
#Travelling Journal
ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA )မှ ဒုတိယအကြိမ် ဘုရားဖူးနှင့်လေ့လာရေး ခရီးစဥ်ကို ကျပ်လေးသောင်းဖြင့် ရောင်းချပေးနေကြောင်း အဆိုပါအသင်းမှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။
အဆိုပါခရီးစဥ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထင်ကရမုနိလေးဆူထဲတွင် ပါဝင်သည့် ဇလွန်ပြည်တော်ပြန်ဘုရားကြီး၊မာန်အောင်မြင်မုနိရုပ်ပွား တော်၊ရဟန္တာ ဦးသီလဓာတ်တော်တို့ကို ဖူးမြှော်ကြမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဓနုဖြူမြို့ရှိ အထင်ကရနေရာများဖြစ်သော ကျိုက္ကလွန်ပွန်းစေတီတော်၊ စစ်သူကြီးမဟာဗန္ဓုလအုတ်ဂူ တို့ကိုလည်းလည်ပတ်ကြမည့်အပြင် ဟင်္သာတမြို့ရှိ နတ်မှော်ရွှေသာလျှောင်းဘုရားကြီး၊ ကျောက်တော်ကြီး၊ ဦးပါရဲဘုရား၊ ငါးမျက်နှာဘုရားကြီးတို့ပါ သွားရောက်လည်ပတ်ရန် စီစဥ်ထားကြောင်း သိရသည်။
အဆိုပါ နေ့ချင်းပြန်ခရီးစဥ်ကို (၃၃)ယောက်စီး နှင့် (၄၅) ယောက်စီး Aircon Express ကားများဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကားခအသွားအပြန် တစ်ဦးလျှင် ကျပ်လေးသောင်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကာ ဝန်ဆောင်မှုများအနေဖြင့် ရေသန့် ၊ဒေသန္တရဗဟုသုတများ ရှင်းပြပေးမည့် ခရီးသွားလမ်းညွှန် (Guide)၊ခရီးသွားအာမခံ ( Insurance)၊ ခရီးစဉ်တစ်လျောက်လိုက်လံဝန်ဆောင်မူ့ပေးမည့် ( Tour leader ) များပါဝင်ကြောင်းသိရသည်။
ယင်းခရီးစဥ်ကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း( DPTOA )အသင်းရုံးမှ
ဇူလိုင်လ(၂၇) ရက်တွင်ထွက်ခွာမည်ဖြစ်ပြီး လက်မှတ်များဝယ်ယူလိုပါက အသင်းရုံးသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းကနေ ဒါက ဒုတိယအကြိမ် လေ့လာရေးခရီးစဥ်လို့ပြောလို့ရပါမယ်။ ပထမအကြိမ် တုန်းကတော့ ခရီးသည်ပေါင်း(၂၀၀)နီးပါးလိုက်ပါခဲ့ပါတယ်။ ဒီလိုမျိုးခရီးစဥ်တွေကိုထပ်ပြီး ဖော်ဆောင်သွားဖို့ရှိပါတယ် “ဟု ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA)မှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကိုပြောသည်။
#Travelling Journal
#News
#Photo Travelling Journal
ပုံ-စာ DPTOA မှ စီစဥ်သည့် ပထမကြိမ်မြို့လေးမြို့ခရီးစဥ်မှခရီးသွားပုံံရိပ်တစ်ချို့ကိုတွေ့ရစဥ်။

