နှင်းဆီသခင်
ပုဂံမြေဆိုတာ မြန်မာလူမျိုးတိုင်း နှစ်သက်မက်မောစွာသွားရောက်လည်ပတ်နေကြတဲ့ ခရီးစဉ်တစ်ခု လို့ဆိုရင် မမှားနိုင်ပါဘူး။ မြန်မာမှန်ရင် ပုဂံရောက် ဖူးရမယ်ဆိုတဲ့ စကားကလည်း လူတိုင်းရဲ့စိတ်ထဲမှာ ဆွဲကျန်ရစ်နေတာကတော့ အထူးတလည်ပင် ပြော စရာမလိုတော့။ ပြည်တွင်းသာမဟုတ် ပြည်ပနိုင်ငံ များကပါ စိတ်ဝင်တစားလာရောက်လည်ပတ်နေကြ တာကတော့ ပုဂံမြေရဲ့ အလှတရားများကြောင့်ပင် ဖြစ်ပါတယ်။
ပုဂံမြေကို ခရီးသွားဧည့်သည် အများစုဟာ အကြောင်းအမျိုးမျိုးနဲ့ လာရောက်လည်ပတ်နေကြပါတယ်။ စိတ်အပန်းဖြေချင်လို့ဖြစ်ဖြစ်၊ အေးဆေးစွာ အနားယူချင်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းများနဲ့ ပျော် ပျော်ကြီး လာရောက်အပန်းဖြေကြတာပဲဖြစ်ဖြစ်၊ ရှေးဟောင်းစေတီ၊ ဘုရား၊ ပုထိုးများကို စိတ်ဝင်တစား လေ့လာချင်လို့ပဲ ဖြစ်ဖြစ် လာရောက်နေကြတာပါပဲ။
ဒါကြောင့် ခရီးသွားဧည့်သည်များအနေနဲ့ ပုဂံမြေကိုရောက်ရင် တိတ်ဆိတ်စွာ သီးသန့်လေးအနားယူ အပန်းဖြေချင်သူများအတွက် လုံးဝတိတ်ဆိတ်ပြီး စိတ်ကျေနပ်မှုကို အပြည့်ဝရရှိစေမယ့် သရပါဂိတ် ဟိုတယ် (Tharabar Gate) နဲ့ ဒီတစ်လရဲ့ ဟိုတယ် လမ်းညွှန်ကဏ္ဍလေးကနေ မိတ်ဆက်ပေးလိုက်ပါရစေ …။
သရပါဟိုတယ်ကတော့ ခရီးသွားဧည့်သည်တွေ နဲ့ မစိမ်းတဲ့နေရာလေးမှာ ရှိပါတယ်။ စာဖတ်သူတို့ အနေနဲ့ ပုဂံရောက်ရင် သမိုင်းတွင်ဂိတ်ဖြစ်တဲ့ သရပါ ဂိတ်ကိုတော့ လူတိုင်းဖြတ်သွားမိကြမှာပါ။ သရပါ ဟိုတယ်ကတော့ အဆိုပါသရပါဂိတ်နဲ့ အနီးဆုံးမှာ တည်ရှိရုံမကပါဘူး။ အာနန်္ဒာဘုရားကြီးနဲ့လည်း အနီးဆုံးမှာတည်ရှိပါတယ်။ ဒါ့အပြင် ကျန်နေရာများကိုလည်း လွယ်လင့်တကူ သွားရောက်နိုင်တာတော့ သရပါ ဟိုတယ်ရဲ့ အားသာချက် တစ်ခုပင်ဖြစ်ပါတယ်။
သရပါဟိုတယ်ရဲ့ ထူးခြားချက်က ဝင်ဝင်ချင်းမှာဆိုရင် ကျွန်းတိုင်လုံးကြီးတွေနဲ့ ခမ်းနာထည်ဝါစွာ တည်ဆောက် ထားတဲ့ ဧည့်ကြိုခန်းမဆောင်ကို တွေ့ မြင်ရပါတယ်။ ဒါ့အပြင် မြန်မာတို့ရဲ့ ဗိသုကာ လက်ရာ တွေနဲ့ ဖော်ကျူးထားတဲ့ ဟိုတယ်တစ်ခုဆိုလည်းမမှား ပါဘူး။ သရပါဆိုတာ ပုဂံမြေရဲ့ အထင်ကရ ဝိသေသတစ်ခု ဖြစ်သလို ပုဂံမြို့ဟောင်းက သရပါဂိတ်ရဲ့ နာမည်ကို အစွဲပြုပြီး သရပါဂိတ်လို့ နာမည်ပေးခဲ့ခြင်း ကလည်း ဟိုတယ် တည်ထောင်သူတွေရဲ့ စိတ်ကူးစိတ်သန်းကောင်းတစ်ခုပါပဲ။
ဒီဟိုတယ်မှာဆိုရင် ဧက ၅ ဧကပေါ်မှာ ဟိုတယ် ကို တည်ဆောက်ထားတာာဖြစ်ပြီး ဟိုတယ်အခန်း ပေါင်း ၈၀ ကျော်ရှိကာ Suite အခန်း လေးခန်း နဲ့ Deluxe အခန်း အမျိုးအစားများနဲ့ ဖွဲ့စည်းထား တာပါ။ Suite အခန်းကတော့ ကျယ်ဝန်းပြီး အခန်း ထဲမှာဆိုင် ဧည့်ခန်းမဆောင်နဲ့ မီနီကစ်ရှင်း၊ ရေချိုး ဆောင်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ အခန်းဖွဲ့စည်း ထားပါတယ်။ Deluxe အခန်းတွေအနေနဲ့လည်း ကျယ်ဝန်းပြိး သက်တောင့်သက်တာနဲ့ အခန်းဖွဲ့စည်း ထားတာကိုတွေ့ရတယ်။ အခန်းခဈေးနှုန်းတွေက တော့ U$ 450 ကျော်ထိ ဈေးနှုန်းအစားစားရှိပါ တယ်။ အခန်းတွေ အကုန်လုံးကတော့ ဘန်ဂလို အမျိုးစားတွေပါပဲ။
နောက်ထပ် ဟိုတယ်ရဲ့ ဆွဲဆောင်စေတဲ့အရာ ကတော့ Landscape ပိုင်းမှာ အလေးထားပြီး ဆွဲဆောင် ဖြစ်အောင် ဖန်တီးထားတာကတော့ ဟိုတယ် ရဲ့ အားသာချက်လို့ ပြောရပါမယ်။ လျှောက်လမ်း တွေကအစ တောအရိပ်သဖွယ် ဘေးပတ်လည်မှာ အပင်ကြီးအပင်ငယ်တွေနဲ့ ဖန်တီးပေးထားတယ်။ ရေမြောင်းလေး တွေမှာ ငါးလေးတွေ ပြေးနေတာာကလည်း တောအရိပ်တစ်ခုပဲဖြစ်ပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ ပူပါစေ ဟိုတယ်ထဲကို ဝင်လိုက်နဲ့ အပူဒဏ်လျော့သွားစေတာကလည်း အားသာချက် တစ်ခုပါပဲ။
ဟိုတယ်မှာ လာရောက်တည်းခိုသူတွေအတွက် ဥရောပအစားအစာ အရှေ့တိုင်းအစားအစာ မြန်မာ ထမင်းဟင်း တွေသာမကဘူး သရပါဟိုတယ်ရဲ့ အထူးဟင်းလျာတွေနဲ့လည်း ဝန်ဆောင်မှုပေးထားတာ တွေ့ ရတယ်။ သရပါရဲ့ ဟင်းလျာထဲမှာဆိုရင် ထူးထူးခြားခြား ကြက်နဲ့လက်ဖက်ရောချက်ထားတဲ့ Chicken Curry With Tea Leaf ဟင်းလျာရယ် ဝတ်ပုန်းရည် ဟင်းလျာနဲ့ လီမွန်ကြက်သားဟင်းချိုတွေကဟာဆိုရင် သရပါဟိုတယ်ရဲ့ Landmark တစ်ခုဖြစ်ပါတယ်။
သရပါဟိုတယ်ဟာဆိုရင် နိုင်ငံခြားသားတွေ အတွက် စိတ်ဝင်တစားလာရောက်တည်းခိုတာကို တော့ တွေ့ရတယ်။ ပြည်တွင်းခရီးသွားတွေကတော့ လာရောက်တည်းခိုမှုနည်းတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်မို့ ယခုခရီးသွားရာသီမှာဆိုရင် ပြည်တွင်းဧည့်သည်တွေ လာရောက်တည်းခိုနိုင်ရန် မျှော်မှန်းပြီးတော့ ဟိုတယ်ဈေးနှုန်းတွေကိုလည်း Discount ချထားပေးပါသေးတယ်။
သရပါရဲ့ ညဘက် Night Seen ကတော့ တကယ့်ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဧည့်သည်တွေကို အရသာတစ်မျိုးဆီရအောင် ဖန်တီး ပေးထားပါသေးတယ်။ သစ်ပင်ကြီးအောက်မှာ အလင်းရောင်ဖျော့ဖျော့ မီးလုံးလေးတွေကို နှီးနဲ့ လုပ်ထားတဲ့ မီးဆိုင်းရှည်လေးတွေမှာ တွဲလောင်းလေး တွေ ထွန်းပေးထားရုံသာမကပဲ စားပွဲတိုင်းရဲ့အလယ်မှာ ဖယောင်းတိုင်မီးကိုထွန်းပေးထားကတော့ တကယ့်ကို လိုက်ဖက်ပါတယ်။ နောက်ပြီး တော့ ရေကူးကန်ရဲ့ အနီးနားမှာစီစဉ်ပေးထားတာကလည်း ဆွဲဆောင်မှု တစ်မျိုးပင်ဖြစ်ပါတယ်။
ဒါကြောင့်မို့ မြန်မာတို့ရဲ့ အသည်းနှလုံးလို့ တင်စားကြတဲ့ပုဂံမြေကို သွားရောက်လည်ပတ်ဖြစ်ခဲ့ ရင် တိတ်ဆိတ်မှုကို နှစ်သက်သူတွေ၊ အေးဆေးစွာ အနားယူချင်တဲ့သူတွေ ၊ တောအရိပ်တောအရသာ မျိုးနဲ့ တည်းခိုချင်တဲ့သူတွေ၊ ဝန်ဆောင်မှုကောင်း ကောင်း ကြိုက်နှစ်သက်တဲ့သူတွေအတွက် စိတ်တိုင်း ကျစေမယ့် ဝန်ဆောင်မှုအပြည့်အဝပေးထားရုံသာမ က အချက်အချာကျပြီးသွားလိုတဲ့ နေရာတော်တော် များရဲ့ အနီးဆုံးမှာ တည်ရှိနေတဲ့ သရပါဂိတ်ရဲ့အနီးဆုံးက သရပါဂိတ် (Tharabar Gate Hotel) ဟိုတယ်ကို ဝင်ရောက် တည်းခို နိုင်ဖို့အတွက် လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။