ဟိုတယ်များ Digital ငွေပေးချေစနစ်​ဖြင့် သုံးစွဲလာနိုင်ရန် Hotel Ecommerce Platform တစ်ခု အကောင် အထည်ဖော်မည်

#TravellingJournal

ဟိုတယ်များအားလုံး Digital ငွေပေးချေစနစ် ဖြင့် သုံးစွဲလာနိုင်ရန် Hotel Ecommerce Platform တစ်ခုကို အကောင်အထည်ဖော်ဆောင်သွားရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့်မေလ(၂၅)ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရခြင်းကလည်း ဟိုတယ်လုပ်ငန်းရှင်များလိုအပ်နေသည့် ဒစ်ဂျစ်တယ်နည်းပညာအခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်အသိပညာများ မျှဝေပေးခြင်း၊အကြံပေးခြင်းနှင့်ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အတွက် ရည်ရွယ်၍ အသင်းနှစ်သင်းအကြား နားလည်မှု စာချွန်လွှာကို ရေးထိုးသွားရန် စီစဥ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

လက်ရှိတွင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းသို့ အသင်းဝင်ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုပါက အသင်းဝင် ဟိုတယ် (၁၈၀၀)ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)အနေဖြင့် ၂၀၂၅ ခုနှစ်တွင် Green energy Solution ဆု ရရှိရန် ဝင်ရောက် ယှဥ်ပြိုင်သွားရန်လည်း စီစဥ်ထားပြီးဖြစ်ကြောင်း သိရသည်။

ပုံ-စာ ငွေဆောင်ကမ်းခြေရှိဟိုတယ်တစ်လုံးကိုတွေ့ရစဥ်
Photo-Internet

ပိတ်ထားသည့် Kalaw Princess Hotel ကိုဂျာမန် အမည်​​ ပြောင်းလဲပြီး ပြန်ဖွင့်လှစ်မည်

#TravellingJournal

ကလောအခြေစိုက် ဟိုတယ်တစ်ခုဖြစ်သည့်
Kalaw Princess Hotel ကို ဂျာမန် ဟိုတယ် အမည်​​ ပြောင်းလဲပြီး မကြာခင် ဟိုတယ်အား ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ပြောသည်။

“ဇန်နဝါရီလကုန်မှာ Brand အသစ်နဲ့ပြန်ဖွင့်ပါမယ်။ လက်ရှိပေးထားတဲ့ Kalaw princess အမည်ကိုပြောင်းလဲပြီး အခြား German name တစ်ခုနဲ့ဟိုတယ်ကို ပြန်ဖွင့်လှစ်ပါမယ် “ဟု Manager ဖြစ်သူက Travelling သို့ ပြောသည်။

ယင်းဟိုတယ်ကို ပြန်လည် ဖွင့်လှစ်ပါက ဟိုတယ်ဝန်ထမ်းများကို ၁၀၀ ရာခိုင်နှုန်း အသစ်ပြန်လည်ခေါ်ယူသွားမည်​ဖြစ်ပြီး လက်ရှိကာလတွင် ယခင်ဖုန်းနံပါတ်များ နှင့် ဆက်သွယ်လုပ်ဆောင်မှုများရှိပါက ဟိုတယ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်ရှိ၌ ယင်း ဖုံးနံပတ် တစ်လုံးသာ 09670000124 အမှန်ဖြစ်ကြောင်း ဟိုတယ်၏ ပြောရေးဆိုခွင့်ရှိသူက Travelling သို့ ပြောသည်။

” လက်ရှိမှာတော့ ၂၅ ခန်းရှိပါတယ်။ German နိုင်ငံခြားသားက မန်နေဂျာ လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲတဲ့ အပိုင်းကိုတော့ ပိုင်ရှင်ဖြစ်သူ ဒေါ်တင့်တင့်လွင် ကိုယ်တိုင်အုပ်ချုပ်ပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ဟု ယင်းဟိုတယ်၏ Managerဖြစ်သူက Travelling သို့ ပြောသည်။

လက်ရှိတွင် စစ်ကိုင်းမြို့နှင့်ကလောမြို့ရှိ ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်လုပ်ကိုင်သွားမည်ဖြစ်ကာ ခရီးစဥ်များအနေဖြင့် ကျေးရွာများသို့ လည်ပတ်စေနိုင်သည့် Package Tour များကို ရေးဆွဲနေသလို စက်ဘီး Tour နှင့် Local activities များကိုလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။

Photo-Princess Hotel

​MHA အသင်းမှ ၂၀၂၅ ခုနှစ်တွင် Green Energy Solution ဆု ရရှိရန် ဝင်ရောက်ယှဥ်ပြိုင်မည်

#TravellingJournal

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA)မှ၂၀၂၅ ခုနှစ်တွင် Green energy Solution ဆု ရရှိရန် ဝင်ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း MHAအသင်းမှ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

“ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံ ကိုယ်စားပြု Green Energy Solution ဆုရဖို့ဝင်ရောက်ယှဥ်ပြိုင်သွားမှာပါ။ ဆုရဖို့လည်း ကျိန်းသေကြိုးစားသွားမှာပါ “ဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း မှ တွဲဖက်အထွေထွေအတွင်းရေးမှူး က Travelling သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဟိုတယ်များမှလည်း Solar Hybrid Energy ရရှိရန် ကြိုတင် ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ကြောင်း၄င်းက ပြောသည်။

ထို့ပြင် အသင်းအနေဖြင့်ရေရှည်လက်တွဲသွားမည့် ဆိုလာထုတ်လုပ်သည့်ကုမ္ပဏီများဖြင့် ဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်နေကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်လုပ်ငန်းတွင် Green Energy ဖြင့် လျှပ်စစ်ကဏ္ဍ ရယူပြီးဝန်ဆောင်မှုပေးလာမည်ဆိုပါက နိုင်ငံ၏ပုံရိပ်လည်းတိုးတက်ကောင်းမွန်လာမည်ဖြစ်သလို နိုင်ငံတကာများ၏ အမြင်၌လည်း ဆိုလာမှ လျှပ်စစ်မီးသုံးစွဲပြီး ဧည့်သည်များအား ဝန်ဆောင်မှုပေးနေကြောင်းကိုသိရှိနိုင်လာမည်ဖြစ်သလို ထိုမှတဆင့် အာဆီယံကလည်း သိရှိသွားမည်ဖြစ်သောကြောင့် အဆိုပါ ဆုကို ရရှိရန် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Green Energy Solution

ချောင်းသာနှင့် ငွေဆောင်တို့တွင် စီးပွားရေး တိုးချဲ့လုပ်ကိုင်ရန် အလားအလာ အကောင်းဆုံး ဟု လုပ်ငန်းရှင်များ ပြော

#TravellingJournal

ကမ်းခြေဒေသဖြစ်သည့် ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် စီးပွားရေးလုပ်ငန်း များ တိုးချဲ့လုပ်ကိုင်ရန် အလားအလာ အကောင်းဆုံးဟု လုပ်ငန်းရှင်များ က Travelling သို့ ပြောကြားသည်။

ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးရှိပြီး လမ်းပန်း ဆက်သွယ်ရေးပိုင်းလည်း ကောင်းမွန်ခြင်းကြောင့် ရေရှည်တွင် စီးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်အလားအလာကောင်းများရှိသည့် ဒေသဟု မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (MHA) မှအထွေထွေ အတွင်းရေးမှူးက Travelling သို့ ပြောသည်။

” ကျွန်တော်က ဟိုတယ်လုပ်ငန်း ရှင်ဆိုတော့
ဟိုတယ်စီးပွားရေးလုပ်ငန်းကိုပဲပြောချင်ပါတယ်။ အလားအလာအကောင်းဆုံး စီးပွားရေးလုပ်ငန်းတိုးချဲ့လို့ အကောင်းဆုံးဒေသဆိုရင် ကမ်း​ခြေ ဒေသတွေနဲ့ မြို့ပြဒေသဖြစ်တဲ့ရန်ကုန် မန္တလေးတို့ကတော့ဟိုတယ်စီးပွားရေးဆက်တိုးချဲ့ဖို့အသင့်တော်ဆုံးလို့ ပြောချင်ပါတယ် ” ဟု ဟိုတယ်လုပ်ငန်းရှင် ဦးနေအောင်ကိုက Travelling သို့ ပြောသည်။

လက်ရှိတွင် ပြည်တွင်းခရီးသွားစျေးကွက်ဝေစုရထားသည့်ချောင်းသာကမ်းခြေနှင့်ဆက်စပ်ပြီးရွှေသောင်ယံကမ်းခြေ၊ဝက်သေကမ်းခြေတို့ တွင်လည်း လုပ်ငန်းရှင်များက မြေကွက်များဝယ်ယူထားရှိပြီး ဖြစ်ကြောင်း ရွှေသောင်ယံ ကမ်းခြေ တွင်ရင်းနှီးမြုပ်နှံမှုပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက Travelling သို့ ပြောသည်။

“ရေရှည်ဆိုရင်တော့ ချောင်းသာတို့ ငွေဆောင်တို့ကတော့ ကောင်းတာပေါ့။ ချောင်းသာမှာ ဆို တချို့ဟိုတယ်တွေဆို ဟိုတယ်တစ်လုံးကနေ နှစ်လုံးအထိဖြစ်သွားပြီ။ တစ်ချို့က ထပ်တိုးချဲ့ထားတယ်။ တော်တော်များများပါပဲ။ ရွှေသောင်ယံဘက်ဆိုမြေတွေ ဝယ်ထားပြီးတာကုန်သလောက်ဖြစ်နေပြီ “ဟု ချောင်းသာ ဟိုတယ်ဇုန်မှ ရုံးအဖွဲ့မှုုးက Travelling သို့ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်းအခြေခံအဆောက် အဦကဏ္ဍတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှုများ မြင့်မားလာစေရေးအတွက် Tourism Investment Forum များကို ကျင်းပပြုလုပ်ကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

ChaungTha
ပုံ-စာ ချောင်းသာကမ်းခြေရှိဟိုတယ်တစ်လုံးကိုတွေ့ရစဥ်(GoldenBeach)