တိတ်ဆိတ်အေးချမ်းမှုတွေရှိတဲ့ ပုသိမ်မြို့က ရွှေမင်းသမီးဆီ

နှင်းဆီသခင် မြို့တော်ပုသိမ်ဆိုရင်စာဖတ်သူတို့အားလုံးရင်းနှီး ကျွမ်းဝင်ပြီးသားမြို့တစ်မြို့တော်တစ်ခုပါ။ ဧရာဝတီတိုင်းဆိုတာကလည်း တစ်ချိန်က ဆန်စပါးပေါများစွာ ထွက်ရှိရာဒေသမိုိ့ု့ မြန်မာနိုင်ငံရဲ့ ဆန ...

နှင်းဆီသခင်

မြို့တော်ပုသိမ်ဆိုရင်စာဖတ်သူတို့အားလုံးရင်းနှီး ကျွမ်းဝင်ပြီးသားမြို့တစ်မြို့တော်တစ်ခုပါ။ ဧရာဝတီတိုင်းဆိုတာကလည်း တစ်ချိန်က ဆန်စပါးပေါများစွာ ထွက်ရှိရာဒေသမိုိ့ု့ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ခေါ်သလို စပါးကျည်ကြီးလို့လည်း ကျောင်းစာတွေမှာ သင်ကြားရတဲ့ တိုင်းတစ်တိုင်းပင်ဖြစ်ပါတယ်။

ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ဟာ ဆိုရင်လည်း ချစ်စရာဓလေ့တွေရှိပြီး ပုသိမ်မှာ လည်ပတ်ဖို့ဆိုရင် အချိန်အများကြီးမလိုပဲ လည်ပတ်နိုင်တဲ့ မြို့လေးလို့ဆိုချင်ပါတယ်။
ဒီမြို့ထဲကိုဝင်လိုက်တာနဲ့ ချစ်စရာကောင်းလှတယ်လို့ ခံစားရစေပါတယ်။ လမ်းလေးတွေက ကျဉ်းပေမယ့် စနစ်ကျတယ်လို့ခံစားရစေတယ်။ အထူးသဖြင့် အမှိုက်မရှိပဲ သန့်ရှင်းနေတာကို သတိထားမိစေပါတယ်။

ပုသိမ်ဆိုတာကလည်း ခရီးသွားတွေအများဆုံး သွားရောက် လည်ပတ်ကြတဲ့ မြို့တော်တစ်ခု ဖြစ်ရုံမက ဖြတ်သွားဖြတ်လာ များသည့် မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ အဓိက ကတော့ ငွေဆောင် ချောင်းသာကို သွားလည်ကြတဲ့ ယာဉ်တွေ အနေနဲ့ ခရီးတစ်ထောင့်နား သည့် မြို့လည်းဖြစ်ပါတယ်။

မြို့ပုသိမ်မှာတော့ ဟိုတယ်တွေ ဧည့်ရိပ်မွန်တွေ များပြားတာကတော့ သတိထားမိစေပါတယ်။ အထပ်မြင့် ဟိုတယ်ပုံစံမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်တွေများပြားတာကို တွေ့မြင်ရစေပါတယ်။ဒီလို အနေအထားမျိုးမှာမြေဧကကျယ်ကျယ်နဲ့ ဟိုတယ် တွေကတော့ ရှားပါးတာကို သတိထားမိပါတယ်။

ဒါကြောင့်မို့ အကြောင်းကိစ္စတစ်ခုခုကြောင့် ပုသိမ်မြို့လေးကို ရောက်ဖြစ်ရင် တိတ်တိတ် ဆိတ်ဆိတ်နဲ့ အေးအေးချမ်းချမ်း ညအိပ်ညနေ တည်းခိုချင်တဲ့ သူတွေအတွက် သီးသန့် ဘန်ဂလို ပုံစံ တွေနဲ့ တည်ဆောက်ထားတဲ့ ရွှေမင်းသမီးဟိုတယ် (Golden Princess Hotel) ဆီကို သွားရောက်တည်းခိုနိုင်ဖို့ ဒီ တစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ လမ်းညွှန်ပေးလိုက်ပါတယ်။

ရွှေမင်းသမီး ဟိုတယ်ကတော့ ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှ ရှိပြီးတော့ မြေဧက ၂ ဧက ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ကျယ်ဝန်းရုံမက စိတ်ငြိမ်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ အခန်းတွေက ဘန်ဂလို အမျိုးအစား ဖြစ်တဲ့အတွက် တည်းခိုသူတိုင်းအတွက် စိတ်တိုင်းကျစေမှာဖြစ်ပါတယ်။

သရဖူပုံစံ ခေါင်းမိုးချွန်နဲ့ တည်ဆောက်ထားတဲ့ ရွှေမင်းသမီး ဟိုတယ်က ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့ မြကျွန်းသာ အိမ်ရာဝင်းထဲမှာ တည်ဆောက်ထားပါတယ်။ များသောအားဖြင့့် အထပ်မြင့် ဟိုတယ် တွေသာ တည်ဆောက်ထားတဲ့ မြို့ပုသိမ်မှာ ဘန်ဂလို ပုံစံတွေနဲ့ တည်ဆောက်ထားတဲ့ဟိုတယ်ရဲ့ ဟန်ပန်က သီးသန့့်် တခန်းတနား တည်ရှိစေတာကို တွေ့ရှိရပါတယ်။

ဟိုတယ်ဝင်းထဲ ဝင်လိုက်ရင်ကို ပြာပြာသလဲ လာရောက် မေးမြန်းတဲ့ ဟိုတယ်လုံခြုံရေးရဲ့ မေးမြန်းမှုနဲ့ ဧည့်ကြိုကောင်တာ ဆီကို လိုက်လံပို့ဆောင်ပေးတာကိုကြည့်ရင်း ဝန်ဆောင်မှု ကောင်းမွန်တာတွေ၊ ဧည့်ကြိုကောင်တာမှာ ပြုံးရွှင်စွာနဲ့မေးမြန်းတဲ့ ဟိုတယ်ဝန်ထမ်းကောင်မလေးရဲ့ပြောဟန်၊ ဧည့်သည်မြင်တာနဲ့ကို အလိုက်သင့် လိမ္မော်ရည် လာတိုက်တဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ ဧည့်ဝန်ဆောင်မှုတွေက စိတ်ကျေနပ်မှုရရှိစေပါတယ်။

သီးသန့်ဘန်ဂလိုပုံစံမျိုးတွေနဲ့တည်ဆောက်ထားတဲ့ ဘန်ဂလိုတွေကို တော်ဝင်ပန်းနာမည်တွေ ပေးထားတာကို ကြည့်ရင်း အနုပညာကို မြတ်နိုးတက်ပြီး ဒီဟိုတယ်ကို ပုံဖော်ဖန်တီးသူတွေရဲ့စိတ်ကို ခန့်မှန်းစေမိပါတယ်။

အင်ကြင်း၊ချယ်ရီ ၊ သဇင်၊ ခရေ နဲ့ ပိတောက် စတဲ့ နာမည်တွေ ပေးထားတဲ့ ဘန်ဂလိုဆောင် ငါးဆောင်ရှိပါတယ်။ အခန်းပေါင်းကတော့ တစ်ဆောင်ကို လေးခန်း နှုန်းနဲ့ ဘန်ဂလိုအခန်း အမျိုးအစား (၂၀) ရှိပါတယ်။ ဘန်ဂလိုတွေရဲ့ ဘေးမှာတော့ Building အမျိုးအစား အဆောင်ရှိပြီးတော့ တည်းခိုစရာ အခန်း (၂၀) ခန့်လည်းရှိပါသေးတယ်။ ဒါ့အပြင် စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေဖို့ အဆိုဝါသနာအိုးတွေအတွက်လည်း စိတ်ကြိုက် ဟဲနိုင်မယ့် ကာရာအိုကေကို ရှိရုံမက ပင်ပန်းမှုကို အညောင်းအညာပြေစေဖို့အတွက် ရိုးရာနည်းနဲ့ နှိပ်နှယ်ပေးတဲ့ အဆင့်မြင့် Spa လည်း ရှိပါသေးတယ်။ Spa ကတော့ တစ်နာရီကို ကျပ် (၆၀၀၀) သာ ကျသင့်မှာဖြစ်ပြီးတော့ ဝန်ဆောင်မှုအတွက်လည်း သံသယ ဖြစ်စရာမလိုပါဘူး ဆိုပါရစေ။

ဒါတင်မက ခရီးသွားဧည့်သည်တွေအနေနဲ့ပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တွေအနေဲ့ပဲ ဖြစ်ဖြစ် Staff Party တွေ ၊ ညစာစားပွဲတွေနဲ့ မွေးနေ့ပွဲတွေကိုလည်း ဟိုတယ်ရဲ့ ညာဖက်မှာရှိတဲ့ မြက်ခင်းစိမ်းကျယ်ကျယ်ပေါ်မှာ ကျင်းပနိုင်ဖို့ ဖန်တီးပေးထားပါသေးတယ်။

သီးသန့် နေလိုသူ၊ တိတ်ဆိက်မှုကို လိုလားသူ၊ အေးဆေးနေလိုသူတွေအတွက်ကတော့ ရွှေမင်းသမီး ဟိုတယ်ကို သွားရောက်တည်းခိုနိုင်ပါတယ်လို့ဆိုပါရစေ။

အခန်းနှုန်းထားကတော့ တကယ့်ကိုအမေးဇင်းပါ။ တစ်စျေးတည်း ထားရှိပေးထားပြီး ပြည်တွင်းဧည့်သည်ဆိုရင် တစ်ညကို ကျပ် သုံးသောင်း ကျပ်သာ ကျသင့်မှာဖြစ်ပြီးတော့ ပြည်ပဧည့်သည်ဆိုရင် တစ်ညကို ကန်ဒေါ်လာ (၃၀) ကျသင့်မှာ ဖြစ်ပါတယ်။

ဘန်ဂလို ပုံစံအခန်းတွေမှာပဲ ဖြစ်ဖြစ် အထပ်မြင့် အခန်းတွေမှာ ထူးခြားတာက အခန်းတွင်းမှာ ကနုတ်ပန်း Wall Sheet တွေနဲ့အလှဆင်ပေးထားသလို၊ အခန်းတွင်းမှာ ကြိမ်ကုလားထိုင်ထည့်သွင်းပေးထားတယ်။

အခန်းတွင်းသုံးထားတဲ့ စားပွဲကိုတော့ ထင်းရှုးသား သစ်သားပုံစံ တွေနဲ့ ပြုလုပ်ထားတာကို ထားရှိ ပေးထားပါတယ်။ ရေချိုးခန်းမှာလည်း Bathtub တပ်ဆင်ပေးထားပါသေးတယ်။

ခရီးသွားလုပ်ငန်းဆိုတာကလည်း ဝန်ဆောင်မှုကို ရောင်းစားကြတဲ့ လုပ်ငန်းဆိုတော့ ဧည့်သည်ရဲ့ စိတ်ကြိုက် ခံစားရဖို့ တမူကွဲထွက်ပြီး အေးချမ်းစွာ နားနေနိုင်စေဖို့ သီးသန့်တည်းခိုစေဖို့ ဘန်ဂလို ပုံစံ အခန်းတွေကို တည်ဆောက်ပေးတာဖြစ်တယ်လို့ ရွှေမင်းသမီးဟိုတယ်ရဲ့ MDကလည်း ဆိုပါတယ်။

ဟိုတယ်မှာ တည်းခိုသူတွေအတွက် အရသာကောင်းမွန်လှတဲ့ နံနက် ဘူဖေးကျွေးချိန်ကို နံနက် ၇း၀၀ ကနေ ၉း၀၀ ထိ သတ်မှတ်ထားပြီးတော့ Dinning Room မှာ မစားချင်လို့ဖြစ်ဖြစ်၊ ဘူဖေးချိန် မမှီလိုက်တဲ့ ဧည့်သည်တွေအတွက်လည်း အခန်းတွင်း ဝန်ဆောင်မှုကိုလည်း ပေးပါသေးတယ်။

ဒါကြောင့်မို့ ပုသိမ်မြို့လေးကိုပဲ သီးသန့် လာရောက်လည်ပတ်ရင်ပဲ ဖြစ်ဖြစ်၊ လှပတဲ့ ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ နဲ့ ဂေါ်ရင်ဂျီ ကမ်းခြေ စသဖြင့် ကမ်းခြေတွေကို သွားရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအတွက် တထောက်နားရင်နေနိုင်မယ့် ဆိတ်ငြိမ်ပြီး ကျယ်ဝန်းသည့် သီးသန့်နေရာလေးက ရွှေမင်းသမီး ဟိုတယ် (Golden Princess Hotel ) ကို သွားရောက်တည်းခိုနိုင်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Travelling_Journal
Vol_1_Issue_11
ဟိုတယ်လမ်းညွှန်