Travelling Journal
ခရီးသွားမြို့တော်လို့တင်စားကြတဲ့ ကလောမြို့လေးမှာ ခရီးသွားဧည့်သည်တွေအတွက် လည်ပတ်နိုင်တဲ့ခရီးစဥ်နေရာအသစ် အသစ်တွေအများကြိးထဲမှ သဲထိတ်ရင်ဖို စွန့်စားခန်းတွေကို တစ်နေရာထဲမှာပြုလုပ်နိုင်တဲ့ Glamping Eco-activities Resort အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Glamping Eco-activities Resort ကဆိုရင် ကလောမြို့ရဲ့ပထမဆုံး သည်းထိတ်ရင်ဖို စွန့်စားမှုခရီးစဥ်တွေကို ပြုလုပ်ပေးနိုင်တဲ့နေရာတစ်ခုဖြစ်ပြီး တောတွင်းအခြေပြု Safari Tents နဲ့ ညအိပ်နိုင်အောင် ဖန်တီးပေးထားတဲ့ဟိုတယ်တစ်ခုလည်းဖြစ်ပါတယ်။ မြေဧက ၁၀ ဧက နီးပါးကျယ်တဲ့ နေရာမှာ ဖန်တီးထားပြီးတော့ ညအိပ် တည်းခိုနိုင်ပြီး စွန့်စားမှုမျိုးစုံ ကို ပြုလုပ်နိုင်မှာဖြစ်သလို ညမအိပ်ဘဲ အပြင်ကနေ လာရောက်ပြီး activity ပြုလုပ်ချင်တဲ့ ခရီးသွားဧည့်သည်တွေအတွက်လည်း စီစဥ်ပေးထားပါသေးတယ်။
Eco-activities Resort မှာ စွန့်စားမှုတွေကို ပြုလုပ်နိုင်တဲ့ Activity တွေ များစွာရှိတဲ့အထဲကမှ ခရီးသွားအများစုကတော့ Zipline Adventure ၊Canopy Sky Walk &Monkey Walk ၊Canopy Sky Walk၊Jacob Ladder ၊ Abseil & Monkey walk ၊ Trigle High Rope Adventure ၊ Natural Rock Mountain Climbing & AbseilingAdventure စတဲ့ စွန့်စားမှုတွေကို ပိုပြီး ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။
ကလောမြို့မှာ အခုလို Activity တွေ ပေါ်ထွက်လာတာ အရမ်းကောင်းပါတယ်။ လာစီးကြတဲ့လူငယ်တွေ သဘောကျတာကို တွေ့ရပါတယ်။ အန္တာရာယ်လည်း မများတော့ စိတ်ဝင်စားကြတယ်။ သဘာဝကို မဖျက်ထားပဲ သစ်ပင်တွေကြားမှာ ဖန်တီးပေးထားကို တွေ့ရပါတယ် လို့ ကလောဒေသခံဧည့်လမ်းညွှန်တစ်ဦးက Travelling ကို ပြောပြပါတယ်။
” သေချာဂရုစိုက်ပြီး လိုက်ပါပေးတဲ့ Guide လည်းရှိပါတယ်။ ကိုယ်ကိုယ့်ကိုယုံကြည်မှုကိုပိုရရှိစေတယ်။ ကျန်းမာကြံ့ခိုင်စေတယ်။ စိတ်ကိုခွန်အားဖြစ်စေတယ်။ မိသားစုလိုက် အမှတ်တရတွေကိုဖန်တီးရရှိစေနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်တရကောင်းတွေကို ရရှိစေနိုင်ပါတယ်” လို့ Glamping Eco-activities Resort ရဲ့ပိုင်ရှင်က Travelling ကို ပြောပါတယ်။
ကလောမြို့ကို ရောက်ခဲ့ရင် သွားလည်ဖြစ်အောင်လည်ပတ်ရမယ့်နေရာတစ်ခုအဖြစ် ဖန်တီးပေးထားသလို သစ်တောအုပ်လေးထဲမှာ တည်ရှိပြီး စိမ်းစိုတဲ့တောင်တန်းအလှနဲ့အတူ ထင်းရှူးပင်များကြားထဲမှာ သီးသန့်ကမ္ဘာငယ်မျိုးလေးဖြစ်အောင်ဖန်တီးပေးထားတာမို့လာရောက်လည်ပတ်ကြတဲ့ ခရီးသွား ဧည့်သည်တွေရဲ့စိတ်ဝင်စားခြင်းကို ရရှိစေပါတယ်လို့ Glamping Eco-activities Resort ရဲ့Operation အပိုင်းကို တာဝန်ယူထားတဲ့ ဒေါ်မြသီတာက Travelling ကို ပြောပြပါတယ်။
Glamping Eco-activities Resort ညအိပ် မတည်းချင်တဲ့ခရီးသွားတွေအတွက်လည်း Adventure Activity တွေ လာရောက် ကစားနိုင်သလို ဝင်ကြေးအနေနဲ့ တစ်ဦးကို ကျပ် နှစ်ထောင် (၂၀၀၀) သတ်မှတ်ထားပြီး မိမိ ပြလုပ်ချင်တဲ့ Activity ပေါ်မူတည်ပြီး ကျပ် ခြောက်ထောင် (၆၀၀၀) ကနေ ကျပ် နှစ်သောင်းငါးထောင်(၂၅၀၀၀) အထိ အမျိုးအစားလိုက် Activity တွေကို စိတ်တိုင်းကျ လုပ်ဆောင်နိုင် မှာ ဖြစ်ပါတယ်။
” High Rope Adventure ပြုလုပ်မယ်ဆိုရင်တော့ထပ်မံပြုလုပ်လို့ရနိုင်တဲ့ Acivity တွေ ထပ်ရှိပါသေးတယ်။ High Rope Adventure ပြုလုပ်တဲ့သူတွေအတွက် အားသာချက်ကတော့ ပြုလုပ်ပြီးတဲ့ ဧည့်သည်တွေအတွက် အသိအမှတ်ပြုလက်မှတ်ကိုထုတ်ပေးပါတယ်။ ဒီလက်မှတ်ရပြီးတဲ့သူတွေအနေနဲ့ တောင်တက်ချင်တာပဲ ဖြစ်ဖြစ် တစ်ခြား Adventure တွေပြုလုပ်ချင်တာပဲ ဖြစ်ဖြစ် ဒီကနေ အတွေ့အကြုံတွေကို ရရှိသွားပြီ ဖြစ်တာမို့ Adventure ကိုနှစ်သက်ကြတဲ့ခရီးသွားတွေအကြိုက်တွေ့စေမယ့် Activity ဖြစ်ပါတယ်လို့ ဒေါ်မြသီတာက ဆိုပါတယ်။
ဒါ့အပြင် ပေပေါင်း ၃၅ ပေ မြင့်တဲ့ Adventure Swing လည်းရှိပါသေးလို အဲဒီ Swing ကတော့ ငယ်စဉ် က စီးတဲံ ပုခက်ပုံစံမျိုးနဲ့ ဆင်တူပြီး တစ်ဦးကို ကျပ် သုံးထောင်(၃၀၀၀) ကျသင့်မည်ဖြစ်ကာ သုံးမိနစ် ထိ စီးလို့ရနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူ သုံးယောက်ထိ စီးနိုင်တဲ့ Signature Swing ဖြစ်ပြီး အကြီးစားပန်းတွေအလှဆင်ထားတဲ့ ပုခက်ပုံစံမျိုးဖြစ်ပြီးတော့ တစ်ဦးကို ကျပ် ငါးထောင် (၅၀၀၀) ကျသင့်မည် ဖြစ်ကာ သုံးမိနစ်ထိ စီးလို့ရနိုင်မှာပဲ ဖြစ်ပါတယ်။
တကယ်တော့ ရှမ်းပြည်နယ် တောင်ပိုင်းက ကလောမြို့လေးဟာဆိုရင် ခရီးသွားဧည့်သည်တွေ ရာသီမရွေး သွားရောက်လည်ပတ်ကြတဲ့မြို့လေး ဖြစ်ပြီးတော့ မရိုးနိုင်တဲ့ လည်ပတ်စရာနေရာတွေကလည်း နေရာ (၂၀) နီးပါးလောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီလို များပြားလှတဲ့ နေရာတွေထဲကမှ သဲထိတ်ရင်ဖို စွန်းစားရတဲ့ Activity တွေကို စိတ်ဝင်စားတဲ့ ခရီးသွားတွေအတွက် Activity မျိုးစုံးကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်တဲ့ Glamping Eco-activities Resort ကို သွားရောက်လည်ပတ်နိုင်ဖို့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။