မြန်မာ့ခရီးသွားဘဏ်၏ (၁၉) ခုမြောက် ပဲခူးဘဏ်ခွဲ စတင်ဖွင့်လှစ်

#Photo News

မြန်မာ့ခရီးသွားဘဏ်၏ (၁၉) ခုမြောက် ပဲခူးဘဏ်ခွဲကို ယနေ့ (ဇူလိုင်လ ၁၄ ရက်)တွင် အမှတ်(၃၃၁)၊ရွှေမော်ဓောဘုရားလမ်းနှင့် (၃၃) လမ်းထောင့်၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဘဏ်ခွဲဖွင့်ပွဲသို့ မြန်မာနိုင်ငံ၏အအောင်မြင်ဆုံး ဘဏ်တစ်ခုဖြစ်ခဲ့သည့် အာရှဓနဘဏ်ဥက္ကဋ္ဌဦးအိုက်ထွန်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် ဘဏ်လုပ်ငန်းအသိုင်းအဝန်းမှ လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တခြားဧည့်သည်များ တက်ရောက်ခဲ့ကြသည်။


#TravellingJournal
#PhotoNews
#MyanmaTourismBank
#MTB_New_Branch

မြန်မာ့ခရီးသွားဘဏ် (𝐌𝐓𝐁 𝐁𝐚𝐧𝐤)၏ (၁၉)ခု​မြောက်ဘဏ်ခွဲကို ပဲခူး မြို့တွင် ဖွင့်လှစ်မည်

#Travelling Journal

မြန်မာ့ခရီးသွားဘဏ်၏ (၁၉) ခုမြောက် ဘဏ်ခွဲကို ပဲခူးတိုင်းဒေသကြီးတွင် မကြာခင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဘဏ်ခွဲကို လာမည့်ဇူလိုင်လ (၁၄) ရက်တွင်အမှတ်(၃၃၁)၊ရွှေမော်ဓောဘုရားလမ်းနှင့် (၃၃)လမ်းထောင့်၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခု ဘဏ်နဲ့ဆို (၁၉ )ခုရှိပါပြီ ။ မြန်မာ့ခရီးသွားဘဏ် ခွဲတွေကို တိုင်းနဲ့ပြည်နယ်တွေမှာ ဖွင့်လှစ်ထားရှိနေပါတယ်။ ဘဏ်ဝန်ဆောင်မှုတွေ လုပ်ဆောင်ရာမှာပိုပြီး လျင်မြန်လုံခြုံစိတ်ချစွာနဲ့ဆောင်ရွက်နိုင်အောင် အခုလိုမျိုးဘဏ်ခွဲတွေကို ဖွင့်လှစ်ဆောင်ရွက်နေပါတယ် “ဟု အဆိုပါ ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ပြောသည်။

လက်ရှိတွင်မြန်မာ့ခရီးသွားဘဏ် (MTB Bank)အနေဖြင့် ရန်ကုန်မြို့၌ MTB Bank ဆူးလေ(ရုံးချုပ်) ဘဏ်ခွဲ၊ ရန်ကုန်မြို့ပြည်လမ်းဘဏ်ခွဲ၊ ဘုရင့်နောင်ဘဏ်ခွဲ၊ရွှေဘုံသာဘဏ်ခွဲ ၊ရွှေဂုံတိုင်ဘဏ်ခွဲ ၊ယုဇနပလာဇာဘဏ်ခွဲ ၊တက္ကသိုလ်ရိပ်သာလမ်းသစ်ဘဏ်ခွဲ၊ ရွှေတောင်တန်းဘဏ်ခွဲ တို့ကို ဖွင့်လှစ်ထားပြီးဖြစ်ကြောင်းသိရသည်။

ထို့ပြင်အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်၌ (သပြေကုန်းဘဏ်ခွဲ)၊ စီးပွားရေးမြို့တော်ဖြစ်သည့်မန္တလေးမြို့ပေါ်၌ မန္တလေးမြို့(၂၇) လမ်းဘဏ်ခွဲ၊မန္တလေး (မနော်ဟရီဘဏ်ခွဲ) ၊မန္တလေး (စျေးချိုဘဏ်ခွဲ) ၊မန္တလေး(ကျွဲဆည်ကန်ဘဏ်ခွဲ) တို့ကို ဖွင့်လှစ်ထားပြီး နယ်မြို့ ဖြစ်သည့် မူဆယ်ဘဏ်ခွဲ၊ တောင်ကြီးဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲနှင့် မြဝတီဘဏ်ခွဲ၊ ပုသိမ်ဘဏ်ခွဲတို့ကို ဖွင့်လှစ်ထားရှိကာ မကြာခင် ဖွင့်လှစ်မည့် ပဲခူးဘဏ်ခွဲ အပါဝင် ဘဏ်ခွဲစုစုပေါင်း (၁၉ ) ဘဏ်တိတိကို ဖွင့်လှစ် ထားရှိပြီဖြစ်ကြောင်း သိရသည်။

#Travelling journal
#News
#MyanmaTourismBank#MTB_New_Branch
ပုံ-စာ မြန်မာ့ခရီးသွားဘဏ်၏ ပုသိမ်ဘဏ်ခွဲကိုတွေ့မြင်ရစဥ်။

DPTOA အသင်းမှ ဒုတိယအကြိမ် လေ့လာရေးဘုရားဖူးခရီးစဥ်ကို ကျပ်လေးသောင်းဖြင့် ရောင်းချ

#Travelling Journal

ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA )မှ ဒုတိယအကြိမ် ဘုရားဖူးနှင့်လေ့လာရေး ခရီးစဥ်ကို ကျပ်လေးသောင်းဖြင့် ရောင်းချပေးနေကြောင်း အဆိုပါအသင်းမှ တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါခရီးစဥ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထင်ကရမုနိလေးဆူထဲတွင် ပါဝင်သည့် ဇလွန်ပြည်တော်ပြန်ဘုရား​​ကြီး၊မာန်​အောင်မြင်မုနိရုပ်ပွား တော်၊ရဟန္တာ ဦးသီလဓာတ်တော်တို့ကို ဖူးမြှော်ကြမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဓနုဖြူမြို့ရှိ အထင်ကရနေရာများဖြစ်သော ကျိုက္ကလွန်ပွန်းစေတီတော်၊ စစ်သူကြီးမဟာဗန္ဓုလအုတ်ဂူ တို့ကိုလည်းလည်ပတ်ကြမည့်အပြင် ဟင်္သာတမြို့ရှိ နတ်မှော်ရွှေသာလျှောင်းဘုရားကြီး၊ ကျောက်တော်ကြီး၊ ဦးပါရဲဘုရား၊ ငါးမျက်နှာဘုရားကြီးတို့ပါ သွားရောက်လည်ပတ်ရန် စီစဥ်ထားကြောင်း သိရသည်။

အဆိုပါ နေ့ချင်းပြန်ခရီးစဥ်​ကို (၃၃)ယောက်စီး နှင့် (၄၅) ယောက်စီး Aircon Express ကားများဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ကားခအသွားအပြန် တစ်ဦးလျှင် ကျပ်လေးသောင်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကာ ဝန်ဆောင်မှုများအနေဖြင့် ရေသန့် ၊ဒေသန္တရဗဟုသုတများ ရှင်းပြပေးမည့် ခရီးသွားလမ်းညွှန် (Guide)၊ခရီးသွားအာမခံ ( Insurance)၊ ခရီးစဉ်တစ်လျောက်လိုက်လံဝန်ဆောင်မူ့ပေးမည့် ( Tour leader ) များပါဝင်ကြောင်းသိရသည်။

ယင်းခရီးစဥ်ကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း( DPTOA )အသင်းရုံးမှ
ဇူလိုင်လ(၂၇) ရက်တွင်ထွက်ခွာမည်ဖြစ်ပြီး လက်မှတ်များဝယ်ယူလိုပါက အသင်းရုံးသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကနေ ဒါက ဒုတိယအကြိမ် လေ့လာရေးခရီးစဥ်လို့ပြောလို့ရပါမယ်။ ပထမအကြိမ် တုန်းကတော့ ခရီးသည်ပေါင်း(၂၀၀)နီးပါးလိုက်ပါခဲ့ပါတယ်။ ဒီလိုမျိုးခရီးစဥ်တွေကိုထပ်ပြီး ဖော်ဆောင်သွားဖို့ရှိပါတယ် “ဟု ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA)မှ တွဲဖက်အထွေအထွေအတွင်းရေးမှူး ဦးမျိုးသိန်းကျော်က Travelling ကိုပြောသည်။

#Travelling Journal
#News
#Photo Travelling Journal

ပုံ-စာ DPTOA မှ စီစဥ်သည့် ပထမကြိမ်မြို့လေးမြို့ခရီးစဥ်မှခရီးသွားပုံံရိပ်တစ်ချို့ကိုတွေ့ရစဥ်။