Featured Articles
Most Read Articles
ရေညှိစိမ်းများရှိရာကျောက်ကလပ်ကမ်းခြေဆီ
#Travelling Journal
ဧရာဝတီတိုင်းဒေသကြီးရဲ့ အလှတစ်ပါးလို့တင်စားရတဲ့ ရေညှိစိမ်းများရှိရာ ကျောက်ကလပ်ကမ်းခြေကို အခုဆိုရင် ပြည်တွင်း ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက် လည်ပတ်နေကြတဲ့ ကမ်းခြေတစ်ခုဖြစ်လာခဲ့ပါပြီ။
ကျောက်ကလပ်ကမ်းခြေရဲ့ အရိုင်းဆန်ဆန် အလှတရားမြင်ကွင်းနှစ်မျိုးကို တွေ့မြင်နိုင်တဲ့ ကာလတွေကတော့ ရေညှိစိမ်းချိန်ကာလနဲ့ ရေညှိသေချိန်ကာလကြားမှာမြင်တွေ့ရနိုင်တဲ့ ရေညှိဝါချိန်လေးအတွင်းမှာ ကျောက်ကလပ်ကမ်းခြေရဲ့လှပတဲ့မြင်ကွင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ရေညှိစိမ်းချိန်ကာလကို ဩဂုတ်လ၊စက်တင် ဘာ ၊ အောက်တိုဘာလပိုင်းတို့မှာ မြင်တွေ့နိုင်ပြီး ရေညှိဝါချိန်ကိုတော့ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီလတို့မှာ တွေ့မြင်ရနိုင်တာမို့ အလှဓာတ်ပုံရိုက်ကူးလိုတဲ့ခရီးသွားများနဲ့ ဓာတ်ပုံ ပညာရှင်တွေအနေနဲ့ ဒီကာလတွေကို မဖြစ်မနေ လာရောက် လေ့လာလည်ပတ်သင့်တယ်လို့ ဒေသခံ ကိုကွေကာက ဆိုပါတယ်။
ကျောက်ကလပ်ကမ်းခြေရဲ့ကျောက်ဆောင်တွေကသဘာဝထုံးကျောက်သားကျောက် ဆောင်တွေဖြစ်တာမို့ သူ့သဘာဝအလှနဲ့သူ ရှိနေပြီး ရာသီအလိုက် ကျောက်ကလပ်ကမ်းခြေရဲ့ မြင်ကွင်းလှပပုံတွေကို (၇)နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ ဒေသခံ ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က ဆိုပါတယ်။
ဒါ့ပြင် ကျောက်ကလပ်ကမ်းခြေသာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းက လူသူသိပ်မသိသေးတဲ့ကမ်းခြေတွေလည်းအများကြီးရှိသေးတာမို့ အဲဒီကမ်းခြေတွေကိုလည်း ထပ်မံ ဖော်ထုတ်သွားအုံးမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး၊ ဒီးဒူးကုန်းကျေးရွာအုပ်စုမှာ ကျောက်ကလပ်ကမ်းခြေတည်ရှိပြီးတော့ကမ်းခြေဆီကို သွားရောက်နိုင်တဲ့လမ်းကြောင်း သုံးခုရှိတယ်လို့သိရတယ်။ကျောက်ကလပ်ကမ်းခြေကို ပုသိမ်မြို့ကနေသွားရောက်နိုင်ပြီး ရေမိုင် (၆၀)ခန့်ကွာဝေးကာရေယာဉ်နဲ့ဆို (၈)နာရီခန့် သွားရောက်ရပါတယ်။
ဒါ့ပြင်မော်တင်စွန်း ဘက်ကနေလည်း ကျောက်ကလပ်ကမ်းခြေ ဆီကို သွားရောက်လည်ပတ်လို့ရပါတယ်။
"ကျွန်တော်ကတော့ ကျောက်ကလပ်ကမ်းခြေ ကို လပွတ္တာမြို့ကနေ သွားရောက်တာကို ပိုအားပေးပါတယ်။ ရန်ကုန်ကနေကိုယ်ပိုင်ကားနဲ့ ဆိုရင် ၁၅၀ မိုင် လောက် ကွာဝေးတဲ့ လပွတ္တာမြို့ကို ရောက်ပါမယ်။အဲဒီကနေ လပွတ္တလုပ်ရွာ ဆီကို မိနစ် ၂၀ ခန့်မောင်းပြီး ဇက်ဆိပ်ကို ထပ်မံရောက်ပါမယ်။ မိနစ် (၃၀) လောက် ဇက် စီးရပြီး ရေပေါ့ကြီးဘက်ကမ်းကို ရောက်ပါမယ်။ ဇက်ကူးချိန်တွေကတော့ နံနက်(၆) နာရီနဲ့ ညနေ၅နာရီနှစ်ကြိမ်ပဲ ကူးပါတယ် ။ ကျန်အချိန် တွေမှာ ဇက်ကူးချင်ရင်တော့ အထူးအော်ဒါကြေးပေးပြီး ကူးလို့ တော့ ရပါတယ်။ ဇက်ကူးပြီးရင် တံတားကြီး တံတားအသေး ၁၃ ခုလောက်ကို ဖြတ်ရပါတယ်။ လပွတ္တာမြို့ကနေ ၅၅မိုင် လောက် ကွာဝေးပါတယ်။ လမ်းတိုပေမဲဲ့ကျောက်ခင်းလမ်းတွေတွေ တံတားတွေသာ ပိုပြီးကောင်းမွန်ရင် ကျောက်ကလပ်ကမ်းခြေကိုခရီးသွားဧည့်သည်တွေပိုပြီး လာရောက်လည်ပတ်လိမ့်မယ်လို့ ဒေသခံ ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က ပြောပြပါတယ်။
ကျောက်ကလပ်ကမ်းခြေရဲ့ အနီးတဝိုက် ဝန်းကျင်မှာ ပြင်ခရိုင်၊ဒီးဒူးကုန်း၊ချောင်းဝ၊သက္ကယ်သောင်၊ဘုန်းတော်ပြည့်၊အုတ်တွင်းစတဲ့ရွာတွေ ရှိပါတယ်။
ဧရာဝတီတိုင်းကတာဝန်ရှိသူတွေအနေနဲ့ကတော့ တိုင်းဒေသကြီးအတွင်း ခရီးသွားများသွားရောက်လည်ပတ်နိုင်စေရန် ဆက်စပ်လည်ပတ်နိုင်တဲ့ နေရာတွေအဖြစ်ခရီးစဉ်ဒေသ (၁၃) ခုကို ဖော်ထုတ်ထားတဲ့အထဲမှာ ကျောက်ကလပ်ကမ်းခြေလည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။
ဒါ့ပြင် ကျောက်ကလပ်ကမ်းခြေရဲပတ်ဝန်းကျင်နေရာတွေ ဖြစ်တဲ့ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေး ကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊ တံငါလုပ်ငန်းတို့ကို လည်း သွားရောက်လေ့လာနိုင်ပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။
မြန်မာပြည်အနှံ့ဘုရားဖူးနဲ့ခရီးသွားပို့ဆောင်ပေးနေတဲ့ ရွှေချမ်းသာဘုရားဖူးလုပ်ငန်းကလည်း ပြည်တွင်းခရီးသွားတွေအနေနဲ့ မော်တင်စွန်း ဘုရားသွားဖူးကြရင် ဟိုင်းကြီးကျွန်း ၊ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကမ်းခြေ ၊ ချောင်းသာကမ်းခြေ၊ဖိုးကုလားကျွန်း ၊ကျောက်မောင်နှမ၊Sea & Lake ၊ပုသိမ်ရွှေမုဋော ၊ယိုးဒယားဘုရား နဲ့ ရေကြည်ရေနောက်ဘုရား မဖြစ်မနေကို လည်ပတ်စရာနေရာတွေကို ထည့်ပေးပြီး ပို့ဆောင်ပေးရပါတယ်လို့ ရွှေချမ်းသာမြန်မာပြည်အနှံ့ဘုရားဖူးနဲ့ခရီးသွားပို့ဆောင်ရေးမှ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအနေအထားမှာတော့ ကျောက်ကလပ်ကမ်းခြေကို သွားရောက်လည်ပတ်လိုပါက ကမ်းခြေ အနီးတဝိုက်မှာ တည်းခိုခန်းသိပ်မရှိသေးတာမို့ ညအိပ်တည်းခိုလိုပါက ဒေသခံအိမ်တွေမှာ တည်းခိုရပြီး သွားရောက်လည်ပတ်လိုပါက ကြိုတင်စီစဥ်ပေးရတယ်လို့ ခရီးသွားဝန်ဆောင်မှုကိုပါ ပြုလုပ်ပေးနေတဲ့ ဒေသခံ ကိုကွေကာ က ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မော်တင်စွန်းနဲ့ မျက်နှာချင်းဆိုင်ထိပ်စွန်းအရပ်ဒေသ တောင်ဘက်အစွန်းလေးမှာ တည်ရှိတဲ့ဧရာဝတီတိုင်းရဲ့ အလှတစ်ပါးလို့တင်စားရတဲ့ ကျောက်ကလပ်ကမ်းခြေ ကို သွားရောက်လည်ပတ်နိုင်စေဖို့ ညွှန်းဆိုလိုက်ရပါတယ်။
Photo ကိုကွေကာ ဂေါ်ရန်ဂျီလမ်းညွှန်
ပုံ-စာ ယခုလအတွင်းက ကျောက်ကလပ်ကမ်းခြေ၏မြင်ကွင်းအလှကို တွေ့ရစဥ်။
Contine Reading
By -
/ 20-08-2024စွန့်ဦးတီထွင် ကြာသင်္ကန်း ရက်လုပ်ခဲ့တဲ့ ကျိုင်းခမ်းရွာ
#မော်ကျွန်းသူ
မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေဟာ နယ်ပယ် အသီးသီးမှာ ရှိနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ခန့်ကတည်းက စွန့်ဦး တီထွင်ပြီး ကြာသင်္ကန်း ရက်လုပ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ် အင်းယားကျေးရွာအုပ်စု ထဲမှာ ပါဝင်တဲ့ ကျိုင်းခမ်း အရှေ့ ရွာ ကလေးဆီကို စာရေးသူဟာ ၂၀၁၉ ဒီဇင်ဘာ ဒုတိယ ပတ်မှာ ရောက်ဖြစ် ခဲ့ပါတယ်။
ဒီရွာဟာ ကြာသင်္ကန်းကို အစောဆုံး စတင် ရက်လုပ်ကိုင်ခဲ့တဲ့ ရွာလေးဆိုရင်လည်း မမှားပါဘူး။ ကျိုင်းခမ်းရွာနေ လက်မှု တတ်ကျွမ်းတဲ့ အသက် ၅၀ ဝန်းကျင် ရှိတဲ့ ဒေါ် စောဥ (သို့) ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီး ကြီးကနေ စတင် ရက်လုပ် ခဲ့ရာမှ ယနေ့ထိတိုင် ကြာ သင်္ကန်း ရက်လုပ်နေဆဲ ရွာ ထိ ထင်ပေါ်ကျော်ကြားနေခြင်းပဲ ဖြစ်ပါတယ်။ အဘွား ဒေါ်ကြာဥ စတင်ထုတ်လုပ်ခဲ့တဲ့အချိန်က အင်းလေးကန်ရဲ့ အနောက်မြောက်ဘက်မှာ ရွှေဥဒေါင်းတောင် ဆရာတော် ထင်ရှားကျော်စောရှိနေချိန်မှာ အဘွားဒေါ်ကြာဥဟာ သူမ ကိုယ်တိုင် ရက်လုပ်ခဲ့တဲ့ ပဒုမ္မာ ကြာသင်္ကန်းကို ရွှေဥဒေါင်းတောင် ဆရာတော်ကြီးကို ဦးစွာ ပထမလှူ ဒါန်းခဲ့တယ်လို့ အောင်စကြာ ကြာသင်္ကန်းဆိုင်ပိုင်ရှင် ဒေါ်ခင်မျိုးဝင်း က ပြောပြပါတယ်။ ထပ်မံရရှိလာတဲ့ ကြာသင်္ကန်း တွေကို လည်းအင်းလေးဒေသမှာ ဒေသစာရီကြွချီတော်မူ လာတဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားကို လှူ ဒါန်းပူဇော်ခဲ့ပါသေးတယ်။
တိမ်မြှုပ်ပျောက်ကွယ်တော့မယ့်ပဒုမ္မာကြာချည်ထည်ရက်လုပ်ခြင်းကိုဆက်လက်အမွေခံ
ကြာသင်္ကန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာရင်း အဘွား ဒေါ်ကြာဥ ကွယ်လွန်ပြီးသွားတဲ့နောက်မှာ ကြာသင်္ကန်း လုပ်ငန်းဟာ ပျောက်ကွယ် လုနီးပါးဖြစ်ခဲ့ပါတယ်။ ဒီလို ပျောက်ကွယ်လုနီးပါး ကို အဘွားဒေါ်ကြာဥနဲ့ အိမ်နီးနားချင်းဖြစ်သူ ဦးထွန်းရီ ဒေါ်အုန်းကြည် မိသားစုကနေ ပဒုမ္မာကြာ ချည်ထည် ရက်လုပ်ခြင်း လုပ်ငန်းကို မပျောက်မပျက်စေအောင် လက်ဆင့် ကမ်း ထိန်းသိမ်း လုပ်ကိုင်ခဲ့တာ ဒီကနေ့ ထိဖြစ်ပါတယ်။
မိုးရာသီမှာကြာသင်္ကန်းထုတ်လုပ်နိုင်
လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ ပဒုမ္မာကြာ ချည် ထည် ရက်လုပ် ခြင်း လုပ်ငန်းကနေ ပဒုမ္မာကြာသင်္ကန်း ထုတ်လုပ်မှု သမဝါယမအသင်းလီမိတက် တစ်ခုကို ဖွဲ့စည်းခဲ့ပြီးစနစ် တကျ ထုတ် လုပ်ကာ လုပ်ကိုင်လာခဲ့ကြပါတယ်။ ကြာသင်္ကန်း ထုတ်လုပ်တဲ့ အချိန်ကာလကလည်း တစ်နှစ်မှာ ၆ လသာ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ကြာရိုးအပင်ပေါင်း နှစ်သိန်း နှစ်သောင်း ကုန်ကျပြီးမှသာ ဝိနည်းနဲ့အညီ ချုပ်လုပ်ထားတဲ့ကြာ သင်္ကန်းတစ်စုံ ကို ရရှိမှာဖြစ်ပြီး ရက်ပေါင်း ၃၀ ခန့် အချိန် ပေးရ ပါတယ်။ မိုးရာသီ ဖြစ်တဲ့ ဇွန်လကနေ စတင်ပြီး နိုဝင် ဘာလအထိ ကြာသင်္ကန်း ထုတ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ မိုးရာသီကာလတွေမှာ ကြာပင်တွေ ပိုပေါက်တာမို့ အဲဒီကာလတွေ ပိုပြီး ထုတ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ပဒုမ္မာကြာရဲ့ထူးခြားချက်
အင်းလေးဒေသမှာသာ ထွက် ရှိတဲ့ သဘာဝပေါက်ပင်တစ်ခုဖြစ်တဲ့ ပဒုမ္မာကြာပင်ကနေ ရရှိလာတဲ့ ကြာချည်မျှင်တွေကို ပဒုမ္မာကြာသင်္ကန်း ဖြစ်လာအောင် ထုတ်လုပ်တာ ပဲဖြစ်ပါတယ်။ အင်းလေးကန် တခွင် မှာ ပေါက် ရောက် နေတဲ့ ပဒုမ္မာကြာပင် တွေကို ခူးယူ စုဆောင်းတာ လုပ်ပြီးတဲ့ နောက်အမျှင် ထုတ်လုပ်ကာ ကြာချည် မျှင်အဖြစ် ပြုလုပ်တာပဲဖြစ်ပါတယ်။ ပဒုမ္မာကြာ ချည်ထည်ရဲ့ ထူးခြားချက်က ပဒုမ္မာကြာပန်းရနံ့မွှေးကြိုင်ပြီး ဆောင်းရာသီ မှာ ဝတ်ဆင်တဲ့ အခါ မှာ နွေးထွေးမှု ရှိပြီး နွေရာသီမှာ ဝတ်ဆင်တဲ့အခါ မှာတော့ အေးမြတယ်လို့ ဆိုပါတယ်။ ဒီလိုရရှိလာတဲ့ကြာချည်မျှင်တွေကို အဆင့်ဆင့်ခိုင်ခန့်အောင် ပြုလုပ်ပြီးတဲ့နောက်မှာ ကြာ ချည်မျှင်တွေကို ရက်ကန်းစင်ပေါ်တင်ပြီး ရက်လုပ်လာခြင်းပဲ ဖြစ်ပါတယ်။
ယနေ့တိုင်ရက်လုပ်နေဆဲပါ
လက်ရှိအချိန်ထိ ကြာသင်္ကန်းစတင် ရက်လုပ်လာတဲ့ ကျိုင်းခမ်းရွာဟာ အိမ်ခြေ ၇၀ ကျော် ဟာ ယနေ့တိုင် ကြာသင်္ကန်း ရက်လုပ်နေဆဲပါပဲ။ ကျိုင်းခမ်းရွာဟာ အရှေ့ အနောက် တောင် စသဖြင့်ရှိပြီး စွန့်ဦးတီတွင်လုပ်ကိုင်ခဲ့တဲ့ အဘွား ဒေါ် ကြာဥအိမ်ကတော့ မြောက် ဘက် မှာ ရှိပါတယ်။ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ အဘွားဒေါ်အုန်းကြည်ဟာ ဒီကနေ့ထိ ပါပဲ။ ကြာရိုးအစူး ထုတ်တာကို အဘွားဒေါ်ကြာဥ ဆီကနေ သင်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်း ရက်ကန်းခတ်တာကိုပါ လုပ်ကိုင်ခဲ့တယ်လို့ အဘွား ဒေါ်အုန်းကြည်က ပြောပြ ပါတယ်။ လက်ရှိမှာတော့ အောင်စကြာကြာ သင်္ကန်း ရက်လုပ်တဲ့ ရုံကနေ ၁၀၀ ရာခိုင်နှုန်း ကြာနဲ့ လုပ်ထားတဲ့ ကြာ လက်ကောက် ပုံစံ အမျိုးမျိုး ထုတ်လုပ်ထားသလို ကြာရိုးတွေကနေကြာချည်ထုတ်ကာ ကြာသင်္ကန်းနဲ့ပုဝါ အမျိုးမျိုး ကိုလည်း ထုတ်လုပ် ရောင်းချပြီး သဘာဝဆေးဆိုး အရောင်တွေနဲ့ ရက်လုပ်ထားတဲ့ ပုဝါ မျိုးစုံတွေကို ဝယ်ယူသူ အကြိုက် တွေ့စေပါတယ်။
ဟိုးအရင် ကာ လတွေမှာတော့ ဘုရားသင်္ကန်း ကပ် ဖို့အတွက် တစ်နှစ်နေမှ ဘုရားငါးဆူအတွက် သာ သင်္ကန်း တစ်စုံကို ထုတ်လုပ်နိုင်ခဲ့တဲ့ ဒီသင်္ကန်း ပုံစံကို လည်း ရိုးရာမပြတ် လက်ဆင့် ကမ်း ထိန်းသိမ်းလာ ခဲ့တယ်လို့ ဒေါ်ခင်မျိုးဝင်းက ပြောပြပါတယ်။ ဖောင်တော်ဦး ဘုရားသင်္ကန်း ကို အဆင်သင့် ကပ်လှူ နိုင်အောင် ရည်ရွယ် ထုတ် လုပ်ထားတာ ဖြစ်သလို ရိုးရာမပြတ် လက် ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ချစ်စရာဓလေ့တစ်ခု လည်း ဖြစ်ပါတယ်။
ဒါမို့ ကြာသင်္ကန်း စတင် ရက်လုပ်လာခဲ့ တဲ့ စွန့်ဦးတီတွင်သူ ဖြစ်သူ ဒေါ် စောဥ (သို့) ဒေါ်ကြာဥ နေထိုင် ခဲ့တဲ့ ရွာ ။တစ်ရွာလုံး ကြာသင်္ကန်း ရက် လုပ်နေတဲ့ ကျိုင်းခမ်း ရွာလေးဆီ ကို အလည်ပတ်ရောက်ခဲ့ပြီး တည်တည်ငြိမ်ငြိမ် ဝင့်ကြွားခန့်ထည် စွာနဲ့ အင်းရေပြင်ထက်မှာ ရွာငယ်လေး ဟာ တိတ်ဆိတ်စွာ ကျန်နေခဲ့ပါတော့တယ်။
#ZawgyiVersion
PhotoTravelling journal
kyaingkhamvillage
Contine Reading
By -
/ 19-06-2022ပြည်ပခရီးစဥ်တွေကို မြန်မာ့ခရီးသွားဘဏ်ရဲ့ Travel Loan အစီအစဥ်နဲ့ လည်ပတ်ကြမလား
#TravellingJournal
ပြည်ပခရီးစဥ်တွေကို မိသားစုအဖွဲ့လိုက်နဲ့သာမက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ ခရီးစဥ်တွေကို သွားရောက်လည်ပတ် နိုင်စေဖို့ အရစ်ကျစနစ်နဲ့ ခရီးသွားချေးငွေတွေကို မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) က ဆောင်ရွက်ပေးနေပါတယ်လို့ Myanma Tourism Bank ရဲ့ Executive Director ဖြစ်သူဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။
မကြာခင် ကာလမှာ ဗုဒ္ဓဘာသာလူမျိုးတို့ရဲ့အဓိက သွားရောက်ဖူးမြှော်ကြ တဲ့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်နဲ့ သီရိလကင်္ာခရီးစဥ် ၊ ကိုရီးယားခရီးစဥ်၊ဂျပန်ခရီးစဥ်တွေကို အုပ်စုလိုက်သွားရောက်နိုင်စေဖို့ စီစဥ်နေပါတယ်လို့ ဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။
ခရီးသွားလုပ်ငန်းရဲ့ဒေါက်တိုင်တခုအနေနဲ့ မြန်မာ့ခရီးသွားဘဏ်ကနေ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့ ပြည်တွင်းခရီးစဥ်များနဲ့ ပြည်ပခရီးစဥ်ကိုပါ သွားရောက်စေနိုင်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်ပေးထားတဲ့ ဘဏ်တစ်ခုဖြစ်တဲ့အပြင် ဘဏ်ကနေလည်း အသေးစားအလတ်စားလုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်နိုင်ဖို့စတဲ့ ချေးငွေတွေကို စီစဥ်ဆောင်ရွက်ပေးနေပါတယ်လို့ ဆိုပါတယ်။
မီးခိုးမထွက်တဲ့လုပ်ငန်းလို့ တင်စားရတဲ့ ခရီးသွားလုပ်ငန်းကို တစ်ဖတ်တလမ်းကနေ ထောက်ပံ့ပေးချင်လို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ ခရီးသွားအသင်းတွေကို ဘဏ္ဍာရေးလုပ်ငန်းပိုင်းဆိုင်ရာတွေကို ပံ့ပိုးပေးနိုင်ဖို့အသင်းအဖွဲ့တွေနဲ့ မူဝါဒစာချုပ်တွေကို ကိုဗစ်ကာလကနေ အခုအချိန်ကာလထိ ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်လို့ မြန်မာ့ခရီးသွားဘဏ် ရဲ့ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling ကို ပြောပြခဲ့ဖူးပါတယ်။
ဒါ့ပြင် ပုဂ္ဂလိကဝိုင်းကြီးချုပ်စနစ်နဲ့လည်း အာမခံပြီး Travel Loan တွေသာမက Corporate travel loanတွေအပြင် ခရီးသွားကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ခရီးသွားကုမ္ပဏီတွေကစီစဥ်ပေးတဲ့ Packge ခရီးစဥ်အလိုက် ခရီးစဥ်လည်ပတ်ဖို့ပါ စီစဥ်ထားရှိပါသေးတယ်။
"ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေကို မိသားစုလိုက်သော်လည်ကောင်း ၊ အုပ်စုလိုက်သော်လည်ကောင်း ခရီးသွားမယ်ဆိုရင် ခရီးစဥ် အသေးစိတ်ပြခိုင်းပြီး ဘဏ်ကနေ ချေးပေးပါတယ်။ပြီးရင် အဲဒီကုမ္မဏီက တာဝန်ယူပြီး HR ကနေ ပြန်ဆပ်တာမျိုးပါ။ဆပ်တဲ့အခါမှာလည်း ၆ လ ဆပ်မယ်။ တစ်နှစ်ဆပ်််မယ်။ အဲဒီလိုမျိုး နဲ့ Corporate Travel loanတွေ စီစဥ်ပေးပါတယ် " လို့ ဘဏ်ရဲ့တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ် နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကိုလည်း ခရီးသွားကုမ္မဏီကနေ စီစဥ်ပေးတဲ့ ခရီးစဥ်တွေကို အရစ်ကျစနစ် နဲ့ သွားရောက်ခဲ့ကြတယ်လို့ ဘဏ်ရဲ့ တာဝန်ရှိသူ က ပြောပြပါတယ်။
လက်ရှိ မှာတော့ မြန်မာ့ခရီးသွားဘဏ် (MTB Bank)ကို အခုဆိုရင် မြန်မာပြည်အနှံ့အပြားမှာ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့မှာဆိုရင်တော့ MTB Bank ဆူးလေ(ရုံးချုပ်) ဘဏ်ခွဲ၊ ရန်ကုန်မြို့ ပြည်လမ်း ဘဏ်ခွဲ ၊ ဘုရင့်နောင် ဘဏ်ခွဲ ၊ရွှေဘုံသာဘဏ်ခွဲ ၊ရွှေဂုံတိုင် ဘဏ်ခွဲ ၊ယုဇနပလာဇာဘဏ်ခွဲ ၊တက္ကသိုလ်ရိပ်သာလမ်းသစ်ဘဏ်ခွဲ၊ရွှေတောင်တန်းဘဏ်ခွဲ တို့ကိုဖွင့်လှစ်ထားရှိထားပါတယ်။ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော် (သပြေကုန်းဘဏ်ခွဲ)၊ စီးပွား ရေးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ မန္တလေးမြို့(၂၇) လမ်းဘဏ်ခွဲ၊မန္တလေး (မနော်ဟရီဘဏ်ခွဲ) ၊မန္တလေး (စျေးချိုဘဏ်ခွဲ) ၊ မန္တလေး (ကျွဲဆည်ကန်ဘဏ်ခွဲ) တို့ကို ဖွင့်လှစ်ထားရှိပါတယ်။ ဒါ့ပြင် နယ်မြို့တွေဖြစ်တဲ့ မူဆယ်ဘဏ်ခွဲ၊ တောင်ကြီး ဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ နဲ့ မြဝတီဘဏ်ခွဲ တို့ကို ဖွင့်လှစ်ထားရှိကာ အခုဆိုရင် ဘဏ်ခွဲစုစုပေါင်း (၁၇) ဘဏ်တိတိ ရှိပြီဖြစ်ပါတယ်။
"အခုကတော့ ပုဂံ-ညောင်ဦး-ပြည့် (၉) ပြည့် ခရီးစဥ်ရယ် ။ ကလော -အင်းလေး ခရီးစဥ်ကို ခရီးသွားချင်သူတွေအတွက် အရစ်ကျ စနစ်နဲ့ပေးလို့ရအောင်အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ပြည်ပခရီးစဥ ကိုတော့ အောက်တိုဘာလမှာ စတင်ပါမယ် ။ဒီလို ကာလမှာ ခရီးသွားချင်တဲ့သူတွေအတွက် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင် ခရီးလည်းလည်ပတ်နိုင်စေဖို့ ရည်ရွယ်ပြီး စီစဥ်ပေးဖြစ်ခဲ့တာပါ။ အရစ်ကျ ခွဲပေးရတော့ သူတို့အတွက်လည်း အဆင်ပြေစေပါတယ် "လို့ LTETour ခရီးသွားကုမ္ပဏီ ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အခုဆိုရင် ပြည်ပနိုင်ငံတွေကိုလည်း မိသားစုလိုက် ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ အတူတကွ သွားလို့ရနိုင်တဲ့ မြန်မာ့ခရီးသွားဘဏ် ရဲ့Travel Loan ချေးငွေယူပြီး ကမ်းခြေကိုပဲ သွားရောက် အပန်းဖြေချင်သလား။ကမ္ဘာပေါ်မှာရှိတဲ့ Hidden Gems လို နေရာတွေကို သွားရောက်ပြီးတော့ စွန့်စားခန်းတွေကိုလည်း ဖွင့်လှစ်နိုင်သလို မတူညီတဲ့ ယဥ်ကျေးမှု အမွေအနှစ်ခရီးစဥ်တွေကိုလည်း MTB ဘဏ်ရဲ့Travel Loan နဲ့သွားရောက်လည်ပတ်နိုင်စေတော့မှာဖြစ်ပါတော့တယ်။
#Travel Loan
#Photo-TravellingJournal/LTE tour
ပုံ-စာ မြန်မာခရီးသွားအများဆုံးသွားရောက်ဖူးမြှော်ကြတဲ့ ဘန်ကောက်မြို့က မြဘုရားနှင့် ဆုတောင်းပြည့် နဂါးဘုရားကို တွေ့ရစဉ်။
Contine Reading
By -
/ 17-08-2024ယင်းနက် ယင်းကြားလူမျိုးတို့ နေထိုင်ရာ နမ့်စန်မြို့ဆီ
ယဉ်ယဉ်လှ၊ တိုးဝင်းလွင်
နမ့်စန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျိုင်းတုံ-တာချီလိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင်ရှိပြီး လမ်းဆုံမြို့ဖြစ်သလို နမ့်စန်မြို့မှ ကျိုင်းတုံ၊ တာချီလိတ်သို့လည်း သွားရောက်နိုင်ပေ သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၁၆၆ ပေတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်သည်။
ရှမ်းပြည်နယ်တွင် တောင်ပိုင်းနမ့်စန်နှင့် မြောက်ပိုင်းနမ့်ဆန်ဟူ၍ ရှိသည်ဟုသိရသည်။ ရှမ်း တောင်ပိုင်းရှိ နမ့်စန်ကို Nam Sang ဟုခေါ်ပြီး အချို့က နမ္မစန်ဟုလည်းခေါ်ဝေါ်သည်ဟု ဆိုသည်။ ရှမ်း မြောက်ပိုင်းတွင် Nam Hsan နမ့်ဆန်မြို့ဟု ခေါ်ကြ သည်။ နမ့်စန်မြို့တွင် ပလောင်လူမျိုးအများစုနေထိုင် ပြီး ရှမ်း၊ ပအိုဝ်း၊ အင်းသား၊ လီဆူး၊ ဗမာနှင့် ယင်းနက်နှင့် ယင်းကြားလူမျိုးများ နေထိုင်ကြသည်။
နမ့်စန်မြို့တွင် ထူးခြားလှသည့် ဝိသေသလက်္ခဏာများစွာရှိသည်။ နမ့်စန်မြို့၏ အထင်ကရတောင်မှာ မိန်းမသေတောင်ဟုခေါ်သလို ဗိုက်ကြီးသည်တောင်ဟုလည်း အရပ်စကားဖြင့် ခေါ်ဝေါ်ကြသည်ဟု ဒေသခံ တချို့က ပြောသည်။ ထို့အပြင် ကမ်္ဘာ့အကြီးဆုံးနှီးဘုရားကို ဖူးမြော်နိုင်ခြင်းကလည်း နမ့်စန်၏ အမှတ် အသားပင်ဖြစ်သည်။နမ့်စန်မြို့ကို ယခင်က ဂျူးလူမျိုးများတည်ခဲ့သည်ဟု မှတ်သားရသည်။ နမ့်စန်ကိုကြည့်လိုက်ပါ က ထုံးကျောက်တောင်များစွာကို မြင်တွေ့ရသည်။ ယင်းတောင်များ၏ ပုံသဏ္ဌာန်မှာ လှပပြီး တခြားမြို့ များနှင့် မတူညီသည့်ခံစားမှုများကိုလည်း စိတ်ဝယ်ရရှိစေသည်။
နမ့်စန်မြို့တွင် ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၂၀ ကျော်ရှိကာ ရွာပေါင်း ၁၉၆ ရွာ ရှိသည်။ လူဦးရေအားဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာစာရင်းအရ လူဦးရေ ၁၁၉၉၃၁ ရှိသည်ဟု နမ့်စန်မြို့ ၏ အုပ်ချုပ်ရေးပိုင်း၏ စာရင်းများအရ သိရသည်။ စီးပွားရေးအနေဖြင့် ပြောင်းစိုက်ခြင်းကို အဓိကပြုလုပ်ကြ သည်။
လမ်းဆုံမြို့ဖြစ်သည့်အတွက်ကုန်သည်များအများဆုံးအရောင်းအဝယ်ပြုလုပ်ကြသည့်မြို့လည်းဖြစ် သည်။ ချောင်းအတွင်း သဲထုတ်သည့် လုပ်ငန်းတချို့နှင့် စက်သုံးဆီဆိုင်များစွာလည်းဖွင့်လှစ်ထားရှိသလို ဝပ်ရှော့ဆိုင်များလည်းရှိကြသည်။နမ့်စန်၏ ဒေသဖွံ့ဖြိုးအနေဖြင့် လမ်းတံတားလုပ်ငန်းများကို အဓိကလုပ်ဆောင်သလို ကား ဝပ်ရှော့လုပ်ငန်းများမှာ စီးပွားဖြစ်ထွန်းကြောင်း သိရသည်။ သို့သော် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ် ရေးပိုင်းအနေဖြင့် လက်တလောတွင် မရှိသေး သော်လည်း နောင်ကာလများ၌ ဆောင်ရွက်သွားမည့် အပိုင်းများလည်းရှိသည်ဟု သိရသည်။ နမ့်စန်မြို့ တွင်းကို နမ့်လတ်ချောင်းက အဓိကဖြတ်သန်းစီးဆင်း ပြီး နာနတ်သီး၊ ပြောင်းဖူး၊ ပဲစင်းငုံ၊ စပါး၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများလည်း စိုက်ပျိုး ခြင်းကို ပြုလုပ်ကြသည်။
နမ်စန်မြို့တွင် နေထိုင်ကြသည့် လူမျိုးများ စွာရှိသော်လည်း ယင်းနက်လူမျိုးများသည် နမ့်စန်မြို့ တစ်ခုတည်းတွင်သာနေထိုင်ကြပြီး ယင်းနက်လူမျိုးများ ၏ ထူးခြားမှုမှာ ယင်းတို့နေထိုင်ရာ ကျေးရွာအတွင်း မည်သည့်တိုင်းရင်းသားများကိုမှ ဝင်ရောက်နေထိုင် ခြင်းမပြုသလို သီးသန့်သာနေထိုင်ကြသည့်လူမျိုးစုဖြစ် သည်။ ထို့အပြင် ယင်းလူမျိုးအချင်းချင်းသာ လက်ထပ် ကြသည့် ယင်းနက်လူမျိုးများလည်း ဖြစ်သည်။
စာရေးသူတို့ သွားရောက်လေ့လာခဲ့သည့် ကုန်းလန်းကျေးရွာသည် ယင်းနက်လူမျိုးများစွာနေ ထိုင်ကြသည့် ကျေးရွာကြီးဖြစ်သည်။ အဆိုပါရွာသည် နမ့်စန်မြို့၏ မြောက်ဘက်တွင်တည်ရှိပြီး နမ့်စန်မြို့၏ ၈ မိုင် အကွာအဝေးတွင်တည်ရှိကာ မက်မွန်မုန်းကျေး ရွာအုပ်စုအတွင်း ပါဝင်သည့် ကုန်းလန်းကျေးရွာဖြစ် သည်။ ကြာကန်တည်ရှိပြီး ထူးခြားသည့် ယင်းနက်ရွာ ခပ်ဝေးဝေးမှ မြင်နေသည်။ ကြာကန်များနှင့် ပနံသင့် နေသည့် ရွာအဝင်လမ်းနှင့် ဘက်ဘက်ခြမ်းတွင် ဘုန်း ကြီးကျောင်းကို ခပ်လှမ်းလှမ်းမှတွေ့မြင်ရသည်။ လိုက် ပို့ပေးသူ မနန်းအောင်က ဒီကျေးရွာက ထူးခြားသည် ဟု ပြောသည်။ အများအားဖြင့် ယင်းနက်လူမျိုးများ သည် ရေကန်နှင့်ဝေးသည့်နေရာများတွင်သာနေထိုင် ကြလေ့ရှိသည်ဟု ဆိုသည်။ ထိုကဲ့သို့ ရေကန်နှင့်ဝေး သည့်နေရာတွင် နေထိုင်ရခြင်းကလည်း ယင်းလူမျိုး များ၏ရာဇဝင်ကလည်း စိတ်ဝင်စားစရာပင်ဖြစ်သည်။
ဒေသခံများ၏ ယုံကြည်မှုပင်ဖြစ်သည်ဟုဆို ရမည်။ ကျန်စစ်သားမင်းကို ရေမတိုက်လို့ ယင်းတို့ အား ရေနှင့်နီးသည့်နေရာ၌ မနေထိုင်နိုင်အောင် ကျိန်စာတိုက်ထားသည်ဟု ပြောဆိုကြသည့် ရာဇဝင်ရှိ သည်ဟုလည်း ဆိုသည်။
““သူများရေလာတောင်းသောက်ရင် အဲဒီဗူး ကို မပေးချင်တော့ ရေကို အလုံပိတ်ပြီး ရေမရှိဘူး ပြောဆိုကြတဲ့အတွက် ရေနည်းသွားရတယ်လို့ဆိုပါ တယ်။ ဒါကတော့ သူတို့ရိုးရာယုံကြည်မှုလို့ဆိုရမှာ ပေါ့””ဟု မနန်းအောင်က ပြောပြသည်။ကုန်းလန်းရွာသည် အိမ်ခြေ ၁၂၀ ကျော်ရှိ သည့် ကျေးရွာကြီးဖြစ်သည်။ ရွာတစ်ရွာစီတွင် သူကြီး၊ စာရေး၊ရပ်မိရပ်ဖ ခန့်အပ်ထားသည်။ ယခုသူကြီးမှာ သူကြီးလုပ်သက် ၂၆ နှစ်ကျော်ရှိပြီဟု ဆိုသည်။ ကျေးရွာသက်တမ်းမှာကြာမြင့်ပြီဖြစ်ပြီး ပြောင်းစိုက်ပျိုး ခြင်းကို လုပ်ကိုင်ကြသည့် ကုန်းလန်းရွာဖြစ်သည်။
ယင်းနက်လူမျိုးများသည် လပြည့်လကွယ်နေ့များ၌ တစ်ရွာလုံးက ယင်းရိုးရာဝတ်စုံအပြည့်ဖြင့် ဘုန်းကြီး ကျောင်းသို့ လာရောက်ကြလေ့ရှိကြောင်း သိရသည်။တစ်ချို့ယင်းရွာများကို သွားရောက်ရသည့်အခါတွင် ဖောင်နှင့်ကူးသွားရသည့် ယင်းနက်ရွာများဆီသို့လည်း သွားရောက်နိုင်သေးသည်။ အဆိုပါရွာ၏ အိမ်တိုင်း မှာ စီးပွားရေးအဆင်ပြေနေမှုကိုပြသနေသည့် အိမ် ကြီးအိမ်ကောင်းများရှိကြသည်ကိုတွေ့ရသည်။ သွပ်မိုး ထားပြီး အုတ်ဖြင့် ဆောက်လုပ်ထားသည့် ယင်းနက် အိမ်အများစုကို တွေ့ရသည်။ လိုက်ပို့ပေးသည့်ကျေး ရွာ၏ တာဝန်ရှိသူတစ်ဦးက ယင်းနက် ရှေးရိုးရာအိမ် ဖြင့် နေထိုင်ကြသည့် ယင်းနက်အိမ်တချို့ကို လိုက်လံ ပြသပေးသည်။ ယင်းနက်ရိုးရာအိမ်ဖြင့် နေထိုင်သည့် အိမ်မှာ နှစ်အိမ်ခန့်သာရှိသည်ကို တွေ့ရသည်။
ကျန်စစ်သားမျိုးရိုးကဆင်းသက်လာသည်ဟုလည်းဆို
ယင်းနက်လူမျိုးများသည် ဒေသခံများ၏ ပြောစကားအရ ကျန်စစ်သားမျိုးရိုးမှ ဆင်းသက်လာ သည်ဟုလည်း ဆိုသည်။ ဒေသခံများ၏ ပြောစကား အရ ကျန်စစ်သားသည် နန်းဦးပင်ဟုခေါ်သည့် ယင်း အမျိုးသမီးဖြင့် အကြောင်းပါခဲ့သည်ဟုလည်း ဆိုကြ သည်။ ကျန်စစ်သားနှင့် လိုက်ပါသွားခဲ့ပြီး တောထဲ တွင် သူမကို ထားခဲ့သည်လား၊ မထားခဲ့သလားဆို တာကတော့ အတိအကျမသိရှိနိုင်ပဲ ယင်းအမျိုးသမီး သည် တောထဲတောင်ထဲလျှောက်သွားရင်းဖြင့် ရေတအားဆာသည့်အတွက် သောက်စရာရေမရှိသည့်မို့ ကျွဲ၏ ကျင်ငယ်ရည်ကို သောက်သုံးခဲ့သည့်အတွက် ကိုယ်ဝန်ရခဲ့သည်ဟု ဒေသခံများ ဆိုသည်။ ထို့ကြောင့် ယင်းလူမျိုးများသည် အနက်ရောင်ဝတ်စုံကိုသာ ဝတ် ဆင်ကြသည်ဟု ဆိုသည်။ အဆိုပါအကြောင်းအရာ သည် မှန်သလားမှားသလားဆိုတာကိုတော့ သေချာ မသိရှိနိုင်သော်လည်း ဒေသခံယင်းနက်လူမျိုးများ၏ ယုံကြည်မှုဖြင့် အစဉ်အဆက်ပြောဆိုလာခဲ့သည့် ရာဇဝင်ဖြစ်သည်။ခရီးသွားဧည့်သည်များအနေဖြင့် ကုန်း လန်းရွာသို့လာရောက်လည်ပတ်မှုမှာ မရှိသေးသော် လည်း သတင်းစာဆရာများ ရိုက်ကူးရေးပြုလုပ်သည့် သူတချို့သာ လာရောက်ကြလေ့ရှိသည်ဟု ကုန်းလန်း ရွာသို့ လိုက်ပို့ပေးသူ မနန်းအောင်က ပြောသည်။ ကြို တင်သိရှိရပါက ရွာရှိဒေသခံများအား ယင်းဝတ်စုံကို ဝတ်ဆင်ရန် ညွှန်ကြားပေးထားရင်လည်း ဝတ်ဆင်ပေး ထားကြောင်း သိရသည်။ (Tour ဖြင့်သွားလည်ပါက အဖိုးအခပေးဆောင်ရသည်များလည်း ရှိသည်။
ယင်းလူမျိုးများသည် တောင်ယာလုပ်ငန်း ကိုလုပ်ကိုင်ကြသည့်အတွက် မနက်စောစောကတည်းမှညနေအထိတောင်ယာစိုက်ခင်းများတွင်သာလုပ်ကိုင်ခြင်းကြောင့်နေ့လယ်ဘက်များတွင်ကျေးရွာ၌အသက်ကြီးပိုင်းနှင့်ကလေးငယ်များသာကျန်ရှိနေတတ်သည်ယခင်ကယင်းနက်လူမျိုးများသည်ဆန်ကိုတစ်နေ့တာချက်ပြုတ်စားသောက်ရန်အတွက်ထောင်းရသော်လည်းယခုအခါမှာဆန်စက်ကြိတ်များ လည်း ရွာထဲတွင် ရှိနေပြီဖြစ်သည့်အတွက် သိပ်မ ထောင်းကြတော့ပေ။
““လူစိမ်းအဝင်အထွက်ဆိုရင် တန်းပြီးသိကြ တယ်။ သူတို့ရွာထဲကိုဝင်ကြရင် တန်းပြီးသိတယ်။ တခြားလူမျိုးတွေတောင် အရောနှောမခံကြဘူး။ တစ် ရွာလုံး ယင်းနက်ပဲ၊ယင်းနက်အချင်းချင်းပြန် ယူကြတာ များတယ်””ဟု ရှမ်းစကား ပြောတတ်သည့် မနန်းအောင် က ရှင်းပြသည်။
ဟိုးယခင်က ယင်းလူမျိုးများမှာ ကက်ဆက် ကိုယ်စီဖြင့် ပုခုံးတွင်လွယ်ထားကာ သွားရောက်လေ့ ရှိကြောင်း ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်း အလိုက် ယင်းကဲ့သို့ မလွယ်တော့ကြောင်း နမ့်စန် ဒေသခံတစ်ဦးကလည်း ပြောသည်။ ယင်းနက်လူမျိုး များသည် တသီးတသန့်နေထိုင်ကြပြီး ယင်းနက်ရွာ ပေါင်းက ၂၁ ရွာရှိသည်။ ယင်းနက်လူမျိုးများနေထိုင် ကြသည့် နောက်မွန်းအုပ်စုအတွင်း ယင်းနက်ရွာပေါင်း ၁၃ ရွာရှိပြီး မက်မွန်မုန်း အုပ်စုထဲ၌ ယင်းနက်ရွာ ၈ ရွာရှိကာ စုစုပေါင်းလူဦးရေ ၆၀၀၀ ကျော်ရှိ ကြောင်း နမ့်စန်အထွေထွေအုပ်ချုပ်ရေးရုံး၏ စာရင်း အရ သိရသည်။
ထို့အပြင် ဝမ်းနည်းစရာကောင်းလှသည့် အကြောင်းလည်းရှိသည်။ နောင်လိုင်ရွာဟု ခေါ်သည့် ယင်းနက်ရွာသို့ ခရစ်ယာန်ဆရာ ရောက်ရှိသွားခြင်း ကြောင့် ယင်းနက်များက ခရစ်ယာန်ဘာသာသို့ ကူး ပြောင်းသွားသည့်ဖြစ်စဉ်များလည်းရှိသည်။ ယင်းနက် လူမျိုးများသည် ရှေးယခင်ကတည်းက ဗုဒ်္ဒဘာသာ ကိုးကွယ်ကြပြီး ယင်းတစ်ရွာသာ ဘာသာပြောင်းလဲ ကူးပြောင်းခဲ့ခြင်းပင် ဖြစ်သည်။ ယင်းလူမျိုးသည် ပြောင်းကိုသာ အဓိကစိုက်ပျိုးကြပြီး တခြားသီးနှံကို ပြောင်းလဲစိုက်ခိုင်းလို့မရကြောင်း၊ ထို့ကြောင့် ပြောင်း စိုက်သည့် ဝင်ငွေကောင်းလာမည်ဆိုပါက ယင်းနက် လူမျိုးတို့၏ လူနေမှုဘဝမှာလည်း တိုးတက်လာစေ မည်ဖြစ်သည်။ ထို့အပြင် ယင်းနက်လူမျိုးများသည် နတ်ကိုးကွယ်မှုကိုလည်းယုံကြည်ကာ ကိုးကွယ်လေ့ရှိ သည်။ နတ်ကိုးကွယ်မှုကို တစ်နှစ်လျှင်တစ်ကြိမ် ရွာထိပ်တွင်ပြုလုပ်သည့် နတ်စင်တွင် ပြုလုပ်လေ့ရှိသည်။
နတ်ပူဇော်ပသရာတွင် စပါးနှင့် ဆန်ကိုယူရသည်ဟု ဆိုသည်။ ထို့အပြင် ကြက်တစ်ကောင်ကိုယူပြီး လည် ချောင်းသွေးဖြင့် နတ်ပူဇော်ပသသည်ကိုလည်း နှစ်တိုင်းပြုလုပ်လေ့ရှိသည်ဟုဆိုသည်။ အများဆုံးကြက် သုံးကောင်ဖြင့် ပူဇော်ပသသည်ဟုလည်း ဆိုသည်။
၎င်းအပြင် ထမင်း၊ ကြံသကာ၊ ဖယောင်းတိုင်၊ ပန်း၊ ငှက်ပျောရွက်ဖြင့်ထည့်ကာ ပူဇော်ပသသည်ဟု ဆို သည်။ ထို့အပြင် ယင်းလူမျိုးများသည် ပစ္စည်းပျောက် တာမျိုး၊ နေမကောင်းတာမျိုးဖြစ်ပါက နတ်ဆရာကို သွားရောက် မေးမြန်း လေ့ရှိသည်ဟုဆိုသည်။ ထိုကဲ့သို့ မေးမြန်းပါကလည်း ပြန်လည်ရရှိသည်ဟုဆိုကြသည်။
ကျေးရွာရှိ ပြောင်းစိုက်ခင်းများပိုးကျပါက မိုးနတ်မင်းအား တောင်းပန်ကြသည့် အလေ့အထ လည်းရှိရာ တောင်းပန်ပါက သက်သာသည်ဆိုသည့် ယုံကြည်မှုလွန်ကဲခြင်းများလည်းရှိသည်။ ထိုကဲ့သို့ တောင်းပန်ပါက တကယ်လည်း ဖြစ်သည့်အတွက် ယင်းနက်လူမျိုးများက ယုံကြည်ကြသည်ဟုဆိုသည်။ ထို့အပြင် မိုးမရွာရင်လည်း မိုးခေါ်လေ့ရှိကြပြီး မိုးခေါ် ပြီးပါက မိုးရွာသွန်းသည်ဟုလည်းဆိုသည်။
နမ့်စန်အတွင်းကယင်းကြားလူမျိုးများနမ့်စန်မြို့အတွင်းသာနေထိုင်ကြသည့် ယင်းနက်လူမျိုးနှင့် ယင်းကြားလူမျိုးများသာရှိသည်။တခြားပြည်နယ်များတွင် နေထိုင်လေ့မရှိခြင်းကလည်း ထူးခြားလှသည် ဟုဆို သည်။ နမ့်စန်မြို့၏ တောင်ဘက် ပိုင်းတွင်တည်ရှိပြီး ယခုအခါ ယင်းကြားရွာ ကိုးရွာသာ ရှိတော့ကြောင်း ဆိုသည်။ နမ့်စန်၏ မြောက်ဘက်တွင် ယင်းနက်လူမျိုးများနေထိုင်ပြီး တောင်ဘက်တွင် ယင်းကြားများ နေထိုင်ကြသည်။
ယင်းကြားတွေနေတဲ့လွယ်ဆိုင်းကျေးရွာ
အဆိုပါလွယ်ဆိုင်းကျေးရွာတွင် ယင်းကြား လူမျိုးများနေထိုင်ကြပြီး လွယ်ဆိုင်းကျေးရွာနှင့် ပတ် ပတ်လည် ၉ ရွာတွင်သာ ယင်းကြားလူမျိုးများနေထိုင် ကြပြီး လွယ်ဆိုင်းကျေးရွာမှာ အကြီးဆုံးကျေးရွာကြီး ဖြစ်သည်။ လူဦးရေ ၂၀၀၀ ကျော်ရှိကာ ရွာကိုးရွာ ပေါင်းမည်ဆိုပါက လူဦးရေ ၁၀၀၀၀ နီးပါးလောက်ရှိ မည်ဟု ယင်းကြားတိုင်းရင်းသူ ဆရာမ မအီညွန့်က ပြောပြသည်။ယင်းကြားများနေထိုင်ကြသည့် လွယ်ဆိုင်း ရွာ၊ ကျီးအိပ်ရွာ၊ တွန်တေးရွာ၊ ပုံပြန်လွယ်၊ လွယ်ဖွေး၊ နမ့်တက်၊ လွယ်တိုင်း စသည့်ရွာများတွင် ယင်းကြား လူမျိုးများနေထိုင်ကြသည်ဟု ဆိုသည်။ ယင်းကြားလူ မျိုးများသည် အဓိကစိုက်ပျိုးရေးကိုသာလုပ်ကိုင်ပြီး စပါး၊ ဂျင်း၊ ပြောင်း၊ မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသည်။ ဒေသခံများ၏ ထွက်ကုန်များကို ကျေးရွာသို့ လာ ရောက်ဝယ်ယူလေ့ရှိသလို နမ့်စန်မြို့သို့လည်း တင်ပို့ ရောင်းချသည်ဟု ဆိုသည်။
““အဓိက ရွာမှာလိုအပ်တာက ရေရရှိမှုပါပဲ။ ရေမထွက်တဲ့အတွက် မိုးရေကိုသာလှောင်ပြီး နွေရာသီ နှင့် ဆောင်းရာသီဆိုရင် အိမ်တိုင်းက ထော်လာဂျီနဲ့ နမ့်မလတ်ချောင်းက ရေကိုသွားရောက်ခပ်ယူပြီး ရေ ကိုလှောင်ကာအသုံးပြုရပါတယ်။ အဓိက ရေရဖို့လို အပ်တာပါ။ မီးလည်းရှိတယ်။ လမ်းကလည်းကောင်း တယ်၊ လိုနေတာက ရေပဲ””ဟု ယင်းကြားတိုင်းရင်းသူ မအီညွန့်က ပြောသည်။
ထို့ကြောင့် အိမ်တိုင်းတွင် ထော်လာဂျီများ ရှိပြီး ရေကို သွားရောက်ခပ်ယူရလေ့ရှိကြောင်း သိရ သည်။ ကျေးရွာသို့ ရေတွင်းလာတူးပေးသည့်သူများ ရှိသော်လည်း ရေမထွက်ကြောင်း ပေ ၈၀၀ ကျော် အထိတူးခဲ့ကြောင်း ယင်းကြားသူ မအီညွန့်က ပြော သည်။ယင်းကြားတို့၏ ရိုးရာဓလေ့အနေအထား မှာ ရှမ်းဓလေ့ဖြင့် ဆင်တူသည်။ တန်ခူးလ၊ ကဆုန်လ ဆိုပါက ပွဲတော်ကျင်းပ လေ့ရှိ သည်။ ကထိန်ပွဲတော်ဆို ပါက ကြီးကျယ်စွာကျင်းပလေ့ရှိသလို လအလိုက် ကျင်းပသည့် ပွဲတော်ငယ်များလည်းရှိကြောင်း သိရ သည်။ယင်းကြားလူမျိုးများ၏ ရိုးရာဓလေ့အနေ ဖြင့် ယင်းကြား တိုင်းရင်း သူများအား ရည်းစားစကား ပြောချင်ပါက အိမ်ပေါ်တက်ရောက်ပြီး အဖွဲ့လိုက် သမီးရည်းစားစကားပြောဆိုမှုကို မိဘများက ခွင့်ပြု ထားကြောင်း သိရသည်။ ယင်းကဲ့သို့ ရည်းစားပြောဆို ခွင့်ပြု သော်လည်း နီးနီးကပ်ကပ်ထိုင်ခွင့်မပြုသလို လက်ဆွဲထိခြင်းမျိုးလည်း ခွင့်မပြုကြောင်း သိရသည်။
ထို့အပြင် ယင်းကြားများသည် ရိုးရာ အထည်ယက်လုပ်မှုကိုသာ ဝတ်ဆင်ကြသော်လည်း လက်ရှိတွင် ယင်းကြားအရှည်အကျႌကို တစ်နေကုန် ယက်လုပ်မည်ဆိုပါကပြီးစီးသလို အေးအေးဆေးဆေး ပြုလုပ်ပါက သုံးရက်လောက်ကြာတွင်လည်း ပြီးစီးကြောင်း သိရသည်။ ယင်းကြားအိမ်အများစုတွင် ယက်္ကန်းရုံများရှိကြသည်။ ယခင်က ဝါဂွမ်းကို စိုက်ပျိုး ပြီး ချည်ငင်ကာ ထိုမှတစ်ဆင့် အကျႌချုပ်လုပ် ဝတ်ဆင် ကြသော်လည်း လက်ရှိတွင် ဝါများကို သိပ်မစိုက်ကြ တော့ကြောင်း ရယ်ဒီမိတ်ပိတ်စများကို ဝယ်ယူကာ ယက်လုပ်ကြ နေပြီဖြစ်သည်။
ယင်းကြားမိန်းကလေးဝတ်စားဆင်ယင်မှု မှာ အစင်းလိုက်ပါသည့် ဂါဝန်ကိုသာဝတ်ဆင်ကြပြီး ကလေးငယ်များ၏ အကျႌများကိုတော့ အနက်စဖြစ် သဖြင့် အစဝယ်ကာ ယက်လုပ်ကြပြီး ဝတ်ဆင်ကြောင်း သိရသည်။ ထို့အပြင် ယောကျ်ားလေးအဝတ်အထည် ကိုလည်း ယက်လုပ်ကြကာ ဝတ်ဆင်ကြသည်။
““ကလေးဝတ်တာက တစ်မျိုးလေ။လုံး၀ အနက်ရောင်လေ””ဟု မအီညွန့်က ဆိုသည်။
ယင်းကြားများသည် ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်ပြီး တခြား အဝတ်အစား မဝတ်ဆင်သည့်သူ များလည်းရှိသလို မွေးကတည်းက ယင်းဝတ်စုံမှယင်း ဝတ်စုံဝတ်ဆင်သည့် သူများလည်းရှိသည်။ လွယ်ဆိုင်း ကျေးရွာတွင် အသက် ၉၅ နှစ်အရွယ်ရှိ ယင်းကြား အဘွား အိုလည်းရှိကာ မျက်စိလည်းမမှုန်သလို သွား လာနိုင်နေ သေးကြောင်း သိရသည်။
ယင်းကြားတို့၏ဝတ်စုံဖြင့် အပျို၊ အအိုခွဲခြား သည့်အခါတွင်လည်း ဝတ်စားဆင်ယင်မှုဖြင့် ခွဲခြား နိုင်သော် လည်း တစ်ခါတရံတွင်လည်း ခွဲခြားလို့မရ ကြောင်း သိရသည်။
““အပျိုတွေဆိုရင် ခေါင်းပေါင်းပေါင်းတဲ့ အခါမှာ အဝိုင်းပတ်ပုံစံနဲ့ဝတ် ဆင်ကြတယ်။ အအို တွေကတော့ အဝိုင်းမလုပ်တော့ဘူး။ ခေါင်းပေါင်း ပြီး နောက်ဖက်မှာခေါင်းပေါင်းစကို တွဲလောင်း ချထား တယ်။ အများအားဖြင့် ဒီလိုခွဲခြားနိုင်ပေမယ့် တစ်ခါ တလေအပျိုတွေကလည်း အဲဒီလိုချထားတာမျိုးလည်း ရှိတတ်ကြတယ်”” ဟု ကျောင်းဆရာမ မအီညွန့်က ဆိုသည်။
နမ့်စန်မြို့၏ ထူးခြားမှုက များပြားလှသည်။နယ်မြေအားဖြင့် အေးချမ်း တည်ငြိမ်နေသော်လည်း ပြည်တွင်းပြည်ပဧည့်သည် လာရောက်မှုမှာ အင်မတန် မှနည်းပါးနေသလို ရှေးရိုးရာအိမ်အနည်းစုကို တွေ့ မြင်ရ တော့မည့် ယင်းနက်လူမျိုးများ၏ ရိုးရာအိမ်များ ရှိနေခြင်း၊ ထူးခြားဖြစ်တည်လာသည့် ရာဇဝင်များဖြင့် အစဉ်အဆက် ယုံကြည်လာကြသည့် ယင်းနက်၊ ယင်းကြားလူမျိူးများရှိနေခြင်း၊ နမ့်စန်မြို့၏ ပုံပြင်လိုလို ရှိနေသည့် ထူးခြားသည့်ဝိသေသဖြစ်သော မိန်းမ သေတောင်ရှိနေခြင်း၊ ကမ်္ဘာ့အကြီးဆုံးနှီးဘုရားရှိနေ ခြင်းတို့က နမ့်စန်မြို့၏ ထူးခြားချက်များဖြင့် အရိုင်း ဆန်နေသေးသည့် နမ့်စန်မြို့လေးသို့ သွားရောက် လေ့လာကာ နမ့်စန်မြို့တွင်သာ တသီး တသန့်နေထိုင် ကြနေသည့် ယင်းနက်၊ ယင်းကြားလူမျိုးတွေဆီလာ ရောက်လည်ပတ်နိုင်စေရန် ဖော်ပြလိုက်ရပါသည်။
Travelling_Journal/Vol_1_Issue_18
Photo_TravellingJournal
Contine Reading
By -
/ 09-12-2019အရိုင်းဆန်ကျွန်းလေးဆီသို့
တိုးဝင်းလွင်
မြန်မာနိုင်ငံမြေပုံ၏အောက် ဘက်အစွန်ဆုံးမှာရှိတဲ့မြို့လေး တစ်မြို့ဆီသို့ အလုပ်ကိစ္စတစ်ခု နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ဒီ မြို့ လေးဆီကိုသွားချင်ခဲ့တာကြာမြင့်ခဲ့ ပါပြီ။ သွားလာရ အလှမ်းဝေးသည် က တစ်ကြောင်း၊အကြောင်း မတိုက်ဆိုင်သည်က တစ်ဖုံနှင့် မရောက်ဖြစ်ခဲ့မိပါဘူး။ ဒီတစ်ခါ တော့ အကျိုးအကြောင်းတိုက်ဆိုင်မိတာနဲ့ ရောက်ဖြစ်ခဲ့ပါပြီ။
အဲဒီနေရာလေးကတော့ လှပတဲ့ကျွန်းစုတွေကို ပိုင်ဆိုင် ထားတဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းထဲကကော့သောင်းမြို့လေးပါပဲ။ မြို့ လေးကိုရောက်ဖို့ ရန်ကုန်ကနေ တစ်ရက်ကျော်ကြာတဲ့အထိ မုန်း အောင် ကားစီးရတာကတော့ ပထမဆုံးအမှတ်ရစရာပင်ဖြစ် သည်။
ဒီလိုနဲ့ ကော့သောင်းမြို့ လေးကို ရောက်ပြီဆိုရင်ပဲစောင့် ကြိုနေတဲ့ Andaman ပင်လယ် ကြီးကို အဖွေးသားမြင်ရတော့တာပါပဲ။ နောက်ပြီး ပင်လယ်ကြီး မှာ သွားလာနေတဲ့ ရှပ်ပြေးရေ ယာဉ်တွေ၊ ထိုင်းနိုင်ငံနယ်စပ် မြို့ဖြစ်တဲ့ ရနောင်းဘက်ကို ကူး မယ့် သမ္မာန်ငယ်လေးတွေက အဖန်ဖန်သွားနေကြတာ မသိရင်ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါပဲ။
ပင်လယ်ကြီးကိုဖြတ်ပြီး တိုက် ခတ်လာတဲ့ လေပြေလေညင်း လေးတွေကတော့ အထူးတလည် ပြောစရာမလိုလောက်အောင်ကို လတ်ဆတ်နေတာအမှန်ပါပဲ။ စာရေးသူက ရန်ကုန်သားမို့လား မသိဘူး၊ လေကောင်းလေသန့် ကို ကောင်းကောင်းခံစားမိလိုက် ပါတယ်။
ရန်ကုန်မှာ ရှိနေစဉ်တုန်း ကတော့ ဒီကျွန်းလေးတွေကို ရောက်ရင် ဘယ်တွေကို သွားရ မလဲဆိုပြီး ခရီးသွားကုမ္ပဏီတွေ က ကမ်းတဲ့ လက်ကမ်းစာစောင် တွေကြည့်ပြီး သိမ်းထားရတာ လည်း များနေပြီလေ။ဘယ် ကျွန်းက လှတယ်။ ဘယ်ရောက် ရင် ဘာလုပ်မယ်ပေါ့။ အဓိက ကိုယ့်စိတ်ကူးက ရေငုပ်ပြီးရေ အောက်က သန္တာကျောက်တန်း တွေကိုကြည့်ချင်ခဲ့တာပါပဲ။
ခုတော့စိတ်ကူးထဲက အတိုင်း တကယ်ရောက်ဖြစ်တော့လည်း ဘယ်ကစရမှန်းမသိဖြစ်နေပြီလေ။ကျွန်းပတ်ခရီးစဉ်အဖြစ် အလုပ် ကိစ္စတစ်ခုနဲ့လိုက်ဖြစ်ခဲ့တယ်။ အဆုံးအစမရှိတဲ့ပင်လယ်ပြင််ကြီးထဲမှာ ရေယာဉ်စီးရတာတော့ ဘယ်ဘက်ကိုကြည့်ကြည့် ကမ်းမတွေ့ဆိုတော့ ကမ်းမမြင်လမ်း မမြင်ဆိုတဲ့စကားအတိုင်းပဲ ခုမှ တကယ်ကြုံလိုက်ရတယ်။
တစ် နာရီကို မိုင်လေးဆယ်နှုန်း လောက်မောင်းတဲ့ရှပ်ပြေးရေ ယာဉ်နဲ့ နှစ်နာရီနီးပါး စီးပြီးသွား တဲ့နောက်မှာ ကျွန်းဖီလာကျွန်း ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက် ခဲ့ပါပြီ။ကျွန်းကို မရောက်ခင် မလှမ်းတစ်လှမ်းက လှမ်းမြင်နေ ရတာ အရိုင်းဆန်လွန်းတဲ့ တော အုပ်ကြီးတစ်ခုကို တွေ့ရသလိုပါ ပဲ။ ကျွန်းပေါ်ရောက်ပြီး သေချာ ခံစားကြည့်တော့မှ ပကာသနတစ်ခုမှ လွှမ်းမိုးမှုမခံရသေးတဲ့အရိုင်းပန်းလေးတစ်ပွင့်ကို မြင် တွေ့လိုက်ရသလိုကြည်နူးလှပ လွန်းတဲ့ ခံစားမှုမျိုးကို ချက်ချင်း ပြောင်းလဲသွားတဲ့စိတ်ကို အလွန် အံ့သြမိပါတယ်။
ကြည့်ရတာတွေက အရာရာမှာ သဘာဝအတိုင်းပဲမြင်တွေ့နေရတာပါ။အောက်ကြမ်းပြင်ကို အထင်သားတွေ့မြင်နေရတဲ့ ပြာလဲ့လဲ့ ရေပြင်ကြီးက ကိုယ့်ကို ဒိုင်ပင်ထိုးခုန်ချလိုက်ချင်စိတ်ဖြစ် အောင် နှိုးဆွနေတာကတော့ အသေအချာပင်။ အလုပ်ကိစ္စနဲ့ မို့သာ စိတ်ကို ထိန်းထားရသည် မှာပင်ပန်းလှပါတယ်။ ရေယာဉ် ကပ်သည့်ဆိပ်ခံတံတားကနေ ကမ်းခြေကို ဖိနပ်ချွတ်ပြီးတံတား လျောက်လမ်းအတိုင်းလှမ်းလာ ခဲ့မိပါတယ်။
ကမ်းခြေသဲပြင်ကို ခြေချမိရုံဆိုရင်ပဲ ခြေထောက် ကိုဆတ်ခနဲ ပြန်ရုတ်လိုက်မိပါ တော့တယ်။ အကြောင်းကတော့ ကိုယ်နင်းထားတဲ့ သဲပြင်က သဲ ပြင်နဲ့မတူပဲနုညက်လွန်းလှတဲ့ အတွက် သတိလက်လွတ်ဖြစ်သွားမိခဲ့ခြင်းဖြစ်ပါတယ်။ အမှန်ပင် သဲသောင်ပြင်မှာတစ်ခြားကမ်း ခြေများရှိ သဲများကဲ့သို့ ကြမ်း မနေပဲပေါင်ဒါမှုန့်ကဲ့သို့ နုညက် လွန်းလှခြင်းပင်ဖြစ်တယ်။
ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပဲ အမှန်တကယ်ခံစားကြည့်ချင်တယ်ဆိုရင် အရောက် သွားဖြစ်ဖို့ တိုက်တွန်းချင်ပါ တယ်။ ကိုယ့်မတွေ့ဖူးလို့လား မသိ ကိုယ့်အတွက်တေ့ာ အထူး အဆန်းပင်။ ကမ်းခြေတစ်လျောက်ဘာဆိုဘာမှ ပြုပြင်ထားခြင်းမရှိ သလို အသစ်ထပ်မံဖြည့်စွက် ထားခြင်းလည်း ဘာဆိုဘာမှမရှိသေးပေ။ အတွင်းပိုင်းတောအုပ် တွေကြားမှာတော့ ဟိုတယ်လုပ်ငန်း တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်နေမှုမျိုး သာ ရှိနေသေးသည်။
ထိုမျှ လှပမှုများနှင့် ပြည့်စုံနေတဲ့ ကျွန်းဖီလာကျွန်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့ သောင်းခရိုင်အတွင်းမှာ တည်ရှိ ပါတယ်။ ယင်းကျွန်းကို ဆွီဒင် အခြေစိုက်ကုမ်္ပဏီနှင့် FMI ကုမ္ပဏီတို့က ပူးပေါင်းပြီး ကန်ဒေါ်လာ (၁၀၅) သန်း ရင်းနှီး မြုပ်နှံကာ ဟိုတယ်စီမံကိန်းကိုဖော်ဆောင်နေခြင်းပင်ဖြစ်သည်။
စီမံကိန်းကို ဖော်ဆောင်ဖို့ အတွက် ဆွီဒင်အခြေစိုက်ကုမ္မဏီ ဖြစ်တဲ့ Mokan International Co.,ltdအနေဖြင့် လုပ်ပိုင်ခွင့် ကို ၂၀၁၃ နှစ်ကတည်းကပင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်ကနေ ခွင့်ပြုပေးထားပြီး ယခုတွင် ပြည်တွင်းကုမ်္ပဏီတစ်ခု ဖြစ်တဲ့ FMI နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုကိုထပ်မံတိုး၍ လုပ်ငန်းဖော်ဆောင်နေခြင်းပင် ဖြစ်သည်။
အဆိုပါကျွန်းကို Mokan International Co.,Ltd အနေဖြင့် ၂၀၁၃ ခုနှစ်တွင် ရင်း နှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ (၄ ဒသမ ၅) သန်းဖြင့် ရင်းနှီး မြှုပ်နှံရန် MIC က ခွင့်ပြုခဲ့ပြီး နောက် FMI ကုမ္ပဏီနှင့် ပူး ပေါင်းကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ (၁၀၅)သန်း ထိ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဟိုတယ်စီမံကိန်း ကို ကျွန်းဖီလာကျွန်းအတွင်းမြေဧက(၆၀၀၀)ပေါ်တွင်ဆောင် ရွက်သွားမည်ဖြစ်ပြီး လုပ်ပိုင်ခွင့် အနေဖြင့် MIC မှ နှစ်(၅၀)ခွင့် ပြုထားသော်လည်း ထပ်မံ၍ နှစ် ၂၀(၁၀+၁၀)တိုးကာစုစုပေါင်းနှစ် ၇၀ လုပ်ပိုင်ခွင့်ရရှိထားပါတယ်။
ယခုအချိန်မှာတော့ ကျွန်း မှာ သဘာဝအလှတရားများနှင့် အရိုင်းဆန် ဆန်လှပနေသော်လည်း ယင်းကဲ့သို့ ဟိုတယ်စီမံကိန်းများ ဖော်ဆောင်ပြီးပါက လာရောက် သူများနှင့် စည်ကားနေမည်ဆို လျှင် အရိုင်းပန်းလေးမှာ အရောင် အသွေးစုံလင်စွာဖြင့် တစ်မျိုး လှပလာမည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။
စာရေးသူ၏ တစ်ဦးတည်း ခံစားချက်ကို ပြောပြရမည်ဆို လျှင် သဘာဝအလှအပများကို ကြိုက်နှစ်သက်သူဖြစ်သည့် အတွက် ကျွန်းကလေးကို အရိုင်းဆန်ဆန် လှပနေသည်ကိုသာမြင်တွေ့ ချင်မိသော်လည်း တစ်ဖက်တွင် မူ နိုင်ငံ၏စီးပွား ရေးတိုးတက် လာမှုအတွက် ရင်းနှီးမြှပ်နှံမှုများဝင်ရောက်လာဖို့လိုအပ်ပေသည် မှာ အမှန်ပင်ဖြစ် သည်။
ထို့အပြင် မြန်မာနိုင်ငံမှာ တကယ်တမ်း ခရီးသွားနယ်ပယ် ကို ပြန်ကြည့်လိုက်မယ်ဆိုရင် လည်း Tourism Industry ရဲ့ ၇၅ ရာခိုင်နှုန်းလောက် က အဏ္ဏဝါအခြေပြု ခရီးသွားလုပ်ငန်း ဖြစ်တယ်ဟု ခရီးသွားလောကမှ ပုဂ္ဂိုလ်များက ဆိုကြသည်။
တနင်္သာရီတိုင်းအတွင်းမှာ ကျွန်းပေါင်း ရှစ်ရာကျော်ရှိနေ ပြီး သိပ်မဝေးလှသည့် ဒီလို နေရာမျိုးမှာသာ ဒီလိုအလှအပ တွေရှိနေပြီဆိုလျှင် ဝေးလံခေါင်း ပါးလွန်းလှသည့် အဆုံးအစမရှိ တဲ့ ပင်လယ်ပြင်ကြီးထဲတွင် ဘယ်လောက်တောင် သာယာလှပ နေတဲ့ အရိုင်းဆန်သော ကျွန်း လေးတွေ ရှိနေဦးမည်မှာ မြေ ကြီးလက်ခတ်ဧကန်မလွဲပင်။
တကယ်တမ်းဆိုရင် ဒါတွေဟာ မြန်မာနိုင်ငံအတွက်တန်ဖိုးကြီး မားလှတဲ့ သဘာဝလက်ဆောင် မွန်ပင်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိ သွားဖြစ်ခဲ့တဲ့ ကျွန်းဖီလာကျွန်း လေးပေါ်မှာ ခဏတာအပန်းဖြေ ခဲ့ရသော်လည်း အချိန်ကုန်ရကျိုး နပ်လောက်အောင် သဘာ၀ တရားများကို ခံစားလိုက်ရတာ ကလည်း အမြတ်ပင်ဖြစ်ခဲ့လေ သည်။
စာရေးသူရဲ့ စိတ်ကူး တစ်ခုဖြစ်တဲ့ ကျွန်းတွေဆီကိုရောက် ရင် ရေငုပ်ပြီး ရေအောက်အလှ အပများကို ခံစားမယ်ဆိုတဲ့ စိတ်ကူးလေး အထမမြောက်ခဲ့ သည်မှာ စိတ်မကောင်းစရာပင်။ ဒီအရိုင်းဆန်ကျွန်းလေးကို ပကာ သနအရောင်တွေ လိမ်းခြယ်ထား ခြင်းမရှိသေးခင် အချိန်အတွင်း နောက်ထပ်တစ်ကြိမ် အခွင့်ကြုံ လို့ ရောက်ခဲ့မယ်ဆိုရင် မဖြစ်ဖြစ် အောင် ရေထဲ ဒိုင်ပင်ထိုးပြီး ကူး ခဲ့မိမှာ အမှန်ပင်ဖြစ်ပါတော့ တယ်။
Travelling_Journal/Vol - 1 Issue 1
Contine Reading
By -
/ 13-06-2018နှင်းမှုန်မြို့တော် က ဒိုင်နိုဆော ပန်းခြံ
#Travelling Journal
တောင်လှေကား မြို့တော်၊ နှင်းမှုန်မြို့တော် ဟု အမည်ဝိသေသ ရှိသည့် ပြင်ဦးလွင်မြို့တွင် ခရီးသွား များလည်ပတ်စရာနေရာအသစ်တစ်ခုအနေဖြင့် ဒိုင်နိုဆော ပန်းခြံ ကို ဖွင့်လှစ်ထားသည်။
မြေဧက ၂ဧက နီးပါးပေါ်တွင် Myhouse garden (PyinOoLwin) ဟု အမည်ပေးထားသည့် စားသောက်ဆိုင်နှင့် ဒိုင်နိုဆော ပန်းခြံ ကို Mini Zoo ပုံစံသဖွယ် ဆောက်လုပ်ထားသည်။ လက်ရှိတွင် ဒိုင်နိုဆော အရုပ်( ၈ )ရုပ် ဖြင့် အသက်ဝင်အောင် ဖန်တီးပုံဖော်ထားသည်ဟု ယင်းပန်းခြံ က တာဝန်ရှိသူ က ပြောသည်။
ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်
ကလေးတစ်ဦးလျှင် ၅၀၀ ကျပ်သာ သတ်မှတ်ထား သည်။ မန္တလေး လာရှိုးလမ်းမကြီးဘေး တွင် တည်ရှိ
သည့် ဒိုင်နိုဆော ပန်းခြံကို ဇန်နဝါရီ ၂၅ ရက်မှ စတင်
ဖွင့်လှစ် ခဲ့ကာ ဒေသခံများ အလုပ်အကိုင်အခွင့်
အလမ်း များရရှိစေရန် ရည်ရွယ်ပြီး ဒိုင်နိုဆော ပန်းခြံကို စိတ်ကူးပုံဖော် အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလများ၌ ပိတ်ရက်များတွင်သာ လာရောက်လည်ပတ်သူ များပြားကြောင်း သိရသည်။
ပြင်ဦးလွင် မြို့တော် သည် ပြည်တွင်း ခရီးသွား အများဆုံး သွားရောက် အပန်းဖြေ လည်ပတ်လေ့ရှိသည့် မြို့တော်တစ်ခုလည်းဖြစ်သည်။ ထင်ရှားသည့်နေရာများမှာ အမျိုးသား ကန်တော်ကြီး ဥယျာဥ်၊ ဘုရင်ခံအိမ် (ခေါ်) Governors House ၊ ဓါတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ ၊ ဘန့်ဘွေးကျင်းရေတံခွန် နှင့် ပွဲကောက်ရေတံခွန် တို့ကို ခရီးသွား အများဆုံး သွားရောက်လည်ပတ်ကြသည်။
#Travelling journal
#Photo Essays
#Photo Htet Htet Naing
Contine Reading
By -
/ 11-06-2022ရာဇဝင်ထဲက သူရဲကောင်းမြို့ မြို့ဒလ ဆီ
ရန်ကုန်မြို့နဲ့နီးနီးနားနားမှာ တည်ရှိပြီး လည်ပတ်စရာနေရာတွေသာမက စိတ်ဝင်စားစရာနေရာတွေကို လေ့လာလည်ပတ်နိုင်တဲ့ တစ်ဖက်ကမ်းက မြို့ဒလဆီကို Sight Seen Tour လေးအဖြစ် လည်ပတ်လို့ရနေပါပြီ။ တကယ်တော့ ဒလမြို့ဟာ လည်ပတ်စရာမရှိဘူးလို့ ထင်မှတ်ထားခဲ့ပြီး ခရီးသွားတွေကြားမှာ မေ့လျော့နေခဲ့တဲ့
မြို့ နယ်လေးဖြစ်ပါတယ်။
ဘယ်လိုသွားကြမလဲ
ရန်ကုန် လမ်းသစ်ဂိတ်ကနေ ရန်ကုန်ဝါးတားဘတ်စ်နဲ့ စီးပြီး ဆာပါချောင်ဂိတ်ကနေ ဒလမြို့နယ်ထဲကို တုပ်တုပ်နဲ့ လည်ပတ်ခဲ့ပါတယ်။ ရန်ကုန်မြစ်ကိုဖြတ်ကျော်ပြီး အေးမြတဲ့ လေအေးပေးစက်နဲ့ သက်သောက်သက်သာရှိလှတဲ့ ရန်ကုန်ဝါးတားဘတ်စ်ကို စီးပြီး ရာဇဝင်ထဲက မြို့နယ်လေးဆီ …
----------------------------------------------သမိုင်းကြောင်း----------------------------------------------ဒလမြို့နယ်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက မွန်တွေတည်ထောင်ခဲ့တဲ့ မြို့ဖြစ်ခဲ့ပြီး အေဒီ ၁ ရာစုကနေ အေဒီ ၉ရာစုအတွင်း အင်းဝနဲ့ ဟံသာဝတီ ၁၃၈၆ ခုနစ်ကနေ ၁၃၄၂ ခုနှစ်အတွင်း နှစ်ပေါင်း ၄၀အတွင်း မြန်မာတစ်လှည့် မွန်တစ်လှည့် အဆင့်ဆင့်ပြောင်းပြီး အုပ်ချုပ်ခဲ့တဲ့ မြို့ကြီးဖြစ်ခဲ့တယ်။ မွန်ဘာသာစကားနဲ့တလလို့ခေါ်တွင်ခဲ့တာတဲ့။ ဘာသာပြန်လိုက်တဲ့အခါမှာ တလကနေ တွန်တလ ကို မြန်မာလိုဘာသာပြန်တော့ သူရဲကောင်းမြို့လို့ အဓိပါ္ပယ်ထွက်ပါတယ်။
အခုကတော့ ရန်ကုန်မြို့ရဲ့နယ်နိမိတ်အတွင်းမှာ ပါဝင်ခဲ့ပြီး ဒလမြို့လို့ ခေါ်တွင်နေပါတယ်။----------------------------------------------လည်ပတ်စရာနေရာများ----------------------------------------------တကယ်တော့ ဒလဆိုတာ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ရှိနေခဲ့တဲ့မြို့နယ်လေးဖြစ် နေခဲ့တာကို မေ့နေခဲ့တာဖြစ်ပါတယ် ။ ဒဏ္ဍာရီတွေ၊ သမိုင်းတွေ၊ ဗဟုသုတရစရာတွေကို ပေးစွမ်းနိုင်စွမ်းရှိတဲ့ မြို့နယ်လေးဖြစ်နေခဲ့တာပါ။----------------------------------------------သမိုင်းဝင် ရွှေစာရံဘုရား----------------------------------------------မြတ်စွာဘုရား အရိပ်တော်စွန်းထင်းကျတဲ့ နေရာလေးကို စေတီ တည်ထားခဲ့တဲ့ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါတယ်တဲ့။ ဟိုတုန်းက မြတ်စွာဘုရား သုဝဏ္ဍဘူမိကိုကြွတဲ့အခါမှာ ရသေ့ကြီးတစ်ပါးက မြတ်စွာဘုရားကို ဖူးရပါစေ၏လို့ ဆုတောင်း လိုက်တဲ့အခါမှာ မြတ်စွာဘုရားက အာရုံ ရတဲ့ အခါမှာ အရိပ်တော်လေးကို စွန်းထင်းပေးခဲ့တဲ့ဒီနေရာလေးကို စေတီတည်ခဲ့တာ ဖြစ်ပါတယ် ။ ဟိုတုန်းက ရွှေစာရံလို့ခေါ်တွင်တာ မဟုတ်ပါဘူး ကျိုက်စာရာဘုရားလို့ ခေါ်တွင် တာပါတဲ့။ ကျိုက် ဆိုတာ မွန်ဘာသာစကားဖြစ်ပြီး ဘုရားလို့ အဓိပ္ပါယ်ရတယ်။ စာရာဆိုတာ အရိပ်ဖြစ် တယ်။ ဘုရားရဲ့ အရိပ်လို့ ခေါ်တယ်။ အခုကျတော့ ရွှေစာရံဘုရားလို့ ခေါ်တွင်ပါတယ်။----------------------------------------------ရဟန္တာ မဟာထေရ် ဦးပညာ ရုပ်ကလာဒ်----------------------------------------------ရဟန္တာ မဟာထေရ် ဦးပညာ ရုပ်ကလာဒ် ကိုတော့ ရွှေစာရံဘုရားဝင်းအတွင်းထဲမှာ ကျောင်းဆောင်နဲ့ ထားရှိကိုးကွယ်ထားတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေသာမက ပြည်တွင်းခရီးသွားတွေကပါ မဖြစ်မနေ လာရောက်လေ့လာဖူးမြော်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ အကြောင်းကို ကျောင်းဆောင်ပေါ်မှာ အင်္ဂလိပ်လိုရယ် မြန်မာလိုရယ်ပါ မှတ်တမ်းတင်ထားပါတယ်။----------------------------------------------မျက်ရှင်တော် ဆုတောင်းပြည့်ဘုရား----------------------------------------------နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိပြီး ဒလမြို့နယ်ရဲ့ ဒုတိယဘုရားတစ်ခုဖြစ်ပါတယ်။မျက်ရှင်တော်ဆုတောင်းပြည့်ဘုရားလို့ခေါ်တွင်ပြီး သမိုင်းဝင်ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။----------------------------------------------ရာဇသင်္ကြန်အမတ်ကြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့ဒလ----------------------------------------------တကယ်တော့ ဒလဆိုတာ ပုဂံခေတ်က မင်းဒဏ်မင်းသင့်ခံရတာမျျိုးဆိုရင် ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့လည်းဖြစ်ခဲ့ပါတယ်တဲ့။ ထင်ရှားခဲ့တာကတော့ ရာဇသင်္ကြန်အမတ်ကြီး လို့ဆိုပါတယ်။ ရာဇသင်္ကြန်အမတ်ကြီးဟာ သီဟသူ အိမ်ရှေ့မင်းသားကို ဘုရင် မတင်ပဲ သပွတ်သည်နဲ့ရတဲ့ သား နရသီဟပတေ့ကို နန်းတင်ပေးလိုက်တဲ့အတွက် ဘုရင်ဖြစ်သွားခဲ့တယ်။ဒါမို့ ရာဇသင်္ကြန်ကို အငြိုးအတေးတွေနဲ့ ဒလကို ပြည်နှင်ဒဏ်ပေးလိုက်ရပါ တယ်။ အဲဒီတုန်းကက ဒေသခံတွေက စားဝတ်နေရေးအတွက် အခက်ခဲကြုံရသလို ရေ အခက်အခဲတွေနဲ့လည်း ကြုံရတယ်။ ဒါကြောင့် ဒီမြို့ကိုလည်း ကျိန်စာတိုက်ခဲ့တာလို့လည်း ဆိုကြတယ်တဲ့။ ရေချိုမထွက်ပါစေနဲ့လည်းဆိုခဲ့တယ်တဲ့။ ပုံပြင်တွေကော ဒဏ္ဍာရီတွေကောရှိခဲ့တာပါ။ အရင်တုန်းက ဒီ ဒလမှာ ဆင်တင်းကုတ်တွေ ရှိတယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဟိုတုန်းက ပုဂံနဲ့ ဒလဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုပဲတဲ့နော်။ ဒလမြို့ဟာ ရှေးတုန်းက တလိုင်းသူရဲကောင်း အဲမွန်ဒရာတို့ ပေါ်ထွန်းခဲ့ကြသလို ဟိုတုန်းက ဒီနေရာဟာ မဲဇာတောင်ခြေလိုမျိုး အဆောင်အယောင်သိမ်းပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့လို့ ခေါ်တွင်ပါတယ်တဲ့။ ကျန်စစ်သားဆိုရင်လည်း မဏိစန္ဒာနဲ့ ပတ်သက်ပြီး ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဒလမှာပဲ ခိုလှုံရတာပါပဲ။----------------------------------------------ဒလမြို့ရဲ့ လူဦးရေ----------------------------------------------ဒလမှာ ရပ်ကွက် ပေါင်း ၂၄ ရပ်ကွက်ရှိပြီး လူဦးရေ ၂သိန်းနီးပါးရှိနေထိုင်ကြပါတယ်။ကျေးရွာအုပ်စုက ၂၃ အုပ်စုရှိပြီး ရွာပေါင်း ၅၄ ရွာရှိပါတယ်တဲ့။ ထင်တောင်မထင်ရဘူးနော်။အဓိက လုပ်ကိုင်တာက ဒလမြို့နယ်ဟာ အခြေခံလူတန်းစားတွေ များပြားပါ တယ်။ အများအားဖြင့့် ရန်ကုန်တက်ပြီး အလုပ်လုပ်ကြရတာ များပါတယ်။ ရေရှားတဲ့အတွက်ကြောင့် ပေဘယ်လောက် နက်နက် ရေချိုမထွက်ကြပါဘူး၊ အဲဒါကြောင့် စက်ရုံလည်း မရှိသလို ဒေသထွက်ကုန်လည်း မရှိပါ ဘူး၊ ရန်ကုန် ဝါးတားဘတ်စ်ကတော့ အရင်က ၄၆ ခေါက်ဆွဲပေးတယ်။ မနက် ၅နာရီကနေ ည၉ခွဲထိကို ။ ဒါ့အပြင် ဒလမြို့နယ်မှာ သဗ္ဗာန်ဆိပ်လေး ၁၁ ဂိတ်ရှိတယ်။ ရေချိုမရှိတော့ မိုးရေကန်ကိုသာအားထားရပါတယ်။ မိုးရေကန်ပေါင်း က ၃၀၀ကျော်လောက်ရှိပါတယ်။ သိပ္ပံအယူအဆနဲ့ကြတော့ ပင်လယ်နဲ့နီးလို့ ရယ် ၊ကျောက်ဖြာရှိလို့ ရေမထွက်တာလို့ပြောကြတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ ပုံပြင်တွေ ဒဏ္ဍာရီတွေကို အယုံအကြည်မရှိကြပါဘူး။ ဒီ ဒလမှာ မွတ်စလင်၊ဟိန္ဒူ၊ခရစ်ယာန်၊မြန်မာ ဘာသာပေါင်းစုံနေထိုင်ကြပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်ကြပါတယ်။----------------------------------------------ဘယ်လောက်ကုန်ကျမလဲ----------------------------------------------လမ်းသစ် ဂိတ်ကနေ ရန်ကုန်ဝါးတားဘတ်စ်နဲ့စီးရင် ၃၀၀ ကျပ်ရပြီး ဟိုဘက်ကမ်းရောက်တဲ့အခါ တုပ်တုပ်နဲ့ လည်ပတ်လို့ရပါတယ်။ တုပ်တုပ်ကို စင်းလုံးဌား လည်ပတ်လို့ရပါတယ်။တစ်စီးလုံးမှ ၃၀၀၀ ကျပ်ပဲကျသင့်ပါတယ်၊ ကိုယ်တွေက ၁၀၀၀ ကျပ်ပိုပေးလိုက်တော့ ၄၀၀၀ ကျပ်ကျသင့်ပါတယ်။ လူ ၄ဦးစီးလို့ရပါတယ်။ အပြန်ကျရင်လည်း ဝါးတားဘတ်စ်နဲ့ပြန်ချင်ရင် ၃၀၀ ကျပ်နဲ့ပြန်လို့ရသလို သဗ္ဗာန်စီးပြီး Expore လုပ်ချင်ရင်လည်း ၃၀၀ ကျပ်ပါပဲ။ စုစုပေါင်းတစ်ယောက်ကို ၁၅၀၀ ကျပ်လောက်ပဲကျသင့်မှာဖြစ်ပါတယ်။ ဒါက မိမိအစီအစဉ်နဲ့ သွားချင်တဲ့သူတွေအတွက်ပါ။ဒါမှမဟုတ် ဒလဘက်ဆိုက်ကား Tour နဲ့ လည်ပတ်ချင်ရင်တော့ တစ်ယောက်ကို ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး Sight Seen Tour လည်ပတ်နိုင်ပါတယ်။ ဆက်သွယ်ချင်တယ်ဆိုရင် ကိုဇော်မင်းစိုး ဖုံး ၀၉၂၅၃၃၆၆၄၄၇ ကိုဆက်သွယ် သွားရောက်လည်ပတ်နိုင်ပါတယ်။----------------------------------------------နိုင်ငံခြားသားအတွက်----------------------------------------------တိုးရာသီဆိုရင် Sight Seen Tour ၇ခုလောက်ရှိပါတယ်။နိုင်ငံခြားသားအတွက်ချည်းပဲ၊မြန်မာမပါဘူး။ အဓိကက ဘုရားကို ပို့ပေးပါတယ်။ဈေးနှစ်ခုပါတယ်။ ပြီးတော့ သူတို့ အရမ်း စိတ်ဝင်စားတာက လူနေမှုအဆင့်အတန်း တွေလေ့လာကြတယ်။ ဝါးအိမ်လေးတွေ၊ ကျုူးကျော်တဲလေးတွေကို စိတ်ဝင်စားကြတယ်။ လယ်ကွင်းလေးတွေကို စိတ်ဝင်စားကြတယ်။ နိုင်ငံခြားသားတွေအတွက်ဆိုရင် အိမ်တွင်းမှု အလုပ်ရုံ လေးတွေကို ပို့ပေးရသလို ။ လုပ်ငန်းသုံးခုရှိကို ပို့ဆောင်ပေးရပါတယ်။ ကော်ပြန့်လုပ်ငန်း စမူဆာ၊ ဌက်ပျောသီးကြော် လုပ်တဲ့ အဖတ်လုပ်ငန်းတွေရှိတယ်။ ဖယောင်းတိုင်လုပ်ငန်းလေးတွေရှိတယ်။ စွန့်ပစ်ပစ္စည်းတွေကိုပြန်သုံးတဲ့ လက်မှုပညာပြခန်း တွေရှိတယ်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို လေ့လာကြတယ်။ ဒါတွေကတော့ နိုင်ငံခြားသားတွေအတွက်ဖြစ်ပါတယ်တဲ့။
----------------------------------------------ပြည်တွင်းတွေအတွက်ဆိုရင်----------------------------------------------ဘုရားတစ်မျိုးပြပေးတယ်။ ရွှေဆံရာဘုရားကို ပြပေးတယ်။ လယ်ကွင်း စိုက်ခင်း စပါးခင်း ဓာတ်ပုံရိုက်လို့ရတဲ့ နေရာလေးတွေကို ပြပေးတယ်။ နောက်တနေရာက လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ ပြီးရင် Recycle တွေနဲ့ အလှဆင်ထားတဲ့ကြွပ်ကြွပ် လက်မှုပညာပြခန်းတွေဆီကို ပို့ပေးပါတယ်။ အီတလီက နည်းပညာနဲ့ လုပ်ပြီး အင်ဂျီအို အဖွဲ့တစ်ခုဖြစ်ပြီး ကြွပ်ကြွပ် လို့အမည်ပေးထားတဲ့ စွန့်ပစ်ပစ္စည်း လက်မှုလုပ်ငန်းကိုလေ့လာနိုင်ပါ တယ်။ လူတွေ မသုံးပဲ စွန့်ပစ်လိုက်ကြတဲ့ ကော်ဖီမစ်အိတ် ၊ဘိလပ်မြေအိတ်၊ ဆာလာအိတ်တွေ ကြွပ်ကြွပ်အိတ် တွေနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကိုပြန်လုပ်ပေးတဲ့ လုပ်ငန်းခွင်လေးကို လေ့လာနိုင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကိုပြန်သုံးတဲ့ လက်မှုပညာပြခန်း ပြပြီးရင် Sight Seen Tour ပရိုဂရမ်ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ ချိတ်ဆက်ပြီး သွားချင်တယ်ဆိုရင် တစ်ယောက်ကို ၅၀၀၀ ကျပ်နဲ့ ပို့ဆောင်ပေးပါ တယ်။ တင်္နနွေအပတ်တိုင်း ပြည်တွင်းခရီးသွားတွေကို ရောင်းချပေးနေပါ တယ်။ ဒီလို တစ်ယောက်ကို ငါးထောင်ကျပ်နဲ့ ပို့ဆောင်တဲ့အခါမှာ ဆိုက်ကားခအနေနဲ့ ၃၀၀၀ ကျပ်ရပြီး ခရီးသွားကုမ္ပဏီကတော့ ၂၀၀၀ ကျပ်ပဲ ရပါတယ်။ အခုလို ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ အခုလို ပရိုမိုးရှင်းလေးတွေကို လုပ်ပေးနေရသလို တစ်ဖက်တစ်လမ်းကနေ ဒေသဝင်ငွေ ရရှိစေဖို့ရယ်၊ အလုပ်အကိုင် အခွင့်အလန်းလေးတွေကို ရရှိစေချင်တယ်ဆိုရင် အခုလို ဒလမြို့ရဲ့ Sight Seen Tourတွေကို အားပေးကြရင်း ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ကြပါမယ်။ဒလမြို့နယ် အကြောင်း သိလိုသမျှကို ရှင်းပြပေးခဲ့သူ ကိုဇော်မင်းစိုး ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။
Contine Reading
By -
/ 11-06-2022င်္ဂဂါ မြစ်နှင့်ထိတွေ့ခြင်း
မော်ကျွန်းသူ
မင်းမသိ ဗြဟ္မဒတ် ၊ ပြည်မသိ ဗာရာဏသီပြည်လို့ ခေါ်ဆိုကြတဲ့ တိုင်းပြည်ကို စာရေးသူ ရောက်ရှိခဲ့ပါပြီ။ဟိုးငယ်စဉ်ဘဝထဲက ဒီနာမည်ကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သလို ရှေးယခင်ကတည်းက တည်ရှိလာခဲ့တဲ့ ဗာရာဏသီရွှေမြို့တော်ကြီးဒီမြေဒီရေပေါ်ကို စာရေးသူ ခြေချခဲ့ဖူးပါပြီ။
ဗာရာဏသီပြည်နယ်ဟာ ထူးခြားတည်ရှိတဲ့ သမိုင်းကြောင်းဆိုင်ရာတွေ ရှိခဲ့ရာမြို့တော်အဖြစ် ယနေ့တိုင်တည်ရှိနေခြင်းပါပဲ။နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ မြို့နာမည်ဟာ ယနေ့ထိတိုင် အမည်နာမ မပြောင်းလဲပဲ တည်ရှိနေခြင်းကလည်း ထူးခြားမှုတစ်ခုအနေနဲ့ ရှိနေခဲ့တာပါ။ ဒါ့အပြင် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး အနုလက်ရာများစွာ ထုံမွန်းစွာ တည်ရှိခဲ့ရာနေရာတစ်ခုလည်းဖြစ်လို့နေခဲ့တာပါ။
မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ လို့ ခေါ်ဆို ထားရတဲ့ အိန္ဒိယပြည်နယ်ရဲ့ မြစ်များစွာကို ညွန်းဖွယ်ပြောဆိုထားတဲ့ ဒီပြည်နယ် ကို စာရေးသူ ရောက်ရှိလာခဲ့ပါတယ်။
အိန္ဒိယပြည်နယ်ရဲ့ မြစ်ကြီး ငါးသွယ် လို့ နာမည်ကြီးလှတဲ့ င်္ဂဂါမြစ်၊ အစီရတီမြစ်၊ ယမုံနာမြစ်၊ သရဘူမြစ်၊ မဟီတည်းဟူတဲ့မြစ်ငါးသွယ် ရှိခြင်းဟာ အိန္ဒိယပြည်နယ်ရဲ့ ဂုဏ်သတင်းကို မွှေးပျံစေတယ်လို့ ဆိုနိုင်ပါတယ်။
စာရေးသူအနေနဲ့ င်္ဂဂါမြစ်ဆိုတာဟာ ကျောင်းစာပေတွေထဲမှာ သင်ကြားပို့ချခဲ့ဖူးလို့ ကြားဖူးနေပြီး မြစ်တွေမှာ သမိုင်းကြောင်းတွေရှိပြီးသားဖြစ်မယ်လို့ လည်းယုံကြည်ထားမိပါတယ်။ဒီလို မြစ်ကြီးငါးသွယ်ထဲက င်္ဂဂါမြစ်ရဲ့ သမိုင်းက ပိုပြီး ထင်ရှားစေလှပါတယ်။ ကြီးမြတ်တဲ့ သမိုင်းဆိုင်ရာ တွေ၊ဘာသာရေး ယုံကြည်မှုဆိုင်ရာတွေနဲ့ နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့စေတာဟာ ထူးခြားမှုတစ်ခု ဖြစ်စေခဲ့တာပါ။
အိန္ဒိယပြည်နယ်ထဲမှာ င်္ဂဂါမြစ်ဟာ အရှည်ဆုံးမြစ်လည်းဖြစ်ပြီး ဟိန္ဒူလူမျိုးများရဲ့ အထွက်အမြတ်ထားရာ မြစ်ဖြစ်တာမို့ ဒီရေကို ချိုးခဲ့ရင် သိဒ္ဒိထူးတယ်၊ ကံကောင်းတယ်လို့ ယုံကြည်ထားတဲ့ မြစ်တစ်ခုဖြစ်ပါတယ်။
ဒီမြစ်မှာ လာရောက်ရေချိုးကြတဲ့ ဟိန္ဒူ လူမျိုးတွေကို တွေ့မြင်ရပြီး သေဆုံးသွားကြတဲ့ သူတွေရဲ့ ပြာကို မြစ်ထဲမျှော ရင် ကောင်းရာဘုံဘဝကို ရောက်ရှိတယ်လို့ အယူရှိကြတဲ့ ယုံကြည်မှု ကိုးကွယ်ရာ ပြယုဒ်တစ်ခု အနေနဲ့ တည်ရှိခဲ့တာပါ။
င်္ဂဂါမြစ်ရဲ့ အလှအပနဲ့ မြင်ကွင်းတွေဟာ လာရောက်တဲ့ သူပေါင်းများစွာကို ကြည့်နူးမှုတွေ၊ လေ့လာစရာတွေများစွာ ပေးစွမ်းနိုင်တဲ့ ဗာရာဏသီမြို့ရဲ့ တစ်ခုတည်းသော နေရာပါပဲ။
နံနက် ဝေလီဝေလင်းဆိုပေမယ့် င်္ဂဂါမြစ်ထဲမှာ ရေချိုးနေကြတဲ့ ဟိန္ဒူလူမျိုးတွေကို တွေ့မြင်စေရသလို ကမ်းစပ်နားမှာ အုပ်စုအလိုက် ရေချိုးနေကြတဲ့ သူတွေကို ဟို တစ်စ ဒီတစ်စ တွေ့မြင်နေရတာပါ။ထူးခြားတာက ဒီကမ်းစပ်နားမှာ င်္ဂဂါမြစ်ရေကို ယူသယ်ဆောင်သွားချင်တဲ့ သူတွေအတွက်ပလက်စတစ်ပုံးတွေကို ရောင်းချနေတဲ့ ဆိုင်အသီးသီးကိုလည်း တွေ့မြင်စေရပါတယ်။
နယ်ပေါင်းစုံ က လာရောက် ရေချိုးကြတဲ့ သူတွေကို ဒီနေရာမှာ တစုတဝေး တွေ့မြင်ရပြီး မြစ်အတွင်း လှေနဲ့ ပတ်စီးလေ့လာကြတဲ့ ခရီးသွားတွေကိုလည်းတွေ့မြင်စေရတာက နံနက်ခင်းပန်းချီကားတစ်ချပ်ကို တွေ့မြင်စေရသလိုပါပဲ။မြူတွေဆိုင်းနေတဲ့ နံနက်ခင်းအချိန်၊ လတ်ဆက်တဲ့ လေသင်းရနံ့၊ ခန့်ညားစွာတည်ရှိနေတဲ့ မြစ်ကူးတံတားကြီး၊
ပိုပြီးထူးခြားတာကတော့ ကမ်းစပ်တစ်လျှောက်မှာ တည်ဆောက်ထားထားတဲ့ ရောင်စုံအဆောင်အအုံဆိုတာထက် ပန်းချီကနုတ်တွေနဲ့ ခြယ်သရေးဆွဲထားတဲ့ အဆောက် အအုံ တွေ ၊ မြင်ကွင်းအလှတွေကြောင့် လာရောက်လေ့လာကြတဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်စေခဲ့တာပါ။ မြစ်အတွင်း ဆီမီးမျှောသူတွေ၊ ပန်းမျှောသူတွေ၊ ငါးလွှတ်သူတွေ၊ ဇင်ယော်ငှက်တွေကို အစာ ကျွေးသူတွေနဲ့ င်္ဂဂါမြစ်ရဲ့မနက်ခင်းအလှတရားကို ပြီးပြည့်စုံခဲ့တာပါ။
ဒါ့အပြင် ကမ်းစပ်မှာ မီးရှို့နေတဲ့ အလောင်းစင်တွေတစ်ချို့ကိုလည်း တွေ့မြင်စေရပါတယ်။တစ်ချို့ကတော့ ထင်းတွေကို အဆင်သင့်မီးရှို့ထားတဲ့ မြင်ကွင်းတွေကို လည်းတွေ့မြင်ရပြီး သေဆုံးသူ ဇတ်မြင့်တဲ့ သူတွေကိုတော့ အပေါ်ပိုင်းမှ သင်္ဂြုဟ်နေပြီး ဇတ်နိမ့်တဲ့ သူတွေရဲ့ အလောင်းတွေကို တော့ အောက်မှာ မီးသင်္ဂြုဟ်နေတာတွေကို တွေ့မြင်စေရပါတယ်။
နိုင်ငံခြားသားတစ်ချို့ကတော့ ဒီမြင်ကွင်းတွေကိုစိတ်ဝင်တစားနဲ့ မှတ်တမ်းဓာတ်ပုံတွေ ရိုက်လို့နေပါတယ်။ဒါဟာ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့တဲ့ ဓလေ့ထုံးထမ်း အစဉ်အလာတွေဟာ ဒီနေ့ထိတိုင် တည်ရှိနေခြင်းပါပဲ။
ယုံကြည်မှု စွဲလမ်းမှု ဘာသာရေး ယုံကြည်မှုတွေ ထွန်းကားရာနေရာတစ်ခုဖြစ်စေတဲ့ ဗာရာဏသီမြို့တော်ရဲ့ နေရာတစ်ခု အဖြစ် နောင် နှစ်ပေါင်းများစွာအထိ တည်ရှိနေအုံးမှာဖြစ်ပါတော့တယ်။
အများအားဖြင့် ဒီ ဗာရာဏသီမြို့ထဲက င်္ဂဂါမြစ်ထဲကို လေ့လာစေတဲ့ ခရီးစဉ်တွေကို ဗုဒ္ဓဂယာ ၁၅ ရက် ခရီးစဉ်တွေမှာ သာ ထည့်လာပေမယ့် နောက်ပိုင်းမှာ ဘုရားဖူး ပို့ဆောင်ပေးတဲ့ ခရီးသွားကုမ္ပဏီတွေဟာ ၂၀၁၉ လောက်ကနေ စတင်ပြီး လည်ပတ်စရာခရီးစဉ်တစ်ခုအနေနဲ့ ထည့်လာခဲ့ကြတာဖြစ်ပါတယ်။
ဒီလို ယုံကြည်မှုတွေဟာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တာမို့ အခုချိန်မှာ င်္ဂဂါမြစ်ဆီ တကူးတက လာရောက်လေ့လာလည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသြား တွေရဲ့ လည်ပတ်စရာနေရာတစ်ခု အဖြစ် ထင်ရှား လာခဲ့ပါပြီ။
Vol_1_Issue_22
Photo_ မော်ကျွန်းသူ
Contine Reading
By -
/ 08-05-2020ပုဂံဆည်းဆာအလှမျက်ကွယ်ပြုခံရတော့မှာလား
မော်ကျွန်းသူ
ကမ္ဘာမှာ အလှတရားတွေကို ရှာဖွေနေကြတဲ့အချိန်မှာ မြန်မာတို့ရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အလှတရားတစ်ခုကို မျက်ကွယ်ပြုခံနေရပါပြီ။ ပုဂံဒေသ ရဲ့ ညနေဆည်းဆာအလှတရားဟာ ကမ္ဘာ့နိုင်ငံတွေကြားမှာသာမက မြန်မာတို့ရဲ့ကြားမှာပါ ဆွဲဆောင်နိုင်တဲ့ အလှတရားတစ်ခုပါပဲ။
လက်ရှိမှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ဆောင်ရွက်နေပြီး တောင်ကုန်းနေရာများကို ဖန်တီးဖို့ကိုလည်း ယူနက်စကိုနဲ့ သဘောတူညီမှု တွေရရှိထားပြီး ပုဂံဒေသအလှအပကို ခံစားနိုင်ကာ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်နိုင်စေဖို့ အခုလို တောင်ကုန်းငယ်တွေကို ဆောင်ရွက်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီလိုလူလုပ်တဲ့ ရှုခင်းကြည့်တောင်ကုန်းငယ်တွေကနေတက်ရောက် ကြည့်တာက ဆွဲဆောင်မှု သိပ်မရှိဘူးလို့ ဝေဖန်လာတာကိုလည်းတွေ့ရ ပါတယ်။အခုလို ရှေးဟောင်းဘုရားတွေပေါ်ကနေတက်ရောက်ဖူးမြှော်ခွင့် ပိတ်လိုက်တာကလည်း ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ပုဂံဧည့်လမ်းညွှန်အသင်း နာယက ဦးဇော်ဝင်းချိုက ဆိုပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တယ်လို့ ဝါရင့် ဧည့်လမ်းညွန်တွေက ဆိုကြပါတယ်။ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနကတော့ ပုဂံရှေး ဟောင်းဒေသ ဘုရားများပေါ်ကနေ ဘုရာဖူးဧည့်သည်တွေကို ဘုရားပေါ်သို့ တက်ရောက်ဖူးမြှော်ခွင့်နဲ့ နေဝင် ဆည်းဆာအလှကို မကြည့်ဖို့ ဇန်နဝါရီ ၁ ရက် ကနေ စတင်ကြေညာ ခဲ့ပါတယ်။ ဒီ အတွက်ကြောင့် ခရီးသွားဝင်ရောက်မှုမှာ သိသိသာသာကို လျော့ နည်းခဲ့ရတဲ့အတွက် ခရီးသွားကဏ္ဍကို မထိခိုက်စေဖို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကနေလည်း မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံကို ဖေဖော်ဝါရီလအတွင်းက စာတင် ထားခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ထူးခြားမှုမရှိသေးပါဘူး။အခု ဆိုရင် နေဝင်ဆည်းဆာအလှတွေကို ကြည့်ရှု့ခွင့်ရဖို့ နေရာတွေမရှိတော့ပါဘူး၊ အရင်ကတော့ ပုဂံရဲ့ နေဝင်ဆည်းဆာအလှကို ကြည့်ချင်ရင် ရွှေဆံတော် ဘုရား ပေါ်ကနေ ကြည့်ရတဲ့ နေဝင်ဆည်းဆာအလှဟာဘာနဲ့မှ မလဲနိုင်တဲ့ ရသတစ်မျိုးကိုပေးစွမ်း ခံစားစေရပါ တယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်နိုင်ငံခြားသားတွေဟာ ပုဂံကို တစ်ခုတ်တရနဲ့ လာရောက်ကြ တာဖြစ်ပါတယ်။
အခုလို ပုဂံဘုရားတွေပေါ်တတ်ရောက်ခွင့်ကို ပိတ်ပင်လိုက် ခြင်းဟာ ပုဂံဒေသရဲ့ ခရီးသွားပုံရိပ်ကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာဆိုရင် ပုဂံဒေသကို အာရှနိုင်ငံသားတွေ အများဆုံး လာရောက် လည်ပတ်မယ်လို့ မှန်းထားပေမယ့် အခုလို ဘုရား ပေါ်တွေကနေ နေဝင်ဆည်းဆာအလှကို ကြည့်ရှုဖို့မရတော့ ဘူးဆိုရင် နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုမှာ လျော့နည်းစေလာ တော့မှာဖြစ်ပါတယ်။
ဟိုတလောကတော့ ရွှေဂူကြီးဘုရားပေါ်က နေဝင်ဆည်းဆာ အလှကိုကြည့်လို့ရသေးတယ်လို့ ဒေသခံဧည့်လမ်းညွန်တစ်ယောက် က ပြောပြတယ်၊ တစ်ရက်အကြာပဲ ရှိသေးတယ် အဲဒီဘုရားပေါ်က နေ တက်ကြည့်ခွင့်ကို ပိတ်သွားပြန်ပါပြီ၊ ဒီလိုတွေသာ လုပ်နေရင်တော့ ပုဂံရဲ့ ပုံရိပ်က အလားအလာမကောင်း ဖြစ်လာလိမ့်မယ်လို့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဆိုပါတယ်။
အခုနိုင်ငံခြားသားတွေက အိမ်နီးချင်း ထိုင်းကိုပဲ သွား လာကြတော့မယ်။ တစ်ချို့ကဆို “ မင်းတို့ ပုဂံကိုမသွားနဲ့ သွားလည်း ဘာမှမထူးဖူး၊ နေဝင်ဆည်းဆာအလှကို မကြည့်ရတော့ဘူးလု့ိ ↔ပြောလာခဲ့ရင် မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်၊ မြန်မာ့ခရီးသွားကဏ္ဍ ထိလွယ်ရှလွယ်လုပ်ငန်းဖြစ်တာမို့ အရမ်း နုနယ်လှတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်လို့ ဧည့်လမ်းညွန် တစ်ဦးဖြစ် သူ ဦးဇော်ဝင်းချိုက ဆိုပါတယ်။
ပုဂံကို ရောက်ပြီဆိုရင်အများစုဟာ နေဝင်ဆည်းဆာအလှကို တစ်ခုပ်တရကို သွားရောက်ကြည့်ခဲ့ရတာဟာ ပုဂံရဲ့ဆွဲဆောင်မှု တစ်ခုပါပဲ။ အများအားဖြင့်ကတော့ ရွှေဆံတော်ဘုရားကနေ နေဝင် ဆည်းဆာအလှကို သွားမကြည့်ဖြစ်လိုက်ဖူးဆိုရင် ပုဂံကိုရောက်တာ ရောက်ရကျိုးမနပ်ဘူးလို့ ဆိုကြပါတယ်။ ရွှေဆံတော်ဘုရားကို သွားတဲ့လမ်းကတော့ ဘယ်တော့မှမပြောင်းလဲပါဘူး။
ဖုန်တစ်ထောင်းထောင်းနဲ့ ကားတွေ၊ ဆိုင်ကယ်တွေ တစ်စီတစ် တန်းကြီးရှိတယ်၊ ဈေးဆိုင်တန်းတွေကလည်း အများကြီးရှိတယ်။ ဈေးလိုက်ရောင်းနေတဲ့ ကလေးတွေကလည်း အလုအယက်ရောင်း ချနေကြတဲ့ မြင်ကွင်း တွေ့ရင် ဒါဟာ ရွှေဆံတော်ဘုရား ဖြစ်တယ်။
ဒီနေရာကို ဧည့်သည်အများစုလာကြတာဟာ ပုဂံရဲ့ နေဝင် ဆည်းဆာအလှ။ ပြောရမယ်ဆိုရင် ဘယ်နေရာမှ မမြင်ရနိုင်တဲ့ အလှပန်းချီကားတစ်ချပ်ကို မြင်တွေ့စေရလို့ပါပဲ။နိုင်ငံစုံက ခရီးသွားဧည့်သည်တွေကို တစ်နေရာတည်းမှာလည်း မြင်တွေ့ရပါတယ်။ လှေကားထစ်လေးတွေကို တဖြည်းဖြည်းချင်း တဖြည်းဖြည်းချင်းတက်တဲ့သူတွေ၊ မတက်နိုင်တော့ဘူး၊ ကြောက်တယ်လို့ပြောတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ဘုရားပေါ် ရောက်ရင် ဆယ်လ်ဖီဆွဲတဲ့သူတွေကော အများကြီးကို တွေ့ရပါတယ်။ ဒါတွေက အမြဲမပြောင်းလဲခဲ့တဲ့ အရာတွေထဲက တစ်ခုပေါ့။
နောက်ပိုင်း နေဝင်ဆည်းဆာအလှတွေကို သီးသန့်ကြည့်ရတော့မယ့် နေရာတွေကို ညောင်ဦး ထွေအုပ်ချုပ်ရေးမှူးရုံးကနေဦးစီးပြီး မြေနေရာရှာဖွေကာ ဆည်းဆာကြည့်ဖို့ဆောင်ရွက် နေတာကလည်း အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး။ညောင်လက်ဖက်ကန်ကနေ နေဝင်ဆည်းဆာကြည့်ဖို့ လုပ်ထားတဲ့ နေရာက သပ်ရပ်လွန်းလှပါတယ်။ သံဘောင်တန်းတွေကို စနစ်တကျနဲ့ လုပ်ထားတာမို့ ကြည့်ရတာအတွက်လည်း အဆင် ပြေစေပါတယ်။ ဒါပေမဲ့ ဘုရားပေါ်ကနေ ကြည့်ရတဲ့ နေဝင် ဆည်းဆာအလှကိုတော့ ဘယ်လိုမှ မမှီနိုင်ပါဘူး။
ပုဂံကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် တော် တော်များများကတော့ ပုဂံနေထွက်ချိန် နေဝင်ချိန်ကို စေတီပုထိုး များပေါ်ကနေ ခံစားကြည့်ရှုချင်တဲ့အတွက် ပုဂံကို သွားရောက်လည် ပတ်ကြတာ ဖြစ်တယ်။အဲဒီလိုပဲ ကမ္ဘာလှည့်နိုင်ငံခြားသားတွေကလည်း ဒီလို ရည်ရွယ်ချက် တွေကြောင့် ပုဂံမြေကို လာကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အသားကျနေတဲ့ ပုဂံဘုရားပေါ်ကနေ နေဝင် အလှကြည့်ရှုခြင်းကို ယခုနှစ်ကာလမှသာ အလွယ်တကူ ပယ်ဖျောက်ရပစ်ရတေ့ာမည်ဆိုသည်မှာ သဘာဝသိပ်မကျလှပါဘူး။ ဒီလိုသာ သဘာဝက ဖန်ဆင်းပေးထားတဲ့ ပုဂံရဲ့နေဝင်ဆည်းဆာ အလှတရားကို အလွယ်တကူ မျက်ကွယ်ပြုခံရတော့မယ့် အခြေ အနေရောက်ရှိလာတာကို စိုးရွံ့လို့ လာမိပါတော့တယ်။
Travelling_Journalo/Vol 1 Issue 1
Contine Reading
By -
/ 20-06-2018ကန္တာရထဲက အိုအေစစ်ဆီသို့ အလည်တစ်ခေါက်……
ရတီမာန်
မန္တလေးမြို့ကို အညာဒေသရဲ့ နှလုံးသားလို့ တင်စားခေါ်ဝေါ်ခဲ့တာ အစက သေချာအဓိပ်္ပာယ် ကို နားမလည်ခဲ့ပါဘူး … မွန်းကျပ်တဲ့ မြို့ပြ ခြင်းအတူတူ မန်္တလေးမြို့ဆိုတာနဲ့ အရင်ဆုံး စစိတ် ထဲဝင်လာတာက နိုင်ငံစုံက ဝင်ရောက်လာတဲ့ အမျိုးအစားစုံ ဆိုင်ကယ်တွေရယ် ..ဖုန်ထူတာ ရယ် နေပူကျဲကျဲရယ် ခြင်တွေကိုက်တာရယ်ကိုပါပဲ … ။
“မန္တလေးမှာ ကားမမောင်းရဲဘူးဗျာ” ဆိုကာ လမ်းပြောင်းပြန်မောင်းလာသော ဆိုင်ကယ်များ နှင့် ယာဉ်စည်းကမ်း နားမလည်သော သုံးဘီး (တုတ်တုတ်)တွေ, လမ်းဖြတ်ကူးသူတွေကို မေးငေါ့ ပြလာတဲ့ ဒါရိုက်ဘာ ရန်ကုန်သားက နဖူးကြောရှုံ့ ရင်း ပြောလာတာလည်း အလွန်မဟုတ် …။
“ဒါမှ တကယ့် Adventure ဗျ …၊ ဆိုင် ကယ်တွေ ဟိုကထွက်လာလိုက် ဒီကထွက်လာ လိုက်နဲ့ ဂိမ်းကစားနေရသလိုပဲ” လို့ အားပေးရင်း တစ်ခါလောက်တော့ ရောက်ဖူးချင်ခဲ့တဲ့ အိုအေ စစ်မြို့လေးကို ဦးတည်လိုက်မိပါတယ်..မန္တလေးမြို့ပြင် တံခွန်တိုင်အဝိုင်းကနေ ရန်ကုန်- မန္တလေး အဝေးပြေးလမ်းမကြီးအတိုင်း ခပ်မှန်မှန်မောင်းလာပြီး BOC ဆီဆိုင်ဘေးက လမ်းလေးထဲကို ချိုးဝင်လာခဲ့တော့ မြို့ပြနဲ့ တဖြေးဖြေး ခြားနားလာတာကို သိသိသာသာ တွေ့လာရပါတယ်..လမ်းအနည်းငယ်ကျဉ်းသွားပေမယ့် ကားနှစ် စီးရှောင်သာရုံလွတ်အောင် မောင်းလို့ရပြီး လမ်း ဘေးဝဲယာမှာ အညာဒေသပြရုပ်တစ်ခုဖြစ်တဲ့ ထနောင်းပင်တွေက ကားလမ်းကို အစိမ်းရောင် သစ်ခက်တွေနဲ့ အုပ်မိုးပေးထားတာကို ကားရှေ့ ခန်းထဲကနေ ဓာတ်ပုံရိုက်ရင်း ကြည်နူးနေရတာက ပြောပြလို့ထက် ကိုယ်တိုင်မြင်ရရင် ပိုသိသာခံစား မိမှာအမှန်ပါ …။
ခေတ်လူငယ်တွေပီပီ Social network Facebook စာမျက်နှာပေါ် ခုရိုက်ခုတင် ထနောင်း ပင်တန်းနဲ့အုပ်မိုးထားတဲ့ လမ်းပုံလေးကို “ ဒီ ထနောင်းပင်တန်းလေးတွေ အုပ်မိုးထားတဲ့ လမ်း လေးကို ဖြတ်သွားရင်း လမ်းဘေးတစ်ဖက်ဆီက ထနောင်းပင်လေးတွေ အသက်ရှည်ပါစေလို့ ဆု တောင်းမိတယ် ”လို့ ခေါင်းစဉ်ပေးထားလိုက်တာ …သိတဲ့သူတွေထဲက Friend ဖြစ်နေသူရဲ့ Comment လေးက ပြုံးချင်စရာ …
“ကျွန်တော်တို့မြို့က ထနောင်းပင်တန်းလေး တွေကို အစ်မ သဘောကျတယ်ဆိုလို့ ကျေးဇူးပါ ခင်ဗျ …”တဲ့လေ။လမ်းတွေရှည်သလောက် သဘာဝအခင်း အကျင်းတွေနဲ့ စိမ်းစိုလှပနေတဲ့ လယ်ကွင်းတွေ, နေကြာခင်းတွေ, ဂေါ်ဖီခင်း၊ ကုလားပဲခင်း၊ ပြောင်းဖူးခင်း တွေက ကျေးလက်အငွေ့အသက် အပြည့်နဲ့ ကြည့်လို့မြင်သမျှ စိတ်ကြည်နူးစရာ အပြည့်နဲ့ပါ …။
မြို့ပြနဲ့ဝေးကွာချိန်ကြာရှည်ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေခဲ့တာကြာပြီးမှ လမ်းတွေ ကောင်းလာ စည်ကားလာတဲ့ နေရာတွေမို့ အရင် ကလို သူခိုး၊ဓားပြရန်လည်း မရှိတော့ပဲ အေးအေး လူလူဈေးရောင်းနေတဲ့ မိန်းမကြီးငယ်တွေကို ကလေးငယ်တွေခါးထစ်ခွင်ရင်း ကားလမ်းဘေး နားမှာ ဒေသထွက်ကုန်သီးနှံတွေကို အောက်ခံ အခင်းပေါ်မှာ ဒီအတိုင်း ပုံချထားပြီး ဒစ်ဂျစ်တယ် ကတ္တားအသေးစားလေးတွေ ကိုယ်စီနဲ့မြင်ရတော့ အံ့သြမိတယ် …။
တောနယ်ဆန်တဲ့ ဈေးသည်လေးတွေနဲ့ ဈေး ဆိုင်တန်းတွေကိုမြင်တာနဲ့ ကျွန်မတို့တွေက “ဟာ … ပဲမြစ်တွေ …ကန်စွန်းဥတွေ ရောပဲ .. ထန်းပင်မြစ်တွေလည်း ပေါချက်၊ ဒါဆို အပြန်သယ်မယ် …မြို့သာဈေးရောက်ပြီ …” လို့ ကားပေါ်ပါသူငယ်ချင်းတတွေက ဝမ်းသာ ရွှင်ပြစွာ အော်ဟစ်ကြတယ်..
သဘောကောင်းတဲ့ ကားဆရာက လမ်းဘေး ချရပ်ပေးပြီး “ဘုရားဖူးဦးမလား” လို့ မေးပါတယ်။ အချိန်လင့်လို့မဖြစ်တာကြောင့် ကားပေါ်ကပဲ ဖူး မယ်ပေါ့ …၊ ဒါပေမဲ့ မြို့သာရှေးဟောင်းဘုရား တွေကို ရွှေရောင်ဝင်းပစွာနဲ့ ဖူးမြင်လိုက်ရတဲ့ ခဏမှာ အချိန်မရတာကိုလည်း မေ့သွားပါတယ်။ ရုတ်တရက် ကားသမားက ကားကို နေရာရွှေ့ လိုက်ပြီး အောက်ဆင်းကာ ဘုရားရှေ့က ညောင် ပင်ကြီးအောက်မှာ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်လေး ထဲ ပြေးဝင်ကာ ကွမ်းဝယ်တာမြင်လိုက်တော့ …“တံတားဦးက ကွမ်းနုဝါလေးတွေနဲ့ ယာ ထားတာ စားကောင်းတယ်ခင်ဗျ ” လို့ မျက်နှာ အပြည့်အပြုံးကြီးဆင်ပြီး ကွမ်းတွေအပြည့်ဝါး နေရင်း အားပါးတရပြောပြနေတဲ့ ကွမ်းယာသည် ကို ပြုံးပြရင်း ဘုရားရင်ပြင်တော်ပေါ်ပြေးတက်ပြီး ဘုရားဖူးရတာ ပျော်စရာကောင်းလိုက်တာလေ … ပြီးတာနဲ့ ခပ်မြန်မြန်ဆက်သွားကြတော့ .. ကွမ်းတွေအထုပ်လိုက်နဲ့ ကားဆရာက ဂီယာချိန်း ရင်း ဂရုတစိုက်မောင်းလာကာ ကွမ်းဝါးရင်း နာရီ ကိုတစ်ချက်ကြည့်တော့ နောက်ထပ်နာရီဝက်ဆို မြို့သာစက်မှုဇုန်အဝင်ဂိတ်ဝကို ရောက်ပြီတဲ့ …။
စိတ်လှုပ်ရှားမှုက မြှင့်တက်လာသလို .. စက်မှုမြို့တော်အဝင်ဝကနေ ယာဉ်ဖြတ်သန်းခ ပေးစရာမလိုဟု သိရတော့ ဝမ်းသာမိတယ် …၊ ပေးရမယ်ထင်နေတာဆိုတော့လေ … ။
အဝင်လမ်းမကြီးကနေ ဘေးတစ်ဖက်တစ် ချက်က မြင်ကွင်းတွေက အားလုံး ခေါင်မိုးအပြာ စက်ရုံကြီးတွေ Phase (1)A ဆိုတဲ့ဆိုင်းဘုတ်နား က လမ်းဘေးတစ်ဖက်မှာ လှပတဲ့ ဆိုင်ခန်းတွေနဲ့ ကြော်ငြာဘုတ်တွေကလည်း ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့ လားလို့ ထင်မှတ်ရသည်အထိ အရာရာ နေရောင် အောက်မှာ နေသားတကျ လှပလွန်းနေတာတွေ့ ရတယ် …။
မန္တလေး-မြင်းခြံကားလမ်းဘေးက JAPFA တိရိစ်္ဆာန်အစာစပ်စက်ရုံကြီးကိုလည်း နေရောင် အောက်မှာ လှမ်းမြင်နေရတာပဲ …၊ လမ်းမီး တိုင်တွေ အများအပြားစိုက်ထူထားပြီး တချို့မီး တိုင်တွေကို မီးကြိုးသွယ်ထားတာလည်း တွေ့ရ တော့ စက်မှုမြို့ပြအသစ်က တော်တော်တောင် အသက်ဝင်ပြီးစီးနေပြီပဲလို့တွေးရင်းငေးနေမိသည်။
လုံးချင်းအိမ်တွေကို ကားလမ်းဘေးနားမှာ ချစ်စရာ နေချင်စဖွယ် ဆောက်ထားတာမြင်တာနဲ့ ..ဒီမှာ အိမ်တစ်လုံးလောက်ရှိချင်လိုက်တာလို့ တွေးမိတဲ့ထိ သားရည်ကျမိတဲ့အထိပါပဲ ..မြို့သာစက်မှုဥယျာဉ် ဂိတ်ဝကနေ ဝင်လာခဲ့ တဲ့ ကွန်ကရစ်လမ်းမကြီးတွေအဆုံးမှာ အဝိုင်း ပတ်တစ်ခုကို စိမ်းစိုလန်းဆန်းသော မြက်အပြည့် နှင့်တွေ့လိုက်ရသည်။ မြင်မြင်သမျှက စောစော က လမ်းတလျှောက်ဖြတ်သန်းလာခဲ့တဲ့ တောနယ် ဒေသလေးကနေ ရုတ်တရက် နိုင်ငံအသစ်တစ်ခု စီ အလည်လာမိသလို .. မြင်ကွင်းအားလုံးက ချက်ချင်းပြောင်းလဲသွားတာ သိသိသာသာမို့ ကား ခဏရပ်ပြီး selfie ရိုက်ကြ Group ပုံတွေရိုက်ပြီး Location ကို Check in ဝင်ကြည့်ကြနဲ့ အလုပ် များသွားကြတာပါပဲ..
အဝိုင်းပတ်အနီးက လမ်းညွှန်ဆိုင်းဘုတ်ကို ခဏရပ်ကြည့်ပြီး" Myothar National Golf Course ” သို့လို့ ရေးထားတဲ့ စာအတိုင်း မောင်း ဝင်ခဲ့ရာ မိနစ်နှစ်ဆယ်ခန့်လောက်တွင် မြင်ကွင်း အသစ် .. ခံစားမှုအသစ်တွေက ထပ်မံကြိုဆို လိုက်ပါတယ်..
ကြည့်လေမြင်လေသမျှ တမျှော်မဆုံး စိမ်း လန်းလှပသော မြက်ခင်းပြင်များ ရေကန်ကြီးတွေ အလည်မှာ သေချာဒီဇိုင်းဆွဲထားသော ဂေါက် ကွင်းတည်ခုံ, အလံတိုင်တွေ, ဂေါက်ကွင်းသုံး ဘက်ဂီကားလေးတွေကလည်း စနစ်တကျစီတန်း လျှက်..
နေ့ခင်းဖက်ရောက်ပြီမို့ ဂေါက်ကွင်းအတွင်း က မြက်ခင်းပြင်တွေမှာ ရေပန်းတွေနဲ့ ရေဖြန်း နေတာလည်း မြင်ရသည်။“ဒီနေရာမှာ အရင်က အပင်တောင်မပေါက် ဘူး။ ကျုပ်တို့ နွားတွေလည်း စားစရာမရှိဘူး .. ရေအရမ်းရှားတယ် …။ အလုပ်လက်မဲ့များ တော့ ခိုးတဲ့သူလည်းပေါတယ်”ဆိုပြီး မြက်ခင်းတွေကို လှပအောင်မြက်ဖြတ် စက်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေရာက ထမင်းစားနားဟန်တူတဲ့ ဒေသခံဦးလေးကြီးက သူ့အတွက်ယူလာတဲ့ ထမင်းချိုင့်ကိုဖွင့်ရင်း ကျွန်မ တို့တွေကို ရှင်းပြလာတော့ အံ့သြမိနေတာကို မအောင့်နိုင်ပဲ မေးမိသည်..
“ဒီမြက်ဖြတ်စက်ကို ဘယ်တုန်းကတည်းက မောင်းတတ်ခဲ့တာလဲ ဦးလေး” ဆိုတော့ ထမင်းတွေကို ခရမ်းချဉ်သီးနိုင်းချင်း နဲ့ ချက်ထားသော ငါးခြောက်ဖတ်တွေနဲ့ ရောနယ် ရင်း အနားက လွယ်အိတ်လေးထဲက အရွက်တွေ ကို ထည့်မြုပ်ကာ ပလုပ်ပလောင်း စားရင်း ပြန် ဖြေတာက
“ ဘယ် … ကျုပ်တို့တောမယ် နွားလှည်း လောက်မောင်းတတ်ထာဥစ်္စာ …၊ ဒီကွင်းထဲက ဆရာတွေသင်ပေးတာပဲ .. အခုက ကျုပ်တို့ တစ် အိမ်လုံး ဒီမှာလာအလုပ်လုပ်တယ် …။ ကျုပ် သမီးရော သားရောပါတယ် … ဟိုဖက်ကွင်းထဲ မယ် မြက်စိုက်နေကြတယ် …၊ အိမ်မတော့ အဘွား ကြီးတစ်ယောက်ကျန်တာပဲ .. ထမင်း ဟင်းချက်ပေါ့ …” လို့ ပြောပြောစားစားနဲ့ ရှင်း ပြပါတယ်..။
အရင်ကကြားဖူးခဲ့သလို နိုင်ငံတကာအဆင့် မီ(၁၈)ကျင်းဂေါက်ကွင်းကြီးကို မျက်မြင်တွေ့နေရ တော့ ဒီဒေသကြီးက မြန်မာပြည်အလယ်ပိုင်း (အပူဆုံးအပိုင်း) ကန်္တာရမြေ, ဖုန်းဆိုးမြေ …၊ သူခိုးဓားပြပေါပြီး လူအရောက်အပေါက်နည်း တယ်ဆိုတဲ့ စကားတွေက ယုံတမ်းစကားတွေ အဖြစ် တဖြေးဖြေးပြောင်းသွားတာပါပဲလား … လို့ စဉ်းစားနေမိတာပါပဲ“ဘယ်တော့လောက် ဒီဂေါက်ကွင်းကြီးက ပြီးမယ်တဲ့လဲဗျ ဦးလေး” လို့ မေးကြည့်တော့ …“ပြောတတ်ဘူးဗျ .. ကျုပ်တို့တော့ ပြော သံကြားတာ အခါမတိုင်မီဆိုလားပဲ .. အတိကျ သိချင်သပဆို တာဝန်ခံမေးပါဗျား …”” လို့ ပလုပ်ပလောင်းသံကြီးနဲ့ ဖြေပါတယ်။
ကိုယ်တိုင်ရော မိသားစုဝင် သူငယ်ချင်းတွေ ပါ မြို့သာစက်မှုဥယျာဉ်စီမံကိန်းရဲ့ Shareရှင် တွေဖြစ်နေတော့ ဒီနေရာ ဒီဒေသကြီးကို အမြဲ လည်းမရောက်နိုင်တာကတစ်ကြောင်း …၊ လုပ်ငန်းရှင်လောကမှာ အမည်ကောင်းနဲ့ သိကျွမ်း ရင်းနှီးခဲ့ရသူ …၊ အမြဲအားကျအတုယူလေးစား ရသူ Developer အဖြစ်ပုံဖော်ထုဆစ်မယ့် မြို့ ပြအသစ်စီမံကိန်းမို့ ယုံကြည်စွာပူးပေါင်းခဲ့ကြတာ လည်းဖြစ်သလို နှစ်တိုင်း ရှယ်ရာရှင်အစည်း အဝေးကို တက်ဖြစ်အောင်လည်းတက်နေကျပါပဲ .. ဒါနဲ့ ရန်ကုန်က အသိမိတ်ဆွေတချို့ကလည်း ဆန်္ဒရှိနေတာရယ် မိသားစုဝင်တွေနဲ့အတူ ရောက် ဖူးချင်တာရယ်ကြောင့် “မြို့သာဂေါက်ကွင်း အသစ်ကြီးထဲ သွားလည်ရအောင်”ဆိုတာနဲ့ စိတ် ဝင်စားတက်ကြွပြီး အမျိုးတွေ အသိမိတ်ဆွေတွေ အတူစုပြီး Side Seen ထွက်လာခဲ့ကြတာ ခုတော့ ထင်ထားတာထက်ပိုတဲ့ မြင်ကွင်းတွေက ကြိုဆို နေတာများ စိတ်ထဲ ဝမ်းမြောက်မဆုံးဖြစ်ကြရ တယ် …။
ဂေါက်ကွင်းတာဝန်ခံက ကူညီပေးလို့ (၁၈) ကျင်းဂေါက်ကွင်းအကုန်လုံးကို ဘက်ဂီကားလေး တွေစီးပြီး သေချာလေ့လာခွင့်ရကြတယ်..ကျင်းနံပါတ်(၁)ကနေ (၁၈) အထိ ထူးခြား ချက်က ဘေးဝဲယာရှုခင်းတွေအလွန်လှပြီး အရိုင်း ဆန်သလို လေထု .. မြေသင်းနံ့ .. ရေတွေ မြစ်နှစ်စင်းစာ စီမံပြုလုပ်ထားတာ .. တံတား လေးတွေ စံနစ်တကျရှိပြီး … တစ်နေရာတစ်မျိုး သဘာဝအပင်တွေရဲ့ အလှက နွေပန်းချီကားလို .. ရှုမောမဆုံး ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ရင်း စကားတွေဖောင်ဖွဲ့နေကျ သူတွေစုလာတာမဟုတ် တော့သလို ကိုယ့်စိတ်နဲ့ကိုယ် သဘာဝတရားနဲ့ လူ တီထွင်ပေါင်းစပ်မှုမှာမြောပါနေကြတော့တာပါပဲ။ဂေါက်ကွင်းကြီးထဲက မြက်ခင်းပြင်မှာ ခြေ ဗလာနဲ့ ပြေးရတာ စိတ်ပင်ပန်းမှု Stress တွေ အကုန်ပြေသွားပြီး လိုက်မလာရလို့ ငိုကျန်ခဲ့တဲ့ အိမ် က တူတော်မောင်လေးမျက်နှာကို မြင်ယောင်မိ တယ် …။
“နောက်ခါလာရင် ကလေးတွေပါခေါ်လာ ရအောင် …၊ ဒီမှာ ဆော့ခိုင်းမယ် ပျော်နေကြ မှာပဲ …” ဆိုတော့ တိုင်ပင်မထားပါပဲ ပြိုင်တူအော် လိုက်ကြတာက-“ဂေါက်ကွင်း ဖွင့်ပွဲကျရင် လာကြမယ်ဟေး” တဲ့လေ..။ကန္တာရထဲက အိုအေစစ်လေးလို နိုင်ငံတကာ က ပညာရှင်တွေကို ငှားရမ်းပြီး စံနစ်တကျ စီမံ တည်ဆောက်နေတဲ့ " Myothar National Golf Course ” ဖွင့်ပွဲအခမ်းအနားကို လာမယ့် ဧပရယ်လနောက်ဆုံးပတ်အတွင်း နိုင်ငံတကာက ဂေါက်သီးအားကစားသမားတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲပြုလုပ်ကာ ဖွင့်လှစ်သွားမယ်လို့ သိရပြီးတဲ့ နောက်.. အချိန်သေချာထပ်ယူပြီး ခရီးစဉ်ကို သေချာဆွဲမယ် …။ အသစ်တည်ဆောက်ပြီးစီး နေပြီဖြစ်တဲ့ ဆီမီးခုံဆိပ်ကမ်းက တန်(၅၀)ကရိန်း တပ်ထားတဲ့ Pontoon Crane ကြီးရှိတဲ့ ဧရာဝတီ မြစ်ပြင်ပေါ်က သဘောၤကြီးကိုသွားကြည့်မယ် .. ကွန်တိန်နာတွေအသယ်အချလုပ်နေပြီတဲ့ …။
မြန်မာပြည်ရဲ့တစ်စင်းထဲသော တန်ဖိုးမဖြတ် နိုင်တဲ့ မြစ်မင်းဧရာတစ်ကြောက မြစ်ပုဇွန်, မြစ် ငါးကြင်းတွေကို ခရမ်းချဉ်သီးနိုင်နိုင်နဲ့ချက်ထား တာကို သွားစားဦးမယ်.. လို့အားခဲရင်း အပြန် လမ်းတစ်လျှောက် စက်မှုဥယျာဉ်ထဲက နေဝင်ချိန် ရူခင်းကိုငေးရင်း နာမည်ကြီး မြို့သာထန်းရေနဲ့ ငါးလေးကြော် .. ဖရဲသီး ,သခွားမွှေးစုံအောင်စား ရတာ စိတ်ချမ်းသာစရာ.. လတ်ဆတ်တဲ့အသီး အရွက်စုံသုပ်ထားတဲ့ ဒေသလက်ရာ မြူရွက်သုပ်, ညောင်ဖူးသုပ်, ဘယာကြော်သုပ်တွေကလည်း စား လို့မြိန်လိုက်တာ … ဆွေမျိုးမေ့ ဆိုတာတကယ် အမှန်.. အားလုံးရင်ထဲမှာတော့ နောက်တစ် ခေါက် …နောက်တစ်ခေါက် … ဆိုတဲ့စကား သံတစ်ခုက ပဲ့တင်ထပ်လျှက်ပါ… ။
Travelling_Journal
Contine Reading
By -
/ 17-06-2018ဆံရစ်ဝိုင်း ယဉ်ကျေးမှု ထွန်းကားရာ ရေပုတ်ကြီးကျေးရွာဆီ
ယဉ်ယဉ်လှ၊ တိုး၀င်းလွင်
’’ကျုပ်တို့ရွာက မြင်းစီးရင် ဆံထုံးလေးနဲ့ ပန်းလေးနဲ့ ပန်ဆင်ပြီးမှ သင်္ကန်း၀တ်ရတာ၊ ကျုပ်တို့ရွာမှာ ကလေ ယောင်္ကျားလေးမွေးရင် မွေးကင်းစတည်းက နေ ဆံပင်အရှည်ထားတာ။ ကလေးတွေက ငယ်ငယ်ကတည်းက ကျွန်တော်ကတော့ ဘယ်အကိုအကြီးနဲ့ တူတူ မြင်းစီးမှာဆိုတဲ့ စိတ် က ငယ်ကတည်းကို ၀င်နေကြတာ။ ကျွန်တော်ကို ဆံထုံးထားပေး။ ရှင်မပြုခင် မြင်းစီးချင်လို့ အဓိက ထားကြရင်း နဲ့ ဆံထုံးကို ထားလာကြတာ ’’လို့ ရေပုတ်ကြီးသူ အသက် ၅၁ နှစ်အရွယ် ဒေါ်ထွေးကြည်က ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာဟာ ဆံရစ်ဝိုင်းယဉ်ကျေးမှုဒေသအဖြစ် တစတစ လူအများ သိမြင်လာခဲ့ ကြားမြင်လာခဲ့ပါပြီ။ ဒီရွာလေးကို ဓာတ်ပုံဆရာတွေ ၊ခရီးသွားလုပ်ငန်းရှင်တွေ၊ မီဒီယာ တွေ ကြားမှာ ဖော်ပြလာပြီးတဲ့ နောက်မှာ ဆံရစ်ဝိုင်းတွေရှိတဲ့ ရေပုတ်ကြီးကျေးရွာကို အထူး အာရုံပြု ဂရုစိုက်မိ လာခဲ့ခြင်း ပင်ဖြစ် လာပါတော့တယ်။
ဒါကြောင့် ရေပုတ်ကြီးရွာရဲ့ ဒေသအကြောင်း ၊ရိုးရာဆံရစ်ဝိုင်းထားရှိမှု၊ လက်ရှိကျေးရွာအခြေအနေ ၊နေထိုင်မှု ဓလေ့ တွေကို သိရှိလိုခြင်းကြောင့် စာရေးသူတို့ ဟာ ရေပုတ်ကြီးကျေးရွာဆီကို ကွင်းဆင်းရောက်ရှိ လာခဲ့ခြင်း ပင်ဖြစ်ပါတယ်။ ရေပုတ်ကြီးကျေးရွာဟာ မကွေးတိုင်း ပွင့်ဖြူမြို့ကနေ ၁၂ မိုင် အကွာ မှာတည်ရှိ တဲ့ ကျေးရွာ တစ်ရွာပင်ဖြစ်ပါတယ်။
မကွေးမြို့ခံ ခရီးသွားကုမ္ပဏီမှ တာ၀န်ရှိသူတစ်ဦးကလည်း ကလေးတွေကို ပြင်ဆင်ပေးထားရမလား လို့ ဆိုပေမယ့် စာရေးသူတို့က ကလေးတွေ ရဲ့ ကျေးလက်သဘာ၀ အတိုင်း လှုပ်ရှားသွားလာ နေတာကို မြင်တွေ့ စေချင်တာကြောင့် ဒီအတိုင်းပဲ နေတာက ပိုကောင်းတယ်လို့ ဆိုပြီး ရွာဆီကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရေပုတ်ကြီးကျေးရွာ မှာ ကြီးပြင်းလာခဲ့တဲ့ ဒေါ်ထွေးကြည်ကတော့ အခုလို ဒီဒေသကို လူအများ စိတ်၀င်စား လာကြတာဟာ သူ့ခေတ်နဲ့သူဖြစ်လာတာလို့ ဒေါ်ထွေးကြည်ကတော့ ခံယူထားတယ်လို့ ဆိုပါတယ် ။ သူမကတော့ ရေပုတ်ကြီးမှာ မွေး၊ ရေပုတ်ကြီးမှာ ကြီးပြင်းလာခဲ့သူ တစ်ဦးဖြစ်သလို တခြားဒေသခံရွာသူ များထက် စာရင် စကားကို ချက်ချက်ရှာရှာ ပြောတတ်ဆိုတတ်သူတစ်ဦးဖြစ်ပါတယ်။
ရေပုတ်ကြီးကျေးရွာဟာ စပါး ၊ နှမ်းကို အဓိက လုပ်ကိုင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၆၀၃ အိမ် ရှိပြီး အိမ်ထောင်စု ၆၂၂ စု ရှိကာ လူဦးရေ ၃၁၉၆ ဦး ဝန်းကျင်နေထိုင်ကြတဲ့ ကျေးရွာ ဖြစ်ပါတယ်။ ကျေးရွာရဲ့ အဓိက လုပ်ငန်းက စပါးစိုက်ပျိုးခြင်းဖြစ်ပေမယ့် တစ်ခြားရွာတွေမှာ သာ သွားရောက်စိုက်ပျိုးကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက တော့ ရေပုတ်ကြီးကျေးရွာမှာ ဆည်ရေ မရရှိခြင်းကြောင့် တစ်ခြားရွာမှာ သွားရောက်စိုက်ပျိုးကြရတာလို့ ဒေါ်ထွေးကြည်က ဆိုပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက် တွေကိုလည်း စလင်းမြို့ကနေ ၀ယ်ယူပြီး ကျောင်းကုန်းကြီးရွာကနေ ရေပုတ်ကြီး ကျေးရွာကို လာရောက် ရောင်းချကြ တာဖြစ်ပါတယ်။ အိမ်တွေမှာကတော့ ဆိတ်မွေး၊နွားမွေး မြူတာတွေ လုပ်ကိုင်ကြတယ်။
လက်ရှိ ကျေးရွာမှာက မီးမရသေးမဲ့ မိမိတတ်နိုင်တဲ့ သုံးသောင်းတန်၊ ငါးသောင်းတန် အစားစားရှိတဲ့ ဆိုလာမီးနဲ့ ဘတ္တရီ ကိုသာ အသုံးပြုနေဆဲဖြစ်ပါတယ်။ ရေပုတ်ကြီးကျေးရွာဟာ ခြေတံရှည်အိမ်အများစုရှိကြပါတယ်။ အိမ်ရှေ့မှာ နွားတင်းကုတ်ထားတာမျိုးလည်း တွေ့မြင်ရတယ်။ အိမ်ကြီးအိမ်ကောင်း တော့ သိပ်မ တွေ့မြင်ရပါဘူး။ စျေးဆိုင် အနည်းငယ်တော့ ရှိတာကို တွေ့မြင်ရပါတယ်။ အရှေ့နဲ့အနောက်ကို သာ ရှည်တန်းတဲ့ ပုံစံမျိုးနဲ့ ရွာ တည်ရှိထားတာကို တွေ့မြင်ရပါတယ်။ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ ပုဂံညောင်ဦးနားက သျှောင်ပေစူးတို့ရွာ ဆို လူတိုင်းသိပြီး ခရီးသွားတွေ သွားလာကြတဲ့ ခရီးစဉ်ဒေသ တစ်ခု ဖြစ်လာနေပါပြီ။ အခုအခါမှာတော့ ဒီဖန်ခါးမြေရဲ့ဆံရစ်ဝိုင်းတွေရှိရာဒေသ၊ ရေပုတ်ကြီးကျေးရွာကိုလည်း လူအများ ပိုပြီး စိတ်၀င်စားလာကြခြင်းပင်ဖြစ်ပါတယ်။ ရေပုတ်ကြီးကျေးရွာရဲ့ ထူးခြားချက်က ရွာမှာရှိတဲ့ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၆၀၀ နီးပါးမှာ ၅၀၀ ကျော်က ဆံရစ်ဝိုင်းထားရှိခြင်းပါပဲ။
ကျေးရွာမှာ ရှိတဲ့ ကလေးတွေအများစုက ဆံရစ်ဝိုင်းကို ထားရှိခြင်းက ရေပုတ်ကြီးကျေးရွာရဲ့ ထူးခြားမှုတစ်ရပ်ပါ။အခုလို ဆံရစ်ဝိုင်းထားရှိခြင်းကလည်းအန်တီတို့ အမေတို့ခေတ်ကတည်းက ရှိနေခဲ့တဲ့ဓလေ့ပါ။ သမိုင်းကြောင်းထူးထူး တွေထွေမရှိပေမယ့် ကလေးတွေက မြင်းစီးချင်လို့ ဆံထုံးထားကြလာတဲ့ဓလေ့က နေ အခုထက်တိုင်ပါပဲ။ ဆံပင်အရှည်ထားလာခြင်းကို နှစ်ခြိုက်လာမိရင်း အခုလို ရိုးရာဓလေ့တစ်ခု လို ဖြစ်လာ ခဲ့တာပါ။ မိန်းကလေးတွေကတော့ မြင်းမစီးပေမယ့် အလှအတွက် ဆံထုံးကို ထားကြတယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ပဲ ဆံထုံးထားလာကြတာ ယနေ့ထက်တိုင်ပါပဲလို့ ဒေါ်ထွေးကြည်က ရှင်းပြပါတယ်။
ရေပုတ်ကြီးကျေးရွာကို လူပိုသိစေလာရခြင်းကလည်း ဓါတ်ပုံဆရာတွေ ဒီရွာကို အလှဓာတ်ပုံ ရိုက်ကူး ဖို့လာ ကြရင်း ဆုတွေ ရရှိလာပြီးတဲ့နောက်မှာ ကျေးရွာကို လူအများသိလာခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာ ခရီးသွားလုပ်ငန်းရှင်တွေ ရောက်ရှိလာခဲ့ကြသလို စိတ်၀င်စားပြီးလာရောက်ကြတဲ့ ပြည်တွင်း ဧည့်သည် တွေ လည်း ရောက်ရှိလာခဲ့ကြပါပြီ။ ပိုပြီး အားရကျေနပ်စရာကောင်းတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေပုတ်ကြီးကျေးရွာကို ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်ပါတယ်။ ဒါဟာ ရေပုတ်ကြီးကျေးရွာရဲ့ အလှည့်အပြောင်းလို့ ဆိုရမှာဖြစ်ပါတယ်။လက်ရှိမှာတော့ ရေပုတ်ကြီးက ဆံရစ်ဝိုင်းသမီးပျိုတွေဟာ ဖွင့်ပွဲအခမ်းအနားတွေ၊ပြပွဲတွေမှာ နေရာယူလာခဲ့ပါပြီ။ ပြည်တွင်းခရီးသွားတွေကြားမှာ ရေပုတ်ကြီးကျေးရွာဟာ ရေပန်းစားစေခဲ့ပါပြီ။
ရိုးရာဓလေ့ကို တန်ဖိုးထားပြီးထိန်းသိမ်းထားတဲ့ ရေပုတ်ကြီးကျေးရွာဟာ ပြည်တွင်းခရီးသွားတွေကြားမှာရော ပြည်ပနိုင်ငံတွေထိပါ စိတ်၀င်စားမှု မြင့်တတ်လာခဲ့ပါပြီ။။ရေပုတ်ကြီး ရွာက ကလေးတွေကို အရေးတယူ ခေါ်ယူလာပြီး အခမ်းအနားတွေမှာ နေရာယူလာခဲ့တာမျိုးကို မြင်တွေ့ရရင် ကိုယ့်ရွာ လေး ဒိထက် ပိုပြီး တိုးတတ်လာမယ်လို့ ယုံကြည်ထားပါတယ်လို့ ရွာသူရွာသားတွေက ယုံကြည်နေကြပါတယ်။အခု ဆို ကျေးရွာဟာ အရင်ကထက် ပိုပြီး ပြောင်းလဲလာမှုတွေ ရှိလာပါပြီ။ ရွာမှာ ဧည့်သည်တွေနားဖို့ အိမ်ကြီးကောင်းကောင်း ဆောက်လာကြပါပြီ။ လက်ရှိမှာ လည်း လာရောက် လေ့လာ လိုချင်တဲ့ ဧည့်သည်တွေအတွက်လည်း တည်းခိုနိုင်တဲ့ အနေအထားမျိုးတွေ ကို ဖန်တီးပေးနိုင်နေပါပြီလို့ ဆိုပါတယ်။
ရေပုတ်ကြီးကျေးရွာကို မကွေးမြို့ရဲ့ နိုင်ငံခြားသားလည်ပတ်စရာကောင်းတဲ့ ခရီးစဉ်ဒေသဖြစ်လာစေဖို့လည်း လက်ရှိ မကွေးဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာနကနေလည်း ကြိုးစားဆောင်ရွက်နေပါတယ်။ မကွေး ဒေသ ကို နိုင်ငံခြားသားခရီးသွားဒေသအဖြစ် ခရီးစဉ် ရှာဖွေဖော်ထုတ်နေသလို ရေပုတ်ကြီးကျေးရွာကိုမကွေးတိုင်းရဲ့ဆံရစ်ဝိုင်းယဉ်ကျေးမှုဒေသအဖြစ် ပြည်တွင်းခရီးသွားတွေအကြား သိအောင် ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူ မည်သူမဆို ထူးခြားလှတဲ့ ဆံရစ်ဝိုင်းတွေရှိရာ ဒေသဆီကို အရောက်လှမ်းသွားကာ လေ့လာနိုင်ပါပြီ။
နှစ်ပေါင်းများစွာ မထင်မရှားနဲ့ တည်ရှိခဲ့ရတဲ့ ဒီဆံရစ်ဝိုင်းတွေရှိရာ ရေပုတ်ကြီး ကျေးရွာရဲ့ ကျေးရွာရဲ့ လိုအပ်ချက်တစ်ချို့ကို သက်ဆိုင်ရာများအနေနဲ့ ဖြည့်ဆည်းပေးသွားနိုင်ဖို့လည်း မျှော်လင့်သလို များမကြာမီကာလအတွင်းမှာလည်း ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားပြီးတော့ ရိုးသားလှတဲ့ ဆံရစ်ဝိုင်း ကျေးလက်သားပျို သမီးပျိုလေးများ ရှိရာအရပ်ဆီကို ပြည်တွင်းပြည်ပခရီးသွားတွေ အများအပြား သွားရောက်လည်ပတ်ကြမယ်ဆိုတာကို ယုံကြည်နေမိပါတော့တယ်။
Travelling_Journal/Vol_1_Issue_15
Photo_TravellingJournal
Contine Reading
By -
/ 26-08-2019ထိုင်းကို မှီခိုနေရသည့် ရွှေတြိဂံဒေသ (သို့ ) အရှေ့ကျိုင်းတုံ
#Travelling journal
’’၂၀၁၆ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရတဲ့ မိုင်းလားလမ်းကြောင့် ခရီးသွားလမ်းကြောင်းကြီး တစ်ခုလုံးဟာ ပျောက်သွားခဲ့ရပါတယ် ။ အဲဒါမို့ ကျိုင်းတုံရဲ့ စီးပွားရေးဟာ ကျဆင်းသွားခဲ့ရတာဖြစ်တယ်’’ဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က ပြောဆိုလာသည်။
အဆိုပါ လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် အတွက် အုပ်ချုပ်ရေးပိုင်းများတွင် သာမက ဒေသခံများ၊ လုပ်ငန်းရှင်များကလည်း ယခုထိတိုင် မျှော်လင့်နေကြဆဲပင်ဖြစ်သည်။
တစ်ချိန်တစ်ခါက စီးပွားရေးကောင်းမွန်ခဲ့ရသည့် ကျိုင်းတုံမြို့သည် မိုင်းလားလမ်းပိတ်လိုက်သည့် နောက်ပိုင်း ဒေသ၏ စီးပွားရေးကို ထိခိုက်သွားခဲ့ရသလို ဒေသခံ စီးပွားရေးအခြေအနေများကိုလည်း တစ်နည်းတစ်ဖုံ ထိခိုက်သွား ခဲ့ရခြင်းဖြစ်ခဲ့လေသည်။
စက်ရုံ အ လုပ်ရုံမရှိသည့် ကျိုင်းတုံ မြို့သည် စိုက်ပျိုးရေးကိုသာ အားထားရပြီး စီးပွားရေးအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ပေါ်ကိုသာ မှီခိုနေရသည့် အနေအထားရှိကာ လက်ရှိအနေအထားတွင် ထိုင်းကို မှီခိုနေရဆဲ သာရှိနေသေးသည်ဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က Travelling journal သို့ပြောသည်။
တာချီလိတ်၊ မိုင်းလား၊ မိုင်းခတ် ၊မိုင်းယန်း၊မိုင်းပြင်း နှင့်လည်း ဆက်သွယ်ထားသလို ရှမ်းအရှေ့ ၊ ရှမ်းတောင်၊ ရှမ်းမြောက် ပါမကျန် ဆက်စပ်နေခြင်း ထိုင်းနိုင်ငံ၊လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်လည်း ဆက်သွယ်ထားခြင်းကြောင့် ရွှေတြိဂံဒေသ ဟုလည်း ခေါ်ဆိုကြ သလိုရွှေစတုဂံဟုလည်း ခေါ်ဆိုကြသေးသည်။
ယင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိပြီး အချက်အချာကျသည့် နေရာတွင် တည်ရှိသလို ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ၊ သမိုင်းဆိုင်ရာအမွေအနှစ်များလည်း များစွာ ကျန်ရှိနေသေးသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသည့် မြို့တော်အဖြစ် တည်ရှိနေခြင်းက နိုင်ငံခြားသား များ လာရောက်လည်ပတ်နိုင်ရန် ဆွဲဆောင်စရာမြို့အဖြစ်ရှိလေသည်။
သို့သော် လွန်ခဲ့သည့် သုံးနှစ်ကျော် ကတည်းကပိတ်လိုက်ရသည့် မိုင်းလားလမ်းကြောင့် ဒေသ၏ စီးပွားရေးအခြေအနေများမှာ ပြောင်းလဲသွားခဲ့ရခြင်းကြောင့် လက်ရှိတွင် ယင်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ကလည်း တင်ပြ ပြောဆိုကြသလို အုပ်ချုပ်ရေးပိုင်းများကလည်း ပြည်နယ် အစိုးရ ထံသို့ အကြိမ်ကြိမ် တင်ပြနေဆဲဟု ဦးဝင်းမင်းသိန်းက ရှင်းပြသည်။
’’အခုလောလောဆယ်တော့ ဖွင့်လှစ်ဖို့အစီအစဉ်မရှိသေးဘူးလို့ပြောတယ်။ ပြည်နယ် အစိုးရကိုလည်း အကြိမ်ကြိမ်တင်ပြနေတယ်’’ဟု ၎င်းက ပြောသည်။
ယင်း မိုင်းလားလမ်း ပိတ်လိုက်ရသည့် အတွက် တရုတ်မှ ဝင်ရောက်လာသည့် ခရီးသွား ဦးရေ မှာ နှစ်သောင်းမှ သုံးသောင်းကြား ထိ လျော့ကျသွားခဲ့သည်ဟု ဆိုသည်။
’’၂၀၁၆ ကတည်းက ပိတ်ထားတာဖြစ်တယ်။ မိုင်းလားကနေ ဝင်လာတယ်၊ကျိုင်းတုံမှာ ညအိပ်တယ်။ ပြီးရင် လည်ပတ်စရာရှိတာကို လည်ပတ်တယ်။ တာချီလိတ်ကို သွားတယ်၊ လည်တယ် ။ ပြီးရင် ထိုင်းဘက်ကိုသွားတယ်။ ထိုင်းဘက်ကနေ ပြန်ထွက်လာတယ် ။ ပြီးရင် မိုင်းလားလမ်းကနေ ပြန်ထွက်ကြတယ်၊ အဲဒီ တိုရစ်ဇင်လမ်းကြောင်းကြီးက ပျောက်သွားခဲ့တယ်။ အဲဒါမို့ စီးပွားရေးလည်း ကျဆင်းသွားတာဖြစ်တယ်’’ဟု ဦးဝင်းမင်းသိန်းက ခရီးစဥ်လည်ပတ်သည့်ပုံစံကို ရှင်းပြ သည်။
ကျိုင်းတုံမြို့၏ အားသာချက်မှာ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို တစ်စုတဝေးမြင်တွေ့ရသည့် မြို့ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများစွာ တည်ရှိနေခြင်း၊ ထို့အပြင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး ရှမ်း၊အာခါ၊လားဟူ၊လွယ် စသည့်တိုင်းရင်းသားများနေထိုင်ကြသလို ဂုံရှမ်းတိုင်းရင်းသားများ အများဆုံး နေထိုင်ကြခြင်းကြောင့် ဂုံရှမ်းမြေဟုလို့လည်း ခေါ်ဆိုကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင် က Travelling Journal သို့ ပြောသည်။
"အခု ပြည်တွင်းခရီးသွား လည်း လာကြပါပြီ။မိုင်းလားလမ်းဖွင့်ရင် အရမ်းကောင်းတာပေါ့။ လွယ်မွေကြီးထဲက ထွက်တဲ့စပါးတွေကို ရန်ကုန်ပို့မယ်ဆိုရင် ကားခ က စျေးကြီးတယ်။ မဖြစ်နိုင်ဘူးပေါ့။ ထိုင်းကလည်းမဝယ်ဘူး။ ဝယ်တာက တရုတ်ပဲ ဝယ်တာ။ တရုတ်ပြည်ပေးမထွက်ဘူးဆိုရင် စပါးစျေးပုံနေကြတယ်။ စပါးစျေး ကျရင် လယ်သမားတွေ ဒုက္ခရောက် မယ်"ဟု ရွှေတြိဂံဇုန် နာယက ဖြစ်သူ ဦးစိုးရွှေက လည်း ဆိုသည်။
တိုင်းရင်းသား ဓလေ့ရိုးရာ ထုံးထမ်း များ စွာ တည်ရှိနေသည့် ကျိုင်းတုံမြို့တွင် ဆွဲဆောင်စရာ ၊ လေ့လာစရာ များပြားသည့်အပြင် ရှမ်းအစားအစာ ပေါများလွန်းလှသည့် တစ်ခုတည်းသော မြို့တော်ဖြစ်နေခြင်းက ထူးခြားချက်ပင်ဖြစ်လေသည်။
ထို့အပြင် သရေစာကို မက်မက်မောမော စားသောက်လေ့ရှိကြသလို ဈေးနှုန်းအားဖြင့် ထူးခြားစွာ သက်သာလှသည့် မြို့အဖြစ်ရှိခြင်းကလည်း စိတ်ဝင်စားဖွယ်ဆွဲဆောင်စရာပင်။
"အခု ဆိုရင် ကျိုင်းတုံ မှာ နာရီ စင်လည်းရှိလာပြီ။မြို့ရဲ့အထင်ကရနောင်တုံကန်ကလည်း တကယ့်ကို ခန့်ညားလှပတယ်။ မြို့ကလည်းဖွံ့ဖြိုးတိုးတက်လာပြီ။လမ်းပန်းဆက်သွယ်ရေးသာ ကောင်းမွန်လာ မယ်ဆိုရင် ကျိုင်းတုံ မြို့ဟာ ခရီးသွား လုပ်ငန်းမှာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ တာစူနေတဲ့မြို့ပေါ့"ဟု ကျိုင်းတုံ စည်ပင် သာယာရေးကော်မတီ မှ အမှုဆောင်အရာရှိဦးကျော်မင်းထိုက် က Travelling journal ကို ပြောသည်။
ကိုဗစ်အလွန်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် ခရီးသွား လုပ်ငန်းကို ပိုပြီး အထောက်အကူ တိုးတက်လာစေရန်အတွက် မြို့သန့်ရှင်းသာယာလှပရေးအတွက်ဆက်လက် ဆောင်ရွက် နေဆဲဟု ၄င်းက ဆိုသည်။
’’ အခုပိုဆိုးတာက ၂၀၂၀ အစပိုင်းကစပြီး ဧည့်သည်ဝင်ရောက်မှုဟာ နည်းပါး သွားခဲ့တယ်။ ပြီးခဲ့တဲ့ သုံးနှစ် ကျော် ကတည်းက မိုင်းလားလမ်းပိတ်တဲ့ အတွက် ပြည်သူတွေခံနေရတဲ့ မြို့ ဖြစ်နေရာကနေ အခုက ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကော ပြည်သူကောပါ ခံနေရတယ်’’ဟု ဦးဝင်းမင်းသိန်းက ဆိုသည်။
ယင်းကြောင့် မိုင်းလားလမ်း ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကျိုင်းတုံမြို့သည် တိုးတက်လာမည်ဖြစ်သလို မိုင်းလား လမ်း ပြန်လည် ဖွင့်လှစ်ရန်မှာမူ နိုင်ငံတော်အစိုးရအပေါ်တွင်များစွာ မူတည်နေသည်ဟု ၎င်းက ဆိုသည်။
’’မိုင်းလားလမ်း ဖွင့်ဖို့ကတော့ နိုင်ငံတော် အစိုးရပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံတော်အစိုးရ ခွင့်ပြုမှလည်း ဖွင့်လို့ရမယ်လေ။ ငြိမ်းချမ်းရေးကိစ္စ ကလည်း အရေးကြီးပါတယ်။ အဓိကက ထိုင်းကို အရမ်းမှီခိုနေရတယ်။ ပြီးရင် စက်ရုံအလုပ်ရုံမရှိဘူး’’ဟု ဦးဝင်းမင်းသိန်းက ပြောသည်။
ယင်းအပြင် ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းအခြေအနေမှာ ထိုင်းကို မှီခိုနေရပြီး ဟိုတယ်လုပ်ငန်းအများစုမှာ စားဝတ်နေရေးဖြေရှင်းနိုင်ရုံ အဆင့်လောက်သာ ရပ်တည်နေရဆဲ ရှိနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးစန်းလှိုင်က Travelling journal ကို ပြောသည်။
ကျိုင်းတုံမြို့သို့ လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားသားများမှာ ထိုင်း၊ တရုတ်နှင့် ဥရောပ လူမျိုးများ အလာများကြသော်လည်း လက်ရှိတွင် ထိုင်းလူမျိုးလောက်သာ အလာရှိသည်ဟု ဆိုကြသည်။ပြီးခဲ့သည့်၂၀၁၉ ခုနှစ်စာရင်းအရ ကျိုင်းတုံမြို့သို့ ပြည်ပ ခရီးသွားဦးရေ ဝင်ရောက်မှုမှာ လူဦးရေ ၁၈၆၀၀ ဦးဝင်ရောက်ခဲ့သည်။
အများအားဖြင့် ထိုင်းလူမျိုးများသည် လွယ်မွေတောင်စခန်းဆီသို့ ဇန်နဝါရီလအတွင်း လာရောက် လည်ပတ်မှုမှာ များပြားသည် ဟုဆိုသည်။ ထိုကာလတွင် လွယ်မွေတောင်စခန်းတွင် ချယ်ရီပွင့်သည့် အချိန်ကာလဖြစ်သော ကြောင့် ထိုင်းခရီးသွားများဖြင့် ပြည့်နေခြင်းပင်ဖြစ်သည်။
ယင်းကာလပြီးနောက်တွင် ထိုင်းခရီးသွားများမှ ကျိုင်းတုံရေတံခွန်ဆီသို့လာရောက်လည်ပတ်ကြလေ့ရှိသည်။ထို့အပြင် မိုင်းခတ်၊မိုင်းယန်းတွင်ရှိသည့် မှိုင်းနှုန်းကြီးဘုရားဆီသို့ လာရောက်လည်ပတ်ကြပြီး ပြန်လေ့ရှိကြသည်မှာ ကျိုင်းတုံ မြို့သို့လာရောက်လည်ပတ်ကြသည့် ထိုင်းခရီးသွားများ၏ ခရီးသွားပုံစံပင်ဖြစ်လေသည်။
လက်ရှိအနေအထားတွင် ကျိုင်းတုံမြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ၏ လုံခြုံရေးဆိုင်ရာများကို သက်ဆိုင်ရာများမှ ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးသည့်အတွက် လူသူ အရောက်နည်းပါးကြသည့် တိုင်းရင်းသားရွာများလည်းရှိနေဆဲကြောင်း ထို့ကြောင့် ရှေးဟောင်းရိုးရာ အိမ်များ ကျန်ရှိနေသေးသလို ကျိုင်းတုံမြို့တွင်သာ မြင်တွေ့ရသည့် လူနည်းစုတိုင်းရင်းသားလောက်သာ ကျန်ရှိနေတော့သည့် သွားမည်းလူမျိုး (အန်းလူမျိုးများ) လည်း နေထိုင်ကြသေးသည်။
"Tourism ကိစ္စမှာ အသိနည်းပါ သေးတယ်။ ရှေးဟောင်းအိမ်တွေရှိတယ်၊ ကျွန်တော်တို့က ဒါကို ထိန်းသိမ်းချင်တယ်။ သူတို့က ဒီထက် ကောင်းတဲ့အိမ်မှာ နေချင်တယ်။ ဓာတ်ပုံရိုက်ရင်ဘယ်လောက်ရမယ်။ ဘာညာဆိုရင်တော့ ဝင်ငွေရှိနေတယ်ဆိုရင် ထားရင်ထားမှာပေါ့ ။ ကျွန်တော်တို့ဆီမှာ အဲဒီယဉ်ကျေးမှုက မဖွံ့ဖြိုးသေးဘူး၊ ရိုးရာအတိုင်းရှိနေတဲ့ နေရာကနေ တိုက်အိမ်တွေဖြစ်ကုန်ကြတယ်။ အဲဒီလိုကြောင့် ရွာရဲ့ရှုခင်းပါ ပျောက်သွားတယ်။ ရိုးရာယဉ်ကျေးမှုတိုင်းထားရမယ့်ရွာတွေလည်း ပျောက်သွားကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း စည်းရုံးနေတယ်ဆိုပေမယ့် မဆောက်ပါနဲ့လို့ ကျွန်တော်တို့ကလည်း ပြောလို့ မရဘူး လေ’’ဟု ဦးဝင်းမင်းသိန်းက ရှင်းပြသည်။
ကျိုင်းတုံမြို့ကို ပြည်တွင်းခရီးသွားများလည်း လာရောက်လည်ပတ်စေလိုကြောင်း ကျိုင်းတုံမြို့တွင် လည်ပတ်စရာ နေရာများစွာရှိနေသဖြင့် အချိန်အားဖြင့်ဆိုပါက သုံးလေးရက်ခန့်ပေးရမည်ဖြစ်ကြောင်း ကျိုင်းတုံအခြေစိုက် မိုးတိမ်ခရီးသွားလုပ်ငန်းမှ ဒေါ်နန်းခမ်းတစ်က ပြောသည်။
ပြည်တွင်းပြည်ပ ဧည့်သည်များအနေဖြင့် မဖြစ်မနေ လည်ပတ်ရမည့် နေရာများမှာ ရပ်တော်မူဘုရား၊မဟာမြတ်မုနိဘုရားကြီး၊ နောင်တုံကန်၊ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်၊ ရေပူစမ်း၊ ကိုရင်လေးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်ခမ်းဘုရား၊ စွမ်လွဲ/ကမ္ဘာအေးဘုရား၊ နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ချခ်ကျောင်း၊ ကျိုင်းတုံမြို့၏ ရှေးဟောင်းမြို့ရိုးတံခါးပေါက် တစ်ခုတည်းသာ ကျန်ရှိခဲ့သည့် ပါလျန်ဂိတ်၊စော်ဘွားအုတ်ဂူ၊ ယွန်းလုပ်ငန်း၊ ဗုဒ္ဓဥယျာဉ်၊လွယ်မွေစခန်း၊ ရိုးရာအိမ်လေးတွေကျန်ရှိနေသေးသည့် နောင်ငင်းရွာ၊ကျိုင်းတုံရေတံခွန်၊ အားခီကျေးရွာ၊ ဟိုကျင်းအာခါရွာများစသဖြင့် တိုင်းရင်းသားပေါင်းများစွာ ရှင်သန် တည်ရှိနေသည့် ရွာများသို့ တောတွင်း လမ်းလျှောက် ပြီး လေ့လာလည်ပတ်နိုင်သေးသည်။
’’ကျိုင်းတုံမြို့ရဲ့ ရိုးရာအမှတ်အသားတစ်ခုကလေ ဂုံရှမ်းအမျိုးသမီးတွေရဲ့ ထမီတွေမှာ ကြာမောက်ကြာလန် ပါရှိတယ် ၊အဲဒါဟာ ကျိုင်းတုံ မြို့ရဲ့ ရိုးရာအမှတ်အသားဖြစ်တယ်ဆိုတာကို သိသာစေတယ်၊ ကြာမောက်ကြာလန်ကိုတွေ့ရင် ဒါဟာကျိုင်းတုံရဲ့ ရိုးရာအမှတ်အသားတစ်ခုဆိုတာ အလိုလို သိစေတယ်’’ဟု ကျိုင်းတုံဒေသခံ ဘုရင်မပိုးထည်ဆိုင်ပိုင်ရှင် ဒေါ်နမ်းဟွမ်က ဆိုသည်။
မည်သို့ပင် ဆိုပါ စေ ကျိုင်းတုံ မြို့သည် အားသာချက် အားနည်းချက်များဖြင့် ဒွန်တွဲနေ ကြပြီး အားပြိုင်မှုတွေ ကြားထဲတွင် ခရီးသွားလုပ်ငန်းကို တိုးတက်လာ စေရန်အတွက် အားပြုဆောင်ရွက်နေလာပြီ ဖြစ်သည့် မြို့အဖြစ် ရှိလာနေပြီဖြစ်ပါတော့သည်။
Photo Ye Myint Aung /Travelling journal
Contine Reading
By -
/ 12-11-2020All Articles
ရေညှိစိမ်းများရှိရာကျောက်ကလပ်ကမ်းခြေဆီ
#Travelling Journal
ဧရာဝတီတိုင်းဒေသကြီးရဲ့ အလှတစ်ပါးလို့တင်စားရတဲ့ ရေညှိစိမ်းများရှိရာ ကျောက်ကလပ်ကမ်းခြေကို အခုဆိုရင် ပြည်တွင်း ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက် လည်ပတ်နေကြတဲ့ ကမ်းခြေတစ်ခုဖြစ်လာခဲ့ပါပြီ။
ကျောက်ကလပ်ကမ်းခြေရဲ့ အရိုင်းဆန်ဆန် အလှတရားမြင်ကွင်းနှစ်မျိုးကို တွေ့မြင်နိုင်တဲ့ ကာလတွေကတော့ ရေညှိစိမ်းချိန်ကာလနဲ့ ရေညှိသေချိန်ကာလကြားမှာမြင်တွေ့ရနိုင်တဲ့ ရေညှိဝါချိန်လေးအတွင်းမှာ ကျောက်ကလပ်ကမ်းခြေရဲ့လှပတဲ့မြင်ကွင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ရေညှိစိမ်းချိန်ကာလကို ဩဂုတ်လ၊စက်တင် ဘာ ၊ အောက်တိုဘာလပိုင်းတို့မှာ မြင်တွေ့နိုင်ပြီး ရေညှိဝါချိန်ကိုတော့ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီလတို့မှာ တွေ့မြင်ရနိုင်တာမို့ အလှဓာတ်ပုံရိုက်ကူးလိုတဲ့ခရီးသွားများနဲ့ ဓာတ်ပုံ ပညာရှင်တွေအနေနဲ့ ဒီကာလတွေကို မဖြစ်မနေ လာရောက် လေ့လာလည်ပတ်သင့်တယ်လို့ ဒေသခံ ကိုကွေကာက ဆိုပါတယ်။
ကျောက်ကလပ်ကမ်းခြေရဲ့ကျောက်ဆောင်တွေကသဘာဝထုံးကျောက်သားကျောက် ဆောင်တွေဖြစ်တာမို့ သူ့သဘာဝအလှနဲ့သူ ရှိနေပြီး ရာသီအလိုက် ကျောက်ကလပ်ကမ်းခြေရဲ့ မြင်ကွင်းလှပပုံတွေကို (၇)နှစ်ကျော် လေ့လာမှုပြုခဲ့တယ်လို့ ဒေသခံ ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က ဆိုပါတယ်။
ဒါ့ပြင် ကျောက်ကလပ်ကမ်းခြေသာမက ဧရာဝတီတိုင်းဒေသကြီးအတွင်းက လူသူသိပ်မသိသေးတဲ့ကမ်းခြေတွေလည်းအများကြီးရှိသေးတာမို့ အဲဒီကမ်းခြေတွေကိုလည်း ထပ်မံ ဖော်ထုတ်သွားအုံးမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး၊ ဒီးဒူးကုန်းကျေးရွာအုပ်စုမှာ ကျောက်ကလပ်ကမ်းခြေတည်ရှိပြီးတော့ကမ်းခြေဆီကို သွားရောက်နိုင်တဲ့လမ်းကြောင်း သုံးခုရှိတယ်လို့သိရတယ်။ကျောက်ကလပ်ကမ်းခြေကို ပုသိမ်မြို့ကနေသွားရောက်နိုင်ပြီး ရေမိုင် (၆၀)ခန့်ကွာဝေးကာရေယာဉ်နဲ့ဆို (၈)နာရီခန့် သွားရောက်ရပါတယ်။
ဒါ့ပြင်မော်တင်စွန်း ဘက်ကနေလည်း ကျောက်ကလပ်ကမ်းခြေ ဆီကို သွားရောက်လည်ပတ်လို့ရပါတယ်။
"ကျွန်တော်ကတော့ ကျောက်ကလပ်ကမ်းခြေ ကို လပွတ္တာမြို့ကနေ သွားရောက်တာကို ပိုအားပေးပါတယ်။ ရန်ကုန်ကနေကိုယ်ပိုင်ကားနဲ့ ဆိုရင် ၁၅၀ မိုင် လောက် ကွာဝေးတဲ့ လပွတ္တာမြို့ကို ရောက်ပါမယ်။အဲဒီကနေ လပွတ္တလုပ်ရွာ ဆီကို မိနစ် ၂၀ ခန့်မောင်းပြီး ဇက်ဆိပ်ကို ထပ်မံရောက်ပါမယ်။ မိနစ် (၃၀) လောက် ဇက် စီးရပြီး ရေပေါ့ကြီးဘက်ကမ်းကို ရောက်ပါမယ်။ ဇက်ကူးချိန်တွေကတော့ နံနက်(၆) နာရီနဲ့ ညနေ၅နာရီနှစ်ကြိမ်ပဲ ကူးပါတယ် ။ ကျန်အချိန် တွေမှာ ဇက်ကူးချင်ရင်တော့ အထူးအော်ဒါကြေးပေးပြီး ကူးလို့ တော့ ရပါတယ်။ ဇက်ကူးပြီးရင် တံတားကြီး တံတားအသေး ၁၃ ခုလောက်ကို ဖြတ်ရပါတယ်။ လပွတ္တာမြို့ကနေ ၅၅မိုင် လောက် ကွာဝေးပါတယ်။ လမ်းတိုပေမဲဲ့ကျောက်ခင်းလမ်းတွေတွေ တံတားတွေသာ ပိုပြီးကောင်းမွန်ရင် ကျောက်ကလပ်ကမ်းခြေကိုခရီးသွားဧည့်သည်တွေပိုပြီး လာရောက်လည်ပတ်လိမ့်မယ်လို့ ဒေသခံ ကိုကွေကာ (ဂေါ်ရန်ဂျီလမ်းညွှန်)က ပြောပြပါတယ်။
ကျောက်ကလပ်ကမ်းခြေရဲ့ အနီးတဝိုက် ဝန်းကျင်မှာ ပြင်ခရိုင်၊ဒီးဒူးကုန်း၊ချောင်းဝ၊သက္ကယ်သောင်၊ဘုန်းတော်ပြည့်၊အုတ်တွင်းစတဲ့ရွာတွေ ရှိပါတယ်။
ဧရာဝတီတိုင်းကတာဝန်ရှိသူတွေအနေနဲ့ကတော့ တိုင်းဒေသကြီးအတွင်း ခရီးသွားများသွားရောက်လည်ပတ်နိုင်စေရန် ဆက်စပ်လည်ပတ်နိုင်တဲ့ နေရာတွေအဖြစ်ခရီးစဉ်ဒေသ (၁၃) ခုကို ဖော်ထုတ်ထားတဲ့အထဲမှာ ကျောက်ကလပ်ကမ်းခြေလည်းတစ်ခု အပါအဝင်ဖြစ်ပါတယ်။
ဒါ့ပြင် ကျောက်ကလပ်ကမ်းခြေရဲပတ်ဝန်းကျင်နေရာတွေ ဖြစ်တဲ့ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေး ကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊ တံငါလုပ်ငန်းတို့ကို လည်း သွားရောက်လေ့လာနိုင်ပြီး ဓာတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။
မြန်မာပြည်အနှံ့ဘုရားဖူးနဲ့ခရီးသွားပို့ဆောင်ပေးနေတဲ့ ရွှေချမ်းသာဘုရားဖူးလုပ်ငန်းကလည်း ပြည်တွင်းခရီးသွားတွေအနေနဲ့ မော်တင်စွန်း ဘုရားသွားဖူးကြရင် ဟိုင်းကြီးကျွန်း ၊ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကမ်းခြေ ၊ ချောင်းသာကမ်းခြေ၊ဖိုးကုလားကျွန်း ၊ကျောက်မောင်နှမ၊Sea & Lake ၊ပုသိမ်ရွှေမုဋော ၊ယိုးဒယားဘုရား နဲ့ ရေကြည်ရေနောက်ဘုရား မဖြစ်မနေကို လည်ပတ်စရာနေရာတွေကို ထည့်ပေးပြီး ပို့ဆောင်ပေးရပါတယ်လို့ ရွှေချမ်းသာမြန်မာပြည်အနှံ့ဘုရားဖူးနဲ့ခရီးသွားပို့ဆောင်ရေးမှ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအနေအထားမှာတော့ ကျောက်ကလပ်ကမ်းခြေကို သွားရောက်လည်ပတ်လိုပါက ကမ်းခြေ အနီးတဝိုက်မှာ တည်းခိုခန်းသိပ်မရှိသေးတာမို့ ညအိပ်တည်းခိုလိုပါက ဒေသခံအိမ်တွေမှာ တည်းခိုရပြီး သွားရောက်လည်ပတ်လိုပါက ကြိုတင်စီစဥ်ပေးရတယ်လို့ ခရီးသွားဝန်ဆောင်မှုကိုပါ ပြုလုပ်ပေးနေတဲ့ ဒေသခံ ကိုကွေကာ က ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မော်တင်စွန်းနဲ့ မျက်နှာချင်းဆိုင်ထိပ်စွန်းအရပ်ဒေသ တောင်ဘက်အစွန်းလေးမှာ တည်ရှိတဲ့ဧရာဝတီတိုင်းရဲ့ အလှတစ်ပါးလို့တင်စားရတဲ့ ကျောက်ကလပ်ကမ်းခြေ ကို သွားရောက်လည်ပတ်နိုင်စေဖို့ ညွှန်းဆိုလိုက်ရပါတယ်။
Photo ကိုကွေကာ ဂေါ်ရန်ဂျီလမ်းညွှန်
ပုံ-စာ ယခုလအတွင်းက ကျောက်ကလပ်ကမ်းခြေ၏မြင်ကွင်းအလှကို တွေ့ရစဥ်။
Contine Reading
By -
/ 20-08-2024ပြည်ပခရီးစဥ်တွေကို မြန်မာ့ခရီးသွားဘဏ်ရဲ့ Travel Loan အစီအစဥ်နဲ့ လည်ပတ်ကြမလား
#TravellingJournal
ပြည်ပခရီးစဥ်တွေကို မိသားစုအဖွဲ့လိုက်နဲ့သာမက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ ခရီးစဥ်တွေကို သွားရောက်လည်ပတ် နိုင်စေဖို့ အရစ်ကျစနစ်နဲ့ ခရီးသွားချေးငွေတွေကို မြန်မာ့ခရီးသွားဘဏ် (Myanma Tourism Bank) က ဆောင်ရွက်ပေးနေပါတယ်လို့ Myanma Tourism Bank ရဲ့ Executive Director ဖြစ်သူဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။
မကြာခင် ကာလမှာ ဗုဒ္ဓဘာသာလူမျိုးတို့ရဲ့အဓိက သွားရောက်ဖူးမြှော်ကြ တဲ့ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဥ်နဲ့ သီရိလကင်္ာခရီးစဥ် ၊ ကိုရီးယားခရီးစဥ်၊ဂျပန်ခရီးစဥ်တွေကို အုပ်စုလိုက်သွားရောက်နိုင်စေဖို့ စီစဥ်နေပါတယ်လို့ ဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။
ခရီးသွားလုပ်ငန်းရဲ့ဒေါက်တိုင်တခုအနေနဲ့ မြန်မာ့ခရီးသွားဘဏ်ကနေ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့ ပြည်တွင်းခရီးစဥ်များနဲ့ ပြည်ပခရီးစဥ်ကိုပါ သွားရောက်စေနိုင်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်ပေးထားတဲ့ ဘဏ်တစ်ခုဖြစ်တဲ့အပြင် ဘဏ်ကနေလည်း အသေးစားအလတ်စားလုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်နိုင်ဖို့စတဲ့ ချေးငွေတွေကို စီစဥ်ဆောင်ရွက်ပေးနေပါတယ်လို့ ဆိုပါတယ်။
မီးခိုးမထွက်တဲ့လုပ်ငန်းလို့ တင်စားရတဲ့ ခရီးသွားလုပ်ငန်းကို တစ်ဖတ်တလမ်းကနေ ထောက်ပံ့ပေးချင်လို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်မှာရှိတဲ့ ခရီးသွားအသင်းတွေကို ဘဏ္ဍာရေးလုပ်ငန်းပိုင်းဆိုင်ရာတွေကို ပံ့ပိုးပေးနိုင်ဖို့အသင်းအဖွဲ့တွေနဲ့ မူဝါဒစာချုပ်တွေကို ကိုဗစ်ကာလကနေ အခုအချိန်ကာလထိ ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်လို့ မြန်မာ့ခရီးသွားဘဏ် ရဲ့ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling ကို ပြောပြခဲ့ဖူးပါတယ်။
ဒါ့ပြင် ပုဂ္ဂလိကဝိုင်းကြီးချုပ်စနစ်နဲ့လည်း အာမခံပြီး Travel Loan တွေသာမက Corporate travel loanတွေအပြင် ခရီးသွားကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ခရီးသွားကုမ္ပဏီတွေကစီစဥ်ပေးတဲ့ Packge ခရီးစဥ်အလိုက် ခရီးစဥ်လည်ပတ်ဖို့ပါ စီစဥ်ထားရှိပါသေးတယ်။
"ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေကို မိသားစုလိုက်သော်လည်ကောင်း ၊ အုပ်စုလိုက်သော်လည်ကောင်း ခရီးသွားမယ်ဆိုရင် ခရီးစဥ် အသေးစိတ်ပြခိုင်းပြီး ဘဏ်ကနေ ချေးပေးပါတယ်။ပြီးရင် အဲဒီကုမ္မဏီက တာဝန်ယူပြီး HR ကနေ ပြန်ဆပ်တာမျိုးပါ။ဆပ်တဲ့အခါမှာလည်း ၆ လ ဆပ်မယ်။ တစ်နှစ်ဆပ်််မယ်။ အဲဒီလိုမျိုး နဲ့ Corporate Travel loanတွေ စီစဥ်ပေးပါတယ် " လို့ ဘဏ်ရဲ့တာဝန်ရှိသူတစ်ဦး ဖြစ်သူ ဒေါ်သိင်္ဂီလင်း က Travelling ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ် နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကိုလည်း ခရီးသွားကုမ္မဏီကနေ စီစဥ်ပေးတဲ့ ခရီးစဥ်တွေကို အရစ်ကျစနစ် နဲ့ သွားရောက်ခဲ့ကြတယ်လို့ ဘဏ်ရဲ့ တာဝန်ရှိသူ က ပြောပြပါတယ်။
လက်ရှိ မှာတော့ မြန်မာ့ခရီးသွားဘဏ် (MTB Bank)ကို အခုဆိုရင် မြန်မာပြည်အနှံ့အပြားမှာ ဖွင့်လှစ်ထားရှိပြီး ရန်ကုန်မြို့မှာဆိုရင်တော့ MTB Bank ဆူးလေ(ရုံးချုပ်) ဘဏ်ခွဲ၊ ရန်ကုန်မြို့ ပြည်လမ်း ဘဏ်ခွဲ ၊ ဘုရင့်နောင် ဘဏ်ခွဲ ၊ရွှေဘုံသာဘဏ်ခွဲ ၊ရွှေဂုံတိုင် ဘဏ်ခွဲ ၊ယုဇနပလာဇာဘဏ်ခွဲ ၊တက္ကသိုလ်ရိပ်သာလမ်းသစ်ဘဏ်ခွဲ၊ရွှေတောင်တန်းဘဏ်ခွဲ တို့ကိုဖွင့်လှစ်ထားရှိထားပါတယ်။ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော် (သပြေကုန်းဘဏ်ခွဲ)၊ စီးပွား ရေးမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာ မန္တလေးမြို့(၂၇) လမ်းဘဏ်ခွဲ၊မန္တလေး (မနော်ဟရီဘဏ်ခွဲ) ၊မန္တလေး (စျေးချိုဘဏ်ခွဲ) ၊ မန္တလေး (ကျွဲဆည်ကန်ဘဏ်ခွဲ) တို့ကို ဖွင့်လှစ်ထားရှိပါတယ်။ ဒါ့ပြင် နယ်မြို့တွေဖြစ်တဲ့ မူဆယ်ဘဏ်ခွဲ၊ တောင်ကြီး ဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ နဲ့ မြဝတီဘဏ်ခွဲ တို့ကို ဖွင့်လှစ်ထားရှိကာ အခုဆိုရင် ဘဏ်ခွဲစုစုပေါင်း (၁၇) ဘဏ်တိတိ ရှိပြီဖြစ်ပါတယ်။
"အခုကတော့ ပုဂံ-ညောင်ဦး-ပြည့် (၉) ပြည့် ခရီးစဥ်ရယ် ။ ကလော -အင်းလေး ခရီးစဥ်ကို ခရီးသွားချင်သူတွေအတွက် အရစ်ကျ စနစ်နဲ့ပေးလို့ရအောင်အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ပြည်ပခရီးစဥ ကိုတော့ အောက်တိုဘာလမှာ စတင်ပါမယ် ။ဒီလို ကာလမှာ ခရီးသွားချင်တဲ့သူတွေအတွက် ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင် ခရီးလည်းလည်ပတ်နိုင်စေဖို့ ရည်ရွယ်ပြီး စီစဥ်ပေးဖြစ်ခဲ့တာပါ။ အရစ်ကျ ခွဲပေးရတော့ သူတို့အတွက်လည်း အဆင်ပြေစေပါတယ် "လို့ LTETour ခရီးသွားကုမ္ပဏီ ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အခုဆိုရင် ပြည်ပနိုင်ငံတွေကိုလည်း မိသားစုလိုက် ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပါ အတူတကွ သွားလို့ရနိုင်တဲ့ မြန်မာ့ခရီးသွားဘဏ် ရဲ့Travel Loan ချေးငွေယူပြီး ကမ်းခြေကိုပဲ သွားရောက် အပန်းဖြေချင်သလား။ကမ္ဘာပေါ်မှာရှိတဲ့ Hidden Gems လို နေရာတွေကို သွားရောက်ပြီးတော့ စွန့်စားခန်းတွေကိုလည်း ဖွင့်လှစ်နိုင်သလို မတူညီတဲ့ ယဥ်ကျေးမှု အမွေအနှစ်ခရီးစဥ်တွေကိုလည်း MTB ဘဏ်ရဲ့Travel Loan နဲ့သွားရောက်လည်ပတ်နိုင်စေတော့မှာဖြစ်ပါတော့တယ်။
#Travel Loan
#Photo-TravellingJournal/LTE tour
ပုံ-စာ မြန်မာခရီးသွားအများဆုံးသွားရောက်ဖူးမြှော်ကြတဲ့ ဘန်ကောက်မြို့က မြဘုရားနှင့် ဆုတောင်းပြည့် နဂါးဘုရားကို တွေ့ရစဉ်။
Contine Reading
By -
/ 17-08-2024စွန့်ဦးတီထွင် ကြာသင်္ကန်း ရက်လုပ်ခဲ့တဲ့ ကျိုင်းခမ်းရွာ
#မော်ကျွန်းသူ
မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေဟာ နယ်ပယ် အသီးသီးမှာ ရှိနေကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ခန့်ကတည်းက စွန့်ဦး တီထွင်ပြီး ကြာသင်္ကန်း ရက်လုပ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ် အင်းယားကျေးရွာအုပ်စု ထဲမှာ ပါဝင်တဲ့ ကျိုင်းခမ်း အရှေ့ ရွာ ကလေးဆီကို စာရေးသူဟာ ၂၀၁၉ ဒီဇင်ဘာ ဒုတိယ ပတ်မှာ ရောက်ဖြစ် ခဲ့ပါတယ်။
ဒီရွာဟာ ကြာသင်္ကန်းကို အစောဆုံး စတင် ရက်လုပ်ကိုင်ခဲ့တဲ့ ရွာလေးဆိုရင်လည်း မမှားပါဘူး။ ကျိုင်းခမ်းရွာနေ လက်မှု တတ်ကျွမ်းတဲ့ အသက် ၅၀ ဝန်းကျင် ရှိတဲ့ ဒေါ် စောဥ (သို့) ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီး ကြီးကနေ စတင် ရက်လုပ် ခဲ့ရာမှ ယနေ့ထိတိုင် ကြာ သင်္ကန်း ရက်လုပ်နေဆဲ ရွာ ထိ ထင်ပေါ်ကျော်ကြားနေခြင်းပဲ ဖြစ်ပါတယ်။ အဘွား ဒေါ်ကြာဥ စတင်ထုတ်လုပ်ခဲ့တဲ့အချိန်က အင်းလေးကန်ရဲ့ အနောက်မြောက်ဘက်မှာ ရွှေဥဒေါင်းတောင် ဆရာတော် ထင်ရှားကျော်စောရှိနေချိန်မှာ အဘွားဒေါ်ကြာဥဟာ သူမ ကိုယ်တိုင် ရက်လုပ်ခဲ့တဲ့ ပဒုမ္မာ ကြာသင်္ကန်းကို ရွှေဥဒေါင်းတောင် ဆရာတော်ကြီးကို ဦးစွာ ပထမလှူ ဒါန်းခဲ့တယ်လို့ အောင်စကြာ ကြာသင်္ကန်းဆိုင်ပိုင်ရှင် ဒေါ်ခင်မျိုးဝင်း က ပြောပြပါတယ်။ ထပ်မံရရှိလာတဲ့ ကြာသင်္ကန်း တွေကို လည်းအင်းလေးဒေသမှာ ဒေသစာရီကြွချီတော်မူ လာတဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားကို လှူ ဒါန်းပူဇော်ခဲ့ပါသေးတယ်။
တိမ်မြှုပ်ပျောက်ကွယ်တော့မယ့်ပဒုမ္မာကြာချည်ထည်ရက်လုပ်ခြင်းကိုဆက်လက်အမွေခံ
ကြာသင်္ကန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာရင်း အဘွား ဒေါ်ကြာဥ ကွယ်လွန်ပြီးသွားတဲ့နောက်မှာ ကြာသင်္ကန်း လုပ်ငန်းဟာ ပျောက်ကွယ် လုနီးပါးဖြစ်ခဲ့ပါတယ်။ ဒီလို ပျောက်ကွယ်လုနီးပါး ကို အဘွားဒေါ်ကြာဥနဲ့ အိမ်နီးနားချင်းဖြစ်သူ ဦးထွန်းရီ ဒေါ်အုန်းကြည် မိသားစုကနေ ပဒုမ္မာကြာ ချည်ထည် ရက်လုပ်ခြင်း လုပ်ငန်းကို မပျောက်မပျက်စေအောင် လက်ဆင့် ကမ်း ထိန်းသိမ်း လုပ်ကိုင်ခဲ့တာ ဒီကနေ့ ထိဖြစ်ပါတယ်။
မိုးရာသီမှာကြာသင်္ကန်းထုတ်လုပ်နိုင်
လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ ပဒုမ္မာကြာ ချည် ထည် ရက်လုပ် ခြင်း လုပ်ငန်းကနေ ပဒုမ္မာကြာသင်္ကန်း ထုတ်လုပ်မှု သမဝါယမအသင်းလီမိတက် တစ်ခုကို ဖွဲ့စည်းခဲ့ပြီးစနစ် တကျ ထုတ် လုပ်ကာ လုပ်ကိုင်လာခဲ့ကြပါတယ်။ ကြာသင်္ကန်း ထုတ်လုပ်တဲ့ အချိန်ကာလကလည်း တစ်နှစ်မှာ ၆ လသာ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ကြာရိုးအပင်ပေါင်း နှစ်သိန်း နှစ်သောင်း ကုန်ကျပြီးမှသာ ဝိနည်းနဲ့အညီ ချုပ်လုပ်ထားတဲ့ကြာ သင်္ကန်းတစ်စုံ ကို ရရှိမှာဖြစ်ပြီး ရက်ပေါင်း ၃၀ ခန့် အချိန် ပေးရ ပါတယ်။ မိုးရာသီ ဖြစ်တဲ့ ဇွန်လကနေ စတင်ပြီး နိုဝင် ဘာလအထိ ကြာသင်္ကန်း ထုတ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ မိုးရာသီကာလတွေမှာ ကြာပင်တွေ ပိုပေါက်တာမို့ အဲဒီကာလတွေ ပိုပြီး ထုတ်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ပဒုမ္မာကြာရဲ့ထူးခြားချက်
အင်းလေးဒေသမှာသာ ထွက် ရှိတဲ့ သဘာဝပေါက်ပင်တစ်ခုဖြစ်တဲ့ ပဒုမ္မာကြာပင်ကနေ ရရှိလာတဲ့ ကြာချည်မျှင်တွေကို ပဒုမ္မာကြာသင်္ကန်း ဖြစ်လာအောင် ထုတ်လုပ်တာ ပဲဖြစ်ပါတယ်။ အင်းလေးကန် တခွင် မှာ ပေါက် ရောက် နေတဲ့ ပဒုမ္မာကြာပင် တွေကို ခူးယူ စုဆောင်းတာ လုပ်ပြီးတဲ့ နောက်အမျှင် ထုတ်လုပ်ကာ ကြာချည် မျှင်အဖြစ် ပြုလုပ်တာပဲဖြစ်ပါတယ်။ ပဒုမ္မာကြာ ချည်ထည်ရဲ့ ထူးခြားချက်က ပဒုမ္မာကြာပန်းရနံ့မွှေးကြိုင်ပြီး ဆောင်းရာသီ မှာ ဝတ်ဆင်တဲ့ အခါ မှာ နွေးထွေးမှု ရှိပြီး နွေရာသီမှာ ဝတ်ဆင်တဲ့အခါ မှာတော့ အေးမြတယ်လို့ ဆိုပါတယ်။ ဒီလိုရရှိလာတဲ့ကြာချည်မျှင်တွေကို အဆင့်ဆင့်ခိုင်ခန့်အောင် ပြုလုပ်ပြီးတဲ့နောက်မှာ ကြာ ချည်မျှင်တွေကို ရက်ကန်းစင်ပေါ်တင်ပြီး ရက်လုပ်လာခြင်းပဲ ဖြစ်ပါတယ်။
ယနေ့တိုင်ရက်လုပ်နေဆဲပါ
လက်ရှိအချိန်ထိ ကြာသင်္ကန်းစတင် ရက်လုပ်လာတဲ့ ကျိုင်းခမ်းရွာဟာ အိမ်ခြေ ၇၀ ကျော် ဟာ ယနေ့တိုင် ကြာသင်္ကန်း ရက်လုပ်နေဆဲပါပဲ။ ကျိုင်းခမ်းရွာဟာ အရှေ့ အနောက် တောင် စသဖြင့်ရှိပြီး စွန့်ဦးတီတွင်လုပ်ကိုင်ခဲ့တဲ့ အဘွား ဒေါ် ကြာဥအိမ်ကတော့ မြောက် ဘက် မှာ ရှိပါတယ်။ လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ အဘွားဒေါ်အုန်းကြည်ဟာ ဒီကနေ့ထိ ပါပဲ။ ကြာရိုးအစူး ထုတ်တာကို အဘွားဒေါ်ကြာဥ ဆီကနေ သင်ယူခဲ့တာဖြစ်ပြီး နောက်ပိုင်း ရက်ကန်းခတ်တာကိုပါ လုပ်ကိုင်ခဲ့တယ်လို့ အဘွား ဒေါ်အုန်းကြည်က ပြောပြ ပါတယ်။ လက်ရှိမှာတော့ အောင်စကြာကြာ သင်္ကန်း ရက်လုပ်တဲ့ ရုံကနေ ၁၀၀ ရာခိုင်နှုန်း ကြာနဲ့ လုပ်ထားတဲ့ ကြာ လက်ကောက် ပုံစံ အမျိုးမျိုး ထုတ်လုပ်ထားသလို ကြာရိုးတွေကနေကြာချည်ထုတ်ကာ ကြာသင်္ကန်းနဲ့ပုဝါ အမျိုးမျိုး ကိုလည်း ထုတ်လုပ် ရောင်းချပြီး သဘာဝဆေးဆိုး အရောင်တွေနဲ့ ရက်လုပ်ထားတဲ့ ပုဝါ မျိုးစုံတွေကို ဝယ်ယူသူ အကြိုက် တွေ့စေပါတယ်။
ဟိုးအရင် ကာ လတွေမှာတော့ ဘုရားသင်္ကန်း ကပ် ဖို့အတွက် တစ်နှစ်နေမှ ဘုရားငါးဆူအတွက် သာ သင်္ကန်း တစ်စုံကို ထုတ်လုပ်နိုင်ခဲ့တဲ့ ဒီသင်္ကန်း ပုံစံကို လည်း ရိုးရာမပြတ် လက်ဆင့် ကမ်း ထိန်းသိမ်းလာ ခဲ့တယ်လို့ ဒေါ်ခင်မျိုးဝင်းက ပြောပြပါတယ်။ ဖောင်တော်ဦး ဘုရားသင်္ကန်း ကို အဆင်သင့် ကပ်လှူ နိုင်အောင် ရည်ရွယ် ထုတ် လုပ်ထားတာ ဖြစ်သလို ရိုးရာမပြတ် လက် ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ချစ်စရာဓလေ့တစ်ခု လည်း ဖြစ်ပါတယ်။
ဒါမို့ ကြာသင်္ကန်း စတင် ရက်လုပ်လာခဲ့ တဲ့ စွန့်ဦးတီတွင်သူ ဖြစ်သူ ဒေါ် စောဥ (သို့) ဒေါ်ကြာဥ နေထိုင် ခဲ့တဲ့ ရွာ ။တစ်ရွာလုံး ကြာသင်္ကန်း ရက် လုပ်နေတဲ့ ကျိုင်းခမ်း ရွာလေးဆီ ကို အလည်ပတ်ရောက်ခဲ့ပြီး တည်တည်ငြိမ်ငြိမ် ဝင့်ကြွားခန့်ထည် စွာနဲ့ အင်းရေပြင်ထက်မှာ ရွာငယ်လေး ဟာ တိတ်ဆိတ်စွာ ကျန်နေခဲ့ပါတော့တယ်။
#ZawgyiVersion
PhotoTravelling journal
kyaingkhamvillage
Contine Reading
By -
/ 19-06-2022ရာဇဝင်ထဲက သူရဲကောင်းမြို့ မြို့ဒလ ဆီ
ရန်ကုန်မြို့နဲ့နီးနီးနားနားမှာ တည်ရှိပြီး လည်ပတ်စရာနေရာတွေသာမက စိတ်ဝင်စားစရာနေရာတွေကို လေ့လာလည်ပတ်နိုင်တဲ့ တစ်ဖက်ကမ်းက မြို့ဒလဆီကို Sight Seen Tour လေးအဖြစ် လည်ပတ်လို့ရနေပါပြီ။ တကယ်တော့ ဒလမြို့ဟာ လည်ပတ်စရာမရှိဘူးလို့ ထင်မှတ်ထားခဲ့ပြီး ခရီးသွားတွေကြားမှာ မေ့လျော့နေခဲ့တဲ့
မြို့ နယ်လေးဖြစ်ပါတယ်။
ဘယ်လိုသွားကြမလဲ
ရန်ကုန် လမ်းသစ်ဂိတ်ကနေ ရန်ကုန်ဝါးတားဘတ်စ်နဲ့ စီးပြီး ဆာပါချောင်ဂိတ်ကနေ ဒလမြို့နယ်ထဲကို တုပ်တုပ်နဲ့ လည်ပတ်ခဲ့ပါတယ်။ ရန်ကုန်မြစ်ကိုဖြတ်ကျော်ပြီး အေးမြတဲ့ လေအေးပေးစက်နဲ့ သက်သောက်သက်သာရှိလှတဲ့ ရန်ကုန်ဝါးတားဘတ်စ်ကို စီးပြီး ရာဇဝင်ထဲက မြို့နယ်လေးဆီ …
----------------------------------------------သမိုင်းကြောင်း----------------------------------------------ဒလမြို့နယ်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက မွန်တွေတည်ထောင်ခဲ့တဲ့ မြို့ဖြစ်ခဲ့ပြီး အေဒီ ၁ ရာစုကနေ အေဒီ ၉ရာစုအတွင်း အင်းဝနဲ့ ဟံသာဝတီ ၁၃၈၆ ခုနစ်ကနေ ၁၃၄၂ ခုနှစ်အတွင်း နှစ်ပေါင်း ၄၀အတွင်း မြန်မာတစ်လှည့် မွန်တစ်လှည့် အဆင့်ဆင့်ပြောင်းပြီး အုပ်ချုပ်ခဲ့တဲ့ မြို့ကြီးဖြစ်ခဲ့တယ်။ မွန်ဘာသာစကားနဲ့တလလို့ခေါ်တွင်ခဲ့တာတဲ့။ ဘာသာပြန်လိုက်တဲ့အခါမှာ တလကနေ တွန်တလ ကို မြန်မာလိုဘာသာပြန်တော့ သူရဲကောင်းမြို့လို့ အဓိပါ္ပယ်ထွက်ပါတယ်။
အခုကတော့ ရန်ကုန်မြို့ရဲ့နယ်နိမိတ်အတွင်းမှာ ပါဝင်ခဲ့ပြီး ဒလမြို့လို့ ခေါ်တွင်နေပါတယ်။----------------------------------------------လည်ပတ်စရာနေရာများ----------------------------------------------တကယ်တော့ ဒလဆိုတာ စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ရှိနေခဲ့တဲ့မြို့နယ်လေးဖြစ် နေခဲ့တာကို မေ့နေခဲ့တာဖြစ်ပါတယ် ။ ဒဏ္ဍာရီတွေ၊ သမိုင်းတွေ၊ ဗဟုသုတရစရာတွေကို ပေးစွမ်းနိုင်စွမ်းရှိတဲ့ မြို့နယ်လေးဖြစ်နေခဲ့တာပါ။----------------------------------------------သမိုင်းဝင် ရွှေစာရံဘုရား----------------------------------------------မြတ်စွာဘုရား အရိပ်တော်စွန်းထင်းကျတဲ့ နေရာလေးကို စေတီ တည်ထားခဲ့တဲ့ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါတယ်တဲ့။ ဟိုတုန်းက မြတ်စွာဘုရား သုဝဏ္ဍဘူမိကိုကြွတဲ့အခါမှာ ရသေ့ကြီးတစ်ပါးက မြတ်စွာဘုရားကို ဖူးရပါစေ၏လို့ ဆုတောင်း လိုက်တဲ့အခါမှာ မြတ်စွာဘုရားက အာရုံ ရတဲ့ အခါမှာ အရိပ်တော်လေးကို စွန်းထင်းပေးခဲ့တဲ့ဒီနေရာလေးကို စေတီတည်ခဲ့တာ ဖြစ်ပါတယ် ။ ဟိုတုန်းက ရွှေစာရံလို့ခေါ်တွင်တာ မဟုတ်ပါဘူး ကျိုက်စာရာဘုရားလို့ ခေါ်တွင် တာပါတဲ့။ ကျိုက် ဆိုတာ မွန်ဘာသာစကားဖြစ်ပြီး ဘုရားလို့ အဓိပ္ပါယ်ရတယ်။ စာရာဆိုတာ အရိပ်ဖြစ် တယ်။ ဘုရားရဲ့ အရိပ်လို့ ခေါ်တယ်။ အခုကျတော့ ရွှေစာရံဘုရားလို့ ခေါ်တွင်ပါတယ်။----------------------------------------------ရဟန္တာ မဟာထေရ် ဦးပညာ ရုပ်ကလာဒ်----------------------------------------------ရဟန္တာ မဟာထေရ် ဦးပညာ ရုပ်ကလာဒ် ကိုတော့ ရွှေစာရံဘုရားဝင်းအတွင်းထဲမှာ ကျောင်းဆောင်နဲ့ ထားရှိကိုးကွယ်ထားတာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေသာမက ပြည်တွင်းခရီးသွားတွေကပါ မဖြစ်မနေ လာရောက်လေ့လာဖူးမြော်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ အကြောင်းကို ကျောင်းဆောင်ပေါ်မှာ အင်္ဂလိပ်လိုရယ် မြန်မာလိုရယ်ပါ မှတ်တမ်းတင်ထားပါတယ်။----------------------------------------------မျက်ရှင်တော် ဆုတောင်းပြည့်ဘုရား----------------------------------------------နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိပြီး ဒလမြို့နယ်ရဲ့ ဒုတိယဘုရားတစ်ခုဖြစ်ပါတယ်။မျက်ရှင်တော်ဆုတောင်းပြည့်ဘုရားလို့ခေါ်တွင်ပြီး သမိုင်းဝင်ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။----------------------------------------------ရာဇသင်္ကြန်အမတ်ကြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့ဒလ----------------------------------------------တကယ်တော့ ဒလဆိုတာ ပုဂံခေတ်က မင်းဒဏ်မင်းသင့်ခံရတာမျျိုးဆိုရင် ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့လည်းဖြစ်ခဲ့ပါတယ်တဲ့။ ထင်ရှားခဲ့တာကတော့ ရာဇသင်္ကြန်အမတ်ကြီး လို့ဆိုပါတယ်။ ရာဇသင်္ကြန်အမတ်ကြီးဟာ သီဟသူ အိမ်ရှေ့မင်းသားကို ဘုရင် မတင်ပဲ သပွတ်သည်နဲ့ရတဲ့ သား နရသီဟပတေ့ကို နန်းတင်ပေးလိုက်တဲ့အတွက် ဘုရင်ဖြစ်သွားခဲ့တယ်။ဒါမို့ ရာဇသင်္ကြန်ကို အငြိုးအတေးတွေနဲ့ ဒလကို ပြည်နှင်ဒဏ်ပေးလိုက်ရပါ တယ်။ အဲဒီတုန်းကက ဒေသခံတွေက စားဝတ်နေရေးအတွက် အခက်ခဲကြုံရသလို ရေ အခက်အခဲတွေနဲ့လည်း ကြုံရတယ်။ ဒါကြောင့် ဒီမြို့ကိုလည်း ကျိန်စာတိုက်ခဲ့တာလို့လည်း ဆိုကြတယ်တဲ့။ ရေချိုမထွက်ပါစေနဲ့လည်းဆိုခဲ့တယ်တဲ့။ ပုံပြင်တွေကော ဒဏ္ဍာရီတွေကောရှိခဲ့တာပါ။ အရင်တုန်းက ဒီ ဒလမှာ ဆင်တင်းကုတ်တွေ ရှိတယ်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဟိုတုန်းက ပုဂံနဲ့ ဒလဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုပဲတဲ့နော်။ ဒလမြို့ဟာ ရှေးတုန်းက တလိုင်းသူရဲကောင်း အဲမွန်ဒရာတို့ ပေါ်ထွန်းခဲ့ကြသလို ဟိုတုန်းက ဒီနေရာဟာ မဲဇာတောင်ခြေလိုမျိုး အဆောင်အယောင်သိမ်းပြီး ပြည်နှင်ဒဏ်ပေးခံရတဲ့ မြို့လို့ ခေါ်တွင်ပါတယ်တဲ့။ ကျန်စစ်သားဆိုရင်လည်း မဏိစန္ဒာနဲ့ ပတ်သက်ပြီး ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဒလမှာပဲ ခိုလှုံရတာပါပဲ။----------------------------------------------ဒလမြို့ရဲ့ လူဦးရေ----------------------------------------------ဒလမှာ ရပ်ကွက် ပေါင်း ၂၄ ရပ်ကွက်ရှိပြီး လူဦးရေ ၂သိန်းနီးပါးရှိနေထိုင်ကြပါတယ်။ကျေးရွာအုပ်စုက ၂၃ အုပ်စုရှိပြီး ရွာပေါင်း ၅၄ ရွာရှိပါတယ်တဲ့။ ထင်တောင်မထင်ရဘူးနော်။အဓိက လုပ်ကိုင်တာက ဒလမြို့နယ်ဟာ အခြေခံလူတန်းစားတွေ များပြားပါ တယ်။ အများအားဖြင့့် ရန်ကုန်တက်ပြီး အလုပ်လုပ်ကြရတာ များပါတယ်။ ရေရှားတဲ့အတွက်ကြောင့် ပေဘယ်လောက် နက်နက် ရေချိုမထွက်ကြပါဘူး၊ အဲဒါကြောင့် စက်ရုံလည်း မရှိသလို ဒေသထွက်ကုန်လည်း မရှိပါ ဘူး၊ ရန်ကုန် ဝါးတားဘတ်စ်ကတော့ အရင်က ၄၆ ခေါက်ဆွဲပေးတယ်။ မနက် ၅နာရီကနေ ည၉ခွဲထိကို ။ ဒါ့အပြင် ဒလမြို့နယ်မှာ သဗ္ဗာန်ဆိပ်လေး ၁၁ ဂိတ်ရှိတယ်။ ရေချိုမရှိတော့ မိုးရေကန်ကိုသာအားထားရပါတယ်။ မိုးရေကန်ပေါင်း က ၃၀၀ကျော်လောက်ရှိပါတယ်။ သိပ္ပံအယူအဆနဲ့ကြတော့ ပင်လယ်နဲ့နီးလို့ ရယ် ၊ကျောက်ဖြာရှိလို့ ရေမထွက်တာလို့ပြောကြတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ ပုံပြင်တွေ ဒဏ္ဍာရီတွေကို အယုံအကြည်မရှိကြပါဘူး။ ဒီ ဒလမှာ မွတ်စလင်၊ဟိန္ဒူ၊ခရစ်ယာန်၊မြန်မာ ဘာသာပေါင်းစုံနေထိုင်ကြပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်ကြပါတယ်။----------------------------------------------ဘယ်လောက်ကုန်ကျမလဲ----------------------------------------------လမ်းသစ် ဂိတ်ကနေ ရန်ကုန်ဝါးတားဘတ်စ်နဲ့စီးရင် ၃၀၀ ကျပ်ရပြီး ဟိုဘက်ကမ်းရောက်တဲ့အခါ တုပ်တုပ်နဲ့ လည်ပတ်လို့ရပါတယ်။ တုပ်တုပ်ကို စင်းလုံးဌား လည်ပတ်လို့ရပါတယ်။တစ်စီးလုံးမှ ၃၀၀၀ ကျပ်ပဲကျသင့်ပါတယ်၊ ကိုယ်တွေက ၁၀၀၀ ကျပ်ပိုပေးလိုက်တော့ ၄၀၀၀ ကျပ်ကျသင့်ပါတယ်။ လူ ၄ဦးစီးလို့ရပါတယ်။ အပြန်ကျရင်လည်း ဝါးတားဘတ်စ်နဲ့ပြန်ချင်ရင် ၃၀၀ ကျပ်နဲ့ပြန်လို့ရသလို သဗ္ဗာန်စီးပြီး Expore လုပ်ချင်ရင်လည်း ၃၀၀ ကျပ်ပါပဲ။ စုစုပေါင်းတစ်ယောက်ကို ၁၅၀၀ ကျပ်လောက်ပဲကျသင့်မှာဖြစ်ပါတယ်။ ဒါက မိမိအစီအစဉ်နဲ့ သွားချင်တဲ့သူတွေအတွက်ပါ။ဒါမှမဟုတ် ဒလဘက်ဆိုက်ကား Tour နဲ့ လည်ပတ်ချင်ရင်တော့ တစ်ယောက်ကို ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး Sight Seen Tour လည်ပတ်နိုင်ပါတယ်။ ဆက်သွယ်ချင်တယ်ဆိုရင် ကိုဇော်မင်းစိုး ဖုံး ၀၉၂၅၃၃၆၆၄၄၇ ကိုဆက်သွယ် သွားရောက်လည်ပတ်နိုင်ပါတယ်။----------------------------------------------နိုင်ငံခြားသားအတွက်----------------------------------------------တိုးရာသီဆိုရင် Sight Seen Tour ၇ခုလောက်ရှိပါတယ်။နိုင်ငံခြားသားအတွက်ချည်းပဲ၊မြန်မာမပါဘူး။ အဓိကက ဘုရားကို ပို့ပေးပါတယ်။ဈေးနှစ်ခုပါတယ်။ ပြီးတော့ သူတို့ အရမ်း စိတ်ဝင်စားတာက လူနေမှုအဆင့်အတန်း တွေလေ့လာကြတယ်။ ဝါးအိမ်လေးတွေ၊ ကျုူးကျော်တဲလေးတွေကို စိတ်ဝင်စားကြတယ်။ လယ်ကွင်းလေးတွေကို စိတ်ဝင်စားကြတယ်။ နိုင်ငံခြားသားတွေအတွက်ဆိုရင် အိမ်တွင်းမှု အလုပ်ရုံ လေးတွေကို ပို့ပေးရသလို ။ လုပ်ငန်းသုံးခုရှိကို ပို့ဆောင်ပေးရပါတယ်။ ကော်ပြန့်လုပ်ငန်း စမူဆာ၊ ဌက်ပျောသီးကြော် လုပ်တဲ့ အဖတ်လုပ်ငန်းတွေရှိတယ်။ ဖယောင်းတိုင်လုပ်ငန်းလေးတွေရှိတယ်။ စွန့်ပစ်ပစ္စည်းတွေကိုပြန်သုံးတဲ့ လက်မှုပညာပြခန်း တွေရှိတယ်။ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကို လေ့လာကြတယ်။ ဒါတွေကတော့ နိုင်ငံခြားသားတွေအတွက်ဖြစ်ပါတယ်တဲ့။
----------------------------------------------ပြည်တွင်းတွေအတွက်ဆိုရင်----------------------------------------------ဘုရားတစ်မျိုးပြပေးတယ်။ ရွှေဆံရာဘုရားကို ပြပေးတယ်။ လယ်ကွင်း စိုက်ခင်း စပါးခင်း ဓာတ်ပုံရိုက်လို့ရတဲ့ နေရာလေးတွေကို ပြပေးတယ်။ နောက်တနေရာက လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ ပြီးရင် Recycle တွေနဲ့ အလှဆင်ထားတဲ့ကြွပ်ကြွပ် လက်မှုပညာပြခန်းတွေဆီကို ပို့ပေးပါတယ်။ အီတလီက နည်းပညာနဲ့ လုပ်ပြီး အင်ဂျီအို အဖွဲ့တစ်ခုဖြစ်ပြီး ကြွပ်ကြွပ် လို့အမည်ပေးထားတဲ့ စွန့်ပစ်ပစ္စည်း လက်မှုလုပ်ငန်းကိုလေ့လာနိုင်ပါ တယ်။ လူတွေ မသုံးပဲ စွန့်ပစ်လိုက်ကြတဲ့ ကော်ဖီမစ်အိတ် ၊ဘိလပ်မြေအိတ်၊ ဆာလာအိတ်တွေ ကြွပ်ကြွပ်အိတ် တွေနဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကိုပြန်လုပ်ပေးတဲ့ လုပ်ငန်းခွင်လေးကို လေ့လာနိုင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကိုပြန်သုံးတဲ့ လက်မှုပညာပြခန်း ပြပြီးရင် Sight Seen Tour ပရိုဂရမ်ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီပရိုဂရမ်နဲ့ ချိတ်ဆက်ပြီး သွားချင်တယ်ဆိုရင် တစ်ယောက်ကို ၅၀၀၀ ကျပ်နဲ့ ပို့ဆောင်ပေးပါ တယ်။ တင်္နနွေအပတ်တိုင်း ပြည်တွင်းခရီးသွားတွေကို ရောင်းချပေးနေပါ တယ်။ ဒီလို တစ်ယောက်ကို ငါးထောင်ကျပ်နဲ့ ပို့ဆောင်တဲ့အခါမှာ ဆိုက်ကားခအနေနဲ့ ၃၀၀၀ ကျပ်ရပြီး ခရီးသွားကုမ္ပဏီကတော့ ၂၀၀၀ ကျပ်ပဲ ရပါတယ်။ အခုလို ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ အခုလို ပရိုမိုးရှင်းလေးတွေကို လုပ်ပေးနေရသလို တစ်ဖက်တစ်လမ်းကနေ ဒေသဝင်ငွေ ရရှိစေဖို့ရယ်၊ အလုပ်အကိုင် အခွင့်အလန်းလေးတွေကို ရရှိစေချင်တယ်ဆိုရင် အခုလို ဒလမြို့ရဲ့ Sight Seen Tourတွေကို အားပေးကြရင်း ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ကြပါမယ်။ဒလမြို့နယ် အကြောင်း သိလိုသမျှကို ရှင်းပြပေးခဲ့သူ ကိုဇော်မင်းစိုး ကိုလည်း ကျေးဇူး အထူး တင်ရှိပါတယ်။
Contine Reading
By -
/ 11-06-2022နှင်းမှုန်မြို့တော် က ဒိုင်နိုဆော ပန်းခြံ
#Travelling Journal
တောင်လှေကား မြို့တော်၊ နှင်းမှုန်မြို့တော် ဟု အမည်ဝိသေသ ရှိသည့် ပြင်ဦးလွင်မြို့တွင် ခရီးသွား များလည်ပတ်စရာနေရာအသစ်တစ်ခုအနေဖြင့် ဒိုင်နိုဆော ပန်းခြံ ကို ဖွင့်လှစ်ထားသည်။
မြေဧက ၂ဧက နီးပါးပေါ်တွင် Myhouse garden (PyinOoLwin) ဟု အမည်ပေးထားသည့် စားသောက်ဆိုင်နှင့် ဒိုင်နိုဆော ပန်းခြံ ကို Mini Zoo ပုံစံသဖွယ် ဆောက်လုပ်ထားသည်။ လက်ရှိတွင် ဒိုင်နိုဆော အရုပ်( ၈ )ရုပ် ဖြင့် အသက်ဝင်အောင် ဖန်တီးပုံဖော်ထားသည်ဟု ယင်းပန်းခြံ က တာဝန်ရှိသူ က ပြောသည်။
ဝင်ကြေးအနေဖြင့် လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်
ကလေးတစ်ဦးလျှင် ၅၀၀ ကျပ်သာ သတ်မှတ်ထား သည်။ မန္တလေး လာရှိုးလမ်းမကြီးဘေး တွင် တည်ရှိ
သည့် ဒိုင်နိုဆော ပန်းခြံကို ဇန်နဝါရီ ၂၅ ရက်မှ စတင်
ဖွင့်လှစ် ခဲ့ကာ ဒေသခံများ အလုပ်အကိုင်အခွင့်
အလမ်း များရရှိစေရန် ရည်ရွယ်ပြီး ဒိုင်နိုဆော ပန်းခြံကို စိတ်ကူးပုံဖော် အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလများ၌ ပိတ်ရက်များတွင်သာ လာရောက်လည်ပတ်သူ များပြားကြောင်း သိရသည်။
ပြင်ဦးလွင် မြို့တော် သည် ပြည်တွင်း ခရီးသွား အများဆုံး သွားရောက် အပန်းဖြေ လည်ပတ်လေ့ရှိသည့် မြို့တော်တစ်ခုလည်းဖြစ်သည်။ ထင်ရှားသည့်နေရာများမှာ အမျိုးသား ကန်တော်ကြီး ဥယျာဥ်၊ ဘုရင်ခံအိမ် (ခေါ်) Governors House ၊ ဓါတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ ၊ ဘန့်ဘွေးကျင်းရေတံခွန် နှင့် ပွဲကောက်ရေတံခွန် တို့ကို ခရီးသွား အများဆုံး သွားရောက်လည်ပတ်ကြသည်။
#Travelling journal
#Photo Essays
#Photo Htet Htet Naing
Contine Reading
By -
/ 11-06-2022ခရုခွံတွေ ချစ်တဲ့ တာဝန်သိ ခရီးသွားချစ်သူ ဖြစ်ပါစေ
အောင်ဖြိုးဦး ( ကော့သောင်း )
ပင်လယ် ကမ်းခြေတွေကို ရောက်တဲ့အခါမှာ ကမ်းခြေ သောင်ပြင်မှာ ဒီရေလှိုင်းတွေ ရိုက် ပုတ်မှုကြောင့် သောင် ပြင် တလျောက် တင်ကျန်နေတဲ့ ခရုခွံလေးတွေ၊ သဘာဝအလျှောက် သောင်ပြင်မှာ နေထိုင်ကျက်စားတဲ့ ဝင်ကစွပ် လေးတွေဟာ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် တွေကို ပုံစံအမျိုးမျိုးနဲ့ဆွဲဆောင်နေကြပါတယ်။
လှတာမြင်ရင် လူသားတွေရဲ့သဘောဆန္ဒအရကောက်ယူသိမ်းဆည်းချင်ကြတဲ့ အကျင့်စရိုက်ကလဲတော် တော်များများကို တားမရဖျောက်မရတဲ့အနေအထားတစ်ခုပါ။
#ဒီလိုခရုခွံလေးတွေကို ဘာလို့မကောက်ခိုင်းတော့သလဲ
ဒီလို ခရုခွံလေးတွေကို ဘာလို့မကောက်ခိုင်းကြတာလဲလို့ စူးစမ်းတဲ့အသိစိတ်နဲ့ ခရီးသွားတွေ မေးမြန်းလာခဲ့တဲ့အခါ မှာ ခရုခွံလေးအတွင်းမှာ နေထိုင်တဲ့ ရေနေ သတ္တဝါ
တွေ သူတို့ရဲ့ခန္ဓာကိုယ် ကြီးထွားမှုအလိုက်ပြောင်းလဲနေထိုင်ရန် ဒီ ခရုခွံလေးတွေကို လိုအပ်နေတာကြောင့် မို့ပဲ ဖြစ်ပါတယ်။
ဒေသခံဧည့်လမ်းညွှန်အနေနဲ့ ကိုယ့်ရဲ့ခရီးသွားဧည့်သည်ကို စိတ်ကျေနပ်မှုပေးနိုင်ဖို့ အဓိက ကျပါတယ်။
ခရီးသွားဧည့်သည်ကို ရှင်းပြတဲ့အခါမှာ သူ့တို့ နားလည်ပေါက်နိုင်မဲ့ စကားလုံးအသုံးအနှုန်းမျိုးကို ရွေးချယ်သုံးစွဲပြီး ဖြေကြားပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ ECOTOURISM ရဲ့အခန်းကဏ္ဏ က စာတွေ့အသိကို လက်တွေ့အသိနဲ့ ပေါင်းစပ်ပြီး သဘာဝအကျဆုံး
ရှင်းပြနိုင်ဖို့ လိုတယ်ဆိုတာပါပဲ။ ပြင်ပကနေ လေ့လာထားတဲ့ KNOWLEDGE တွေကိုပါ ထည့်သွင်းအသုံးချတတ်ရမှာဖြစ်တယ်။ မဟုတ်ရင် ဒီဧည့်လမ်းညွှန် ဟာလမ်းပြအဆင့်သာရှိတယ်လို့ ယူဆလို့ရပါတယ်။
#ခရုခွံတစ်ခွံက ဘာကြောင့် အရေးကြီးသလဲ
ခရုခွံတစ်ခွံရဲ့ ကျွန်တော်တို့ သတိမထားမိတဲ့ အရေးပါပုံ အကြောင်းကို စဉ်းစားတဲ့အခါမှာ ပင်လယ် ရေမှော်အကြောင်းကို သင်ကြားပြသတဲ့ ပါမောက္ခ(ဌာနမှုး) တစ်ယောက်ရဲ့ စာသင်ချိန်မှာ ထည့်သွင်း သင်ကြား တဲ့ ခရုခွံတစ်ခုရဲ့ အရေးပါပုံအကြောင်းကို ခေါင်းထဲ ပြန်ပေါ်လာမိတယ်။ ဆရာကြီးရဲ့ Professional Mail Field က Seaweed ပေါ့။ ဆရာကြီးဟာ သုတေသနလုပ်ငန်းတွေမှာ အမြဲအစဉ်တစိုက် ကြိုးစားခဲ့သလို ရေမှော်ရေညှိတွေ အပိုင်းမှာ ဂုရု တစ်ဉီးအဖြစ်နဲ့မြန်မာပြည်တွင်းမှာသာမက တခြားနိုင်ငံတော်တော်များများတွေမှာလဲနာမည်တစ်ခုပေါက် မြောက် ပြီးထင်ရှားတဲ့သူတစ်ဦးဖြစ်ပါတယ်။
သူ့ရဲ့ဘဝတစ်ခုကို သုတေသနလုပ်ငန်းစဉ်တွေမှာ အားထည့်လုပ်ကိုင်ရင်း နဲ့ဂျပန်နိုင်ငံရဲ့ ဖိတ်ကြားတဲ့ ပညာသင်တွေ အစည်းအဝေးတွေ SEMINAR တွေကိုအခါအခွင့်ကြုံသလိုတက်ရ သွားရတဲ့အခါတွေရှိခဲ့ပါတယ်။ ဂျပန်ကိုရောက်တဲ့အခါ ဂျပန်နိုင်ငံမှာစီးပွားဖြစ်စိုက်ပျိုးမွေးမြူပြီး စားသောက်ကြတဲ့ ပင်လယ်ရေညှိ ရေမှော်တစ်မျိုး (ရေမှော်အမျိုးအစားနာမည်မမှတ်မိတော့ပါ)ကိုသူလေ့လာခွင့်ရတာပေါ့။ အဲ့ဒီရေညှိရဲ့ စိုက်ပျိုးမွေးမြူတဲ့စနစ်ကိုလေ့လာတဲ့အခါ မြန်မာပြည်မှာလဲတွေ့ရတဲ့မျိုးစိတ်တစ်မျိုးဖြစ်နေတာတွေ့ရပါတယ်။
ဒါပေမယ့်မြန်မာပြည်ထဲမှာက အရမ်းနည်းပြီး သူတို့နိုင်ငံမှာကျ ဘာလို့စိုက်ပျိုးဖြစ်ထွန်းပြီး စီးပွား ဖြစ်လောက်အောင် မွေးမြူဖြစ်ထွန်းကြသလဲဆိုတာ ကို ဆရာကြီးက ဆက်လေ့လာဖြစ်ခဲ့တယ်။ မြန်မာပြည်ပြန်ရောက်တဲ့အခါမှာ LAB ထဲမှာ ဂျပန်နိုင်ငံရဲ့ ENVIRONMENTAL FACTOR တွေအတိုင်းပြင်ဆင်ပြီးတော့ မွေးပေမယ့် မဖြစ်ထွန်းဘူး။ ENVIRONMENTAL FACTOR တွေဆိုတာကတော့ (Temperature, Dissolve Oxygen, PH, Salinity, အစရှိသဖြင့် အများကြီးပေါ့) နောက်ဆုံးမှာ SPORE တွေဖောက်တဲ့အခါမှာ လုံးဝ မထွက်လာဘူး ထွက်လာတဲ့ SPORE လေးတွေကလဲ သေသွားတာပေါ့။ တခြားနည်းလမ်းတွေနဲ့အမျိုးမျိုးစမ်းသပ်တဲ့အဆုံးမရတာနဲ့ နောက်တစ်ခေါက် သူတို့နိုင်ငံကိုပြန်ရောက်တဲ့အခါ လျှို့ဝှက်ချက်တစ်ခုကို သတိထားမိရင်း တွေ့သွားခဲ့ပါတယ်။
အဲ့ဒါက ဘာလဲဆိုရင် ဂျပန်နိုင်ငံရဲ့ ပင်လယ်ပြင်ထဲက ရေညှိစိုက်ပျိုးရေး FARM တွေထဲမှာ ကြိုးတန်းတွေမှာ ခရုခွံအစစ်တွေကို တွဲချည်ထားတာကို တွေ့သွားပါတယ်။ ပင်လယ်ထဲက စိုက်ပျိုးရေး FARM အခင်းတွေမှာ တနိုင်ငံလုံးစားသုံးနိုင်ရုံမက တခြားနိုင်ငံတွေ အထိကို တင်ပို့နိုင်လောက်အောင် စီးပွားဖြစ် စိုက်ပျိုးမွေးမြူထုတ်လုပ်နေနိုင်ခဲ့တာပါ။ ဆရာကြီးရဲ့ LAB ထဲမှာဘယ်လိုနည်းနဲ မှ SPORE ဖောက်လို့မရ တွယ်ကပ်စရာ အမှီတစ်ခုဖြစ်တဲ့ ခရုခွံ တစ် မျိုး တည်း မှာ သာတွယ်ကပ်နိုင်တဲ့ လျှို့ဝှက်ချက် တစ်ခုကို သူသွားတွေ့လာခဲ့တာပေါ့။
ဒါကြောင့် လူတိုင်းနားလည် အောင် ချုံငုံပြောပြ ရှင်းပြရရင် ECOSYSTEM လို့ လွယ်လွယ်ကူကူသုံးလို့ရပါတယ်။ ပင်လယ်ကမ်းခြေဒေသတွေမှာ သူနဲ့ ဆက်စပ်အမှီသဟဲ ပြုနေထိုင်ကြတဲ့အရာတွေမှာ ကျောက်ဆောင် ကျောက်တုံး ကျောက်ခဲတွေက အစ ၊ ပင်လယ်ရေနဲ့အတူတူမျောပါလာတဲ့ သစ်ပင် သစ်ကိုင်း သစ်ရွက် တွေမှာနဲ့ ကျွန်တော်တို့ သိပ်လှ သိပ်မက်မောစရာ ကောင်းတဲ့ ခရုခွံတွေ အထိ ဆက်စပ်မှု အရေးပါမှုပါနေကြတယ်ဆိုတာကို နားလည် သဘောပေါက် သိရှိထားဖို့ လိုပါတယ်။
#အငှားခန္ဓာကိုယ် အဖြစ် ရှင်သန်နေရတဲ့ ဝင်ကစွတ်
သေဆုံးသွားတဲ့ ခရုခွံတွေကို ဝင်ကစွတ်လို အခွံမာ မရှိတဲ့ သတ္တဝါတွေက သူ့တို့ရဲ့ခန္ဓာကိုယ်ကို ကြီးမားတဲ့ ရေငှက်တွေ ရဲ့ စားသောက်ခြင်းက ကာကွယ်နိုင်ဖို့ အတွက်
အငှားခန္ဓာကိုယ် အဖြစ်နဲ့ ရှင်သန် နေရသလို ရေမှာ ရှင်သန် ပေါက်ဖွားကြတဲ့ ကုန်းမြေမှာ ပေါက်တဲ့ အပင်တွေထက် OXYGEN ကို ပိုထုတ်ပေးနေကြတဲ့ ပင်လယ်ထဲအပင်မျိုးတွေဖြစ်ကြတဲ့ထဲက သာမန် မျက်စိနဲ့ အမြင် နိုင် ဆုံး အရွယ် အစားထဲကဖြစ်တဲ့ SEA WEEDS နဲ့ ALGAES တွေရဲ့ မျိုးပွားမှုအခန်း ကဏ္ဏမှာလဲ ခရုခွံတွေရဲ့ အရေးပါမှုကလဲ ပါဝင် ပတ်သက်တာမို့ ခရီးသွားချစ်သူ တွေ သတိထားနိုင်ကြပြီမို့ ကမ်းခြေတွေ ရောက်ခဲ့ရင် အိမ်မှာထားလို့ ဘာမှအသုံးမဝင်တဲ့ ခရုခွံလှလှလေးတွေကို အတတ်နိုင်ဆုံး မကောက်ဖို့ နဲ့ မလိုအပ်တဲ့အခါမှာ ကျောက်တုံး ကျောက်ခဲကြီးတွေက အစ နေရာရွှေ့ပြောင်းတာ ပြင်ဆင်တာမျိုးတွေ မလုပ်ကြရင်း
တာဝန်သိ ခရီးသွားချစ်သူ တစ်ယောက်အနေနဲ့ ကူညီပေးနိုင်ကြပါစေ။
#Travelling journal
#Article
#Photo Ko Soe Lin
ဒေးဒရဲ မြို့နယ် တိုးရွာအနီး က ခရုဖြူကမ်းစပ်
မြင်ကွင်းအလှကို တွေ့ရစဥ် ။
Contine Reading
By -
/ 11-06-2022လမ်းတဆုံးမြို့လေး က ဇော်ဂျီရေထွက်
#နှင်းဆီသခင်
"ရေချိုးသွားဖို့ဆိုရင် အရင်ဆုံး အမျိုးအရင် စပ်ကြရတယ်လို့ ရယ်ရယ်မောမော ပြောပြလာတဲ့သူက" ပင်းတယ က ဒေသဧည့်လမ်းညွှန် အစ်ကို ကိုစိုးသီဟ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ရိုးရာဓလေ့ ယုံကြည်မှုကြောင့်မို့ ဇော်ဂျီ ရေထွက် ကို ရေလာကစားကြတဲ့အခါ အခုလိုမျိုး အရင်ဆုံး အမျိုးစပ်ကြရတာ ဖြစ်ပါတယ်။
အစကတော့ စာရေးသူ နားမလည်သလို ဖြစ်ပေမယ့် အကြောင်းစုံကိုသေချာမေးမိမှ သဲသဲကွဲကွဲ သိသွားရပါတယ်။ အကြောင်းကတော့ ရေထွက်တဲ့ နေရာက နှစ်ပေါက်ရှိပြီးတော့ ဒေသအခေါ်အရ မောင် ပေါက် မ ပေါက် ဆိုပြီးခေါ် ဝေါ် သုံးနှုံးကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဇော်ဂျီ ရေထွက်ကို ရေလာကစားကြပြီဆိုရင် ဒေသယုံကြည်မှုအရ မောင်နှမအတူတူ တွဲပြီး ရေထွက်ပေါက် တစ်ခုတည်းဆီ ကို မသွားကြပါဘူး။
ယောကျာ်းလေးဖြစ်သူက မောင် ပေါက် ရေထွက်ဘက်ကို သွားရင် မိန်းကလေးဖြစ်သူက မ ပေါက် ရေထွက်ဘက်ကို သွားကြရတာ ဖြစ်ပါတယ်။ အတူတူ သွားရင် တစ်စုံတစ်ရာ ဖြစ်တတ်ကြတယ်လို့ ဒေသယုံကြည်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။
ဇော်ဂျီရေထွက်ပေါက် က ပင်းတယမြို့ရဲ့ အထင်ကရ တစ်ခု ဖြစ်ပေမယ့် ခရီးသွားဧည့်သည်တွေကြားမှာ တိမ်မြုပ်နေတဲ့ နေရာတစ်ခုဖြစ်လို့နေပါတယ်။ ဇော်ဂျီ ရေထွက် ရေကန်ဟာ သဘာဝ ရေထွက် တစ်ခု ဖြစ်ပြီး ဇော်ဂျီကျေးရွာထဲမှာ တည်ရှိပါတယ်။
ပင်းတယ မြို့ထဲက နေ ကားနဲ့ မိနစ်ပိုင်း သွားရောက် နိုင်တဲ့ နေရာဖြစ်ပြီး ဇော်ဂျီ ရေထွက်ကို ရှင်မိယာကုန်းကနေ တောင်တက်ပြေပြေလေးနဲ့ Trekking လေးလျှောက်ပြီး သွားရောက် လို့ရပါတယ်။ အေးစိမ့်တဲ့ တောအုပ်ထဲတွင်း ရှိတာမို့ တောတောင် သဘာ၀ ကို ကောင်းကောင်းခံစားနိုင်ပါသေးတယ်။
တကယ်တော့ ပင်းတယ ဆိုတာက ဒဏ္ဍာရီတွေ ရှိတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပြီး လမ်းတဆုံးမြို့လေးလို့ တောင် ခေါ်ဝေါ်ကြပါတယ်။ စာရေးသူတို့ ကြားဖူးကြတဲ့ ပုန်းတလုပ်ရေကန် ၊ ဒွေးမယ်နော် နဲ့ သုဓနု မင်းသား ဇတ်လမ်းတွေက ဒီ ပင်းတယမြို့ငယ်လေးကို မြစ်ဖျားခံစေတာပါပဲ။ ဇော်ဂျီရေထွက်ဆိုတာလည်း သုဓနုမင်းသားနဲ့ ဒွေးမယ်နော်တို့ရဲ့ ဇာတ်ကြောင်းထဲမှာ တစ်ခုပါ၀င်တာမို့ ရှင်မိယာကုန်းပေါ်မှာ သုဓနုမင်းသားနဲ့ ကြင်ရာတော် ဒွေးမယ်နော်တို့ရဲ့ ရုပ်ထုကို ထုလုပ်ထားတာ တွေ့ရသလို တရားရိပ်သာကိုလည်း တွေ့မြင်ရပါတယ်။
ရှင်မိယာကုန်းကနေ တောလမ်းလေးအတိုင်း လမ်း လျှောက် ရင်း သစ်ရိပ်ဝါးရိပ်တွေပြည့်နေတဲ့ လမ်းကျယ်ကျယ် လေးရောက်တော့ ကျိုင်းတုံရေတံခွန်ကိုသွားခဲ့တုန်းက ခံစားမှုကို ရရှိစေခဲ့ပြန်တယ်။ အေးစိမ့်တဲ့ရာသီဥတု နဲ့ စိတ်အေးချမ်းမှု ကို တပြိုင်နက် ရရှိစေခဲ့တာပါ။
အဲဒါဇော်ဂျီရေထွက်ကန်ကနေ စီးဆင်းလာတဲ့ ရေတွေကို သိုလှောင်ထားတဲ့ စမ်းချောင်းလေးလို့ ချောင်းလေးကို လက်ညိုးထိုးပြပြီး ရှင်းပြပါတယ်။ ဒီနေရာက စမ်းချောင်းရဲ့ အစ သ ဘောမျိုးဖြစ်နေတာမို့ သိပ်မကျယ်ပေမဲ့ ရေကတော့ တွေ့ရတဲ့ အတိုင်း ကြည်နေတာ။ ဒီနေရာမှာ ရေလည်း သိပ်မနက်တော့ ဒီနေရာမှာပဲ အပန်းဖြေ တာ၊ ရေဆော့တာတွေ ရှိကြတယ်။ သကြ်န် ဆိုရင် လူတွေက သိသိ မသိသိ ရေလာကစားကြလေ့ရှိတယ်။ ချောင်းထဲ ရေကစားတဲ့သူက ကစား ဘေးနားမှာ ချက်ပြုတ်စား သောက်တဲ့သူက စားကြသောက်ကြနဲ့တနေကုန် အေးဆေးလာနားကြတယ်။
ဒီနေရာမှာတော့ (မောင်) တွေ (မ) တွေ မခွဲခြားတော့ဘူး အတူတူ ရေကစားလို့ ရတယ်။ ရေထွက်တဲ့ နေရာကို သွားတော့မယ်ဆို တဲ့ အခါကျမှ အမျိုး စပြီး စပ်ကြတော့တာပဲ။ ရယ်ရယ် မောမောနဲ့ နင် နဲ့ ငါက ဘယ်လို အမျိုးတော်တယ်။ ဘယ်နှစ်၀မ်းကွဲတယ်ဆိုတာတွေက အဲ့ကျမှ စကျတော့တာပဲ လို့ ဧည့်လမ်းညွှန် ကိုစိုးသီဟက ပြောပြပါတယ်။
အဲဒီကနေ တဆင့် တောလမ်းလေးအတိုင်း လျှောက်ပြီးတဲ့ခဏအကြာမှာတော့ ဇော်ဂျီ ရေထွက်ပေါက် နှစ်ပေါက် ရှိတဲ့အထဲ က (မောင်) ပေါက်လို့ ခေါ်တဲ့ မြစိမ်းရောင် အသွင် ကြည်လင်နေတဲ့ရေကန်လေးကို တွေ့လိုက်ရ ပါတော့တယ်။ ရေတွေက ဘယ်ကနေ လာတာလဲလို့ မေးမိတော့ ကျောက်ကြားတွေကနေ စီးလာတာလို့ပဲ ပြောပါတယ်။ ဒါနဲ့ ဒီရေကန်ထဲ ဆင်းဖူးလားလို့ ဆိုတော့ မဆင်းကြပါဘူး။ ဒီအောက်မှာ ဘာတွေရှိမလဲ မသိနိုင်ဘူးလေ။ မဆင်းရဲဘူး။ သန့်ရှင်းရေး လောက်ပဲ လုပ်ကြတယ် လို့ ကိုစိုးသီဟ က ဆိုပါတယ်။
ရေအရောင်က ကြည်မြနေတာမို့ ကန် ထဲမှာ ပြေးလွားနေတဲ့ ငါးလေးတွေကိုလည်းမြင်ရသလို ကန် အနေအထားက သိပ်ပြီး မကျယ်ဘူးလို့ ဆိုနိုင်ပေမဲ့ ရေထွက်အားအရမ်းကောင်းတယ်လို့ သိရပါတယ်။ အံ့သြစရာ ကောင်းလှ တာက ပင်းတယမြို့ရဲ့ အားထားရတဲ့ ပုန်းတလုပ်ရေကန် ရေခမ်းရင် ဒီဇော်ဂျီ ရေထွက်က ရေကို စုပ်ယူပြီး ပုန်းတလုပ်ကန်ထဲ ကို ရေထည့်သွင်းတယ်လို့လည်း သိရပါတယ်။
ရေထွက် (မောင်) ပေါက် ဘက်ကနေ တံတားလေးကူးပြီး သွားလိုက်တာနဲ့ ရေထွက် (မ) ပေါက်ဘက်ကို ရောက်ရှိခဲ့ပါတယ်။ တံတားလေးဆိုလို့ ကြီးကြီးမားမားရယ်မဟုတ်ပါဘူး။ ဘယ်ညာလက်ရန်းနဲ့ သစ်သား တံတားပဲဖြစ်ပါတယ်။ တံတားကိုတော့ တင်မိုးလွင် တံတားလို့ ဧည့်လမ်းညွှန်က ပြောပါတယ်။
အကြောင်းက အရင်ကဆို ရေထွက် (မ) ပေါက်ကူးမယ်ဆိုရင် ဟိုဘက် ဒီဘက် ကို သစ်လုံးကြီးကြီး တန်းတန်းပြီးကူးကြရာကနေ ကလေးသူငယ်တွေနဲ့ လူကြီးတွေ ကူးတဲ့အခါ အန္တရာယ်ရှိမှာစိုးတဲ့အတွက် မော်ဒယ်တင်မိုးလွင် ကနေ ကမကထ လုပ်ပြီး ဆောက်ပေးထားလို့ သိရပါတယ် ။ ရေထဲ နစ်မြုပ်နေတဲ့ သစ်လုံးကို ကြည့်ပြီး ကိုယ်ဆိုရင် မလွယ်ဘူးပဲ ဆိုပြီး တွေးမိလိုက်ပါသေးတယ်။
တံတားကျော်ပြီး အနည်းငယ်လမ်းလျှောက်သွားလိုက်ပြီ ဆိုတာနဲ့ (မ) ပေါက်ရေထွက်ပေါက်ကို တွေ့ရပါတယ်။ ထူးထူးခြားခြား ကွဲပြားတာမျိုး မရှိပေမဲ့ (မောင်)ပေါက် ရေထွက်နဲ့စာရင် သစ်ရိပ်ဝါးရိပ် နဲနဲ ထူထပ်တာ တွေ့ရသလို (မောင်) ပေါက်ရေထွက် ထက် ကန်အ၀ ပိုကျယ်ပြီး ရေထွက်အားကတော့ (မောင်) ပေါက် ရေထွက်ထက် ရေထွက်အား နည်းတယ်လို့ သိရပါတယ်။
တကယ်တော့ ပင်းတယမြို့ငယ်လေးမှာ ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်တဲ့ နေရာတွေ များစွာရှိပါတယ်။ ပင်းတယလို့ ပြောလိုက်တာနဲ့ နှစ်ရာချီရှိနေတဲ့ ညောင်ပင်အိုကြီးတွေ အစီအရီရှိတဲ့မြို့၊ ပြည်တွင်းခရီးသွား တွေ တခုတ်တရ နဲ့ လာရောက်ဖူးမြှော်ကြတဲ့ ရွှေဥမင် ဘုရားနဲ့ ကုံလုံဆရာတော် ရုပ်ကလာဒ် ကျောင်း၊ ရိုးရာထီးလုပ်ငန်း၊ စက္ကူလုပ်ငန်း ၊ လက်ဖက်လုပ်ငန်း နဲ့ တောတွင်းလမ်းလျှောက် တာတွေကို သွားရောက်လေ့လာနိုင်တဲ့ မြို့ငယ်လေးတစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ပင်းတယမြို့လေးကို ရောက်တုန်းရောက်ခိုက် လည်ပတ်စရာ အသစ်တွေကို ရှာဖွေရင်း ခရီးသွားတွေကြား တိမ်မြှုပ်လုလု ဖြစ်နေတဲ့ မြစိမ်းရောင် အသွင် ဇော်ဂျီရေထွက်ကို သွားရောက်လည်ပတ်ရင်း နဲ့ မရောက်ဖူးသေးတဲ့ ပတ်၀န်းကျင်အသစ် တောရိပ်တောင်ရိပ်အရသာကို ခံစားရင်း ဘာလို့ များ ရေထွက်နေရာ တစ်ခုတည်းကို မောင်နှမ အတူတူ သွားလို့မရတာလဲဆိုတဲ့ အတွေးတစ်ပိုင်းတစ်စနဲ့ တောလမ်းလေးတစ်လျှောက် ပြန်လာခဲ့ပါတော့တယ်။
#ZawgyiVersion
Contine Reading
By -
/ 15-01-2022ကိုဗစ်ကာလမှာ ခေတ်စားလာတဲ့ Camp Sites တွေကို တရားဝင် လိုင်စင်ချပေးတော့မှာလား
ဇန်နဝါရီ ၁၀ #Travelling journal
ကိုဗစ်ကာလတွင် ခေတ်စားလာခဲ့သည့် ရွက်ဖျဥ်တဲများဖြင့် အပန်းဖြေလာကြသော Camp Sites များကို ခရီး သွား လုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုအမျိုးအစားလုပ်ငန်းတွင် ထည့်သွင်းပြီး ခရီးသွား အပန်းဖြေ လိုင်စင်ထုတ်ပေးနိုင်ရန် စဥ်းစားနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဒုတိယညွန်ကြားရေးမှုးချုပ်ဦးအောင်အေးဟန် က Travelling journal သို့ပြောသည်။
အဆိုပါ Camp Site များသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးနယ်နမိတ် များတွင် အကောင် အထည်ဖော် လာမှုများလာကာ အနည်း ဆုံး Camping Sites အရေအတွက် ၂၀ ဝန်းကျင်ခန့်ရှိလာသည်။
ရန်ကုန်တိုင်းဒေသတွင် သာမက တိုင်းနှင့်ပြည်နယ်အသီးသီးများတွင်လည်း Camp ဖြင့် ညအိပ်သည့် ဝန်ဆောင်မှု ပေးသည့်နေရာများ ရှိလာပြီဖြစ်သည်။
"ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု ခေါင်းစဉ်အောက်မှာ ထည့်လို့ရတယ်။ ဥပမာ အပန်းဖြေ ဥယျာဥ် လိုမျိုးပေါ့။ အစုံလုပ်လို့ရတဲဟာမျိုး။ အဲဒါတွေက ခရီးသွား လုပ်ငန်းတွေပဲလေ။ဒီဟာတွေက လိုင်စင် အမျိုးအစားထဲမှာမပါဘူး။ လိုင်စင်ထုတ်ပေးလို့ရတဲ့အခြေအနေရှိပါတယ်။ ဆက်စပ်ဝန်ကြီးဌာနများရဲ့ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့မဆန့်ကျင်ဘူးဆိုရင်ပေါ့။ဒါကို သတ်မှတ်ခွင့်ပြုနိုင်ဖို့ဆိုရင် ပတ်သက်ဆက်နွယ်နေတဲ့ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးမှသာ ဆောင်ရွက် သွားဖို့ရှိပါတယ်။အထူးသဖြင့် လုပ်ပိုင်ခွင့်ကတော့ ဒေသဆိုင်ရာခရီးသွားကော်မတီ မှာဘဲရှိပါတယ်"ဟု ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က Travelling journal သို့ ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ကိုင်နေသည့် Camping နေရာများသည် ဥယျာဥ်ခြံ မြေအများဆုံး ဖြစ်သည်။ ဥယျာဥ်ခြံ မြေဆိုပါက ယင်းမြေအား အခြားနည်းသုံးစွဲခွင့်ကို တိုင်းဒေသကြီး အဆင့်သို့ တင်ပြလျှောက်ထား ရမည်ဖြစ်သလို လယ်ယာမြေအမျိုးအစားဆိုပါက ဗဟို အထိ တင်ပြလျှောက်ထားရမည် ဖြစ် ကြောင်း သိရသည်။
" အဲဒီလို Camp မျိုး လုပ်တာက လာလျှောက်တာတော့ မရှိဘူး။ CBTလို ဟာမျိုးလာလျှောက်တာပဲရှိပါတယ်။ အများစု အဲဒါတွေက ဥယျာဥ်ခြံ မြေတွေပါ။ ဥယျာဥ် ခြံမြေဆိုရင် တိုင်းဒေသကြီးအဆင့် လျှောက်တာနဲ့ ပြီးတယ်။ လယ်ယာမြေက ခိုင်လုံရင်တော့ လျှောက်လို့ရပါတယ်။ ဒါပေမယ့်ကြာတယ်။ အခြားနည်းသုံးစွဲခွင့်ကို ရမှသာ ဟိုတယ်ခရီးအပိုင်းက အလုပ်လုပ်လို့ရမှာ ဖြစ်ပါတယ်"ဟု ပဲခူးတိုင်းဒေသကြီး ဟိုတယ်/ခရီးတိုင်း တာဝန်ခံ ဦးဟောက်ကျင်မုန်က Travelling journal သို့ ပြောသည်။
သို့သော် ပဲခူးတိုင်းဒေသကြီး တွင် ၂၀၂၀ သြဂုတ်လ၌ ပြဌာန်းထားသည့် ဥပဒေတစ်ရပ်ရှိပြီး ယင်းဥပဒေတွင် အပန်းဖြေစခန်းများ ၊ တိရစ္ဆာန် ဥယျာဥ် ၊ ရုက္ခဗေဒဥယျာဥ် ဥပဒေ ဆိုပြီး ပြဌာန်းထားသည့် ဥပဒေရှိသည်။ ယင်းကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များက ပြဌာန်းထားသည့်ဥပဒေများဖြင့်လည်းလုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဥယျာဥ်ခြံ မြေများနှင့်လယ်မြေများတွင် စီးပွားရေး လုပ်ကိုင်ပါက မြေအား အခြားနည်းသုံးစွဲခွင့်ကို ပြုလုပ်ရမည် ဖြစ်ပြီး ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှစပြီး မြို့နယ် /ခရိုင်/ တိုင်းဒေသကြီး စသည့်တို့ထိ အဆင့်ဆင့် တင်ပြပြီး မြေအသုံးချခွင့်ရရှိပြီးမှသာ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရမည်ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်းဧရိယာ နယ်နိမိတ်အတွင်းရှိ Camp Site များမှာ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန သို့ တရားဝင် လာရောက်လျှောက်ထားမှုများ မရှိသေး ကြောင်း ဒုတိယ ညွန်ကြားရေးမှူးဦးမင်းမောင်စိုး က Travelling journal သို့ ပြောသည် ။
" ကျွန်တော်တို့ ဆီကို အခုလို လုပ်ကိုင်ခွင့်တင်ပြတာတစ်ဦးမျှ မရှိပါဘူး။ ကျွန်တော်တို့ဆီမှာတော့ဟိုတယ်ခရီးက ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ လိုင်စင်တွေ ထုတ်ပေးတာရှိတယ်။ ဘယ်လိုဟာမျိုးကို ပေးလဲဆိုတော့ မြေအသုံးပြုခွင့် ခိုင်မာဖို့ လိုတယ်။ တစ်ချို့က လယ်မြေ တို့ ဥယျာဥ်ခြံ မြေတို့ ဖြစ်နေတယ်။အဲဒါက လယ်ဆည် ဝန်ကြီးဌာနရဲ့ဥပဒေနဲ့လည်း ငြိစွန်းတာ ရှိနိုင်တယ်။ စီးပွားရေး လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် စီးပွားရေး လုပ်တဲ့မြေ ဖြစ်ရမယ်။ မြင်ရသလောက်ကတော့ ဒါတွေက လယ်မြေတွေ ဥယျာဥ်ခြံ မြေတွေပါပဲ"ဟု ဒုတိယ ညွန်ကြားရေးမှူး ဦးမင်းမောင်စိုး က Travelling journal သို့ ပြောသည် ။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် ဒေသ ဆိုင်ရာခရီးသွားကော်မတီ အစည်းအဝေး ၄/၂၀၂၀ တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး နော်ပန်းသဥ္စာမျိုးက Agri Tourism နှင့်ပတ်သက်ပြီး တင်ပြခဲ့ကာသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက် လမ်းညွန်ပေးရန် တင်ပြထားသော်လည်း ပြန်လည်ညွန်ကြား လာခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိ ခေတ်စားလာကြသည့် ရွက်ဖျဥ်တဲများ ဖြင့် Camp pound များသည် ပြီးခဲ့သည့် သုံးလေးနှစ် ကတည်းက Camp နှင့် Farm ဆက်စပ်နေသည့် လုပ်ငန်းများကို လုပ်ငန်းရှင်များက ဟိုတယ်လုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်လာကြကြောင်း သိရသည်။
"ကိုယ့်ရဲ့ဝင်းထဲမှာ စိတ်ဝင်စား စရာ လှည့်ပတ်ကြည့်ရှုလို့ရမယ့် Site တွေကို ထည့်လာကြတယ်။ ကိုယ့်ရဲ့ဟိုတယ် ကို လူတွေ အပန်းဖြေလာအောင် ပို စိတ်ဝင်စားလာ အောင် လုပ်လာကြပါတယ်။ ဒါတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နဲ့လည်းမဆက်စပ်ဘူးလား။စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တော အကုန် ဆက်စပ်နေတယ်။ ဒါက ဝန်ကြီးဌာန တစ်ခုတည်းနဲ့မပြီးဘူး။ အခု နံပတ် ၁ စဥ်းစားနေတာက ကျန်းမာရေး ဘေးကင်းဆိုင်ရာလုံခြုံမှု သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ရှိအောင် လမ်းကြောင်းတည့်အောင်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပါတယ် ။ထုတ်ပြန် ကြေညာလို့မရနိုင်သေးဘူး။ ဆရာတို့က ကိုဗစ်ကိုပဲ ဦးစားပေးလုပ်နေတာမို့ ကိုဗစ်အလွန်မှာလုပ်ရမှာတွေကို ဦးစားပေးနေပါတယ်" ဟု ဦးအောင်အေးဟန် က Travelling journal ကို ပြောသည်။
ထို့ပြင် Camping Site များကို ရာသီ ဥတု ကောင်းမွန်ပြီး သဘာဝရှုခင်းကြည့်ကွက်များစွာ ပေါများသည့် ရှမ်းပြည်နယ်တွင်လည်း တွေ့မြင်နိုင်သေးသည်။
" အခုနောက်ဆုံးထုတ်ပြန်တဲ့ ခရီးသွားဥပဒေမှာ Other License တစ်ခုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တော့ ဘာကိုလုပ်ပေးရမလဲဆိုတာကို တိတိကျကျ မလာသေးဘူး ။ကျွန်တော်တို့ကတော့ Other License ထဲမှာ ခရီးသွား ကို အထောက်အကူပြုတဲ့ Camping နေရာတွေ တီကျစ်နားမှာဆို ကနူးကယက်လှော်တာရှိတယ်။နောင်ချိုတိမ်ပင်လယ်ကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်က စတင်ခဲ့တာ။ ကျွန်တော် တို့က Camping တွေနဲ့ပတ်သက်လို့ ဘယ်လိုခွင့်ပြုမလဲ ။ဒါမှလည်း လုပ်ကိုင်စားရတာ ကျောအေးမယ်။ သက်ဆိုင်ရာခရီးသွားကော်မတီရဲ့လက် မှတ်ရှိရင် လုပ်ရကိုင်ရတာ အဆင်ပြေ မယ်။ ပြီးတော့နိုင်ငံတော်အတွက်လည်းအခွန်အခ ရမယ်။ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီကိုတော့ ဒီကိစ္စကို တင်ပြသွားဖို့စီစဥ်ထားတယ်။ Others license လေးနဲ့ပေးဖို့တော့ရှိပါတယ်"ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွန်ကြားရေးမှုး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ် အတွင်း Camping Sites များနှင့် ပတ်သက်ပြီး Travelling journal သို့ ပြောသည်။
ခရီးသွားအများစု သွားလေ့ရှိသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ အောင်ပန်း ၊ ပင်းတယ၊ရွာငံ စသည့်မြို့များတွင် တိမ်ပင်လယ်များ ရောင်စုံစိုက်ခင်းများနှင့် ရှုခင်းလှပသည့်ကျေးရွာများလည်းရှိသလို လှေခါးထစ်စိုက်ခင်းများရှိသည့်အတွက် လာရောက်လည်ပတ်ကြသူများပြားသည်။
ကိုဗစ်ကာလလွန်များတွင် ယင်းဒေသများဆီလာရောက် လေ့လာနိုင်ပြီး သဘာဝကိုအခြေခံသည့် Tent stay & Hiking Tours များမှာ မြို့ပြတွင် နေထိုင်ကြ သည့် ခရီးသွား လူငယ်များအတွက် ငွေကုန်ကြေးကျသက်သာပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်သဖြင့် အစိုးရကပိုပြီး အားပေးသင့်ကြောင်း ကလောအခြေစိုက် ဟိုတယ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါ်ကလျာမိုးက Travelling journal သို့ ပြောသည်။
" အရေးကြီးတာက သဘာဝအလှတရားရှိတဲ့တောတောင် နေရာတွေကိုတော့ ခိုင်ခန့်တဲ့ဟိုတယ်လိုအဆောက်အဦမျိုးတွေ မဆောက်စေပဲ Mobile Camping ( Tents ) ထိုးပြီး ရက်တိုနေထိုင်လည်ပတ်စေခြင်းက ပိုကောင်းပါလိမ့်မယ် ။လမ်းလေးကောင်းမွန်ဖို့သာ ပံ့ပိုးပေးနိုင်ခဲ့ရင် အနီးဝန်းကျင်က ရွာတွေအတွက်လည်း အကျိုးရှိလာမယ်"ဟု ဒေါ်ကလျာမိုးက ပြောသည်။
မည်သို့ပင်ဆိုစေ ကိုဗစ်ကာလတွင် ခရီးသွား၏ခရီးသွား ဟန် စတိုင်များမှာ ပြောင်းလဲလာကြပြီး သဘာဝတရားနှင့်ထိတွေ့ရခြင်းများကို ခရီးသွားများ နှစ်ခြိုက်လာကြကာ တောတောင်ရှုခင်း သဘာဝရှုခင်းကြည့်ကွက်များဆီကိုဗစ်အလွန်တွင် သွားရောက်တော့မည်မှာ အမှန်ပင်ဖြစ်နေပေတော့သည်။
Photo Kalayar Moe / Ko Alex
ရှမ်းပြည်နယ်ရှိ Campsite များတွင် အပန်းဖြေလည်ပတ်ကြသည့် ခရီးသွားတစ်ချို့ကို တွေ့ရစဥ်
Contine Reading
By -
/ 12-01-2021ထိုင်းကို မှီခိုနေရသည့် ရွှေတြိဂံဒေသ (သို့ ) အရှေ့ကျိုင်းတုံ
#Travelling journal
’’၂၀၁၆ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရတဲ့ မိုင်းလားလမ်းကြောင့် ခရီးသွားလမ်းကြောင်းကြီး တစ်ခုလုံးဟာ ပျောက်သွားခဲ့ရပါတယ် ။ အဲဒါမို့ ကျိုင်းတုံရဲ့ စီးပွားရေးဟာ ကျဆင်းသွားခဲ့ရတာဖြစ်တယ်’’ဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က ပြောဆိုလာသည်။
အဆိုပါ လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် အတွက် အုပ်ချုပ်ရေးပိုင်းများတွင် သာမက ဒေသခံများ၊ လုပ်ငန်းရှင်များကလည်း ယခုထိတိုင် မျှော်လင့်နေကြဆဲပင်ဖြစ်သည်။
တစ်ချိန်တစ်ခါက စီးပွားရေးကောင်းမွန်ခဲ့ရသည့် ကျိုင်းတုံမြို့သည် မိုင်းလားလမ်းပိတ်လိုက်သည့် နောက်ပိုင်း ဒေသ၏ စီးပွားရေးကို ထိခိုက်သွားခဲ့ရသလို ဒေသခံ စီးပွားရေးအခြေအနေများကိုလည်း တစ်နည်းတစ်ဖုံ ထိခိုက်သွား ခဲ့ရခြင်းဖြစ်ခဲ့လေသည်။
စက်ရုံ အ လုပ်ရုံမရှိသည့် ကျိုင်းတုံ မြို့သည် စိုက်ပျိုးရေးကိုသာ အားထားရပြီး စီးပွားရေးအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ပေါ်ကိုသာ မှီခိုနေရသည့် အနေအထားရှိကာ လက်ရှိအနေအထားတွင် ထိုင်းကို မှီခိုနေရဆဲ သာရှိနေသေးသည်ဟု ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်း က Travelling journal သို့ပြောသည်။
တာချီလိတ်၊ မိုင်းလား၊ မိုင်းခတ် ၊မိုင်းယန်း၊မိုင်းပြင်း နှင့်လည်း ဆက်သွယ်ထားသလို ရှမ်းအရှေ့ ၊ ရှမ်းတောင်၊ ရှမ်းမြောက် ပါမကျန် ဆက်စပ်နေခြင်း ထိုင်းနိုင်ငံ၊လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်လည်း ဆက်သွယ်ထားခြင်းကြောင့် ရွှေတြိဂံဒေသ ဟုလည်း ခေါ်ဆိုကြ သလိုရွှေစတုဂံဟုလည်း ခေါ်ဆိုကြသေးသည်။
ယင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိပြီး အချက်အချာကျသည့် နေရာတွင် တည်ရှိသလို ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ၊ သမိုင်းဆိုင်ရာအမွေအနှစ်များလည်း များစွာ ကျန်ရှိနေသေးသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသည့် မြို့တော်အဖြစ် တည်ရှိနေခြင်းက နိုင်ငံခြားသား များ လာရောက်လည်ပတ်နိုင်ရန် ဆွဲဆောင်စရာမြို့အဖြစ်ရှိလေသည်။
သို့သော် လွန်ခဲ့သည့် သုံးနှစ်ကျော် ကတည်းကပိတ်လိုက်ရသည့် မိုင်းလားလမ်းကြောင့် ဒေသ၏ စီးပွားရေးအခြေအနေများမှာ ပြောင်းလဲသွားခဲ့ရခြင်းကြောင့် လက်ရှိတွင် ယင်းလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်ကလည်း တင်ပြ ပြောဆိုကြသလို အုပ်ချုပ်ရေးပိုင်းများကလည်း ပြည်နယ် အစိုးရ ထံသို့ အကြိမ်ကြိမ် တင်ပြနေဆဲဟု ဦးဝင်းမင်းသိန်းက ရှင်းပြသည်။
’’အခုလောလောဆယ်တော့ ဖွင့်လှစ်ဖို့အစီအစဉ်မရှိသေးဘူးလို့ပြောတယ်။ ပြည်နယ် အစိုးရကိုလည်း အကြိမ်ကြိမ်တင်ပြနေတယ်’’ဟု ၎င်းက ပြောသည်။
ယင်း မိုင်းလားလမ်း ပိတ်လိုက်ရသည့် အတွက် တရုတ်မှ ဝင်ရောက်လာသည့် ခရီးသွား ဦးရေ မှာ နှစ်သောင်းမှ သုံးသောင်းကြား ထိ လျော့ကျသွားခဲ့သည်ဟု ဆိုသည်။
’’၂၀၁၆ ကတည်းက ပိတ်ထားတာဖြစ်တယ်။ မိုင်းလားကနေ ဝင်လာတယ်၊ကျိုင်းတုံမှာ ညအိပ်တယ်။ ပြီးရင် လည်ပတ်စရာရှိတာကို လည်ပတ်တယ်။ တာချီလိတ်ကို သွားတယ်၊ လည်တယ် ။ ပြီးရင် ထိုင်းဘက်ကိုသွားတယ်။ ထိုင်းဘက်ကနေ ပြန်ထွက်လာတယ် ။ ပြီးရင် မိုင်းလားလမ်းကနေ ပြန်ထွက်ကြတယ်၊ အဲဒီ တိုရစ်ဇင်လမ်းကြောင်းကြီးက ပျောက်သွားခဲ့တယ်။ အဲဒါမို့ စီးပွားရေးလည်း ကျဆင်းသွားတာဖြစ်တယ်’’ဟု ဦးဝင်းမင်းသိန်းက ခရီးစဥ်လည်ပတ်သည့်ပုံစံကို ရှင်းပြ သည်။
ကျိုင်းတုံမြို့၏ အားသာချက်မှာ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို တစ်စုတဝေးမြင်တွေ့ရသည့် မြို့ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများစွာ တည်ရှိနေခြင်း၊ ထို့အပြင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး ရှမ်း၊အာခါ၊လားဟူ၊လွယ် စသည့်တိုင်းရင်းသားများနေထိုင်ကြသလို ဂုံရှမ်းတိုင်းရင်းသားများ အများဆုံး နေထိုင်ကြခြင်းကြောင့် ဂုံရှမ်းမြေဟုလို့လည်း ခေါ်ဆိုကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင် က Travelling Journal သို့ ပြောသည်။
"အခု ပြည်တွင်းခရီးသွား လည်း လာကြပါပြီ။မိုင်းလားလမ်းဖွင့်ရင် အရမ်းကောင်းတာပေါ့။ လွယ်မွေကြီးထဲက ထွက်တဲ့စပါးတွေကို ရန်ကုန်ပို့မယ်ဆိုရင် ကားခ က စျေးကြီးတယ်။ မဖြစ်နိုင်ဘူးပေါ့။ ထိုင်းကလည်းမဝယ်ဘူး။ ဝယ်တာက တရုတ်ပဲ ဝယ်တာ။ တရုတ်ပြည်ပေးမထွက်ဘူးဆိုရင် စပါးစျေးပုံနေကြတယ်။ စပါးစျေး ကျရင် လယ်သမားတွေ ဒုက္ခရောက် မယ်"ဟု ရွှေတြိဂံဇုန် နာယက ဖြစ်သူ ဦးစိုးရွှေက လည်း ဆိုသည်။
တိုင်းရင်းသား ဓလေ့ရိုးရာ ထုံးထမ်း များ စွာ တည်ရှိနေသည့် ကျိုင်းတုံမြို့တွင် ဆွဲဆောင်စရာ ၊ လေ့လာစရာ များပြားသည့်အပြင် ရှမ်းအစားအစာ ပေါများလွန်းလှသည့် တစ်ခုတည်းသော မြို့တော်ဖြစ်နေခြင်းက ထူးခြားချက်ပင်ဖြစ်လေသည်။
ထို့အပြင် သရေစာကို မက်မက်မောမော စားသောက်လေ့ရှိကြသလို ဈေးနှုန်းအားဖြင့် ထူးခြားစွာ သက်သာလှသည့် မြို့အဖြစ်ရှိခြင်းကလည်း စိတ်ဝင်စားဖွယ်ဆွဲဆောင်စရာပင်။
"အခု ဆိုရင် ကျိုင်းတုံ မှာ နာရီ စင်လည်းရှိလာပြီ။မြို့ရဲ့အထင်ကရနောင်တုံကန်ကလည်း တကယ့်ကို ခန့်ညားလှပတယ်။ မြို့ကလည်းဖွံ့ဖြိုးတိုးတက်လာပြီ။လမ်းပန်းဆက်သွယ်ရေးသာ ကောင်းမွန်လာ မယ်ဆိုရင် ကျိုင်းတုံ မြို့ဟာ ခရီးသွား လုပ်ငန်းမှာ ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ တာစူနေတဲ့မြို့ပေါ့"ဟု ကျိုင်းတုံ စည်ပင် သာယာရေးကော်မတီ မှ အမှုဆောင်အရာရှိဦးကျော်မင်းထိုက် က Travelling journal ကို ပြောသည်။
ကိုဗစ်အလွန်တွင် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် ခရီးသွား လုပ်ငန်းကို ပိုပြီး အထောက်အကူ တိုးတက်လာစေရန်အတွက် မြို့သန့်ရှင်းသာယာလှပရေးအတွက်ဆက်လက် ဆောင်ရွက် နေဆဲဟု ၄င်းက ဆိုသည်။
’’ အခုပိုဆိုးတာက ၂၀၂၀ အစပိုင်းကစပြီး ဧည့်သည်ဝင်ရောက်မှုဟာ နည်းပါး သွားခဲ့တယ်။ ပြီးခဲ့တဲ့ သုံးနှစ် ကျော် ကတည်းက မိုင်းလားလမ်းပိတ်တဲ့ အတွက် ပြည်သူတွေခံနေရတဲ့ မြို့ ဖြစ်နေရာကနေ အခုက ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေကော ပြည်သူကောပါ ခံနေရတယ်’’ဟု ဦးဝင်းမင်းသိန်းက ဆိုသည်။
ယင်းကြောင့် မိုင်းလားလမ်း ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကျိုင်းတုံမြို့သည် တိုးတက်လာမည်ဖြစ်သလို မိုင်းလား လမ်း ပြန်လည် ဖွင့်လှစ်ရန်မှာမူ နိုင်ငံတော်အစိုးရအပေါ်တွင်များစွာ မူတည်နေသည်ဟု ၎င်းက ဆိုသည်။
’’မိုင်းလားလမ်း ဖွင့်ဖို့ကတော့ နိုင်ငံတော် အစိုးရပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံတော်အစိုးရ ခွင့်ပြုမှလည်း ဖွင့်လို့ရမယ်လေ။ ငြိမ်းချမ်းရေးကိစ္စ ကလည်း အရေးကြီးပါတယ်။ အဓိကက ထိုင်းကို အရမ်းမှီခိုနေရတယ်။ ပြီးရင် စက်ရုံအလုပ်ရုံမရှိဘူး’’ဟု ဦးဝင်းမင်းသိန်းက ပြောသည်။
ယင်းအပြင် ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းအခြေအနေမှာ ထိုင်းကို မှီခိုနေရပြီး ဟိုတယ်လုပ်ငန်းအများစုမှာ စားဝတ်နေရေးဖြေရှင်းနိုင်ရုံ အဆင့်လောက်သာ ရပ်တည်နေရဆဲ ရှိနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးစန်းလှိုင်က Travelling journal ကို ပြောသည်။
ကျိုင်းတုံမြို့သို့ လာရောက်လည်ပတ်ကြသည့်နိုင်ငံခြားသားများမှာ ထိုင်း၊ တရုတ်နှင့် ဥရောပ လူမျိုးများ အလာများကြသော်လည်း လက်ရှိတွင် ထိုင်းလူမျိုးလောက်သာ အလာရှိသည်ဟု ဆိုကြသည်။ပြီးခဲ့သည့်၂၀၁၉ ခုနှစ်စာရင်းအရ ကျိုင်းတုံမြို့သို့ ပြည်ပ ခရီးသွားဦးရေ ဝင်ရောက်မှုမှာ လူဦးရေ ၁၈၆၀၀ ဦးဝင်ရောက်ခဲ့သည်။
အများအားဖြင့် ထိုင်းလူမျိုးများသည် လွယ်မွေတောင်စခန်းဆီသို့ ဇန်နဝါရီလအတွင်း လာရောက် လည်ပတ်မှုမှာ များပြားသည် ဟုဆိုသည်။ ထိုကာလတွင် လွယ်မွေတောင်စခန်းတွင် ချယ်ရီပွင့်သည့် အချိန်ကာလဖြစ်သော ကြောင့် ထိုင်းခရီးသွားများဖြင့် ပြည့်နေခြင်းပင်ဖြစ်သည်။
ယင်းကာလပြီးနောက်တွင် ထိုင်းခရီးသွားများမှ ကျိုင်းတုံရေတံခွန်ဆီသို့လာရောက်လည်ပတ်ကြလေ့ရှိသည်။ထို့အပြင် မိုင်းခတ်၊မိုင်းယန်းတွင်ရှိသည့် မှိုင်းနှုန်းကြီးဘုရားဆီသို့ လာရောက်လည်ပတ်ကြပြီး ပြန်လေ့ရှိကြသည်မှာ ကျိုင်းတုံ မြို့သို့လာရောက်လည်ပတ်ကြသည့် ထိုင်းခရီးသွားများ၏ ခရီးသွားပုံစံပင်ဖြစ်လေသည်။
လက်ရှိအနေအထားတွင် ကျိုင်းတုံမြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ၏ လုံခြုံရေးဆိုင်ရာများကို သက်ဆိုင်ရာများမှ ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ကျိုင်းတုံမြို့၏ ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးသည့်အတွက် လူသူ အရောက်နည်းပါးကြသည့် တိုင်းရင်းသားရွာများလည်းရှိနေဆဲကြောင်း ထို့ကြောင့် ရှေးဟောင်းရိုးရာ အိမ်များ ကျန်ရှိနေသေးသလို ကျိုင်းတုံမြို့တွင်သာ မြင်တွေ့ရသည့် လူနည်းစုတိုင်းရင်းသားလောက်သာ ကျန်ရှိနေတော့သည့် သွားမည်းလူမျိုး (အန်းလူမျိုးများ) လည်း နေထိုင်ကြသေးသည်။
"Tourism ကိစ္စမှာ အသိနည်းပါ သေးတယ်။ ရှေးဟောင်းအိမ်တွေရှိတယ်၊ ကျွန်တော်တို့က ဒါကို ထိန်းသိမ်းချင်တယ်။ သူတို့က ဒီထက် ကောင်းတဲ့အိမ်မှာ နေချင်တယ်။ ဓာတ်ပုံရိုက်ရင်ဘယ်လောက်ရမယ်။ ဘာညာဆိုရင်တော့ ဝင်ငွေရှိနေတယ်ဆိုရင် ထားရင်ထားမှာပေါ့ ။ ကျွန်တော်တို့ဆီမှာ အဲဒီယဉ်ကျေးမှုက မဖွံ့ဖြိုးသေးဘူး၊ ရိုးရာအတိုင်းရှိနေတဲ့ နေရာကနေ တိုက်အိမ်တွေဖြစ်ကုန်ကြတယ်။ အဲဒီလိုကြောင့် ရွာရဲ့ရှုခင်းပါ ပျောက်သွားတယ်။ ရိုးရာယဉ်ကျေးမှုတိုင်းထားရမယ့်ရွာတွေလည်း ပျောက်သွားကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း စည်းရုံးနေတယ်ဆိုပေမယ့် မဆောက်ပါနဲ့လို့ ကျွန်တော်တို့ကလည်း ပြောလို့ မရဘူး လေ’’ဟု ဦးဝင်းမင်းသိန်းက ရှင်းပြသည်။
ကျိုင်းတုံမြို့ကို ပြည်တွင်းခရီးသွားများလည်း လာရောက်လည်ပတ်စေလိုကြောင်း ကျိုင်းတုံမြို့တွင် လည်ပတ်စရာ နေရာများစွာရှိနေသဖြင့် အချိန်အားဖြင့်ဆိုပါက သုံးလေးရက်ခန့်ပေးရမည်ဖြစ်ကြောင်း ကျိုင်းတုံအခြေစိုက် မိုးတိမ်ခရီးသွားလုပ်ငန်းမှ ဒေါ်နန်းခမ်းတစ်က ပြောသည်။
ပြည်တွင်းပြည်ပ ဧည့်သည်များအနေဖြင့် မဖြစ်မနေ လည်ပတ်ရမည့် နေရာများမှာ ရပ်တော်မူဘုရား၊မဟာမြတ်မုနိဘုရားကြီး၊ နောင်တုံကန်၊ကျိုင်းတုံမြို့မဈေး၊ သစ်တစ်ပင်တောင်၊ ရေပူစမ်း၊ ကိုရင်လေးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်ခမ်းဘုရား၊ စွမ်လွဲ/ကမ္ဘာအေးဘုရား၊ နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ချခ်ကျောင်း၊ ကျိုင်းတုံမြို့၏ ရှေးဟောင်းမြို့ရိုးတံခါးပေါက် တစ်ခုတည်းသာ ကျန်ရှိခဲ့သည့် ပါလျန်ဂိတ်၊စော်ဘွားအုတ်ဂူ၊ ယွန်းလုပ်ငန်း၊ ဗုဒ္ဓဥယျာဉ်၊လွယ်မွေစခန်း၊ ရိုးရာအိမ်လေးတွေကျန်ရှိနေသေးသည့် နောင်ငင်းရွာ၊ကျိုင်းတုံရေတံခွန်၊ အားခီကျေးရွာ၊ ဟိုကျင်းအာခါရွာများစသဖြင့် တိုင်းရင်းသားပေါင်းများစွာ ရှင်သန် တည်ရှိနေသည့် ရွာများသို့ တောတွင်း လမ်းလျှောက် ပြီး လေ့လာလည်ပတ်နိုင်သေးသည်။
’’ကျိုင်းတုံမြို့ရဲ့ ရိုးရာအမှတ်အသားတစ်ခုကလေ ဂုံရှမ်းအမျိုးသမီးတွေရဲ့ ထမီတွေမှာ ကြာမောက်ကြာလန် ပါရှိတယ် ၊အဲဒါဟာ ကျိုင်းတုံ မြို့ရဲ့ ရိုးရာအမှတ်အသားဖြစ်တယ်ဆိုတာကို သိသာစေတယ်၊ ကြာမောက်ကြာလန်ကိုတွေ့ရင် ဒါဟာကျိုင်းတုံရဲ့ ရိုးရာအမှတ်အသားတစ်ခုဆိုတာ အလိုလို သိစေတယ်’’ဟု ကျိုင်းတုံဒေသခံ ဘုရင်မပိုးထည်ဆိုင်ပိုင်ရှင် ဒေါ်နမ်းဟွမ်က ဆိုသည်။
မည်သို့ပင် ဆိုပါ စေ ကျိုင်းတုံ မြို့သည် အားသာချက် အားနည်းချက်များဖြင့် ဒွန်တွဲနေ ကြပြီး အားပြိုင်မှုတွေ ကြားထဲတွင် ခရီးသွားလုပ်ငန်းကို တိုးတက်လာ စေရန်အတွက် အားပြုဆောင်ရွက်နေလာပြီ ဖြစ်သည့် မြို့အဖြစ် ရှိလာနေပြီဖြစ်ပါတော့သည်။
Photo Ye Myint Aung /Travelling journal
Contine Reading
By -
/ 12-11-2020မင်းကွန်းမှသည် မြို့စစ်ကိုင်းဆီ
Travelling journal
ကမ္ဘာလှည့်ခရီးသွားတွေအကြား လူသိများထင်ရှားလှတဲ့ မင်းကွန်းဒေသဆိုတာ စစ်ကိုင်း တိုင်းရဲ့ အထင်ကရ ၊စစ်ကိုင်းရဲ့ဝင်ပေါက်လို့ စစ်ကိုင်းတိုင်းဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာန က ဒုတိယ ညွန်ကြားရေးမှုး တိုင်းတာဝန်ခံ ဦးအောင်သူဦး က ပြောပြပါတယ်။
တကယ်တော့ စစ်ကိုင်းနဲ့ မန္တလေး ဆိုတာ အိမ်နီးချင်းကပ် မြို့ဖြစ်နေပြီး ကားနဲ့ ၄၅မိနစ်ခန့်သွားရောက်ရုံနဲ့ ရောက်ရှိနိုင်တဲ့မြို့ဖြစ်ပါတယ်။ ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနဲ့ သပ္ပါယ်လွန်းလှတဲ့ မြသိန်းတန်စေတီရယ် မင်းကွန်းပုထိုးတော်ကြီးတို့ဟာ ပြည်တွင်းပြည်ပ ခရီးသွားတွေ အကြားမှာ ရေပန်းစားပြီး လည်ပတ်တဲ့နေရာတွေဖြစ်ကြ ပါတယ်။
ပြည်ပခရီးသွားတွေ အများအပြား လာရောက်လည်ပတ်ကြတဲ့ မင်းကွန်း ဒေသဟာ အရင်က မန္တလေးရဲ့လောင်းရိပ်အောက်မှာ တည်ရှိနေခဲ့တာ လို့ စစ်ကိုင်းတိုင်းဟိုတယ်ခရီးတာဝန်ခံ ဦးအောင်သူဦး က Travellingကို ပြောပြပါတယ်။
မင်းကွန်းဒေသကို ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း ပြည်ပဧည့်သည်ဝင်ရောက်မှုကိုကြည့်မယ် ဆိုရင် နှစ်အလိုက် တိုးတက်လာခဲ့တာကို တွေ့မြင်ရမှာပါ။ ကိန်းကဏာန်းအချက်အလက်တွေ အရ ပြီးခဲ့တဲ့ ၂၀၁၆ခု နှစ်မှာ ပြည်ပဧည့်သည်ဝင်ရောက်မှု လူဦးရေ ၇၃၀၀၀ ကျော်ဝင်ရောက်ခဲ့တာကို တွေ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ ပြည်ပဧည့်သည် ၉၇၀၀၀ ကျော်ထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဧည့်သည်ဝင်ရောက်မှုပြန်ကျသွားခဲ့ပြီး ပြည်ပဧည့်သည်ဦးရေ ၇၈၀၀၀ ဝင်ရောက်ခဲ့ပါတယ်။၂၀၁၉ ခုနှစ်မှာ ပြည်ပဧည့်သည်ဦးရေ ၁၆၀၀၀၀ ကျော်ထိ နှစ်ဆနီးပါးကျော် ဝင်ရောက်လာခဲ့ပါတယ်။၂၀၂၀ခု နှစ် ကိုဗစ်မဖြစ်မီ ထိ ပြည်ပဧည့်သည် ၃၄၀၀၀ လူဦးရေ အထိ ဝင်ရောက်လာခဲ့တယ်လို့ စစ်ကိုင်းတိုင်းဟိုတယ်ခရီးညွန်ကြားမှုဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းဆိုတာ အမြဲတမ်းကပ်ကျော်မြို့ဖြစ်နေပြီး မန္တလေး က နေ သွားရောက်လည်ပတ်သူတွေက နေ့ချင်းပြန် နဲ့ မင်းကွန်းဒေသ စေတီပုထိုးတွေဆီကို သွားရောက်ဖူးမြှော်ပြီး ပြန်လှည့် ကြတာမို့ စစ်ကိုင်းမြို့ထဲမှာ ညအိပ်ခရီးသွားဆိုတာအင်မတန်ကို နည်းပါးခဲ့တယ်လို့ ပြည်တွင်းခရီးသွား ဝန်ဆောင်မှု ပို့ဆောင်ပေးနေတဲ့ဦးမျိုးကြီး က ဆိုပါတယ်။
စစ်ကိုင်းတိုင်းရဲ့ လမ်းပန်း ဆက်သွယ်ရေးဟာ အရင်က ခက်ခဲခဲ့ပေမယ့် လက်ရှိငါးနှစ်တာ ကာလအတွင်းမှာ လမ်းပန်းဆက်သွယ်ရေးကို တိုင်းအစိုးရက အဓိက လုပ်ဆောင်လာခဲ့တာကို တွေ့မြင်ရပါတယ်။ အထူးသ ဖြင့် ၁၈ လမ်းသွား ရွှေဘို မြစ်ကြီးနားလမ်းကားလမ်းဟာ တိုင်းအစိုးရ ရဲ့ အဓိက ကြိုးစားမှု ရလာဒ်တစ်ခုကို တွေ့မြင်ခဲ့ရတယ်လို့ စစ်ကိုင်းတိုင်း ဒေသဆိုင်ရာခရီးသွားလာရေးကော်မတီ တွဲဘက်အတွင်းရေးမှူးဦးသန်းဌေး က ဆိုပါတယ်။
" စစ်ကိုင်းမှာ ပိုက်ဆံရှိတဲ့သူတွေက သေချာ ကိုလာပြီး ရင်းနှီးမြှုပ်နံမယ်ဆိုရင် စစ်ကိုင်းတိုင်းထဲပြည်ပခရီးသွားတွေ တအားကို တိုးတက်လာစေမှာပါ။ မင်းကွန်းကို လာတာက ဥရောပသားတွေအများဆုံးလာရောက်လည်ပတ်ကြတယ်။ စစ်ကိုင်းတောင်တို့ဆွမ်းဦးပုညရှင်တို့။ ဥမင်သုံးဆယ်တို့ ဥမင်ကိုးဆယ်တို့ ရွှေကျောင်းတွေ ဒါတွေကလည်း စစ်ကိုင်းတိုင်းထဲမှာရှိနေတာ။ ရုပ်ပွား တော် အမြင့်ဆုံး ရပ်တော်မူကလည်း မုံရွာမှာ ရှိတာ။ ပြည်ပခရီးသွားတွေ အလွန်ကိုစိတ်ဝင်စားတဲ့ ဖိုလ် ဝင်တောင် ကလည်း စစ်ကိုင်းတိုင်းထဲမှာရှိနေတာ။ဒါ့အပြင် နိုင်ငံခြားသား စိတ်ဝင်စားစေမယ့်အရာတွေလည်း ကသာမှာရှိနေတာ"ဟု ဦးအောင်သူဦး က စစ်ကိုင်းတိုင်းဒေသကြီးရဲ့ထင်ရှားလှတဲ့ ခရီးသွားဒေသ တွေကို ရှင်းပြပါတယ်။
သို့သော်လည်း ခရီးသွားဒေသအရင်းအမြစ် တွေ များစွာ ရှိသော်လည်း ပြည်တွင်းခရီးသွားကုမ္ပဏီတွေက ခရီးစဥ် လမ်းကြောင်း ရေးဆွဲရောင်းချတာကတော့ အင်မတန် ကို နည်းပါးပါသေးတယ်။
"ခရီးသွား လုပ်ငန်းလုပ်တဲ့တစ်ချို့တွေက ခရီးစဥ် သစ်ကို ဒေသအာဏာပိုင်တွေနဲ့ ဆက်စပ်ပြီးတော့ ခရီးစဥ်သစ်တွေကိုမရေးဆွဲပဲနဲ့ တစ်ခါလာလည်း ပုဂံ။ တစ်ခါလာလည်း တောင်ကြီး။ တစ်ခါလာလည်း မန္တလေး ဒီကို ပို့ပေးလို့လား။ တကယ်တမ်းဖြင့် ခရီးစဥ် အနေအထားနဲ့ဆွဲမယ် သွားမယ်ဆိုရင် စစ်ကိုင်းတိုင်း ထဲမှာ ခရီးစဥ် ဆွဲ ပြီးသွားလို့ရတဲ့နေရာတွေ အများကြီး ရှိပါတယ် ။ စစ်ကိုင်းတိုင်းနဲ့ပတ်သက်ပြီး ထိထိမိမိ ဘယ်သူမှ မလုပ်ခဲ့ဖူး။ဘယ်သူမှ စိတ်ဝင်စားမှု လည်းမရှိခဲ့ဘူး။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မင်းကွန်းကိုလည်း မားကတ်တင်းလည်းမလုပ်ဖူး သိအောင်လည်းမပြောဘူး။ စာအုပ်တွေလည်းမထုတ်ဖူး။ ဂျာနယ်လစ်တွေလည်း မပြောဘူး။ ဒီအစိုးရလက်ထက်မှာ ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေက ခရီးသွား နဲ့ပတ်သက်လာပြီး ခရီးသွားတစ်နေရာ ကို အောင်မြင်လိုက်မယ်ဆိုရင် အဲဒီမှာ ရှိတဲ့ ဒေသလူတွေအားလုံးက အဆင်ပြေမယ်ဆိုတာကို သိသွားကြတယ်။ ရှင်းရှင်းပြောရရင် ဟိုတယ် တည်းခိုရိပ်သာပဲ ပိုက်ဆံရတာမဟုတ်ပါဘူး။ အဲဒီမှာရှိတဲ့ဆိုက်ကားသမားလည်းရတယ်။မြင်းလှည်းသမားကော။ စျေးသည်ကောအကုန်ရတယ်။ နောက်တစ်ခါ လက်မှုပစ္စည်းရောင်းတဲ့သူတွေ လည်းရတယ်။ကားနဲ့သွားရင်ကားလမ်းကြောင်းမှာရှိတဲ့စားသောက်ဆိုင်တွေလည်းရတယ်။ အဲဒါတွေကို သိလို့ ဒီအစိုးရလက်ထက်မှာ အတင်းကို Guideလုပ်လို့ လူသိများလာကြတာ"လို့ ဦးအောင်သူဦး က ပြောပြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးရေးကို အခြေ ခံတဲ့ Agriculture Tourism ကိုလုပ်ကိုင်ရန်လည်း လိုအပ်တယ်လို့ဆိုကြ ပါတယ်။
"စိုက်ပျိုးရေးနဲ့ တွဲလုပ်ရမယ်။ ကျွဲကူးရေပါ ဆိုသလို Agriculture Tourism ပုံစံမျိုး လုပ်ရင်လည်း ရနိုင်မယ်"လို့ ဦးအောင်သူဦး က ပြောပြပါတယ်။ ဒါ့အပြင် ဒေသတွင်း အခြေ ခံအဆောက်အဦအပိုင်းမှာဆိုရင်လည်း အရင်က ဟိုတယ်နဲ့တည်းခိုခန်း ၂၁ လုံးကနေ ၅၈ လုံးထိ တိုးတတ်ရင်းနှီးမြှုပ်နှံလာခဲ့ကြပါတယ်။
စစ်ကိုင်းဒေသကြီး အတွင်း ခရီးသွားများ ဆွဲဆောင်နိုင်ရေးအတွက် ရက်သတ္တပတ်ခရီးစဉ်တစ်ခုကို လည်း တိုင်းအစိုးရက ခရီးသွား ကဏ္ဍမြှင့်တင်ဖို့ ဖော်ဆောင်ပေးခဲ့ပါသေးတယ်။ ဒါ့ပြင် တိုင်းအစိုးရ ကလည်း ဒေသတွင်း ခရီးသွား လုပ်ငန်းတိုးတတ်လာစေဖို့ Myanmar Heritage Trail Tourism Rally ( MHTTR ) ရဲ့ ပူးပေါင်းပြီး နာဂခရီးစဉ် ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်ခဲ့ပါသေးတယ်။
လက်ရှိ တိုင်းအစိုးရလက်ထက်မှာ တော့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှား လုပ်ဆောင်ခဲ့တဲ့ ခရီးစဥ် ဒေသတွေ ရှိပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ ခရီးစဥ် ဒေသ တစ်ခု ကို ကြည့်မယ်ဆိုရင် ဗန်းမောက်မြို့နယ်ထဲက ဇလုံတောင် ခရီးစဥ် ဒေသကို အကောင် အထည် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ဒီခရီးစဥ် ဒေသအသစ်ကို ဦးဆောင်ဖော်ဆောင် ခဲ့တဲ့အပိုင်းမှာလိုအပ်တဲ့ အခြေခံအဆောက် အဦတွေကို ကြိုတင် မပြင်ဆင်ပဲ ခရီးစဥ်သစ် ကို အရင်ဖော်ဆောင်ခဲ့တဲ့အတွက် အဆင်မပြေမှုတွေဖြစ်ခဲ့ရပြီး နောက်ပိုင်း ဇလုံတောင် မှာ ခမိုးယာဥ်ရပ်နားစခန်းတွေ တည်းခိုစရာနေရာတွေကို ဖန်တီးပေးပြီးတဲ့အခါ ဇလုံတောင် ကိုလာရောက်ကြတဲ့ဧည့်သည်အရေအတွက်ဟာ သုံးသိန်းကျော်ထိ ရောက်ရှိလာခဲ့ပါတယ်။ ဇလုံတောင်ဖြစ်စဥ်ကို ကြည့်ပြီး တိုင်းအစိုးရ ဟာ ခရီးသွားလုပ်ငန်းသဘောသဘာဝကို နားလည်သွားခဲ့ပြီး ခရီး စဥ်ဒေသကို အရင်ဖော်ဆောင်တာထက် အခြေခံ အဆောက်အဦတွေကို အရင်ပြည့်စုံအောင် ဖော်ဆောင်ဖို့လိုတယ်ဆိုတာကို တိုင်းအစိုးရ နားလည်သွားခဲ့ရတယ်လို့ ဦးအောင်သူဦး ကဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ အထင်ကရနေရာတွေကို အချက်အလက်ပေးဖို့ Information Access Center ကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါသေးတယ်။ တိုင်းအစိုးရလက်ထက်မှာ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေ တိုးတက်လာစေဖို့ ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ လိုအပ်တဲ့နေရာတွေမှာ သုံးစွဲဖို့ နှစ်စဉ် တိုင်း ဘက်ဂျက် သန်း၂၀၀ လျာထား သုံးစွဲခဲ့တာဟာ ပြည်နယ်နဲ့တိုင်းတွေရဲ့ကြားမှာ ပထမဆုံး ခရီးသွား ဘတ်ဂျတ်ကို သုံးစွဲနိုင်ခဲ့တဲ့ တိုင်းတစ်ခု အဖြစ် တွေ့ရပါတယ်။ စစ်ကိုင်းတိုင်းထဲမှာရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း တွေတိုးတတ်လာစေဖို့ CBT သုံးခုကိုလည်း တိုင်းအစိုးရ ကဖော်ဆောင်ခဲ့ပါသေးတယ်။ နွယ်ငြိမ်း CBTရယ် ဇလုံတောင် CBTရယ်အင်ဒေါင်း CBT တို့ဖြစ်ပါတယ်။
ဒါပေမယ့် နွယ်ငြိမ်း CBT က အောင်မြင်ဖို့ အားနည်းနေတာမို့ အင်ဒေါင်း CBTနဲ့တွဲဖက်ပြီး ခရီးသွား ဧည့်သည် တွေကို ချိတ်ဆက်ယူနေရတဲ့ အနေအထားပဲ ရှိနေပါသေးတယ်။ ကိုဗစ် ပြီးသွားခဲ့ရင် နွယ်ငြိမ်းCBTကို အခြေ ခံပြီး ဟန်လင်း မြို့ဟောင်း ရှိမ်းမကား အင်ဒေါင်းCBT စတဲ့နေရာတွေကို ခရီးစဥ် တစ်ပတ် ပုံစံဆွဲနိုင်ဖို့ ကြိုးစားနေပါတယ်လို့ ရွှေဘိုဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးအောင်ကြီး က ပြောပြပါတယ်။
"တောတောင်ရှုခင်းတွေနဲ့လှပတဲ့နေရာတွေကိုသွားဖို့ဆိုရင် ကသာခရိုင် ကောလင်း ခရိုင် တွေသွားရင် တွေ့မြင်ရမှာပါ။ တောင်ယာစိုက်ပျိုးနည်းတွေ လှေကားထစ်တစ်ချို့ကြည့်ချင်ရင် နာဂဒေသဘက် သွားကြည့်လို့ရပါတယ်"လို့ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားကော်မတီ အဖွဲ့ဝင် ဦးသန်းဌေး က ဆိုပါတယ်။
ယဥ်ကျေးမှုအမွေအနှစ်တွေ ပေါများလှတဲ့ စစ်ကိုင်းတိုင်းတွင်းမှာ စိတ်ဝင်စားစရာ လည်ပတ်စရာ လေ့လာစရာတွေ များပြားလှပါတယ်။ ဒီလို များပြားလှတဲ့ ဒေသတွင်းမှာဟိုတယ်နဲ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ခရီးသွားဇုန် ၆ဇုန်ကို ၂၀၁၇ ခုနှစ်မှာ သတ်မှတ် ဖော်ဆောင် ခဲ့ပါတယ်။
စစ်ကိုင်းဇုန် ထဲမှာဆိုရင် ခရီးသွားတွေ ရောက်ကြတဲ့စစ်ကိုင်းတောင်၊ မင်းကွန်း ပုထိုးတော်ကြီး၊ရာဇမဏိစူဋ္ဌာ ကောင်းမှုတော်စေတီတော် ၊ကနောင်မင်းသားကြီးရဲ့ သံရည်ကြိုစက်ရုံ၊ ကုန်ဘောင်းခေတ်ပြယုဂ် အစေခံခံတပ်၊အဏုဇီဝစိမ်းပြာရေညှိ ထုတ်လုပ်ရာ ရေခါးအင်း ၊ရွာထောင်ရွာမှာ ရှိတဲ့ငွေထည်လက်မှုပညာလုပ်ငန်းတွေနဲ့ ဧရာဝတီမြစ် အတွင်းအပျော် စီး သင်္ဘောခရီးစဉ်တွေကို ရွေးချယ် လည်ပတ်လေ့လာနိုင်ပါတယ်။
မုံရွာဇုန် ထဲမှာ ဆိုရင် ထင်ရှားလှတဲ့ ကျောက္ကာရွှေဂူနီဘုရားနဲ့ ယွန်းထည်လုပ်ငန်းတွေ မိုးညှင်းသမ္ဗုဒ္ဒေဘုရား၊ ဗောဓိတစ်ထောင်ရှိ ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူ ဘုရား ၊ဘုတလင်နယ်ရှိ ညောင်ကန် ကြေးခေတ်ပြကွက်တွေ၊ ညောင်ရမ်းခေတ် ကျောက်ထွင်းဇာတ်နိပါတ်တွေကိုလည်းလေ့လာနိုင်ပါသေးတယ်။ ဒါ့အပြင်စိမ်းပြာရေညှိထုတ်လုပ်တဲ့ တွင်းတောင် ၊ယင်းမာ ပင်နယ်မှာ ရှိ တဲ့ ဖိုလ်၀င်တောင်၊ အလောင်း တော်ကဿဖ အမျိုးသား ဥယျာဉ်၊ ကနီနယ်မှာရှိတဲ့ မီးတောင်ဟောင်းနေရာတွေဖြစ်ကြတဲ့ တွင်းမတွင်းနဲ့ တောင်ပျောက်တွင်းတွေ လေ့လာစရာမကုန်နိုင်တဲ့ ခရီးစဥ် နေရာတွေဖြစ်ပါတယ်။ မုံရွာမြို့ပေါ် နှစ်ညအိပ် သုံးရက်အချိန်ပေးရုံနဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
ရွှေဘိုဇုန် ရဲ့ဧရိယာအတွင်းမှာဆိုရင် အလောင်းမင်း တရားကြီးဦးအောင်ဇေယျရဲ့ နန်းတော်၊ ပြဿဒ်၊ မြေမြို့ရိုးနဲ့ကျုံးများ၊ ဘုရားစေတီများ၊ရွှေဘိုမြို့၊ ဧရာဝတီမြစ် ကမ်းနံဘေး၊ ကျောက်မြောင်းမြို့၊ နွယ်ငြိမ်းအရပ်ရှိ စဉ့်အိုး၊ စဉ့်ထည် လုပ်ငန်းတွေ ဝက်လက်နယ်ရှိ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းနဲ့ ရေပူ/ ရေအေးစမ်းများ ၊ ရှိမ်းမကားရှိ ရွှေသမင်တော ၊ ကန့်ဘလူနယ်ရှိ အင်ကြင်းကျောက် ဖြစ်ရုပ်ကြွင်းတွေ၊ ချပ်သင်းရွှေသမင် ဘေးမဲ့ တောနဲ့ ဘူမိထူးခြားနယ်မြေဖြစ်တဲ့ ဇင်းတောင် လင်းနို့ဂူစတာတွေကို အချိန်ပေးလည်ပတ်နိုင်ပါတယ်။
တိုင်းအစိုးရ ဖော်ဆောင်ခဲ့တဲ့ ဒုတိယခရီးစဥ်သစ်ကတော့ ရွှေဘိုဇုန်ထဲမှာ ပါဝင်တဲ့ ကန့်ဘလူမြို့နယ်ထဲက လင်းနို့ဂူ ပဲ ဖြစ်ပါတယ်။ လင်းနို့ဂူ ဟာ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းဘေးမှာ တည်ရှိပြီး ဘူမိဇီဝ သွင်ပြင် ထူးခြားတဲ့ဂူလည်းဖြစ်ပါတယ်။ ဒါ့အပြင် လင်းနို့သန်းချီကျက်စားနေထိုင်သလို တောရိုင်းတိရစ္ဆာန် တွေ ကျက်စားရာ လည်းဖြစ်ပါတယ်။ သစ်မျိုးစုံ လည်း ပေါက်ရောက်ပြီး မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေအတွက် လေ့လာစရာနေရာအဖြစ် သစ်တောပညာပေးစခန်းတွေ ကို တည်ဆောက်ပေးထားကာ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်စေဖို့ တိုင်းအစိုးရက ဖော်ဆောင်ပေးခဲ့တယ်လို့ ခရီးသွား ကော်မတီ အဖွဲ့ဝင် ဦးသန်းဌေး က ဆိုပါတယ်။
ကသာဇုန် ဟာ ထင်ရှားလှတဲ့ ဝိသေသတွေ အများကြီးရှိပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံး သင်္ဘော သချိုင်း ရှိခဲ့ရာမြို့ အဖြစ် ရှိနေပြီး ကိုလိုနီခေတ်က အရေးပိုင်မင်းတွေရဲ့ အိမ်တွေ ရုံးစိုက်ခဲ့တဲ့ မြို့ ဖြစ်ခဲ့တာကလည်း ထူးခြားလှတဲ့အချက်တွေပါပဲ။နိုင်ငံခြားသား ဧည့်သည်တွေရဲ့ ပါးစပ်ဖျား မှာ ကသာကို ပြောစမှတ်ပြုပြီး ပြည်တွင်းခရီးသွား တွေကြားမှာ မေ့လျော့ခံ နေခဲ့ရတဲ့ မြို့ အဖြစ် ရှိနေဆဲပါ။ ကသာမှာ ကမ္ဘာကျော် စာရေး ဆရာကြီး ဂျော့ချ်အော်ဝဲလ် နေထိုင်ခဲ့တဲ့ အိမ်ရယ်၊ အင်္ဂလိပ်အရေးပိုင်တို့ရဲ့ ကိုလိုနီခေတ်အိမ် ၁၂ လုံး၊ နတ်ပေါက် ဆင်စခန်း၊ ဖက်ဆွတ် သစ်တော စခန်းအင်းတော်နယ်မှာရှိတဲ့ ဂျပန်မြေအောက် ဆေးရုံ၊ ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ချင်းဒစ်တပ်ရှိရာ မော်လူး White City ခံတပ်၊ အင်းတော် အင်းလေး အိုင်နှင့် ကျောက်စိမ်းတွင်းများ ၊မန်လည်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတော် ရာနှင့် ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်တော်၊ ဗန်းမောက်နယ်ရှိ တဲ့ ဇလုံတောင်၊ ဗန်းမောက်နဲ့ ကောလင်းမြို့မှာ ရှိတဲ့ကျွန်းသစ်ပင်တွေ စတဲ့ ပြည်တွင်းပြည်ပစိတ်ဝင်စားစရာ လည်ပတ်စရာနေရာတွေ ရှိပါတယ်။
ကလေးဇုန်ဟာ ချင်းပြည်နယ် ခရီးသွား လုပ်ငန်းတွေနဲ့ဆက်စပ်နေပြီး ရာဇဂြိုလ်ဆည်နဲ့ အိန္ဒိယနယ်စပ်တမူးမြို့ကို သွားရောက် လည်ပတ် နိုင်တဲ့ဒေသတစ်ခုပါ။ ပြောင်ဘုတ်လမ်းကနေ တဆင့် ကဘော်ချိုင့်ဝှမ်း လွင်ပြင်ကြီးကို ကြည့်ရှုနိုင်ပြီး လက်ဆေးကန်နဲ့ ပျားစွဲဆင်စခန်း၊ မော် လိုက်မြို့မှာရှိ တဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဂေါက်ကွင်းနဲ့ ကိုလိုနီ အဆောက်အဦးတွေ၊ကလေးဝနယ်မှာရှိ တဲ့ ကျောက်မီးသွေးတွင်းတွေမဟာ မြိုင်တောကိုဖြတ်ပြီး ရွှေဘို မြို့နဲ့ မုံရွာမြို့ကိုလည်း ကလေးဒေသကနေ တဆင့် သွားရောက်နိုင်ပါတယ်။
ခန္တီးဇုန် ဆိုရင် နန်စီဗွန်ကျေးရွာအနီးကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေ တည်ရှိရာ ဒေသတစ်ခုဖြစ်ပါတယ်။ ထူးခြားလှတဲ့ နာဂဒေသဖြစ်တဲ့ လဟယ်မြို့နဲ့ နန်း ယွန်းမြို့တွေကို သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့ထဲမှာ ရှိတဲ့ Lake of No Return ရေကန်ရယ် ဒေါ်ခင်ကြည် ရိပ်သာတို့ကို လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင်လူကနေ ကျားဖြစ် ကျားကနေ လူပြောင်းကြတဲ့ ဆိုရိုး စကားတွေရှိတဲ့ ထမံသီဘေးမဲ့တောကို ဝင်ရောက် လေ့လာနိုင်ပြီး ထိုမှတဆင့် နာဂဒေသ လေရှီးမြို့ဆီကို သွားရောက်လည်ပတ်နိုင်ပါတယ်။ နာဂတောင်တန်းတွေဟာ ပြည်တွင်းခရီးသွား လည်ပတ်တဲ့ သူ နည်းပါးသေးတဲ့ တောင်တန်းတွေဖြစ်ပါတယ်။ နာဂလူမျိုးတွေရဲ့ရိုးရာဓလေ့ ယဥ်ကျေးမှု တွေကို သွားရောက် လေ့လာနိုင်သလို ချင်းတွင်းမြစ်ရဲ့လှပတဲ့ မြစ်ကြောင်းတစ်လျှောက်ရဲ့ လှပမှုတွေကို မြင်ရပြီး စစ်ကိုင်းတိုင်းရဲ့ တစ်ခုတည်း ရေခဲတောင်ဖြစ်တဲ့ စာရာမေတိတောင်ကိုလည်း အဝေးကနေ မြင်တွေ့ခွင့် ရပါအုံးမယ်။ တကယ်တော့ စစ်ကိုင်းတိုင်းဟာ လည်ပတ်စရာ မကုန်ခမ်းနိုင်တဲ့ ရတနာ တွေ များစွာရှိတဲ့ မြို့တော် တစ်ခုပါပဲ။
ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ ထူးခြားမှု တစ်ခုကိုတိုင်းအစိုးက ကနဦး ဖော်ဆောင်ခဲ့ပါသေးတယ်။အိန္ဒိယ ကို တိုက်ရိုက်ပေါက်တဲ့ တမူးနယ်စပ်ဂိတ် ရှိတာမို့ စစ်ကိုင်းတိုင်းရဲ့ ခရီးသွား လုပ်ငန်း တိုးတတ်လာစေဖို့ စရိတ်နည်းနည်းနဲ့ဗုဒ္ဓ ဂယာ ကို သွားရောက်နိုင်စေဖို့မြေပြင်ကွင်းဆင်းတစ်ကြိမ်သွားရောက်ခဲ့ပါသေးတယ်။ တကယ်လို့ သာ တမူးနယ်စပ်ကနေ ဂယာကို သွားရောက်နိုင်မယ်ဆိုရင် စစ်ကိုင်းတိုင်းရဲ့ ခရီးသွား လုပ်ငန်းဟာ တိုးတတ်လာစေမှာဖြစ်တယ်လို့ ဒေသတွင်း ဟိုတယ်လုပ်ငန်းရှင်တွေက ယုံကြည်ထားကြပါတယ်။ ဒီဖြစ်စဥ်ကြောင့် စစ်ကိုင်းတိုင်းထဲ ဒေသခရီးသွားကုမ္ပဏီငယ်လေးတွေဖွင့်လာခဲ့ကြပါတယ်။
" ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဆီက လမ်းပန်း ဆက်သွယ်ရေးပဲဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြီးခဲ့တဲ့ တောက်လျောက် တစ်ခုလုံး မလုပ်ခဲ့ကြတော့ကျွန်တော်တို့ လက်ထက် အခုကျမှ လမ်းပန်း က စနေရတာဖြစ်နေတာ။ ကုန်သွယ်ရေးတွေ ခရီးတွေသွားတာကလည်းဒါလည်းခရီးသွားလုပ်ငန်းပဲ။ လမ်းပန်းဆက်သွယ်ရေး တွေ ကောင်းမွန်လာမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးတွေက တိုးတက်လာမယ်။ခရီးတွေပိုသွားလာကြမယ်။ ခရီးသွား လုပ်ငန်းတွေကနေ လမ်းတွေကိုလိုက်ပြီးနှိုးဆော်ကြတဲ့အခါမှာ အခုလိုဖြစ်လာတာ။ ဒါမို့ တိုင်းအစိုးရက ဘတ်ဂျတ် သန်း၂၀၀ကို သုံးစွဲခဲ့တာ။ ကျွန်တော်တို့ခရီးသွားကော်မတီက မသုံးခဲ့ဘူးနော်"လို့ စစ်ကိုင်းတိုင်းခရီးသွားကော်မတီ အဖွဲ့ဝင် ဦးသန်းဌေး က ဆိုပါတယ်။
လေးနှစ်ကျော် ငါးနှစ်နီးပါးထိ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ မတ်လထိ တိုင်းဒေသကြီး အတွင်း ပြည်တွင်း ဧည့်သည်ဝင်ရောက်တည်းခိုမှု ဦးရေမှာ စာရင်းအရကြည့်ရင် ၆၉၁၄၄၁ ဦးရေ ဝင်ရောက်လာခဲ့ပါတယ်။ ပြည်ပဧည့်သည် ဝင်ရောက်တည်းခိုမှုကတော့၂၀၁၆ခု နှစ်ကနေ ၂၀၂၀ မတ်လထိ ၁၁၆၇၄၂ ဦးရေ ဝင်ရောက်လာခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ခရီးသွား ဝင်ရောက်မှု တွေကိုကြည့်မယ်ဆိုရင် မည်သို့ပင်ဆိုစေ ဒေသတွင်းခရီးသွားဧည့်သည်ဝင်ရောက် မှုပမာဏကတော့ နည်းပါးလွန်းပါသေးတယ်။ ဒါကြောင့် မို့ ဒေသတွင်း ခရီးသွား ဇုန်တွေအပြင် မပျက်စီးသေးတဲ့ သဘာဝ အခြေခံ တော တောင် တွေ ၊ မြို့နယ် တိုင်း မှာ အထင် ကရ သမိုင်းဝင် တန်ခိုးကြီး ဘုရားတွေ ၊ ဒေသ ဓလေ့ပေါင်းစုံ ရိုးရာယဥ်ကျေးမှု ပေါင်းစုံ တည်ရှိသလို အထင် ကရ ပွဲတော်တွေလည်း များစွာ ရှိပါတယ်။ကပ်ကျော် မြို့လို့ ဆိုရပေမယ့် စစ်ကိုင်းတိုင်း ထဲမှာ လည်ပတ်စရာ တွေဟာ မကုန်ခမ်းနိုင်တာမို့ မင်းကွန်းကနေ မြို့စစ်ကိုင်းဆီ ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Photo MOHT / Than Htay/ Nicole Hebe FB/Nyo Ko Hlaing/Aung Gyi
Contine Reading
By -
/ 02-11-2020တည်ငြိမ်ရင့်ကျက် သော အလှတရားများကြောင့် ခရီးသွား တွေကြား ရေပန်းစားလာအုံးမည့် ချောင်းသာကမ်းခြေ
Travelling journal
ချောင်းသာကမ်းခြေဟု ဆိုလိုက်သည်နှင့် ပင်လယ်စာပေါများစွာရရှိခြင်း၊ ပြည်တွင်းခရီးသွားများ၏ သည်းခြေကြိုက် ကမ်းခြေတစ်ခုဟု ဆိုရလောက်အောင် ရေပန်းစားစေသည့် ကမ်းခြေတစ်ခုဖြစ်သည်ကငြင်းဆိုဖွယ်ရာမရှိပေ။
ချောင်းသာ ကမ်းခြေမှာ မြန်မာနိုင်ငံ၏ အထင်ကရ ကမ်းခြေများကဲ့သို့ Royal Beach မဟုတ်ပဲ Public Beach တစ်ခု သာဖြစ်လေသည်။ ထို့ပြင် ချောင်းသာကမ်းခြေဖြစ်ပေါ်လာခဲ့ခြင်းကလည်း အရှင်မွေး နေ့ချင်းကြီး မဟုတ်ခဲ့ရပေ။ ၂၆ နှစ်ကျော် ၂၇ နှစ် အရွယ်ရောက်ပြီးသား လောကဓံ၏ အရိုက်အပုတ်၊ အထုအထောင်းများ၊ ခေတ်အဆက် အဆက် ဖြတ်သန်းလာခဲ့ရသဖြင့် ရင့်ကျက် တည်ငြိမ်ပြီး အတွေ့အကြုံရရှိနေသည့် ကမ်းခြေတစ်ခု ဖြစ်လာခဲ့ရသည်။
အနယ်နယ်အရပ်ရပ်ကမှီခိုရာဒေသဖြစ်ခဲ့တယ်
ချောင်းသာတွင် ရှိနေသည့် ဒေသခံများထက်အနယ်နယ်အရပ်ရပ် မှ ရေကြည်ရာ မြက်နု ရှာဖွေလာခဲ့ကြသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။၂၀၀၈ ခုနှစ် နာဂစ်ပြီးနောက်ပိုင်း ရွှေ့ပြောင်းလာသူများ၏ မှီခိုရာ ကျက်စားရာ အားထားရာ ဒေသ တစ်ခုဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်အရပ်မှ လာရောက် အလုပ်လုပ် ကိုင်ကြသည့် မှီခိုရာ တစ်ခု ၊လှေခါးထစ် တစ်ခုဖြစ်ခဲ့လေသည်။
မိုးရာသီခရီးသွားဈေးကွက်ပထမဆုံးစတင်ဖော်ဆောင်
ဟိုးလွန်ခဲ့သည့် ဆယ်စု နှစ်ကျော်၂၀၁၁ ခုနှစ် တွင် ဟိုတယ်လုပ်ငန်းရှင်များမှ ပထမအကြိမ်ဈေးရောင်းပွဲတော် ကျင်းပခဲ့ပြီး နောက်ပိုင်းတွင်ချောင်းသာ ကမ်းခြေကို ခရီးသွား ဧည့်သည်များပိုမိုလာရောက်လည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့်ချောင်းသာ- ပုသိမ် လမ်းကို ကိုယ်ထူကိုယ်ထပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကားလမ်းအဆင့်မြှင့်တင်ခဲ့ပြီး ချောင်းသာသို့ ပြည်တွင်းမှ ခရီးသွားများ ဝင်လာမစဲရှိခဲ့သည်။ ဟိုးယခင်ကာလများတွင် မိုးတွင်းကာလများ၌ ဟိုတယ်များကို ပိတ်ထားခဲ့ရာမှ မိုးရာသီခရီးသွား စျေးကွက်ကို ဖော်ဆောင်ပြီးနောက် တစ်စစနှင့် ချောင်းသာသို့ လာရောက်လည်ပတ်ကြသူများပြားလာခဲ့သည်။ချောင်းသာ၏အားသာချက်များမှာ ကမ်းခြေမိုင်တိုခြင်း ပင်လယ်စာအစား အသောက်ပေါများခြင်း ဟိုတယ်များ မှာလည်း ဈေးချိုပြီး ဝန်ဆောင်မှုကောင်းခြင်းများကြောင့် ဧည့်သည်များမှာ မိုးတွင်းတွင် လာရောက် အပန်း ဖြေမှု ဈေးကွက်ကို ဖောက်နိုင်ခဲ့ခြင်းမှာ ချောင်းသာဟိုတယ်ဇုန်၏ ကြိုးစား အားထုတ်မှုဟု ဆိုရပေသည်။
ဒေသအကျိုးဖော်ဆောင်နိုင်
ထို့ပြင် ကမ်းခြေကို ဖော်ဆောင်ပြီးနောက်ပိုင်းခရီးသွား ဧည့်သည် လာရောက်မှု များပြားလာခဲ့သလို ဒေသအတွက် စာသင်ကျောင်း၊ဆေးရုံ၊ အမှိုက်ကား ၂စီး၊မီးသတ်ကား ၁စီး၊ မီးသဂြိုလ်စက်စသည်တို့ကိုလည်း ဟိုတယ်ဇုန်က တစ်ဖက်တစ်လမ်းမှ လှူဒါန်းပေးခဲ့သေးသည်။ဒါ့အပြင် ကမ်းခြေတွင် စည်းမဲ့ကမ်းမဲ့ အမှိုက်များမပစ်ရလေအောင် ချောင်းသာဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ကမ်းခြေတစ်လျှောက် အမှိုက်သိမ်းရန်အတွက် စည်ပင် မှလူစိုက်ကာ ဟိုတယ်လုပ်ငန်းရှင်များမှ လစဉ်ငွေစိုက်ပြီး ကမ်းခြေအမှိုက် သိမ်းစနစ်ကိုအကောင် အထည် ဖော်ထုတ်ပေးခဲ့သည်။ ထို့အပြင် အရေးပေါ်လူနာတင်ယာဉ်၊နာရေးကူညီမှုအသင်း အစရှိသည်တို့ကို ဒေသခံနှင့်အတူ ပူးပေါင်းပြီး တစ်စုတစ်စည်းထဲလုပ်ဆောင်ခဲ့သည်။ ကမ်းခြေတွင် လာရောက် အပန်းဖြေသည့် ဧည့်သည်များအတွက် Speed Boat များ၊Bananaအပျော်စီးများ၊ ရှပ်ပြေးစီး ဆိုင်ကယ်များ အစရှိသည်တို့ကို ထားရှိပေးခြင်း၊ ရေပြင်သက်ကယ်များ ထားရှိခြင်း၊ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးနှင့် လှုံဆော်ရေးဖွဲ့စည်းထားရှိခြင်းတို့မှာ မြန်မာနိုင်ငံ၏ ကမ်းခြေများထဲတွင် ပထမဆုံးဟု ဆိုနိုင်သည်။
ပထမဆုံးအလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်
ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လွန်ခဲ့သည့် ၂၀၁၆ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ချောင်းသာကမ်းခြေရှိ Hotel Ayeyarwaddy တွင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်လုပ်ငန်းရှင်၊စားသောက်ဆိုင် လုပ်ငန်းရှင်၊ဟိုတယ် GMများ၊ ဝန်ထမ်းများ၊ ကမ်းခြေနှင့် ပတ်သက်သည့် သူများ၊ ဒေသအခေါ် ချက်ပို့များ၊ခေါင်းရွက် ဗျက်ထိုးဈေးသည်များ နှင့်တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အလုပ်ရုံပွဲဖြစ်မြောက်အောင် အစိုးရပိုင်းမှ တက်ရောက်လာစေနိုင်ရန် ဇလွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း ၏ ကြိုးစားပေးမှုကြောင့်လည်းပါသလို ကွယ်လွန်ခဲ့သည့် ဆရာကြီး ဒေါက်တာထွန်းလွင် လည်း မှတ်မှတ်ရရ တက်ရောက်ခဲ့သည်။ ထို့အပြင် ဆရာဦးစည်သူလွင်၊ ဒေါ်ဆွေဇင်ထိုက်၊ ဟိုတယ်ခရီး မှ ဒုညွန်ချုပ် ဒေါ်ခင်သန်းဝင်း၊ ဒေါက်တာကျော်စွာဦး၊ ဒေါ် ဝေဖြိုးမြင့်၊ ဒေါ်စန္ဒာသန့်၊ ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးတေဇာအောင်၊ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ထွန်းထွန်းနိုင် ၊ ဧရာဝတီတိုင်း ဟိုတယ်ခရီးတာဝန်ခံ ဦးဇော်လင်းထွန်း၊တိုင်းရဲတပ်ဖွဲ့ မှ ဒုတိုင်း တပ်ဖွဲ့မှုး ၊ဒုတိယရဲမှူးကြီး လှိုင်တင့်၊ ဦးမောင်မောင်ဦး(ARCCI) တို့ကလည်း ဆွေးနွေးခဲ့ကြသည်။ထိုစဥ်က ကမ်းခြေတွင် အရေးကြီးသည့် ပလပ်စတစ် ဆိုင်သည့်စာတမ်းကို ဒေါက်တာ ချိုဝင်းမော်နှင့် ဦးကိုကိုကြီး တို့က ဆွေးနွေးပေးခဲ့သည်ကိုလည်း အမှတ်ရမိသည်။ဆွေးနွေးပွဲသုံးရက်စလုံးတက်ရောက်နိုင်အောင် ဒေသခံများကိုလည်း နေ့တွက်စရိတ် ၃၀၀၀ ကျပ်ပေးပြီး ဧည့်ဝတ်ပြု ခဲ့ကြသည်။ ယင်းကာလတွင် ချောင်းသာတွင် မီးမရရှိသေးခြင်းကြောင့် လျှပ်စစ်မီးကိစ္စများ၊ ချောင်းသာမြို့ဖြစ်အောင် ကြိုးစားတွန်းအားပေးမှုကြောင့် ယခုဆိုရင် ချောင်းသာမှာ မြို့ဖြစ်ခဲ့ပြီး မကြာခင်တွင် မီးရရှိနိုင်တော့မည်ဖြစ်သည်။ထိုစဥ်က အလုပ်ရုံဆွေးနွေးပွဲ၏ အကျိုးရလာဒ်များပင်ဖြစ်သည်။
ဆွေးနွေးပွဲကအကျိုးရလာဒ်များ
ဆွေးနွေးခဲ့စဉ်က အဖြေမရနိုင်ခဲ့သည့် လျှပ်စစ်မီးများ ဟိုတယ်များတွင် ရရှိလာတော့မည်ဖြစ်သလို ယခင်က ရန်ကုန်နှင့် ငွေလွှဲရန် အခက်ခဲဖြစ်နေရာမှ ပုဂ္ဂလိက ဘဏ်များကိုဖွင့်လာကြခြင်းများက အလုပ်ရုံဆွေးနွေးပွဲ ၏ အကျိုးဆက် ရလာဒ်ကောင်းများပင်ဖြစ်လေသည်။ ထို့အပြင် ဥတို တံတားတွင် ကားများ တန်းစီ စောင့်ဆိုင်းရသည့် အနေအထားမှ တံတားပေါ်တွင် ကားနှစ်စီး ယှဉ်ပြီးဖြတ်သန်း သွားလာနိုင်ပြီဖြစ်လေသည်။ ထို့အပြင် လက်ရှိတွင် ချောင်းသာတွင် ၁၁ ကေဗီဓာတ်အားခွဲရုံကို တည် ဆောက်ရန် ပြင်ဆင်နေပြီး စက်ပိုင်းဆိုင်ရာပစ္စည်းများလည်း ရောက်ရှိလာပြီဖြစ်ကြောင်း ကိုဗစ် ကာလ ဖြစ်သည်မို့ တည်ဆောက်မှုအပိုင်းကို စတင်ရုံသာ လုပ်ထားသေးသာဖြစ်ပြီး ဟိုတယ်ဇုန်များ၏ ကိုယ်ထူ ကိုယ်ထ ၁၁ ကေဗီဓာတ်အားခွဲရုံဖြစ်ကြောင်း ချောင်းသာမြို့လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးကျော် က ပြောသည်။
သန့်ရှင်းသပ်ရပ်လာသည့်ကမ်းခြေဖြစ်လာ
လာရောက်လည်ပတ်သူများပြားသော်လည်း ကမ်းခြေလှပမှုအပိုင်းမှာ နည်းပါးခဲ့သည်။ စည်းမဲ့ကမ်းမဲ့ ပလပ် စတစ်များ၊အမှိုက်ပုံများ၊ဒေသခံနှင့် လုပ်ငန်းရှင် ကြား အငြင်းပွားမှုများ ဟာ မှေးမိန်ပျောက်ကွယ်ခဲ့ပြီး လက်ရှိတွင် ကမ်းခြေ ဂေဟစနစ်ပြန်လည်ကောင်းမွန်လာသလို အမှိုက်ကင်းစင်လာခြင်းကြောင့် သပ်ရှင်း သပ်ရပ် လာသည့် ကမ်းခြေတစ်ခု ဖြစ်လာခဲ့ရပြီဖြစ်သည်။ ယခင်က မြင်တွေ့ရခဲသည့် ဂဏန်းနီကောင်များမှာ ယခု ကမ်းခြေ သဲသောင်ပြင်တွင် တစ်စတစ်စ ဖြင့် မြင်တွေ့လာခဲ့ပေသည်။
ငါးနှစ်တာကာလအတွင်းဧည့်သည်ဝင်ရောက်မှုတိုးတတ်လာ
လွန်ခဲ့သည့်ငါးနှစ်တာ ကာလအတွင်း ချောင်းသာ ကမ်းခြေသို့ နေ့ချင်းပြန်နှင့် ညအိပ်ဝင်ရောက်မှု ခရီးသွား ဧည့်သည်စာရင်းများအရ ကြည့်မည်ဆိုပါက ကမ်းခြေ သို့ဧည့်သည်ဝင်ရောက်မှုအနေအထားကို တွေ့မြင်နိုင်လေသည်။ ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲ၏ စာရင်းအရ ၂၀၁၅ ခုနှစ်တွင်ပြည်တွင်း ဧည့်သည် လူဦးရေ ၂၂၈၃၀၄၂ ဦး နှင့် ပြည်ပဧည့်သည် ၄၀၄၉ ဦး ဝင်ရောက်ခဲ့သည်။
၂၀၁၆ခု နှစ်တွင် ပြည်တွင်း ဧည့်သည် လူဦးရေ၂၅၃၉၂၈ ဦးနှင့် ပြည်ပဧည့်သည် ၃၂၃၉ ဦး ဝင်ရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်း ဧည့်သည် လူဦးရေ ၁၈၀၀၅၁ ဦးနှင့် ပြည်ပဧည့်သည် ၂၅၁၂ ဦး ဝင်ရောက်ခဲ့သည်။၂၀၁၈ခုနှစ်တွင်ပြည်တွင်း ဧည့်သည် ၅၂၃၇၁၄ ဦးနှင့် ပြည်ပဧည့်သည် ၇၇၅ ဦး ဝင်ရောက်ခဲ့သည်။၂၀၁၉ခုနှစ် တွင် ပြည်တွင်းဧည့်သည် ၅၈၃၇၇၈ဦးနှင့် ၄၆၅ ဦးဝင်ရောက်ခဲ့သည်။၂၀၂၀ မတ်လ၂၄ရက်ထိ ပြည်တွင်းဧည့်သည် ၁၄၇၀၈၄ ဦးနှင့် ပြည်ပဧည့်သည် ၄၄၂ ဦး ဝင်ရောက်ခဲ့သည်ကို ကြည့်ပါက ချောင်းသာကမ်းခြေ ကို ပြည်တွင်းခရီးသွား များဝင်ရောက်မှု များသည်ကို စာရင်းအရ သိရသည်။
ကမ်းခြေတွင်ရင်းနှီးမြုပ်နှံသူများပြားလာ
ချောင်းသာကမ်းခြေ ကို ရန်ကုန်မြို့မှ လာရောက်မည်ဆိုပါက အချိန် ငါးနာရီခန့်ပေးလိုက်ရုံမျှဖြင့် ရောက်ရှိနိုင်ခြင်း၊ပင်လယ်စာ ၀၀လင်လင်စားနိုင်ခြင်း စသည့် အချက်များကြောင့် ချောင်းသာကမ်းခြေကို ပြည်တွင်းခရီးသွားအများဆုံး လာရောက်လည်ပတ်ခြင်းဖြစ်လေသည်။ ဧည့်သည် လာရောက်မှု များပြားလာခဲ့သည့်နောက်ပိုင်းတွင်ကမ်းခြေတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ တိုးလာခဲ့ခြင်းက သက်သေများပင်ဖြစ်လေသည်။ တခြားကမ်းခြေများထက် ချောင်းသာကမ်းခြေတွင် ရင်းနှီးမြုပ်နှံမှုမှာ စရိတ် သက်သာစေသည်ဟု လုပ်ငန်းရှင်များက ဆိုလေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သက်တမ်းကျော်ကို ပြန်ကြည့်ပါက ချောင်းသာကမ်းခြေတွင် ရင်းနှီးမြုပ်နှံခြင်းမှာ တည်ငြိမ်ခြင်း၊ပြည်တွင်းဈေးကွက် ခိုင်ခိုင်မာမာရရှိထားခြင်း ကြောင့် ရင်းနှီးမြုပ်နှံသူများမှာ တွက်ချေကိုက်လာခြင်းကြောင့် ဟိုတယ်များ၊စားသောက်ဆိုင်များ တိုးတက်လာခဲ့သည်။ ထို့ကြောင့် ချောင်းသာဟိုတယ်ဇုန်အသင်းမှ မြို့ Town Plan ဆွဲရန် တင်ပြခဲ့ရာတွင် ယခုအချိန်ထိ ချပြပေးခြင်းမရှိသလို ပွင့်လင်းမြင်သာမှုကိုလည်းဖြစ်စေချင်ကြောင်း ချောင်းသာခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ ဒေသ၏ ခရီးသွား ဝန်ဆောင်မှုများ မြင့်မားတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် ဒေသခံနှင့် လုပ်ငန်းရှင်များမှ ဝိုင်းဝန်းစုပေါင်းကြိုးစားရမည်ဖြစ်သလိုနိုင်ငံတော် ဘက်ကလည်း ကူညီဆောင်ရွက်ပေးမည်ဆိုပါက ပိုပြီးတိုးတက်မြန်ဆန်လာမည်ဟုလည်း ချောင်းသာဟိုတယ်ဇုန်၏ ဥက္ကဋ္ဌဦးမင်းကျော်ဦးက ထောက်ပြပြောဆိုသည်။
မည်သို့ပင်ဆိုစေ ချောင်းသာကမ်းခြေ၏ ကောက် ကြောင်းကို ပြန်ကြည့်မည်ဆိုပါက သက်တမ်းအားဖြင့် နှစ် ၂၆ နှစ်ကျော် ၂၇ နှစ် ဝန်းကျင်ထဲ ဝင်ရောက်လာခဲ့သည်။ တည်ငြိမ်ရင့်ကျက်လာခဲ့သည့် ကမ်းခြေတစ်ခု ဖြစ်လာခဲ့သည့်အပြင် ပြည်တွင်း ပြည်ပ ခရီးသွားများကြားတွင်လည်း ရေပန်းစားသွားလာ လည်ပတ်ကြမည့်ကမ်းခြေတစ်ခု ဖြစ် လာမည်ကတော့အမှန်ပင်ဖြစ် လေ ပေတော့သည်။
Contine Reading
By -
/ 13-10-2020ကျေးလက်ခရီးသွား မြှင့်တင်ဖို့ အစိုးရ နဲ့ ပုဂ္ဂလိက ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ
Travelling journal
ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းကို အစိုးရကသာ ပံ့ပိုးပေးနိုင်မည် ဆိုပါက သုံးလအတွင်း အကောင် အထည် ဖော်ဆောင်ရွက်နိုင်လိမ့်မည် ဟု Myanmar Tourism Executive Committee မှ အဖွဲ့ဝင် ဒေါ်တင့်တင့် လွင်က ပြောဆိုလိုက်သည်။
ယင်းကဲ့သို့ လုပ်ဆောင်ရန်မှာ အခက်အခဲများနှင့် ရင်ဆိုင်နိုင်ရဖွယ်ရှိနေပြီး လက်ရှိကာလတွင် ကိုဗစ်ရောဂါ ကူးစက်ခံနေရခြင်းများကြောင့် ခက်ခဲမှုများရှိနိုင်သော်လည်း အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည်ဟု ဒေါ်တင့်တင့် လွင် က ယုံကြည်သည်ဟု ဆို သည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းကို ဟိုး ယခင်နှစ်များစွာကတည်းက ဆောင်ရွက် နေကြသော်လည်း ထိရောက်မှု မှာအင်မတန် နည်းပါးနေသေးသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ခရီးသွားလုပ်ငန်းများကို ယခင်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျော့ချမှုကို တစ်ဖက်တစ်လမ်းက လျော့ချလိုခြင်းရည်ရွယ်ချက်ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်ဟု ဝန်ကြီးဌာန ၏ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် ကလည်း ပြောသည်။
" ကျေးလက်ခရီးသွားလုပ်ငန်းဆိုတာက မြို့ပေါ်ခရီးသွားလုပ်ငန်းမဟုတ်ရင် ကျန်တာ ကျေးလက်ပဲ။ဒုဝန်ကြီးတို့လည်း ဒါနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နေတာရှိပါတယ်။ အရင်ကလည်း CBTလုပ်ခဲ့တာရှိတယ်။ ဒီနှစ်ရဲ့ ခရီးသွားလုပ်ငန်း ဆောင်ပုဒ်က ကျေးလက်ဒေသ ခရီးသွား ဖွံ့ဖြိုးရေး လုပ်ငန်းလို့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဘက်က သတ်မှတ်ခဲ့တယ်။ လူတွေကလည်း ကိုဗစ်ဖြစ်လိုက်တဲ့ အခါမှာ နယူးနော်မယ်ပုံစံနဲ့ သွားချင်လာပြီ၊ အဲဒီအတွက် ကျေးလက်ခရီးသွားလုပ်ငန်းတွေက ပိုပြီး ထိရောက်လာမယ်။ ဖွံ့ဖြိုးလာမယ်လို့ အားလုံးက အဲဒီလိုသုံးသပ် ပါတယ်။ ဆရာတို့ က ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတွေ၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးတွေ ဒါတွေနဲ့ ပတ်သက်လို့ စီမံကိန်းတွေ ရေးဆွဲနေတယ်။ ဆရာတို့ ဘက်က တော့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို တင်ပြမယ်၊အဲဒီပေါ်မှာ အကောင်အထည်ဖော်မယ့် သူတွေ၊လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို အကြံဉာဏ်ပေးမယ်၊ သက်ဆိုင်ရာဒေသဆိုင်ရာ ကော်မတီ တွေ မှာရှိတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို အကြံဉာဏ်ပေးမယ်။ ဒါက ဝန်ကြီး ဌာန ဘက်က လုပ်ပေးနိုင်မယ့် အပိုင်းတွေကို လုပ်ပေးမယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ဒုတိယ ညွန်ကြား ရေးမှူးချုပ် ဦးအောင်အေးဟန် က ဆိုသည်။
Covid အလွန် တွင် ခရီးသွား လာရေး ဒေသများဖြစ်သည့် အဆိုပါ ဒေသများရှိလုပ်ငန်းများကို လုပ်ကိုင်မည် ဆိုပါက ဝန်ကြီးဌာနတစ်ခုတည်းသာ မဟုတ်ပဲ နိုင်ငံတော်အစိုးရကလည်း ပံ့ပိုးပေးရန် အဓိက လိုအပ်သလို ချိတ်ဆက်ထားသည့် အသင်းများမှလည်း ကူညီပေးရန် လိုအပ်ကြောင်း ဒေါ်တင့်တင့်လွင် က ဆိုသည်။
’’ ဝန်ကြီးကတော့ Implement လုပ်ပါလို့ပြောတယ်၊ အစိုးရကတော့ ပံ့ပိုးပေးရမှာပေါ့၊ Covid Loan၊ Relief Loan မျိုးလည်း ပေးလို့ ရပါတယ်၊ ဘာလို့လဲဆို Micro Business လုပ်ငန်းမို့ပါ၊ အခုဒါက မမအနေနဲ့ အကြံပြုထားတာ ပဲရှိတယ်၊ ဝန်ကြီးဌာနက လက်ခံဖို့ လိုပါတယ်။အခုမမ တင်ပြထားတဲ့ ဒီကိစ္စကိုသာဖော်နိုင်မယ်ဆိုရင် ဒီသုံးလအတွင်း ကိုဗစ်မှာ ချေးငွေကို ထိုင်သုံးပြီး ထိုင်စောင့်နေမယ့်အစား ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပြီး ဒီကာလ အပြီးမှာ ချက်ချင်းပဲ ခရီးသွားလုပ်ငန်းကို စတင်နိုင်မယ့် အခြေအနေတွေရှိမယ်၊ နောက်ပြီး ဒီအခြေအနေအတွင်းမှာ ကျေးလက်က ပြည်သူတွေနဲ့ အစိုးရက လုပ်ကိုင်ခွင့်တွေပေးမယ်၊ချေးငွေတွေ ချပေးမယ်ဆိုရင် ကျေးလက်ဘက်က ပရောဂျက်တွေဖြစ်တဲ့ အတွက် အထူးအန္တရာယ်ရှိတဲ့ အခြေအနေမရှိဘူး၊ ကြိုတင်ပြင်ဆင်လို့ရတဲ့အခြေအနေရှိတယ်’’ဟု ဒေါ်တင့်တင့်လွင်က ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်း တွင်းက ကျင်းပခဲ့သည့် အစည်း အဝေးတွင် ဒေါ်တင့်တင့်လွင် က ရွာငံဒေသ ရှိ လိုဏ်ဂူများ၊ရေတံခွန်၊ရေဖြူအိုင်၊ ရေပြာဆိုင်နှင့် ကော်ဖီလက်ဖက် လုပ်ငန်းများ၊ ကယား ပြည်နယ်ဒေသရှိ Red River Caves ၊ လိုဏ်ဂူများ၊ Farm House ဆောက်လုပ်ခြင်းများ၊ မွန် - ကရင်ဒေသများတွင်မူ အနီးတဝိုက်ရှိ ရေပူစမ်းများအား Thermal Bath အဖြစ် ပြုလုပ်ခြင်း၊ ဧရာဝတီ လင်းပိုင်များကျက်စားရာနေရာဒေသတဝိုက် အား Rural Guest House နှင့် Irrawaddy Wooden Boat ဆောက်လုပ်ဌားရမ်းခြင်း ၊လက်ဆောင်ပစ္စည်း ထုတ်လုပ်ခြင်း နှင့် ပညာပေးဝေခြင်းများ၊ ပင်လယ်ကမ်းခြေ ရှိ SEA-Activities လုပ်ကိုင်ခွင့်များ၊ ကချင်ပြည်နယ် အင်းတော်ကြီးဒေသရှိ Guest Houses Farm Home Stay လုပ်ကိုင်ခွင့်များ ၊ မူလာရှီးဒီး ချောင်းတွင်း White Water Rafting များပြုလုပ်ခြင်း ၊ စစ်ကိုင်းတိုင်း ကသာခရိုင် ဆင်စခန်း၊ကိုလိုနီခေတ် အဆောက် အဦးများ မူလအရသာထိန်းသိမ်းလုပ်ကိုင်ခွင့် များ၊ ချင်းပြည်နယ် တွင် Farm Houses Off Road Diving ၊ Horse Riding နှင့် Culture Tour များပြုလုပ်ခွင့်၊ ဝဥလုပ်ငန်း၊ ဝိုင်ထုတ်လုပ်ခြင်း၊ ဒိန်ခဲထုတ်လုပ်ခြင်းများတို့ကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲမှုများကို စတင် နိုင်သည့် အကြံပြုစာတမ်းကိုလည်း တင်ပြခဲ့သေးသည်။
ထို့ပြင် ကျေးလက် ဒေသရှိ ခရီးသွားလုပ်ငန်းအားဖွံ့ဖြိုးအောင်မြင်စေလိုပါက အချက်သုံးချက်အရေးကြီးကြောင်း အစိုးရ ပြည်သူ လုပ်ငန်းရှင် ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဟု သုခမိန် မြန်မာပြည်အနှံ့ဘုရားဖူးနှင့်အပန်းဖြေ ခရီးပို့ဆောင်ရေးမှ ဦးမျိုးကြီး က ပြောသည်။
"ကျေးလက်ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုပါက အဓိက အချက်များမှာ အစိုးရ ဘက်က ပံ့ပိုးပေးနိုင်စွမ်း တကယ်တမ်းပြောရရင် မရှိဘူး၊ သူကတော့ဖော်ဆောင်ပေးသွားတာပဲ၊လက်ရှိ ဦးမျိုးတို့ သံတဲကမ်းခြေကိုပဲကြည့် လေ ၊ဦးမျိုးတို့ က လက်တွေ့မပါဘူး၊စာတွေ့ပဲပါတယ်။ တကယ်တမ်းပြောရင် ကျေးလက်ကို ဖော်ဆောင်ချင်တယ်ဆိုရင် ဦးမျိုးတို့ က ဖော်ပေးတယ်။ ဒါပေမယ့် တကယ် ဖော်ဆောင် ချင်တယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်း မပါလာဘူး၊ ဝန်ကြီးဌာနကလည်း လိုက် မလာဘူး၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကလည်း ရှောင်ထွက်သွားတယ်။ ပထမဆုံးသူတို့ UMTA နဲ့ သွားမယ် ဆိုတာကို ဖျက်လိုက် တယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို အစိုးရ ကိုယ်တိုင်ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ထိထိ ရောက်ရောက် ပါဝင်ပေးဖို့ လုပ်ငန်းရှင်နဲ့ သေချာပူးပေါင်းရင် ကျေးလက် ခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးကို ဖွံ့ဖြိုး မယ်၊ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုရင် အစိုးရရဲ့ ပံ့ပိုးမှုက ၁၀၀ ရာခိုင်နှုန်းပံ့ပိုးပေးမှရမယ်။ စာတွေနဲ့ ချပြလို့မရဘူး၊ ကျေးလက်ဘက်ကလည်းပါဝင်ပူးပေါင်းရမှာပဲ။ ဦးတို့ သံတဲကဆိုရင် အကုန်လုံးက လာပြီး ပူးပေါင်းပေးတယ်။ရပ်ရွာရဲ့နွေးထွေးကြိုဆိုမှုကလည်း ၁၀၀ ရာခိုင်နှုန်းဖြစ်ရမယ်။ လုပ်ငန်းရှင်ကတော့ သူကတော့ သူ့လုပ်ငန်းအတွက် နဂိုကတည်းကိုယ်က ရာခိုင်နှုန်းပြည့် လုပ်ထားမှာပဲ။ လုပ်ငန်းရှင်ဘက်ကတော့ ရာနှုန်းပြည့် ပါဝင်မှာမို့ လုပ်ငန်းရှင်ဘက်ကိုထည့်ပြောစရာမလိုဘူး။ ဘတ်ဂျတ်ထုတ်ပေးဖို့ မလိုဘူး၊ အစိုးရ ဘက်က ပံ့ပိုးဖို့ပဲ အဓိကကျပါတယ်’’ဟုသုခမိန်ခရီးသွားလုပ်ငန်းမှ ဦးမျိုးကြီး က ပြောသည်။
ထို့ပြင် မကွေးတိုင်း ဟိုတယ်ခရီးတာဝန်ခံ ဖြစ်သူ ဦးမြင့်စိန်က မကွေးတိုင်းအတွင်း ဖော်ဆောင်သည့်CBT နှစ်ခုစလုံးမှာ အောင်မြင်သင့်သလောက် အောင်မြင်နေကြောင်း ၎င်းက ပြောသည်။ ကျေးရွာ လူထုပိုင် ခရီးသွားလုပ်ငန်းဆောင်ရွက် မည်ဆိုပါက သုံးပုံနှစ်ပုံခန့်ကို ကျေးရွာက သဘော တူညီရမည် ဖြစ်သလို ကော်မတီတွင် ပါဝင်သည့် သူများမှာ ကျေးရွာတွင် အမြဲတမ်းနေထိုင်သည့် သူများဖြစ်ရန် လိုအပ်သည်ဟု ဆိုသည်။ ဒါမှသာ ကျေးရွာတွင်း ငွေကြေးစီမံခန့်ခွဲခြင်းစသည်တို့ကို ကော်မတီမှသာ အတည်ပြု ဆုံးဖြတ်နိုင်မည်ဖြစ်သလို ဝန်ကြီးဌာနအနေဖြင့် Guide Line ပေးခြင်းလောက်သာ လုပ်ဆောင် ပေးရခြင်းဖြစ်သည်။
ယခုကဲ့သို့ ဖော်ဆောင်ရခြင်းမှာ CBTများတွင် လ.ဝ.က ဥပဒေ အရဆိုပါက နိုင်ငံခြားသား ထားခွင့်မရှိကြောင်း သို့သော် ခရီးသွားလုပ်ငန်းနှင့်ဆင်းရဲနွမ်းပါးမှုကိုလျှော့ချလိုသည့် မူဝါဒနှင့် ခရီးသွားလုပ်ငန်းသည် ကျေးလက်ဒေသ အနှံ့ပြန့်နှံ့ရမည်ဆိုသည့် ဝန်ကြီးဌာန၏ မူအရ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ဦးမြင့်စိန်က ပြောသည်။
"အစိုးရကလည်း ထိထိရောက်ရောက်ပံ့ပိုးမယ်၊ သက်ဆိုင်ရာ ဒေသက DMOတို့ ဘက်ကလည်း ခရီးသွားလုပ်ငန်းကို တကယ်နားလည်တဲ့ သူတွေ က ထဲထဲဝင်ဝင် ပံ့ပိုးပေးမယ်ဆိုရင် ဖြစ်နိုင်ချေရှိတယ်။ ကိုယ်ကိုယ်တိုင် ခရီးသွားလုပ်ငန်းထဲမှာ ကိုယ်တိုင် ဧည့်သည်တစ်ယောက်လိုခံစားနိုင်မယ့်သူမျိုးပါသင့်တယ်၊ အခုလက်ရှိ DMOတွေမှာက ဌာနဆိုင်ရာလူတွေများနေတာဖြစ်တယ်၊ဒီလူတွေကို စုစည်းဖို့တောင် ခဲယဉ်းတယ်လေ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ကလည်း တခြားသောဝန်ကြီးဌာနတွေကလည်း ခရီးသွားလုပ်ငန်းအကြောင်းကို သိမှသာပဲ ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ကလည်း လိုအပ်ပါတယ်’’ဟု မြန်မာနိုင်ငံဧည့်လမ်းညွန်များအသင်း ဥက္ကဋ္ဌဦးအောင်ထွန်းလင်းက ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အစိုးရမှ Covid Loan ချေးငွေ ကို ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း (၁) ရာခိုင်နှုန်း ဖြင့် တစ်နှစ်ချေးငွေ ထုတ်ချေးပေးထားပြီး ဖြစ်သည်။
"ကျွန်တော်တို့ လက်ရှိလုပ်နေတာက လုပ်ငန်းသစ်တွေကို ဘဏ္ဏာရေးထောက်ပံ့တာ မလုပ်ပါ…အခက်အခဲရှိနေကြတဲ့လက်ရှိထူထောင်ထားတဲ့လုပ်ငန်းငွေ ကိုသာ ချေးငွေပေးထားတာဖြစ်ပါတယ် "ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သော စီပွားရေးသက်ရောက်မှုများ ကုစားရေး လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆောင်ရွက်ချက်များလုပ်ငန်းကော်မတီ မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းအကောင် အထည်ဖော်ဆောင်ထားသည့် နွယ်ငြိမ်းCBTနှင့်အင်ဒေါင်း CBTတို့၏ အနေအထားမှာ အောင်မြင်မှု အားနည်းနေသေးသည်။
"အခု နွယ်ငြိမ်း CBT မှာက ဘယ်လိုဖြစ်လဲဆိုတော့ ဒေသခံက ခရီးသွားလုပ်ငန်းကို မကျွမ်း ကျင်တော့ ၂၀၁၉ မှာ ဟိုတယ် ခရီး ဘက်က ကူပေးပါလို့ ပြောလို့ကူပေးမယ်လုပ်နေရင်း ကိုဗစ် ဖြစ်နေလို့ ခဏနားထားနေတာ။ နွယ်ငြိမ်းမှာ ဖွဲ့စည်းပေးတဲ့ ကော်မတီက ခရီးသွားလုပ်ငန်းကို နားမလည်တဲ့ အပိုင်းပါနေတယ်။ ဘယ်လိုလုပ်ရမယ်၊ဘယ်လိုကိုင်ရမယ်ဆိုတာမသိဘူး၊ တိုင်းဒေသကြီးက ပေးတဲ့ ပိုက်ဆံကိုပဲ ထောက်ပံ့ငွေကိုပဲစောင့်နေတာ။ နွယ်ငြိမ်း CBT ကို အင်ဒေါင်း CBT နဲ့ တွဲပြီး ဧည့်သည်ကို ချိတ်ဆက်ယူတယ်လို့ပဲ အနေအထားပဲရှိသေးတယ်"ဟု နွယ်ငြိမ်းCBTကို ကူညီ ပံ့ပိုးပေးမည့် ရွှေဘိုဟိုတယ်ဇုန် မှ ဥက္ကဋ္ဌ ဦးအောင်ကြီး က ပြောသည်။
ကျေးလက်ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးနိုင်ပါက ကျေးလက်ရှိ လူနေမှု အဆင့်အတန်းများ မြင့်မားလာပြီးဆင်းရဲနွမ်းပါးမှုကိုလည်း လျော့ချနိုင် မည်ဖြစ်သည်။ယင်း ဒေသများကို တိုးတက်လာအောင်ဆွဲတင်ပေးရန် လိုအပ်နေသည်။
" ဒေသတိုင်း ရချင်မှရမယ်။ ပေါ်လစီ ချပေးလိုက်ရင် စိတ်ပူတယ်။ဒေသတစ်ခုကို စဉ်းစားမယ်ဆိုရင် ကျေးလက်ကို အော်နေကြလို့ ပိုင်းလော့တစ်ခုလုပ်ကြမယ်ပြောကြတဲ့ခါမှာ သူ့မှာ ဘာရောင်းစရာရှိလဲ၊ဘာကောင်းစရာရှိလဲ။ တိုရစ်ဇင်မှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် Accessibility မစဉ်းစားပဲနဲ့ စိတ်ကူးရင်ပြီး လျှောက်လုပ်လို့မရဘူး။လူတွေက ဘယ်လိုသွားမလဲ၊ အဲဒီနေရာရောက်အောင် ကုန်းတစ်တန်ရေတစ်တန် ခရီးသွားရမဲ့နေရာကို ဘယ်သူက သွားမှာလဲ။ ဒါတွေကို စဉ်းစားပြီးမှ ဘာအားသာချက်၊ ဘာ အားနည်း ချက်တွေကို စဉ်းစားပြီးမှဘယ်လိုဖြည့်တည်းနိုင်မလဲဆိုတာကို လုပ်ရမယ်၊ ပြီးတော့ ကိုယ်ရဲ့ ဦးတည်ချက်က ဘယ်ကိုသွားမှာလဲ က အရေးကြီးတယ်။ အဲဒီလိုမလုပ်ရင် ရေရှည်အောင်မြင်မှုမရနိုင်ဘူး။ခဏလုပ်ပြီး ရပ်သွားကျမှာ။ ဒါမို့ ခရီးသွားကို ခရီးသွားစီးပွားရေးပုံစံမျိုး စဉ်းစားပေးရမယ်။ အဲဒီနေရာမှာ စီးပွားရေးအမြင်ရှိရမယ်လို့ပြောလိုက်ရင်လည်း စီးပွားဖြစ်တို့ အမြတ်အတွက်လို့ ပြောလိုက်ရင် အဲဒါကို ကိုယ်တွေရဲ့တိုင်းပြည်က အကောင်းမမြင်ဘူး၊ အဆိုးမြင်ကျတယ်။ ဒါကို အဆိုးမြင်စရာမလိုပါဘူး။ဘာလို့ စီးပွားရေးလုပ်တာလဲ၊အမြတ်အစွန်းလိုချင်လို့ စီးပွားရေးလုပ်တာလေ။ အမြတ်မရလို့ရှိရင် ဒီလုပ်ငန်းကို ပိုပြီး ကောင်းအောင်ပိုပြီး တိုးတက်အောင် ကိုယ့်ရဲ့ဝန်ထမ်းတွေကို လခပိုပေးနိုင်အောင် အမြတ်ရမှရမယ်လေ။ CBTတစ်ခုလုပ်ရင်လည်း အမြတ်ရမှဖြစ်မှာလေ။အမြတ်ရမှသာ ဒီဟာကို ဝိုင်းပံ့ပိုးပေးနေတဲ့ သူတွေရဲ့ ဘဝတွေကလည်းမြှင့်တက်လာမှာဖြစ်တယ်။ ဒါကို စီးပွားရေးအနေနဲ့ မြင်မှ ရမယ်။ စီးပွားရေးအရလုပ်ပါ။ ဒါပေမယ့် Balance ဖြစ်ရမယ်။ တစ်ဖက်ကနေလည်း သဘာဝတို့ ယဥ်ကျေးမှု တို့ ပတ်ဝန်းကျင်တို့ကိုလည်းမပျက်စီးအောင်လုပ်ဆောင်ပေးရပါမယ်။ဒါမှသာ ရေရှည်တည်တံ့ နိုင်မဲ့ခရီးသွားလုပ်ငန်းဖြစ်လာမှာပါ။ သေချာချပြီးမှ သေသေချာချာလုပ်မှရမယ်။ ဒေသခံတွေ ဘက်ကနေ လုပ်ချင်လာအောင် အသိပညာပေးရမယ်။ အစိုးရပဲဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် တစ်ချို့ ဟာတွေကို ပံ့ပိုးပေးရမယ်။ မင်းတို့လုပ်ကြ၊မြတ်တာ၊ရှုံးတာ မင်းတို့ တာဝန်လို့ပြောလို့မရဘူး။ ပထမချင်းတစ်နှစ်တို့ နှစ်နှစ်တို့မှာ ရွာသားက အရှုံးခံနိုင်မလား။ ဘယ်လိုလုပ် အရင်းဆိုတာရှိမလဲ၊လုပ်ငန်းရှင်ဝင်လာရင်လည်း ရွာသားနဲ့ လုပ်ငန်းရှင် သပ်သပ်မဖြစ်အောင် စကတည်းက Concept ကို သေသေချာချာချရမယ်။ တိုရစ်ဇင်ကို စီးပွားဖြစ် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားပြီးမှလုပ်ရမှာဖြစ်တယ်၊ တိုရစ်ဇင်ကို အပျော်လုပ်နေတာမဟုတ်ဘူး။ စီးပွားမဖြစ်လို့ရှိရင် ဝင်ငွေလည်းမတိုးနိုင်ဘူး၊ တိုးရစ်တွေတော့ သွားနေတယ်။လမ်းမှာ သူ့တို့အိတ်ထဲက ပိုက်ဆံမသုံးနိုင်ဘူးဖြစ်နေတာတွေ ရှိနေတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်း က ထောက်ပြပြောဆိုသည်။
မည်သို့ပင်ဆိုစေ အစိုးရ ပုဂ္ဂလိက ဒေသခံ များ၏ ပူးပေါင်းဆောင်ရွက်မှသာလျှင် ရာနှုန်း ပြည့်ရေရှည်အောင်မြင် နိုင်မည့် ကျေးလက် ခရီးသွားလုပ်ငန်း အမှန်တကယ်ပင်ဖြစ်လာ ပေတော့ မည်ဖြစ်ပါသည်။
Photo #khunhanminaung (FB)
Contine Reading
By -
/ 08-10-2020