All Travel Guides
ကလောမြို့မှာ Adventure Activity မျိုးစုံကို တစ်နေရာထဲပြုလုပ်နိုင်တဲ့ Glamping Eco Resort ဆီ သွားလည်ကြမယ်
ကလောမြို့မှာ Adventure Activity မျိုးစုံကို တစ်နေရာထဲပြုလုပ်နိုင်တဲ့ Glamping Eco Resort ဆီ သွားလည်ကြမယ်
Travelling Journal ခရီးသွားမြို့တော်လို့တင်စားကြတဲ့ ကလောမြို့လေးမှာ ခရီးသွားဧည့်သည်တွေအတွက် လည်ပတ်နိုင်တဲ့ခရီးစဥ်နေရာအသစ် အသစ်တွေအများကြိးထဲမှ သဲထိတ်ရင်ဖို စွန့်စားခန်းတွေကို တစ်နေရာထဲမှာပြုလုပ်နိုင်တဲ့ Glamping Eco-activities Resort အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ Glamping Eco-activities Resort ကဆိုရင် ကလောမြို့ရဲ့ပထမဆုံး သည်းထိတ်ရင်ဖို စွန့်စားမှုခရီးစဥ်တွေကို ပြုလုပ်ပေးနိုင်တဲ့နေရာတစ်ခုဖြစ်ပြီး တောတွင်းအခြေပြု Safari Tents နဲ့ ညအိပ်နိုင်အောင် ဖန်တီးပေးထားတဲ့ဟိုတယ်တစ်ခုလည်းဖြစ်ပါတယ်။ မြေဧက ၁၀ ဧက နီးပါးကျယ်တဲ့ နေရာမှာ ဖန်တီးထားပြီးတော့ ညအိပ် တည်းခိုနိုင်ပြီး စွန့်စားမှုမျိုးစုံ ကို ပြုလုပ်နိုင်မှာဖြစ်သလို ညမအိပ်ဘဲ အပြင်ကနေ လာရောက်ပြီး activity ပြုလုပ်ချင်တဲ့ ခရီးသွားဧည့်သည်တွေအတွက်လည်း စီစဥ်ပေးထားပါသေးတယ်။ Eco-activities Resort မှာ စွန့်စားမှုတွေကို ပြုလုပ်နိုင်တဲ့ Activity တွေ များစွာရှိတဲ့အထဲကမှ ခရီးသွားအများစုကတော့ Zipline Adventure ၊Canopy Sky Walk &Monkey Walk ၊Canopy Sky Walk၊Jacob Ladder ၊ Abseil & Monkey walk ၊ Trigle High Rope Adventure ၊ Natural Rock Mountain Climbing & AbseilingAdventure စတဲ့ စွန့်စားမှုတွေကို ပိုပြီး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ ကလောမြို့မှာ အခုလို Activity တွေ ပေါ်ထွက်လာတာ အရမ်းကောင်းပါတယ်။ လာစီးကြတဲ့လူငယ်တွေ သဘောကျတာကို တွေ့ရပါတယ်။ အန္တာရာယ်လည်း မများတော့ စိတ်ဝင်စားကြတယ်။ သဘာဝကို မဖျက်ထားပဲ သစ်ပင်တွေကြားမှာ ဖန်တီးပေးထားကို တွေ့ရပါတယ် လို့ ကလောဒေသခံဧည့်လမ်းညွှန်တစ်ဦးက Travelling ကို ပြောပြပါတယ်။ " သေချာဂရုစိုက်ပြီး လိုက်ပါပေးတဲ့ Guide လည်းရှိပါတယ်။ ကိုယ်ကိုယ့်ကိုယုံကြည်မှုကိုပိုရရှိစေတယ်။ ကျန်းမာကြံ့ခိုင်စေတယ်။ စိတ်ကိုခွန်အားဖြစ်စေတယ်။ မိသားစုလိုက် အမှတ်တရတွေကိုဖန်တီးရရှိစေနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်တရကောင်းတွေကို ရရှိစေနိုင်ပါတယ်" လို့ Glamping Eco-activities Resort ရဲ့ပိုင်ရှင်က Travelling ကို ပြောပါတယ်။ ကလောမြို့ကို ရောက်ခဲ့ရင် သွားလည်ဖြစ်အောင်လည်ပတ်ရမယ့်နေရာတစ်ခုအဖြစ် ဖန်တီးပေးထားသလို သစ်တောအုပ်လေးထဲမှာ တည်ရှိပြီး စိမ်းစိုတဲ့တောင်တန်းအလှနဲ့အတူ ထင်းရှူးပင်များကြားထဲမှာ သီးသန့်ကမ္ဘာငယ်မျိုးလေးဖြစ်အောင်ဖန်တီးပေးထားတာမို့လာရောက်လည်ပတ်ကြတဲ့ ခရီးသွား ဧည့်သည်တွေရဲ့စိတ်ဝင်စားခြင်းကို ရရှိစေပါတယ်လို့ Glamping Eco-activities Resort ရဲ့Operation အပိုင်းကို တာဝန်ယူထားတဲ့ ဒေါ်မြသီတာက Travelling ကို ပြောပြပါတယ်။ Glamping Eco-activities Resort ညအိပ် မတည်းချင်တဲ့ခရီးသွားတွေအတွက်လည်း Adventure Activity တွေ လာရောက် ကစားနိုင်သလို ဝင်ကြေးအနေနဲ့ တစ်ဦးကို ကျပ် နှစ်ထောင် (၂၀၀၀) သတ်မှတ်ထားပြီး မိမိ ပြလုပ်ချင်တဲ့ Activity ပေါ်မူတည်ပြီး ကျပ် ခြောက်ထောင် (၆၀၀၀) ကနေ ကျပ် နှစ်သောင်းငါးထောင်(၂၅၀၀၀) အထိ အမျိုးအစားလိုက် Activity တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။ " High Rope Adventure ပြုလုပ်မယ်ဆိုရင်တော့ထပ်မံပြုလုပ်လို့ရနိုင်တဲ့ Acivity တွေ ထပ်ရှိပါသေးတယ်။ High Rope Adventure ပြုလုပ်တဲ့သူတွေအတွက် အားသာချက်ကတော့ ပြုလုပ်ပြီးတဲ့ ဧည့်သည်တွေအတွက် အသိအမှတ်ပြုလက်မှတ်ကိုထုတ်ပေးပါတယ်။ ဒီလက်မှတ်ရပြီးတဲ့သူတွေအနေနဲ့ တောင်တက်ချင်တာပဲ ဖြစ်ဖြစ် တစ်ခြား Adventure တွေပြုလုပ်ချင်တာပဲ ဖြစ်ဖြစ် ဒီကနေ အတွေ့အကြုံတွေကို ရရှိသွားပြီ ဖြစ်တာမို့ Adventure ကိုနှစ်သက်ကြတဲ့ခရီးသွားတွေအကြိုက်တွေ့စေမယ့် Activity ဖြစ်ပါတယ်လို့ ဒေါ်မြသီတာက ဆိုပါတယ်။ ဒါ့အပြင် ပေပေါင်း ၃၅ ပေ မြင့်တဲ့ Adventure Swing လည်းရှိပါသေးလို အဲဒီ Swing ကတော့ ငယ်စဉ် က စီးတဲံ ပုခက်ပုံစံမျိုးနဲ့ ဆင်တူပြီး တစ်ဦးကို ကျပ် သုံးထောင်(၃၀၀၀) ကျသင့်မည်ဖြစ်ကာ သုံးမိနစ် ထိ စီးလို့ရနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူ သုံးယောက်ထိ စီးနိုင်တဲ့ Signature Swing ဖြစ်ပြီး အကြီးစားပန်းတွေအလှဆင်ထားတဲ့ ပုခက်ပုံစံမျိုးဖြစ်ပြီးတော့ တစ်ဦးကို ကျပ် ငါးထောင် (၅၀၀၀) ကျသင့်မည် ဖြစ်ကာ သုံးမိနစ်ထိ စီးလို့ရနိုင်မှာပဲ ဖြစ်ပါတယ်။ တကယ်တော့ ရှမ်းပြည်နယ် တောင်ပိုင်းက ကလောမြို့လေးဟာဆိုရင် ခရီးသွားဧည့်သည်တွေ ရာသီမရွေး သွားရောက်လည်ပတ်ကြတဲ့မြို့လေး ဖြစ်ပြီးတော့ မရိုးနိုင်တဲ့ လည်ပတ်စရာနေရာတွေကလည်း နေရာ (၂၀) နီးပါးလောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီလို များပြားလှတဲ့ နေရာတွေထဲကမှ သဲထိတ်ရင်ဖို စွန်းစားရတဲ့ Activity တွေကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက် Activity မျိုးစုံးကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်တဲ့ Glamping Eco-activities Resort ကို သွားရောက်လည်ပတ်နိုင်ဖို့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံ Glamping Eco-activities Resort
Contine Reading
By - Admin / 16-02-2024
ကလောမြို့အနီး ရေယောင်းမ ရွာတွင် ဓာတ်ပုံ ရှူခင်း ကြည့်ကွက် အသစ်တစ်ခု ထပ်မံ ပေါ်ထွက်လာ
ကလောမြို့အနီး ရေယောင်းမ ရွာတွင် ဓာတ်ပုံ ရှူခင်း ကြည့်ကွက် အသစ်တစ်ခု ထပ်မံ ပေါ်ထွက်လာ
Contine Reading
By - Admin / 18-01-2022
ရွာငံ မြင်းမူးကုန်း ရှုခင်းကြည့်နေရာသို့ခရီး သွားများ လာရောက် လည်ပတ်မှု များပြားလာ
ရွာငံ မြင်းမူးကုန်း ရှုခင်းကြည့်နေရာသို့ခရီး သွားများ လာရောက် လည်ပတ်မှု များပြားလာ
Contine Reading
By - Admin / 31-12-2021
အလိုင်နီဆည် တွင် Emperor Bell Tents ပုံစံဖြင့် ညအိပ် ဝန်ဆောင်မှု ပေးသည့် အစီအစဥ် စတင်
အလိုင်နီဆည် တွင် Emperor Bell Tents ပုံစံဖြင့် ညအိပ် ဝန်ဆောင်မှု ပေးသည့် အစီအစဥ် စတင်
Contine Reading
By - Admin / 07-11-2021
စွန့်စွန့်စားစား ခရီးသွားချင်တဲ့သူတွေ အတွက် ပင်လောင်းမြို့က ဂျူးဂူ
စွန့်စွန့်စားစား ခရီးသွားချင်တဲ့သူတွေ အတွက် ပင်လောင်းမြို့က ဂျူးဂူ
#Travelling journal စွန့်စွန့်စားစား ခရီးသွားချင်တဲ့သူတွေအတွက် ရှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲက ပြည်တွင်းခရီးသွား တွေ လာရောက် ခြေမချရသေးတဲ့ ဂျူးဂူ နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒေသအခေါ် ဂျူးဂူ က ပင်လောင်းမြို့နယ် ကနေ ၅မိုင်ခန့်သာ ကွာဝေးပြီး ယွန်းပျကျေးရွာနားမှာ တည်ရှိတယ်လို့ မြို့ခံ ဦးခွန်ရုဲင်း က ပြောပြပါတယ်။ ပင်လောင်းမြို့အနောက်ဖက် ယွန်းပျရွာကနေတဆင့် သွားရောက်နိုင်ပြီး ကားနဲ့ဖြစ်စေ ဆိုင်ကယ်နဲ့ဖြစ်စေ ဂူအနားထိ သွားရောက်နိုင်ပါတယ်။အဲဒီ ဂူ တောင် ကုန်းထိပ်ကနေ ငါးမိနစ်လောက် လမ်းလျှောက် တာနဲ့ ဂျူးဂူ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဂျူးဂူ ထဲက ကျောက်စက်ပန်းဆွဲတွေဟာ တခြားဂူတွေမှာ တွေ့ရတာမျိုး မဟုတ်ပဲ ထူးခြားလှပတယ်လို့ဆိုပါတယ်။ ဂူအတွင်းပိုင်း က ကျယ် ပြန့်ပြီး နာရီ၂နာရီကျော် သွားရောက်ခဲ့ပေမယ့်လည်း ဂူက မဆုံးသေးပါဘူး။ ဒါ့ အပြင် ဒီဂူထဲမှာဘဲ အမြင့်ဆယ်ပေလောက်က ကျဆင်းလာတဲ့ ရေတံခွန် ငယ်တွေပါတွေ့ရတယ်လို့ ဝင်ရောက်လေ့လာခဲ့သူ ဦးခွန်ရုဲင်း က ပြောပါတယ်။ ဒါ့ပြင်ဂူအတွင်းပိုင်းမှာ လမ်းသွယ်တွေလည်းများပြီးဂူထဲမှာတောင် ဂူသုံးဂူလောက်ကို ထပ်မံ တွေ့ရတယ်လို့ ဆိုပါတယ်။ ပင်လောင်းမြို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မြို့ဖြစ်ပြီး ဂူ ပေါင်း၅၀ နီးပါးလောက်ရှိတယ်လို့ ဒေသဧည့်လမ်းညွန် ဦးခွန်ထူးအောင် က ဆိုပါတယ်။ ဂျူးဂူနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေလည်းရှိပါသေးတယ်။ ဒဏ္ဍာရီတွေအရ ရွှေငွေပစ္စည်းတွေ ​ဒေသခံတွေ အရင်က ရတာမျိုး ရှိပေမယ့် နောက်ပိုင်းမပေးတော့ဘူး လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။ ပင်လောင်းမြို့ဟာ ရာသီဥတုကောင်းမွန်ပြီး စိုက်ခင်းရောင်စုံနဲ့ လှေကားထစ်စိုက်ပျိုးရေးမြင်ကွင်းတွေကိုတွေ့မြင်ရတာမို့ ပြည်တွင်းခရီးသွား တွေကြားမှာ ရေပန်းစားတဲ့မြို့လည်းဖြစ်ပြီး သဘာဝတရားကို ချစ်မြတ်နိုးသူ စွန့်စွန့်စားစား Adventure Tourism ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် မြို့ဖြစ်လာနေ ပါပြီ။ Photo ခွန်ရုဲင်း
Contine Reading
By - Admin / 25-01-2021
38 Miles Farm House တွင် Camp ဖြင့် ညအိပ်ဝန်ဆောင်မှု စတင်
38 Miles Farm House တွင် Camp ဖြင့် ညအိပ်ဝန်ဆောင်မှု စတင်
#Travelling journal ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ပေါ်ရှိ 38 Miles Farm House တွင် Camp ဖြင့် ညအိပ်ဝန်ဆောင်မှု ကို စတင်လက်ခံပြီဖြစ် ကြောင်း Operation ပိုင်းကို တာဝန်ယူထားသူ ကို Austin Aung က Travelling journal သို့ပြောသည်။ ဇန်နဝါရီ ၁၀ ရက် မှ စတင်ကာ ညအိပ်တည်းခိုခြင်းကို စတင်လက်ခံခဲ့ပြီး လက်ရှိ တွင် ယခုလ လယ်အထိ Booking များ ပြည့်နေပြီ ဖြစ်ကြောင်း သိရသည်။ ညအိပ် ခရီးစဥ်ကို စတင်ချိန် နေ့ခင်း ၂နာရီ မှ နောက်တစ်ရက် မနက် ၁၀ နာရီထိ ဖြစ်ကာ အဆိုပါ ဝန်ဆောင်မှုတွင် နံနက်စာ အပြင်Tea Time နှင့် Dinner ပါဝင် ပြီး တစ်ဦးလျှင် ကျပ်သုံးသောင်းကျသင့်မည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် နံနက်စာကို ကိုယ်တိုင်ပြုလုပ်ရပြီး ငါးသေတ္တာ ကြက်အူချောင်း ခေါက်ဆွဲထုတ် ပေါင်မုန့် များကို ထားရှိပေးသွားမည်ဖြစ်ကာ ပဲခူးမြစ်အတွင်း လှေစီးခ ပါဝင် ကြောင်း သိရသည်။ အဆိုပါ ညအိပ်ဝန်ဆောင်မှုကို တစ်နေ့လျှင် လူဦးရေ အယောက်၂၀ ကို သာလက်ခံသွားမည်ဖြစ်​ကြောင်း သိရသည်။ "ဇန်နဝါရီလ လ လယ်ထိ ပြည့်နေတယ်။ နေ့ချင်းပြန် ဆိုရင် တော့ ကြားရက်ကို ကျပ် ၁၈၀၀၀ ယူပါတယ်။ အနည်းဆုံး ၁၀ ယောက်တော့ရှိရမယ်။ တည်းစရာနေရာပါမယ်။ လှေစီးတာပါမယ်။ နေ့လည်စာပါမယ် Tea Time ပါတယ်။ ရေသန့် ရေနွေး ပါမယ်။အကုန်အပြီးအစီး ပါဝင်ပါတယ်" ဟု Austin Aung က Travelling journal သို့ ပြောသည်။ ထို့ပြင် မနက် ၁၀ နာရီမှ နောက်နေ့မနက် ၁၀ နာရီထိ Package ကို ဝယ်ယူပါက ကျပ်၄၀၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး နေ့လည်စာ Tea Time Dinner နောက်တနေ့နံနက်စာအပါအဝင် လှေစီးခပါ ပါဝင်ကြောင်းသိရသည်။ နောက်ပိုင်း ယင်းခြံတွင် ရီဆော့များ ဆောက် လုပ်သွားမည်ဖြစ်ပြီး လက်ရှိ ၌ မြေငါး ဧက ပေါ်တွင် ဆောင်ရွက် နေ ကြောင်း သိရသည်။ Photo 38 Miles Farm house FB / Austin Aung
Contine Reading
By - Admin / 11-01-2021
ဒီမော့ဆိုမြို့ရှိ အလှဆုံး ရှုခင်းများကို မြင်တွေ့ခံစားနိုင် မည့် ခူးပရာ တောင် ခရီးစဉ်သစ် စတင်
ဒီမော့ဆိုမြို့ရှိ အလှဆုံး ရှုခင်းများကို မြင်တွေ့ခံစားနိုင် မည့် ခူးပရာ တောင် ခရီးစဉ်သစ် စတင်
#Travelling journal ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ရှိ အလှဆုံး ရှုခင်းများကို မြင်တွေ့ခံစားနိုင်မည့် ရွှေတောင်တန်း ဟု တင်စားရသည့် ခူးပရာ တောင်ကို ခရီးစဉ်သစ် အဖြစ် စတင်ဆောင်ရွက်နေကြောင်း ကယားပြည်နယ် ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံဦးလင်းဇော်ထွဋ် က Travelling journal သို့ ပြောသည်။ "ဒီနေရာကို လုပ်နေတာက ၆လ လောက်ရှိပြီ။လက်ရှိ မြေအသုံးချခွင့် တင်ပြတာတို့လုပ်နေတုန်းရှိပါတယ်။ Covid အလွန်ခရီးစဥ်ဒေသအသစ်တစ်ခုအနေနဲ့လာလို့ရပါပြီ"၄င်းက ပြောသည် ။ ခူးပရာတောင်သည် ပင်လယ်ရေ မျက်နှာပြင် အထက် (၅၈၀၀) ကျော်ရှိပြီး ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ဒီမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာတွင် တည်ရှိပြီး လွိုင်ကော်မြို့မှ (၃၅) မိုင်ခန့်ကွာဝေးပြီး ကား၊ ဆိုင်ကယ် ဖြင့်သွားရောက်ပါက တစ်နာရီခွဲဝန်းကျင်ခန့် မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြေအသုံးချခွင့်တရားဝင်မကျသေးသည့်အတွက် လောလောဆယ် တွင် ခရီးသွားများကို ညအိပ်ခွင့် ခွင့်မပြုသေးကြောင်း ၄င်းက ပြောသည်။ ထို့ပြင် ရွှေတောင်တန်း အနီးတဝိုက်တွင် ထိုင်းနိုင်ငံမှပြန်လာသော ကယန်း တိုင်းရင်းသားများ အား ပြန်လည်နေရာချထားပေးပြီး CBT Village ဖော်ဆောင်နိုင်ရန်လည်း စီစဥ်ထားကြောင်း ရွှေတောင်တန်း၊ ထီးဆိုဒူးအမြဲစိမ်းတော ၊ ကယောဒေသ ဆင်ဖြူတောင် တစ်ဆက် တည်း ခရီးသွားဇုန်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။ "ရွှေတောင်တန်း ခရီးသွားဇုန်လည်း ခေါ်တဲ့ ခူးပရာတောင်ကို ဒီနေ့သွားရောက်ခဲ့ပါတယ်။ ဒေသဆိုင်ရာကော်မတီရယ် ဟိုတယ်ခရီးအဖွဲ့တွေနဲ့သွားခဲ့ကြပါတယ်။ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာမှ စတင်မလုပ်ရသေးဘူး။ ဒီနေရာကို ခရီးသွားဖွံ့ဖြိုးစေပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်စေချင်တာပါ။ သဘာဝပတ်ဝန်းကျင် မပျက်စီး အောင် ထိန်းကျောင်းဆောင်ရွက်ပေးသွားမယ်"ဟု ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီ အဖွဲ့ဝင် ခရီးသွား တတ်သိပညာရှင်ဦးသန်းထွေးက Travelling Journalသို့ ပြောသည်။ ပြည်တွင်း ခရီးသွားစွဲဆောင်မှု နေရာသစ်အဖြစ် ဖော် ထုတ် ရန် အတွက် ဒီမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာ အုပ်စု၊ ခူးပရာရွာရှိ ခူးပရာတောင် (ရွှေတောင်တန်း) နေရာသို့ ဇန်နဝါရီ ၉ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးညွန်ကြားမှူဦးစီးဌာန( ကယားပြည်နယ်) မှ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်နှင့် ကယားပြည်နယ်ဒေသဆိုင်ရာခရီးသွားကော်မတီ မှ တာဝန်ရှိသူ များမှသွားရောက် ကွင်းဆင်းခဲ့ပြီး ရွှေတောင်တန်းတွင် CBT လုပ်ကိုင်မည်ဆိုပါက လုပ်ကိုင်နိုင်ရန် သွားရောက် အကြံပေးခဲ့သည်မှာ သုံးလေးကြိမ်ရှိခန့်ရှိပြီ ဖြစ်ကြောင်း သိရသည် ။ Photo Than Htwe
Contine Reading
By - Admin / 09-01-2021
လွိုင်မွေတောင်စခန်း​ပေါ်မှ ချယ်ရီမြင်ကွင်းအလှများ
လွိုင်မွေတောင်စခန်း​ပေါ်မှ ချယ်ရီမြင်ကွင်းအလှများ
PHOTONEWS ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံ မြို့ရှိ တောင်ပေါ် စခန်းမြို့ဖြစ်သည့် လွိုင်မွေတောင် သည် နှစ်စဥ် ဒီဇင် ဘာလမှ ဇန်နဝါရီလ အတွင်းသာ တောင်ပေါ်တစ်ခုလုံး ချယ်ရီပန်းများလှိုင်လှိုင် ပွင့်သည့်ကာလပင်ဖြစ်သည်။ ပန်းရောင်ချယ်ရီလွင်ပြင်အလား ပွင့်နေကြကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် တွေ့မြင်ရသည့်မြင်ကွင်းအလှများကို စုစည်း ဖော်ပြလိုက်ပါသည်။ PhotoSaiNge(Travelling Journal သို့ သီးသန့်ပေးပို့သည်)
Contine Reading
By - Admin / 04-01-2021
ဒေးဒရဲ မြို့နယ်အတွင်း တိုးရွာအနီး ခရုဖြူကမ်းစပ်သို့ နေ့ချင်းပြန်ခရီးအဖြစ် သွားရောက် လည်ပတ်နိုင်
ဒေးဒရဲ မြို့နယ်အတွင်း တိုးရွာအနီး ခရုဖြူကမ်းစပ်သို့ နေ့ချင်းပြန်ခရီးအဖြစ် သွားရောက် လည်ပတ်နိုင်
#Travelling journal ဧရာဝတီ တိုင်းဒေသ ကြီး အတွင်းနေ့ချင်းပြန်ခရီးစဥ်သစ်အဖြစ်ဒေးဒရဲ​မြို့နယ်၊ တိုးစံပြကျေးရွာအနီးရှိ ခရုဖြူကမ်းစပ်သို့ သွားရောက် လည်ပတ်နိုင်ကြောင်း ပြည်တွင်းခရီးသွား ကုမ္ပဏီ Kyal Nan Taw Travel ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်း က Travelling journal သို့ ပြောသည်။ အဆိုပါ ခရုဖြူကမ်းစပ်သည် ဆယ်အိမ်တန်းကမ်းခြေတစ်ဖက်ကမ်းရှိ ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံ ခရိုင်ဒေးဒရဲမြို့နယ် အပိုင် တိုးစံပြကျေးရွာအနီး တည်ရှိပြီး ကမ်းစပ်တစ်လျှောက်တွင် ခရုဖြူများဖုံးလွှမ်းနေကြောင်း သိရသည်။ "ကျွန်တော် တို့ ရွာက ကွမ်းခြံကုန်း ဆယ်အိမ်တန်း တစ်ဖက်ကမ်းက နေ စက်လှေ စီးပြီးလာတာက ပိုနီးပါတယ်။ ၁၅မိနစ်လောက်ပဲ စီးရတာပါ။ ကျွန်တော်တို့ တိုးကမ်းခြေ ဒေသဖွံ့ဖြိုးရေးတွေအတွက် မကြာမီ လုပ် ဆောင်သွားမှာပါ"ဟု တိုးစံပြကျေးရွာ ဒေသခံ ဦးဝေဖြိုးနိုင်က Travelling journal သို့ ပြောသည်။ ယင်းခရီးစဥ်သစ်ကို ကြယ်နန်းတော်ခရီးသွားလုပ်ငန်းမှ စတင် ခရီးစဥ်ဆွဲပြီး တိုးရွာအထိ ကားဖြင့် တိုက်ရိုက် သွားရောက်ခြင်း မဟုတ်ပဲ ချောင်းဝကျေးရွာတွင် ထားခဲ့ပြီး ချောင်းဝကျေးရွာမှ တိုးရွာကို ဇက်လှေနှင့် ၁၅မိနစ်လောက်ထပ်စီးပြီးမှ ရောက်ရှိသည့် ခရီးစဉ် ပုံစံရေးဆွဲထားကြောင်း သိရသည်။ "လမ်းခရီးက ကောင်းတယ်။ ရန်ကုန်က မနက်၄ နာရီထွက်ရင် တိုးရွာကို မနက်၉ လောက် ရောက်ပါတယ်။ခရုအဖြူတွေရှိတဲ့နေရာကို တော့ တိုးရွာကနေ ဆိုင်ကယ်ခဏ စီးရ တယ်။ ညနေ ၅နာရီ လောက် ရန်ကုန်ကိုပြန်ရောက်တယ်။ ဒီ ကျေးရွာလေးကိုလည်း ဆယ်အိမ်တန်းလို ခရီးသွားဖွံဖြိုးစေချင်တယ် "ဟု သွားရောက်လေ့လာခဲ့သည့် Million Holiday ခရီးသွားကုမ္ပဏီမှ Operation Manager ဦးစိုးလင်း က Travelling Journal သို့ ပြောသည်။ လက်ရှိတွင် တိုးရွာသို့ နေ့ချင်းပြန်အဖြစ် ခရီးစဥ် ရေးဆွဲထားပြီး မနက်စာ နေ့လည့်စာ ကားခ ​ဇက်ကူးခ နှင့်ဧည့်လမ်းညွန် အပါအဝင် တစ်ဦးလျှင် ကျပ် ၂၀၀၀၀ကျသင့်ပြီး Down Town ဧရိယာ အတွင်း မြို့နယ်များမှ ဆိုပါက အိမ်အထိ လာရောက်ကြိုပေးကြောင်းသိရသည်။ Photo Solo Myanmar Traveller(KoSoeLin)/Soe Min
Contine Reading
By - Admin / 02-12-2020
ပထမဆုံး ကျွန်းပေါ် CBTကို ဒုံးကျွန်းတွင် ဖော်ဆောင်
ပထမဆုံး ကျွန်းပေါ် CBTကို ဒုံးကျွန်းတွင် ဖော်ဆောင်
Travelling journal မြန်မာနိုင်ငံ၏ ပထမဆုံး ကျွန်းပေါ်အခြေပြု CBT ကိုဒုံးကျွန်းပေါ်တွင် ဖော်ဆောင်နေကြောင်း တနသ်ာရီတိုင်းဒေသကြီး ဟိုတယ် /ခရီး တိုင်းတာဝန်ခံ ဦးညိုအေးက Travelling journal သို့ ပြောသည်။ "တိုင်းအစိုးရ က ကျပ်သိန်း၁၀၀ ရယ်။မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း ၁၃၀ လောက်မတည် ထည့်ဝင်ပြီး ဒီ CBTကို ဖော်ဆောင်ပေးတာပါ။ ကျန်တာကိုတော့ ကျေးရွာက လူတွေနဲ့ခရီးသွားအသင်း ညှိနှိုင်းချိတ်ဆက်ပြီး ဆက်လုပ်သွားကြမှာပါ။ ကျေးရွာ အပိုင်ထားခဲ့မှာ ပါ။ တခြား CBT တွေလို သုံးနှစ်ကာလမှာ ရင်းနှီးမြှုပ်နှံတဲ့သူကို ပြန်ပြီး ငွေပမာဏတစ်ခုပေးရတာမျိုးရှိတယ်။ ကျွန်တော်တို့ က တော့ စလုပ်ကတည်းက ခရီးသွားကုမ္ပဏီ ဘက် ကနေ ဧည့်သည်ပို့ပေးမယ်။ရလာတဲ့အကျိုးအမြတ်ကို သူတို့ယူ။ ထပ်ပြီးတိုးချဲ့တာရှိရင် သူတို့လုပ်။ ဝန်ဆောင်မှု ပိုင်းကိုတော့သင်တန်းမျိုးစုံပေးနိုင်အောင် ကျွန်တော်တို့က သင်တန်းပို့ချပေးပြီးပါပြီ။ တနေ့ကမှ ကျွန်းက​နေ ပြန်လာတာပါ။ ကျွန်းပေါ် ပထမဆုံး CBT ဆိုတော့ အောင်မြင် ဖို့အလားအလာက အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်"ဟု ဦးညိုအေးက Travelling journal ကို ပြောသည်။ တနသ်ာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ဒုံးကျွန်း ပေါ်တွင် ဆလုံလူမျိုးအများစု နေထိုင်ကြသည့် ဒုံးညောင်မှိုင်း‌ကျေးရွာကို ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း(CBT)ကျေးရွာအဖြစ် ဖော်ဆောင်ထားပြီး ပင် လယ်ပြင်အတွင်း ပြည်တွင်း၊ပြည်ပ ခရီးသည်များ ညအိပ်ခွင့်ရရှိမည့် ကျွန်းပေါ်CBT ဖြစ်လာမည်ဖြစ်သည်။ "ဘိတ်က​နေ ၄၈ မိုင်ခန့်ကွာဝေးပါတယ်။ Speed Boat နဲ့ ဆိုရင် နှစ်နာရီခန့်သွားရပါတယ်။ ဒီရွာလေးရဲ့ပတ်လည်အနီးတဝိုက်မှာ မြိတ်ခရိုင်ရဲ့ အဓိကပင်လယ်ပြင်ခရီးစဉ်တွေဖြစ်တဲ့ စမတ်ကျွန်း(ပါပန့်ကျွန်း)၊လေးကျွန်း၊ဘေလီကျွန်း၊နှစ်ဖက်လှကျွန်း၊နတ်သမီးရေတွင်းကျွန်း စတဲ့ကျွန်းတွေရှိပါတယ်။ အချိန်တိုတွင်း ဒုံးကျွန်းကနေ သွားရောက်နိုင်ပါတယ်"ဟု ကွင်းဆင်းလေ့လာခဲ့သည့် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးလွှမ်းမိုးက Travelling journal ကို ပြောသည်။ ဒုံးညောင်မှိုင်းကျေးရွာတွင် ကရင်၊ဗမာ၊ဆလုံ လူမျိုးများအခြေချနေထိုင်ပြီး လူဦးရေ (၇၃၉ )ဦးနေထိုင်ပြီး ဆလုံလူဦးရေ ၂၀၉ ဦးနေထိုင်သဖြင့် ဆလုံကျေးရွာဟုလည်း ခေါ်ဆိုကြောင်း သိရသည်။ လက်ရှိတွင် ခရီးသည် (၁၆)ဦးတည်း ခိုနေထိုင်နိုင် သည့် အဆောက်အဦး များကို ဆောက်လုပ်လျက်ရှိနေကြောင်း ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပြီးတနသ်ာရီတိုင်းဒေသကြီးအတွင်း CBT ကျေးရွာ သုံးခုကို ဖော်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။ Photo Hlwann moe နိုဝင်ဘာ ၁၄ရက်က ဟိုတယ်ခရီးရုံး ထားဝယ်၊မြိတ်ရုံးခွဲမှ တာဝန် ရှိသူများနှင့် မြိတ်ခရီးသွားအသင်းတို့က ဒုံးကျွန်းပေါ်တွင် တည်ဆောက်နေသည့် အခြေအနေများကို သွားရောက် ကြည့်ရှုခဲ့သည့်မြင်ကွင်းကို တွေ့ရစဥ်။
Contine Reading
By - Admin / 16-11-2020
ကချင်ပြည်နယ်တွင် ပထမဆုံးအပျော်စီး Zipline တစ်ခု ဖော်ဆောင်
ကချင်ပြည်နယ်တွင် ပထမဆုံးအပျော်စီး Zipline တစ်ခု ဖော်ဆောင်
Travelling journal ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ပထမဆုံး အပျော်စီး Zipline စီးနိုင်ရန် ဖော်ဆောင်ခဲ့ကြောင်း MJ Farm(မုတ်ကျိန် Farm)တည်ထောင်သူ ဦးဆိုင်းလီ က Travelling journal သို့ ပြောသည်။ ယင်းကဲ့သို့ စိတ်ကူးပေါ်ပေါ်လာခြင်းမှာ ဝိုင်း​မော်မြို့တွင် မိသားစုများ အလည်အပတ် လာရောက်လည်ပတ်နိုင်သည့်sightseeing တစ်ခုကို ဖန်တီးပေးလိုခြင်းနှင့် တနေ့တာ အလည်ပတ်ပုံစံမျိုးဖြစ်စေအောင် MJ Farm ကိုပုံဖော် ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်း မှ Zipline ကို စတင်ဖော်ဆောင်ခဲ့သည်ဟု ဦးဆိုင်းလီ က Travelling journal သို့ ပြောသည်။ "ကျွန်တော်တို့ဒေသမှာ အိမ်တွင်းအကြမ်းဖက် မှုတွေ လျော့ချသွားအောင် မိသားစု အလိုက် အလည်အပတ် လုပ်နိုင်တဲ့နေရာတစ်ခုဖြစ်စေချင်လို့ ဖန်တီးခဲ့တာပါ။ Safety ပိုင်းကို ဦးစားပေးထားပါတယ် "ဟု ၄င်းက ပြောသည်။ မြစ်ကြီးနား မြို့မှ သွားရောက်မည်​ဆိုပါက ဝိုင်းမော်မြို့ရှိမုတ်ကျိန် ရပ်ကွက်ရှိ MJ Farm (မုတ်ကျိန် Farm )သို့ ၄၅မိနစ် ဝန်းကျင့်သာကြာမြှင့်မည်ဖြစ်ပြီး လမ်းခရီးမှာလည်း ကောင်းမွန်ကြောင်း သိရသည်။ "ကချင်ပြည်နယ် မှာတော့ Zipline ဒါမျိုးမရှိဘူး။ပထမဆုံးလို့ ပြောရမှာပေါ့။ ဒါမျိုးကတော့ရှိသင့်တယ်။ အခုလုပ်ထားတဲ့ပုံစံက အသေးပေါ့။ နောက်ထပ် အကြီးလည်း လာဖို့ အစီ အစဥ်ရှိတယ်လို့ ပြောတယ်။ မနေ့က သွားစီးခဲ့တယ်။ ကြာချိန် စက္ကန့် ၁၃ စက္ကန့် လောက်ပဲကြာတော့ စီးရတာမဝဘူးလေ။ နှစ်ခါ သုံးခါလောက် စီးမှ ဝမယ်လို့ ခံစားမှု ပြန်ခံစားရတယ်။တစ်နေ့တာ အလည်ပတ် နေနိုင်အောင် ဖန်တီးပေးထားတာ ကို တွေ့မြင်ရပါတယ် "ဟု မြစ်ကြီးနား အခြေစိုက် နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။ အဆိုပါ MJ Farm (မုတ်ကျိန် Farm )မှာ ဧက ၈ ဧက ကျယ်ဝန်းပြီး ယင်းခြံတွင် ငါးကန် လေးကန် ထားရှိပေးပြီး မိသားစုလိုက် သူငယ်ချင်းအုပ်စုလိုက် အပန်းဖြေနိုင်သည့်အပြင် မိမိမျှားရသည့်ငါးကို ကင်စားနိုင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို ထည့်သွင်းဝန်ဆောင်မှု ပေးထားကြောင်း သိရသည်။ "မျှားတဲ့ရလာတဲ့ငါးကို ကျွန်တော်တို့က မချက်ပေးဘူး။ ချက်စားလို့အဆင်သင့်ဖြစ်အောင် ကျွန်တော်က နေရာ ထိုင်ခင်းတွေ အစာပလာတွေ ကို ထိုင်လို့နားနားနေနေ ကောင်းအောင် View တွေ ကို ဖန်တီးပေးထားပါတယ်"ဟု၄င်းက ဆိုသည်။ လက်ရှိ တွင် Zipline တစ်ကြိမ်စီးနင်းခကို ကလေးဆိုပါက ကျပ်၂၀၀၀ နှင့် လူကြီး ဆိုပါက ကျပ် ၃၀၀၀ ကို သတ်မှတ်ကောက်ယူပြီး ဝင်ကြေး မကောက်ခံကြောင်း သိရသည်။ ထို့အပြင် ခြံထဲတွင် ကြက်ခြံများ ငန်း များမွေးထားခြင်းနှင့် ယုန်အပါအဝင် တိရစ္ဆာန် အကောင်လေးတွေကို ပါ ထည့်သွင်းမွေးမြူထားသလို ဓာတ်ပုံရိုက်လို့ကောင်းသည့် နေရာများကို လည်း ဖန်တီးပေးထားကာ နိုဝင်ဘာလအကုန်တွင် ပြီးစီးရန် တည်ဆောက်နေကြောင်းသိရသည်။ ယင်း ခြံထဲတွင် Wedding နှင့် သင်တန်းခန်းမ များပြုလုပ်နိုင်သည့်အပြင် အမျိုးသားသီးသန့်တည်းခိုနိုင်သည့် တည်းခိုခန်းနှင့် အမျိုးသမီး သီးသန့် တည်းခိုနိုင်သည့် Hostel များကို လည်း တစ်ဦးလျှင် ကျပ် ၈၀၀၀ဖြင့် တည်းခိုနိုင်ရန် ထည့်သွင်း တည်ဆောက်ထားပေးကြောင်း သိရသည်။ Photo Kareng Roi Myaw
Contine Reading
By - Admin / 05-11-2020
ကလောတစ်မြို့လုံး၏ ရှုခင်းအလှကို လင့်စင်ပေါ်မှ ရိုမန်တစ် ဆန်ဆန် ခံစားနိုင်မည့် City View ဖော်ဆောင်
ကလောတစ်မြို့လုံး၏ ရှုခင်းအလှကို လင့်စင်ပေါ်မှ ရိုမန်တစ် ဆန်ဆန် ခံစားနိုင်မည့် City View ဖော်ဆောင်
Travelling journal ထင်းရှုးမြို့တော်အဖြစ် နာမည်ကျော်ကြားသည့် ကလောမြို့၏ မြို့ ရှုခင်းအလှကို တောင်ကုန်းပေါ်မှ စီးကြည့်နိုင်မည့် Kalaw City View ကို ဖော်ဆောင်ထားကြောင်း ပိုင်ရှင်ဖြစ်သူ ဦးကိုကိုအောင်က Travelling Journal သို့ ပြောသည်။ အဆိုပါ Kalaw City View ကို သုမောင်ထမင်းဆိုင် ဘေးနားရှိ သိမ်တောင်ဘုန်းကြီး ကျောင်းမှ တဆင့် လာရောက် နိုင်ပြီး ဘုန်းကြီးကျောင်းဘေးလမ်းအတိုင်း လာရောက်ကာ ထိုမှ တဆင့် လွမ်းစေတီ အကျော်တွင် တည်ဆောက် ထားကြောင်း သိရသည်။ "လမ်းကတော့ ကောင်းပါတယ်။ ဦးတို့ မနေ့ တုန်းက သွား တော့ Unseenပဲ၊ ရောက်သွားတဲ့အခါ သူ့နေရာကနေ ကလောမြို့ တစ်ခုလုံးကို မြင်ရတာ။ တိမ်တွေနဲ့ ကလော ကလည်း ဆက်စပ်လှပနေတာ။ Attraction လည်းရှိတယ်" ဟု သွားရောက်အပန်းဖြေ ခဲ့သည့် ကလောအခြေစိုက် မြယာပင် ဟိုတယ်ပိုင်ရှင် ဦး သောင်းစိန် က Travelling journal သို့ ပြောသည်။ အဆိုပါ City View ဟု အမည်ပေးထားသည့်ရှုခင်းကြည့် လင့်စင်ကြီး တစ်ခုကို တည်ဆောက်ပေးထားကြောင်း ထို့ပြင် နားနားနေနေ အေးဆေးအပန်းဖြေ နိုင်ရန်အတွက် လုံးချင်းအဆောင်များကိုလည်း ထည့်သွင်းပေးထားကြောင်းသိရသည်။ " ဖွင့်ထားတာက မကြာသေးဘူး။ သုံးလလောက်ရှိပြီ။ နာမည်ကို City View လို့ ပေးထားပါတယ်။ ​ကလောမြို့ထဲကနေ လာရင် ငါးမိနစ်အတွင်း ရောက်ပါတယ်။ လမ်းလည်းကောင်းပြီး နွေမိုးဆောင်း သွားနိုင်ပါတယ်။ တောင်ကုန်းလေးပေါ်မှာ လုပ်ထားတာဖြစ်တယ်။ လင့်စင်တွေ ကို အထင်ကရ လုပ်ထားတာပါ။ အဲဒီအပေါ်ကနေ ကျွန်တော်တို့ရဲ့ မြို့တစ်မြို့လုံးကို စီးပြီး မြင်ရတယ်။ Sunset ဗျူး တွေကိုလည်း ကြည့်လို့ရအောင် နေဝင်တာကိုလည်း တောင်ကုန်းလေးကနေ ကြည့်လို့ရတယ်။ ပတ်ဝန်းကျင် တောတောင်ရှူခင်းတွေကို မြင်ရတယ်။ လင့်စင် စင်ကြီးက တစ်ခုပဲ။ အဆောင်တွေကို ခွဲထုတ်ထားတယ်။ လျှောက်လမ်းအတိုင်းသုံးဆောင်ကို ပြုလုပ်ထားပြီး တက်တက်ချင်းအဆောင်ကို ကောင်းကင်ချို၊ထင်းရှုးပကာတွေနဲ့ ပတ်လည်ကာထားတဲ့အဆောင်ကိုတော့ ကြယ်စင်ချိုလို့ နာမည်ပေးထားတယ်။ ဝါးပိုးဝါးနဲ့ ကာထားတဲ့အဆောင် ကျတော့ လရိပ်ချို လို့ ပေးထားတယ်။ သူ့ရဲ့အောက်မှာ မကာထားပဲ ထားထားတဲ့အဆောင် နှစ်ဆောင်ရှိသေးတယ်။ ကာရန်ချိုနဲ့ လင်္ကာချို ဆိုပြီး နာမည်လေးတွေ ပေးထားတယ်။ လင့်စင်ကြီးတစ်ခုတည်းမှာ ငါးဆောင်ရှိပါတယ်"ဟု City View ပိုင်ရှင်ဦးကိုကိုအောင် က Travelling journal သို့ ပြောသည်။ ယင်းနေရာကို မြေဧက ၁၀ဧကပေါ်တွင် ဖန်တီးတည်ဆောက်ထားပြီး စီးမြင်းများကို မွေးမြူထားသလို နို့စားနွားများကိုလည်းမွေးမြူ ထားကြောင်း သိရသည်။ လက်ရှိတွင် ညအိပ် ဝန်​ဆောင်မှုကို မထားရှိပဲ ခရီးသွားများ လာရောက်အပန်းဖြေ ရှုခင်းကြည့်ရှုရန်အတွက်ကနဦး ဆောင်ရွက် ထားခြင်း​ဖြစ်ကြောင်း သိရသည်။ ကလောမြို့ဘက်ကိုမျက်နှာမူပြီး တည်ဆောက် ထားခြင်းကြောင့်မြို့ရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုစေနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်းသိရသည်။ "ဟိုင်းဝေးလမ်းမကြီးကိုလည်း အပေါ်စီးကနေ မြင်တွေ့ရစေတယ်။ ညဖက်ဆို လှတယ်ပေါ့ဗျာ၊ကားတွေ တက်လာတာကို မီးရောင်တွေနဲ့ လှနေတာ အဲဒီလို ကြည့်နိုင်အောင် ဖန်တီးထားတာဖြစ်တယ်။ အခုလို စိတ်ကူးပေါ်လာရတာကလည်း အမှန်က ကိုဗစ်ဖြစ်သွားတော့ ကျိုင်းတုံဘက်မှာ ဆိုင်တွေဖွင့်ထားတာ။ ပိတ်မိနေတော့ ဒီမှာ ဒါလေးတစ်ခုကို အကောင်အထည်ဖော်မယ်ဆိုပြီး လုပ်ဖြစ်သွားတာ ၊အလုပ်တစ်ခုတော့ ဖြစ်အောင် လုပ်မယ်ဆိုပြီး ဒီ City Viewကို ဖော်ဆောင်ခဲ့တာပါ"ဟုဦးကိုကိုအောင် က ပြောသည်။ လက်ရှိတွင် လာရောက်အပန်းဖြေကြသည့် သူများ များပြားလာပြီး ဒေသအစားအစားများကို ဦးစားပေးရောင်းချကာ ဈေးနှုန်းမှာလည်း မများလှသဖြင့် စားသုံးသူများလည်း များပြားလာနေကြောင်းသိရသည်။ Photo U KoKoAung
Contine Reading
By - Admin / 27-10-2020