သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ငပလီကမ်းခြေက ကြယ်လေးပွင့် အဆင့် Amara Ocean Resort ပြန် လည် ဖွင့်လှစ်

Travelling journal

သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် ငပလီကမ်းခြေက ကြယ်လေးပွင့်အဆင့် Amara Ocean Resort ကို ပြန်လည် ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

အဆိုပါ ဟိုတယ်သည် သံတွဲလေဆိပ် မြောက်ဘက် ဟိုတယ် ဇုန်( ၁) ထဲတွင် တည်ရှိပြီး မြေဧက ၂၀ ပေါ်တွင် ဘန်ဂလို (၂၈ ) လုံးကို တည်ဆောက်ထားကာ လက်ရှိတွင် ဘန်ဂလို (၁၄) လုံးသာ ဖွင့်လှစ် ပေးထားကြောင်းသိရသည်။

” နှစ်နှစ်ခွဲ ကျော်လောက်ထိ တောက်လျောက် ပိတ်ထားခဲ့တာပါ။ ဟိုတယ်လုပ်ငန်းကလည်း အဆက်ပြတ်နေပေမယ့် ကြိုးစား ပြီး ပြန်စတင်ဖွင့်လှစ်သွားမှာပါ။သေချာတာကတော့ ကျွန်မ တို့ အကောင်းဆုံး ဝန်ဆောင်မှု တွေ ပေးဖို့ ပြင်ဆင်ထားပါတယ်”ဟုယင်းဟိုတယ်၏ တာဝန် ရှိသူ က Travelling သို့ပြောသည်။

လက်ရှိတွင် အခန်းခစျေးနှုန်းများမှာ တစ်သိန်းခွဲ မှ စတင်ပြီး နှစ်သိန်းခွဲ ထိ ရှိသော်လည်း လာရောက်တည်းခိုသည့် ဧည့်သည်များ၏ တည်းခိုမှု ရက်အလိုက် အပေါ် ညှိနှိုင်းဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့​ပြင် ငပလီကမ်းခြေသို့ ငသိုင်းချောင်း – ဂွ လမ်း မှ သွားရောက် လည်ပတ်နိုင်ကြောင်းလမ်းခရီးမှာ အဆင်ပြေ ချောမွေ့သည်ဟု ယင်း လမ်းကြောင်းမှ သွားရောက် လည်ပတ်ခဲ့သည့် ခရီးသွားတစ်ဦးက Travelling သို့ သူ၏ အမြင်ကို ပြောသည်။

Photo Amara Ocean Resort

နောင်ချိုကြီးကျေးရွာတွင် တိမ်ပင်လယ်စခန်းသစ် နှစ်ခု မကြာခင် ဖွင့်လှစ်တော့မည်

Travelling Journal 

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့၊ နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် စခန်းသစ် နှစ်ခု ကို မကြာခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။

မကြာခင် ဖွင့်လှစ် မည့် တိမ်ပင်လယ်စခန်းသစ် နှစ်ခုမှာ Win Villa နှင့် Naykyar Villa တို့ဖြစ်ကြောင်း သိရသည်။

” Cloudy Villa ကတော့ အောက်တိုဘာ (၈) ရက် ကနေစပြီး ဖွင့်လှစ် ခဲ့တာပါ။ ဒီနှစ် ခုကိုတော့ နိုဝင်ဘာလပိုင်း အမှီ ဖွင့်လှစ် ဖို့ ပြင်ဆင်နေပါပြီ”ဟု Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။

Cloudy Villa ကိုတွေ့ရစဉ်

လက်ရှိဖွင့်လှစ်ထားသည့် Cloudy Villa တွင် ရွက်ဖျင်တဲ အလုံး (၂၀)နှင့် ဘန်ဂလို လုံးချင်းအိမ် (၁၀) လုံး ​ဖွင့်လှစ်ထားပြီး နှစ်ယောက်အိပ် Tent ​ငှားရမ်းမည်ဆိုပါက  ကျပ် သုံးသောင်း ကျသင့်မည်ဖြစ်ကာ လေးယောက်အိပ် Tent ငှားရမ်းမည်ဆိုပါက ကျပ် ငါးသောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေးယောက် တည်းခိုနိုင်သည့် ဘန်ဂလို ငှားရမ်းခမှာ တစ်ညလျှင် ကျပ် ခုနှစ်သောင်း ဖြစ်ပြီး ၊ ခြောက်ယောက်တည်းခိုနိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် တစ်သိန်းသုံးသောင်း ဖြစ်ကာ ရေချိုးခန်း၊ အိမ်သာ တွဲလျက် ပါရှိကြောင်း သိရသည်။ 

” လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် သွားလည်ခဲ့သေးတယ်။အခုလောက် သိပ်မလှဘူး။ အခုကတော့  ကြည့်လို့ကောင်းသွားပါတယ် “ဟု ပြီးခဲ့တဲ့ ရက်ပိုင်း​က သွားရောက်လည်ပတ်ခဲ့သည့် ဧည့်သည် တစ်ဦး​က သူ၏ အမြင်ကို Travelling သို့ ပြောသည်။

Cloudy Villa ကိုတွေ့ရစဉ်

လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့်  တိမ်ပင်လယ်စခန်းများမှာ တိမ်ပင်လယ် ဦးထွန်းရွှေ ၊  စော်ဘွားတောင်  ၊ သတ္တမမြောက် ကောင်းကင်ဘုံ  ၊ Cherry Hill Resort  ၊ Sky Resort  ၊ Cotton Hill  ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း  စသည့် တိမ်ပင်လယ်စခန်း (၁၀) ခုခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 

နောင်ချိုမြို့​ပေါ်မှ တိမ်ပင်လယ် အလှကိုအကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာနိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။ 

Photo Sai Noon Phoo/  Cloudy Villa FB/ 7th Heaven FB

ကလောမြို့အဝင် ဆိုင်းဘုတ် အနီး ရှမ်းမောင်နှံရုပ်ထု စိုက်ထူမည်

ကလောမြို့ရဲ့လည်ပတ်စရာ တစ်ခုဖြစ်တဲ့တောင်မင်းကြီးခုံပြာ View Point ကို တွေ့ရစဥ်။

Travelling Journal

ခရီးသွား မြို့တော် ​ဖြစ်သည့် ကလောမြို့သို့ ဧည့်သည် များ ပိုမိုလာရောက်လည်ပတ်နိုင်ရန် ရည်ရွယ်၍ ကလောမြို့အဝင် ဆိုင်းဘုတ် အနီးတွင် ရှမ်းမောင်နှံရုပ်ထု ကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

” ​ကလောမြို့ကို အဆင့်မြင့်အောင် လုပ်ငန်းစဥ် ငါးရပ်နဲ့ ဒီဘတ်ဂျတ်နှစ်ထဲ လုပ်ဆောင်သွားမှာပါ။ ကလောရဲ့ မောမြေဦးပန်းခြံကို အဆင့်မြှင့်မယ်။ LED Bill-board ထောင်မယ်။အဲဒီမှာ ကလောမြို့ရဲ့လည်ပတ်စရာ တွေနဲ့ အစားအသောက် အဲလိုမျိုးတွေကို ရိုက်ကူးပြသ သွားမှာပါ။ လမ်းမီးတွေ လုပ်မယ်။ ကလောမြို့အဝင် ရှမ်းမောင်နှံရုပ်ထု စိုက်ထူမယ်။ နောက်ပိုင်း မှာ တိုင်းရင်းသားအစား အသောက် ပြပွဲတွေ အဲဒါမျိုးတွေ ပါ လုပ်ဆောင်သွားမှာပါ”ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦး ထင်အောင်နိုင် က ​ပြောသည်။

ထို့်​​​ပြင်ရှမ်းပြည်နယ် အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုနှစ်အတွင်း ခရီးသွား လုပ်ငန်းအတွက် ငွေကျပ် သိန်းပေါင်း တစ်သောင်း ကို သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွား များသည် ကလောမြို့၏ သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ထားသည့် ဓာတ်ပုံရှူခင်း ကြည့်ကွက်များစွာရှိသည့် နေရာများသို့ သွားရောက် အပန်းဖြေလည်ပတ်မှု များပြားလာကြောင်း သိရသည်။

Photo kalaw Travelling