တောင်ရိုးတိုင်းရင်း သားတို့၏ ရိုးရာတာတက်ပွဲကိုကျင်းပ​နေ

Travelling Journal

တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်ဖြစ်သည်​့ ရိုးရာတာတက်ပွဲတော်ကို ကျင်းပနေကြောင်း တောင်ရိုးတိုင်းရင်းသားဒေသခံတစ်ဦးက Travelling သို့ပြောသည်။

အဆုိပါပွဲတော်သည် တောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဥ် တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိကြောင်းသိရသည်။

တောင်ရိုးတိုင်းရင်းသားများသည်် ရာသီအလိုက် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီးရိုးရာ ဓလေ့ဖြစ်သည့် တာတက်ပွဲ (ခေါ်) မီးလုံးပွဲတော်ကို တောင်ရိုးတိုင်းသားများနေထိုင်ရာ
မြို့နယ်များရှိရွာများအလိုက် နှစ်စဥ်ကျင်းပလေ့ရှိကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုး
ပေါင်းစုံနေထိုင်ကြပြီး တိုင်းရင်းသား တစ်ခုချင်းစီ၌ ရိုးရာဓလေ့နှင့်ယဥ်ကျေးမှု ကိုယ်ပိုင်ဟန်​များရှိကြကာ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၃၃)မျိုးတွင် တောင်ရိုးမျိုးနွယ်စုလည်း ပါဝင်ကြောင်း သိရသည်။

အနီးစပ်ဆုံးအနေဖြင့် ဧပြီလ (၂၄)ရက်တွင် ကလောမြို့နယ်ရှိ တောင်မြေခြားရွာ နှင့် ပင်းတယမြို့နယ်ရှိ ပွေးလှရွာl ဝါတရာရွာ l တည်ပင်ရွာတို့ ရိုးရာတာတက်ပွဲတော်ကိုကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ရှမ်း ပြည် နယ်အတွင်း ကလော l အောင်ပန်းl
ပင်းတယနှင့် ပင် လောင်းတို့တွင် တောင်ရိုးတိုင်းရင်းသားလူဦးရေငါးသိန်းဝန်းကျင်ခန့်နေထိုင်ကြပြီး တောင်ရိုးတိုင်းရင်းသား များနေထိုင်ကြသည့်ကျေးရွာများတွင် ယင်း ပွဲတော်များကို ဆင်နွဲဲ ကြလေ့ရှိကြောင်းသိရသည်။

Taung Yoe Traditional Festival
Photo Lu Wine /Sai khant zaw

ထူးအုပ်စုပိုင် မလိခဟိုတယ် အသေးစား မီးလောင်မှုဖြစ်ခဲ့သော်လည်း ဟိုတယ်လုပ်ငန်း ကို မထိခိုက်ခဲ့ဟု ထုတ်ပြန်

Travelling Journal

မြန်မာနိုင်ငံ၏ခရီးသွားဒေသတစ်ခုဖြစ်သော ကချင်ပြည်နယ် ပူတာအိုမြို့ရှိ မလိခဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက အသေးစားမီးလောင်မှုဖြစ်ပွားပြီး ဟိုတယ်၏ စားသောက်ခန်းအသေး ၊ မီးဖိုချောင်နှင့် ၎င်းနှင့်ဆက်စပ်လျှက်ရှိသည့်
ဘန်ဂလိုတစ်ခု၏ ခေါင်မိုးတို့ကို မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း မလိခဟိုတယ်၏ လူမှုကွန်ယက်စာမျက်နှာ(Facebook) ၌ ဖော်ပြထားချက် အရ သိရသည်။

ယင်းဖြစ်စဥ်ကြောင့်ဟိုတယ်၏လုပ်ငန်းလည်ပတ်မှုအလုံးစုံကို မထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ဟိုတယ်အခန်းတွေ က ဘာမှမဖြစ်ပါဘူး။ ကျွန်တော် တို့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ” ဟု
ထူးဟိုတယ်အုပ်စု၏ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိ Malikha lodge 1 တွင် ဘန်ဂလို (၁၂) လုံးရှိပြီး Malikha lodge 2 တွင် သုံးခန်းတွဲပါ အဆောက်အအုံ ငါးလုံး၌ (၁၅) ခန်း
စုစုပေါင်း အခန်းပေါင်း (၂၇) ခန်းရှိကြောင်း ၎င်းက ပြောသည်။

မလိခမြစ်ဖျားရှိ မူလာရှီးဒီရွာတွင် တည်ရှိသည့် ယင်းဟိုတယ်ကို ပြည်တွင်းခရီးသွားဧည့်သည်အများစုသွားရောက်လည်ပတ်ကြပြီး ခရီးသွားဧည့်သည်များ၏ ဓာတ်ပုံ ဝင်ရိုက်ကူးရာ ​ဟိုတယ်တစ်ခုအဖြစ် ပေါ်ပြူလာ ဖြစ်သည့် ဟိုတယ်ဖြစ်​ကြောင်း သိရသည်။

“ဧည့်သည်ကတော့ အနည်းနဲ့အများဆိုသလို
ရှိပေမယ့် ကျွန်တော်တို့က ခရီးစဥ် အားကောင်းတဲ့ဒေသ​​​​တွေမှာ ရှိတဲ့ဟိုတယ်တွေကိုပဲ အဓိကဦးစားပေးရောင်းပါတယ်။ကျွန်တော်က ဟိုတယ်(၁၁)လုံးလောက်ကို ကိုင်ရတာမို့ ကျွန်တော်တို့ ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အတိုင်းပါပဲခင်ဗျာ။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ဆက်လက်စုံစမ်းနေဆဲပါ “လို့ ထူးဟိုတယ်အုပ်စု၏ တာ​ဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

ပုံ/စာ မလိခ ဟိုတယ်၏ မီးလောင်သည့်ပုံနှင့် မလောင်ခင်ပုံမ​ျားကိုတွေ့ရစဥ်
Photo မူရင်းcredit

Trekking မြို့တော်ဖြစ်သည့် ကလောမြို့တွင်ကလောအိမ် ( Kalaw အိမ်) ဟု အမည်ပေးထားသည့် ဟိုတယ်သစ် ယ​နေ့တွင် စတင်ဖွင့်လှစ်

Travelling Journal

ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်အများစုသွားရောက်လည်ပတ်ကြသည့် ရှမ်းပြည်နယ် တောင်ပိုင်း ထင်းရှူးမြို့တော် (သို့) ကလောမြို့တွင် Normal ပုံစံ နှင့် ဘတ်ဂျတ်ပုံစံ နှစ်မျိုးစလုံး တည်းခိုနိုင်သည့် ဟိုတယ်အသစ်တစ်လုံးကို ဧပြီလ ၁ ရက်(ယနေ့) မှ စတင်ကာ ဖွင့်လှစ်
​ြပီဖြစ်ကြောင်း အဆိုပါဟိုတယ်မှ Operation Manager ဖြစ်သူ ဦးရဲလင်းထွဋ်က Travelling သို့ပြောသည်။

Kalawအိိ်မ် ဟု အမည်ပေးထားသည့်အဆိုပါဟိုတယ်ကို ကလောမြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီးခရီးသွားဧည့်သည်များ မဖြစ်မနေသွားရောက်လည်ပတ်ဖူးမြှော်သည့် နှီးဘုရားသို့ သွားရာလမ်းမပေါ်ရှိ ပေ ၁၀၀ ပတ်လည် အကျယ် အဝန်းရှိသည့်မြေ​​ပေါ်တွင် အဆောက်အဦး နှစ်လုံးကို တည်ဆောက်ထားကြောင်း သိရသည်။

“အရင်ကရှိတဲ့ အဆောက်အအုံံကိုတော့ Renovation ပြန်ပြုပြင်ပြီးတော့ နောက်ထပ်အဆောက်အအုံအသစ်တစ်လုံးကို ထပ်ဆောက်ပါတယ်။ အခုတော့အကုန်လုံး ပြီးစီးပြီမို့ ဧပြီတစ်ရက် မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်” ဟု ဦးရဲလင်းထွဋ်က Travelling သို့ပြောသည်။

အဆုိပါဟိုတယ်ကို အေးအေးဆေးဆေး အနားယူပြီး သဘာဝအလှတရားကို ခံစားချင်သူများအတွက် ကုန်းမြင့်ပေါ် တွင် Private ဆန်ဆန် တည်ဆောက်ထားပြီး လက်ရှိတွင် အခန်း ပေါင်း ၁၉ ခန်းရှိကာ Superior Mountain view နှစ်ယောက် အိပ်ခန်း ကို တစ်ညလျှင် ကျပ် ခြောက်သောင်းငါးထောင်နှင့် Superior Japanese Style တစ်ခန်းကို တစ်ညလျှင် ကျပ် ခြောက်သောင်း၊ Family Room သုံးယောက် တစ်ခန်းကို တစ်ညလျှင် ကျပ်တစ်သိန်း သတ်မှတ် ထားကြောင်း သိရသည်။

ထို့ပြင် ဘတ်ဂျက်ပုံစံဖြင့် တည်းခိုလိုပါကအပေါ်ထပ်ကုတင် အောက်ထပ်ကုတင်ပါသည့်
နှစ်ယောက်ခန်း တစ်ခန်းကို တစ်ညလျှင် ကျပ်ငါးသောင်း ၊ သုံးယောက်ခန်းကို ကျပ် ကိုးသောင်းမှ တစ်သိန်း၊ လေး​ယောက်အခန်းဆိုပါက ကျပ် တစ်သိန်းတစ်သောင်း မှ တစ်သိန်းနှစ်သောင်းဖြင့် တည်းခိုနိုင်မည်ဖြစ်ကာ အခန်းအားလုံးအတွက် နံနက်စာ ပါဝင်ကြောင်းသိရသည်။

ကလောမြို့၏ ပတ်ဝန်းကျင် တောတောင်သဘာဝရှုခင်းများမှာ လှပလွန်းပြီး အေးမြသည့် တောင်ပေါ် မြို့လေးဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားခြင်းခံရသည့် မြို့တော်တစ်ခုဖြစ်သည်။

ကလောမြို့၏ အထင်ကရ လည်ပတ်စရာများစွာထဲမှ ရှန်ဘာလာ View Point ၊City View၊
သိမ်တောင် ၊ ရေယောင်းမ View Piont များ ၊
Hill top Villa၊မနောလှ၊ Kalaw View point၊Kalaw Cafeyard၊အိုးစည်တောင်၊ဗျိုက်တောင်၊ပင်းဒယ၊ရွာငံအသွားလမ်း၊မြင်းမူကုန်းနှင့် အလွမ်းတောင် စသည့် နေရာများကို ပြည်တွင်းခရီးသွားဧည့်သည်များ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။

Photo Kalaw Eain