုရားကို နှမြောစိတ်နဲ့ ငေး နေမိတော့တယ်..
ဘုရားတွေအတူဖူးပြီးလို့ စကားထိုင်ပြောကြ တော့မှ သတိထားမိတာ သောက်ရေအိုးလေးတွေ ကို စင်ပေါ်မှာ ရေအပြည့်နဲ့တွေ့ရတာပါ။ ကိုယ့်အတွက်ရေသန့်ဘူးတွေကို တစ်လမ်းလုံးမညီးမငြူ သယ်လာသူ ကိုဝင်း နိုင်(အမည်လွှဲ)က သောက်ရေ အိုးထဲကရေ ခပ်သောက်လိုက်တော့မှ ဒီလောက် အဝေးကြီး ခြေတိုအောင် မနည်း လျှောက်ရတာကို ရေကုသိုလ်လာလှူထားနိုင်တဲ့ ရေအလှူရှင်ကို အံ့သြလေးစားမိတော့တယ်။

ကြာပြည့်အင်းရွာသားကြီးတွေရဲ့ ဖြူစင်စိတ် ရင်းတွေကို ကြည့်ရင်း အခုလို ပြောပြလာတဲ့ အကြောင်းတွေ အတွက် အထောက်အထားဘုရား သမိုင်းစာအုပ်တော့မရှိဘူးလို့ သိရတယ်…။

“ အဘ ခုပြောပြတာက ဘုရားသမိုင်းမဟုတ် ပါဘူး။ အဘတို့ငယ်ငယ်ကတည်းက ကြားသိလာ တဲ့ လူကြီးတွေ အချင်းချင်း လက်ဆင့်ကမ်းခဲ့ကြတဲ့ ပါးစပ်ရာဇဝင်ပေါ့ ငါ့ သမီးရယ်” ဆိုလာတော့လည်း ဒီလိုသမိုင်း အထောက် အထားမပြနိုင်ပေမယ့် ရှေးဘုရားတွေလိုတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ဖို့လိုအပ်နေတဲ့ သမိုင်း မှတ်တမ်းရှိခဲ့ ဖူးတဲ့နေရာတွေဆီ …သင်ရော အလည်တစ် ခေါက်မရောက်ဖူးချင်ဘူးလား .. မျက်မြင်တွေ့ရ တဲ့အခါ ထူးဆန်းတဲ့အငွေ့အသက်တွေ ကိုယ် တိုင်ပဲ ခံစားသိနိုင်တဲ့ စိတ်ခံစားမှုတွေ ရကိုရမယ် လို့ ပြောရဲပါတယ်။ သေချာ မှတ်တမ်းဓာတ်ပုံတွေ လငိနသခူငစ တွေ ရိုက်ကူးပြီးချိန်မှာတော့ ရင်ထဲမှာ “ ပါးစပ်ရာဇဝင်လေးပါ” ဆိုတဲ့ စကားလေးက ကျန်ရစ်ခဲ့ပါတော့တယ် …။

Travelling_Journal/Vol-1 Issue-2

Photo_ရတီမာန်