All Hotel Guides

ကလောမြို့ရဲ့ Landmark မြန်မာနိုင်ငံရဲ့ဒုတိယမြောက် ရှေးအကျဆုံး Kalaw Heritage Hotel

ကလောမြို့ရဲ့ Landmark မြန်မာနိုင်ငံရဲ့ဒုတိယမြောက် ရှေးအကျဆုံး Kalaw Heritage Hotel

နှင်းဆီသခင် ကလောဆိုတာ ဘယ်တော့မှ မရိုးသွားပဲ အမြဲ ချစ်စရာကောင်းလွန်းလှတဲ့ မြို့ငယ်လေးလို့ဆိုချင် ပါတယ်။ ကလောကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ အများဆုံးလာရတဲ့အကြောင်းကလည်း ဒီမြို့မှာ ရွေးချယ် လည်ပတ် စရာတွေရှိတဲ့အပြင် အမြဲအေးမြ စေတာကလည်း ကလောရဲ့ ထူးခြားချက်ဝိသေသ တစ်ခုလို့ ဆိုရပါမယ်။ ကလောဆိုတာနဲ့ ပြေးမြင်ယောင်မိစေတာက ကိုလိုနီခေတ်အဆောက်အအုံတွေကို တစ်နေရာ တည်းမှာ စုစုစည်းစည်းကြည့်လို့ရတဲ့ မြို့လို့ တန်းမြင် စေရတဲ့ မြို့လေးတစ်ခုပါ။ နှစ် ၁၀၀ ကျော် သက်တမ်း ရှိတဲ့ အဆောက် အအုံတွေကို Heritage Walk လုပ် ပြီး လေ့လာလို့ရတဲ့ မြို့လေးပါ။ ကလောရဲ့ ရာသီဥတု က အမြဲ အေးမြနေပြီး ကလောမှာရှိတဲ့ ဟိုတယ်တိုင်း ကလည်း တည်းခိုချင်စရာကောင်းလှတဲ့အတွက် ဧည့်သည် အားလုံးကို ကလောမြို့လေးက လာရောက် လည်ပတ်ချင်အောင် ဆွဲဆောင်နိုင်တဲ့မြို့လို့ ဆိုချင် ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့မြို့မှာ ပိုပြီးအထင်ကရ ဖြစ်စေတာက မြန်မာနိုင်ငံမှာ ဒုတိယမြောက်ဖွင့်လှစ် ခဲ့တဲ့ Kalaw Heritage Hotel ရှိနေခြင်းကလည်း ကလောကို ထပ်မံဆွဲဆောင်စေခြင်းပါပဲ။ သက်တမ်း ရင့် ဟိုတယ်တစ်ခု လည်းဖြစ်ပြီး ကလောရဲ့ ရှေးအကျ ဆုံးဟိုတယ် Kalaw Heritage Hotel ပါ။ ဒီဟိုတယ်ကို စဖွင့်ခဲ့တာက ၁၉၀၃ ခုနှစ်ထဲက ဖြစ်ပြီး အဆောက်အဦးပုံစံ အတွင်းဘက်အပြင်အဆင် သာမက အခန်းဖွဲ့စည်းပုံ စတာတွေကိုပါ အင်္ဂလိပ် ခေတ်က ရှိခဲ့တဲ့ ပုံစံအတိုင်းပဲ အခု လက်ရှိထိန်းသိမ်း ထားပြီး အတက် နိုင်ဆုံး Heritage ဖြစ်အောင် စောင့်ရှောက်ထားတဲ့ ဟိုတယ်တစ်ခုပါ။ ကိုလိုနီခေတ် အကြွင်းအကျန်ဟိုတယ်တစ်ခုဖြစ်ပြီး ကိုလိုနီခေတ်အငွေ့အသက်များစွာကျန်ရှိအောင် ထိန်းသိမ်း ထားခြင်းကလည်း ချီးကျူးစရာကောင်းလှ ပါတယ်။ ရန်ကုန်မြို့၊ ကမ်းနားလမ်းက Strand Hotel ပြီးရင် ဒုတိယရှေးအကျဆုံးဟိုတယ်လည်းဖြစ်တာမို့ ကိုလိုနီခေတ်အဆောက်အအုံတွေကို မြတ်နိုးသူတွေ နဲ့ ရှေးလက်ရာ တွေကို စိတ်၀င်စားသူတွေအတွက် တခုတ်တရနဲ့ ဟိုတယ်ကို လာရောက်လည်ပတ်သူ တွေ များလှပါတယ်။ ကိုလိုနီခေတ်အဆောက်အအုံဖြစ်တဲ့အပြင် ဟိုတယ်ကလည်း အရမ်းလှလွန်းတာမို့ ဧည့်သည် တွေကပါ ဓာတ်ပုံလာရိုက်ကြတဲ့နေရာ (Movie Site) တစ်ခု ဖြစ်နေသလို ပြည်တွင်းပြည်ပ ဧည့်သည်တွေရဲ့ Tourist Attraction တစ်ခု ဖြစ်နေတာကလည်း ဟိုတယ်ရဲ့ ထူးခြားတဲ့ ဝိသေသတစ်ခုပါ။ ဟိုတယ်ကလည်း ဟိုတယ်ဇုန်တွေရှိတဲ့ဘက်မှာ ရှိတာရယ် ကုန်းမြင့်လေးပေါ်မှာ သီးသီးသန့်သန့် ခြံအကျယ်ကြီးနဲ့ တည်ရှိတာမို့ သီးခြားစီတည်ရှိနေ တဲ့ ဟိုတယ်တစ်ခုပါ။ Reception ကို သွားတဲ့ လမ်းဘေး တလျောက်မှာ ပန်းပင်တွေ တန်းစီစိုက် ထားတာမို့ မပျင်းစေရပဲ လေညင်းခံရင်း လှပတဲ့ ပန်း ပွင့်လေးတွေကို ငေးမောကြည့်ရင်း သွားရောက်ရတာ ကလည်း ဟိုတယ်ရဲ့ဆွဲဆောင်မှုတစ်ခုလို့ဆိုရပါမယ် PINE Reception ရှိတဲ့ အဆောက်ဦးနာမည်က တော့ PINE လို့ခေါ်ပါတယ်။ နှစ်ထပ်အဆောက်အဦး ဖြစ်ပြီး အင်္ဂလိပ် ခေတ် ၁၉၀၆ တည်းကဆောက်ခဲ့တဲ့ ရှေးအဆောက်အဦးတွေပါ။ ဟိုတယ်အထဲ Reception ကို ၀င်၀င်ချင်းမှာ ဓာတ်ပုံမှတ်တမ်းတွေကို ဦး စွာမြင်ရစေပါတယ်။ ဒီဟိုတယ်ကို ခေတ်အဆက်ဆက် လုပ်ကိုင်ခဲ့တဲ့ လူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေအပြင် ယခင်ကာလများဆီက ရှေးဓာတ်ပုံတွေ၊ ရန်ကုန်မြို့ရဲ့ ပထမဆုံး ဟိုတယ် Strand Hotel ဓာတ်ပုံတွေကို ချိတ်ဆွဲပြသ ထားရှိခြင်းပါ။ PINE အဆောင်မှာတော့ အပေါ်ထပ်မှာဆိုရင် Delux Room အမျိုးအစား (၈)ခန်း၊ Heritage Suite အခန်း(၄)ခန်းနဲ့ စုစုပေါင်း (၁၂)ခန်းသာ ရှိပါတယ်။ Suite အခန်းတွေကတော့ အဆောင်ရဲ့ အစွန်ဘက်တွေပဲရှိတဲ့အတွက် အခန်း တွင်းကနေ လှမ်းကြည့်လိုက်ရင် သာယာတဲ့ ရှုခင်း တွေကို ခံစားစေမိမှာအမှန်ပါ။ နောက်ပြီး ဟိုတယ်၀န်းဘေးကနေ မီးရထား သံလမ်းတွေကို ဖောက်လုပ်ထားတဲ့အတွက် ရထားခုတ်မောင်းတဲ့ အချိန်တွေဆို တောင်တန်းတွေ ရယ် မီးရထားခုတ်မောင်းသွားတာကို ငေးမောကြည့် ရတဲ့အရသာက တစ်ခြား ဟိုတယ်တွေနဲ့ မတူတဲ့ ရသ တစ်မျိုးကို ခံစားရစေမှာအမှန်ပါပဲ။ ဒီလိုရှုခင်းရသမျိုးကတော့ PINE အဆောင်ရဲ့ ထိပ်ဆုံး Suite နှစ် ခန်းကနေဆို ပိုပြီးထိထိမိမိခံစားရစေမှာ အမှန်ပါ။ ဒီနှစ်ခန်းထဲက တစ်ခန်းမှာတော့ ဂျာမန်စာရေး ဆရာဖြစ်သူ Jan – Philipp Sendker က တကူး တကနဲ့ မြန်မာပြည်ကိုရောက်အောင်လာပြီး Kalaw Heritage Hotel ရဲ့ Suite အခန်းကို ရက်ရှည် လာရောက်တည်းခို လေ့ရှိတယ်လို့ သိရပါတယ်။ တကယ်လည်း ဒီအခန်းလေးမှာတည်းပြီး နားနေရတဲ့ ခံစားမှုရယ် တောင်တန်းတွေကို ငေးပြီး သဘာ၀အလှတရားကို ခံစားလို့ အကောင်းဆုံးအခန်းလို့ဆိုချင်ပါတယ်။ စျေးနှုန်းတွေအနေနဲ့ Delux အမျိုး အစားဆိုရင် ပြည်တွင်းဧည့်သည်တွေအနေနဲ့ ကျပ် (၁၁၁၅၀၀) ကျသင့်မှာဖြစ်ပြီးတော့ နိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ ကန်ဒေါ်လာ (120)$ ကျသင့် မှာပဲ ဖြစ်ပါတယ်။ Suite Room အမျိုးအစားဆိုရင် ပြည်တွင်းဧည့်သည်တွေအနေနဲ့ ကျပ် (၁၄၀၀၀၀) ကျ သင့်မှာဖြစ်ပြီးတော့ နိုင်ငံခြားသားဧည်သည်တွေဆိုရင် ကန်ဒေါ်လာ (165) $ ကျသင့်မှာ ဖြစ်ပါတယ်။ PINE ရဲ့ အောက်ထပ်မှာကတော့ Heritage Bar ၊ Sisson ́s Restaurant နဲ့ အမှတ်တရပစ်္စည်း ဆိုင် စတဲ့အခန်းတွေရှိပါတယ်။ လျှောက်လမ်းရဲ့ ဘေး တစ်ဖက်စီ အခန်းအရောင်တွေနံရံက အဖြူလွင့်ရောင် သုတ်လိမ်းထားတာမို့ ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့ ဆွဲဆောင်မှုလို့ ခံစားမိစေရမှာပါ။ ARCON ဒီအဆောက်အအုံကတော့ …ကိုလိုနီခေတ် အဆောက်အဦးနှစ်ခုထဲက ရှေးအကျဆုံးတစ်ခုပါ။ ARCON အဆောက်အအုံကိုတော့ ၁၉၀၃ ခုနှစ်က တည်းက ဆောက်ထားတာဖြစ်ပြီး ပြန်ပြီးပြင်ဆင်ထား တာမရှိပါဘူး။ အရင်ကဆောက်ခဲ့တဲ့ အဆောက်အအုံ အတိုင်း ထားရှိပေးထားတာပါ။ ဒီအဆောက်အအုံကို တော့ နိုင်ငံခြားသားဧည့်သည်တွေက အထူးသဖြင့် နှစ်သက်ကြပြီး တကူးတက အခန်းကြိုတင်မှာပြီး တည်းခိုလေ့ရှိတယ်လို့ သိရပါတယ်။ ARCON ဆောင်မှာတော့ Superior အခန်းအမျိုးအစားတွေ သာ ထားရှိပေးထားပါတယ်။ အခန်းပေါင်းကတော့ (၁၅)ခန်းရှိပြီး စျေးနှုန်းကတော့ နိုင်ငံခြားသား ဧည့်သည်ဆိုရင် တစ်ညကို ကန်ဒေါ်လာ (100)$ နဲ့ ပြည်တွင်း ဧည့်သည်တွေတည်းခိုမယ်ဆိုရင် တစ်ည ကို ကျပ် (၉၀၀၀၀) ကျသင့်မှာပဲဖြစ်ပါတယ်။ TUDOR ဒီနှစ်ထပ်ဆောင်ကတော့ နောက်မှထပ်ဆောက် ထားတဲ့ အဆောက်အအုံပါ။ နှစ် ၁၀၀ မရှိသေးပါဘူး။ အဖြူရောင် ဆေးရောင်သုတ်လိမ်းထားတာမို့ အဝေး ကနေကြည့်လိုက်ရင် အဖြူရောင်အဆောက်အအုံကို မြင်စေရတာကလည်း ကောင်းကင်ပြာပြာအောက်က အဖြူရောင်ရဲတိုက်ကို မြင်ရစေသလို အထင်အရှားမြင် တွေ့ရစေပါတယ်။ ဒီအဆောင်မှာတော့ Classic Room အခန်းအမျိုးအစားတွေသာရှိပြီးတော့ အခန်း ပေါင်းကတော့ (၁၈)ခန်းရှိပါတယ်။ အခန်းစျေးနှုန်း တွေကတော့ ပြည်တွင်းဧည့်သည်ဆိုရင် (၆၅၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီးတော့ နိုင်ငံခြားဧည့်သည်တွေ ဆိုရင် ကန်ဒေါ်လာ (75) $ ကျသင့်မှာပဲ ဖြစ်ပါတယ်။ PINE ရယ် ARCON ရယ် TUDOR အဆောက်အအုံသုံးခုပေါင်းမှ အခန်းပေါင်း ၄၅ ခန်း ပဲရှိပါတယ်။ အခန်းတွေရဲ့ အပြင်အဆင်တွေကလည်း ဥရောပစတိုင် အပြင်အဆင်မျိုးထားရှိပေးထားပါ တယ်။ အခန်းထဲ ၀င်လိုက်ပြီဆိုရင်ကို အနောက်နိုင်ငံရဲ့ ဟိုတယ် အခန်းထဲကို ရောက်ရှိနေသလိုခံစားရစေတာ ကလည်း ဒီဟိုတယ်ရဲ့ ဆွဲဆောင်မှုတစ်မျိုးပါ။ ဟိုတယ်ရဲ့ အခန်းတွေကလည်း ကိုလိုနီခေတ် အငွေ့အသက်လေးတွေနဲ့ စိတ်ကူးယဉ်စရာကောင်း လှပါတယ်။ ဖန်တီးခြင်းအတတ်ပညာနဲ့ နူးညံ့သိမ်မွေ့မှု ရသကို ပေါင်းစပ်လိုက်တဲ့အခါမှာ ရသခံစားမှုက သူ မတူအောင် ရရှိစေတာကလည်း ဟိုတယ်ရဲ့ ထူးခြား လွန်းတဲ့ ဆွဲဆောင်စရာပါ။ ဟိုတယ်ရဲ့အခန်းတိုင်းမှာ Aircon မတပ်ဆင်ထားပါဘူး။ ရှေးခေတ်စတိုင် မျက်နှာကျက်ကပ်ပန်ကာတွေကိုသာ တပ်ဆင်ပေး ထားပါတယ်။ အခန်းရဲ့ ခေါင်းရင်းဘက်မှာ ကြီးမားတဲ့ ပန်းချီကားတစ်ချပ်ကိုလည်း ချိတ်ဆွဲထားရှိခြင်းပါပဲ။ ပန်းချီကားတွေကလည်း ကမ္ဘာ့မြေပုံကို ဖော်ပြထား တဲ့ ပန်းချီကားမျိုးပါ။ Sisson ́s Restaurant ကတော့ မနက်မှာ Breakfast အခန်းဖြစ်ပြီး၊ ညကျရင်တော့ ဒေသ အစားအစာတွေ၊ အနောက်တိုင်းအစာတွေကို မှာ ယူစားသောက်လို့ရပါတယ်။ ဟိုတယ်ရဲ့ Breakfast ကလည်း တကယ့်ကို စိတ်ကြိုက်ရွေးချယ်စရာတွေ များလှပါတယ်။ Breakfast ကို နိုင်ငံခြားသား အကြိုက် ရွေးချယ်၀န်ဆောင်မှုပေးထားတာပါ …။ Breakfast ကို ဘူဖေးထားရှိပေးပြီး အနောက်တိုင်း၊ မြန်မာ၊ တရုတ်ဟင်းမျိုးတွေပါ၀င်ပါတယ်။ ဟိုတယ်ရဲ့ မနက်စာ ဘူဖေးက အမယ်စုံပါ၀င်သလို စားရတာ အရသာရှိတာမို့ အပြင်ဧည့်သည်တွေကပါ ဒီဟိုတယ် ရဲ့ Breakfast ကို လာရောက် စားသုံးတာမျိုးလည်း ရှိပါတယ်။ ဘေးချင်းကပ် Heritage Bar ကတော့ အေးအေးဆေးဆေး နားနားနေနေ အပန်းဖြေလို့ ကောင်းတဲ့ Bar တစ်ခုပါ။ ဒီအခန်းကိုလည်း ရှေး လက်ရာပစ္စည်းတွေနဲ့အလှဆင်ထားပါတယ်။ အပြင် ဧည့်သည်တွေပါ လာရောက်စားသောက်နိုင်အောင် ၀န်ဆောင်မှုပေးထားပါတယ်။ နားအေးပါးအေး ကော်ဖီသောက်မလား။ ဒါမှ မဟုတ် စျေးလည်းသင့်တင့် ရွေးစရာလည်းရှိတဲ့ Cocktail Menu လည်းရှိပါတယ်။ စိတ်ကြိုက်ရွေး ချယ်သုံးဆောင်နိုင်ပါတယ်။ Bar ရဲ့အခန်းရှေ့မှာတော့ အမှတ်တရပစ္စည်းတွေ၀ယ်လို့ရအောင် Gift Shop ကို ထားရှိပေးတာကလည်း ဟိုတယ်ရဲ့ ၀န်ဆောင်မှု ကို အလေးထားပေးတာကိုသတိပြုမိစေရပါတယ်။ LOVER's TREE ဟိုတယ်၀င်းထဲက ဆွဲဆောင်စရာနေရာတစ်ခု လည်း ရှိလို့နေပါတယ်။ ထင်းရှုးနဲ့ ညောင်ပင်တွဲလိုက် စိုက်ထားတဲ့ နှစ် ၁၀၀ ကျော် Loveŕs Tree ကြီးက လည်း စိတ်၀င်စားစရာကောင်းပါတယ်။ ကလောရဲ့ ဆွဲဆောင်စရာ တစ်ခုလို့တောင်ပြောရမှာပါ။ အထူးတလည်ညွှန်းဆိုစရာမလိုအောင် ဒီ Loveŕs Tree နဲ့ အမှတ်တရဓာတ်ပုံရိုက်သူတွေ မနည်းမနောပါ။ ပြည်တွင်းရောပြည်ပရော အမှတ်တရဓာတ်ပုံရိုက်လေ့ရှိ တဲ့နေရာ တစ်ခုမို့ Loveŕs Tree နဲ့ မရိုက်ပဲပြန်လေ့ ရှိတဲ့ ဧည့်သည်ဆိုတာနည်းပါတယ်။ သစ်ပင်ရဲ့ဘေးမှာ ဒါန်းစီးလို့ရအောင် ကားတာယာန ဲ့ဒါန်းစီးလုပ်ပေးထား ပြီး ထင်းရှူးသားခုံတန်းလျားလည်း ထားရှိပေးတာမို့ လေတဖြူးဖြူးနဲ့ နေလို့ကောင်းလွန်းတဲ့ နေရာပါ။ ဒါကြောင့်မို့ ကိုလိုနီခေတ်အငွေ့အသက်တွေ ကြိုက်နှစ်ခံစားလိုသူတွေရော ရှုခင်းကောင်းကောင်းနဲ့ အေးဆေးစွာတည်းခိုချင်သူတွေအတွက်ရော ကလော မြို့လေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ရင် ကိုလိုနီ ခေတ်အငွေ့အသက်တွေကို အပြည့်အ၀ခံစားနိုင် စေမယ့် မြန်မာနိုင်ငံရဲ့ ဒုတိယမြောက်ရှေးအကျဆုံး ဟိုတယ်ဖြစ်တဲ့ Kalaw Heritage Hotel မှာ ခံစား မှုရသတွေကို ရရှိခံစားရင်း အပန်းဖြေတည်းခိုဖို့ ဒီ တစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ လမ်းညွှန်ပေးလိုက်ရပါတယ် Travelling_Journal/Vol_1_Issue_12 Photo_TravellingJournal
Contine Reading
By - Admin / 25-05-2019
တိတ်ဆိတ်အေးချမ်းမှုတွေရှိတဲ့ ပုသိမ်မြို့က ရွှေမင်းသမီးဆီ

တိတ်ဆိတ်အေးချမ်းမှုတွေရှိတဲ့ ပုသိမ်မြို့က ရွှေမင်းသမီးဆီ

နှင်းဆီသခင် မြို့တော်ပုသိမ်ဆိုရင်စာဖတ်သူတို့အားလုံးရင်းနှီး ကျွမ်းဝင်ပြီးသားမြို့တစ်မြို့တော်တစ်ခုပါ။ ဧရာဝတီတိုင်းဆိုတာကလည်း တစ်ချိန်က ဆန်စပါးပေါများစွာ ထွက်ရှိရာဒေသမိုိ့ု့ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ခေါ်သလို စပါးကျည်ကြီးလို့လည်း ကျောင်းစာတွေမှာ သင်ကြားရတဲ့ တိုင်းတစ်တိုင်းပင်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ဟာ ဆိုရင်လည်း ချစ်စရာဓလေ့တွေရှိပြီး ပုသိမ်မှာ လည်ပတ်ဖို့ဆိုရင် အချိန်အများကြီးမလိုပဲ လည်ပတ်နိုင်တဲ့ မြို့လေးလို့ဆိုချင်ပါတယ်။ဒီမြို့ထဲကိုဝင်လိုက်တာနဲ့ ချစ်စရာကောင်းလှတယ်လို့ ခံစားရစေပါတယ်။ လမ်းလေးတွေက ကျဉ်းပေမယ့် စနစ်ကျတယ်လို့ခံစားရစေတယ်။ အထူးသဖြင့် အမှိုက်မရှိပဲ သန့်ရှင်းနေတာကို သတိထားမိစေပါတယ်။ ပုသိမ်ဆိုတာကလည်း ခရီးသွားတွေအများဆုံး သွားရောက် လည်ပတ်ကြတဲ့ မြို့တော်တစ်ခု ဖြစ်ရုံမက ဖြတ်သွားဖြတ်လာ များသည့် မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ အဓိက ကတော့ ငွေဆောင် ချောင်းသာကို သွားလည်ကြတဲ့ ယာဉ်တွေ အနေနဲ့ ခရီးတစ်ထောင့်နား သည့် မြို့လည်းဖြစ်ပါတယ်။ မြို့ပုသိမ်မှာတော့ ဟိုတယ်တွေ ဧည့်ရိပ်မွန်တွေ များပြားတာကတော့ သတိထားမိစေပါတယ်။ အထပ်မြင့် ဟိုတယ်ပုံစံမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်တွေများပြားတာကို တွေ့မြင်ရစေပါတယ်။ဒီလို အနေအထားမျိုးမှာမြေဧကကျယ်ကျယ်နဲ့ ဟိုတယ် တွေကတော့ ရှားပါးတာကို သတိထားမိပါတယ်။ ဒါကြောင့်မို့ အကြောင်းကိစ္စတစ်ခုခုကြောင့် ပုသိမ်မြို့လေးကို ရောက်ဖြစ်ရင် တိတ်တိတ် ဆိတ်ဆိတ်နဲ့ အေးအေးချမ်းချမ်း ညအိပ်ညနေ တည်းခိုချင်တဲ့ သူတွေအတွက် သီးသန့် ဘန်ဂလို ပုံစံ တွေနဲ့ တည်ဆောက်ထားတဲ့ ရွှေမင်းသမီးဟိုတယ် (Golden Princess Hotel) ဆီကို သွားရောက်တည်းခိုနိုင်ဖို့ ဒီ တစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ လမ်းညွှန်ပေးလိုက်ပါတယ်။ ရွှေမင်းသမီး ဟိုတယ်ကတော့ ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှ ရှိပြီးတော့ မြေဧက ၂ ဧက ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ကျယ်ဝန်းရုံမက စိတ်ငြိမ်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ အခန်းတွေက ဘန်ဂလို အမျိုးအစား ဖြစ်တဲ့အတွက် တည်းခိုသူတိုင်းအတွက် စိတ်တိုင်းကျစေမှာဖြစ်ပါတယ်။ သရဖူပုံစံ ခေါင်းမိုးချွန်နဲ့ တည်ဆောက်ထားတဲ့ ရွှေမင်းသမီး ဟိုတယ်က ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့ မြကျွန်းသာ အိမ်ရာဝင်းထဲမှာ တည်ဆောက်ထားပါတယ်။ များသောအားဖြင့့် အထပ်မြင့် ဟိုတယ် တွေသာ တည်ဆောက်ထားတဲ့ မြို့ပုသိမ်မှာ ဘန်ဂလို ပုံစံတွေနဲ့ တည်ဆောက်ထားတဲ့ဟိုတယ်ရဲ့ ဟန်ပန်က သီးသန့့်် တခန်းတနား တည်ရှိစေတာကို တွေ့ရှိရပါတယ်။ ဟိုတယ်ဝင်းထဲ ဝင်လိုက်ရင်ကို ပြာပြာသလဲ လာရောက် မေးမြန်းတဲ့ ဟိုတယ်လုံခြုံရေးရဲ့ မေးမြန်းမှုနဲ့ ဧည့်ကြိုကောင်တာ ဆီကို လိုက်လံပို့ဆောင်ပေးတာကိုကြည့်ရင်း ဝန်ဆောင်မှု ကောင်းမွန်တာတွေ၊ ဧည့်ကြိုကောင်တာမှာ ပြုံးရွှင်စွာနဲ့မေးမြန်းတဲ့ ဟိုတယ်ဝန်ထမ်းကောင်မလေးရဲ့ပြောဟန်၊ ဧည့်သည်မြင်တာနဲ့ကို အလိုက်သင့် လိမ္မော်ရည် လာတိုက်တဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ ဧည့်ဝန်ဆောင်မှုတွေက စိတ်ကျေနပ်မှုရရှိစေပါတယ်။ သီးသန့်ဘန်ဂလိုပုံစံမျိုးတွေနဲ့တည်ဆောက်ထားတဲ့ ဘန်ဂလိုတွေကို တော်ဝင်ပန်းနာမည်တွေ ပေးထားတာကို ကြည့်ရင်း အနုပညာကို မြတ်နိုးတက်ပြီး ဒီဟိုတယ်ကို ပုံဖော်ဖန်တီးသူတွေရဲ့စိတ်ကို ခန့်မှန်းစေမိပါတယ်။ အင်ကြင်း၊ချယ်ရီ ၊ သဇင်၊ ခရေ နဲ့ ပိတောက် စတဲ့ နာမည်တွေ ပေးထားတဲ့ ဘန်ဂလိုဆောင် ငါးဆောင်ရှိပါတယ်။ အခန်းပေါင်းကတော့ တစ်ဆောင်ကို လေးခန်း နှုန်းနဲ့ ဘန်ဂလိုအခန်း အမျိုးအစား (၂၀) ရှိပါတယ်။ ဘန်ဂလိုတွေရဲ့ ဘေးမှာတော့ Building အမျိုးအစား အဆောင်ရှိပြီးတော့ တည်းခိုစရာ အခန်း (၂၀) ခန့်လည်းရှိပါသေးတယ်။ ဒါ့အပြင် စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေဖို့ အဆိုဝါသနာအိုးတွေအတွက်လည်း စိတ်ကြိုက် ဟဲနိုင်မယ့် ကာရာအိုကေကို ရှိရုံမက ပင်ပန်းမှုကို အညောင်းအညာပြေစေဖို့အတွက် ရိုးရာနည်းနဲ့ နှိပ်နှယ်ပေးတဲ့ အဆင့်မြင့် Spa လည်း ရှိပါသေးတယ်။ Spa ကတော့ တစ်နာရီကို ကျပ် (၆၀၀၀) သာ ကျသင့်မှာဖြစ်ပြီးတော့ ဝန်ဆောင်မှုအတွက်လည်း သံသယ ဖြစ်စရာမလိုပါဘူး ဆိုပါရစေ။ ဒါတင်မက ခရီးသွားဧည့်သည်တွေအနေနဲ့ပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တွေအနေဲ့ပဲ ဖြစ်ဖြစ် Staff Party တွေ ၊ ညစာစားပွဲတွေနဲ့ မွေးနေ့ပွဲတွေကိုလည်း ဟိုတယ်ရဲ့ ညာဖက်မှာရှိတဲ့ မြက်ခင်းစိမ်းကျယ်ကျယ်ပေါ်မှာ ကျင်းပနိုင်ဖို့ ဖန်တီးပေးထားပါသေးတယ်။ သီးသန့် နေလိုသူ၊ တိတ်ဆိက်မှုကို လိုလားသူ၊ အေးဆေးနေလိုသူတွေအတွက်ကတော့ ရွှေမင်းသမီး ဟိုတယ်ကို သွားရောက်တည်းခိုနိုင်ပါတယ်လို့ဆိုပါရစေ။ အခန်းနှုန်းထားကတော့ တကယ့်ကိုအမေးဇင်းပါ။ တစ်စျေးတည်း ထားရှိပေးထားပြီး ပြည်တွင်းဧည့်သည်ဆိုရင် တစ်ညကို ကျပ် သုံးသောင်း ကျပ်သာ ကျသင့်မှာဖြစ်ပြီးတော့ ပြည်ပဧည့်သည်ဆိုရင် တစ်ညကို ကန်ဒေါ်လာ (၃၀) ကျသင့်မှာ ဖြစ်ပါတယ်။ ဘန်ဂလို ပုံစံအခန်းတွေမှာပဲ ဖြစ်ဖြစ် အထပ်မြင့် အခန်းတွေမှာ ထူးခြားတာက အခန်းတွင်းမှာ ကနုတ်ပန်း Wall Sheet တွေနဲ့အလှဆင်ပေးထားသလို၊ အခန်းတွင်းမှာ ကြိမ်ကုလားထိုင်ထည့်သွင်းပေးထားတယ်။ အခန်းတွင်းသုံးထားတဲ့ စားပွဲကိုတော့ ထင်းရှုးသား သစ်သားပုံစံ တွေနဲ့ ပြုလုပ်ထားတာကို ထားရှိ ပေးထားပါတယ်။ ရေချိုးခန်းမှာလည်း Bathtub တပ်ဆင်ပေးထားပါသေးတယ်။ ခရီးသွားလုပ်ငန်းဆိုတာကလည်း ဝန်ဆောင်မှုကို ရောင်းစားကြတဲ့ လုပ်ငန်းဆိုတော့ ဧည့်သည်ရဲ့ စိတ်ကြိုက် ခံစားရဖို့ တမူကွဲထွက်ပြီး အေးချမ်းစွာ နားနေနိုင်စေဖို့ သီးသန့်တည်းခိုစေဖို့ ဘန်ဂလို ပုံစံ အခန်းတွေကို တည်ဆောက်ပေးတာဖြစ်တယ်လို့ ရွှေမင်းသမီးဟိုတယ်ရဲ့ MDကလည်း ဆိုပါတယ်။ ဟိုတယ်မှာ တည်းခိုသူတွေအတွက် အရသာကောင်းမွန်လှတဲ့ နံနက် ဘူဖေးကျွေးချိန်ကို နံနက် ၇း၀၀ ကနေ ၉း၀၀ ထိ သတ်မှတ်ထားပြီးတော့ Dinning Room မှာ မစားချင်လို့ဖြစ်ဖြစ်၊ ဘူဖေးချိန် မမှီလိုက်တဲ့ ဧည့်သည်တွေအတွက်လည်း အခန်းတွင်း ဝန်ဆောင်မှုကိုလည်း ပေးပါသေးတယ်။ ဒါကြောင့်မို့ ပုသိမ်မြို့လေးကိုပဲ သီးသန့် လာရောက်လည်ပတ်ရင်ပဲ ဖြစ်ဖြစ်၊ လှပတဲ့ ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ နဲ့ ဂေါ်ရင်ဂျီ ကမ်းခြေ စသဖြင့် ကမ်းခြေတွေကို သွားရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအတွက် တထောက်နားရင်နေနိုင်မယ့် ဆိတ်ငြိမ်ပြီး ကျယ်ဝန်းသည့် သီးသန့်နေရာလေးက ရွှေမင်းသမီး ဟိုတယ် (Golden Princess Hotel ) ကို သွားရောက်တည်းခိုနိုင်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။ Travelling_Journal Vol_1_Issue_11 ဟိုတယ်လမ်းညွှန်
Contine Reading
By - Admin / 27-04-2019
ကိုလိုနီခေတ်အငွေ့အသက်တွေနဲ့ မြို့တောင်ငူက Global Grace

ကိုလိုနီခေတ်အငွေ့အသက်တွေနဲ့ မြို့တောင်ငူက Global Grace

နှင်းဆီသခင် ရန်ကုန်မြို့နဲ့ မိုင် ၁၅၀ လောက်ဝေးတဲ့ တောင်ငူမြို့လေးကို ပြည်တွင်းပြည်ပ ခရီးသွားတွေ သွားရောက် လည်ပတ်နေကြဆဲပါ။ တောင်ငူ မြို့ဟာဆိုရင် ဒုတိယမြန်မာနိုင်ငံတော်ခေတ်က တည်ထောင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ဒုတိယမြန်မာနိုင်ငံတော်ရဲ့ အနုလက်ရာ တော်တော်များများကိုတွေ့မြင်နိုင်သေးတဲ့ တောင်ငူ မြို့ဖြစ်သလို သမိုင်းကြောင်းတွေ နက်နဲစွာတည် ရှိနေသေးတဲ့ မြို့တောင်ငူဆိုလည်းမမှားပါဘူး။ မြို့တောင်ငူမှာ တစ်ထောက်နားပြီးတော့ နော်ဘူဘောတောင်၊ ပသိချောင်း၊ ဖိုးကျားဆင် စခန်းနဲ့ တစ်ခြားလည်ပတ်စရာတွေကို သွား ရောက်လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် တောင်ငူ မှာ ညအိပ်ပြီး နေပြည်တော်၊ ထိုမှတစ်ဆင့် ပေါင်း လောင်း၊ ပေါင်းလောင်းမှာရှိတဲ့ နန့်မွန်ကြီးရေတံ ခွန်ဆီကိုလည်း သွားရောက်နိုင်ပါသေးတယ်။စာဖတ်သူတွေအနေနဲ့ ခရီးရှည်တွေကို တောင်ငူကနေ တစ်ထောက်နားပြီး သွားဖြစ်ခဲ့မယ် ဆိုရင် တောင်ငူမြို့ပေါ်က တိတ်ဆိတ်ပြီးတော့ သီးသန့်လိုတည်ရှိနေတဲ့ ကိုလိုနီခေတ်အငွေ့အသက် တွေ ရရှိနိုင်သေးတဲ့ Global Grace Hotel နဲ့ ဒီတစ်ပတ်ရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ ဖော်ပြပေးလိုက်ပါတယ်။ ဒီ Global Grace Hotel ကတော့ မိုင်းဒါ ကွင်းရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ တောင်ငူ လမ်းဟောင်းကနေလာမယ်ဆိုရင် သာသနဟိတ ကာရီဗိမာန် ထောင့်မှာရှိတဲ့ ဟိုတယ်ဆိုင်းဘုတ်ကို တော့ ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ။ ဟိုတယ် ကို ငါးမိနစ်ခန့်လမ်းလျှောက်ရုံနဲ့ ရောက်ရှိမှာဖြစ် ပါတယ်။ ဟိုတယ်ရဲ့ ဝင်းထဲကို ဝင်လိုက်ရပြီဆိုရင်ပဲ အစီအရီစိုက်ထားတဲ့ အာသောကသစ်ပင်တွေကို ကနဦးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကိုလိုနီခေတ် အဆောက်အအုံဖြစ်တာကြောင့် ဟိုတယ် တည်ဆောက် ပုံကတော့ ရိုးရှင်းတာကိုတွေ့မြင်ရမှာပါ။ (၄)ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဟိုတယ်ကို ဘန်ဂလို Type (၄)ခန်းတွဲနဲ့ Building Type ပုံစံဆောက်လုပ်ထားပြီး အခန်းပေါင်းအားဖြင့် စုစုပေါင်း(၁၈)ခန်းရှိပါတယ်။ အခန်းဖွဲ့စည်းပုံတွေအနေနဲ့ကတော့ ကိုလိုနီ ခေတ်အဆောက်အဦးတွေ ဖြစ်တာကြောင့် ရိုး ရှင်းပါတယ်။ မျက်စိအေးတာကို နှစ်သက်တဲ့သူ တွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲ။ နောက်ပြီး အခန်းတွေကလည်း ကျယ်ဝန်းတာ ကြောင့် တည်းခိုမယ့်သူတိုင်းကို စိတ်တိုင်းကျစေ မိမှာပါ။ အခန်းအမျိုးအစားတွေအနေနဲ့ကတော့ Building Type မှာ Standard နဲ့ Family Room အမျိုးအစားတွေရှိပြီးတော့ Family Room (၄)ခန်းနဲ့ Standard (၁၀)ခန်းရှိပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ FamilyRoom မှာဆိုရင် (၅၅၀၀၀ိ/) ကျသင့် မှာဖြစ်ပြီး လေးယောက်ထိ ကျယ်ကျယ်ဝန်းဝန်း တည်းခိုနိုင်မှာဖြစ်ပါတယ်။ Standard Room မှာဆိုရင် (၃၃၀၀၀ိ/-) ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ဘေးတစ်ဖက် သစ်ပင်တွေကြား မှာ ဖွဲ့စည်းထားတဲ့ ဘန်ဂလို Type လေးခန်းတွဲ မှာ တည်းမယ်ဆိုရင်တော့ ဘေးဘက်အစွန်ဆုံး အခန်း နှစ်ခန်းဟာဆိုရင် နှစ်ယောက်ထဲတည်းခို မယ်ဆိုရင် (၃၈၅၀၀ိ/)ကျသင့်မှာဖြစ်ပြီးတော့ (၃)ယောက်တည်းခိုမယ်ဆိုရင်တော့ (၄၉၅၀၀ိ/) ကျသင့်မှာပဲ ဖြစ်ပါတယ်။ အလယ်က နှစ်ခန်းမှာ တည်းမယ်ဆိုရင်တော့ (၂)ယောက်ကို (၄၄၀၀၀ိ/) ကျသင့်မှာဖြစ်ပြီး (၃)ယောက်တည်းမယ်ဆိုရင် တော့ (၅၅၀၀၀ိ/)ကျသင့်မှာပဲဖြစ်ပါတယ်။ ဝန်ဆောင်မှုအပိုင်းတွေအနေနဲ့ မနက်စာ Breakfast ပါဝင်မှာဖြစ်ပြီး စာဖတ်သူတို့ စိတ် ကြိုက်မှာစားနိုင်မယ့် အခန်းတွင်းဝန်ဆောင်မှု လည်းရှိပါတယ်။ နောက်ပြီး စာဖတ်သူတို့ ခရီး တစ်လျှောက်သွားလာရတာပင်ပန်းပြီး အညောင်း အညာမိနေရင်တော့ ဟိုတယ်မှာ ဈေးနှုန်းသင့်တင့် တဲ့ Spa လည်း ရှိပါသေးတယ်။ Spa ကတော့ အခန်းတွင်းဝန်ဆောင်မှုဆိုရင် ဈေးနှုန်းတစ်မျိုးဖြစ် ပြီးတော့ Spa ကို သွားမယ်ဆိုရင်တော့ ဈေးနှုန်း တစ်မျိုးကျသင့်မှာဖြစ်ပါတယ်။ နောက်ပြီး ဧည့်သည်တွေအနေနဲ့ စိတ်အပန်း ဖြေနိုင်စေဖို့ Entertainment အစီအစဉ်တွေကို ထပ်မံဝန်ဆောင်မှုပေးသွားမယ်လို့လည်း ဟိုတယ် ပိုင်ရှင် ဦးအောင်မြင်က ပြောပါတယ်။ တိမ်တွေနေတဲ့ အရပ်လို့တောင် တင်စားကြ တဲ့ သံတောင်ကြီးက နော်ဘူဘောတောင်ကို ဟိုတယ်ကနေသွားမယ်ဆိုရင် အသွားအပြန် သုံး နာရီကျော် အချိန်ပေးလိုက်ရုံနဲ့ သွားရောက်လည် ပတ်နိုင်ပါတယ်။ နောက်ပြီး ပသိချောင်းမှာလည်း ရေချိုးနိုင်မယ့် ခရီးစဉ်ဟာလည်း ခရီးသွားတွေ အတွက် အကြိုက်တွေ့စေတဲ့ ခရီးစဉ်တစ်ခုဆို လည်း မမှားပါဘူး။ ဒါကြောင့်မို့ စာဖတ်သူတွေအနေနဲ့ တောင်ငူ မြို့လေးကို ခရီးတစ်ထောက်နားချင်လို့ပဲ ဖြစ်ဖြစ် သီးသန့်လာရောက်လည်ပတ်လို့ပဲဖြစ်ဖြစ် ညအိပ် တည်းခိုချင်သူတွေအတွက် တောင်ငူမြို့လေးက Grobal Grace ဟိုတယ်လေးနဲ့ မိတ်ဆက်ပေး လိုက်ရပါတယ်။ Travelling_Journal Vol_1_Issue_8 ဟိုတယ်လမ်းညွှန် Photo_နှင်းဆီသခင်
Contine Reading
By - Admin / 23-01-2019
ပုဂံမြေကသရပါဆီ

ပုဂံမြေကသရပါဆီ

နှင်းဆီသခင် ပုဂံမြေဆိုတာ မြန်မာလူမျိုးတိုင်း နှစ်သက်မက်မောစွာသွားရောက်လည်ပတ်နေကြတဲ့ ခရီးစဉ်တစ်ခု လို့ဆိုရင် မမှားနိုင်ပါဘူး။ မြန်မာမှန်ရင် ပုဂံရောက် ဖူးရမယ်ဆိုတဲ့ စကားကလည်း လူတိုင်းရဲ့စိတ်ထဲမှာ ဆွဲကျန်ရစ်နေတာကတော့ အထူးတလည်ပင် ပြော စရာမလိုတော့။ ပြည်တွင်းသာမဟုတ် ပြည်ပနိုင်ငံ များကပါ စိတ်ဝင်တစားလာရောက်လည်ပတ်နေကြ တာကတော့ ပုဂံမြေရဲ့ အလှတရားများကြောင့်ပင် ဖြစ်ပါတယ်။ ပုဂံမြေကို ခရီးသွားဧည့်သည် အများစုဟာ အကြောင်းအမျိုးမျိုးနဲ့ လာရောက်လည်ပတ်နေကြပါတယ်။ စိတ်အပန်းဖြေချင်လို့ဖြစ်ဖြစ်၊ အေးဆေးစွာ အနားယူချင်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းများနဲ့ ပျော် ပျော်ကြီး လာရောက်အပန်းဖြေကြတာပဲဖြစ်ဖြစ်၊ ရှေးဟောင်းစေတီ၊ ဘုရား၊ ပုထိုးများကို စိတ်ဝင်တစား လေ့လာချင်လို့ပဲ ဖြစ်ဖြစ် လာရောက်နေကြတာပါပဲ။ ဒါကြောင့် ခရီးသွားဧည့်သည်များအနေနဲ့ ပုဂံမြေကိုရောက်ရင် တိတ်ဆိတ်စွာ သီးသန့်လေးအနားယူ အပန်းဖြေချင်သူများအတွက် လုံးဝတိတ်ဆိတ်ပြီး စိတ်ကျေနပ်မှုကို အပြည့်ဝရရှိစေမယ့် သရပါဂိတ် ဟိုတယ် (Tharabar Gate) နဲ့ ဒီတစ်လရဲ့ ဟိုတယ် လမ်းညွှန်ကဏ္ဍလေးကနေ မိတ်ဆက်ပေးလိုက်ပါရစေ …။ သရပါဟိုတယ်ကတော့ ခရီးသွားဧည့်သည်တွေ နဲ့ မစိမ်းတဲ့နေရာလေးမှာ ရှိပါတယ်။ စာဖတ်သူတို့ အနေနဲ့ ပုဂံရောက်ရင် သမိုင်းတွင်ဂိတ်ဖြစ်တဲ့ သရပါ ဂိတ်ကိုတော့ လူတိုင်းဖြတ်သွားမိကြမှာပါ။ သရပါ ဟိုတယ်ကတော့ အဆိုပါသရပါဂိတ်နဲ့ အနီးဆုံးမှာ တည်ရှိရုံမကပါဘူး။ အာနန်္ဒာဘုရားကြီးနဲ့လည်း အနီးဆုံးမှာတည်ရှိပါတယ်။ ဒါ့အပြင် ကျန်နေရာများကိုလည်း လွယ်လင့်တကူ သွားရောက်နိုင်တာတော့ သရပါ ဟိုတယ်ရဲ့ အားသာချက် တစ်ခုပင်ဖြစ်ပါတယ်။ သရပါဟိုတယ်ရဲ့ ထူးခြားချက်က ဝင်ဝင်ချင်းမှာဆိုရင် ကျွန်းတိုင်လုံးကြီးတွေနဲ့ ခမ်းနာထည်ဝါစွာ တည်ဆောက် ထားတဲ့ ဧည့်ကြိုခန်းမဆောင်ကို တွေ့ မြင်ရပါတယ်။ ဒါ့အပြင် မြန်မာတို့ရဲ့ ဗိသုကာ လက်ရာ တွေနဲ့ ဖော်ကျူးထားတဲ့ ဟိုတယ်တစ်ခုဆိုလည်းမမှား ပါဘူး။ သရပါဆိုတာ ပုဂံမြေရဲ့ အထင်ကရ ဝိသေသတစ်ခု ဖြစ်သလို ပုဂံမြို့ဟောင်းက သရပါဂိတ်ရဲ့ နာမည်ကို အစွဲပြုပြီး သရပါဂိတ်လို့ နာမည်ပေးခဲ့ခြင်း ကလည်း ဟိုတယ် တည်ထောင်သူတွေရဲ့ စိတ်ကူးစိတ်သန်းကောင်းတစ်ခုပါပဲ။ဒီဟိုတယ်မှာဆိုရင် ဧက ၅ ဧကပေါ်မှာ ဟိုတယ် ကို တည်ဆောက်ထားတာာဖြစ်ပြီး ဟိုတယ်အခန်း ပေါင်း ၈၀ ကျော်ရှိကာ Suite အခန်း လေးခန်း နဲ့ Deluxe အခန်း အမျိုးအစားများနဲ့ ဖွဲ့စည်းထား တာပါ။ Suite အခန်းကတော့ ကျယ်ဝန်းပြီး အခန်း ထဲမှာဆိုင် ဧည့်ခန်းမဆောင်နဲ့ မီနီကစ်ရှင်း၊ ရေချိုး ဆောင်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ အခန်းဖွဲ့စည်း ထားပါတယ်။ Deluxe အခန်းတွေအနေနဲ့လည်း ကျယ်ဝန်းပြိး သက်တောင့်သက်တာနဲ့ အခန်းဖွဲ့စည်း ထားတာကိုတွေ့ရတယ်။ အခန်းခဈေးနှုန်းတွေက တော့ U$ 450 ကျော်ထိ ဈေးနှုန်းအစားစားရှိပါ တယ်။ အခန်းတွေ အကုန်လုံးကတော့ ဘန်ဂလို အမျိုးစားတွေပါပဲ။ နောက်ထပ် ဟိုတယ်ရဲ့ ဆွဲဆောင်စေတဲ့အရာ ကတော့ Landscape ပိုင်းမှာ အလေးထားပြီး ဆွဲဆောင် ဖြစ်အောင် ဖန်တီးထားတာကတော့ ဟိုတယ် ရဲ့ အားသာချက်လို့ ပြောရပါမယ်။ လျှောက်လမ်း တွေကအစ တောအရိပ်သဖွယ် ဘေးပတ်လည်မှာ အပင်ကြီးအပင်ငယ်တွေနဲ့ ဖန်တီးပေးထားတယ်။ ရေမြောင်းလေး တွေမှာ ငါးလေးတွေ ပြေးနေတာာကလည်း တောအရိပ်တစ်ခုပဲဖြစ်ပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ ပူပါစေ ဟိုတယ်ထဲကို ဝင်လိုက်နဲ့ အပူဒဏ်လျော့သွားစေတာကလည်း အားသာချက် တစ်ခုပါပဲ။ ဟိုတယ်မှာ လာရောက်တည်းခိုသူတွေအတွက် ဥရောပအစားအစာ အရှေ့တိုင်းအစားအစာ မြန်မာ ထမင်းဟင်း တွေသာမကဘူး သရပါဟိုတယ်ရဲ့ အထူးဟင်းလျာတွေနဲ့လည်း ဝန်ဆောင်မှုပေးထားတာ တွေ့ ရတယ်။ သရပါရဲ့ ဟင်းလျာထဲမှာဆိုရင် ထူးထူးခြားခြား ကြက်နဲ့လက်ဖက်ရောချက်ထားတဲ့ Chicken Curry With Tea Leaf ဟင်းလျာရယ် ဝတ်ပုန်းရည် ဟင်းလျာနဲ့ လီမွန်ကြက်သားဟင်းချိုတွေကဟာဆိုရင် သရပါဟိုတယ်ရဲ့ Landmark တစ်ခုဖြစ်ပါတယ်။သရပါဟိုတယ်ဟာဆိုရင် နိုင်ငံခြားသားတွေ အတွက် စိတ်ဝင်တစားလာရောက်တည်းခိုတာကို တော့ တွေ့ရတယ်။ ပြည်တွင်းခရီးသွားတွေကတော့ လာရောက်တည်းခိုမှုနည်းတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်မို့ ယခုခရီးသွားရာသီမှာဆိုရင် ပြည်တွင်းဧည့်သည်တွေ လာရောက်တည်းခိုနိုင်ရန် မျှော်မှန်းပြီးတော့ ဟိုတယ်ဈေးနှုန်းတွေကိုလည်း Discount ချထားပေးပါသေးတယ်။ သရပါရဲ့ ညဘက် Night Seen ကတော့ တကယ့်ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဧည့်သည်တွေကို အရသာတစ်မျိုးဆီရအောင် ဖန်တီး ပေးထားပါသေးတယ်။ သစ်ပင်ကြီးအောက်မှာ အလင်းရောင်ဖျော့ဖျော့ မီးလုံးလေးတွေကို နှီးနဲ့ လုပ်ထားတဲ့ မီးဆိုင်းရှည်လေးတွေမှာ တွဲလောင်းလေး တွေ ထွန်းပေးထားရုံသာမကပဲ စားပွဲတိုင်းရဲ့အလယ်မှာ ဖယောင်းတိုင်မီးကိုထွန်းပေးထားကတော့ တကယ့်ကို လိုက်ဖက်ပါတယ်။ နောက်ပြီး တော့ ရေကူးကန်ရဲ့ အနီးနားမှာစီစဉ်ပေးထားတာကလည်း ဆွဲဆောင်မှု တစ်မျိုးပင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာတို့ရဲ့ အသည်းနှလုံးလို့ တင်စားကြတဲ့ပုဂံမြေကို သွားရောက်လည်ပတ်ဖြစ်ခဲ့ ရင် တိတ်ဆိတ်မှုကို နှစ်သက်သူတွေ၊ အေးဆေးစွာ အနားယူချင်တဲ့သူတွေ ၊ တောအရိပ်တောအရသာ မျိုးနဲ့ တည်းခိုချင်တဲ့သူတွေ၊ ဝန်ဆောင်မှုကောင်း ကောင်း ကြိုက်နှစ်သက်တဲ့သူတွေအတွက် စိတ်တိုင်း ကျစေမယ့် ဝန်ဆောင်မှုအပြည့်အဝပေးထားရုံသာမ က အချက်အချာကျပြီးသွားလိုတဲ့ နေရာတော်တော် များရဲ့ အနီးဆုံးမှာ တည်ရှိနေတဲ့ သရပါဂိတ်ရဲ့အနီးဆုံးက သရပါဂိတ် (Tharabar Gate Hotel) ဟိုတယ်ကို ဝင်ရောက် တည်းခို နိုင်ဖို့အတွက် လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။ Travelling_Journal ဟိုတယ်လမ်းညွှန် Vol_1_Issue_7 Photo_TharabarGateHotel
Contine Reading
By - Admin / 14-12-2018
သူဌေးကျွန်းကပြန်လာခဲ့တယ်

သူဌေးကျွန်းကပြန်လာခဲ့တယ်

နှင်းဆီသခင် မြန်မာပြည်တောင်ဘက်ပိုင်း သူဌေးကျွန်းက နေ စာရေးသူ ပြန်လာခဲ့တယ်။ ဒီနေရာလေးက မြန်မာ့ရေပိုင်နက် အတွင်းမှာ တည်ရှိပြီး တစ်ခု တည်းသော ကာစီနိုရှိတဲ့ ဟိုတယ်တစ်ခုပါပဲ။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးဖြစ်သလို အမျိုးအစားအလိုက် ဧည့်သည်တွေလည်း များ ပြားလှပါတယ်။ အထူးသဖြင့် ထိုင်းခရီးသွား ဧည့်သည်တွေ လာရောက်တည်းခိုကြသလို ကာစီ နိုရှိတာမို့ အပန်းဖြေရင်း လာရောက် ဆော့ကစား ကြတဲ့ ပြည်တွင်းပြည်ပဧည့်သည်တွေလည်း ရှိပါတယ်။ စာရေးသူကတော့ သူဌေးကျွန်းဟိုတယ် (Grand Andaman Hotel)ကို ကြားသာကြား ဖူးပြီး မျက်ဝါးထင်ထင် တွေ့ရတဲ့ အချိန်ကတော့ ကော့သောင်းခရီးသွားပြပွဲကို အကြောင်းပြုပြီး သူဌေးကျွန်းကို ရောက်ရှိခဲ့တာပါ။ Grand Andaman Group of Companies ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ(MD) ဦးမျိုးဝင်းသန်းက ဟိုတယ်မှာ လာရောက် တည်းခိုပါလို့ ဖိတ်ခေါ်တာကြောင့်လည်း အခွင့် ကြုံခဲ့ရ တာဖြစ်ပါတယ်။ ကိုယ်ပိုင်ကျွန်းပေါ်မှာ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို တည်ဆောက်ထားပြီး ကိုယ်ပိုင် ဆိပ်ကမ်း တစ်ခု လုပ်ထားပေးထားတာ တွေ့ရပါတယ်။ ထူးခြားတာကတော့ ကော့သောင်း ဘက်ကနေလာရောက်တဲ့ စပိဘုတ်တွေ ကပ်တဲ့ ဆိပ်ကမ်းတစ်ခုရှိသလို ထိုင်းနိုင်ငံရနောင်းဘက် ကို သွားရောက်တဲ့ စပိဘုတ်တွေရပ်တဲ့ ဆိပ်ကမ်း တစ်ခုလည်း သူဌေးကျွန်းဟိုတယ်က ဝန်ဆောင်မှု ပေးထားတာပါပဲ။ နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်တစ်ခုဖြစ် တာမို့ သူဌေးကျွန်းဘက်ခြမ်းက ဆိပ်ကမ်းကို ရောက်တာနဲ့ လျှောက်လမ်းတွေကအစ သန့်ရှင်း သပ်ရပ်လှပသလို အဆင့်မီပြုလုပ်ထားတာကို တွေ့ရှိရပါတယ်။ လမ်းညွန်စာ တွေကအစ ထိုင်းစာ တွေနဲ့လည်း လမ်းညွှန်ပြုထားတာကို တွေ့ရပါတယ်။ ဝန်ထမ်းတွေကလည်း ထိုင်း ဝန်ထမ်း တစ်ချို့ကို တွေ့ရတယ်။ ထူးခြားချက်တစ်ခုက သူဌေးကျွန်း ဟိုတယ်ကို မရောက်ခင်ကြားမှာ ဂိတ် တစ်ခုကို ဖြတ်သန်းရတယ်။ ဒီဂိတ်ကတော့ ထိုင်း နိုင်ငံနယ်စပ်မြို့ ရနောင်းကို သွားလည်ချင်ရင် သွားလည်လို့ရ အောင် အဆင်သင့်လွယ်ကူစွာသွား လာနိုင်ဖို့ ထိုင်းလဝကရုံးကို ထားရှိပေးခြင်းက လည်း သူဌေးကျွန်း ဟိုတယ်ရဲ့ အားသာချက်ဝန် ဆောင်မှုတစ်ခုလို့ ဆိုရပါမယ်။ အဲဒီဂိတ်မှာ ဟိုတယ်ကိုသွားမယ့် အကြိုအပို့ ကားတွေက တန်းစီစောင့်ပေးပြီး တောင်လမ်းကြား ကွေ့လေး တွေကို ဖြတ်သန်းပြီး သိပ်မကြာခင်မှာ ထိုင်းအလံတိုင်တွေရယ်၊ မြန်မာအလံတိုင်နဲ့ ထိုင်း အလံကို တွေ့ရတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို စတင်တွေ့ရတော့တာပါပဲ။ ဟိုတယ်စင်ဝင်အောက်ကို ရောက်ရှိတာနဲ့ လှေကားထစ်လေးတွေကို ကျော်ဖြတ်ပြီး ဟိုတယ် ကောင်တာကို သွားရောက်ခဲ့တယ်။ ဟိုတယ် ကောင်တာမှာ ထိုင်းအမျိုးသမီးလေးတွေ မြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စီတွေ့ရတယ်။သတ်မှတ်ထားတဲ့ ဟိုတယ်အခန်းသော့ကို တောင်းယူဖို့ ဘားတစ်ခုရဲ့ ကောင်တာရှေ့မှာ စောင့်နေတုန်း ဘားကောင်တာက မိုက်တယ် ။ အရှေ့မှာ တီးဝိုင်းစင်လုပ်ထားပေးပြီး နားထောင် ချင်တဲ့သူက နားထောင်။ ဘားကောင်တာမှာ ထိုင်ခုံမြင့်မြင့်လေးတွေမှာထိုင်ပြီး ကြိုက်ရာသောက် လို့ရသလို အေးအေးဆေးဆေး သီချင်းနားထောင် လု့ိရတယ်။ တကယ့်ကို အထက်တန်းစားဟိုတယ် တစ်ခုဆိုတာ အပြင်အဆင်ကို ကြည့်ရ တာနဲ့တင် ခန့်မှန်းနိုင်ပါတယ်။ ဘားကောင်တာဘေးမှာထားတဲ့ ဟိုတယ် ဧည့်ခန်းမှာလည်း အေးအေးလူလူနားနေကြတဲ့ ထိုင်းဧည့်သည် တွေရော မြန်မာတွေရော တွေ့ရ တယ်။ ဝင်ဝင်ချင်းမှာ ကြီးမားလွန်းလှတဲ့ ကြောင် လှေကားလိုအကွေ့နဲ့ မဟော်ဂနီရောင်တောက် နေတဲ့ကျွန်း လှေကားကြီးကလည်း ခန့်ခန့်ညား ညားလှနေပြန်ကော။ ထူးခြားချက်က စာရေးသူတို့ နောက်ကျခဲ့လု့ိ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားဖို့လုပ်နေတုန်း။ အစ်မ တို့အတွက် စီစဉ် ထားတယ်ပြောလို့ အံ့သြသွား ခဲ့ရတယ်။ များပြားလှတဲ့ လူအရေအတွက်ရှိနေ တာတောင် ထမင်း မစားရသေးတာကိုသိပြီး စီစဉ် ပေးထားတာကိုတွေ့ရတော့ စီမံခန့်ခွဲမှုကောင်းလှ တဲ့ သူဌေးကျွန်း ဟိုတယ်ရဲ့ဝန်ဆောင်မှုကို စာရေးသူ သတိထားမိခဲ့တယ်။ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကျယ်ကြီးကို တွေ့ရတာ ခဏတာစိတ်မှာ အေးချမ်းစေမိတယ်။ စာရေးသူကတော့ အေးချမ်းမှုတွေ ခံစားရတာကို ကြိုက်တယ်။ သူဌေးကျွန်းဟိုတယ်မှာ အေးအေး လူလူ နံနက်စာစားသောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပြီး မြင်ရတဲ့မြင်ကွင်းလေးက တစ်မျိုးလှစေ တာတော့ အမှန်ပါပဲ။ စိတ်ထဲမှာ လှပတဲ့မြင်ကွင်း ကို ကြည်နူးခံစားပြီး မနက်စာစားရတာကလည်း ကျေနပ်ခြင်းရသတစ်မျိုးကို ခံစားရစေတယ်။ မြန်မာပြည်မြေပုံဆုံးမြို့ဖြစ်တဲ့ ကော့သောင်း၊ မြန်မာပြည်မြေပုံခြေထောက်လို့ တင်စားတာ ကြောင့်လည်း စိတ်လှုပ်ရှားနေမိတာလည်းပါခဲ့ တာပါ။ မြန်မာကို ကမ္ဘာက စိတ်ဝင်စားစေတဲ့ အကြောင်း တရားများ စွာထဲက သဘာဝကျွန်း ပေါင်းများစွာဖြင့် တည်ရှိ နေတဲ့ မြန်မာနိုင်ငံတောင် ဘက် တနင်္သာရီတိုင်း ဒေသကြီးပါ။ မြန်မာ ပြည်တောင်ပိုင်းအစွန် ကော့သောင်းခရိုင်အတွင်း အက်ဒမန်(Andaman) ပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းပေါင်း များစွာထဲက နေ ထင်ရှားတဲ့ ကျွန်းတွေ အများအပြားရှိပါတယ်။ ထိုထဲမှ ကြက်မောက်ကျွန်းလို့ ခေါ်ကြသလို အသည်းပုံသဏ္ဌာန် ဖြစ်ပေါ်နေတဲ့ Cock Comb Island ဖြစ်တဲ့ ဒီကျွန်းကို Grand Andaman Hotel (သူဌေးကျွန်း)က နိုင်ငံတော်နဲ့ အကျိူးတူ ပူးပေါင်းလုပ်ကိုင်ခွင့်ရယူပြီး ခရီးသွားဧည့်သည် တွေ သွားရောက်လည်ပတ်နိုင်အောင် ဝန်ဆောင် မှုတွေဆောင်ရွက်ပေးနေတာပါ။ သူဌေးကျွန်းရဲ့ ကာစီနိုခန်းမကလည်းအကျယ် ကြီးပါပဲ။ ဒါ့အပြင် သူဌေးကျွန်းဟိုတယ်ဝင်းအတွင်း မှာ ဈေးဝယ်နိုင်အောင်လည်း ဖန်တီးပေးထား သေးတယ်။ သူဌေးကျွန်းမှာ အေးအေးလူလူနား ရင်း တောင်ပေါ် တက်ပြီး Trekking သွားမလား၊ ရေငုပ်မလား အေးဆေးနားနေပြီး ပြုလုပ်နိုင်ပါ တယ်။ သူဌေးကျွန်းဟိုတယ်မှာ တည်းခိုရင်တော့ ဈေးနှုန်းတွေကတော့ အမျိုးအစားလိုက်ရှိပါတယ်၊ အခန်းအမျိုးအစားအလိုက် လေးမျိုးရှိတယ်။Superior ရယ်၊ Dulex ရယ်၊ ဗစ်တိုးရီးယား Sweet ရယ်၊ အက်ဒမန် ဆွိရယ်ဆိုပြီး လေးမျိုးရှိပါတယ်။ ကန်ဒေါ်လာ ၁၅၀ ဒေါ်လာ ကနေ ၄၀၀ ကျော်ထိရှိပါတယ်။ ဒါ့အပြင် “သူဌေးကျွန်းရဲ့ ဝန်ဆောင်မှုက တော့ ပင်လယ်ပြင်ခရီးစဉ်တွေကို စီစဉ်ပေးသေး တယ်။ ရေအောက်ငုပ်ပြီး ကြည့်မလား၊ ရေငုပ်ပြီး လှပတဲ့ သန္တာကျောက်တန်းတွေရယ်၊ ငါးတွေကို ကြည့်မလား၊ ပုလဲကျွန်း လေ့လာရေးခရီးစဉ်တွေပါ စီစဉ်ပေးပါတယ်။ သူဌေးကျွန်းဟိုတယ်ကနေ ကြက်မောက်ကျွန်း သွားမလားစီစဉ်ဖို့ပေးပါတယ်။မြင်းခွာကျွန်း၊ ကြက်မောက်ကျွန်းတို့ကိုလည်း လေ့လာလို့ရပါသေးတယ်” ဟု Grand Andaman Group of Companies ရဲ့အုပ်ချုပ်မှုဒါရိုက်တာ(MD) ဦးမျိုးဝင်းသန်းက ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်တောင်ဘက်ပိုင်းက သူဌေးကျွန်းဟိုတယ်ကို သွားရောက်လည်ပတ်ပြီး ရနောင်းဘက်ခြမ်းကို လွယ်လွယ်ကူကူသွားရောက် လည်ပတ်နိုင်သလို မြန်မာပြည်ပိုင် နက်ထဲက ကြက်မောက်ကျွန်းကို လည်း သွားရောက်လည်ပတ်ကာ ပြီး ပြည့်စုံနေတဲ့ အလှအပတွေကိုရရှိစေ မယ်ဆိုတာအသေအချာပြောပါရစေ။ သူဌေးကျွန်းရဲ့ ထူးခြားတဲ့ ဝန် ဆောင်မှုနောက်ထပ်တစ်ခုက ကျွန်း ပေါ်ကို ညအိပ်တည်းခိုမယ့် ဧည့်သည်များ သာ လာရောက်နိုင်တာမဟုတ်ပဲ ည အိပ်တည်းခိုခြင်းမပြုပဲ လေ့လာရုံ သက်သက်ဖြင့်လည်း လာရောက် လည်ပတ်နိုင်ရန် စီစဉ်ထားခြင်းပင် ဖြစ်သည်။ ဒါကြာင့် ခရီးသွားဧည့်သည်များ အနေနဲ့ အခွင့်အခါကြုံလို့ ကော့သောင်း မြို့လေးကို ရောက်ခဲ့ရင် ပင်လယ်လေကို တဝကြီးခံစားပြီး သဘာဝအလှပများကိုမြင်တွေ့ နိုင်ရုံသာမက နှစ်နိုင်ငံယဉ်ကျေးမှုကိုပါ တွေ့နိုင် မယ့် သူဌေးကျွန်းဟိုတယ်(Grand Andaman Hotel )ကို တစ်ကြိမ်လောက်တော့ သွားရောက် လည်ပတ်နိုင်ဖို့ လမ်းညွန်ပေးလိုက်ပါတယ်။ Travelling_Journal/Vol_1_Issue_3 Photo_Grand Andaman Hotel
Contine Reading
By - Admin / 11-08-2018
မြို့ပြရဲ့မွန်းကြပ်မှုတွေဆီကနေ ထွက်သွားစေမဲ့ ဆိတ်ငြိမ်ကမ္ဘာလေးဆီ

မြို့ပြရဲ့မွန်းကြပ်မှုတွေဆီကနေ ထွက်သွားစေမဲ့ ဆိတ်ငြိမ်ကမ္ဘာလေးဆီ

နှင်းဆီသခင် မြို့ပြရဲ့မွန်းကြပ်မှုတွေဆီကနေ ထွက်သွားစေမယ့် ဆိတ်ငြိမ်ကမ္ဘာလေးလို့ ပြောရလောက်အောင် ပင် တကယ့်ကို တိတ်ဆိတ်နေတဲ့ နေရာလေးတစ်ခုပါ။ ရန်ကုန်မြို့ကနေ သွားရင်တော့ အနီးဆုံးတည်ရှိပြီး ပဲခူး အမြန်လမ်း ၁၀မိုင်ကုန်းမှာ ဆင်းမယ်ဆိုရင် ဒီ ဆိတ်ငြိမ်ကမ္ဘာလေးဆီကိုရောက်ရှိစေမှာပါ။ဒီနေရာလေးကို ဖွင့်တာ မကြာသေးပေမယ့် ရောက်ဖူးတဲ့သူတွေကတော့ တကယ့်ကို နှစ်ခြိုက်စေတဲ့နေရာတစ်ခုအဖြစ် ဆွဲဆောင်စေခဲ့ပါတယ်။ အမြန်လမ်း ၁၀မိုင်ကုန်းမှာဆင်းပြီး ဓမ္မဒူတ ဓမ္မရိပ်သာဆိုင်းဘုတ်လမ်းအတိုင်း လမ်းလျှောက်ပြီးဝင်ရင်တော့ မိနစ်အနည်းငယ် လောက်သာကြာပါတယ်။ ဆိတ်ငြိမ်ကမ္ဘာလေးဖြစ်တဲ့ ဘူးလယ်အင်းဗီလာကို ရောက်ရှိပါမယ်။ ဘူးဘယ်အင်းလို့ဆိုပေမယ့် လည်ပတ်စေမယ့်နေရာ တစ်ခုမဟုတ်ပေမယ့် အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်တကယ့်ကို နှစ်ခြိုက်စေမိတဲ့ နေရာတစ်ခုဖြစ်စေမှာပါ။ ခြံဝင်းက အကျယ်ကြီးဧ က ၃၀လောက်ရှိတယ်။ လျှောက်လမ်းတွေအနားယူနိုင်တဲ့ထိုင်ခုံလေးတွေ ညဖက်မှာ မီးတိုင်ထွန်းလို့ရမယ့် တိုင်တွေကို ထားပေးထားပါတယ်။ စိမ်းလန်းနေတဲ့ မြက်ခင်းစိမ်းတွေနဲ့ပနံသင့်လှနေတဲ့နေရာ၊ ဒီနေရာကို ဖြည့်ပေးလိုက်တဲ့ မတူညီတဲ့ အဆောက်အအုံတွေ၊ ရသတစ်ခုစီကို ပေးစွမ်းနိုင်အောင်ပုံဖော်ဖန်တီးထားတဲ့အဆောက်အအုံဒီဇိုင်များနဲ့ဆွဲဆောင်ထားတဲ့ အဆောက်အအုံများကို တွေ့ရပါ တယ်။ အဆောက်အအုံ ပတ်ဝန်းကျင်မှာလည်း သစ်ပင်သီးပင် အလှပန်းပင် တွေကို နေရာတကျ စိုက်ပျိုးထားပါတယ်။ အဆောက်အဦ တွေရဲ့နံမည်တွေကလည်း စိတ်ဝင်စားစရာပင်။ရှေးပညာရှိတို့ရဲ့ နာမည်တွေ ဖြစ်တဲ့ ပေါ်ဦး၊ဝန်ဇင်း၊ မဟော်သဓာ၊ကင်းဝန် စတဲ့ ပညာရှိအမတ်တွေရဲ့နာမည်များပင်။ ရသမတူတဲ့ဒီဇိုင်းတွေနဲ့ ပထမဆုံးတွေ့ရတဲ့ ကိုလိုနီခေတ်လက်ရာဖန်တီးထားတဲ့ အဆောက်အအုံ နာမည်က ပေါ်ဦးအဆောက်အအုံပါ။ ပေါ်ဦးအဆောက်အအုံ အတွင်းပိုင်းကို ဝင်လိုက် ပြီဆိုရင်ပဲ လူရဲ့စိတ်ကို အေးချမ်းမှုပေးစွမ်းနိုင်အောင် ဖန်တီးထားတဲ့ အပြင်အဆင်၊ လေဝင်လေထွက်၊ နားနေချင်စဖွယ် ကောင်းအောင် ဖန်တီးပေးထားပြီး မိမိအိမ်ကိုရောက်နေတဲ့ စိတ်ခံစားမှုကိုပေးစွမ်းနိုင်တဲ့ ရသကိုလည်းဖန်တီးထားတာကို တွေ့ရပါတယ်။ အဆောင်အတွင်း အလှဆင်ထားတဲ့ ပုံစံမှာလည်း စိတ်ကို ကြည်နူးစေပါတယ်။ အခန်းဖွဲ့စည်းက အစ နေချင်စဖွယ်ကောင်းအောင်တည်ဆောက်ထားတဲ့ ဒီဇိုင်းပညာရှင်ရဲ့ စိတ်ကူးစိတ်သန်းကို လည်းမှန်းဆမိပါတယ်။ စာရေးသူက တော့ ပေါ်ဦး အဆောင်ရဲ့ ဘယ်ဘက်ထောင့်နားက အခန်းလေးကို သဘောကျမိတယ်။ ပေါ်ဦး အဆောင်မှာ အခန်းသုံးခန်းရှိ တယ်။မိမိစိတ်ကြိုက် ချက်ပြုတ်စားနိုင်အောင်လည်း ဖန်တီးပေးထားတယ်၊အဆောက်အအုံထဲမှာ ဧည့်ခန်းမ၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ဘေစင်၊ နားနေနိုင်ပြီး အေးအေးလူလူစာဖတ်နိုင်အောင်လည်း စာအုပ်ဗီဒိုထားပေးထားသေးတယ်၊။ ပေါ်ဦးအဆောက်အအုံ မလှမ်းမကမ်းမှာဝန်ဇင်း အဆောက်အအုံရှိပါ တယ်၊ ဝန်ဇင်းအဆောက်အအုံကိုတွေ့ရတာက မော်ဒန်အဆောက်အအုံဒီဇိုင်းလို ၊အုတ်အနီရောင်နဲ့ အဖြူရောင် တွဲစပ်ထားပြီး လှေကားထစ်တွေများများနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ။ ဒီအဆောင်မှာ အခန်းငါးခန်းရှိတယ်။ အခန်းတွေအကုန်လုံးကတော့ ဝန်ဆောင်မှုအပြည့်ကိုတူညီစွာပေးထားပြီးသားပါ။ ယင်းအဆောင်ဘေးနားမှာ ကင်းဝန် အဆောင်ကိုတွေ့ ရပြီး အဆောင်းလေးဆောင်အနက် အသေးဆုံး အဆောင်ဖြစ်သလို အခန်းကို တစ်ခန်း တည်းသာထားရှိပေးထားပါတယ်၊ သီးသန့်ဘန်ဂလိုစတိုင်ထားရှိထားတာပါ။ေ လးခုမြောက်အဆောင်ဖြစ်တဲ့ မဟော်သဓာ အဆောင်ကို တွေ့ရတဲ့ အခါမှာ နှစ်လိုဖွယ်ရာကောင်းတဲ့ အေဆောင်လို့ခံစားရစေပါတယ်။ တန်းပြီးမြင်လိုက်ရတဲ့ အခန်းဖွဲ့စည်းမှုက မတူပါဘူး၊ ယင်းအဆောင်မှာ အဆောင် လေးဆောင်အနက် အကြီးဆုံး အဆောင် လည်း ဖြစ်သလို တည်ဆောက်ပုံဒီဇိုင်းက ခေတ်ဆန် လှတယ်။ ဒီအဆောက်အအုံမှာ အသင်းအဖွဲ့တွေ၊ စည်းဝေးတွေ လုပ်နိုင်လောက်တဲ့ အနေအထားရှိပါတယ်။ မဟော်သဓာမှာတော့ အခန်း လေးခန်း ရှိပါတယ်။ဒီဆိတ်ငြိမ် ကမ္ဘာလေးလို့ပြောရလောက်အောင်ပင် မိသားစု လိုက်အပန်းဖြေချင်သူတွေ၊ မြို့ပြရဲ့ မွန်းကြပ်မှုတွေအောက်ကနေ ရုန်းထွက် အနားယူချင်သူတွေ အတွက် တကယ့်ကို သင့်တော်တဲ့ ဘူးလယ်အင်းဗီလာပါ။ ဒီအဆောက်အအုံတွေမှာ ကိုယ်တိုင်နားနေတည်းနိုင်သလို ကိုယ်တိုင် ဟင်းလျာများ ချက်ပြုတ် စားသောက်ချင်သူများအတွက် ကိုယ်တိုင်ချက်ပြုတ်နိုင်ရန် စီစဉ်ပေးထားတာကလည်း ထူးခြားလှတဲ့ ဝန်ဆောင်မှု တစ်ခုပါ။အဆောက်အအုံ တစ်ခုလုံးကို ဌားရမ်းမယ်ဆိုရင် ကန်ဒေါ်လာ (၃၀၀)ဝန်းကျင် ကျသင့်မှာဖြစ်ပြီး တစ်ခန်းချင်း ဌားမယ်ဆိုရင် တစ်ခန်းကို ကန်ဒေါ်လာ (၁၀၀) ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ ဟိုတယ်က မနက်ခင်းစာ နဲ့ နေ့လည်စာကို ကျွေးမွေးမှာဖြစ်ပါတယ်။ အိပ် ညနေ မဟုတ်ပဲ နေ့လည်ဘက် လာရောက်အပန်းဖြေချင်ပါကတစ်ဦးကို ကန်ဒေါ်လာ (၃၀) ဖြင့် အနည်း ဆုံး လူ ရှစ်ယောက်အပန်းဖြေနိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆေက်အအုံမှာနေနိုင်ပါတယ် ။ အခန်းအမျိုးအစားဈေးနှန်းတွေကတော့ ကန်ဒေါ်လာ ၁၀၀ ကနေ ၁၂၀ ထိရှိပါတယ်။ နေ့လည်ဘက် လာနားနေချင်သူတွေကတော့ မနက်ခင်း (၁၀) နာရီ ကနေ ညနေ (၅) နာရီ ထိ နားနေနိုင်သလို နေ့လည်စာ ကို ဟိုတယ်က ဧည့်ခံမှာဖြစ်ပါတယ်။ ဘူးလယ်အင်းဗီလာ( Bulaeinn Villas ) ကို လာရောက် အပန်းဖြေမယ့် သူတွေအနေနဲ့ ကြိုတင် Booking ပြုလုပ် ရန် လိုအပ်ပါတယ်၊ အခန်းအကန့်အသတ် ရှိနေခြင်းကြောင့်ပါ။ ရန်ကုန်နဲ့လည်မဝေးလွန်း၊သီးသန့်ကမ္ဘာလေးတစ်ခုလိုဖန်တီးပေးထားပြီးအေးချမ်း တိတ်ဆိတ်မှု ကို သဘောကျသူတွေအနေနဲ့ကတော့ဘူးဘယ်အင်းဗီလာကို နှစ်ခြိုက်စေမိမှာလို့ ပြောရဲပါတယ်။ မိသားစုဖြင့် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ၊ အပေါင်းအသင်းများဖြင့် ဖြစ်စေ ဆိတ်ငြိမ် ကမ္ဘာလေးဆီကို သွားရောက်အနားယူနိုင်ပြီး၊ ဘဝရဲ့အမောတွေကို ခဏတာဖြေဖျောက်စေနိုင်တဲ့ နေရာတစ်ခုဖြစ်စေပါတယ်။ဒါမှမဟုတ် သီးသန့်ခြံကျယ်ကြီးမှာ မွေးနေ့လုပ်ချင်သူတွေ၊ ပျော်ပွဲစားထွက်ချင်သူတွေအတွက် လည်း တကယ့်ကို ဘူးလယ်အင်းဗီလာကစောင့်ကြိုနေတာပါတယ်။ ဒါကြောင့် ဆိတ်ငြိမ်ကမ္ဘာလေးဆီကိုသွားရောက် လည်ပတ်ပါလို့ လမ်းညွန်ပေးလိုက်ပါတယ်။
Contine Reading
By - Admin / 28-05-2018