မြန်မာနိုင်ငံ၏အလှပဆုံးရေခဲပြင်ရွာကလေးဖြစ်သည့် ရှိန်းခေါင်ရွာ မီးလောင် အိမ်ခြေ (၆၃ )လုံးလက်ရှိစာရင်းအရ မီးလောင်ကျွမ်း

Travelling journal

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းမှ ရေခဲပြင်ရွာကလေးဖြစ်သည့် ရှိန်းခေါင်ကျေးရွာသည် နိုဝင်ဘာ ၆ ရက် ညသန်းခေါင်ဝန်းကျင်မှစတင်ပြီး ယနေ့ နံနက်ပိုင်းထိ တစ်ရွာလုံးနီးပါး မီးလောင်ခဲ့ကြောင်း ဒေသခံများက Travelling Journal သို့ ပြောသည်။

“မနေ့က ညသန်းခေါင်လောက်ကတည်းကမီးလောင်တယ်လို့ပြောလာတယ်။ အေးတဲ့ဒေသမို့အိမ်တိုင်းမှာ ဂွမ်းစောင်တွေ တော်တော်များများရှိကြတယ်။မီးငြိမ်းသတ်ဖို့သွားမယ့်သူတွေလည်းမရောက်နိုင်တဲ့နေရာမို့ တစ်ညလုံး တမြည့်မြည့်နဲ့လောင်ကျွမ်းကုန်တာပါ။ အဓိက တော့ ဒီဒေသရဲ့အဓိက ထွက်ကုန်ရှောက်ကော ဂိုဒေါင်တွေမီးထဲပါကုန်တယ်။ စာသင်ကျောင်းရောစျေးရောအကုန်ပါကုန်တယ်။လက်ရှိအခြေအနေအထိ မီးလောင်တဲ့အိမ်စာရင်းကောက်တာ (၆၃) အိမ်ပါသွားတယ် ။ ထပ်မံပြီးကောက်နေတုန်းပဲ”ဟု ပူတာအိုဒေသခံ တစ်ဦးက Travelling သို့ပြောသည်။

ရှိန်းခေါင်ရွာ ၏အလှပဆုံးအချိန်မှာဆောင်းရာသီအလယ်မှ နွေဦးပေါက်အထိ ရေခဲနေပြီး လှပသည့်မြင်ကွင်းကို မြင်တွေ့ရနိုင်သော်လည်းလက်ရှိတွင် တစ်ရွာလုံးမီးလောင်ပြာကျခဲ့သဖြင့်စိတ်ထိခိုက်ရပြီး ဒေသခံများကိုသွားရောက်ကူညီပေးဖို့တောင်အခက်အခဲများရှိနေကြောင်းမြစ်ကြီးနား​ အခြေစိုက် ခရီးသွား ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ က ပြောသည်။

ရှိန်းခေါင်ကျေးရွာမှာ အရမ်းလှပသည့် ရေခဲပြင် ရွာကလေးဖြစ်ပြီး တောင်ပတ်လည်ဝန်းရံထားသောကျေးရွာဖြစ်ကာလမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့်လက်ရှိအနေအထားအထိ ခရီးသွားလာမှုမှာ အနည်းအကျဥ်းလောက်သာရှိသေးသည့် ကျေးရွာဖြစ်သည်။

“အခုကျွန်မတို့ စားနပ်ရိက္ခာတွေပို့ပေးဖို့ပြင်ဆင်နေတယ်။ ပူတာအို ခေါင်လန်ဖူး ရှိန်းခေါင်ရွာကိုသွားမယ်ဆိုရင် အနည်းဆုံး၁၀ ရက်လောက်ကြာမယ်။ ဆိုင်ကယ်လမ်းကြောင်းကနေသွားဖို့တော့လုပ်နေပါတယ်။ တရုတ်ဘက်ကလမ်းကြောင်းဆိုပိုမြန်တော့ တရုတ် ဘက်ကိုလည်းအကူညီပေးဖို့လှမ်းအကြောင်းကြားထားပါတယ်”ဟု မြစ်ကြီးနား ဒေသ ခံ ဒေါ်ရွှေရွေမြင့်က Travelling သို့ပြောသည်။

Photo-ဒေသခံ

ကလောမြို့ မနောလှတောင်ခြေတွင် Sightseen Photo ပြုလုပ်နိုင်မည့် ပန်းဥယျာဥ် တစ်ခုပေါ်ထွက်လာ

Travelling journal

ထင်းရှုးမြို့တော်အဖြစ် နာမည်ကျော်ကြားသည့် ကလောမြို့၏ မြို့ရှုခင်းအလှနှင့်ပနံသင့်မည့် Sightseen Photo ပြုလုပ်နိုင်သည့် ဥယျာဥ် တစ်ခုပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို တည်ထောင်သူ ဦးအောင်လှိုင်ထူး က Travelling သို့ ပြောသည်။

အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို သစ်တောမြေဧက ၃၀ ပေါ်တွင် ဖော်ဆောင်ထားပြီး ကော်ဖီ စိုက်ခင်းနှင့် စားသောက်ဆိုင်အပြင် ပြည်တွင်းပြည်ပပန်းမျိုးစိတ်ပေါင်း( ၁၀၀) ကျော်ကို စိုက်ပျိုးထားရှိကြောင်းသိရသည်။

” အများစုက အမေ့အိမ်တို့ အဲလိုမျိုးပေးကြတာရှိတယ်။အဖေခြံလို့ပေးတာသိပ်မရှိလို့ ဒီနာမည်လေးပေးဖြစ်ခဲ့ပါတယ် “ဟု အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို တည်ထောင်သူ ဦးအောင်လှိုင်ထူး က Travelling သို့ ပြောသည်။

အဆိုပါ အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို သုမောင်ထမင်းဆိုင်ဘေးနားရှိ သိမ်တောင်ဘုန်းကြီးကျောင်းမှတဆင့် လာရောက်နိုင်သလို အိုးစည်တောင် အနောက်ဘက်ကားလမ်းကြောင်းမှတဆင့် လာရောက်နိုင်ကြောင်း သိရသည်။

အဆိုပါဥယျာဥ်ကို မနောလှဘုရားနှင့် မနီးမဝေးတွင်ကပ်လျက် ဖော်ဆောင်ထားကြောင်း သိရသည်။

“ပျိုးဥယျာဥ်ကတော့ နှစ်ဧကပဲ လက်ရှိစိုက်ထားပါတယ်။ ခြောက်လခံပန်းနဲ့ရွှေဒဂ်ါး ယပန်းကတော့များပါတယ်။ ကျွန်တော်တို့ပျိုးဥယျာဥ်ကိုလာရောက်ပြီးပန်းပျိုးပင်တွေကို လာရောက်ဝယ်နိုင်ပါတယ်”ဟု ဦးအောင်လှိုင်ထူး က Travelling သို့ ပြောသည်။

အဆိုပါ အဖေခြံနှင့်ပန်းပျိုးဥယျာဥ်ကို လာမည့် အောက်တိုဘာ၂၅ ရက်အမှီ ဖွင့်လှစ်မည် ဖြစ်ပြီး ဝင်ကြေးအနေဖြင့် လူတစ်ဦးကို ကျပ်တစ်ထောင် ကောက်ခံမည်ဖြစ်ကာ ပန်းခင်းဖြင့် ဓာတ်ပုံအလှရိုက်ကူးနိုင်ခြင်းနှင့် အေးအေး လူလူအနားယူပြီးစားသောက်နေနိင်ရန်စားသောက်ဆိုင်ကိုပါ တွဲဖက် ဖွင့်လှစ်ထားကြောင်းသိရသည်။

“ကလောမှာဆိုရင် မနောလှတောင်ကနာမည်ကြီးပြီးသား။ မသိတဲ့သူ မရှိသလောက်ပါပဲ။ဒီနေရာလေးက သွားလာရတာအချက်အချာလည်းကျတယ်။ အိုးစည်တောင် အနောက်ဘက်လမ်းကနေလာရင် အဖေခြံကိုရောက်တယ်။ အိုးစည်တောင်ပေါ်ကနေလည်းကြည့်လို့မြင်ရတယ်။ အားသာချက်က ကလောမြို့မှာ စတော်ဘယ်ရီခြံ မရှိဘူး။ ဒီထဲမှာ စတော်ဘယ်ရီစိုက်ခင်းအများကြီး။ ပြီးတော့အသီးအနှံအကုန်လုံးက အော်ဂဲနစ်တွေ။ ဆောင်းတွင်းနဲ့နွေရာသီဆို အဖေ့ခြံက ပိုပြီးလှတယ်။ ကားကြီးကားသေးကောလာလို့ရတာမို့ အားသာချက်တွေများတယ် “လို့ ကလောဒေသခံ ဦးတင်စိုးအောင်က Travelling သို့ သူ၏ အမြင်ကိုပြောသည်။

လက်ရှိတွင် ကလောမြို့တွင် Sun rise နှင့် Sunset ကြည့်လို့ရသည့် ဓာတ်ပုံရှုခင်းအသားပေးနေရာများကိုဖော်ဆောင်ထားသည့် နေရာ (၂၀ )နီးပါးရှိလာပြီဖြစ်ကြောင်းသိရသည်။

Photo Tin Soe Aung

ငပလီကမ်းခြေ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့် ပထမဆုံး Camping Site အသစ် ဖော်ထုတ်

Travelling Journal

နာမည်ကျော်ကမ်းခြေ တစ်ခုဖြစ်သည့် ငပလီကမ်းခြေ၏ အဘဲရွာတွင် တောင်ပေါ်ရှုခင်းကြည့်သည့် ပထမဆုံး Camping Site အသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ဖော်ဆောင်သူ ဦးဝေယံက Travelling သို့ ပြောသည်။

အဆိုပါ Camping Site ကို Mini Camping ပုံစံမျိုးဖော်ဆောင်ထားပြီး လင့်စင် ၊ ရွက်ဖျင်တဲ ၊ ဒါန်း ၊ဝါးထိုင်ခုံများပါ ထည့်သွင်းထားကြောင်းသိရသည်။

” ကျွန်တော်တို့ အခု Tent လေးလုံးနဲ့ စထားပါတယ်။ နေ့ချင်းပြန် ခရီးစဥ် အတွက် ကြို/ပို့ အပါအဝင် နေ့လည်စာအပါ ငါးယောက်တစ်ဖွဲ့ ကို ကျပ်တစ်သိန်းဝန်းကျင် သတ်မှတ်ထားပါတယ် “ဟု ဦးဝေယံက Travelling သို့ ပြောသည်။

အဆိုပါ နေ့ချင်းပြန်ခရီးစဥ်တွင် အဘဲရွာကို Sightseen ကြည့်ရှုခြင်းနှင့် ငါးမျှားခြင်းစသည့် Activity များလည်း ပါဝင်ကြောင်း သိရသည်။

အဘဲရွာသည် အိမ်ခြေ ၅၀ ပတ်ဝန်းကျင်ရှိပြီး ဒေသခံများ၏ အဓိကအသက် မွေးဝမ်းကျောင်း လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေး နှင့် မိရိုးဖလာ တံငါလုပ်ငန်းကိုလုပ်ကိုင်ကြောင်းဖော်ဆောင်သူ ဒေသခံ ဦးဝေယံက ပြောသည်။

လက်ရှိတွင် ငပလီကမ်းခြေကို အမှီပြုပြီး ရင်းနှီးမြုပ်နှံထားသည့် ဟိုတယ်/တည်းခိုခန်းအလုံးရေ ၅၀ ဝန်းကျင်ရှိပြီး ဧည့်သည် အများစုမှာ Blue Lagoon, Safari beach (snorkeling place), Floating bridge, Paradise beach Fisherman village, White sand island, Light house, Pearl island တို့ကို အများဆုံး သွားရောက်လည်ပတ်ကြကြောင်း သိရသည်။

Photo Ko Wai Yan

အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise မှရန်ကုန် -ချောင်းသာ ခရီးစဥ်ကို ပထမဆုံး ပြေးဆွဲမည်

Travelling Journal

ပြည်တွင်းကုမ္ပဏီတစ်ခု​ဖြစ်သည့် Moken Capital ကုမ္ပဏီ လက်အောက်ရှိ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise မှ ရန်ကုန် -ချောင်းသာ ခရီးစဥ်ကို ပထမဆုံး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

“လက်ရှိက ရာသီဥတုအနေအထားကို ခန့်မှန်းထားနေတာမို့ ထွက်မဲ့ရက်အတိအကျကို သေချာမပြောနိုင်ဖြစ်နေတာပါ။ သေချာတာကတော့ သီတင်းကျွတ်အမှီတော့ ပြေးဆွဲမှာပါ “ဟု Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

ပြည်တွင်းခရီးသွားစျေးကွက် ဝေစုရရှိထားသည့်ချောင်းသာကမ်းခြေသို့ ပထမဆုံးပြေးဆွဲပေးခြင်းဖြစ်ပြီး ချောင်းသာကမ်းခြေ အခြေစိုက်ကာ ကျွန်းပတ်ခရီးစဥ်များကို ဧပြီလအထိ ​ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးခရီးစဥ် အနေဖြင့် ရန်ကုန်-ချောင်းသာ (၂) ညအိပ် (၃) ရက် ခရီးစဥ်အတွက် Suite Cabin with Private Bathroom နှစ်ယောက်အိပ်ခန်းကို တည်းခိုမည်ဆိုပါက ကျပ် (၁၅) သိန်း ကျသင့်မည်ဖြစ်ပြီး သုံးယောက်အိပ်ခန်း ကို တည်းခိုမည်ဆိုပါက ကျပ် (၁၄)သိန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောပေါ်တွင် စုစုပေါင်း အိပ်ခန်း(၅) ခန်းပါဝင်ပြီး လူဦးရေ( ၁၃ )ဦးသာ တည်းခိုနိုင်ကြောင်း သိရသည်။

ယင်းခရီးစဥ်အတွက် နံနက်စာ ၊ နေ့လည်စာ ၊
ညစာ အခမဲ့ သုံးဆောင်နိုင်ရန် စီစဉ်ထားပေးခြင်းနှင့် ကာရာအိုကေ အခမဲ့ သီဆိုနိုင်ခြင်း၊ Onboard Kitchen နှင့် Onboard Bar လည်း ပါဝင်ကြောင်းသိရသည်။

အဆိုပါ ရေကြောင်းခရီးစဉ်အတွင်း တွံတေးမြို နှင့် တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းများကြည့်ရှုနိုင်ခြင်း ၊ ဧရာဝတီ ၏ (Delta Region) သဘာဝ အလှတရားများနှင့် နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည်ရှုခြင်း ၊မော်တင်စွန်း တန်ခိုးကြီးဘုရားအား သွားရောက်ဖူးမြော်ခြင်း၊ ဟိုင်းကြီးကျွန်းသို့ သွားရောက်လည်ပတ်ခြင်း ၊ ဂေါ်ရင်ဂျီကမ်းခြေသို့ သွားရောက် ကြည့်ရှုခြင်းနှင့် ချောင်းသာကမ်းခြေ လည်ပတ်ခြင်းတို့ကို ထည့်သွင်းထားကြောင်း သိရသည်။

“ချောင်းသာ ကျွန်းပတ်ခရီးစဥ်ကတော့ စျေးနှုန်း ကိုမတွက်ချက်ရသေးပါဘူး။ အဲဒီမှာပြေးဆွဲပေးနေတဲ့ Speed Boat တွေရဲ့စျေးနှုန်းတွေနဲ့လည်း ချိန်ကြည့်ရအုံးမှာပါ” ဟု Moken Cruise ၏ တာဝန်ရှိသူ တစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise သည်ချောင်းသာတွင် အ​ ​ခြေစိုက်ပြီး ဂေါ်ရန်ဂျီကျွန်း ၊ လိပ်ကျွန်း ၊ ငှက်ကျွန်း စသည့် ကျွန်းပတ်ခရီးစဥ်များကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Photo-MokenCruise

သုံးနှစ်တစ်ကြိမ်ကျင်းပသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(MTF) ၏အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်၊ရာထူးတချို့ လူပြောင်းလဲမှုများရှိခဲ့

Travelling Journal

ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍကို ကိုယ်စားပြုပြီးဖွဲ့စည်းထားသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ၂၀၂၃ -၂၀၂၆ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ရာ ဥက္ကဋ္ဌ အဖြစ် ဦးရန်ဝင်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

ယင်းနောက်တွင် ညီနောင်အသင်းသားအစုအဖွဲ့​များမှ အလုပ်အမှုဆောင်များကို Opa Vote ဖြင့် ဆန္ဒမဲထည့်ကြပြီးနောက် ဦးမျိုးဝင်းသန်း ဒု-ဥက္ကဋ္ဌ (၁) ၊ ဦးလူမွန် ဒု-ဥက္ကဋ္ဌ (၂) ၊ ဦးကျော်မင်းထင် ဒု-ဥက္ကဋ္ဌ (၃) ၊ ဦးနောင်းနောင်းဟန် ဒု-ဥက္ကဋ္ဌ (၄) ၊ ဦးမျိုးသွင် ဒု-ဥက္ကဋ္ဌ (၅) ၊ ဦးအောင်မျိုးမင်းဒင် ဒု-ဥက္ကဋ္ဌ (၆) ၊ ဦးသန်းထွဋ် အထွေထွေအတွင်းရေးမှုူး ၊ ဦးကျော်မင်းလှိုင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၊
ဦးကျော်ကျော်ဆင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ၊ ဦးကောင်းမင်းခန့် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၃) ၊ ဦးလင်းထိန် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၄) ၊ ဦးကျော် ဇေယျ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၅) ၊ ဒေါ်နေရည်အောင်​တွဲဖက် အထွေထွေ အတွင်းရေးမှူး (၆) တို့ကိုရွေးချယ်ခဲ့ကြသည်။

ထို့​​နောက် ဘဏ္ဍာရေးမှူးအဖြစ်​ ဦးသန်းရွှေ ၊ ဒေါ်ခင်သိဂိီလှမောင် တွဲဖက် ဘဏ္ဍာရေးမှူး (၁) ၊ ဦးကျော်မင်းထိုက် တွဲဖက် ဘဏ္ဍာရေးမှူး (၂) ၊ ဦးမင်းသိန်း စာရင်း စစ် ၊ ဒေါ်မေသက်လွင် တွဲဖက်စာရင်းစစ် (၁) ၊ ဒေါ်အေးသီတာမိုး တွဲဖက်စာရင်းစစ်(၂) နှင့် ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဒေါ်တင်မာမြင့် ၊ ဦးဖြိုးဇော်ဝေ ၊ ဒေါ်နှင်းသက်ကျော်နိုင် တို့ အား အသီးသီး ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

အလုပ်အမှုဆောင်များအဖြစ် ဦးကျော်ဇေယျ (မန္တလေး) ၊ ဦးကျော်ဝင်း၊ ဒေါ်ခိုင်နွယ်သိန်း၊ဒေါ်စံမေခင်၊ဒေါ်စုမြတ်စန္ဒီဦး၊ ဦးဇာနည်တင်မြင့်၊ ဦးတင်မြင့် ၊ဦးတူးခေါင်၊ ဦးထွန်းလင်းသောင်း၊ဒေါ်နှင်းယိမ်းအောင် ၊ ဦးနေအောင်ကို ၊ဒေါ်ဖြူဖြူတင် ၊ ဦးမင်းအောင်မော်၊ ဦးမျိုးမင်းဇော် ၊ဦးမျိုးလွင် (ခ) ဦးမျိုးကြီး ၊ ဦးမျိုးသိန်းကျော်၊ ဦးမြင့်ဇော် ၊ ဦးမြင့်ထွေး( ခ) ဦးသာဓု ၊ဒေါ်မြတ်စုခိုင် ၊ ဦးမောင်မောင်အေး ၊ ဦးရဲဝင်း ၊ ဦးလှမြင့် ၊ ဦးဝင်းနိုင်ဦး ၊ ဦးသက်ထူးအောင်၊ ဦးသက်လွင်တိုး ၊ ဦးသန်းဌေး( ဒု ဥက္ကဋ္ဌ) ၊ ဦးသန်းဌေး( ဥက္ကဋ္ဌ) တို့ဖြင့် အသီးသီးပြန်လည် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အလုပ်အမှုဆောင်များရေွးချယ်ပွဲကို အောက်တိုဘာ ၁၄ ရက် က အင်းယားလိတ် ဟိုတယ် ၊ Mingalar Ball Room ၌ ကျင်းပခဲ့
ခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းဆက်စပ်ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အဖွဲ့ချုပ် တစ်ခုဖြစ်ကြောင်းသိရသည်။

နောင်ချိုမြို့ မဲပုတ်ကျေးရွာတွင် ရောင်စုံဘန်ဂလိုများပါဝင်သည့် ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ်ကို မကြာခင် ဖွင့်လှစ်မည်

Travelling Journal

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့၊ မဲပုတ်ကျေးရွာ အနီးတွင် ရောင်စုံဘန်ဂလိုများ ပါဝင်သည့်ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေစခန်းကို မကြာခင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အပန်း ဖြေစခန်းပိုင်ရှင် ဦးဖြိုးဝေလင်းက Travelling သို့ ပြောသည်။

ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေ စခန်းသစ် နှင့်ဟိုတယ်ကို မြေဧက ၅ ဧက နီး ပေါ်တွင် တည်ဆောက် ထားတာဖြစ်ပြီး မြင်းစီးကွင်း ၊ စက်ဘီးစီးကွင်း ၊ပန်းခြံအပြင် နာနတ်သီးစိုက်ခင်းကိုပါ ထည့်သွင်းစိုက်ပျိုးထားကြောင်း အပန်းဖြေစခန်းသစ်တွင် ပူးတွဲရင်းနှီးမြုပ်နှံသူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။

” မဲပုတ်ကျေးရွာမှာ ဖွင့်ထားတဲ့ ဒုဋ္ဌဝတီတိမ်ပင်လယ် အပန်းဖြေစခန်းကတော့ Luxury Type ပုံစံဘက် သွားတယ်လို့မြင်မိပါတယ်။ ပန်းပင်တွေကိုလည်းသပ်သပ်ရပ်ရပ်လေးနဲ့လှအောင်လုပ်ထားတယ်။ မေမြို့ View ကိုခံစားရနိုင်တဲ့ခံစားမှုမျိုးလေးရတယ်။ နောင်ချိုကြီးက တိမ်ပင်လယ်တွေ နဲ့မတူညီတဲ့ ရသတစ်မျိုးကို ရရှိစေတယ်လို့ စိတ်မှာခံစားစေရပါတယ်။ တိမ်ပင်လယ် ကိုသွားတဲ့လမ်းကတော့မြေနီလမ်းဆိုပေမယ့် အရမ်းကြီးတော့လမ်း သိပ်မကောင်းသေးပါဘူးလို့ စက်တင်ဘာ ၁၇ ရက်က သွားရောက်လည်ပတ်ခဲ့တဲ့ နောင်ချိုမြို့က ဒေသခံ တစ်ဦးဖြစ်သူ ခရီးသွားအမျိုးသမီး တစ်ဦးက သူ၏ အတွေ့အကြုံ ကို Travelling သို့ ပြောသည်။

လက်ရှိတွင် ရွက်ဖျင်တဲ အလုံး (၁၁)နှင့် ရောင်စုံ
ဘန်ဂလို လုံးချင်းအိမ်(၁၄) ​လုံးကို ဖွင့် လှစ်ထားပြီးစုစုပေါင်း( ၂၅) လုံးရှိ ကြောင်း သိရသည်။

လေးယောက် နေထိုင်နိုင်သည့် ဘန်ဂလို တွင် ငှားရမ်းခ စျေးနှုန်း မှာ တစ်ညလျှင် ကျပ် နှစ်သိန်းနှင့် ရှစ်ယောက်နေထိုင်နိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် သုံးသိန်းနှစ်သောင်း ၊ နှစ်ယောက်အိပ် Tent ​ဖြင့် ငှားရမ်းမည်ဆိုပါက ကျပ် ရှစ်သောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့် တိမ်ပင်လယ်စခန်းများမှာတိမ်ပင်လယ် ဦးထွန်းရွှေ ၊သတ္တမမြောက် ကောင်းကင်ဘုံ ၊ Cherry Hill Resort ၊ Sky Resort ၊ Cotton Hill ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း၊Win Villa နှင့် Naykyar Villa စသည့် တိမ်ပင်လယ်စခန်း များကို ဖွင့်လှစ် ထားပြီးဖြစ်သော်လည်း မဲပုတ်ကျေးရွာ တွင် ဒုဋ္ဌဝတီ တိမ်ပင်လယ်စခန်းကို ပထမဆုံး ဖွင့်လှစ် ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ဧက နီးပါးပေါ်မှာ နာနတ်သီးစိုက်ခင်းကိုစိုက်ထားတာ အခုဆိုအသီးတွေသီးနေပါပြီ။ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေလည်းကိုယ်တိုင်ခူးပြီး ဖျော်ရည်လည်းသောက် သုံးနိုင်တဲ့အပြင် နာနတ်သီးစိုက်ခင်းနဲ့လည်းဓာတ်ပုံ တွဲရိုက်နိုင်လို့လည်းရတယ် “လို့ ပူးတွဲ ရင်းနှီးမြုပ်နှံသူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။

နောင်ချိုကြီးတိမ်ပင်လယ်နားတွင်အစောပိုင်းက ဖွင့်လှစ် ရန် ရည်ရွယ်ခဲ့သော်လည်း ဓနုတိုင်းရင်းသားများနေထိုင်ကြသည့် မဲပုတ်ကျေးရွာတွင် တစ်ည ညအိပ်ခဲ့ပြီး တိမ်ပင်လယ်အလှကိုမြင်တွေ့ပြီးနောက် ယင်းနေရာတွင် ဖွင့် လှစ်ရန် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း နောင်ချိုဒေသခံ လည်းဖြစ်သူ ဦးသိန်းလွင်ဦး က Travelling သို့ ပြောသည်။

ထို့ပြင်ဒေသ၏ခရီးသွားလုပ်ငန်းဖွံဖြိုးရေး၊ ကျေးလက်နေ ဒေသခံများအားအလုပ်အကိုင်ရရှိရေး ၊ တိမ်မြုတ်နေသည့် သဘာဝအလှပများကို နိုင်ငံတကာကို ပြသခွင့်နိုင်ရန်ရည်ရွယ် ချက်ဖြင့် ယင်းအပန်းဖြေစခန်းကို အကောင် အထည်ဖော် ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း သိရသည်။

အပန်းဖြေ စခန်းသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများအတွက် ထူးထူးခြားခြား အနေဖြင့်ကိန္ဒရီကိန္ဒာရာ အကအလှများ ၊ ရှမ်းအိုးစည် နှင့်ဓနုအကအလှများကို နေ့စဥ် ည၇ နာရီမှ ည၉ နာရီထိ ဖျော် ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပေးရသည့် စျေးထက် လာရောက်တည်းခိုကြမည့်ခရီးသွားများအတွက် မတူညီတဲ့ခံစားမှုကိုရရှိစေရန်အပြင် ဧည့်သည် စိတ်ချမ်းမြေ့စေရေးကိုပါ အဓိက ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိမ်ပင်လယ်အလှများကို အကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။

Photo ဒုဋ္ဌဝတီ တိမ်ပင်လယ် အပန်းဖြေ စခန်း

တရုတ် နှင့် အိန္ဒိယ နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာစမ်းသပ်ကာလ တစ်နှစ်ခွင့်ပြု

Travelling Journal

လေကြောင်းဖြင့်လာရောက်လည်ပတ်ကြသည့်
တရုတ်နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival)စမ်းသပ်ကာလ ကို တစ်နှစ် စတင်ခွင့်ပြု လိုက်ကြောင်းသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ စက်တင်ဘာ (၇) ရက်စွဲ ဖြင့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် သက်ဆိုင်ရာများကို အသိပေးထားကြောင်း သိရသည်။

အဆိုပါ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်)Tourist Visa on Arrival အား စမ်းသပ်ကာလ (၁)နှစ် ကို ၂၀၂၃ ခုနှစ်၊ (၈ )လပိုင်း (၃၀) ရက်မှ စတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီး ဌာန အနေဖြင့် “Welcome Russia Program in Myanmar” ဟူသော ခေါင်းစဥ်ဖြင့်ရုရှားခရီးသွား ဧည့်သည်များ ဝင်ရောက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

အစိမ်းရောင်ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေ

Travelling Journal

ကျေးလက်သဘာဝ ဆန်ဆန် အစိမ်းရောင် ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ဘားအံမြို့က ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေပြီး သွားရောက် လည်ပတ်မှုများနေ​ကြောင်း သိရသည်။

ဘားအံမြို့သည် မိုးရာသီကာလတွင် စိမ်းစိုနေသည့်စပါးခင်းများနှင့် လှပနေသော ကြောင့် ယခုကာလ၌ ဧည့်သည်များမှာ ဘားအံသို့သွားရောက်လည်ပတ်မှုများပြားခြင်းဖြစ်ကြောင်းသိရသည်။

ခရီးသွားများလာရောက်လည်ပတ်ပါက စိတ်ကျေနပ်မှုရရှိစေရန် ဒေသခံခရီးသွားဝန်ဆောင်မှုပေးနေသူများကလည်း Mobile Phone Photo Services များကိုပါ ထည့်သွင်းပေးလာကြောင်း အဆိုပါ ဝန်ဆောင်မှုလုပ်ကိုင်နေသည့် ဒေသခံဧည့်လမ်းညွန်တစ်ဦး က Travelling သို့ ပြောသည်။

Green Season ကာလတွင် ဘားအံမြို့သို့ ပြည်တွင်းခရီးသွားဧည့်သည်များသွားရောက်လည်ပတ်ရန် ဆွဲဆောင်လာနေပြီး လက်ရှိကာလများတွင် ပြည်တွင်းခရီးသွားဧည့်သည်ကိုသာ အဓိက ဆွဲဆောင်နေရကြောင်း ကရင်ပြည်နယ်ဟိုတယ်ခရီးတာဝန်ခံက Travelling သို့ ပြောသည်။

ယခင်က ဘားအံ မြို့သို့ ခရီးသွားအများစုသွားရောက်ရာတွင် Sightseeing ကိုသာ အဓိ က ထားခဲ့သော်လည်း လက်ရှိတွင် သမာရိုးကျလမ်းကြောင်းများမှ ခွဲထွက်ပြီး Mini Photo Trip ပုံစံများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ကာ ဝန်ဆောင်မှု ပေးနေကြောင်း ဒေသခံ တစ်ဦးက Travelling သို့ပြောသည်။

လက်ရှိ ကာလတွင် ဘားအံမြို့၏ Photo Point
များအဖြစ် ခရီးသွား ဧည့်သည် များ အကြား ပေါ်ပြူလာ ဖြစ်လာသည့်နေရာများမှာ ကော့မရမ်းရွာ၊ ထွန့်ပတိုင်၊ လှိုင်ကားကျေးရွာရှိ လှိုင်ကား​ ရေတံခွန် နှင့် ကော့နန်းသာရွာ Photo Point များသို့ ခရီးသွားများ အဓိက သွားရောက်လည်ပတ်နေကြောင်းသိရသည်။

ထို့ပြင် ကော့မရမ်းရွာ သည် အရှေ့တောင်အာရှနိုင်ငံများက ပေးအပ်သည့် Sustainable Tourism Award (2022 )ဆု ရရှိခဲ့ သည့် ကျေးရွာ တစ်ခု ဖြစ်ကြောင်း သိရသည်။

ပုံ/စာ – ကော့မရမ်းကျေးရွာသို့ သွားရောက်လည်ပတ်နေကြသည့် ပြည်တွင်းခရီးသွားတစ်ချို့ကို တွေ့ရစဥ်။
Photo Thura Oo

ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ (၂၃) ခုကို ထိုင်းသံရုံးရွေးချယ်

Travelling Journal

ထိုင်း ဗီဇာဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက်
ရန်ကုန် အ​​ခြေစိုက် မြန်မာခရီးသွားကုမ္ပဏီ(၂၃) ခုကို ထိုင်းသံရုံးက ရွေးချယ်ခဲ့ကြောင်း သိရသည်။

ရွေးချယ်ခံထားရသည့်ကုမ္ပဏီ(၂၃) ခုမှ တာဝန် ခံပြီး ထိုင်းဗီဇာလျှောက်ထားခွင့်ကိုရရှိခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ထိုင်းဗီဇာရရှိမှုကို လူကိုယ်တိုင်သံရုံးသို့သွားရောက်လျှောက်ထားရသော်လည်း
ဩဂုတ်လ ၂ ရက်မှ စတင်ပြီး ထိုင်းသံရုံးက ရွေးချယ်ထားသည့် ခရီးသွား လာရေးကုမ္ပဏီများမှတဆင့်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း သိရသည်။

“မြန်မာကုမ္ပဏီပေါင်း ၄၀၀ ကျော် လျှောက်ခဲ့ပါတယ်။ အဲဒီထဲကနေ အစ်မတို့အပါအဝင် ကုမ္ပဏီ၂၃ ခုကို ရွေးချယ်ခဲ့ပါတယ် ။ ကျွန်မ တို့ဆီဆက်သွယ်လိုက်တာနဲ့ ကုမ္ပဏီကနေ အစအဆုံး ဗီဇာရတဲ့အထိဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့်နယ်က ဗီဇာလုပ်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေသွားတယ်။
လူကိုယ်တိုင်မလာရပဲ စာရွက် စာတမ်းပို့ပေးရုံနဲ့ရပါတယ်။ တချို့က မြဝတီကနေ သွားချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ် “လို့ ဗီဇာဝန်ဆောင်မှု ရရှိတဲ့ Tango Travel &Tour မှ တာဝန် ရှိသူက Travelling သို့ ပြောသည်။

မိမိလျှောက်ထားလိုသည့် ဗီဇာကြေးပေါ်မူတည်ပြီး ၃၅ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ ထိ ရှိကြောင်းသိရသည်။

“အစ်မတို့ တင်ပေးပြီး အစ်မတို့ပဲ သံရုံးမှာ ပြန်ယူပေးရတာပါ။Visa fees က တော့ Tourist visa ဆိုရင် USD 40 ပါ ။ကိုယ်တိုင်သွားဖို့ အခက်အခဲ ရှိတဲ့ ခရီးသည်တွေ အစ်မတို့ဆီက တဆင့် တင်မယ်ဆိုရင် လူလိုက်စရာ မလိုဘူး ပေါ့နော် ။ တကယ်လို့ ခရီးသည်က ကိုယ်တိုင်တင်ချင်ရင်လည်း တင်လို့ရပါတယ်။ မနက် ၈ နာရီ တန်းစီပြီး ဝင်ရတယ်။ နောက်နေ့ Passport ကိုယ်တိုင် ပြန်ယူရတယ်။ အမတို့ဆီဆိုရင်တော့ အဲဒါတွေ လုပ်စရာ မလိုပါဘူး “ဟု Htoo Travels မှ တာဝန်ရှိသူ က Travelling သို့ပြောသည် ။

ချောင်းသာကမ်းခြေ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခု ဖော်ဆောင်

Travelling Journal

ပြည်တွင်းခရီးသွား အများဆုံး သွားရောက်လည်ပတ်ကြသည့် ချောင်းသာကမ်းခြေတွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း သိရသည် ။

ချောင်းသာကမ်းခြေမှ ကျောက်မောင်နှမ ဘက်ခြမ်းသို့ သွားရောက်သည့် လမ်းမဘေး၌ ပင်လယ်ကမ်းခြေကို ​နောက်ခံထားပြီး We Love ChaungTha စာသားပါသည့် ဆိုင်းဘုတ်ကို တပ်ဆင်သွားမည်ဖြစ်​ကြောင်းဟိုတယ် နှင့် ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန (ချောင်းသာ) မှ တာဝန်ရှိသူ က Travelling သို့ ပြောသည် ။

” New ChaungTha က မတည်ပြီး ကျန်တဲ့ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အလှူရှင်တွေစုပေါင်းပြီး အခုလိုဓာတ်ပုံရိုက်ကူးနိုင်မဲ့နေရာတစ်ခုကို ဖော်ဆောင်တာပါ။ ဒီလထဲတော့ စ လုပ်နေပါပြီ။ ၈ လပိုင်းမကုန်ခင်ပြီးဖို့ကြိုးစားနေပါတယ် “ဟု ချောင်းသာဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူဦးစီးဌာနက တာဝန်ရှိသူ က Travelling သို့ပြောသည်။

ပြည်တွင်းခရီးသွားများသွားရောက်လည်ပတ်ကြသည့် နေရာအများစုတွင် ဒေသနာမည်များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်သည့်နေရာများကို ဖော်ဆောင်ထား​​ကြောင်းသိရသည်။

လက်ရှိတွင် ချောင်းသာကမ်းခြေကို အမှီပြုပြီး ဟိုတယ် အလုံး ၄၀ ကျော်နှင့် နှင့် တည်ခိုခန်း ၅၉ လုံးရှိကြောင်း သိရသည်။

ပုံစာ – တည်ဆောက်သွားမည့်ပုံကြမ်းကိုတွေ့ရစဥ်။

ငွေဆောင်ကမ်းခြေ At The Sea ဟိုတယ်ရှေ့ ဒေသအခေါ် လင်းရှူးငါးတစ်ကောင် အလည်ရောက်၍ ပြန်လွှတ်ပေးခဲ့

#Travelling Journal

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ  At The Sea ဟိုတယ်ရှေ့သို့ Dolphin အမျိုးအစား ဒေသအခေါ် (လင်းရှူး) တစ်ကောင် အလည်ရောက်၍ သက်ဆိုင်ရာနှင့်ဟိုတယ်ဝန်ထမ်းများက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

” မနေ့က နေ့လည် ၁ နာရီကျော် လောက်မှာ ဟိုတယ်ရှေ့က ကမ်းခြေကို ကမ်းတင်လာတာ။ ငွေဆောင်ကမ်းခြေကို ခုလိုမ်ိဳးရောက်လာတာ လေးကြိမ်လောက်ရှိျပီ။ ဟိုတယ်ရှေ့က ကမ်းခြေကို လာတင်တာကတော့  နှစ်ကြိမ်လာက္ရွိပြီ။ ပင်လယ်နက်ရေစီးကြောင်းထဲ ပြန်လွှတ်ပေးခဲ့ပါတယ်”ဟု ယင်း ဟိုတယ်ပိုင်ရှင် က Travelling သို့ ပြောသည်။

အဆိုပါလင်းရှူးငါးများသည် ရှားပါးသည့် ရေနေ နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ပြီး မျိုးသုန်း ပျောက်ကွယ်တော့မည့် စာရင်းတွင် ပါနေသော်လည်း  လက်ရှိအချိန်ထိ အကောင်ရေ မည်မျှရှိသည်ကို မသိရှိရသေးကြောင်း သိရသည်။

ယင်းကဲ့သို့ လင်းရှူးများ ပင်လယ်ကမ်း​​စပ်သို့ ရောက်လာရခြင်း အကြောင်းရင်းများမှာ ရေအောက်ကြမ်းပြင် တုန်ခါမှုဖြစ်ခြင်း ၊အစာေနာက်လိုက်ခြင်းနှင့် ရေလမ္းကြောင်းလြဲသည့်အခါများတွင် ကမ်းစပ်သို့ ရောက်လာတတ်ကြပြီး ဒေသခံများအနေဖြင့် ယခုကဲ့သို့ လင်းရှူးငါးများ ကမ်းစပ်သို့ရောက်ရှိလာခြင်းမှာ နေမကောင်းခြင်းကြောင့် မှတ်ယူတတ်ကြလေ့ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ချောင်းသာ နှင့်ငွေဆောင်ကို တာဝန်ယူရသည့် တာဝန်ရှိသူက Travelling သို့ ပြောသည်။

အဆိုပါ လင်းရှူးငါးကို သက်ဆိုင်ရာနှင့် ဟိုတယ်ဝန်ထမ်းများက Speedboat နှင့် ခေါ်ဆောင်သွားပြီး ရေအေးစီးကြောင်း လမ်းကြောင်းထဲသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

သုံးရောင်ခြယ်မြို့ ဟု တင်စားရသည့် ပင်းတယမြို့တွင် အကြင်နာဥယျာဥ် အမည်ရှိ View Point ကိုမကြာမီ ဖွင့်လှစ်မည်

Travelling Journal

သုံးရောင်ခြယ်မြို့ဟု တင်စားခေါ်ဝေါ်ရသည့် ပင်းတယမြို့သို့ ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်ရာတွင် ဝင်ရောက် လည်ပတ်စရာ ဖြစ်လာမည့် အကြင်နာဥယျာဥ် အမည်ရှိ (AKYIN NAR GARDEN) View Point ကို မကြာမီ ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်​ကြောင်း အကြင်နာဥယျာဥ် ပိုင်ရှင် ဖြစ်သူက Travelling သို့ ပြောသည်။

အဆိုပါအကြင်နာဥယျာဥ်ကို ေျမဧက ၂.၃၅ ဧက ပေါ်တွင် ဖော်ဆောင်ထားပြီး နားနေဆောင်နေရာ( ဝါးတဲ )၊စပျစ်စိုက်ခင်း ၊ လေသာ ဆောင် ( ရှု့​ခင်းကြည့် လေသာဆောင်) ၊ ကြိုးတံတား စသည့် Photo Booths များကို ထည့်သွင်းထား​​ကာ ရပ်နီးရပ်ဝေး ခရီးတထောက် ဝင်ရောက်အပန်းဖြေနားနိုင်အောင်ရည်ရွယ်ပြီး တည်ဆောက်ထား​ကြောင်းသိရသည်။

” အကြင်နာဥယျာဥ္ ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် အေးချမ်းစွာ ခေတ္တလာရောက် အနားယူနိုင်အောင် Garden Land scaping ကို သေချာဖန်တီးေပးထားပါတယ္။နောက်ပြီးတော့ mini golf green field ပါ ထည့်သွင်းတည်ဆောက္သြားဖုိ႔လဲ ရွိပါတယ္။ ပင်းတယဘက်သွားရင် ပထမဆုံးသောမဝင်မဖြစ် လည်ပတ္ရမဲ့ တစ္နေရာဆိုတာ အသေချာပဲ”ဟု အကြင်နာဥယျာဥ် ပိုင်ရှင် ဖြစ်သူက Travelling သို့ပြောသည်။

ထို့ပြင် ၁ ဧက ခွဲ ရှိသည့် 360 View ကြည့်ရှု့နိုင်မည့် တောင်ပေါ်မှ လည်း ရှုခင်းများကို ကြည့်ရှုနိုင်ပြီး တောင်ပေါ်၌ နောက်ပိုင်း များတွင် Camping Site ကို ဖော်ဆောင်သွားမည် ဖြစ်​​ ကြောင်း သိရသည်။

အဆိုပါ ဥယျာဥ်ကို ပင်းတယ – အောင်ပန်း ကားလမ်းဘေး သမိုင်းဝင် ဆံတော်တောင်သွားတဲ့ လမ်း ၊ ကန်ထောင့်ကျေးရွာ (ပွေးလှ)တွင် တည်ရှိ​​ပြီး လက်ရှိတွင် ၈၅ ရာခိုင်နှုန်း ခန့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

Photo Bo Zaw