ကလော – အောင်ပန်း နယ်နိမိတ် စည်းမျဉ်းပေါ်မှာ တည်ရှိနေတဲ့ View Point Hotel ဆီသွားလည်ကြမယ်

နှင်းဆီသခင် အေးစိမ့်မှုရဲ့ အရသာတွေကို ခံစားရရှိစေတဲ့ ကလောမြို့နဲ့ အောင်ပန်း မြို့ လို့ ဆိုရင် အထူးသလည် စဉ်းစားစရာမလိုအောင် စာဖတ်ပရိသတ် တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီလို ခရီးသွားအများစု ...

နှင်းဆီသခင်

အေးစိမ့်မှုရဲ့ အရသာတွေကို ခံစားရရှိစေတဲ့ ကလောမြို့နဲ့ အောင်ပန်း မြို့ လို့ ဆိုရင် အထူးသလည် စဉ်းစားစရာမလိုအောင် စာဖတ်ပရိသတ် တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။

ဒီလို ခရီးသွားအများစု နှစ်သက်စွာ လည်ပတ်နေကြတဲ့ တောင်ပေါ်မြို့ လေးတွေကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားမိတ်ဆွေ တွေ အတွက် ဒီတစ်လမှာတော့ တည်းခိုရလွယ်ကူအောင် အချက်အချာ ကျတဲ့ ဟိုတယ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ ဟိုတယ်လေးရဲ့ နာမည်ကတော့ နေချင်စဖွယ် ကောင်းအောင် ပေးထားပါတယ်။ “ ရှုခင်းသာ ဟိုတယ်(View Point Hotel ) ” တဲ့ ။ တကယ်လည်း ဒီနာမည်လေးနဲ့ လိုက်ဖက်လှအောင် ဟိုတယ် တည်ဆောက်ထားပြီးတော့ ထင်းရှုးမြို့တော်လို့ ခေါ်တွင်စေတဲ့ ကလောမြို့တော်နဲ့ စီးပွားရေးမြို့တော် လို့ အများက ခေါ်ကြတဲ့ အောင်ပန်းမြို့ အကြား အချက်အချာကျတဲ့နယ်နိမိတ်စည်းမျဉ်းလေးမှာ တည်ရှိနေပါတယ်။

ကလောဘက်ကနေပဲလာလာ၊ အောင်ပန်းဘက်ကပဲလာလာ အနီးဆုံး ဆုံမှတ်မှာ တည်ရှိတာမို့ သွားလာရ လွယ်ကူစေတာကတော့ အမှန်ပါပဲ။ ကလော – အောင်ပန်း ကားလမ်းဘေး၊ Denko ဆီဆိုင်အနီး အောင်ပန်းမြို့ဝင် ဆိုင်းဘုတ်နားမှာ တည်ရှိတာမို့ ဟိုတယ်ရဲ့ အချက် အချာကျတာကတော့အထူးပြောစရာမလိုတော့ပါဘူး။

ဟိုတယ်တည်ဆောက်ထားပုံကို ပြောရမယ်ဆိုရင် အထပ်မြင့်လေးထပ် အဆောက်အအုံဖြစ်ပါတယ်။ လာရောက်တည်းခိုတဲ့ဧည့်သည်တိုင်းကို စိတ်တိုင်းကျစေဖို့ ဟိုတယ်အိပ်ခန်းတွေရဲ့ အရှေ့၀ရံတာတွေ ထားရှိပေးထားတယ်။ ဒီလိုနေရာမှာ ထိုင်ပြီး အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်ဖို့ အတွက် ဒီဇိုင်းဆွဲတည်ဆောက်ထားတာ တွေ့ရပါတယ်။ အနားယူတဲ့ ဟိုတယ်အခန်းရှေ့ကနေ ကြည့်ရတ ဲ့ရှုခင်းကလည်း အရမ်းပဲ ကြည့်ကောင်းပါတယ်။

စာရေးသူတို့ တည်းတဲ့ အခန်းရှေ့ကနေ ကြည့်ရတဲ့ ရှုခင်းက လှတယ်။ နီနီရဲရဲ စိတ်ကို တတ်ကြွစေတဲ့ အနီရောင်အဆောက်အအုံအမိုးဖွင့်နဲ့ Sky Bar ကို မြင်တွေ့စေနိုင်တယ်။ ဒီဟိုတယ်မှာ Sky Bar ထားရှိ ပေးခြင်းကလည်း ဟိုတယ်ရဲ့ ထူးခြားတဲ့ စတိုင် တစ်ခုလို့ ဆိုပါတယ်။ ဒီSky Bar မှာ လေညင်းခံရင်းကိုယ့်ရဲ့ မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ ဖြစ်စေ မိသားစု တွေနဲ့ဖြစ်စေ Party ကျင်းပနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ဟိုတယ်ရဲ့ ပန်းခြံထဲမှာ မီးပုံပွဲ လည်း ကျင်းပနိုင်ပါသေးတယ်။

ကာရာအိုကေ ခန်းမကိုပါ ထားရှိပေးတာမို့ လာရောက်တည်းခိုတဲ့ သူတွေအနေနဲ့ စိတ်ကျေနပ်စေနိုင်တဲ့ ၀န်ဆောင်မှုကောင်းတွေ ဆောင်ရွက်ပေးထားတဲ့ ဟိုတယ်တစ်ခုပါ။

ဒါ့အပြင် ဟိုတယ်တည်ဆောက်ထားတဲ့ နေရာကလည်း ကလော – အောင်ပန်း မီးရထားသံလမ်းရဲ့ ဘေးမှာ တည်ရှိတာမို့ မီးရထားခုတ် မောင်းသံတွေကိုလည်း ကိုယ့်ရဲ့အခန်းကနေ နားဆင်နိုင်ပါသေးတယ်။
အရင် အင်္ဂလိပ်ခေတ်ကာလတုန်းကဆိုရင် ငွေကြေးချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀န်းတွေဟာ သူတို့ နေထိုင်တဲ့ စံအိမ်နားရဲ့ အနီးဆုံးမှာ မီးရထားဥသြသံတွေကို ကြားရချင်တာမို့ မီးရထားဖောက်လုပ်တဲ့ သူတွေကို ငွေပေးပြီး ရထား သံလမ်း ဖောက်လုပ်ခိုင်းရတယ်လို့ ဆိုပါတယ်။ ဒီလို တကူးတက ဖောက်လုပ်စရာမလိုပဲ ရှုခင်းသာဟိုတယ်က ရရှိစေခြင်းကလည်း လက်ဆောင်မွန်ကောင်း တစ်ခုဖြစ်ပါတယ် ။

ဟိုတယ်ရဲ့ မြေဧကကတော့ ၄ ဧကရှိပြီး လာရောက်တည်းခိုတဲ့ သူတွေ အတွက်အဆင်ပြေစေရန် ကားပါကင်ကိုလည်း ဟိုတယ်ဝင်းထဲ ထားရှိ ပေးထားသလို ကားလမ်းဘေးမှာလည်း ရပ်နိုင်အောင် စီစဉ်ထားရှိပေး ထားပါတယ်။

ဒါ့အပြင် မှန်လုံကားကြီးတွေပါရပ်ဖို့လည်း အဆင်ပြေနိင်သလို ဟိုတယ်မှာ တည်းခိုပြီး သွားရောက်နိုင်တဲ့ နေရာတွေ လည်းအများကြီး ရှိပါသေးတယ်။အချက်အချာကျတဲ့နေရာမှာရှိတာမို့ သွားရေးလာရေး ကတော့ အဆင်ပြေစေပါတယ်။ Hotel ကနေဆိုရင် နာမည်ကြီးလှတဲ့ ဗျိုက်တောင် ကို ကားနဲ့သွားရင် ၁၂မိနစ် ပဲကြာမြင့်သလို အိုးစည် တောင်ကို သွားရင်လည်း ၁၃မိနစ်ပဲကြာမြင့်ပါတယ်။ ဒီတောင်တွေကတော့ ကလောဘက်ခြမ်းမှာတည်ရှိပါတာပဲဖြစ်ပါတယ်။

ခရီးသွားအများစုကတော့ ‌အိုးစည်တောင်ကို မဖြစ်မနေ သွားကြပါတယ်။ ‌ဒီတောင်ပေါ်ကနေကြည့်ရတဲ့ နေထွက်ချိန် နဲ့
‌ နေဝင်ချိန်က အရမ်းလှလို့ တစ်ချို့ကPrewedding တွေ လာရိုက်တာတွေလည်း ရှိပါတယ်။

ဒီလို ပြီးပြည့်စုံစေတဲ့ အရာတွေကို ပိုင်ဆိုင်ထားတဲ့ ရှုခင်းသာ ဟိုတယ်(၂) မှာ တည်းဖူးသူတွေအတွက် အမှတ်ရစရာတွေ ဖြစ်စေမှာ ကတော့ အမှန်ပါပဲ။ ဒါဟာ ဟိုတယ်ရဲ့ အားသာချက်လို့ဆိုနိုင်ပါတယ်။

ဟိုတယ်မှာ အခန်း ၂၁ ခန်း ထားရှိပေးထားပြီး အခန်းအမျိုးအစား အလိုက် စျေးနှုန်းသတ်မှတ်ထားပါတယ်။ Deluxe Double အခန်းမှာ ဆိုရင် Balcony & Rail Road View နဲ့ Garden View ဆိုရင် တစ်ညကို ကျပ် ၃၅၀၀၀ နဲ့ ကျပ် ၄၀၀၀၀ သတ်မှတ်ထားပါတယ်။ Deluxe Triple မှာ ဆိုရင် Balcony & Rail Road View နဲ့ Garden View ဆိုရင် တစ်ညကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားပါတယ်။ Family Suit မှာဆိုရင် Balcony & Rail Road View နဲ့ Garden View မှာတည်း မယ်ဆိုရင်တော့ တစ်ညကို ကျပ် ၅၅၀၀၀ သတ်မှတ် ထားပါ တယ်။ ဟိုတယ်အခန်းတွင်းမှာလည်း Safety Box ၊ Mini Bar ၊ အ၀တ်ဗီရို ထားရှိပေးထားတဲ့ ကုတင်မွေ့ရာ အသုံးအဆောင်တွေရဲ့ အရည်အသွေး ပစ္စည်းတွေကို သုံးစွဲထားလို့ တည်းခိုသူတွေအတွက် စိတ်တိုင်း ကျ နှစ်ခြိုက်စေမှာတော့အမှန်ပါပဲ။ ညဖက်တွေဆိုရင် ကိုယ်ပိုင် အခန်းရဲ့ လေသာဆောင်ကနေ ကော်ဖီသောက်ရင်း ညရှုခင်း အလှတွေရယ်၊ ထင်းရှုးရနံ့ လေနုအေးတွေကို ခံစားရင်း စိတ်လက် ပေါ့ပါး ပြီး အမှတ်ရစေမယ့် ညတစ်ညဖြစ်စေမှာတော့အသေအချာပါပဲ။

ဒီရှုခင်းသာဟိုတယ်ရဲ့ ထူးခြားမှုစတိုင်ကတော့ တရုတ်အစားအစာ ကိုပဲ ရရှိနိုင်တာဖြစ်သလို အရသာကောင်းမွန်လှတဲ့ ဟော့ပေါ့ စားသောက်ဆိုင် ကိုပါ ထည့်သွင်းပေးထားခြင်းပါပဲ။လက်ရာ ကောင်း မွန်တဲ့ စားဖိုမှူးရဲ့ ဟော့ပေါ့ လက်ရာကို စားသောက်ချင်တယ်ဆိုရင် ရှုခင်းသာဟိုတယ် ၂ ဆီကို သွားရောက်စားသုံးနိုင်ပါတယ်။ ဒါ့အပြင် မာလာရှမ်းကော လက်ရာကလည်း အရသာ ကောင်းလှတာမို့ သီးသန့် လာရောက်စားသုံးတဲ့ သူတွေ လည်းရှိတယ်လို့ ဟိုတယ်ရဲ့ ပိုင်ရှင် ဖြစ်သူ ကိုကျော်စိုးမင်းက ဆိုပါတယ်။ တည်းခို မှ သာမဟုတ်ပဲ အပြင် သူတွေပါ လာရောက် စားသုံးနိုင်ပါတယ်။

ဒါ့အပြင်အစားအသောက်ကောင်းတွေကိုနှစ်သက်ခုံမင်သူတွေအတွက်လည်း ဟိုတယ်ကနေ နောက်ထပ် ထည့်သွင်း ၀န်ဆောင်မှုပေးထားတဲ့ ဆော်လမွန် ငါးခေါင်း လည်းရရှိသလို ဗီယက်နမ်ကနေ တင်သွင်းလာတဲ့ ငါး နဲ့ ပြုလုပ်ထားတဲ့ ငါးအသားချောင်းကြော်ကလည်း လာရောက်စားသုံးသူတွေအတွက် အကြိုက်ဖြစ်စေမှာပါ။

ဟိုတယ်မှာ တည်းခိုရင်း Spa လည်းပြုလုပ်နိုင်ပါသေးတယ်။ Spaစျေးနှုန်းကတော့ နည်းနည်းလေး စျေးနှုန်းမြင့့်ပေမယ့် လာရောက် သူ ဦးရေကို ကန့်သတ်ထားလိုခြင်းကြောင့် စျေးနှုန်း သတ်မှတ်ထားခြင်း ဖြစ်တယ်လို့ ဟိုတယ်ရဲ့ တာ၀န်ရှိသူက ဆိုပါတယ်။

ဟိုတယ်ရဲ့ နောက်ထပ်ထူးခြားမှု က ဟိုတယ်ရဲ့ မီးရထား သံလမ်း နောက်မှာ Organic ခြံ စိုက်ပျိုးထားခြင်းပါ။ ဒီခြံထဲမှာ သရက်ပင် ဌက်ပျောပင်၊ မန်းရှားပင် စတဲ့ အပင်တွေကို အကွက်ကျကျနဲ့ ဖော်ဆောင်စိုက်ပျိုးထားပေးခြင်းပါပဲ ။လာရောက်တည်းခိုတဲ့သူတွေအတွက်ရည်ရွယ်ပြီး Organic ခြံကို စိုက်ပျိုးပေးထားတာဖြစ်ပါတယ်။

ဒါကြောင့်မို့ စာဖတ်သူတို့အနေနဲ့ အေးချမ်းလှတဲ့တောင်ပေါ်မြို့လေးကို အကြောင်းကိစ္စတစ်ခုခုကြောင့် သွားရောက်ဖြစ်ခဲ့ရင် ဆန်းသစ်တဲ့ ပတ်ဝန်းကျင် ၊ လှပတဲ့ဒီဇိုင်း၊ ကောင်းမွန်ပြည့်စုံတဲ့ဝန်ဆောင်မှု၊ သန့်ရှင်း လတ်ဆတ်တဲ့ အစားသောက်ကောင်းတွေ၊ နောက်ပြီးခံစားမှုရသအသစ် တွေကို ကြိုတင်ရှာဖွေတတ်တဲ့သူတွေအတွက် စိမ်းစိုနေတဲ့ တောအုပ်နဲ့ ရထားသံလမ်း၊ ကျယ်ဝန်းတဲ့ကားပါကင် ဒီလို ထူးခြားမှုတွေရှိနေတဲ့ ကလော- အောင်ပန်း နယ်နိမိတ်စည်းမျဉ်းလေးပေါ်က အချက်အချာ ကျတဲ့ ကားလမ်းမကြီးဘေးမှာ တသီးတသန့်တည်ရှိနေတဲ့ View Point Hotel (II) ဟိုတယ်ဆီ သွားရောက် လည်ပတ်နိုင်ရန် အတွက် ဒီတစ်လရဲ့ ဟိုတယ်လမ်းညွန်အဖြစ်ဖော်ပြပေးလိုက်ပါတယ်။

Travelling_Journal/Vol_1_Issue_14

Photo_TravellingJournal&ViewPointHotel