အရှေ့မြောက်ဖျားက မြို့ကသာ

မော်ကျွန်းသူ ရှေးတုန်းက ရှမ်းလူမျိုးတွေ ခေါ်ခဲ့ကြတဲ့ ကတ်ဆာမြို့ဟာ ကာလရွှေ့လျားလာပြီးတဲ့ နောက် ကသာဆိုတဲ့ မြို့ အမည်နာမ အဖြစ် ယနေ့ထိ တိုင် ခေါ်ဝေါ်လာခဲ့ပါပြီ။ကသာမြို့ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ရ ...

မော်ကျွန်းသူ

ရှေးတုန်းက ရှမ်းလူမျိုးတွေ ခေါ်ခဲ့ကြတဲ့ ကတ်ဆာမြို့ဟာ ကာလရွှေ့လျားလာပြီးတဲ့ နောက် ကသာဆိုတဲ့ မြို့ အမည်နာမ အဖြစ် ယနေ့ထိ တိုင် ခေါ်ဝေါ်လာခဲ့ပါပြီ။
ကသာမြို့ဟာ စစ်ကိုင်းတိုင်း ဒေသကြီး ရဲ့အရှေ့မြောက်ဖျား ပိုင်းမှာ တည်ရှိပြီး ဧရာဝတီမြစ်နဲ့ ရွှေလီမြစ်ဆုံရာအနီးမှာတည်ရှိ သလို ဖတ်ဆွတ်တောင်တန်းကြီးကို ခြံရံထားတဲ့ မြို့ကသာလည်း ဖြစ်ကာ ဧရာဝတီမြစ်ကမ်း
နဘေး မှေးတင်နားခိုရာ မြို့လည်းဖြစ်ပါတယ်။

ဟိုးအရင်တုန်းက ရေကြောင်းလမ်းကို သာ အားထားခဲ့ရတဲ့ ဆိပ်ကမ်းမြို့တော် အဖြစ်ရှိနေခဲ့ပြီး အခုနောက်ပိုင်းမှာဆိုရင် အများစုက ကသာမြို့ကို ကပ်ကျော် ချန်ထားခဲ့သလို ဖြစ်နေမိပါတယ်။ ကသာဆိုတာ မမေ့နိုင်ကောင်းတဲ့ အရှေ့တောင် အာရှမှာ အကြီးဆုံး သင်္ဘောသချိုင်း ရှိခဲ့ရာ မြို့အဖြစ်တည်ရှိခဲ့ပါတယ်။

ဒါ့အပြင် ကသာကို ပိုပြီးထင်ရှားစေတာက ကိုလိုနီ ခေတ် က အရေးပိုင်မင်းတွေရဲ့အိမ်တွေ ရုံးစိုက်ခဲ့ကြတဲ့မြို့ဖြစ်ခဲ့ပြီး အခုဆိုရင် နှစ် ၁၀၀ ကျော် သက်တမ်း ရှိတဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေ အများကြီး ကျန်ရှိခဲ့ခြင်းဟာ ကသာမြို့ရဲ့ ထူးခြားတဲ့ အချက်တွေပါပဲ။ အခုဆိုရင် ကသာမှာ ကိုလိုနီခေတ် အဆောက်အအုံ နဲ့ နေရာ ၂၃ ခု ကျန်ရှိနေပါတယ်။ ဒါဟာ ကသာမြို့ကို ဆွဲဆောင်ရာမြို့ အဖြစ် ရှိနေခြင်းပါပဲ။

အဆိုပါ ၂၃ ခုမှာ ရာဇဝတ်ဝန်ကလေးအိမ်၊ အရေးပိုင်မင်းအိမ်၊သစ်တောအခွန်ဝန်တောက်အိမ်၊steel Brothers Co,ltd၊ မီးရထားအရေးပိုင်အိမ်၊ ကမ်းသာတင်းနစ်ကလပ်၊ British Club ၊သစ်တော အရေးပိုင် မင်းအိမ်၊ လမ်းဝန်မင်းအိမ်၊ ကသာ ထောင်၊ ခရိုင်လယ်ဝန်အိမ်၊ dusk bungalow၊ ပြင်ပလူနာဌာန (OPD)၊သစ်တောရုံး၊ ရဲသင်တန်းကျောင်း၊ လက်နက်တိုက်၊ Headquarter Assistant of Superintendent police House ၊ Permanent Way Inspector ’ House၊ တိုက်ပိုင်အိမ်၊ ရှင်ပေါလှ အင်ဂလီကန် ဘုရားကျောင်း၊ ယစ်မျိုးဝန်ထောက်အိမ်၊ ပညာ ဝန် အိမ်နှင့်မြို့ပိုင်အိမ်တို့ဖြစ်ပါတယ်။

အဲဒီထဲကမှ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ချ် အော်ဝဲလ် နေခဲ့တဲ့ အိမ်နဲ့ အုပ်ချုပ်ရေး အရေးပိုင် အိမ်ကို တော့ ပြတိုက် လုပ်ပေးထား တာမို့ အများပြည်သူ လေ့လာလည်ပတ်လို့ ရပါတယ်။ ဒါကြောင့်မို့ ကသာ ရောက်ဖြစ်ခဲ့ရင် ကိုလိုနီခေတ် အဆောက်အအုံတွေကို ဗဟုသုတ အဖြစ်လေ့လာလည်ပတ်နိုင်စေဖို့ ထင်ရှားတဲ့ နေရာတစ်ချို့ကို လမ်းညွန်ပေးလိုက်ပါတယ်။

အရေးပိုင်မင်းအိမ်

ဒီအရေးပိုင်မင်းအိမ်မှာတော့ အများပြည်သူလာရောက်လေ့လာနိုင်စေဖို့ ပြတိုက်သဖွယ် လုပ်ပေးထား ပါတယ်။၁၈၉၀ ခုနှစ်မှာ တည်ဆောက်
ခဲ့တဲ့ အိမ်လည်းဖြစ်ပါတယ်။ ကသာမြို့ရဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက ကသာမြို့ မြစ်အတွင်း မြေလှန်စနစ်အရ နစ်မြှုပ်ခဲ့ သည့် ဧရာဝတီ မီးသင်္ဘောများကို ပြန်လည်တူးဖော်ခဲ့တဲ့ ဓာတ်ပုံ မှတ်တမ်းတွေကို တစ်ကွက်ချင်းစီ ဖော်ပြထားပါတယ်။ ကသာ သမိုင်းတွေကြောင်းတွေကို မှတ်တမ်းများနဲ့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အင်းတော်မြို့ ရဲ့အထင်ကရ လည်ပတ်စရာ နေရာတွေကိုလည်း စုစည်း ဖော်ပြထားတာကို တွေ့မြင် ရမှာပါ။
ထူးခြားချက် က လှေကားထစ်တွေကို တက်ရတဲ့ အခါမှာ သက်သောက်သက်သာနဲ့ တက်ရတဲ့ ခံစားမှုကို ရရှိစေတာကိုလည်း သတိပြုမိစေပါတယ်။ ထူးခြားမှုအနေနဲ့ အရေးပိုင်မင်းအိမ်ထဲ လာလည်တဲ့သူတွေအတွက် သန့်စင်ခန်း အဆောက်အအုံ ကိုလည်း ကိုလိုနီခေတ် စတိုင်နဲ့လိုက်လျှောညီထွေစွာ ဆောက်လုပ်ပေးထားတာကို တွေ့မြင် စေရမှာဖြစ်ပါတယ်။

သစ်တောအခွန်တော်ဝန်ထောက်နေအိမ်( ယခု ခရိုင် တရားသူကြီး နေအိမ်)

ဒီအိမ်မှာတော့ ကိုလိုနီခေတ်မှ ကသာခရိုင် သစ်တောအခွန်တော်ဝန်ထောက် အဆက်ဆက်နေထိုင် လာခဲ့တဲ့ အိမ်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ခရိုင်တရား သူကြီး နေထိုင်ပြီး ဆိုင်ကယ် အများကြီး သိမ်းဆည်းထားတဲ့အပြင် ကားကြီးတွေနဲ့ ဆိုင်ကယ် တွေ ပါ သိမ်းဆည်းထားတာကို လည်း အများကြီးတွေ့မြင်ရပါတယ်။ အများပြည်သူလေ့လာနိုင်စေဖို့ အတွက် ခြံဝင်းရဲ့ ရှေ့မှာတော့ လမ်းညွန်ဆိုင်းဘုတ် ထားရှိထားတာ ကို တွေ့မြင်ရစေမှာဖြစ်ပါတယ်။

ကမ္ဘာကျော်စာရေးဆရာကြီးဂျော့ချ်အော်ဝဲလ်နေထိုင်ခဲ့သည့်အိမ်

ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ် နေထိုင်ခဲ့တဲ့ အိမ် အဝင်အ၀ ကို လမ်းညွန်ဆိုင်းဘုတ် ချိတ်ဆွဲပြသပေးထားပါတယ်။ စာရေးဆရာကြီး က ကသာမြို့မှာ
ရဲဝန်ထောက်ဘဝနဲ့ နေထိုင်ခဲ့တဲ့ အိမ် ဖြစ်ပါတယ်။ စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ် နေထိုင်ခဲ့တဲ့ အိမ် ရဲ့ အိမ်ကြီးတစ်ခုလုံးရဲ့ ခြေတံ တွေကို အုတ်ခုံ တွေပေါ်သို့ မူလီ တွေနဲ့ စုတ်ယူထိန်း ညှိ ခြင်းမရှိဘဲ အလွတ် တင်ထား ခြင်းက ထူးခြားချက်ပင် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အိမ် ဟာ ကောင်းမွန်နေဆဲဖြစ်နေတာကို တွေ့မြင်ရစေမှာပါ။ ဒီအိမ်ကို ၁၈၉၀ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ရာဇဝတ်ဝန်ထောက် အဆက်ဆက်က နေထိုင်ခဲ့တဲ့ အိမ်လည်းဖြစ်ပါတယ်။ စာရေးဆရာကြီး ကတော့ ၁၉၂၆ ခုနှစ်မှာ ကသာမြို့မှာ ရာဇဝတ်ဝန်လေး ( ရဲဝန်ထောက်) အဖြစ် တာဝန်ထမ်းဆောင်ရင်း ဒီအိမ်ကြီးမှာ ကိုလိုနီနယ်ချဲ့ စနစ်ဆိုး ကို မီးမောင်းထိုးပြ တဲ့သူရဲ့ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်တဲ့ Burmese Days စာအုပ်ကို ဒီအိမ်မှာ ပဲ ရေးသားခဲ့သူဖြစ်ပြီး သူရဲ့ စာအုပ်ကြောင့် မြန်မာကို ကမ္ဘာက ပိုသိ လာသလို ကသာမြို့ကိုလည်း နိုင်ငံခြားသား တွေ အများဆုံးလာရောက် လေ့လာ လည်ပတ်ခဲ့ကြတဲ့အထိ ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ အများပြည်သူလေ့လာလည် ပတ်နိုင်စေရန်အတွက် ဆောင်ရွက်ပေးထားပါတယ်။

သစ်တောအရေးပိုင်မင်းနေထိုင်ခဲ့သည့်အိမ်

၁၈၉၀ ခုနှစ်က အဆိုပါ အိမ်ကြီးကို တည်ဆောက်ခဲ့ပြီး သစ်တောအရေးပိုင် အဆက်ဆက် နေထိုင်ခဲ့တဲ့ သစ်သားအုပ်ညှပ် နှစ်ထပ်အိမ်ကြီးဖြစ်ပါတယ်။ ဂျော့ချ်အော်ဝဲလ်ရဲ့ မြန်မာပြည် နေ့ရက်ဝတ္ထု များထဲက ဇတ်ဝင်ခန်း အိမ်လည်းဖြစ်ပါတယ်။
ဂျော့ချ်အော်ဝဲလ်ရေးသားတဲ့ မြန်မာပြည်နေ့ရက်ဝတ္ထု ထဲမှာ သစ်တောအရေးပိုင် မစ္စတာ မက်ဝဲလ် Mr.Maxwell’s ရဲ့ အိမ်ဖြစ်ပါတယ်။ အဆိုပါ အိမ်ကို ကသာဒေသခံတို့က ကပ်စတန်ရဲ့ အိမ်လို့လည်း ခေါ်ကြပါတယ်။ကသာ သစ်တောနယ်ရဲ့နောက်ဆုံး သစ်တောအရေးပိုင်မင်းတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကသာအခြေစိုက် ဂျပန်တို့ လှုပ်ရှားမှုများကို လှို့ဝှက်ထောက်လှမ်းပြီး နာမည်ကျော်အင်္ဂလိပ် ဗိုလ်ချုပ် ဝင်းဂိတ်ရဲ့ ချင်းဒစ် စစ်ဆင်ရေး လမ်းကြောင်းကို အထူးအကူအညီပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူရေးဆွဲနေရာ ချထားပေးခဲ့တဲ့ စစ်လမ်းကြောင်းများနဲ့ အခိုင်အမာ အခြေစိုက် စခန်းနေရာတွေကို ချင်းဒစ်တို့က ကပ်စတန်ရဲ့ လှို့ ဝှက်လမ်းကြောင်း ဟု ဂုဏ်ပြုအမည်ပေးခဲ့ ခံရတဲ့ သူလည်းဖြစ်ပါတယ်။

လမ်းအရေးပိုင်(လမ်းဘက်ဌာန) အိမ်

အဆိုပါ အိမ်ကို လမ်းဘက်ဌာန လမ်းအရေးပိုင်မင်း နေထိုင်ခဲ့တဲ့ အိမ်လည်းဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်နဲ့ ၁၉၁၀ ခုနှစ်အကြားကာလမှာ တည်ဆောက်ထားခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီကာလတုန်းကတော့ လမ်းဘက်ဌာနကို ပြည်သူလုပ်ငန်း ဌာနဟုလည်း ခေါ်တွင်ပါတယ် ။ဒီ အိမ်ကြီးရဲ့ ရှေ့မျက်နှာစာမှာ ဆောက်လုပ် ရေး ဝန်ကြီးဌာနရဲ့ နောက်ခံသမိုင်းကြောင်းတွေကို အသေးစိတ် ရေးပြဖော်ပြ ထားတာကို တွေ့မြင်ရမှာ ဖြစ် ပါတယ်။

Photo မော်ကျွန်းသူ