#TravellingJournal
အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ်မြောက်ပန်းပွဲတော် (Floral Fantasia)ကို မြင်ကွင်းကျယ် ပန်းပြကွက် ဒီဇိုင်း (၇)ဇုန်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါအမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။
” ဒီပန်းပွဲတော်မှာ နှင်းဆီပြကွက်တွေရယ်၊ ပြင်ဦးလွင်ဒေသမျိုးစိတ်ပန်းပြကွက်တွေရယ်နဲ့ မြန်မာတစ်နိုင်ငံလုံးက ပန်းမျိုးစိတ် တွေနဲ့ဖန်တီးပြီး ပန်းပြကွက် (၇) ဇုန်ကို ဖော်ဆောင်ပြသသွားပါမယ်။ နောက်(၁) ဇုန်ကတော့ ဖျော်ဖြေရေးဇုန်အနေနဲ့ သတ်မှတ်ထားပါတယ်။ ဝင်ကြေးကတော့ အခုလောလောဆယ်မှာ မသတ်မှတ်ရသေးပါဘူး “ဟု အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)မှ တာဝန် ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။
အဆိုပါ (၁၇)ကြိမ်မြောက် ပန်းပွဲတော်ကို ၂၀၂၄ ဒီဇင်ဘာလ(၁၄)ရက် မှ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက် အထိ တစ်လ တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပမည့် (၁၇)ကြိမ်မြောက်ပန်းပွဲတော် (Floral Fantasia) ကို ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။