ဟိုတယ်နှင့် ကြယ်ပွင့်များ

မော်ကျွန်းသူ မြန်မာနိုင်ငံတွင် ဟိုတယ်များအဆင့် အတန်းမြင့်မားစေရေးနှင့် အရည်အသွေး ပိုင်းဆိုင်ရာ တိုးတတ် ကောင်းမွန်လာစေ ရန်အတွက် ဟိုတယ်များ၏ ကြယ်ပွင့်သတ် မှတ်ခြင်းကို ဧပြီလအတွင်းမှ စတင်ကာ မြန်မာ ...

မော်ကျွန်းသူ

မြန်မာနိုင်ငံတွင် ဟိုတယ်များအဆင့် အတန်းမြင့်မားစေရေးနှင့် အရည်အသွေး ပိုင်းဆိုင်ရာ တိုးတတ် ကောင်းမွန်လာစေ ရန်အတွက် ဟိုတယ်များ၏ ကြယ်ပွင့်သတ် မှတ်ခြင်းကို ဧပြီလအတွင်းမှ စတင်ကာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး စတင်ဆောင်ရွက် လာခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် လက်ရှိဟိုတယ်များ၏ အရည်သွေးပိုင်း ဆိုင်ရာများကို ကောင်းမွန်လာ စေရန်ရည် ရွယ်ပြီး ပြည်ပပညာရှင်များကို ဖိတ်ခေါ် ကာ ဟိုတယ်များကို ကွင်းဆင်းဆောင်ရွက် ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က မြန်မာ နိုင်ငံ ဟိုတယ်/ခရီး၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ဟိုတယ်များ ကြယ်ပွင့် သတ်မှတ်ခြင်းဆိုင်ရာ အမှတ်ပေးစည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များနှင့် ယင်း ကာလက အတွေ့အကြုံများ အပေါ်အခြေ ခံကာ လက်ရှိတွင် ပြည်ပ ပညာရှင်များ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ ဟိုတယ်များ၏ ကြယ်ပွင့်အဆင့်သတ်မှတ် ခြင်းဆိုင်ရာများကို ကွင်းဆင်းစစ်ဆေးခဲ့ ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်ပကျွမ်းကျင်ပညာ ရှင်များနှင့် တာ၀န်ရှိသူများက ရန်ကုန်၊ နေပြည်တော်၊ ပုဂံ ၊ မန္တလေး၊ အင်းလေး၊ ငပလီ၊ ကော့သောင်း စသည့် ဇုန် ၇ သို့ ကနဦးသွားရောက်လေ့လာကာ မြန်မာနိုင်ငံနှင့် သင့်လျော်သည့် ကြယ်ပွင့်အဆင့် သတ်မှတ်ရေးစံနှုန်းများကို ကွင်းဆင်း စစ်ဆေးပြီး နောက်ဆုံးတွင် ၀နျကွီးဌာန သို့ တင်ပြအတည်ပြုချက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဟိုတယ် ကြယ်ပွင့်အဆင့် သတ်မှတ်ခြင်းများကို ပြုလုပ်ရန်အတွက် ပထမဆုံးအနေဖြင့် ပြည်ပကျွမ်းကျင် ပညာရှင်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် မှ Dr.Drimitrios Koutoulas နှင့် မလေးရှားနိုင်ငံမှ Professor Dr.Ng Yen Yen တို့က ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ဟိုတယ် ၁၅ လုံး၊ နေပြည်တော်ရှိ ဟိုတယ် ၅ လုံး၊ မန်္တလေးရှိ ဟိုတယ် ၁၀ လုံး၊ ပုဂံရှိ ၇ လုံး၊ ကော့သောင်းရှိ ဟိုတယ် ၂ လုံး၊ အင်းလေး ရှိ ဟိုတယ် ၈ လုံးနှင့် ငပလီရှိ ဟိုတယ် ၁၃ လုံးတို့အား ကနဦးလေ့လာ စစ်ဆေးခဲ့ ကြောင်း သိရသည်။

အခုလို ဟိုတယ်စတား Rate တွေ သတ်မှတ်ခြင်းပေါ်မူတည်ပြီး ဟိုတယ်တွေ လည်း ကွဲပြားခြားနားသွားမယ်။ ဒါ့အပြင် ခရီးသည်တွေ ဟိုတယ်တည်းခိုတဲ့အခါမှာ ယုံကြည်မှု ပိုရှိလာမယ်။ နောက်ပြီး ခရီး သွားလုပ်ငန်းကိုလည်း အထောက်အကူ ဖြစ်စေတယ်။ ဟိုတယ်တွေရဲ့ အဆင့် အတန်းတွေ စံနှုန်း သတ်မှတ်ချက်တွေ လည်း ပိုအားကောင်းမယ်။ ဒီလိုရည်ရွယ် ချက်တွေနဲ့ ခုလိုဟိုတယ်စတားတွေ သတ်မှတ်ဖို့ စီစဉ်နေတာ ဟု မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းကျော်ဦးက Travelling ဂျာနယ်သို့ ပြောသည်။

မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေသကွဲပြားခြင်း၊ မြို့တော်ကွဲပြားခြင်း၊ ကမ်းခြေကွဲပြားခြင်းတို့ကြောင့် ကွင်းဆင်း စစ်ဆေးရာတွင် အမျိုးမျိုးကွဲပြားခြားနား မှုရှိကြောင်းလည်း သိရသည်။

ဟိုတယ်ကြယ်ပွင့်သတ်မှတ်ရာတွင် ကြယ်ငါးပွင့် သတ်မှတ်ချက်၊ ကြယ်လေး ပွင့် သတ်မှတ်ချက်၊ ကြယ်သုံးပွင့် သတ် မှတ်ချက်၊ ကြယ်နှစ်ပွင့် သတ်မှတ်ချက် စသဖြင့် ဟိုတယ်၏ အနေအထားပေါ် မူတည်ပြီး စံနှုန်းသတ်မှတ်ချက်များလည်း ကွဲပြားကြောင်း သိရသည်။

ခုလိုစစ်ဆေးခဲ့တဲ့ ရလဒ်တွေပေါ် မူတည်ပြီး ၂၀၂၀ မတိုင်ခင် မြန်မာနိုင်ငံ မှာရှိတဲ့ ဟိုတယ်တွေကို ကြယ်ပွင့်သတ် မှတ် ဆောင်ရွက်ပေးသွားနိုင်အောင် ကြိုးစားသွားမယ် ဟု ဦးမင်းကျော်ဦးက ပြောသည်။

ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင် ကလည်း ဟိုတယ်များ၀န်ဆောင်မှုမြင့်မား စေရန်နှင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်း နိုင်ရန်အတွက် ယခုကဲ့သို့ UNWTO မှ ပညာရှင်နှင့် နိုင်ငံတကာပညာရှင်များ ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိဟိုတယ်များ အဆင့်အတန်းနှင့် အရည်အသွေးလိုအပ် ချက်များရှိပါကို စစ်ဆေး ပေးရန် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၀နျကွီးဌာနအနဖွေငျ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ယင်းဥပဒေအရ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ကိုလည်း လုပ်ပိုင် ခွင့်များ ပေးခဲ့ပြီးဖြစ် ကြောင်း၊ ခရီးသွားလာရေးကိစ်္စရပ်များကို အလွယ်တကူ လွယ်ကူကောင်းမွန်စေရန် အ တွက် အချိန်တိုတိုအတွင်း လုပ်ငန်းများ ပြီးမြောက်အောင်မြင်အောင် ဥပဒေ အသစ်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ယခုလိုက်လံစစ်ဆေးရာတွင် ဟိုတယ် ကြယ်ပွင့်အဆင့်အတန်း သတ်မှတ်ချက် ပေးရန်မဟုတ်ပဲ ကြယ်ပွင့်သတ်မှတ်ရာ တွင် ပါ၀င်မည့် စည်းကမ်းသတ်မှတ်ချက် များကို မည်ကဲ့သို့လုပ်ဆောင်ပါက ပိုပြီး ကောင်းမွန်လာရန်အတွက် ဒေသအခြေ အနေနှင့် လိုက်လျောညီထွေစေမည့်များ ကို ဦးစားပေး လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသအခြေအနေနဲ့ လိုက်လျောညီ ထွေစေဖို့ပါ။ ရန်ကုန်၊ မန်္တလေးက ဟိုတယ် ကြီးတွေထက် ပုဂံက ဟိုတယ်တွေဆိုတာ မတူနိုင်ပါဘူး။ အခု နိုင်ငံခြားက ပြည်ပ ပညာရှင်သုံးဦးလာတယ်။ ဟိုတယ်လုပ်ငန်း ရှင်ကအဖွဲ့တွေနဲ့သွားကြတယ်။ နိုင်ငံခြား မှာရှိတဲ့ဟိုတယ်တွေကို သတ်မှတ်တာနဲ့ စံချိန်စံညွန်းသတ်မှတ်တဲ့ အနေအထားဟာ မြန်မာနိုင်ငံရဲ့အခြေအနေများနဲ့ နှိုင်းယှဉ် ပြီး လိုအပ်သလို သတ်မှတ်ပေးသွားမှာ ဖြစ်တယ်။ တူတာကတော့ ဘယ်တူနိုင် မလဲ။ အာရှနိုင်ငံက တစ်မျိုး မြန်မာက တစ်မျိုးပေါ့ ကိုယ့်နိုင်ငံရဲ့ ရေမြေတော တောင် သဘာ၀နဲ့ ဒီကတည်ဆောက်တာလည်းရှိ တာပေါ့။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ကြယ်ပွင့် သတ်မှတ်ချက်ကို ပေးဖို့ပေါ့။ ကြယ်ပွင့် သတ်မှတ်ရာမှာလည်း ဟိုတယ်ကြီးမှ မဟုတ်ပါဘူး။ သူ့ဟိုတယ် အလိုက်ပေါ့။ ယခင် ၂၀၁၁ ခုနှစ်က ယခုကဲ့သို့ စစ်ဆေး သတ်မှတ်ပေးခဲ့ပြီးဖြစ်လို့ ယခုလိုစစ်ဆေး ရာကလည်း နိုင်ငံအနေအထားနှင့်ဆိုပါက သိပ်တော့ထူးခြားဖြစ်စဉ် မဟုတ်ပေမယ့် နိုင်ငံတကာနှင့်ဆိုပါက လိုအပ်ချက် ဖြစ်တဲ့ အတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုကြယ်ပွင့်သတ်မှတ်တာကို အဖွဲ့ အစည်းနဲ့ အစိုးရက သတ်မှတ်တယ်ဆို တာထက် လာတည်းတဲ့ ခရီးသည်ကနေ ပြန်ပြီးပေးသွားတဲ့ ကြယ်ပွင့်ကတော့ ပိုပြီး အဆင်ပြေစေမယ်ထင်တာပဲ။ ဆိုလိုတာကTrip Adviesr ၊အဂိုးဒါတို့အစရှိတဲ့ ခရီး သွားအဖွဲ့အစည်းတွေက ပြန်ပြီးစံနှုန်းတွေ၊ ဧည့်သည်တွေပေးတဲ့ ကောမန့် တွေကို ကြည့်ပြီး ပြန်သတ်မှတ်တာက ပိုပြီးအဆင် စေမယ်လို့ ကျွန်တော့်တစ်ဦးတည်း အမြင် ကိုပြောပြတာပါ။ အဓိကတော့ ဧည့်သည် ၀နျဆောငျမှုပေးတဲ့ လုပ်ငန်းဖြစ်နေတာမို့ ဧည့်သည်က ပြန်ပြီးပေးတာ ပိုပြီးကောင်း မယ် လို့ ပုဂံဟိုတယ်ဇုန်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း၏ ဒုဥက်္ကဋ္ဌ ဦးအောင်မိုး ကြည်က ပြောသည်။

ယခုကဲ့သို့ ဟိုတယ်များ၏ အရည် အသွေးပိုင်းဆိုင်ရာများတိုးတက်ကောင်း မွန်လာစေရန် ဟိုတယ်ဇုန် ၇ ခုကို ကွင်း ဆင်းလေ့လာခဲ့ခြင်းဖြစ်သည်။ အဓိကရည် ရွယ်ချက်ကတော့ နိုင်ငံရဲ့ခရီးသွားလုပ်ငန်း တိုးတက်ဖို့အတွက် ခရီးသွားလုပ်ငန်းမှာက မရှိမဖြစ်လိုအပ်တဲ့ ဟိုတယ်တွေ၊ ခရီးသွား ရက်မဖြစ်မနေ ဟိုတယ်တွေမှာ တည်းခိုရ တယ်။ အဲဒါတွေနဲ့ ဟိုတယ်တွေရဲ့အဆင့် အတန်းကို မြင့်မားလာစေဖို့ နိုင်ငံတကာ အဆင့်နဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ကိုယ့်ဆီကလည်းစံနှုန်းတွေသတ်မှတ်ပေး ပြီးမှ ဒီသတ်မှတ်ချက်ဆိုရင် 2 star level သတ်မှတ်တယ်။3 star ဆိုရင် ဒီလို သတ်မှတ်ချက်၊ 4 star ဆိုရင်တော့ ဒီလို၊ 5 star ဖြစ်ချင်ရင် ဒီလို၀န်ဆောင်မှုတွေ လိုမျိုးတွေပါရမယ်။ မူလရှိပြီးသားဟာကို Update ပြန်လုပ်နိုင်ဖို့ နိုင်ငံတကာပညာ ရှင်တွေကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ခဲ့တာပါ။ ဦးတို့ဆီမှာရှိတဲ့ ဟိုတယ်တွေက နေရာ ဒေသမတူညီတဲ့အတွက် ပုဂံလိုဆိုရင် ရှေး ဟောင်းယဉ်ကျေးမှုဒေသ၊ မန်္တလေးလို နေရာမျိုး၊ ရန်ကုန်လို ခေတ်မီဖွံ့ဖြိုးတဲ့ နေရာမျိုး၊ ငွေဆောင်လိုကမ်းခြေလိုမျိုး၊ အင်း လေးလိုမျိုး သဘာ၀ပတ်၀န်းကျင်နဲ့ ရှိတဲ့ နေရာမျိုး၊ မြိတ်ကျွန်းစုလိုမျိုး မတူညီ တဲ့ နေရာဒေသတွေမှာရှိတဲ့ ဟိုတယ်တွေ ကို လေ့လာပြီးမှ နေရာပေါ်မူတည်ပြီး ကြုံ တွေ့ရတဲ့ အခြေအနေလေး၊ ဒါလေးတွေ ကို လေ့လာတယ်။ မူလရှိပြီးသားထက် ဘာတွေထပ်ဖြည့်ရင်ကောင်းမလဲ၊ ဘယ် ဟာကတော့အပိုတွေဖြစ်နေသလဲ၊ တချို့ ဟာတွေက လွန်ခဲ့တဲ့ ၁၁ နှစ်က လုပ်တာ ဆိုတော့ အခုနောက်ပိုင်းမှာတည်ဆောက် လာတဲ့ အသုံးအဆောင်ပစ်္စည်းတွေလည်း ကွာဟလာမယ်။ ဧည့်သည်တွေအတွက် ၀နျဆောငျမှုအတှကျ ပိုပြီးကောင်းမွန်လာ အောင် ဟိုတယ်ရဲ့အပြင်အဆင်၀န်ဆောင် မှုလုပ်ငန်းစဉ်ကိုပါကြည့်ပြီး သတ်မှတ်နိုင် တဲ့အထိ ဆောင်ရွက်ပေးသွားဖို့ ကနဦး ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ကြတယ်။ဒီလိုသတ်မှတ်နိုင်ခဲ့တယ်ဆိုရင် ကိုယ့် ဟိုတယ်ကတော့ 2 star level ရှိနေပြီ။ 3 star ဖြစ်ချင်ရင် ဘယ်လိုမျိုးတွေ ထပ် လုပ်နိုင်ရင် ပိုဖြစ်လာမယ်။ အဓိကတော့ ဟိုတယ်တွေရဲ့ အဆင့်အတန်းတွေ ပိုပြီး မြင့်မားလာစေဖို့ ရုပ်ပိုင်းဆိုင်ရာရော ၀နျ ဆောင်မှုပိုင်းဆိုင်ရာကိုပါရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာပါ ဟု လိုက်လံစစ်ဆေး ခဲ့ရာတွင်ပါ၀င်ခဲ့သည့် မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များ အသင်းရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှုး ဦးမျိုး၀င်းသန်း က ဆိုသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ ဟိုတယ်များ၏ အဆင့်အတန်းများ ပိုပြီး မြင့်မားလာစေရန်အတွက် ဆောင်ရွက် ခြင်းသည် ကောင်းမွန်သည့်လုပ်ငန်းများ ဖြစ်သလို ၀နျဆောငျမှုကို အလေးပေး ဆောင်ရွက်ရသည့် ဟိုတယ်လုပ်ငန်းများ၏ အဆင့်အတန်းများ ပိုပြီးမြင့်မားလာစေ တော့မည်ဖြစ်ပါသည်။

Travelling_Journal/Vol_1_Issue_12