သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်ပြီး Safari Tents ဖြင့် ညအိပ်နိုင်မည့် Eco-Activity ကလောတွင် စတင်တော့မည်

Travelling Journal

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့တွင် သည်းထိတ်ရင်ဖို စွန့်စားမှုများပြုလုပ်နိုင်မည့် အပြင် တောတွင်းအခြေပြု Safari Tents ဖြင့် ညအိပ်နိုင်မည့် ပထမဆုံး Eco-Activity ကို စတင်တော့မည် ဖြစ်ကြောင်းသိရသည်၊၊

အဆိုပါ Eco-Activity မြေ ၁၀ ဧက နီးပါး ပေါ်တွင် ဖော်ဆောင်ထားပြီး တောတွင်းအခြေပြု Safari Tents တွင် ညအိပ်တည်းခိုကာ စွန့်စားမှုမျိုးစုံကို ပြုလုပ်နိုင်မည့် Activity များထည့်သွင်း သွားရန် စီစဥ်ပေးထားကြောင်း Kalawe Glamping & Eco-Activities မှ တာဝန် ရှိသူက Travelling Journal သို့ ပြောသည်။

စွန့်စားမှုပြုလုပ်နိုင်မည့် Activity များမှာ Zipline Adventure ၊Canopy Sky Walk &Monkey Walk ၊Canopy Sky Walk၊Jacob Ladder ၊ Abseil & Monkey walk ၊ Trigle High Rope Adventure ၊Natural Rock Mountain Climbing & Abseiling Adventure စသည့် စွန့်စားမှုများကို ပြုလုပ်နိုင်ရန် ထည့်သွင်းထားကြောင်းသိရသည်။

ယင်း Activity များကိုပြုလုပ်နိုင်ရန်အတွက် ပြည်ပမှ ပညာရှင်ကို ငှားရမ်းပြီး ပူတာအို ဧည့်လမ်းပြတစ်ဦးနှင့် ကလော ဒေသခံ ဧည့်လမ်းပြစုစုပေါင်း( ၈ ) ဦးကို လက်တွေ့ ကွင်းဆင်းသင်ကြားပေးနေကြောင်း သိရသည်။

“ကလောမြို့မှာ အခုလို Activity တွေ ပေါ်ထွက်လာတာ ကောင်းပါတယ်။ လာစီးကြတဲ့လူငယ်တွေ သဘောကျတာကို တွေ့ရပါတယ်။ အန္တာရာယ်လည်းမများတော့ စိတ်ဝင်စား ကြတယ်။ သဘာဝကိုမဖျက်ထားပဲ သစ်ပင်တွေကြားမှာ ဖန်တီးပေးထားကို တွေ့ရပါတယ် “ဟု ကလောဒေသခံဧည့်လမ်းညွန်က Travelling သို့ ​ပြောသည်။

ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားခြင်းများ ခံရပြီး သဘာဝ တောတောင်ရှုခင်းကြည့် များနှင့် တွဲဖက်ကာ ဓာတ်ပုံရှူခင်း ကြည့်ကွက်များစွာ ရှိပြီး ခရီးသွားဧည့်သည် များကို ဆွဲဆောင်လာနိုင်သည့် မြို့တော် ဖြစ်လာကြောင်းသိရသည်။

Photo-KalawHillLodge/Tinsoeaung

နှစ်နှစ်နီးပါး ပိတ်ထားခဲ့သည့် ကြယ်ငါးပွင့် အဆင့်မှီ VILLA INLE RESORT ကို ပြန်ဖွင့်လှစ်ရန်ပြင်ဆင်

Travelling Journal

ကမ္ဘာကျော် အင်းလေးကန် ၏ အရှေ့ဘက်ကမ်းစပ် မိုင်းသောက် တွင် တည်ဆောက် ထားသည့် ကြယ်ငါးပွင့် အဆင့်မှီ VILLA INLE BOUTIQUE RESORT ကို ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ယင်း ဟိုတယ်က တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

၂၀၂၀ မတ်လကတည်းက ပိတ်ထားခဲ့ပြီး မကြာခင် ယင်းဟိုတယ်ကို ပြန်လည် ဖွင့်လှစ် ရန် ​ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

“ကြားကာလထဲမှာ ခဏလောက်ဖွင့်လိုက်သေးတယ်။ ဖွင့်သာဖွင့်ထားတာ ။ လူက မရှိဘူး လေ။ အခုတော့ ဟိုတယ်ကို ပြန် Run ဖို့ ဆုံးဖြတ်ပြီးဝန်ထမ်း တွေလည်း အကုန် အလုပ်တွေ ပြန်ခေါ်နေပါပြီ”ဟု ယင်း ဟိုတယ်က တာဝန် ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

ယင်းဟိုတယ်ကို မြေဧက (၂၀) ကျော်ပေါ်တွင် သဘာဝကို အခြေခံ၍ တည်ဆောက်ထားပြီး အခန်းပေါင်း (၂၇)ခန်းရှိ ကာ ပြည်တွင်းခရီးသွားများ အများဆုံး မဖြစ်မနေသွားရောက် လည်ပတ် ကြသည့် မိုင်းသောက် တံတား အနီးတွင် ယင်းဟိုတယ်ကို တည်ဆောက် ထားကြောင်း သိရသည်။

ယခင်က နှစ်ယောက် အိပ်ခန်း တစ်ညလျှင် ကန်ဒေါ်လာ ၂၅၀ မှ ၃၀၀ ထိ ရှိ​သော်လည်း ယခုအခါ ထက်ဝတ်ခန့်နီးပါး အခန်းခနှုန်းထားများကို လျှော့ချထားကြောင်းသိရသည်။

” နှစ်ယောက်ခန်းတညကိုပါ ကျပ် ၁၇၅၀၀၀ နဲ့ ရောင်းမယ်လို့ မှန်းထားပါတယ်။ ဒါပေမဲ့ခုလောလောဆယ် ကျပ် ၁၄၇၀၀၀ နဲ့ရောင်းနေပါတယ်။ OTAတွေကတော့ ဒေါ်လာနဲ့ရောင်းပါတယ်”ဟု ယင်းဟိုတယ်က တာဝန်ရှိသူ က Travelling သို့ ပြောသည်။

Photo VillaInleResort

ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး CM Hostel စတင်ဖွင့်လှစ်

Travelling Journal

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့တွင် မြန်မာနိုင်ငံသား တစ်ဦး က ခရီးသွား များလာရောက်တည်းခိုပါက စျေးအသင့်အတင့်ဖြင့် တည်းခိုနိုင်ရန်ရည်ရွယ်၍
CM Hostel ကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်း Hostel ကို ချင်းမိုင်ဂိတ်အနား၊ ချင်းမိုင်ဂိတ်ဟိုတယ်နားတွင် ဖွင့်လှစ် ထားပြီး နှစ်ယောက်အိပ် တစ်ခန်းလျှင် တစ်ည တည်းခိုပါက ဘတ် ၃၅၀ဖြစ်ပြီး အခန်းတွင်းဝန်ဆောင်မှု အဖြစ် Aircon နှင့် free wifi လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် တစ်လချင်းပေးပြီး တည်းခိုပါကလည်း စျေးနှုန်း ကို ထပ်မံ အဆင်ပြေအောင် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ယင်း Hostel ပိုင်ရှင် ကTravelling သို့ ပြောသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မြို့သည်တောင်တန်းများဝန်းရံပြီး ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းများ ၊ လည်ပတ်ချင်စရာများစွာရှိပြီးကျုံးပတ်လည်ဝန်းရံထားသည့် နန်းမြို့ရိုးများ နှင့် ခရီးသွား များကို ဆွဲဆောင်ထားသည့် မြို့တမြို့လည်းဖြစ်ကြောင်းသိရသည်။

Photo – ဘန်ကောက်သွားမယ် Fb

ဟိုတယ် လုပ်ငန်းများ ပြန်ရပ်တည်ရန်အတွက်ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ ​လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ထိ ရှိလာ

Travelling Journal

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအ​ခြေအနေများအကြား ဟိုတယ် လုပ်ငန်းများ ရပ်တန့်ခဲ့ရပြီး လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များတွင် ချေးငွေ လျှောက်ထားသည့် ဟိုတယ် (၉၆) လုံး ရှိနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) မှ တာ ဝန်ရှိသူတစ်ဦးက Travelling Journal သို့ ပြောသည်။

“ကိုဗစ်နဲ့ လုံးလည်ချာလည်ဖြစ်နေတဲ့ ဟိုတယ် တွေ များ ပါတယ်။ ပြန်နလန်ထဖို့ဆိုတာကလည်း မတည်ရင်းနှီးငွေ လိုသေးတယ်။အဲဒီထဲမှာ ရန်ကုန် ဟိုတယ် တွေထက် နယ်က ဟိုတယ်တွေက အတော် ဒုက္ခ ရောက်ကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အသင်းက အသင်းဝင်ဟိုတယ်တွေကို အာမခံပေးပြီး လုပ်ငန်းရှင်နဲ့ ဘဏ်အကြား တာဝန်ယူမှု နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။လက်ရှိ ချေးငွေ တင်ထားတဲ့ ဟိုတယ် (၉၆) လုံးရှိပါပြီ”ဟု ဗဟိုအတွင်းရေးမှူး က Travelling Journal သို့ ပြောသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)လက်အောက်တွင် ပြည် နယ်နှင့် တိုင်းအလိုက် ဖွဲ့စည်းထားသည့် ဟိုတယ်အသင်းဇုန်( ၂၀ ) ထိ ရှိနေပြီးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လုပ်ငန်းရှင်တွေက ဘဏ်တွေဆီကနေ ချေးငွေ ရဖို့ အပေါင်ပေးပြီးချေးထားကြပါတယ်။ကိုဗစ် ဖြစ်ပြီးနော​က် လုပ်ငန်းတွေ မရပ်တည်နိုင်တော့ဘူး။အခု ပြန်မတည်ဖို့က ရင်းနှီးငွေ မရှိတော့ဘူး ။ ဒါပေမယ့်ကျွန်တော်တို့က အရင်ဘဏ်တွေမှာ ဟိုတယ် ဂရံအပေါင်တွေ ပေးပြီးထားပြီးပြီ ။ အခု ထပ်ချေးမယ်ဆိုရင်ဘဏ်ကလည်း ထပ်မပေးဘူး။ဒါမို့ ဝန်ကြီး ဌာနကပဲ ဖြစ်ဖြစ်ဗဟို အသင်းက ပဲ ဖြစ်ဖြစ် ဘဏ်လုပ်ငန်းရှင်များအကြားမှာ တရားဝင် ကြေညာချက်ထုတ်ပေးရင် ပိုကောင်းတာပေါ့။ တကယ်တကယ့်ကျရင် ဘဏ်တွေက မပေးကြဘူးလေ။ ကျွန်တော် တို့ရဲ့ အခက်အခဲ တွေက အဲဒါတွေ ပါ “ဟု ဟိုတယ်လုပ်ငန်းရှင််တစ်ဦးက Travelling Journal သို့ ပြောသည်။

လက်ရှိတွင် UAB ဘဏ် နှင့် ဧရာဝတီဘဏ်တွင်ဟိုတယ် များချေးငွေ ရရန် ဗဟို အသင်း ၏ထောက်ခံချက်များဖြစ် ချေးငွေ ရယူနိုင်ရန်ဆောင်ရွက်လုပ်ကိုင်ပေးနေကြောင်း သိရသည်။

ဘဏ်များတွင် အပေါင်ပေးပြီးချေးငွေရယူနိုင်သည့်JICA LOAN နှင့် ၁၀ ရာခိုင်းနှုန်း အတိုးပေးပြီးငါးနှစ် သက်တမ်းချေးရသည့် ချေးငွေ အမျိုးအစား အနက် လုပ်ငန်းရှင်အများစုက ၁၀ ရာခိုင်းနှုန်း ပေးရသည့် ချေးငွေ အမျိုးအစား ကို ပိုပြီး ချေးယူကြကြောင်းသိရသည်။

ခရီးသွား လုပ်ငန်း ရပ်တန့်ခဲ့ရသည့်သုံးနှစ်ကျော်ကာလအတွင်း ရန်ကုန် မြို့နှင့် နယ်များရှိဟိုတယ်အများစုသည် ပြန်ရပ်တည်ရန်ခက်ခဲသဖြင့် ဟိုတယ် အများစုကို ပြန်လည်ရောင်းချမှု များ များပြားခဲ့ ကြောင်းသိရသည်။

ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်း

PHOTO NEWS

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို) က THE TEACHING OF BUDDHA စာအုပ်များ လှူဒါန်းပွဲကို ယနေ့ စက်တင်ဘာ ၁၀ ရက်က နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ကမ္ဘာအေး ကုန်းမြေ ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ပေးအပ် လှူဒါန်းခဲ့သည်။
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် စာသင်ကြားနေကြသည့် စာသင်သား သံဃာ အပါး( ၄၀၀) အား THE TEACHING OF BUDDHA စာအုပ်များကို ပေးအပ်လှူဒါန်း ပေးခဲ့ပြီး ပါချုပ်ဆရာတော် နှင့် စာချ ဆရာတော် (၆၉)ပါးကို ဝါဆိုသက်န်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ THE TEACHING OF BUDDHA စာအုပ်များကို ဂျပန် သာသနာပြုအဖွဲ့က ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ဗဟို)အသင်းသို့ ပေးအပ်လှူဒါန်း ခဲ့သည့်စာအုပ်များကို အသင်းမှ ထပ်ဆင့် ပြန်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

Travelling journal/Activity

ကျိုင်းတုံ မြို့၏ အထင်ကရ လွိုင်မွေ တောင်နှင့် ဗုဒ္ဓဥယျာဥ် အကြား Cable Car စီမံကိန်း ဆောင်ရွက်ရန် စီစဥ်နေ

ပြီးခဲ့သည့်နှစ်ဦးပိုင်းတွင် လွိုင်မွေ ရှုခင်းတစ်ခုကို တွေမြင်ရစဥ် #Photo SaiNge

Travelling Journal

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့တွင်Cable Car စီမံကိန်း တစ်ခု ကို ဆောင်ရွက်ရန် စီစဥ်နေ ကြောင်း သိရသည်။

အဆ​ိုပါ Cable Car စီမံကိန်း တစ်ခုကို ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်များစွာတစ်စုတဝေးထဲ ကျန်ရှိနေသေးသည့်အပြင် ပြည်တွင်းပြည်ပ ခရီးသွား များကို ဆွဲဆောင်ထားသည့် လွိုင်မွေ တောင်နှင့် ဗုဒ္ဓဥယျာဥ် အကြား ပြေးဆွဲနိုင်ရန် စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။

“Cable Car လုပ်ဖို့ လျာထားထားပါ။ လက်ရှိအနေအထားမှာ တော့ ​မြေ ပြင် ကွင်းဆင်းပြီး ဖြစ်နိုင်ချေ ရှိမရှိ ဆန်းစစ်နေတဲ့ ကာလပဲ ရှိပါသေးတယ်။ လောလောဆယ် ပညာရှင် တစ်ဖွဲ့ တော့လာရောက် ကြည့် ပြီးပါပြီ “ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ် အုပ်ချုပ်ရေးမှူး က Travelling Journal သို့ ပြောသည်။

2020 ခုနှစ်က ဗုဒ္ဓ ဥယျာဥ်အဝင်ကို တွေ့ရစဥ်

လွိုင်မွေမြို့သည် တောင်စခန်းမြို့ငယ်လေးဖြစ်ပြီး ဇန်နဝါရီလတွင် ချယ်ရီပွင့်သည့် အချိန်ကာလဖြစ်သော ကြောင့် ယင်းကာလတွင် ခရီးသွား များ လာရောက် လည်ပတ် မှု များပြားကြောင်း သိရသည်။

“ကျိုင်းတုံ မှာ Cable Car လုပ်ဖို့ စီစဥ် တယ် ဆို ကောင်းပါတယ်။ ကျွန်တော် တို့မြို့လေးက ခရီးသွား တွေ အများအပြား မလာရောက်နိုင်ပေမယ့် တကယ့်ကို ရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ် များစွာ ရှိနေတဲ့ မြို့လေးပါ။ နောက်ပြီး ကျွန်တော်တို့မြို့ကို Green Clean City မြို့ တော် ဖြစ် အောင် ကြိုးစား နေတယ် “ဟု ကျိုင်းတုံ စည်ပင် သာယာရေးကော်မတီ မှ တာဝန် ရှိသူတစ်ဦး က Travelling journal သို့ ပြောသည်။

လွိုင်မွေတောင်စခန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ (၅၅၄၂) အမြင့်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး ရာသီဥတု အေးမြပြီး ကိုလိုနီခေတ်ကာလက အင်္ဂလိပ်အာဏာပိုင်များ ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သဖြင့် မြို့ပေါ်တွင် ကိုလိုနီခေတ်လက်ရာများဖြစ်သော နှစ်တစ်ရာ စံအိမ် (Governor House)၊ Catholic Church၊ စာတိုက်ဟောင်း စသည့် လေ့လာ လည်ပတ်စရာ အဆောက်အဦအများအပြား ကျန်ရှိနေသည့် တောင်စခန်းမြို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျိုင်းတုံ မြို့အတွင်း အထင်ကရနေရာများဖြစ်ကြသည့် မဟာမြတ်မုနိဘုရားကြီး၊ စွမ်ခမ်း စေတီတော်၊ ရှေးဟောင်းဝပ်အင်းဘုန်းကြီးကျောင်း၊ဗုဒ္ဓဥယျာဉ်၊ ကျိုင်းတုံရေတံခွန်၊ ဟိုကျင်းအာခါကျေးရွာ၊ ဟိုလန်း အားခီးရွာ၊ကမ္ဘာအေးစေတီနှင့် ကိုရင်လေးကျောင်း၊ ယန်းလောဘုန်းကြီးကျောင်း၊ မြရွှေရည်ရေပူစမ်း၊ နောင်တုံကန်၊ လွယ်ပီးကော်လာ တောင်တန်းရှုခင်း၊ ထပ်စွမ်မော့တိမ်ပင်လယ် တို့မှာပြည်တွင်းခရီးသွားများ အများဆုံးသွားရောက်လည်ပတ်ကြသည့် Tourist Attraction နေရာများဖြစ်ကြောင်း သိရသည်။

Photo TravellingJournal